1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
20

အမွန္တိုင္းဝန္ခံရပါလ်ွင္ ေဝယံသည္ ေၾကာက္တတ္သည့္လူစားထဲမပါ သို႔ေပသည့္တိုင္
ပိုင္းေလာ့က်င္း ဆိုသည့္ အမည္နာမ္မပိုင္႐ွင္ကိုေတာ့
သူတကယ္ကိုေၾကာက္ပါသည္

...ၾကမ္းတမ္းရက္စက္မူတို႔ရဲ႕အ႐ွင္...
.....သူကိုယ္ဖန္ဆင္းခဲ့သည္ေလ .......

ေ႐ွာင္က်ိ အထဲဝင္ဖို႔ရာ တံခါးကိုဖြင့္ဖို႔ လက္တြန့္ေနမိတယ္
ထင္ရာစိုင္းတတ္သည့္ ကိုယ့္စိတ္ကိုလည္း အမူန္႔ခ်င္စိတ္ေတြကတဖြားတဖြားႏွင့္
လာမဲ့ေဘးေျပးေတြ႔မည္ဆိုသည့္ စိတ္နဲ႔ တံခါးကိုဆြဲဖြင့္ကာဝင္သြားလိုက္ေပမယ့္
ေတြ႔လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ဝိညာဥ္ပင္လြင့္ခ်င္သြားရသည္

တုံးလုံးပတ္လက္ႏွင့္တခ်ိဳ႕အပ်ိဳေတာ္မ်ားမွာ အသက္ေပ်ာက္ေနေလၿပီ တခ်ိဳ႕ကလဲ ဒဏ္ရာဒဏ္ခ်က္ေပါင္းမ်ားစြာႏွင့္
ေသြးအလိမ္းလိမ္းထြက္ေနရင္း ပိုင္ေလာ့က်င္းေ႐ွ႕ဒူးေထာက္လ်က္ထိုင္ေနက်သည္
ပိုင္းေလာ့က်င္းႏွင့္ အပ်ိဳေတာ္ေတြၾကားမွာ လွဲရက္သားယုန္ေလးေတြ

ေ႐ွာင္က်ိ ဂလု ခနဲ႔မည္ေအာင္ တံေတြ႔မ်ိဳခ်မိတယ္
ပိုင္းေလာ့က်င္းက သူ႔ကိုစိုက္ၿပီးၾကည့္ေနတယ္ေလ
ၾကည္ႏူးေနသည့္အၾကည့္ေတာ့မဟုတ္ ႏုတ္ႏုတ္ဆင္းခ်င္ေနသည့္အၾကည့္မ်ိဳး
ေ႐ွာင္က်ိ စိတ္လူပ္႐ွားလြန္းလို႔ နဖူးနဲ႔လက္ဖဝါးေတြမွာ ေခြၽးေတြပင္စို႔ေနၿပီ
ေ႐ွ႕ဆက္လည္းမသြားရဲ ေနာက္ျပန္ဆုတ္ရေအာင္လဲ
ပိုင္းေလာ့က်င္းက သူ႔ကိုေတြ႔ၿပီးသြားၿပီ

"မင္းလုပ္ခဲ့တာလား"

ေ႐ွာင္က်ိကိုစိုက္ၾကည့္ကာ ပိုင္းေလာ့က်င္းေမးလိုက္ျခင္းပင္
ေ႐ွာင္က်ိ မညာခ်င္ေတာ့ ခုခ်ိန္ေတာ့မွ အပ်ိဳေတာ္ေတြေျပာလိဳ့ ပိုင္းေလာ့က်င္းလဲသိၿပီးေလာက္ျပီ ေ႐ွာင္က်ိ သက္ျပင္းခ်လိုက္ၿပီး

"တမင္ရည္ရြယ္ၿပီးလုပ္ခဲ့တာမ်ိဳးမဟုတ္ဘူး
က်ေနာ္တို႔ ကစားခဲ့က်တာ လက္လြန္သြားတယ္ထင္တယ္"

(AN/ငိ 😌 မညာခ်င္တဲ့ခ်ိဖ👀)

ေ႐ွာင္က်ိ ေလသံကိုအတတ္ႏိုင္ဆုံးေဖ်ာ့ထားတယ္
ပိုင္းေလာ့က်င္း အနည္းငယ္ေလာက္ပဲ သနားလာမလားဆိုတဲ့စိတ္နဲ႔

ပိုင္ေလာ့က်င္း ႏုတ္ခမ္းတစ္ခ်က္မဲ့လိုက္ၿပီး

"ထင္တယ္.....ဟြန္႔
ငါ့ကိုအ႐ူးထင္ေနတာလား အရင္ထဲက မင္ယုန္ေတြေပၚမၾကည္မွန္းငါသိတယ္ ဒီေလာက္ထိလုပ္မယ္လို႔မထင္ထားလို႔ ငါဘာမွမေျပာခဲ့တာ
မင္းငါ့ကိုမေက်နပ္တာမလား ယုန္ေတြနဲ႔ဘာဆိုင္လဲ ဟမ္
မင္းေတာ္ေတာ္သတၱိေကာင္းေနတယ္ေပါ့
ငါ့ကိုေတာင္ အာခံတယ္ဆိုေတာ့"

"မဟုတ္.."

ေ႐ွာင္က်ိေလသံေဖ်ာ့ေဖ်ာ့က လမ္းတစ္ဝက္မွာတင္ေပ်ာက္ကြယ္သြားတယ္
ပိုင္းေလာ့က်င္းရဲ႕ စကားတစ္ခြန္းတိုင္းစီက ၾကက္သီေမြးညႇင္းေတြတဖ်င္းဖ်င္းျဖစ္သြားေစတယ္ေလ

"ေကာင္းၿပီ ဘာပဲဖစ္ျဖစ္ ခုမင္းေၾကာင့္ ေသတာပဲ
ကိုယ္လုပ္ေတာ္ဆိုၿပီး ခြင့္လြတ္ေပးလို႔မရဘူး
အျပစ္ကအျပစ္ပဲ လာက်စမ္း...
ကိုယ္လုပ္ေတာ္ခ်န္က ငါကိုယ္ေတာ္တယုတယေမြးထားတဲ့ယုန္ေတြကို ေသေစခဲ့တယ္ ခြက့္မလြတ္ႏိုင္တဲ့အျပစ္အတြက္ ႀကိမ္ဒဏ္အခ်က္ႏွစ္ဆယ္ အျပစ္ခံယူေစလိုက္က်စမ္း"

ပိုင္းေလာ့က်င္း စကားေၾကာင့္ ယင္းနဲ႔ယီေရာ
အပ်ိဳေတာ္ေတြေရာ အံျသမွင္သက္သြားရသည္
ႀကိမ္ဒဏ္ႏွစ္ဆယ္ဆိုတာက ကံမေကာင္းရင္ အသက္ေတာင္ေပ်ာက္သြားႏိုင္သည္ေလ
ဘယ္ေလာက္ပင္စိတ္တိုေစဦးေတာ့ ကိုယ္လုပ္ေတာ္ခ်န္က ခုခ်ိန္မွာ အ႐ွင္ႏွစ္သက္ေနတဲ့ ကိုယ္လုပ္ေတာ္ပင္မဟုတ္ပါလား

ေ႐ွာင္က်ိကိုယ္တိုင္လည္း ပိုင္းေလာ့က်င္းစကားေၾကာင့္
ဒူးတို႔ပင္ယိုင္နဲ႔သြားရသည္ အျပစ္ေပးမယ္မွန္းသိေပမယ့္
ႀကိမ္ဒဏ္အခ်က္ႏွစ္ဆယ္က အရမ္းမ်ားလြန္းတယ္

ေ႐ွာင္က်ိ စြံအေနတုန္းမွာပဲ ရဲမက္ေတြဝင္လာၿပီး
ေ႐ွာင္က်ိကို တစ္ဖက္တစ္ခ်က္စီ ဖမ္းခ်ဳပ္ကာေခၚသြားက်ေလသည္ ေ႐ွာင္က်ိ ပိုင္းေလာ့က်င္းကိုျပန္ေျပာခ်ိန္ေတာင္မရလိုက္

ယီ အျပစ္ကိုတားခ်င္ေပမယ့္ အခန္းထဲမွာအပ်ိဳေတာ္ေတြေရာ
အထိန္းေတာ္ေတြပါ႐ွိေနသည့္အတြက္ တားခ်ိန္မရလိုက္
ကိုယိရံေတာ္တစ္ေယာက္က အ႐ွင္ကိုတားဆီးပိုင္ခြင့္မွမ႐ွိပဲ
ႀကိမ္ဒဏ္ႏွစ္ဆယ္ဆိုသည့္ ပမာဏက အခက္မသင့္ရင္
အသက္ေတာင္ေသႏိုင္သည္ကို ပိုင္းေလာ့က်င္းသိပါလ်က္နဲ႔
ခ်န္ေ႐ွာငိက်ိလို ကေလးသာသာဆိုရင္ေတာ့ ေသခ်ာေပါက္အသက္ေပ်ာက္မည္မွာမလြဲေပ ဒါကိုဘာေၾကာင့္ းီလိုအျပစ္မ်ိဳးကို
ဟူး...ေလာ့က်င္းေရ ေနာင္တကပ်ားရည္လို ခ်ိဳမွာမဟုတ္ဘူးကြ ငါေတာ့ျမင္ေယာင္ေသးတယ္

.
.
.
.
.
.
.
.
#^&#^&#^&#^&#^&#^&#^&#^&

ေ႐ွာင္က်ိ ေၾကာက္လြန္းလို႔ ဘုရားပဲတေနမိတယ္
ေသသြားရင္ ေကာင္းမယ္လို႔အႀကိမ္ႀကိမ္ ေတြးခဲ့ဖူးေပမယ့္
တကယ္ေသရမယ္ဆိုရင္ သတၱိကအဲေလာက္မရဲဘူး
ေသေတာ့ မေသေလာက္ဘူးမလား
ဟုတ္တယ္ မေသႏိုင္ပါဘူး အခ်က္ႏွစ္ဆယ္က
ခဏေလးနဲ႔ၿပီးသြားမွာ မေသႏိုင္ဘူး

ေ႐ွာင္က်ိ စိတ္ထဲကေန ကိုယ့္ကိုကိုယ္အားေပးေနေပမယ့္
တကယ္အျပင္မွာေတာ့ မ်က္ရည္ေတြေတာင္ဝဲေနၿပီ
အခုသူ႔က ခုံေပၚမွာ ႀကိဳးတုပ္ခံထားရၿပီး
ရဲမက္ေတြက သူ႔ကိုအျပစ္ေပးဖို႔ျပင္ေနက်သည္
ငါတကယ္ ေသရေတာ့မွာလား တကယ္ႀကီး အခ်က္ႏွစ္ဆယ္႐ုိက္မွာေပါ့

ေ႐ွာင္က်ိရဲ႕ မ်က္ရည္ေတြက်လုလုမွာပဲ
ယင္းနဲ႔ယီေရာက္လာတယ္

ေ႐ွာင္က်ိ
အျပစ္မေပးေတာ့ဘူးလို႔ လာေျပာတာမလား ဟုတ္တယ္မလား

ေ႐ွာင္က်ိ စိတ္ထဲကက်ိတ္ၿပီးဆုေတာင္းေနမိတယ္
သူအရမ္းေၾကာက္ေနၿပီေလ
သို႔ေသာ္လည္း ေရွာင္က်ိဆုေတာင္းမျပည့္ခဲ့

"အျပစ္သားကို တင္လိုက္ေတာ့"

ယီစကားအဆုံး ရဲမက္ေတြက ေ႐ွာင္က်ိကိုႀကိဳးေျဖေပးၿပီး
ကုတင္အေသးစားပုံခုံမ်ာ ေမွာက္ရက္ပုံစံႀကိဳးခ်ည္လိုက္တယ္
ေ႐ွာင္က်ိ မ်က္ရည္တို႔တာက်ိဳးေလၿပီ
မ်က္လုံးေဒါင့္ကေနလည္း ယီတစ္ေယာက္ တုတ္ေရြးေနတာျမင္ေနရတယ္

ေ႐ွာင္က်ိ
ေဖေဖနဲ႔ေမေမေရ ေနာက္အိမ္ေထာင္ေတြနဲ႔ ေပ်ာ္မေနက်ပဲ
သားကိုလာကယ္က်ပါဦး...

"အား...."

အားပါပါ႐ိုက္ခ်က္ေၾကာင့္ ေ႐ွာင္က်ိလန္႔သြားကာ
ေက်ာေပၚကနာက်င္မူက အ႐ိုးထိတိုင္စိမ့္ဝင္လာသည္

တစ္ခ်က္

ႏွစ္ခ်က္

သုံးခ်က္

ေလးခ်က္

ဆယ့္ႏွစ္ခ်က္ေျမာက္

ေ႐ွာင္က်ိ ေက်ာေပၚမွာ ေသြးေတြရြဲရြဲစိုေနၿပီ
သတိကလည္းမရတစ္ခ်က္ရတစ္ခ်က္ႏွင့္
သို႔ေသာ္လည္း ႀကိမ္ဒဏ္တို႔က ဆက္လက္က်ေရာက္ေနဆဲပင္

ဆယ့္ေျခာက္ခ်က္ေျမာက္

ေ႐ွာင္က်ိလအသိတရားေတြ လုံးလုံးလြတ္သြားၿပီး
အျမင္အာ႐ုံတို႔က ေမွာင္က်သြားသည္
ႀကိမ္ဒဏ္တို႔ကေတာ့ ဆက္လက္က်ေရာက္ေနဆဲ....

.
.
.
.
.
.
.
တူဘီ ကိုတိန္ၫြန္႔ 😉

............................................................

(AN/😭ေဝယံေလး........

ေ႐ွာင္ဖန္းေလးကို အထင္မလြဲပါနဲ႔
ဒီကိစၥက ေ႐ွာင္ဖန္းေလးနဲ႔ ကြင္းလုံးကြၽတ္ မဆိုင္ပါဘူးေနာ္

ေနာက္ပိုင္းက + ပိုင္းမို႔ အပိုင္းခြဲခ်င္လို႔ ဒီေလာက္နဲ႔ဖက္လုိက္ပါတယ္)

အခ်စ္မ်ားစြာျဖင္.....

Flower/Rain/Butterfly
#FRB

#####

အမှန်တိုင်းဝန်ခံရပါလျှင် ဝေယံသည် ကြောက်တတ်သည့်လူစားထဲမပါ သို့ပေသည့်တိုင်
ပိုင်းလော့ကျင်း ဆိုသည့် အမည်နာမ်မပိုင်ရှင်ကိုတော့
သူတကယ်ကိုကြောက်ပါသည်

...ကြမ်းတမ်းရက်စက်မူတို့ရဲ့အရှင်...
.....သူကိုယ်ဖန်ဆင်းခဲ့သည်လေ .......

ရှောင်ကျိ အထဲဝင်ဖို့ရာ တံခါးကိုဖွင့်ဖို့ လက်တွန့်နေမိတယ်
ထင်ရာစိုင်းတတ်သည့် ကိုယ့်စိတ်ကိုလည်း အမူန့်ချင်စိတ်တွေကတဖွားတဖွားနှင့်
လာမဲ့ဘေးပြေးတွေ့မည်ဆိုသည့် စိတ်နဲ့ တံခါးကိုဆွဲဖွင့်ကာဝင်သွားလိုက်ပေမယ့်
တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ဝိညာဉ်ပင်လွင့်ချင်သွားရသည်

တုံးလုံးပတ်လက်နှင့်တချို့အပျိုတော်များမှာ အသက်ပျောက်နေလေပြီ တချို့ကလဲ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနှင့်
သွေးအလိမ်းလိမ်းထွက်နေရင်း ပိုင်လော့ကျင်းရှေ့ဒူးထောက်လျက်ထိုင်နေကျသည်
ပိုင်းလော့ကျင်းနှင့် အပျိုတော်တွေကြားမှာ လှဲရက်သားယုန်လေးတွေ

ရှောင်ကျိ ဂလု ခနဲ့မည်အောင် တံတွေ့မျိုချမိတယ်
ပိုင်းလော့ကျင်းက သူ့ကိုစိုက်ပြီးကြည့်နေတယ်လေ
ကြည်နူးနေသည့်အကြည့်တော့မဟုတ် နုတ်နုတ်ဆင်းချင်နေသည့်အကြည့်မျိုး
ရှောင်ကျိ စိတ်လူပ်ရှားလွန်းလို့ နဖူးနဲ့လက်ဖဝါးတွေမှာ ချွေးတွေပင်စို့နေပြီ
ရှေ့ဆက်လည်းမသွားရဲ နောက်ပြန်ဆုတ်ရအောင်လဲ
ပိုင်းလော့ကျင်းက သူ့ကိုတွေ့ပြီးသွားပြီ

"မင်းလုပ်ခဲ့တာလား"

ရှောင်ကျိကိုစိုက်ကြည့်ကာ ပိုင်းလော့ကျင်းမေးလိုက်ခြင်းပင်
ရှောင်ကျိ မညာချင်တော့ ခုချိန်တော့မှ အပျိုတော်တွေပြောလို့ ပိုင်းလော့ကျင်းလဲသိပြီးလောက်ပြီ ရှောင်ကျိ သက်ပြင်းချလိုက်ပြီး

"တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာမျိုးမဟုတ်ဘူး
ကျနော်တို့ ကစားခဲ့ကျတာ လက်လွန်သွားတယ်ထင်တယ်"

(AN/ငိ 😌 မညာချင်တဲ့ချိဖ👀)

ရှောင်ကျိ လေသံကိုအတတ်နိုင်ဆုံးဖျော့ထားတယ်
ပိုင်းလော့ကျင်း အနည်းငယ်လောက်ပဲ သနားလာမလားဆိုတဲ့စိတ်နဲ့

ပိုင်လော့ကျင်း နုတ်ခမ်းတစ်ချက်မဲ့လိုက်ပြီး

"ထင်တယ်.....ဟွန့်
ငါ့ကိုအရူးထင်နေတာလား အရင်ထဲက မင်ယုန်တွေပေါ်မကြည်မှန်းငါသိတယ် ဒီလောက်ထိလုပ်မယ်လို့မထင်ထားလို့ ငါဘာမှမပြောခဲ့တာ
မင်းငါ့ကိုမကျေနပ်တာမလား ယုန်တွေနဲ့ဘာဆိုင်လဲ ဟမ်
မင်းတော်တော်သတ္တိကောင်းနေတယ်ပေါ့
ငါ့ကိုတောင် အာခံတယ်ဆိုတော့"

"မဟုတ်.."

ရှောင်ကျိလေသံဖျော့ဖျော့က လမ်းတစ်ဝက်မှာတင်ပျောက်ကွယ်သွားတယ်
ပိုင်းလော့ကျင်းရဲ့ စကားတစ်ခွန်းတိုင်းစီက ကြက်သီမွေးညှင်းတွေတဖျင်းဖျင်းဖြစ်သွားစေတယ်လေ

"ကောင်းပြီ ဘာပဲဖစ်ဖြစ် ခုမင်းကြောင့် သေတာပဲ
ကိုယ်လုပ်တော်ဆိုပြီး ခွင့်လွတ်ပေးလို့မရဘူး
အပြစ်ကအပြစ်ပဲ လာကျစမ်း...
ကိုယ်လုပ်တော်ချန်က ငါကိုယ်တော်တယုတယမွေးထားတဲ့ယုန်တွေကို သေစေခဲ့တယ် ခွက့်မလွတ်နိုင်တဲ့အပြစ်အတွက် ကြိမ်ဒဏ်အချက်နှစ်ဆယ် အပြစ်ခံယူစေလိုက်ကျစမ်း"

ပိုင်းလော့ကျင်း စကားကြောင့် ယင်းနဲ့ယီရော
အပျိုတော်တွေရော အံသြမှင်သက်သွားရသည်
ကြိမ်ဒဏ်နှစ်ဆယ်ဆိုတာက ကံမကောင်းရင် အသက်တောင်ပျောက်သွားနိုင်သည်လေ
ဘယ်လောက်ပင်စိတ်တိုစေဦးတော့ ကိုယ်လုပ်တော်ချန်က ခုချိန်မှာ အရှင်နှစ်သက်နေတဲ့ ကိုယ်လုပ်တော်ပင်မဟုတ်ပါလား

ရှောင်ကျိကိုယ်တိုင်လည်း ပိုင်းလော့ကျင်းစကားကြောင့်
ဒူးတို့ပင်ယိုင်နဲ့သွားရသည် အပြစ်ပေးမယ်မှန်းသိပေမယ့်
ကြိမ်ဒဏ်အချက်နှစ်ဆယ်က အရမ်းများလွန်းတယ်

ရှောင်ကျိ စွံအနေတုန်းမှာပဲ ရဲမက်တွေဝင်လာပြီး
ရှောင်ကျိကို တစ်ဖက်တစ်ချက်စီ ဖမ်းချုပ်ကာခေါ်သွားကျလေသည် ရှောင်ကျိ ပိုင်းလော့ကျင်းကိုပြန်ပြောချိန်တောင်မရလိုက်

ယီ အပြစ်ကိုတားချင်ပေမယ့် အခန်းထဲမှာအပျိုတော်တွေရော
အထိန်းတော်တွေပါရှိနေသည့်အတွက် တားချိန်မရလိုက်
ကိုယိရံတော်တစ်ယောက်က အရှင်ကိုတားဆီးပိုင်ခွင့်မှမရှိပဲ
ကြိမ်ဒဏ်နှစ်ဆယ်ဆိုသည့် ပမာဏက အခက်မသင့်ရင်
အသက်တောင်သေနိုင်သည်ကို ပိုင်းလော့ကျင်းသိပါလျက်နဲ့
ချန်ရှောငိကျိလို ကလေးသာသာဆိုရင်တော့ သေချာပေါက်အသက်ပျောက်မည်မှာမလွဲပေ ဒါကိုဘာကြောင့် းီလိုအပြစ်မျိုးကို
ဟူး...လော့ကျင်းရေ နောင်တကပျားရည်လို ချိုမှာမဟုတ်ဘူးကွ ငါတော့မြင်ယောင်သေးတယ်

.
.
.
.
.
.
.
.
#^&#^&#^&#^&#^&#^&#^&#^&

ရှောင်ကျိ ကြောက်လွန်းလို့ ဘုရားပဲတနေမိတယ်
သေသွားရင် ကောင်းမယ်လို့အကြိမ်ကြိမ် တွေးခဲ့ဖူးပေမယ့်
တကယ်သေရမယ်ဆိုရင် သတ္တိကအဲလောက်မရဲဘူး
သေတော့ မသေလောက်ဘူးမလား
ဟုတ်တယ် မသေနိုင်ပါဘူး အချက်နှစ်ဆယ်က
ခဏလေးနဲ့ပြီးသွားမှာ မသေနိုင်ဘူး

ရှောင်ကျိ စိတ်ထဲကနေ ကိုယ့်ကိုကိုယ်အားပေးနေပေမယ့်
တကယ်အပြင်မှာတော့ မျက်ရည်တွေတောင်ဝဲနေပြီ
အခုသူ့က ခုံပေါ်မှာ ကြိုးတုပ်ခံထားရပြီး
ရဲမက်တွေက သူ့ကိုအပြစ်ပေးဖို့ပြင်နေကျသည်
ငါတကယ် သေရတော့မှာလား တကယ်ကြီး အချက်နှစ်ဆယ်ရိုက်မှာပေါ့

ရှောင်ကျိရဲ့ မျက်ရည်တွေကျလုလုမှာပဲ
ယင်းနဲ့ယီရောက်လာတယ်

ရှောင်ကျိ
အပြစ်မပေးတော့ဘူးလို့ လာပြောတာမလား ဟုတ်တယ်မလား

ရှောင်ကျိ စိတ်ထဲကကျိတ်ပြီးဆုတောင်းနေမိတယ်
သူအရမ်းကြောက်နေပြီလေ
သို့သော်လည်း ရှောင်ကျိဆုတောင်းမပြည့်ခဲ့

"အပြစ်သားကို တင်လိုက်တော့"

ယီစကားအဆုံး ရဲမက်တွေက ရှောင်ကျိကိုကြိုးဖြေပေးပြီး
ကုတင်အသေးစားပုံခုံမျာ မှောက်ရက်ပုံစံကြိုးချည်လိုက်တယ်
ရှောင်ကျိ မျက်ရည်တို့တာကျိုးလေပြီ
မျက်လုံးဒေါင့်ကနေလည်း ယီတစ်ယောက် တုတ်ရွေးနေတာမြင်နေရတယ်

ရှောင်ကျိ
ဖေဖေနဲ့မေမေရေ နောက်အိမ်ထောင်တွေနဲ့ ပျော်မနေကျပဲ
သားကိုလာကယ်ကျပါဦး...

"အား...."

အားပါပါရိုက်ချက်ကြောင့် ရှောင်ကျိလန့်သွားကာ
ကျောပေါ်ကနာကျင်မူက အရိုးထိတိုင်စိမ့်ဝင်လာသည်

တစ်ချက်

နှစ်ချက်

သုံးချက်

လေးချက်

ဆယ့်နှစ်ချက်မြောက်

ရှောင်ကျိ ကျောပေါ်မှာ သွေးတွေရွဲရွဲစိုနေပြီ
သတိကလည်းမရတစ်ချက်ရတစ်ချက်နှင့်
သို့သော်လည်း ကြိမ်ဒဏ်တို့က ဆက်လက်ကျရောက်နေဆဲပင်

ဆယ့်ခြောက်ချက်မြောက်

ရှောင်ကျိလအသိတရားတွေ လုံးလုံးလွတ်သွားပြီး
အမြင်အာရုံတို့က မှောင်ကျသွားသည်
ကြိမ်ဒဏ်တို့ကတော့ ဆက်လက်ကျရောက်နေဆဲ....

.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😉

............................................................

(AN/😭ဝေယံလေး........

ရှောင်ဖန်းလေးကို အထင်မလွဲပါနဲ့
ဒီကိစ္စက ရှောင်ဖန်းလေးနဲ့ ကွင်းလုံးကျွတ် မဆိုင်ပါဘူးနော်

နောက်ပိုင်းက + ပိုင်းမို့ အပိုင်းခွဲချင်လို့ ဒီလောက်နဲ့ဖက်လိုက်ပါတယ်)

အချစ်များစွာဖြင်.....

Flower/Rain/Butterfly
#FRB



© ပန္းမိုးလိပ္ျပာ ေပါက္စ,
книга «က်ေနာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္».
Коментарі