1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
12



အနီရောင်ပိုးသားအင်္ကျီ၏ ရှည်လျားမူအောက် ဆုံးဆုံးမြုပ်နေလေသည် ခေါင်းမှအုပ်ထားသည့်

ရှောင်ကျိ
ဘာလဲ ဘာကြီးလဲ
အား....!!ရူးတော့မှာပ

ရှောင်ကျိ၏ အင်္ကျီပုံမှာ ယောက်ကျားဝတ်ဟုဆိုနိုင်သလို
လက်တွေမှာလည်း အင်္ကျီအတွင်းသို့တော်တော်လေးကိုမြုပ်နေသည်

ဒုမိဖုရား




အချိန်တော်ကြာသည်အထိ

ရှောင်ကျိ
ဘာလား...!
ခံစားရခက်လိုက်တာ

....................................................



မိဖုရားကြီးပင်မချန်


"တကယ်ပဲ အဲလိုလား

" မှန်လှပါ အရှင်"

"ကောင်းပြီ


အခုထိသတိမရသေး

"မန်ထမ်း


အထိန်းတော် လျဲ့


ရောက်ရောက်ချင်း ဒုးထောက်ချလိုက်သည်မို့

"အထိန်းတော် လျဲ့



ဘာဖြစ်တာလ




ပျောက်သွားပါတယ်

ပိုင်းလော့ကျင်း


ဒေါသတကြီးမေးနေမိသည်



"ရှာစမ်း



ထိုအခါမှ



"ကျနော်မျိုးမတိုလည်း သေချာမသိပါဘူး

နန်းမန်ထမ်း
ပျောက်သွားတယ်

.
.
.
.
.
.
.
...................................................

"ဝါး......"




"အာ ဟုတ်လား ဟဲဟဲ
တော်တော်ကြာသွားတာပဲ"


ခေါင်းလေးကုတ်ကာ

"အမ်...ဟုတ်လား




"ဖေယန် မင့်အကိုကြီးကို အင်္ကျီကူဝတ်ပေးလိုက်"

"ဟုတ်ကဲ့ ရှစ်စွမ်း"




"ရှောင်ကျိ..."



အသံမှာလဲ ချိုသာနေသည်


တကယ်ရော အဆင်ပြေရဲ့လာ


ပြုံးမိသည်

.
.
.
.
.

.
.
.
.
......................................................


ရှောင်ကျိ
အား...ရေဆာလိုက်တာကွာ

ထိုသို့တွေးရင်း
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😉
.....................................................



ကိုယ်လုပ်တော်မြှောက်ပွဲနေ့

သာမာန်ကိုယ်လုပ်တော်မြောက်ပွဲလေးပေမယ့်
မိဖုရားရားခေါင်မြောက်ပွဲထက်ပင်ပျော်စရာကောင်းနေသည်
တီးဝိုင်းသံနှင့်အပြိုင်သွက်လက်စွာလူပ်ရှားယမ်းနွဲ့နေသော
အကမယ်လေးများက ပွဲအားအလှဆင်နေသည်
အစကပွဲတတ်ရန်မကြည်ခဲ့သည်အမတ်ကြီးများပင်လျှင်
ပျော်ရွှင်ဟန်ပြနေသည် နန်းတွင်သူအပျိုတော်တစ်သိုက်မှာလည်း ဟိုသည်ကူးသန်းနေသည်က လိပ်ပြာလေးများအုပ်စုလိုက်ပျံသန်းနေသယောင်

နန်းတွင်းအမူထမ်းအားလုံးအား ပွဲတတ်ရန်အမိန့်ထုတ်ပြန်ခဲ့ပြီး မခမ်းနားပေမယ့်
လွန်စွာပျော်စရာကောင်းနေသည့်အတွက် နန်းတော်ရှိအစေခံများအစ အပြုံးပန်းဝေကာပျော်ရွှင်ကျနေသည်
မိဖုရားခေါင်ကြီးပင်လျှင် စိတ်ကြည်လာဟန်ပြနေသော်လည်း
မကြည်နိုင်သူတစ်ဦးတော့ရှိလေသည်
ထိုသူကတော့ ဒုမိဖုရားပင်....

ကြီးမားလှ၍ရှည်လျားလှသော စားပွဲကြီးတွင်
အမတ်ကြီးများနေရာယူထားပြီး စာပွဲး၏ထိပ်တွင်
ဧကရာဇ်စန်းပိုင်းလော့ကျင်းရှိနေပြီး အတော်ပင်ပျော်ရွှင်နေသယောင် တစ်ခါတစ်ခါ
အမတ်ကြီးတချို့နှင့်စကားလှမ်းပြောရင်း အော်ရီနေတတ်သေးသည် အမတ်ကြီးများမှာ ဧကရာဇ်၏ထိုသို့သောပုံစံအားမြင်ရခဲသဖြင့် အရှင်စိတ်ကြည်နေမှန်းတမ်း၍သိကြသည်
ထို့ကြောင့်လည်း အရှင့်စကားစမည်ပြောဆိုနေကျရင်း
သူတို့ထံပင်အပျော်များကူးစက်လာသည်
ဧကရာဇ်၏ ညာဘက်တွင်မိဖုရားခေါင်ကြီးရှိနေပြီး
ဘယ်ဘက်တွင် ကိုယ်လုပ်တော်ချန်ရှိနေသည်
မိဖုရားခေါင်ကြီးမှာလည်း အစကတော့ဖြင့် ပွဲအားမလာချင်ခဲ့
ဖခင်၏စကားကြောင့်သာ ကျိတ်မှိတ်ပြီးလာခဲ့ပေမယ့်
ခုတော့ဖြင့် ကိုယ်လုပ်တော်အသစ်အားလည်း ဂရုမပြုနိုင်
လှပျိဖြူလေးများ ညီညာသွက်စွာကပြီးနောက်
မျက်လှည့်နှင့် ကြိုးတန်းဖျော်ဖြေမူများပါရှိနေသောကြောင့်ပင်
ပြင်ရဆင်ရမနှစ်သတ်သည့်မိဖုရားခေါင်မှာ ရိုးရှင်းစွာတင့်တယ်နေသည်
ဘယ်ဘက်က ကိုယ်လုပ်တော်ချန်ကမူ အနီရောင်အသားညှပ်ပေါင်မူန့်အလယ်မှ အသားတုံးသေးသေးလေးနှင်တူလှသည်
ခြေထောက်နှင့်လက်တွေမှာ ထိုမပြီးဆုံးနိင်သည့်
အနီရောင်ပိုးသားအကျႌ၏ ရှည်လျားမူအောက် ဆုံးဆုံးမြုပ်နေလေသည် ခေါင်းမှအုပ်ထားသည့်
အနီရောင်ဇာပါးပါးအောက်တွင် ချစ်စရာကောင်းလှသည့် မျက်နှာလေးမှေးမိန်နေလေသည်

ရှောင်ကျိ
ဘာလဲ ဘာကြီးလဲ
မင်္ဂလာဆောင်လည်းမဟုတ်ပဲ ငါကဘာလို့အနီရောင်ကြီးဝတ်ထားရတာလဲ ခေါင်းကဟာကရောဘာလဲ အဝတ်စားပုံကလည်းဘာကြီးလဲ
ဒါက မိန်းကလေးပုံလား ယောက်ကျားလေးပုံလား
အား....!!ရူးတော့မှာပဲ

ရှောင်ကျိ၏ အကျႌပုံမှာ ယောက်ကျားဝတ်ဟုဆိုနိုင်သလို
မိန်းကလေးဝတ်နှင့်လည်းတူလှပေသည်
ရှောင်ကျိမှာစိတ်အိုက်ခြင်းနှင်အတူ ဆာလောင်ခြင်းကိုလည်းခံစားနေရသည်
အမတ်များနှင့်မိဖုရားကြီးပင် စားသောက်နေသော်ငြားလည်း
ရှောင်ကျိမှာ စားဖို့မစွမ်းသာ ခေါင်းမှပဝါအုပ်ထားသည့်အပြင်
လက်တွေမှာလည်း အကျႌအတွင်းသို့တော်တော်လေးကိုမြုပ်နေသည်
အထိန်းတော်လျဲ့ က ငြိမ်ငြိမ်နေဖို့လည်းမှာလိုက်သေးသည် နန်းတော်မှာအနှောင့်ယှက်ကင်းကင်းနေခြင်ရင်
ကျောက်ရုပ်လိုနေဟူ၍ ထိုသို့ထိုသို့အမျိုးမျိုးသောမှာကြားမူတွေက
ခြိမ်းခြောက်မူနှင့်မခြားပေ
ရှောင်ကျိလိုက်နာရပေမည် မလိုက်နာလို့မရ
ပိုင်းလော့ကျင်း မှာမိဖုရားတွေရော ကိုယ်လုပ်တော်တွေရော
မရေနိုင်သည့်အပြင် သူ့လိုအမျိုးသားကိုယ်လုပ်တော်တချို့လည်းရှိသည်
ရှောင်ကျိဘယ်သူနဲ့မှ ပြသနာမတတ်လို ကိုယ့်ဖာသာအေးအေးဆေးဆေးနေလိုသည်
သူရေးခဲ့သည့် စေရာfic ကအတိုင်း တသတ်မတ်တည်းမသွားလျှင် သူဒုခရောက်သွားနိုင်သည်
နန်းတော်ဆိုတာ အန္တာအများဆုံးနေရာမဟုတ်ပါလား

ဒုမိဖုရား
အရှင်က ဘာလို့ဒီလိုလုပ်နိုင်ရတာလဲ အရှင့်ရဲ့ဘယ်ဘက်ကနေရာက ငါ့နေရာပဲကို
ဘာကြောင့်ကောင်လေးတစ်ယောက်ကိုထားနိုင်တာလဲ
ငါက ဒုတိယအကြီးဆုံးမိဖုရားပဲကို မိဖုရားခေါင်ကြီးအရှင့်နားရှိရင် ငါလဲနေခွင့်ရှိတာကို
ဘာလဲ....အရှင်ကငါ့ကိုမေ့နေတာလား
အဟက်...သတိပြန်ရအောင်လုပ်ပေးပါရစေလားအရှင်

"မယ်မယ် မယ်မယ် သတိထားပါဦး မယ်မယ်
သမားတော် သမားတော်ပင့်ကြပါ
မြောက်နန်းစံမယ်မယ် သတိလစ်သွားလို့ သမားတော်ခေါ်ပေးကြပါ "

အထိန်းတော်တစ်ယောက်၏ ကျယ်လောင်သော အသံက
တီးဝိုင်းသံကို မလွမ်းနိုင်
သို့ပေမယ့်လည်း တစ်စတစ်စ လူတွေအုံလာသည်မို့ ရုတ်ရုတ်ဖြစ်သွားကာ တီးဝိုင်းမှာလဲရပ်တန့်သွားသည်

ဆူညံနေသည့် လူတွေကိုကြည့်ုပြီး ရှောင်ကျိဘာလုပ်မှန်းမသိ
အသံကြားသည်က မိဖုရားတစ်ပါးပါး တစ်ခုခုဖြစ်ပုံပင်
ပိုငိးလော့ကျင်းမှာလည်း ချက်ခြင်းထသွားကာ
မိဖုရားခေါင်ကြီးပင်လျှင် အထိးန်တော်တွေနှင့် ထွက်သွားပြီဖြစ်ပြီး အမတ်ကြီးများလည်း ကရောသောပါးထွက်သွားကြရာ
ရှောင်ကျိတစ်ယောက်တည်းသာ စားပွဲတွင်ကျန်နေခဲ့သည်

အချိန်တော်ကြာသည်အထိ
ရှောင်ကျိထရမည်လား ဆက်ထိုင်နေရမည်လား မသိ
အမှန်တိုင်းဆိုရပါလျှင် တစ်ယောက်ယောက်၏အကူညီမပါပဲ
ထဖို့မလွယ် ဝတ်ရုံကတအားကြီးလွန်းနေတာကြောင့်ပင်
ရှောင်ကျိပတ်ဝန်းကျင်ကို အကဲခက်လိုက်သည်
ထို တစ်ခုခုဖြစ်တဲ့မိဖုရားလည်းမရှိတော့သလို
ပိုင်းလော့ကျင်းကိုလည်းမမြင်တော့ တခြား မိဖုးရာများနှင့်
ကိုယ်လုပ်တော်များကိုလည်း အထိန်းတော်အသီးသီးက
ပြန်လည်ခေါ်ဆောင်သွားပေပြီ
အစေခံချို့သာ အလုပ်ရူပ်နေပုံပေါ်ကာ ရှောင်ကျိအားမြင်ပုံပင်မပေါ်

ရှောင်ကျိ
ဘာလား...!
ဒီခံစားချက်က တော်တော်ထူးဆန်းတာပဲ
ဒီနေ့က ငါ့အတွက်ပွဲလုပ်တာမလား
ငါ့ကျမမြင်ကျဘူးလား ဘယ်လိုကြီးလဲကွာ
ခံစားရခက်လိုက်တာ
လုပ်ကြံသူတွေသာဆို ငါအရင်ကိစ္စပြတ်မှာ

....................................................

"ဘယ်လိုဖြစ်တာလဲ သမားတော်ကြီး တအားကြီးဆိုးလား"

ဧကရာဇ်၏ စပါးသံက တိတ်ဆိတ်မူ့တို့ကို ဖြိုခွင်းလိုက်သည်

သမားတော်ကြီး စိတ်ရူပ်သွားသည်
သူနန်းတော်မှာ အမူတော်ထမ်းလာတာ အတော်ပင်ကြာခဲ့ပါပြီ
သည်လိုအဖြစ်မျိုးကို သေချာနားလည်သည်
သာမာန်ကိုယ်လုပ်တော်မြောက်ပွဲနေ့
နန်းတော်မှ လူအားလုံးတတ်စေသည်
မိဖုရားကြီးပင်မချန်
အစည်ကားဆုံး စီစဉ်ပေးတဲ့ ဧကရာဇ်
အရှင့်နှစ်သက်မူခံရတဲ့ ဒုမိဖုရား
တွေးကြည့်သည်နှင့် အဖြေကထွက်ပါသည်
ဒုမိဖုရား ဟန်ဆောင်နေခြင်းသာ ဘာမှမဖြစ်ပေ
ပွဲပျက်အောင် တမင်ဖန်တီးလိုက်ခြင်းပင်
သို့ပေသည့်တိုင် အမှန်တိုင်းလျှောက်တင်လို့မဖြစ်
ဒုမိဖုရားသည်လဲ အတော်အတန် အာဏာရှိသည်မဟုတ်ပါလား

"အားနည်းတာပါအရှင် သိပ်စိုးရိမ်စရာမရှိပါဘူး နည်းနည်းလောက်နားလိုက်ရင်သက်သာသွားမှာပါ"

"တကယ်ပဲ အဲလိုလား
စိုးရိမ်စရာမရှိဘူးမလား"

" မှန်လှပါ အရှင်"

"ကောင်းပြီ
သမားတော်ကြီးပြန်လို့ရပြီ နောက်ကို
မကြာမကြာ ဒုမိဖုရားကျန်းမာရေးကိုစစ်ဆေးပါ
သူထိခိုက်တာ မလိုချင်ဘူး"

"အမိန့်တော်အတိုင်းပါ အရှင်"

သမားတော်အဖွဲ့ပြန်သွားတော့မှ
ပိုင်းလော့ကျင်း နန်းမန်ထမ်း ဘေးဝင်ထိုင်လိုက်သည်
အခုထိသတိမရသေး

"မန်ထမ်း
ငါကိုယ်တော် မင်းကိုပြစ်ထားသလိုဖြစ်နေပြီလား"

"မကောင်းတော့ဘူး အရှင် အရှင်"

ကရောသောပါး ပြေးဝင်လာတဲ့
အထိန်းတော် လျဲ့

(မင်းကြီးရဲ့ အထိန်းတော်ပါ မင်းကြီးက အပြင်သွားရင် အမြဲအထိန်းတော်တွေမခေါ်ပါဘူး
ကိုယ်ရံတော် နှစ်ယောက်နဲ့ပဲသွားတာပါ)

ရောက်ရောက်ချင်း ဒုူးထောက်ချလိုက်သည်မို့
ပိုင်းလော့ကျင်း နည်းနည်းတော့စဉ်းစားရကျပ်သွားသည်
စဉ်းစားမိသည်က ဒေါသဘက်ကူးပြောင်းသွားသည်

"အထိန်းတော် လျဲ့
ဒုမိဖရား ကျန်းမာရေးသိပ်မကောင်းဘူး
ဘယ်လိုတောင် လူလိုမသိတာလဲ"

ပိုင်းလော့ကျင်း အသံကမကျယ်ပေမယ့်တိုးတိုးတိတ်တိတ်တော့မဟုတ်
အထိန်းတော်လျဲ့ အသံတို့တိုးဝင်သွားသည်

"ကိုယ်လုပ်တော်ချန်....ကိုယ်လုပ်တော်ချန် "

ပိုင်းလော့ကျင်း စိတ်ထဲအပူလိုင်းတစ်စင်းဖြတ်သန်းသွားသည်
ဘာဖြစ်တာလဲ

အထိန်းတော်လျဲ့ စီက အသံထပ်ထွက်လာမလားလို့
ပိုင်းလော့ကျင်းစောင့်နေပေမယ့် ထွက်မလာ

"ကိုယ်လုပ်တော်ချန် ဘာဖြစ်လို့လဲ"

အဆောင်တစ်ခုလုံးတွင် ပိုင်းလော့ကျင်းအသံက ဟိန်းထွက်သွားသည် အပြင်မှ ကိုယ်ရံတော်ယင်းနှင့်ယီပါ
ပိုင်းလော့ကျင်းအသံကြောင့် ဝင်ရောက်လာသည်

"ကိုယ်လုပ်တော် ချန်...သူ...သူ...
ပျောက်သွားပါတယ်
ကျနော်မျိုးကိုသာ သတ်လိုက်ပါတော့အရှင်...."

ပိုင်းလော့ကျင်း
ဒေါသတို့ အလိပ်လိုက်တတ်လာသည်အပြင်
တစ်ကိုယ်လုံးလည်း ပူထူလာသည်
ဒူးထောက်ကာ ဦးခေါင်းအားကြမ်းထဲကျွံမတတ်
ခေါင်းစိုက်ထားသော အထိန်တော်လျဲ့စီ အမြန်လျောက်သွားကာ ပခုံးနှစ်ဖက်အားဆွဲကိုင်လိုက်ပြီး
မျက်နှာချင်းဆိုင်းစေလိုက်သည်

"သေချာလျောက်တင်စမ်း ကိုယ်လုပ်တော်ချန်က ဘယ်လိုလုပ်ပျောက်သွားတာလဲ ပြောစမ်းပါ
ခုနလေးတင် ငါကိုယ်တော်ဘေးမှာ ရှိနေတဲ့သူက ဘယ်လိုလုပ်ပျောက်သွားရတာလဲ "

အထိန်းတော်လျဲ့ ပုခုံယအားကိုင်ဆောင့်ကာ ပိုင်းလော့ကျင်း
ဒေါသတကြီးမေးနေမိသည်
မရဘူး သူပျောက်သွားလို့မရဘူး

"ဘယ်လိုပျောက်သွားတာလဲတော့ ကျနော်မျိုးတကယ်ကိုမသိလိုက်တာပါအရှင်
ှအပျိုတော်တွေနဲ့ ရှာနေပေမယ့် ခုထိမတွေ့သေးပါဘူး
ကျနော်မျိုးကိုသာ သတ်လိုက်ပါတော့အရှင်"

သဲကြီးမဲကြီးငိုကာ ပြောနေတဲ့ အထိန်းတော်ရှန့်ပုခုံးအား
ဆောင့်ထွန်းကာ လိုက်လိုက်ပြီး
ကိုယ်ရံတော်နှစ်ယောက်အား ကြည့်ကာ

"ရှာစမ်း
နေ့ခင်းဘက်ကြီး နန်းတော်အပြင်ခိုးထွက်ဖို့ ဖြစ်နိုင်ဘူး
နန်းတော်ထဲမှာပဲ ရှိနေဦးမှာ
ပိုက်စပ်တိုက်ပြီးရှာစမ်း မတွေ့မချင်းပြန်မလာနဲ့
ရဲမတ်တွေပါခေါ် အဆောင်တိုင်းကိုမြေလှန်ရှာစမ်း"

"အမိန့်တော် အတိုင်းပါ အရှင်"

ယင်းနှင့်ယီ အမိန့်ရပြီးသည်နှင့်ထွက်သွားသလို
ပိုင်းလော့ကျင်းလည်း ဒေါသတကြီးထွက်သွားကာ
အထိန်းတော်လျဲ့မှာလည်း ပိုင်းလော့ကျင်းနောက်ပြေးလိုက်သွားပေသည်

ထိုအခါမှ
နန်းမန်ထမ်း မျက်လုံးတို့ပွင့်လာကာ ထထိုင်လိုက်သည်

"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ"

နန်းမန်ထမ်း သူ့အထိန်းတော်တွေအား ကြည့်ကာ မေးလိုက်ချင်းပင်
အထိန်းတော်များ၏ မျက်နှာများမှာလဲ
ကြောက်ရွံမူတို့ အထင်းသားပေါ်နေသည်

"ကျနော်မျိုးမတို်လည်း သေချာမသိပါဘူး
ကိုယ်လုပ်တော်ချန်ပျောက်သွားလို့ အရှင်တော်တော်ဒေါသထွက်နေပါတယ်"

နန်းမန်ထမ်း
ပျောက်သွားတယ်
ကိုယ်လုပ်တော်ချန်ဆိုတော့ ဒီနေ့မြှောက်တဲ့ ကိုယ်လုပ်တော်လေးပဲ
ဘယ်လိုပဲသာမာန်ကိုယ်လုပ်တော်လေးလို့ပြောပြော
ခုချိန်မှာ အရှင့်နှစ်သက်မူရနေတာဆိုတော့
တကယ်သာပျောက်သွားခဲ့ရင်
နန်းတော်မှာ မုန်တိုင်းတိုက်တော့မှာပဲ

.
.
.
.
.
.
.
...................................................

"ဝါး......"

ရှောင်ကျိ သမ်းဝေကာ အပျင်းကြောဆန့်လိုက်ပြီးမှ တထိုင်လိုက်သည်
အာ...ငါအိပ်ပျော်သွားတာပဲ

"ဆရာတူအကိုကြီး နိုးပြိလား
အိပ်ပျော်နေတာမှ အကြာကြီးပဲ နေတောင်ဝင်တော့မယ်"

ယိဖေယန် စကားကြောင့် ရှောင်ကျိသွားလေးဖြဲကာ

"အာ ဟုတ်လား ဟဲဟဲ
တော်တော်ကြာသွားတာပဲ"

"ဒါနဲ့ ဆရာအကိုကြီး နန်းတော်က ခါတိုင်းလည်းဒီလိုပဲလား
ရဲမတ်တွေနဲ့ ရူပ်ရှပ်ကိုခတ်နေရော"

ရှောင်ကျိ ကြောင်တောင်တောင်လေးဖြစ်သွားပြီးမှ
ခေါင်းလေးကုတ်ကာ

"အမ်...ဟုတ်လား
ခါတိုင်းတော့ ဒီလိုမဟုတ်ဘူးကွ"

"ဖေယန် မင့်အကိုကြီးကိုရေတိုက်လိုက်ဦး"

"အာ မသောက်တော်ဘူး ရှစ်စွမ်း
ကျနော် အဆောင်ကိုပြန်တော့မယ်"

ကရောသောပါး ထကာပြန်ဖို့ပြင်နေသည့် ရှောင်ကျိကြောင့်
ဖူယွင့်စန်းကြောင် စာအုပ်ဖတ်နေရာမှရပ်လိုက်ကာ

"ဖေယန် မင့်အကိုကြီးကို အကျႌကူဝတ်ပေးလိုက်"

"ဟုတ်ကဲ့ ရှစ်စွမ်း"

ယိဖေယန် အနီရောင် ဝတ်ရုံကြီးယူလာတာကြောင့်

"အာ...အဲတာကြီးမဝတ်တော့ဘူး ကျနော်လမ်းလျောက်လို့မရပဲနေလိမ့်မယ်
ဒီတိုင်းပဲ ယူသွားလိုက်မယ်"

ယိဖေယန် လက်ထဲမှ ဝတ်ရု့အားယူကာ
ရင်ခွင်ပိုက်ပြီး ရှောင်ကျိပြန်ဖို့အလုပ်

"ရှောင်ကျိ..."

ဖူယွင့်စန်းကြောင် ခေါ်သံကြောင့် ရှောင်ကျိခြေလှမ်းတို့ရပ်တန့်သွားရသည်
ဖူယွင့်စန်းကြောင် ရှောင်ကျိအနားရောက်လာကာ

"ဒီရှစ်စွမ်းက ကိုယ့်တပည့်ကိုတောင် မကာကွယ်နိုင်တဲ့
လူနုံတစ်ယောက်ပါ ဂိုဏ်းတစ်ခုလုံးရဲ့ အပြစ်တွေကို
မင်းတစ်ယောက်တည်းရဲ့ခေါင်းပေါ်ရောက်စေခဲ့တယ်
ဒီရှစ်စွမ်းကို မင်းခွင့်မလွှတ်ပါနဲ့"

ရှောင်ကျိ နှလုံးသားထဲနွေးထွေးသွားရသည်
အသံမှာလဲ ချိုသာနေသည်
ဘာလို့များ ဟိုဘိုးတော်နဲ့အဲလောက်ကွာနေပါလိမ့်

"ရှစ်စွမ်း... ကျနော်အဆင်ပြေပါတယ်
အာ့ကြောင့် စိတ်မကောင်းမဖြစ်ပါနဲ့နော်
ဂိုဏ်းကိုပြန်ရောက်ရင်သာ ညီကိုတွေကို သတိရကြောင်းပြောပေး အာ ဒုဂိုဏ်းချုပ်ကိုရောပဲ
ရှစ်စွမ်း ကျနော်ပြန်ပြီ"

ပြုံးပြုံးေးလပြောကာ ထွက်သွားသည့်ရှောင်ကျိနောက်ကျောအား
ဖူယွင့်စန်းကြောင် ငေးကြည့်နေမိသည် စိတ်ထဲ၌လည်း
တကယ်ရော အဆင်ပြေရဲ့လား

"ရှစ်စွမ်း အကိုကြီးကိုကြည့်ရတာ နည်းနည်းပိန်သွားပေမယ့်
ပျော်နေတဲ့ပုံပဲနော် ရှစ်စွမ်းစိတ်မကောင်းမဖြစ်ပါနဲ့
အကိုကြီးကြည့်ရတာ အဆင်ပြေနေတာပဲ"

ယိဖေယန် စကာကးကြောင့် ဖူယွင့်စန်းကြောင်
ပြုံးမိသည်
ဟုပါတယ်လေ အဆင်ပြေနေတဲ့ပုံပါပဲ......

.
.
.
.
.

.
.
.
.
......................................................

ရှောင်ကျိတစ်ယောက် အိပ်ရေးဝထားလို့လားမသိ
အဆောင်ပြန်သည့်လမ်းတွင် ကော့ကော့ ကော့ကော့နင့်
မြောက်ကြွမြောက်ကြွ ဖြစ်နေသည်

ရှောင်ကျိ
နေ့ခင်းက ရှောင်ကျိ ယောင်လည်လည်ဖြစ်နေတုန်း
ရှစ်စွမ်းတို့ အနားရောက်လာတာကြောင့်
ရှစ်စွမ်း တို့နေတဲ့ဧည့်ဆောင်လိုက်သွားရင်း
စကားတွေလည်းအများကြီးပြောဖြစ်ကာ သူအိပ်ပျော်သွားသည်
အစက လူအမျာစကြီးမို့ ရှစ်စွမ်းတို့အားမမြင်ခဲ့
ရောက်နေမှန်းသာသိခဲ့ရသည်
ဒါနဲ့...ဟိုမိဖုရားရော ဘာဖြစ်တာလဲမသိဘူး
တခြားစားပွဲက ဆိုတော့ ငါမမြင်လိုက်ဘူးပဲ
အား...ရေဆာလိုက်တာကွာ
ဘာလို့ မသောက်ခဲ့မိပါလိမ့်.......

ထိုသို့တွေးရင်း
ရှောင်ကျိခြေလှမ်းတို့က ဧကရာဇ်အဆောင်စီသို့.......
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😉
.....................................................

(AN/ အစစ်မ ယုတ်မာမူကြောင့်
ကျိကျိတွက်လုပ်တဲ့ပွဲလေး ပျက်သွားပြိ😭

ရှောင်ကျိ အစားရင်မောလိုက်တာ လော့ကျင်းက အသေဒေါသထွက်နေတာ 😖သူကအိပ်ပျော်နေတယ်😫)

© ပန်းမိုးလိပ်ပြာ ပေါက်စ,
книга «ကျနော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်».
Коментарі