1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
1
ဝါး.......

လူတစ်ယောက်

နာမည်က ဝေယံ


အလုပ်အကိုင်ကတော့

ဝေယံ အဖေနဲ့အမေက


ဆယ်တန်းအောင်သော်လည်း ကျောင်းဆက်မတတ်ချင်၍
ဆက်မတတ်ခဲ့ပေမယ့်

သူအားမချစ်၍
မိဘနှစ်ပါးအားလည်း
ဝေယံ လွမ်းမနေပါ်


ပို့ပေးနေတဲ့ ငွေတွေကလည်း
ပိုလျံနေသည်ကို
တားမည့်သူမရှိ ..


ထူးဆန်နေမလားမသိ

ခုံမင်သည်တဲ့။

တပည့်တစ်ဦးဖြစ်ကာ
သိုင်းပညာညံ့သည့်အပြင်





ထထိုင်လိုက်ပြီး


" ဂွီ....."





" အ အ အ အ အ အ အာ "





.
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွှန့် 😉

.....................................................


#ပေါက်စ

###

ဝါး.......

ပါးစပ်ကိုအသားကုန်ဖြဲကာ လက်များကလဲ
ခေါင်းရင်းသို့ပစ်လျက် ကုတင်ပေါ်တွင် အကြောဆန့်နေသည့်
လူတစ်ယောက်

နာမည်က ဝေယံ

အသက်အားဖြင့် 17မပြည့်တပြည့်

အလုပ်အကိုင်ကတော့
wpဆိုတဲ့လောကမှာ author  ဘွဲရ.။

ဝေယံ အဖေနဲ့အမေက
နောက်အိမ်ထောင်ကိုယ်စီနဲ့
တစ်ယောက် တစ်နိုင်ငံစီ ထွက်သွားကြတဲ့နောက်
ကြီးမားပြီး ခမ်းနားလှတဲ့ အိမ်ကြီးမှာတော့
ဝေယံတစ်ယောက်တည်းနေခဲ့ရသည်တဲ့လေ...။

ထိုခြောက်ကပ်နေတဲ့အိမ်ကြီးမှာ
ဝေယံမနေလို၍ သာမာန်တိုက်ခန်းလေးပဲဝယ်ယူကာ ထိုတိုက်ခန်းလေးမှာ
တစ်ယောက်တည်းနေထိုင်လာခဲ့သည်က
အပြင်လောကနဲ့တောင် အဆက်သွယ်ပျက်လုနီးနီးပင်ရှိချေတော့မည်။

ဆယ်တန်းအောင်သော်လည်း ကျောငး်ဆက်မတတ်ချင်၍
ဆက်မတတ်ခဲ့ပေမယ့်
မည်သူမှပြောမဲ့သူမရှိပဲ
ဝေယံဘဝကြီးက သာယာနေသည်။

သူအားမချစ်၍
တစ်ယောက်တစ်အိမ်ထောင်စီနှင့်
နိုင်ငံရပ်ခြားထွက်ခွာသွားသော
မိဘနှစ်ပါးအားလည်း
ဝေယံ လွမ်းမနေပါ်

ဒါကဖြစ်တတ်ပါတယ် ဟုတ်တယ်မလား...။

လစဉ် အဖေဆီကရော အမေဆီကပါ
ပ့ိုပေးနေတဲ့ ငွေတွေကလည်း
ဝေယံအတွက် သုံးမကုန်ဖြုန်းမကုန်
ပိုလျံနေသည်ကို
ဘာဆိုဘာမှလိုမနေတာကြောင့်
ဝါသနာပါသယောင်ရှိလာတဲ့
စာရေးခြင်းအလုပ်ကိုပဲ လုပ်ခဲ့သည်ကိုလည်း
တားမည့်သူမရှိ ..
ဒါကိုပဲဝေယံကျေနပ်နေသည်။

တနေကုန်တနေကမ်း စာထိုင်ရေးနေလို့လဲ
တစ်ချက်လေးတောင်ဆူမဲ့သူမရှိတဲ့
ဒီလိုဘဝမျိုးက အရမ်းကံကောင်းမှသာ
ရနိုင်တာလေ ဟုတ်တယ်မလား။

အကြိုက်က နည်းနည်းတော့
ထူးဆန်နေမလားမသိ
gay တစ်ယောက်မဟုတ်လည်း
gay ဇာတ်လမ်းတွေရေးရတာကိုမှ နှစ်သက်သည်တဲ့လေ။

အထူးသဖြင့် uke တွေကိုပဲ
ပိုးစို့ပက်စက် ဇာက်နာစေပြီး
semeတွေပဲ အသားပေးရေးရတာမျိုးတွေကိုမှ
ခုံမင်သည်တဲ့။

ဒီနေ့က ဝေယံရဲ့ ခုနစ်ပုဒ်မြောက် fic ကို
ဇာက်သိမ်းရေးမည်ဟု ဝေယံစဉ်းစားထားပြီး
ထိုficရဲ့ အမည်မှာ စေရာ
ဖြစ်ပြီး semeမှာ ဘုရင်ဖြစ်သည် ။
ukeမှာ သိုင်းဂိုဏ်းတစ်ခု၏
တပည့်တစ်ဦးဖြစ်ကာ
သိုင်းပညာည့ံသည့်အပြင်
အူတူတူနှင့် ဉာဏ်ကတုံးနေသေးသည့်
ကလေးသာအရွယ်ရွယ်လေးပင်။

ထိုသိုင်းဂိုဏ်းက ဘုရင့်သစ်စ္စာတော်ခံဖြစ်ပြီး
သစ္စာဖောက်ခဲ့သည့်အတွက်
ဘုရင်က ဂိုဏ်းသို့လာရောက်လေ့လာစဉ်
ukeလေးအားတွေ့၍ ကြိုက်သွားသဖြင့်
သစ္စာဖောက်သည့် အပြစ်ကို
ထိုကလေးအား သူနဲ့ လက်ဆက်စေကာ
အပြစ်ကိုချေပေးခဲ့သည်။

ပထမပိုင်းမှာပင် စတင်ကြမ်းကာ
အပိုင်းအားလုံးပေါင်း 386ပိုင်းပြီးခဲ့ပြီး
ရေးခဲ့သည့် 386ပိုင်းလုံးတွင်
အားလုံးပေါင်း အကြိမ်400ကျော်
+ခန်းများပါဝင်ခဲ့သည်ပင်။

ပါဝင်သည့်+ခန်းများတွင် ညင်သာတာတစ်ခုမှမပါပဲ
ခုရေးမည့် ဇာက်သိမ်းပိုင်းကိုတောင်မှ
ညင်သာဖို့စိတ်ကူးမရှိ အကြမ်းဆုံးကိုပဲတွေး၍ထားသည်။

အဲလိုရေးရတာပင် ဝေယံပီတိဖြာနေတတ်ပြီး
wpပေါ်မှာလဲ အတော်အသင့်နာမည်ရထားကာ
author  မာန်လေးဆို အမှောင်လောကသားတိုင်း
မသိတဲ့သူမရှိအောင်ကို နာမည်ရှိလှသည်ပင်။

အပျင်းကြောတစ်ချက်ထပ်ဆန့်ကာ
ဘေးတွင်ရှိသောဖုန်းကိုကောက်ကိုင်ကာ
ထထိုင်လိုက်ပြီး
ဖုန်းဖွင့်ကြည့်လိုက်တော့ ဆယ်နာရီပင်ခွဲနေလေပြီ။

ကုတင်ပေါ်မှာထကာ ရေမိုးချိုးလိုက်တော့
ဆယ့်နှစ်နာရီ ထိုးဖို့ ငါးမိနစ်သာလိုတော့သည်တဲ့။
စာရေးတော့မည်ဟု တွေးကာ ဖုန်းကောက်ဖွင့်လိုက်ပေမယ့်လည်း

" ဂွီ....."

ဝေယံဗိုက်ထဲမှမြည်သွားခြင်းပင်။

"သောက်ရေးထဲ ဗိုက်ကဆာနေသေးတယ််..."

ဝေယံ ညည်းတွားလိုက်ရင်း
ဗိုက်ဆာနေရင် စာဖက်အာရုံရောက်မှာမဟုတ်လို့
တစ်ခုခုတော့စားရဦးတော့မည်။

သို့နှင့် မီးဖိုခန်းထဲဝင်လိုက်ကာ
အစီရီတင်ထားသော ခေါက်ဆွဲခြောက်ထုပ်များထဲမှ
တစ်ထုပ်နိုက်ကာ အိုးထဲရေထည့်
ခေါက်ဆွဲထုတ်ပါဖောက်ထည့်လိုက်ပြီးနှောက်မီးအဖွင့်

" အ အ အ အ အ အ အာ "

ဘုန်း...ခနဲအေည်သံနဲ့အတူဝေယံခန္ဓာကိုယ်သည်ကြမ်းပြင်ပေါ်အရှိန်ပြင်းစွာပင်လှဲကျသွားခဲ့သည်။

လက်ကရေစိုနေတာရော သူကိုင်မိတဲ့ပလပ်ခေါင်းနေရာက
ဝါယာကြိုးပေါက်နေတာရောကြောင့်
ဝေယံတယောက် ဓာတ်လိုက်ခံရလိုက်ခြင်းပင်။

ထိုထောင်တတ်နေသော ဆံပင်များကြားမှ မီးခိုးငွေ့များကထွက်နေသယောင်ထင်ရပြီး
ခန္ဓာကိုယ်မှာလည်း ငြိမ်သက်လျက် မျက်လုံးတို့ပွင့်လျက်သားနှင့်.....

သို့သော်လည်း အသက်ဝိညာဉ်မှာမူ
လောကကြီးနှင့် အဆက်သွယ်ပျက်သွားခဲ့လေပြီး.....

.
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွှန့် 😉

.....................................................

(AN/ နည်းနည်းပါးပါးပြင်ထားသေးတယ်😂)

#ပေါက်စ

© ပန်းမိုးလိပ်ပြာ ပေါက်စ,
книга «ကျနော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်».
Коментарі