1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
10
ေျမာက္နန္းစံမိဖုရား အေဆာင္ေတာ္

"ကိုယ္လုပ္ေတာ္ေျမာက္ပြဲတဲ့လား "

ဘုရင့္တဆိပ္ေတာ္ခင္နိပ္ထားသည့္ အမိန္႔ဟူေသာ
စာလုံးအားေတြ႔ေသာ္ နန္းမန္ထမ္း မျပဳံးပဲမေနႏိုင္ပါၿပီတည့္
ေျသာ္ အ႐ွင္ အ႐ွင္ အ႐ွင္ေတာင္ က်ေနာ္မ်ိဳးမကို အမိန္႔ေတြေပးတတ္ေနၿပီပဲ

"အထိန္းေတာ္ ႐ွန္႔ "
(ေတာ္ေတာ္မ်ားမ်ားကေတာ့ အထိန္းေတာ္ေနရာမွာ
ကုန္းကုန္း လို႔သုံးက်မွာပါ သာသာကေတာ့ အထိန္းေတာ္လို႔ပဲသုံးပါမယ္ 😁 နားဝင္လဲခ်ိဳတာေပါ့
ကုန္းကုန္းထက္စာရင္ 😷)

"႐ွိပါတယ္ မယ္မယ္"

"ကိုယ္လုပ္ေတာ္ေျမာက္ပြဲအတြက္ ဝတ္စုံစီစဥ္လိုက္ေတာ့
အလွဆုံးျဖစ္ေနပါေစ"

အျပဳံးခ်ိဳခ်ိဳေလး ျပဳံးကာ ေျပာေနေသာ မယ္မယ္ကိုၾကည့္ၿပီး
အထိန္းေတာ္ ႐ွန္႔ မေနနိင္ပါေတာ့ၿပီ
တမင္ ေစာ္ကားကာ အမိနိ႔ဟူသည္က ဒုမိဖုရားတစ္ပါးတြက္
ေဒါသအေခ်ာင္းေခ်ာင္းထေစရမည္ပင္မဟုတ္ပါလား
ယခုေတာ့မူ မယ္မယ္မွာ ေက်နပ္ေနသေယာင္

" မယ္မယ္..... မယ္မယ္ ပြဲမတတ္ပါနဲ႔လား
ဒါက ....ဒါက သက္သက္ေစာ္ကားတာမဟုတ္လား
သာမာန္ကိုယ္လုပ္ေတာ္ေျမာက္ပြဲမေျပာနဲ႔ အဆင့္ျမင့္ကိုယ္လုပ္ေတာ္ေျမာက္ပြဲတို႔ ၾကင္ယာေတာ္ေျမာက္ပြဲတို႔ မိဖုရားေျမာက္ပြဲတို႔ေတာင္
မယ္မယ္ တတ္စရာမလိုပါဘူး....မယ္မယ္က ဒုတိယမိဖုရားေခါင္ပဲဟာ...."

(AN/ဒုမိဖုရားမို႔ မတတ္ရဘူးလို႔ ဆိုလိုတာ မဟုဘူးေနာ္
ရာထူးႀကီးလို႔ တတ္စရာမလိုဘူးလို႔ေျပာတာပါ
ကိုယ့္အေရးသားက ခပ္႐ူပ္႐ူပ္ရယ္😁)

အထိန္းေတာ္၏ စကားတို႔ေၾကာင့္ နန္းမန္ထမ္း ဟက္ ခနဲ
တစ္ခ်က္ရီလိုက္ကာ

"အထိန္းေတာ္ ႐ွန္႔
အသက္ကျဖင့္ဒီေလာက္႐ွိေနၿပီ လူေတြအေၾကာင္း
နားမလည္ေသးဘဲကို
လူမွန္ရင္ အသစ္အဆန္းႀကိဳက္တယ္ ႐ိုးသြားရင္ေတာ့ျပစ္က်မွာပဲ ဒီလိုပဲ ေယာက္က်ားေတြက
အသစ္အဆန္းျဖစ္ေအာင္ အငယ္အေႏွာင္းထားၾကတယ္
ေဆာင္ၾကာၿမိဳင္ေတြ သြားၾကတယ္ သူတို႔ေပ်ာ္ပါးလို႔ဝရင္
သူတို႔ဇနီးစီ ျပန္လာမွာသဘာဝပဲ
အဟက္ အ႐ွင္လဲဒီလိုပဲ အသစ္ဆန္းသေဘာမ်ိဳးနဲ႔ အမ်ိဳးသားကိုယ္လုပ္ေတာ္ ထားတယ္ အသစ္အဆန္းျဖစ္ေအာင္ မိဖုရားေတြပါတတ္ခိုင္းတယ္
ခဏတာ စိတ္ေက်နပ္ေအာင္ေပါ့
ၿပီးရင္....ငါ့စီျပန္လာမွာပဲ
ငါက....အ႐ွင့္ရဲ႕ တစ္ဦးတည္းေသာဇနီးပဲေလ"

ခ်ိဳလြင္ေနေသာ စကားသံတို႔က အသံႏွင့္မလိုက္ေအာင္
ရင္က်က္စြာေျပာေနေသာ မယ္မယ္အားၾကည့္ၿပီး
အထိန္းေတာ္ ႐ွန္႔ မျပံဳးပဲမေနႏိုင္ မယ္မယ္က
အရြယ္ႏွင့္ မလိုက္ေအာင္ ရင့္က်က္တည္ၿငိမ္လြန္းသည္
ထို႔ေၾကာင့္လည္း အ႐ွင္၏ သေဘာက်ႏွစ္သက္ျခင္းခံရတာျဖစ္ေပမည္

"နားလည္ပါၿပီမယ္မယ္ က်ေတာ္မ်ိဳးမွ ညဏ္တိမ္သြားတာ
ခြင့္လြတ္ပါ"

နန္းမန္ထမ္း ေျပာရင္း လက္ထဲမွ အမိန္႔လြာအား
ေသသပ္စြာျပန္လိပ္လိုက္ရင္း ေဘးသို႔ကပ္ကာ
လက္ဖက္ရည္ကို ပန္းကန္ထဲသို႔ အသာေလာင္းခ်ရင္း
လက္ဖက္ရည္ပန္းကန္အား လက္ႏွစ္ဖက္ႏွင့္ လွပစြာကိုင္လိုက္ၿပီး ေမြးၾကဴလိုက္ကာ

"ၿပီးေတာ့ အ႐ွင္က တိုင္းျပည္အုပ္ခ်ဳပ္ေနရတဲ့
ဇကရာဇ္တစ္ပါး အ႐ွင့္မွာဖိအားေတြ စိတ္ညစ္စရာေတြ႐ွိတယ္ အဲဒါေတြကို ေျဖေဖ်ာက္ဖို႔
သာယာမူ႐ွာမွာပဲ ဒါက အ႐ွင့္အျပစ္မွမဟုတာ
ဒါကို ဇနီးျဖစ္တဲ့ငါကမွနားလည္မေပးရင္ ဘယ္သူကနားလည္ေပးမွာတဲ့လဲ အမိန္႔နဲ႔တတ္ခိုင္းတယ္ဆိုတာကလဲ အ႐ွင္က ငါ့ကိုမေမ့ဘူးဆိုတဲ့သေဘာနဲ႔ေပါ့"

အထိန္းေတာ္႐ွန္႔ မယ္မယ္အား မခ်ီးက်ဴးပဲမေနႏိုင္
အားမက်ပဲလည္းမေနႏိုင္ လွပေသာအဆင္းႏွင့္
ညဏ္လည္းထက္ျမတ္ေသးသည္မဟုတ္လား
နန္းေတာ္မွာ ကိုယ္လုပ္ေတာ္ေတြ ၾကင္ယာေတာ္ေတြ မိဖုရားေတြ မေရႏိုင္ေအာင္ ႐ွိသည္ေပမယ့္ အ႐ွင္က
အသုံးေတာ္ခံလို႔ အားရသြားရင္ လွည့္ပင္မၾကည့္တတ္
မယ္မယ္ကိုေတာ့ ထိုကဲ့သို႔မဟုတ္ မၾကာမၾကာလာတတ္သည့္အျပင္ အသစ္အသစ္ေသာ
ကိုယ္လုပ္ေတာ္ တစ္ေယာက္ႏွင့္ ေနလို႔အားရသည့္အခ်ိန္တိုင္း မယ္မယ္စီသာ ျပန္လာတတ္သည္ေလ ထိုအခ်က္ကပဲ မယ္မယ္ကို
မိဖုရားေခါင္ထက္ ပိုေသာ အာဏာေတြ ေပးစြမ္းေနသည္
မယ္မယ္က အ႐ွင္ခ်စ္ျမတ္ႏိုးေသာ တစ္ဦးတည္းေသာ
မိဖုရားပင္မဟုတ္ပါလား....

" မွန္လွပါမယ္မယ္ အ႐ွင္က မယ္မယ္ကလြဲရင္
ဘယ္သူမွ ရငိထဲထည္မွာမဟုတ္ပါဘူး မယ္မယ္ကသာ
အ႐ွင့္ရဲ႕ တစ္ေယာက္တည္းေသာ မိဖုရားပါ"

အထိန္းေတာ္႐ွန္႔၏ စကားအဆုံး၌ ထိုအခန္းထဲ
ရယ္သံခ်ိဳခ်ိဳလြင္လြင္တိဳ့ပ်ံႏွံလာေလေတာ့သည္.......
.
.
.
.
.
.
.
.
.
.........................................................

"မိဖုရားႀကီး က်ေနာ္မ်ိဳးကိုေခၚေတာ္လြတ္တယ္ဆိုလို႔ပါ"

"အေဖ....အေဖသမီးစီလာတယ္"

႐ူိက္သံႏွင့္အတူ ရင္ခြင္ထဲေျပးဝင္လာေသာ သမီးငယ္အား
ဟြာတုဖန္း ကေလးတစ္ေယာက္လို ပြတ္သပ္ေပးေနမိသည္
သမီးဆိုသည္ တိုင္းျပည္၏ မိခင္ျဖစ္ေနေပမယ့္
ခုထိကေလးဆန္ေနတုန္းပင္
မိဖုရားတစ္ပါးေပမို႔ အမတ္ခ်ဳပ္ႀကီး၏ သမိးတစ္ေယာက္ေပမို႔လည္း ၾကည္ေနသည့္ မ်က္လုံးေပါင္းကမနည္း အခြင့္ရသည္ႏွင့္ ပုလႅင္ေပၚမွဆြဲခ်ခ်င္ေနသည့္ လူေတြကလည္းမနည္းေပ
ေလာဘေၾကာင့္ ခ်စ္သမီးေလးမေနခ်င္သည့္
နန္းတြင္းအား ပို႔ခဲ့မိသည္ကိုလည္း ေနာင္တရ၍မဆုံး
ခုေတာ့ျဖင့္ အမ်ိဳးအမ်ိဳးေသာ အေၾကာင္းေတြေၾကာင့္
ကိုယ့္မီးစီေတာင္ ပုံမွန္လာမေတြ႔ခဲ့ရေပ

"အေဖ"

မ်က္ရည္စေတြနဲ႔ ေမာ့ၾကည့္လာေသာ သမီးငယ္

"ဘာမွမျဖစ္ဘူး ဘာမွမျဖစ္ဘူး"

ကေလးတစ္ေယာက္လိုႏွစ္သိမ့္ေပးေနရင္း

"အေဖ ဘယ္ေတာ့အစီစဥ္စမွာလဲ သမီးဆက္ၿပီးသည္းမခံနိင္ေတာ့ဘူး အေစခံေတြေတာင္ေလွာင္ရယ္ေနက်တာ"

" ခဏေလးပါပဲ ခဏေလးပဲ သည္းခံလိုက္ပါ
ဒီအေဖက သမီးတြက္ လက္တုန္႔ျပန္ေပးမွာမို႔"
.
.
.
.
.
.
.
.
.
......................................................

"႐ွစ္စြမ္း...."

သတင္းၾကားၾကားခ်င္း အေျပးလာခဲ့တာမို႔
ပတ္ဝန္းက်င္အေျခေနေတာင္ မသုံးသပ္မိေပ
အေလာတႀကီး ေခၚၿပီးကာမွ ႐ွစ္စြမ္းေဘးမွာ
ဒုဂိုဏ္းခ်ဳပ္ေရာ ဂိုဏ္း၏အႀကီးကဲမ်ားပါ ႐ွိေနျခင္းေၾကာင့္
စကားတို႔မဆက္ႏိုင္ေတာ့

"ေဖယန္ ဘာျဖစ္တာလဲ"

"ဟို........"

႐ွစ္စြမ္းအေမးကို ယိေဖယန္ ျပန္မေျဖႏိုင္
စကားတို႔က ေပ်ာက္႐ွကုန္သည္လားေတာ့ မေျပာတတ္
႐ွိခဲ့ဘူးတဲ့ ညီအကိုသံေယာဇဥ္ေၾကာင့္ စိုးရိမ္မိေပမယ့္
ဒါက ဂိုဏ္းသားငယ္ေလးေတြ ဝင္ပါရမည္မဟုတ္မွန္းနာလည္ထားေသာေၾကာင့္ပင္

ထိုစဥ္ ဒုဂိုဏ္းခ်ဳပ္က ယိေဖယန္အားၾကည့္ကာ

"နန္းေတာ္က စာလာတယ္ ေဖယန္ ကိုယ္လုပ္ေတာ္ေျမာရ္ပြဲဖိတ္ၾကားလႊာပဲ
တစ္နည္းအားျဖင့္ အမိန္ေပါ့"

ယိေဖယန္ စိတ္ႏွလုံးမ်ာမူ မသာာယာႏိုင္
နန္းေတာ္ဆိုသည့္ေနရာမွာ ဝင္ဖို႔မလြယ္သလို
ထြက္ဖို႔ခက္သည္ဟူ၍ သူၾကားဖူးခဲ့ေသာေၾကာင့္
ဆရာတူ အကိုႀကီးနဲ႔ ဒီတသတ္ျပန္ေတြ႔ရပါမလဆိုသည္စိတ္ႏွင့္
မ်က္လုံးထဲျမင္လာသည္က အရာအရာအ႐ူံးေပးတတ္ၿပီး
ဘာမွနားမလည္သည့္ ျဖဴစင္လြန္းလွသည့္
အကိုႀကီး အဆိပ္ေတြျပည့္ေနတဲ့ နန္းေတာ္လိုေနရာမွာ
ဘယ္လိုမ်ား႐ွင္သန္ေနထိုင္မလဲ ေတြးရင္း ပါးထက္ပူခနဲျဖတ္သန္းသြားသည့္ မ်က္ရည္တို႔အား
႐ွစ္စြမ္းမျမင္ေအာင္ ေခါင္းကိုငုံလိုက္ရင္း
ထြက္ေျပးခြင့္မေျပးခဲ့သညိ့ မိမိကိုယ္ကိုလည္း အျပစ္တင္လို႔မဆုံး

"ေဖယန္ ေ႐ွာင္က်ိတြက္ ဘယ္သူမွစိတ္မေကာင္းက်ပါဘူး
ဒါေပမယ့္ နန္းေတာ္မွာ ေ႐ွာင္က်ိအဆင္ေျပရင္ေျပေနမွာပါ
သိပ္ၿပီးစိတ္မပူပါနဲ႔ ကံတရားလို႔ပဲ သတ္မွတ္လိုက္ပါ"

ထိုစကားသံက ႐ွစ္စြမ္းစီကမဟုတ္ခဲ့
ဂိုဏ္း၏အႀကီးကဲတစ္ေယာက္စီကသာ ထြက္ေပၚလာျခင္း
႐ွစ္စြမ္းမ်ာမူ လြန္စြာမွေသာကေရာက္ေနသည့္လူႏွယ့္
ယိေဖယန္နားလည္ပါသည္ ႐ွစ္စြမ္းဆိုသည္မွာ
ခ်န္ေရ်ာင္က်ိဆိုသည့္လူသားအား သားႏွင့္မျခား
ခ်စ္ျမတ္ႏိုးခဲ့သည္မဟုတ္ပါလား

...တူဘီ ကိုတိန္ၫြန္႔

#####

မြောက်နန်းစံမိဖုရား အဆောင်တော်

"ကိုယ်လုပ်တော်မြောက်ပွဲတဲ့လား "

ဘုရင့်တဆိပ်တော်ခင်နိပ်ထားသည့် အမိန့်ဟူသော
စာလုံးအားတွေ့သော် နန်းမန်ထမ်း မပြုံးပဲမနေနိုင်ပါပြီတည့်
သြော် အရှင် အရှင် အရှင်တောင် ကျနော်မျိုးမကို အမိန့်တွေပေးတတ်နေပြီပဲ

"အထိန်းတော် ရှန့် "
(တော်တော်များများကတော့ အထိန်းတော်နေရာမှာ
ကုန်းကုန်း လို့သုံးကျမှာပါ သာသာကတော့ အထိန်းတော်လို့ပဲသုံးပါမယ် 😁 နားဝင်လဲချိုတာပေါ့
ကုန်းကုန်းထက်စာရင် 😷)

"ရှိပါတယ် မယ်မယ်"

"ကိုယ်လုပ်တော်မြောက်ပွဲအတွက် ဝတ်စုံစီစဉ်လိုက်တော့
အလှဆုံးဖြစ်နေပါစေ"

အပြုံးချိုချိုလေး ပြုံးကာ ပြောနေသော မယ်မယ်ကိုကြည့်ပြီး
အထိန်းတော် ရှန့် မနေနိင်ပါတော့ပြီ
တမင် စော်ကားကာ အမိနိ့ဟူသည်က ဒုမိဖုရားတစ်ပါးတွက်
ဒေါသအချောင်းချောင်းထစေရမည်ပင်မဟုတ်ပါလား
ယခုတော့မူ မယ်မယ်မှာ ကျေနပ်နေသယောင်

" မယ်မယ်..... မယ်မယ် ပွဲမတတ်ပါနဲ့လား
ဒါက ....ဒါက သက်သက်စော်ကားတာမဟုတ်လား
သာမာန်ကိုယ်လုပ်တော်မြောက်ပွဲမပြောနဲ့ အဆင့်မြင့်ကိုယ်လုပ်တော်မြောက်ပွဲတို့ ကြင်ယာတော်မြောက်ပွဲတို့ မိဖုရားမြောက်ပွဲတို့တောင်
မယ်မယ် တတ်စရာမလိုပါဘူး....မယ်မယ်က ဒုတိယမိဖုရားခေါင်ပဲဟာ...."

(AN/ဒုမိဖုရားမို့ မတတ်ရဘူးလို့ ဆိုလိုတာ မဟုဘူးနော်
ရာထူးကြီးလို့ တတ်စရာမလိုဘူးလို့ပြောတာပါ
ကိုယ့်အရေးသားက ခပ်ရူပ်ရူပ်ရယ်😁)

အထိန်းတော်၏ စကားတို့ကြောင့် နန်းမန်ထမ်း ဟက် ခနဲ
တစ်ချက်ရီလိုက်ကာ

"အထိန်းတော် ရှန့်
အသက်ကဖြင့်ဒီလောက်ရှိနေပြီ လူတွေအကြောင်း
နားမလည်သေးဘဲကို
လူမှန်ရင် အသစ်အဆန်းကြိုက်တယ် ရိုးသွားရင်တော့ပြစ်ကျမှာပဲ ဒီလိုပဲ ယောက်ကျားတွေက
အသစ်အဆန်းဖြစ်အောင် အငယ်အနှောင်းထားကြတယ်
ဆောင်ကြာမြိုင်တွေ သွားကြတယ် သူတို့ပျော်ပါးလို့ဝရင်
သူတို့ဇနီးစီ ပြန်လာမှာသဘာဝပဲ
အဟက် အရှင်လဲဒီလိုပဲ အသစ်ဆန်းသဘောမျိုးနဲ့ အမျိုးသားကိုယ်လုပ်တော် ထားတယ် အသစ်အဆန်းဖြစ်အောင် မိဖုရားတွေပါတတ်ခိုင်းတယ်
ခဏတာ စိတ်ကျေနပ်အောင်ပေါ့
ပြီးရင်....ငါ့စီပြန်လာမှာပဲ
ငါက....အရှင့်ရဲ့ တစ်ဦးတည်းသောဇနီးပဲလေ"

ချိုလွင်နေသော စကားသံတို့က အသံနှင့်မလိုက်အောင်
ရင်ကျက်စွာပြောနေသော မယ်မယ်အားကြည့်ပြီး
အထိန်းတော် ရှန့် မပြုံးပဲမနေနိုင် မယ်မယ်က
အရွယ်နှင့် မလိုက်အောင် ရင့်ကျက်တည်ငြိမ်လွန်းသည်
ထို့ကြောင့်လည်း အရှင်၏ သဘောကျနှစ်သက်ခြင်းခံရတာဖြစ်ပေမည်

"နားလည်ပါပြီမယ်မယ် ကျတော်မျိုးမှ ညဏ်တိမ်သွားတာ
ခွင့်လွတ်ပါ"

နန်းမန်ထမ်း ပြောရင်း လက်ထဲမှ အမိန့်လွာအား
သေသပ်စွာပြန်လိပ်လိုက်ရင်း ဘေးသို့ကပ်ကာ
လက်ဖက်ရည်ကို ပန်းကန်ထဲသို့ အသာလောင်းချရင်း
လက်ဖက်ရည်ပန်းကန်အား လက်နှစ်ဖက်နှင့် လှပစွာကိုင်လိုက်ပြီး မွေးကြူလိုက်ကာ

"ပြီးတော့ အရှင်က တိုင်းပြည်အုပ်ချုပ်နေရတဲ့
ဇကရာဇ်တစ်ပါး အရှင့်မှာဖိအားတွေ စိတ်ညစ်စရာတွေရှိတယ် အဲဒါတွေကို ဖြေဖျောက်ဖို့
သာယာမူရှာမှာပဲ ဒါက အရှင့်အပြစ်မှမဟုတာ
ဒါကို ဇနီးဖြစ်တဲ့ငါကမှနားလည်မပေးရင် ဘယ်သူကနားလည်ပေးမှာတဲ့လဲ အမိန့်နဲ့တတ်ခိုင်းတယ်ဆိုတာကလဲ အရှင်က ငါ့ကိုမမေ့ဘူးဆိုတဲ့သဘောနဲ့ပေါ့"

အထိန်းတော်ရှန့် မယ်မယ်အား မချီးကျူးပဲမနေနိုင်
အားမကျပဲလည်းမနေနိုင် လှပသောအဆင်းနှင့်
ညဏ်လည်းထက်မြတ်သေးသည်မဟုတ်လား
နန်းတော်မှာ ကိုယ်လုပ်တော်တွေ ကြင်ယာတော်တွေ မိဖုရားတွေ မရေနိုင်အောင် ရှိသည်ပေမယ့် အရှင်က
အသုံးတော်ခံလို့ အားရသွားရင် လှည့်ပင်မကြည့်တတ်
မယ်မယ်ကိုတော့ ထိုကဲ့သို့မဟုတ် မကြာမကြာလာတတ်သည့်အပြင် အသစ်အသစ်သော
ကိုယ်လုပ်တော် တစ်ယောက်နှင့် နေလို့အားရသည့်အချိန်တိုင်း မယ်မယ်စီသာ ပြန်လာတတ်သည်လေ ထိုအချက်ကပဲ မယ်မယ်ကို
မိဖုရားခေါင်ထက် ပိုသော အာဏာတွေ ပေးစွမ်းနေသည်
မယ်မယ်က အရှင်ချစ်မြတ်နိုးသော တစ်ဦးတည်းသော
မိဖုရားပင်မဟုတ်ပါလား....

" မှန်လှပါမယ်မယ် အရှင်က မယ်မယ်ကလွဲရင်
ဘယ်သူမှ ရငိထဲထည်မှာမဟုတ်ပါဘူး မယ်မယ်ကသာ
အရှင့်ရဲ့ တစ်ယောက်တည်းသော မိဖုရားပါ"

အထိန်းတော်ရှန့်၏ စကားအဆုံး၌ ထိုအခန်းထဲ
ရယ်သံချိုချိုလွင်လွင်တို့ပျံနှံလာလေတော့သည်.......
.
.
.
.
.
.
.
.
.
.........................................................

"မိဖုရားကြီး ကျနော်မျိုးကိုခေါ်တော်လွတ်တယ်ဆိုလို့ပါ"

"အဖေ....အဖေသမီးစီလာတယ်"

ရိူက်သံနှင့်အတူ ရင်ခွင်ထဲပြေးဝင်လာသော သမီးငယ်အား
ဟွာတုဖန်း ကလေးတစ်ယောက်လို ပွတ်သပ်ပေးနေမိသည်
သမီးဆိုသည် တိုင်းပြည်၏ မိခင်ဖြစ်နေပေမယ့်
ခုထိကလေးဆန်နေတုန်းပင်
မိဖုရားတစ်ပါးပေမို့ အမတ်ချုပ်ကြီး၏ သမိးတစ်ယောက်ပေမို့လည်း ကြည်နေသည့် မျက်လုံးပေါင်းကမနည်း အခွင့်ရသည်နှင့် ပုလ္လင်ပေါ်မှဆွဲချချင်နေသည့် လူတွေကလည်းမနည်းပေ
လောဘကြောင့် ချစ်သမီးလေးမနေချင်သည့်
နန်းတွင်းအား ပို့ခဲ့မိသည်ကိုလည်း နောင်တရ၍မဆုံး
ခုတော့ဖြင့် အမျိုးအမျိုးသော အကြောင်းတွေကြောင့်
ကိုယ့်မီးစီတောင် ပုံမှန်လာမတွေ့ခဲ့ရပေ

"အဖေ"

မျက်ရည်စတွေနဲ့ မော့ကြည့်လာသော သမီးငယ်

"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး"

ကလေးတစ်ယောက်လိုနှစ်သိမ့်ပေးနေရင်း

"အဖေ ဘယ်တော့အစီစဉ်စမှာလဲ သမီးဆက်ပြီးသည်းမခံနိင်တော့ဘူး အစေခံတွေတောင်လှောင်ရယ်နေကျတာ"

" ခဏလေးပါပဲ ခဏလေးပဲ သည်းခံလိုက်ပါ
ဒီအဖေက သမီးတွက် လက်တုန့်ပြန်ပေးမှာမို့"
.
.
.
.
.
.
.
.
.
......................................................

"ရှစ်စွမ်း...."

သတင်းကြားကြားချင်း အပြေးလာခဲ့တာမို့
ပတ်ဝန်းကျင်အခြေနေတောင် မသုံးသပ်မိပေ
အလောတကြီး ခေါ်ပြီးကာမှ ရှစ်စွမ်းဘေးမှာ
ဒုဂိုဏ်းချုပ်ရော ဂိုဏ်း၏အကြီးကဲများပါ ရှိနေခြင်းကြောင့်
စကားတို့မဆက်နိုင်တော့

"ဖေယန် ဘာဖြစ်တာလဲ"

"ဟို........"

ရှစ်စွမ်းအမေးကို ယိဖေယန် ပြန်မဖြေနိုင်
စကားတို့က ပျောက်ရှကုန်သည်လားတော့ မပြောတတ်
ရှိခဲ့ဘူးတဲ့ ညီအကိုသံယောဇဉ်ကြောင့် စိုးရိမ်မိပေမယ့်
ဒါက ဂိုဏ်းသားငယ်လေးတွေ ဝင်ပါရမည်မဟုတ်မှန်းနာလည်ထားသောကြောင့်ပင်

ထိုစဉ် ဒုဂိုဏ်းချုပ်က ယိဖေယန်အားကြည့်ကာ

"နန်းတော်က စာလာတယ် ဖေယန် ကိုယ်လုပ်တော်မြောရ်ပွဲဖိတ်ကြားလွှာပဲ
တစ်နည်းအားဖြင့် အမိန်ပေါ့"

ယိဖေယန် စိတ်နှလုံးမျာမူ မသာာယာနိုင်
နန်းတော်ဆိုသည့်နေရာမှာ ဝင်ဖို့မလွယ်သလို
ထွက်ဖို့ခက်သည်ဟူ၍ သူကြားဖူးခဲ့သောကြောင့်
ဆရာတူ အကိုကြီးနဲ့ ဒီတသတ်ပြန်တွေ့ရပါမလဆိုသည်စိတ်နှင့်
မျက်လုံးထဲမြင်လာသည်က အရာအရာအရူံးပေးတတ်ပြီး
ဘာမှနားမလည်သည့် ဖြူစင်လွန်းလှသည့်
အကိုကြီး အဆိပ်တွေပြည့်နေတဲ့ နန်းတော်လိုနေရာမှာ
ဘယ်လိုများရှင်သန်နေထိုင်မလဲ တွေးရင်း ပါးထက်ပူခနဲဖြတ်သန်းသွားသည့် မျက်ရည်တို့အား
ရှစ်စွမ်းမမြင်အောင် ခေါင်းကိုငုံလိုက်ရင်း
ထွက်ပြေးခွင့်မပြေးခဲ့သညိ့ မိမိကိုယ်ကိုလည်း အပြစ်တင်လို့မဆုံး

"ဖေယန် ရှောင်ကျိတွက် ဘယ်သူမှစိတ်မကောင်းကျပါဘူး
ဒါပေမယ့် နန်းတော်မှာ ရှောင်ကျိအဆင်ပြေရင်ပြေနေမှာပါ
သိပ်ပြီးစိတ်မပူပါနဲ့ ကံတရားလို့ပဲ သတ်မှတ်လိုက်ပါ"

ထိုစကားသံက ရှစ်စွမ်းစီကမဟုတ်ခဲ့
ဂိုဏ်း၏အကြီးကဲတစ်ယောက်စီကသာ ထွက်ပေါ်လာခြင်း
ရှစ်စွမ်းမျာမူ လွန်စွာမှသောကရောက်နေသည့်လူနှယ့်
ယိဖေယန်နားလည်ပါသည် ရှစ်စွမ်းဆိုသည်မှာ
ချန်ရျောင်ကျိဆိုသည့်လူသားအား သားနှင့်မခြား
ချစ်မြတ်နိုးခဲ့သည်မဟုတ်ပါလား

...တူဘီ ကိုတိန်ညွန့်

© ပန္းမိုးလိပ္ျပာ ေပါက္စ,
книга «က်ေနာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္».
Коментарі