1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
15

"ငါလုပ္တာ....."


ငါလုပ်လိုက်တာ"


"ယင်း...မင်းကလေ"


"ဟုတ်တယ်



ပြောရင်း ရိုက်လာသည့် ယင်းကိုကြည့်ကာ ပိုင်းလော့ကျင်း
ရီချင်သွားသည်
ယင်းလို့် တကယ်ကို ပိုင်းလော့ကျင်းမထင်ခဲ့
ယီလို့သာထင်နေခဲ့သည်






"ဘာ...ဘာလဲ"


"အဖြူရောင် ဝတ်မူန်"




"နေဦး..."


"ဘာလဲ"



"သြော်...ဒါလား...


လူယုတ်မာ ##$**$$##~\<$//*-#&*##$##%::&#"

ပြန်ပြေးလေပြီ






"မပေးနိုင်ဘူးကွာ..."

.
.
.
.
.
.

*(*(*(*(*(*(*(*(*(*(*(*(*(*(*(*(*


"အား....."






"ဘာမှ မဖြစ်ဘူး"



"ရေအရင်ချိုးမယ် "




"မလိုဘူး"

"တွဲပို့ပေးမယ်လေ"

"မလိုဘူးလို့...."


ရှောင်ကျိ


"အား........"

ရှောင်ကျိအင်္ကျီချွတ်လိုက်ရာတွင် တွေ့လိုက်ရသော အမှတ်ရာများကြောင့် လန့်ပင်သွားရသည်



ရှောင်ကျိ

အင်္ကျီအားဝတ်ကာ အပြင်ထွက်လာခဲ့သည်

င်္ံခုဆို ထိုဖြူလုံးလေးများမှာ ရှောင်ကျိအားအဖက်ပင်မလုပ်တော့ အစတုန်းကဆိုရင်ဖြင့်




~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရှောင်ကျိ ထမင်းအားမိန်ရှက်စွာာစားလိုက်ပြီး ထမင်းစားပြီး

"ဟေး...
မင်း...ဒီလာခဲ့ဦး..."


(AN/အဟမ်းအဟမ်း


ရှောင်ကျိ
ရွဲ့နေတာလား



"ဘာများသိချင်..."

"မင်းနာမည်က ဘာတဲ့လဲ"




မင်းများသိမလားလို့."






"အဲလိုလား...နေစမ်းပါဦး

"ကိုယ်လုပ်တော်ချန် မင်းလိုမသုံးပါနဲ့ လော့လော့ပါဆို
အားလော့လို့ခေါ်ပါ"


"ဟုတ်ပါပြီ


သူမက ရင်ကော့ခေါင်းမော့ကာ ဂုဏ်ယူစွာပြောလိုက်ချင်းပင်

ရှောင်ကျိ၏ စိတ်ဓာတ်ကျနေပုံကိုကြည့်ပြီး အားလော့သနားလာသည်

အားလော့


သို့သော် ရုပ်ရည်ထက်စိတ်ထားလေးပိုလှသညိဟု ရှောင်ကျိမြင်မိသည်


ရှောင်ကျိ



အရမ်းငယ်သေးတယ်လေ

(AN/ဧကရာဇ်အဆောင်)


"မင်းသမီးလား...."

ဘယ်ကမင်းသမီးလဲ


"အရှင့်ရဲ့အမတော်လေ
မင်းသမီး ရှင်းယန်"

ရှောင်ကျိ



"အာ...အဲလိုလား

ရှောင်ကျိ



"




ရှောင်ကျိ





ဘာလို့...."









အရမ်းခင်တွယ်တာ မင်းသမီးရဲ့ခြေထောက်ကိုဖက်ပြီး

"ဘယ် ဘယ်လို

ရှောင်ကျိ


ဟူး........




ငိုရင်းနှင့်လည်း

အဟင့် ဟင့် အီး.....ရွှတ်"



ရှန့် နန်းတော်ကိုမီးလောင်တိုက်သွင်းပြီး သင်္ချိုင်းမြေလုပ်ပြစ်ခဲ့တာ
ကောင်းသွားပါတယ် (မိုစုနိုင်ငံ/ပိုင်းလော့ကျင်း အုပ်စိုးသောနိုင်ငံ)ဘယ်နိင်ငှံ မကျူးကျော်ရဲတော့တဲ့ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာခဲ့တာပေါ့"

မျတ်ချက်ချလေတော့သည်



"လျောက်ပြောတာ မဟုတ်ပါဘူး အားလော့ကမင်းသမီးရဲ့အခြွေရံပဲကို အားလော့နဲ့မင်းသမီးက သုံးနှစ်ပဲကွာတာ အားလုံးက အားလော့မျက်စိရှေ့မှာတင်ဖြစ်ပျက်သွားတာ အားလော့ကအရှင်ထက် လေးနှစ်ကြီးတယ်"

သူ့အသက်က



ရှောင်ကျိ


အား....ရူးချင်တာပဲ

"အ အဟမ်း ဆယ့် ဆယ့်ငါး "


"သြော်...ဟုတ်လား

"ဒါနဲ့လေ အားလော့


အရှင်က ချောမောတာမှန်ပါတယ် ဒါပေမယ့် နန်းတွင်းသူတွေကတော့ အရှင့်မျက်စိအောက်ကနေဝေးဝေးနေတယ် အရှင်မျက်စိကျသွားမှာမလိုလားကျဘူး အဲထဲမှာအားလော့ရောပါတယ် အရှင်ကိုလည်းသဘောမကျမိသလို အရှင်ကလည်း ဘဘောမကျစေချင်ဘူး ဘာလို့ဆို အရှင် အရမ်းရက်စက်တတ်တာလေ

ရှောင်ကျိ





"လျို့ဝှက်လမ်းလား..."

အနည်းငယ်လောက်တွန်းလိုက်ဆိုရင်ပဲ
စိတ်ထဲ၌လည်း
ပိုင်းလောကျင်တကယ်ပါပဲ


သုံးခုလည်းမကပေ
ရှောင်ကျိ များပြားလှသော ဟာအုပ်စင်များအား လျောကက်ြည့်နေရင်း

"ရပ်လိုက်..."


ရှောင်ကျိ

.
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😉

.........................................................

🙏🙏🙏🙏)


#####

"ငါလုပျတာ....."

ယီထံ လက်ရွယ်နေသည့် ပိုင်းလော့ကျင်းလက်တို့ရပ်တန့်သွားရသည်
အသံက ယင်းထံမှလာသောကြောင့်ပင်

"ငါခပ်လိုက်တာလို့....ဆေးက
ငါလုပ်လိုက်တာ"

ငွေထုတ်လေးပိုက်ကာ ခေါင်းငုံပြီးပြောနေတဲ့ လေသံကကြားရတယ်ဆိုရုံလေး

"ယင်း...မင်းကလေ"

ပိုင်းလော့ကျင်း မယုံနိုင်သလို ယီမှာလဲ စွံအလျက်

"ဟုတ်တယ်
ဆန်မုန့်က ငါပို့ခိုင်းလိုက်တာ ငါလုပ်လိုက်တာ"

ယင်း ခေါင်းလေးငုံထားရာမှ အပြစ်လုပ်ထားတဲ့ကလေးလေးတစ်ယောက်ကို ပိုင်းလော့ကျင်း ကိုကြည့်ရင်း

"မင်းငါ့တို့ကိုအပြင်ထွက်ခိုင်းတော့လေ ငါဗိုက်ဆာလို့
ဟင်းချက်ဆောင်ကိုသွားခဲ့တာ
ငါဆန်မုန့်စားနေရင်းတွေးမိတာ အဲဟာလေးကိုအမြင်ကပ်လို့
အဖြူရောင် ဝတ်မူံလေးနည်းနည်းလေး ဆန်မုန့်ထဲထည့်ပြီး ခဏနေရင် ကိုယ်လုပ်တော်ချန်စီ သွားပို့ဖို့မှာခဲ့တာ
ငါခိုင်းခဲ့တာ....လော့ကျင်း...ငါလုပ်တာ...
မင်းသိလား အဲဟာလေးကလေ ငါ့ကိုအရူးလို့ခေါ်တာ
ဥယာဉ်ထဲသွားတုန်းက ငါလိုက်ပို့ရတုန်းကလေ ငါ့ကိုအရူးလို့ခေါ်တာ"

ပြောရင်း ရိူက်လာသည့် ယင်းကိုကြည့်ကာ ပိုင်းလော့ကျင်း
ရီချင်သွားသည်
ယင်းလ့ို် တကယ်ကို ပိုင်းလော့ကျင်းမထင်ခဲ့
ယီလို့သာထင်နေခဲ့သည်

"နေပါဦး...မင်း..ဆေးဘယ်ကရတာလဲ"

မေးခွန်းက ယီစီကလာခြင်းပင်
ယင်းအား မယုံသလိုကြည့်နေကာ ထိုအကြည့်အား ပုံဖော်ရပါလျှင(် ကြောင်သူတော် ကြွက်သခိုးကောင်) ဟုအဓိပါယ်ရပေလိမ့်မည်

ပိုင်းလော့ကျင်းမှာလဲ ငါလဲသိချင်တယ်ဟူသော အကြည့်မျိုးနှင့် ယင်းအားကြည့်နေလေသည်

"မင်းတို့မေ့နေတာလား ဟိုး...တလောတုန်းကလေ
လော့ကျင်း မင်းပဲခိုင်းခဲ့တာလေ ကာမအားတိုးဆေး ရောင်းဝယ်နေတဲ့လူတွေကို ဖမ်းမိတုန်းကလေ ဆေးတွေအကုန်ရှင်းပြစ်ဖို့ မင်းငါ့ကိုခိုင်းခဲ့တာလေ
ငါ့စီတစ်ပုလင်းကျန်နေတာ တမင်ယူထားတာတော့မဟုတ်ပါဘူး
မင်းတို့လဲသိတဲ့အတိုင်းပဲလေ အဖြူရောင်ဝတ်မူန်က
ကာမအားတိုးဆေးတွေထဲမှာ အာနိသင်အနည်းဆုံးနဲ့ အပျော့ဆုံးပဲမလား အဲတော့ ငါယူထားမိတာ ပြီးတော့ငါခပ်ခဲ့တာလဲ
နည်းဆိုနည်းနည်းလေးရယ်"

ယင်းစကားဆုံးတော့မှ သြော်...ဟုသော အဓိပါယ်မျိုးနှင့် ယီရောပိုင်းလော့ကျင်းပါ ခေါင်းတညိမ့်ညိမ့်ဖြစ်သွားကျလေသည်

"ဘာ...ဘာလဲ"

ပိုင်းလော့ကျင်းက ယင်းရှေ့တည့်တည့်ရပ်ကာ လက်ဝါးဖြန့်လာသောကြောင့် ယင်းတစ်ယောက်ကြောင်သွားသည်

"အဖြူရောင် ဝတ်မူန်"

ယင်းတစ်ယောက် မပေးချင်ပေးချင်နဲ့ ပိုင်းလော့ကျင်းအားပေးလိုက်ရလေသည်
ပိုင်းလော့ကျင်းက လက်ညိုးသာသာ အဖြူရောင်ကြွေနှင့်လုပ်ထားသည့်ပုလင်းလေးအားကြည့်ကာ

"ငါယူသွားမယ် မင်းတို့နှစ်ကောင်က ယုံရတာမဟုတ်ဘူး
အဲတော့...ငါပြန်တော့မယ် မနက်ညီလာခံရှိတယ် စောစောလာခဲ့ "

ပိုင်းလော့ကျင်း ပြန်မည်အလုပ်

"နေဦး..."

ယီစကားကြောင့် ပိုင်းလော့ကျင်းခြေလှမ်းတို့ ရပ်တန့်သွားသည်

"ဘာလဲ"

"နေစမ်းပါဦး ငါမေးစမ်းပြဇေ လော့ကျင်း
မင်းက ငါ့ကျလည်ပင်းညစ်ပြီး သူ့ကျဘာလို့ဘာမှမလုပ်တာလဲ"

ယီက ယင်းအားလက်ညိုးထိုးလျက် အနည်ငယ်ဒေါသ ထွက်နေဟန်ဖြင့် ပြောလိုက်တော့ ပိုင်းလော့ကျင်း စပ်ဖြီးဖြီးလုပ်ကာ

"သြော်...ဒါလား...
ဒါက ဒီလိုရှိတယ်ကွ...ယင်းက ပထမဆုံးအမှားလေ
ခွင့်လွတ်ပေးလို့ရတယ် မင်းကတော့ ခဏခဏကိုပဲ အမြင်ကပ်အောင် မှားနေတာဆိုတော..."

ပိုင်းလော့ကျင်းစကားကြားသော် ယီက သူ့လည်ပင်းသူကိုင်ကာ

"လူယုတ်မာတွေ တစ်ယောက်က ကြောင်သူတော်ကြွက်သခိုး တစ်ယောက်က မျက်နှာလိုက်တဲ့
လူယုတ်မာ ##$**$$##~\<$//*-#&*##$##%::&#"

ပိုင်းလော့ကျင်းမှာ ယီ၏ မေတ္တပို့သမူမျအ မခံနိုင်တော့သဖြင့်
ပြန်ပြေးလေပြီ
ယီတစ်ယောက် ပိုင်းလော့ကျင်းပြန်သွားသည်နှင့် ယင်းလက်လှည့်ကာ

"အယုတ်တမာကောင် ငါ့ငွေတွေပြန်ပေး"

"ဘာ ဘာလို့ပေးရမှာလဲ ငါ ငါနိုင်ထားတာလေ"

ပြောရင်းအတင်းဝင်လုံးကာ ယီတစ်ယောက် ငွေတုံးများအားပြန်လုလေတော့သည်

"မင်းက လူယုတ်မာနည်းသုံးပြီးနိုင်တာ မပေးနိုင်ဘူး"

"ယီ မင်းမယုတ်မာနဲ့ ငါနိုင်ထားတာဆိုနေ"

"မပေးနိုင်ဘူးကွာ..."

ထိုနေ့ညက မအိပ်ပဲ နပန်းလုံးနေတဲ့ လူနှစ်ယောက်တော့ ရှိလေရဲ့............
.
.
.
.
.
.

*(*(*(*(*(*(*(*(*(*(*(*(*(*(*(*(*

ရှောင်ကျိ နိုးလာတော့ အနားတွင် ပိုင်းလော့ကျင်းရှိမနေတော့

"အား....."

ညက ပုံရိပ်များမျက်လုံးထဲမြင်ပြီး ရှောင်ကျိအော်လိုက်ခြင်းသာ
ငါ..ငါ...ဘယ်လိုတောင် ထန်ခဲ့တာလဲ အား...ရှက်ဖို့ကောင်းလိုက်တာကွာ

ရှောင်ကျိ အော်သံကြောင့် အပျိုတော်လေးများ အနားရောက်လာကာ

"ကိုယ်လုပ်တော်ချန် တစ်ခုခုဖြစ်လို့လား..."

အပျိုတော်လေးများမှာ ပါးစပ်ကမေးနေပေမယ့် အကြည့်တို့က ရှောင်ကျိကိုယ်ပေါ်သို့ ရောက်နေကျသည်
ညအိပ်ဝတ်ရုံပါးပါးလေးက အနည်းငယ်ဟနေသည်မို့ အမှတ်သားနီနီတို့က မြင်နေရသည်လေ

ရှောင်ကျိ ညအိပ်ဝတ်ရုံအား ဆွဲစိလိုက်ပြီး

"ဘာမှ မဖြစ်ဘူး"

"ကိုယ်လုပ်တော်ချန် ထမင်းစားတော့မလား"

အပျိုတော်လေးများ၏ မေးသံကြားသော် ဗိုက်မှာအချက်ပြလာသည် သို့သော်လည်း ခန္ဓာကိုယ်မှာ အနံထွက်နေသဖြင့်

"ရေအရင်ချိုးမယ် "

"ရေချိုးဖို့ကအားလုံးပြင်ထားပြီးပါပြီကိုယ်လုပ်တော်ချန်"

ရှောင်ကျိခေါင်းညိမ့်ကာ လက်ဖြင့်သွားကြတော့ဟူသောအမူရာမျိုးလုပ်ပြလိုက်သည်
သို့သော်လည်း မယ်မင်းကြီးမတစ်ယောက်က

"လိုက်ပို့ပေးရဦးမလား ကိုယ်လုပ်တော်ချန်"

"မလိုဘူး"

"တွဲပို့ပေးမယ်လေ"

"မလိုဘူးလို့...."

ထိုအပျိုတော်မှာ ရှောင်ကျိအော်လိုက်သောကြောင့် ခေါင်းလေးပုဝင်သွားကာ လျှာပါထုတ်ပြသွားသေးသည်

ရှောင်ကျိ
အကျိုးနည်း အပျိုတော်တွေ အထက်လူအမိန့်ကို နာခံချက်ကတော့....

အပျိုတော်အားလုံးထွက်သွားတော့မှ ရှောင်ကျိတစ်ယောက် ကွတကွတနှင့် နူံးချိနေသောခန္ဓာကိုယ်အား မနိုင်တနိုင်သယ်ရင်း ရေချိုးခန်းသို့သွားလေသည်

"အား........"

ရှောင်ကျိအကျႌချွတ်လိုက်ရာတွင် တွေ့လိုက်ရသော အမှတ်ရာများကြောင့် လန့်ပင်သွားရသည်
တချို့အမျတ်ရာများဆိုလျှင် ယခုချက်ခြင်းပင်
သွေးတို့စိမ့်ထွက်လာတော့မည်အလား ရဲရဲနီနေသည်

$တဏုာရူး သူ့အသားမဟုတ်တိုင်း အဟင့် ဟင့် ငါ့အသားရေလှလှလေး တော့သွားပါပြီ...

ရေနှငိ့ထိလိုက်သည်နှင့် နူံးချိကာအားကုန်သည့်ကိုယ်က ပြန်လည်လန်းဆန်းလာသည်

ရှောင်ကျိ
တကယ်ပဲ ဒီရေထဲမှာ ဘာတွေထည့်ထားလဲသိချင်လိုက်တာ
ဘယ်လိုနည်းနဲ့မှ သာမာန်မဖြစ်နိုင်ဘူး
တစ်ယောက်ယောက်ကိုမေးကြည့်သင့်လား

ရေကန်ထဲမှ ပန်းပွင့်ရောင်စုံလေးတွေကိုဆော့ရင်း တော်တော်ကြာနေစိမ်နေသည်
ရေဝသွားချိန်မှာတော့ အပျိုောတ်တွေအဆင့်ပြင်ပေးထားတဲ့
အကျႌအားဝတ်ကာ အပြင်ထွက်လာခဲ့သည်
အခန်းဝသို့ရောက်မှ ရှောင်ကျိတစ်ခုခုသတိရသွားဟန်ဖြင့်
နောက်သို့ပြန်လှည့်ကြည့်လိုက်သည်

ဖြူဖြူလုံးချည်လုံးလေးများသဖွယိ ယုန်ဖွေးဖွေးလေးများသည် ပြေးသည်ကပြေး ဆော့သည်ကဆော့နှင့် အလုပ်ရူပ်နေကျသည်
ႍခုဆို ထိုဖြူလုံးလေးများမှာ ရှောင်ကျိအားအဖက်ပင်မလုပ်တော့ အစတုန်းကဆိုရင်ဖြင့်
ရှောင်ကျိရေချိုးဆောင်ထဲဝင်လာသည်နှင့် အနားတွင်ဝဲဝဲလည်နေတတ်သည်
ရှောင်ကျိ လူယုတ်မှာအပြုံးပြုံးလိုက်ပြီး ထိုဖြူလုံးလေးများအနားသွားကာ ဘောလုံးကန်သလိုလိုက်ကန်တော့သည် တော်တော်အဝေးသို့လိမ့်သွားလျှင် ပါးစပ်မျ "ဂိုး..."
ဟူ၍လည်းအော်သေးသည် အကုန်နီးပါးလိုက်ကန်နေသည် ညင်ညင်သာသာ မဟုတ်အရျိန်နှင့်ပြစ်ကန်နေသည်
ထို့နောက်ယုန်လေးနှစ်အား နားရွက်တစ်ဖက်စီစုဆွဲပြီး လက်တစ်ဖက်ထဲပေါင်းကိုင်ကာ မြောက်လိုက်သော်
ယုန်လေးများမှာ လွန်စွာထိန့်လန့်နေသည့်နှယ်

"အဟက်...မင်းတို့သခင်ကလေ အရမ်းယုတ်မာတာသိလား
ဒီficကိုရေးခဲ့တာ ငါ့အမှားဆိုရင် မင်းတို့ရဲ့အမှားက
အဲတဏုာရူးကိုသခင်တော်ထားရတာပဲ"

ပြောပြီး ယုန်လေးနှစ်ကောင်အား ကိုင်ပေါက်လိုက်လေသည်
ထိုခဏ၌ ရှောင်ကျိမျက်နှာမှာ အရမ်းကိုကြောက်မတ်ဖွယ်ကောင်းနေခဲ့သည်.....

(AN/ကျိကျိ ရှင်လေးအရမ်းရက်စက်တယ်😢)

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရှောင်ကျိ ရေချိုးခန်းထဲထွက်လာတော့ အပျိုတော်လေးများမှာ ထမင်းပွဲပင်ပြင်ပြီးနှင့်ပြီဖြစ်သည်
ရှောင်ကျိ ထမင်းအားမိန်ရှက်စာွာစားလိုက်ပြီး ထမင်းစားပြီး
အချိုမုန့်များနှင့် သစ်သီးများပါ ထပ်မံစားသောက်လေသည်
စားသောက်ပြီးသွားချိန်မှာတော့ ရှောင်ကျိအပျိုတော်လေးတစ်ယောက်အား လက်ညိုးထိုးလိုက်ပြီး

"ဟေး...
မင်း...ဒီလာခဲ့ဦး..."

ထိုအပျိုတော်မျာ ရှောင်ကျိပထမဆုံးနန်းတော်ရောက်သည့်နေ့က ရှောင်ကျိနှင့်ပထမဆုံးစကာပြောခဲ့သည့်အပျိုတော်လေးပင်
ဆိုရပါလျှင် ခုနလျှာထုတ်ပြသွားတာလဲ ထိုအပျိုတော်လေးပင်

(AN/အဟမ်းအဟမ်း
မှတ်မိကြရဲ့လား မမှတ်ရင် part 6မျာပြန်ကြည့်ပါ😂)

"ကိုယ်လုပ်တော်ချန် ဘာများထပ်ပြီးသုံးဆောင်ချင်ပါလဲ"

ရှောင်ကျိ
ရွဲ့နေတာလား

ထိုစကားကစိတ်ထဲကပြောလိုက်ခြင်းရယ်ပါ

"မဟုတ်ဘူး မေးစရာရှိလို့"

"ဘာများသိချင်..."

"မင်းနာမည်က ဘာတဲ့လဲ"

အပျိုတော်လေးစကားမဆုံးလိုက်ပါပေ
ရှောင်ကျိစကားကြောင့် အပျိုးတော့လေးလန့်သွားကာ
နောပ်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားကာ ခေါက်လေးငုံလျက်

"လော့...လော့လော့ပါကိုယ်လုပ်တော်ချန်"

ထိုလော့လော့ဆိုသည့်အပျိုတော်လေး အပြုမူကြောင့်
ရှောင်ကျိ ရယ်ချင်ပတ်ကျိဖြစ်သွားရသည်
သူ့များကြိုက်နေတယ်ထင်နေလေရော့သလားအမိရယ်

"အဟမ်း...မနေ့က မိဖုရားတစ်ပါးပါး တစ်ခုခုဖြစ်ပုံပဲ
မင်းများသိမလားလို့."

ထိုအခါမှ ထိုအပျိုတော်လေးက သွားအဖြီးသားနှင့်
အားတတ်သရော ရှေတိုးလာကာ

"အိုင်ယား...ကိုယ်လုပ်တော်ချန်မသိဘူးလား
အဲတာ ဒုမိဖုရားလေ မြောက်နန်းစံမယ်မယ်မယ်ပေါ့"

ထိုအပျိုတော်လေးက ဘေးဘီကြည့်လိုက်ပြီး ရှောက်ကျိအနားကပ်ကာ

"သပ်သပ်ယုတ်မာတာရယ်...ကိုယ်လုပ်တော်ချန်ရဲ့ပွဲပျက်အောင်လေ ဒုမိဖုရားက အကျင့်မကောင်းဘူး ယုတ်တယ်"

ထိုစကားကြားသော် ရှောင်ကျိမျက်ခုံးတို့ပင့်တတ်သွားရသည်
နုတ်ခမ်းတစ်ဖက်ကို ကွေးလိုက်ပြီး(မဲ့ပြုံး👙)

"အဲလိုလား...နေစမ်းပါဦး
တမင်လုပ်တယ်ဆိုတာ မင်းဘယ်လိုအတပ်သိလဲ"

"ကိုယ်လုပ်တော်ချန် မင်းလို်မသုံးပါနဲ့ လော့လော့ပါဆို
အားလော့လို့ခေါ်ပါ"

ထိုစကားကြားကြားချင်း ရှောင်ကျိမှတ်ချက်ချမိသည်က သည်အပျိုတော်လေးမှာ အကြောက်တရားမရှိပဲ ပျော်ပျော်နေတတ်သည်ဟူ၍ပင်

"ဟုတ်ပါပြီ
ဆိုတော့ အားလော့က ဘယ်လိုသိတုန်း"

"သိဆို သမားတော်ကြီးက အားလော့ရဲ့တစ်ဝမ်းကွဲဦးလေးလေ "

သူမက ရင်ကော့ခေါင်းမော့ကာ ပြောလိုက်ခြင်းပင်
သို့သော် ရှောင်ကျိမှာတော့ ချောက်နက်ကြီးထဲပြုတ်ကျသွားသလိုခံစားလိုက်ရလေသည်
ဘာလို့ဆို ဒီအပျိုတော်ပြောသလိုသာ အမှန်ဆိုပါလျှင်
ဒုမိဖုရားမျက်လုံးထဲသူအားကြည်ပုံမပေါ်
ဘယ်လိုနည်းနဲ့မှ ဒုမိဖုရားနဲ့ပြသနာတတ်လို့မဖြစ်ဘူး
ဟိုက မြောက်နန်းစံမယ်မယ်မယ် သူက သာမာန်ကိုယ်လုပ်တော်လေးလေ

ရှှောင်ကျိ၏ စိတ်ဓာတ်ကျနေပုံကိုကြည့်ပြီး အားလော့သနားလာသည်

အားလော့
ဟုတ်ပါတယ်လေ ကိုယ်လုပ်တော်ချန်လို သိုင်းဂိုဏ်းတစ်ဂိုဏ်းရဲ့ တပည့်ငယ်လေးတစ်ယောက်က
ဒီလိုမျိုးတွေ ဘယ်လိုသိပါ့မလဲ

"ကိုယ်လုပ်တော်ချန် သိချင်တာရှိရင်အားလော့ကိုမေးနော်
အားလော့ကလေ ဒီနန်းတော်ထဲမှာ ငယ်ငယ်ထဲက အပျိုတော်အဖြစ်နဲ့အမူထမ်းလာတာ နန်းတော်ထဲကလူတွေတော်တော်များများနဲ့ရင်းနီးတယ်
အားလော့မသိတာရှားတယ် ကိုယ်လုပ်တော်ချန် သိချင်ရင်ဘာပဲဖြစ်ဖြစ်မေးနော်"

ကြည်လင်ရှင်းသန့်နေသော ထိုအပျိုတော်လေးရဲ့မျက်နှာက
အေးချမ်းမူတို့ယှက်ဖြာနေသည် အလှပထဲမပါသော်လည်း
ကြည့်ကောင်းသည်ဟုဆိုရပေမည်
သို့သော် ရုပ်ရည်ထက်စိတ်ထားလေးပိုလှသညိဟု ရှောင်ကျိမြင်မိ်သည်

"အားလော့ မင်းကအရမ်းစိတ်ထားကောင်းတာပဲ"

ရှောင်ကျိ
တစ်ချိန်တုန်းက ငါ စိတ်ထားကောင်းတဲ့သူတွေဆို မုန်းခဲ့ဖူးတယ် ဒါပေမယ့်အခု သဘောကျလာသလိုပဲ

အားလော့ မျက်နှာမှာကိုမိုပြုံးလာပြီး

"အဲလောက်လည်း မဟုတ်ပါဘူး
ကိုယ်လုပ်တော်ချန်က အရမ်းမြောက်တာပဲ"

အားလော့ ကိုယ်လုပ်တော်ချန်ကို တကယ်သနားတာပါ
ငယ်သေးတယ် အရမ်းပဲငယ်သေးတယ်
အရှင့်ရဲ့ ရက်ရက်စက်စက်သိမ်းပိုက်ခြင်းခံရရှာတာ
ကိုယ်လုပ်တော်ချန်က ချစ်စရာကောင်းတာမှန်ပေမယ့်
အရမ်းငယ်သေးတယ်လေ

"အားလော့...မင်းဒီမှာအမူထမ်းတာကြာပြီလား"
(AN/ဧကရာဇ်အဆောင်)

"အွန်း...ကြာပြီပြောရမှာပဲ
မင်းသမီးမရှိတော့ထဲကလေ..."

"မင်းသမီးလား...."

ရှောင်ကျိ တိုးတိတ်စွာရေရွက်မိသည်
ဘယ်ကမင်းသမီးလဲ

အားလော့က ရှောင်ကျိအား မအူမလည်လေးကြည့်ကာ

"အရှင့်ရဲ့အမတော်လေ
မင်းသမီး ရှင်းယန်"

ရှောင်ကျိ
ဖာ့ခ် ပိုင်းလော့ကျင်းမှာအမရှိတာ ငါလည်းမသိရပါလား

"မင်းတို့အရှင်မှာ အမရှိတယ်လား
ငါတကယ်မကြားမိဖူး ငါသိုင်းဂိုဏ်းထဲမှာပဲသိုင်းကျင့်ရင်းအချိန် ကုန်နေလို့ဖြစ်မယ်"

ရှောင်ကျိနည်းနည်းတော့မုသားသုးံလိုက်ရသည်
ဒီတိုင်းပြည်မှာနေပြီး ဒီတိုင်းပြည်ရဲ့မင်းသမီးကိုမသိတာ မဖြစ်သင့်ဘူးမလား

"အာ...အဲလိုလား
ရှင်းယန်မင်းသမီးကလေ အရမ်းသနားစရာကောင်းတာ
အရှင်နန်းမတတ်ခင်မှာပဲ ဆုံးပါးခဲ့တာလေ"

ရှောင်ကျိ
ငင့် သိတောင်မသိရသေးဘူးသေပြီလား

"အားလော့ လာ ထိုင်ပြီးပြော"

ထိုအပျိုတော်လေး မတ်တပ်ရပ်နေသည်မှာ ကြာနေသောကြောင့်ဘရှောင်ကျိထိုင်ခိုင်းလိုက်မိသည်
သို့သော် နောင်တက နောက်မှကပ်ပါလာကာ
ဟိုတဏုာရူးပြန်ရောက်လာလို့မြင်သွားရင် ဆိုသည့်အတွေးက
ခေါင်းကိုမီးနဲ့မြိုက်နေသလိုပင်

"ဟုတ်သားပဲ ဒီနေ့ ညီလာခံကကြာမှာ ထိုင်လို့ရတယ် ဟိဟိ
"
အားလော့စကားကြောင့် ရှောင်ကျိအလုံးကြီးကျသွားရသည်
စိတ်ထဲ၌လည်း ဒီကလေးမအကုန်သိတာပဲဟုတွေးရင်း

"အားလော့ မင်းတကယ်အကုန်သိတာပဲ"

ရှောင်ကျိစကားကြားသော် အားလော့က သွားတွေအကုန်ပေါ်လာအောင်ရီပြလေသည်

"အဲတော့ ရှင်းယန်မင်းသမီးက ဘယ်လိုဆုံးပါးသွားတာလဲ"

ရှောင်ကျိ
မသိဘူး မေးမှာပဲ သူပဲအကုန်မေးလို့ရတယ်လို့ပြောထားတာမလား

"ကိုယ်လုပ်တော်ချန် ဘယ်သူ့မှပြန်မပြောရဘူးနော်
ဒါက တော်ဝင်မိသားစုရဲ့လျို့ဝှက်ချက်တွေပဲ
အရှင်သာသိရင် အားလော့ခေါင်းဖြတ်ခံရမှာ"

ရှောင်ကျိ သဘောတူတဲ့အနေနဲ့ ခေါင်းတဆိတ်ဆိတ်ညိမ့်ပြလိုက်တော့
အားလော့က သက်ပြက်းအရှည်ကြချလိုက်ပြီး

"အဆိပ်ခပ်ခံရတာလေ မယ်တော်ကြီးကိုယ်တိုင်က ခပ်တာ"
(မယ်တော်ကြီး/ဧကရာဇ်၏ အမေ)

ရှောင်ကျိမျက်လုံးတို့ ဝိုင်းဆက်သွားရသည်

"ဘာ ဘာလို့လဲ သူ့သမီးတော် မလား
ဘာလို့...."

အားလော့က သက်ပြင်းရှည်ကြီး ထပ်မံချလိုက်ပြီး

"ရှင်းယန်မင်းသမီးနဲ့ အရှင်နဲ့က သွေးချင်းမောင်နှမဆိုပေမယ့်အသက်တော်တော်ကွာတယ်လေ ပထမသွေးသားက မိန်းကလေးဖြစ်နေခဲ့လို့ အရင်ဧကရာဇ်နဲ့ မယ်မယ်ကြီးတို့က အမြင်မကြည်ခဲ့ကြဘူး
ရှင်းယန်မင်းသမီး အသက်14 လောက်မှာပဲ ရှန့် နိုင်ငံတော်က နစ်နိုင်ငံကိုချစ်ကြည်ရေးခင်းတဲ့အနေနဲ့ မင်းသမီးကို ကိုယ်လုပ်တော်အဖြစ်ပို့ပေးဖို့ တောင်းဆိုခဲ့တယ်"

ရှောင်ကျိ ဒေါသထွက်သွားပြီး
စားပွဲအား ဒုန်း ခနဲထုလိုကာ

"စော်ကားလိုက်တာ ဧကရာဇ်နဲ့မိဖုရားခေါင်က မွေးတဲ့ မင်းသမီးကိုမှ ကိုယ်လုပ်တော်အဖြစ်တောင်းဆိုရလား
မိဖုရားမဟုတ်တောင် ကြင်ယာတော်လောက်တော့ ဖြစ်သင့်တယ် "

အားလော့က ဝဲတတ်လာတဲ့မျက်ရည်တွေကို မကျမိအောင်ခေါင်းမော့ထားရင်း

"စေလွှတ်ခဲ့တယ် ကိုယ်လုပ်တော်အဖြစ်"

"ဟင်..တကယ်ကြီးလွှတ်ခဲ့တာလား လူစားလေးဘာလေးတောင်မထိုးပဲနဲ့ တကယ့်မင်းသမီးကိုလွှတ်ခဲ့တာလား"

အားလော့က ရှောင်ကျိအမေးကိုမဖြေပဲ ဆက်ပြောလေသည်

"အဲနေ့ကို မှတ်မိသေးတယ် အဲတုန်းက အရှင်က ခုနစ်နှစ်သားလေးပဲ ရှိသေးတာ အရှင်က သူ့အမတော်ကို
အရမး်ခင်တွယ်တာ မင်းသမီးရဲ့ခြေထောက်ကိုဖက်ပြီး
မသွားဖို့ငိုယိုနေခဲ့တာ ဒါပေမယ့်လည်း ရွေးချယ်စရာမရှိခဲ့ဘူး
အင်းအားနည်းပြီး ချို့တဲ့တဲ့ နိင်ငံငယ်လေးမို့
အင်အကြီးနိုင်ငံဖြစ်တဲ့ ရှန့်နိင်ငံကိုမလွန်ဆန်နိုင်ခဲ့ဘူး
မင်းသမီးရှင်းယန်က အသက်19နှစ်လောက်မှာပဲ
ပြန်ရောက်လာခဲ့တယ် ကိုယ်ဝန်အရင့်မာကြီးနဲ့ပေါ့
အဲဒီတိုင်းပြည်က နှင်ထုတ်ခဲ့တာလေ
ကိုယ်ဝန်က ဘုရင်နဲ့ရတဲ့ကိုယ်ဝန်မဟုတ်ပဲ ဖောက်ပြန်ပြီးရတဲ့ကိုယ်ဝန်ဖြစ်နေခဲ့လို့ "

"ဘယ် ဘယ်လို
မင်းသမီးက တကယ်ပဲဖောက်ပြန်ခဲ့တာလား"

ရှောင်ကျိ
တကယ်စိတ်ဝင်စားဖို့ကာင်းတဲ့ဇာက်လမ်းပဲ

"အွန်း...အဲဒီတိုင်းပြည်က ပန်းချီပညာရှင်နဲ့ ချစ်ကြိုက်ခဲ့တယ်နဲ့တူပါတယ် ပန်းချီပညာရှင်က ခေါင်းဖြတ်ခံခဲ့ရပြီး မင်းသမီးကတော့ ကိုယ်ဝန်နဲ့မို့ တိုင်းပြည်ကိုပဲ ပြန်ပို့ခဲ့တယ် "

"သနားစရာကောင်းလိုက်တာ မချစ်တဲ့သူနဲ့အရွယ်မရောက်သေးခင်လက်ထက်ရတယ်
ချစ်တဲ့သူနဲ့တွေ့တော့လည်း သေကွဲကွဲရတယ်
ဟူး........
အဲ...တွေးကြည့်လိုက်တော့ ငါ့ဘဝကလည်းမထူးခြားနားပဲ"

"ဟုတယ်နော် ကိုယ်လုပ်တော်ချန် လည်းမထူးဘူး
မင်းသမီးနဲ့တူတူပဲ နည်းနည်းလေးပဲကွာတယ်"

"ဒါနဲ့ မင်းသမီးကို မယ်တော်ကြီးကဘာလို့အဆိပ်ခပ်တာလဲ"

"ပြောရရင်တော့ ဂုဏ်သိက္ခာကြောင့်ပေါ့
ရှန့်တိုင်းပြည်က မင်းသမီးကိုမသတ်ပဲပြန်လွှတ်ခဲ့တာ
တမင်အရှက်ကွဲစေချင်လို့ပဲလေ တော်ဝင်မိသားစုဖြစ်တာမို့
သိက္ခာကိုအရမ်းရှေ့တမ်းတင်ကြတယ် တခြားနိုင်ငံတွေရဲ့ကဲ့ရဲ့တာကိုလည်းခံရတယ်
ပြည်သူတွေကလည်း တိုင်ပြည်ကိုအရှက်ခွဲလို့ဆိုပြီး
ပြည်နှင်ထံပေးဖို့တောင်းဆိုခဲ့တယ် ဒါပေမယ့်မင်းသမီးက
မီးဖွားပြီးသုံးရက်မြောက်နေ့ညမှာပဲ အဆိပ်သောက်သတ်သေခဲ့တယ်
ဒါက...လူထုစီလွင့်တဲ့သတင်းပေါ့ တကယ်တော့ မယ်တော်ကြီးက ဆန်ပြုတ်ထဲအဆိပ်ခပ်ခဲ့တာ
မင်းသမီးကလည်း သိပေမယ့် သူ့သားလေးသာအသက်ရှင်မယ်ဆို ကျေနပ်ပါတယ်တဲ့လေ"

ပြောပြီးသည်နှင့် မယ်မင်းကြီးမက တရူံရူံ့ငိုပါလေတော့သည်
ငိုရင်းနှင့်လည်း

"မင်းသမီး မင်းသမီးကလေ အရမ်းသိမ့်မွေ့တဲ့မိန်းကလေးတစ်ယောက်ပါ စာပေတွေကိုနှစ်သက်ပြီး ပန်းတွေကိုချစ်တတ်တယ်
အရမ်းဖြူစင်တဲ့ မိန်းကလေးတစ်ယောက် ခုတော့
အဟင့် ဟင့် အီး.....ရွှတ်"

"ပိုင်းလော့ကျင်းကရော မသိဘူးလား
သူဘယ်ရောက်နေလို့လဲ သူ့အမတော်ကို အရမ်းခင်တွယ်တယ်ဆို"

အားလော့က မျက်ရည်လေးသုတ်ရင်း

"အရှင်လား အရှင်အဲတုန်းကငယ်သေးတယ်လေ
မင်းသမီးသူ့ဖာသာ အဆိပ်သောက်ပြီး အဆုံးစိရင်တယ်လို့ပဲ
သိထားခဲ့တာ အာ့ာကြေင့်လည်း အရှင်က ရှန့်နိုင်ငံတော်အပေါ်အငြိုးထားခဲ့တယ်
အရှင် နန်းတတ်တတ်ခြင်း ရှန့်နိုင်ငံကိုသိမ်းပိုက်ခဲ့တယ်
ရှန့်နိုင်ငံတော်ရဲ့ တောင်ဝင်မျိုးနွယ်တွေနဲ့ ဆွေမျိုးတော်တွေကို အကုန်ခေါင်းဖြတ်သတ်ခဲ့တယ်လေ
ရှန့် နန်းတော်ကိုမီးလောင်တိုက်သွင်းပြီး သချႋုင်းမြေလုပ်ပြစ်ခဲ့တာ
မယ်မယ်ကြီးက သူဆုံးခါနီးမှ အဖြစ်မှန်ပြောပြခဲ့တာ
ဒါပေမယ့်လည်း အရှင်အဲလိုလုပ်ခဲ့တာက မိုစုနိုင်ငံအတွက်
ကောင်းသွားပါတယ် (မိုစုနိုင်ငံ/ပိုင်းလော့ကျင်း အုပ်စိုးသောနိုင်ငံ)ဘယ်နိင်ငံှ မကျူးကျော်ရဲတော့တဲ့ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာခဲ့တာပေါ့"

ရှောင်ကျိ ကိစ္စရပ်ကြီးတစ်ခုလုံးအား ခြုံငုံစဉ်းစားကြည့်ပြီး
မင်းသမီးရှင်းယန်မှာ လွန်စွာကံဆိုးလှသည့် မိန်းကလေးဟု
မျတ်ချက်ချလေတော့သည်
ရှောင်ကျိ အားလော့အားကြည့်ကာ အငိုအရှိန်သတ်ပြိဆိုမှ

"ဒါနဲ့ အားလော့ ငါသိချင်တာကလေ
မင်းကအရမ်းကို အတိကျသိတယ်နော် ဘယ်လိုသိတာလဲ
မင်းလျှောက်ပြောနေတာတော့ မဟုတ်ပါဘူးနော်"

ဟုတ်သည်လေ ပိုင်းလော့ကျင်း ခုနစ်နှစ်သားက ကိစ္ဓတောင်သူမှတ်မိနေတယ် သူသိနေတယ်
သူကပိုင်းလော့ကျင်းထက်ငယ်တာ အသိသာကြီးကို

"လျောက်ပြောတာ မဟုတ်ပါဘူး အားလော့ကမင်းသမီးရဲ့အခြွေရံပဲကို အားလေ့ာနဲ့မင်းသမီးက သုံးနှစ်ပဲကွာတာ အားလုံးက အားလော့မျက်စိရှေ့မှာတင်ဖြစ်ပျက်သွားတာ အားလော့ကအရှင်ထက် လေးနှစ်ကြီးတယ်"

ဘုရားရေ လို့တောင်ရှောင်ကျိတမိသွားတယ်
ပိုင်းလော့ကျင်းထက်တောင် လေးနှစ်ကြီးတယ်ဆိုတော့
ခုပိုင်းလော့ကျင်းက နှစ်ဆယ့်ခြောက်နှစ်ဆိုတော့
သူ့အသက်က

"ဒါ ဒါဆို အား အားလော့က အသက်သုံးဆယ်ရှီပြီပေါ့နော်"

"အွန်း...သုံးဆယ်ပြည့်သွားတာ တော်တော်တောင်ကြာပြီ
မထင်ရဘူးမလား လူတိုင်းက အားလော့ကို ဆယ့်ခုနှစ်နျ
ှစ်သမီးလေးလို့ထင်နေကြတာလေ"

ရှောင်ကျိ
သေစမ်းပါကွာ ဘယ်လိုတောင်နုနေတာလဲ

"ဒါနဲ့ ကိုယ်လုပ်တော်ချန်အသက်က ဘယ်လောက်ရှိပြီလဲဟင်"

အားလော့အမေးကို ရှောင်ကျိဖြေရမှာ အင်တင်တင်ဖြစ်နေမိသည်
ဝေယံအဖြစ်ရှိခဲ့တုန်းက အသက်က17ဆိုပေမယ့်
ရှောင်ကျိက 15ပဲရှိသေးသည်
အားလော့နှင့်ဆို အသက်ကထက်ဝက်ကြီးတောင်ကွာသည်လေ
ဒါကို ဘယ်လိုတောင် ရိုင်းစိုင်းပြောခဲ့တာလဲ
အား....ရူးချင်တာပဲ

"အ အဟမ်း ဆယ့် ဆယ့်ငါး "

အားလော့က မအံသြဟန်ဖြင့်

"သြော်...ဟုတ်လား
ထင်တော့ထင်သား ကိုယ်လုပ်တော်ချန်က အရမ်းငယ်နေဦးမယ်လို့"

"ဒါနဲ့လေ အားလော့
မင်းက နန်းတော်မှာငယ်ငယ်ထဲက အမူထမ်းလာတာပဲ
မင်းရုပ်ရည်လေးလဲမဆိုးပါဘူး ဘာလို့ပိုင်းလော့ကျင်းက
ကိုယ်လုပ်တော်မကောက်လဲ မင်းကရော ပိုင်းလော့ကျင်း ဒီလောက်ချောတာကို သဘောမကျဘူးလား"

အားလော့မျက်နှာက အလေးနက်စဉ်းစားနေဟန်ဖြင့်

"အင်း....တွေးကြည့်လိုက်တော့ အရှင်က နန်းတွင်းသူတွေကို ဘယ်တော့မှကိုယ်လုပ်တော်မကောက်ဖူးဘူး အပျိုတော်မှန်သမျှ အရှင်ပိုင်ပေမယ့် ဘယ်တုန်းကမှမထိခဲ့ဘူးလေ အရှင့်ရဲ့ကိုယ်လုပ်တော်တွေနဲ့မိဖုရားတွေက အရှင်သဘောကျလို့ အပြင်ကခေါ်လာတဲ့သူတွေချည်းပဲ
မိဖုရားခေါ်င်ကြီးတစ်ယောက်ပဲ ခြွင်းချက်အနေနဲ့ပေါ့
အမတ်ချုပ်ကြီးနဲ့ ပြသနာမတတ်ရေး လက်ဆက်လိုက်ရတာလေ အရှင်သဘောမပါဘူး
အရှင်က မိဖုရားခေါင်ကြီးကိုထိဖို့မပြောနဲ့ မိဖုရားခေါင်ကြီးရှိတဲ့ဘက်တောင်မလှည့်ဘူး
အရှင်က ချောမောတာမှန်ပါတယ် ဒါပေမယ့် နန်းတွင်းသူတွေကတော့ အရှင့်မျက်စိအောက်ကနေဝေးဝေးနေတယ် အရှင်မျက်စိိကျသွားမှာမလိုလားကျဘူး အဲထဲမှာအားလော့ရောပါတယ် အရှင်ကိုလည်းသဘောမကျမိသလို အရှင်ကလည်း ဘဘောမကျစေချင်ဘူး ဘာလို့ဆို အရှင် အရမ်းရက်စက်တတ်တာလေ
အရှင်ကို ယောင်လို့တောင်သဘောမကျရဲဘူး "

ရှောင်ကျိ
ပိုင်းလော့ကျင်း ရက်စက်တတ်တာကို ငါတစ်ယောက်တည်းပဲသိတယ်ထင်တာ

အားလော့က မျက်ရည်ပြေသုတ်လိုက်ပြီး အလျှင်မြန်ထကာ

"မေ့နေတာ အားလော့လုပ်စရာတွေရှိသေးတယ်
အရှင်က ကြာမှာဆိုတော့ ကိုယ်လုပ်တော်ချန်ပျင်းလို့စာလေးဘာလေးဖတ်ချင်ရင်
ဟိုပန်းချီကားနောက်မှာ အရှင့်စာကြည့်ဆောင်ကိုသွားတဲ့
လျို့ဝှက်လမ်းရှိတယ် သွားပြီးနော် ကိုယ်လုပ်တော်ချန် "

အားလော့က ရှောင်ကျိအား လူတစ်ရပ်စာလောက်ရှိသည့်
ရူခင်းပုံပန်းချီးအား လက်ညိုးထိုးပြပြီး ထွက်သွားလေသည်

ရှောင်ကျိ ထိုပန်းချီကားအနား သွားလိုက်ပြီး

"လျို့ဝှက်လမ်းလား..."

အနည်းငယ်လောက်တွန်းလိုက််ဆိုရင်ပဲ
တကယ်လျို့ဝှက်လမ်းက ပေါ်လာသဖြင့် ရှောင်ကျိထိုလျို့ဝှက်အတိုင်း ဝင်လာခဲ့သည်
စိတ်ထဲ၌လည်း
ပိုင်းလောကျင်း တကယ်ပါပဲဲ
ဒီလို ထူးထူးဆန်းတွေကြိုက်လိမ့်မယ်လို့ ထင်မထားဘူး

မှိန်ပြပြအလင်းရောင်လေး ရှိနေသဖြင့် သွားရအဆင်ပြေနေကာ သိပ်ပင်မသွားလိုက်ရ တခါးတစ်ချက်အားတွေ့ရသဖြင့် ဘေးသို့တွန်းဖွင့်လိုက်ပြီး
အထဲသို့ဝင်ခဲ့လိုက်သည်

အစီရီထည့်ထားသော စာအုပ်ပေါင်းသောင်းခြောက်ထက်ပင်မကသည့်
စာအုပ်များအား ရှောင်ကျိအရပ်နှစ်ပြန်စာလောက်ရှိသည့်
စာအုပ်စင်များထဲတွင် သေသပ်ညိညာစွာ ထည့်သွင်းထားငည်
ထိုကဲ့သို့ စာအုပ်စင်များမှာ တစ်ခုလည်းမက နှစ်ခုလည်းမက
သုံးခုလည်းမကပေ
ရှောင်ကျိ များပြားလှသော ဟာအုပ်စင်များအား လျောကြက်ည့်နေရင်း

"ရပ်လိုက်..."

စာအုပ်တစ်အုပ်သို့ လက်လမ်းမည်ဆိုကာရှိသေး
အနောက်မှ တားမြစ်သည့်အသံနှင့်အတူ လည်ပင်းထက်စီသို့ကျရောက်သည့် ဓားဦးကြောင့််
ရှောင်ကျိ တုန်တတ်သွားရသည်
ကျောခိုင်းထားသည်မို့ ဘယ်သူဆိုတာ ရှောင်ကျိမမြင်ရပေ
အသံမှာ ပိုင်းလော့ကျင်းလည်းမဟုတ် ယင်းနှင့်ယီလည်းမဟုတ်သဖြင့် ရှောင်ကျိ ကြောက်စိတ်များပိုမိုလာသည်

ရှောင်ကျိ
လုပ်ကြံသူလို့တော့မပြောလိုက်ပါနဲ့.......

.
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😉

.........................................................

(AN/ကြာနေလို့ အရမ်းအရမ်းတောင်းပန်တယ်နော်
အဲလိုကြာမယ်မှန်းသိလို့ ခွ်ဲအပ်လိုက်တာပါ
တမင်အကျင့်ပုတ်ပြီး တန်းလန်းထားတာ မဟုတ်ပါဘူးနော်
🙏🙏🙏🙏)

စာလုံးပေါင်း မစစ်ရသေးဖူးသိလား😂

###


© ပန်းမိုးလိပ်ပြာ ပေါက်စ,
книга «ကျနော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်».
Коментарі