Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 9
သစ္စုန္းပင္ေပၚမွာရိွေနတဲ့ ဒဏ္ရာဟုေျပာ၍ရသည့္
အေပါက္ငယ္‌ေလးထဲကေန ၾကည္လဲ့လဲ့ေရစက္တခ်ိဳ႕စီးက်လာသည္ကို
ၾကၫ့္ရင္း က်င္းေတြေဝသြားရသည္။
သံုးေလာကမွာ ေရစြမ္းအင္ကိုအသံုးျပဳႏိုင္တဲ့သူမွာ
သူတစ္ေယာက္ထဲရိွသည္မဟုတ္လား။

ရွင္းကဘယ္လိုျဖစ္ၿပီးေရစြမ္းအင္ကို
ထိန္းခ်ဳပ္ႏိုင္သြားပါလိမ့္။
သူမေတြးတတ္‌ေတာ့ပါ။
ရွင္းရဲ့မူလစြမ္းအင္က မီးဓာတ္ကိုအေျခခံသည္ဟု
သူသိထားၿပီးျဖစ္သည္။

မီးဓာတ္ဆိုသည္မွာ ဓာတ္ႀကီးေလးပါးတြင္ မိစၧာစြမ္းအင္ကပ္တြယ္ႏိုင္ျခင္းမရိွသၫ့္
တစ္ခုတည္းေသာစြမ္းအင္ျဖစ္သည္ဟု
သူၾကားဖူးသည္။
မိစၧာနတ္ဆိုးရန္ကို ကာကြယ္ရန္အတြက္
ေဟာ္လင္အရွင္သခင္က
ထိုက္ယန္နတ္ဘုရားကို မီးဓာတ္ထိန္းခ်ဳပ္နည္းသင္ေပးခဲ့ဖူးသည္ဟူ၍လည္း
စာအုပ္ေတြထဲတြင္သူေလ့လာခဲ့ဖူးသည္။

ဒါဆိုရင္ ရွင္းက မီးဓာတ္ကိုထိန္းခ်ဳပ္ႏိုင္သၫ့္
တတိယေျမာက္က်င့္ႀကံသူလား။
ဒါမွမဟုတ္ ေရစြမ္းအင္ကိုအေမြဆက္ခံမၫ့္သူလား။
သို႔မဟုတ္ နတ္ဆိုးဘုရင္ ဟုန္လင္က်င္း‌ျဖစ္ေနမလား။
တကယ္တမ္းမွာေတာ့ ရွင္းဆိုသၫ့္နာမည္တစ္လံုးကလြဲရင္
ရွစ္ဇြင္းႏွင့္ပတ္သတ္ၿပီး သူဘာမွမသိတာပါေလ။
အေမးသာရိွၿပီး အေျဖမရိွသၫ့္
ပုစၧာတစ္ပုဒ္ကိုေျဖရွင္းေနရသည္ႏွင့္တူလွသည္မို႔
စဉ္းစားရင္းႏွင့္ပင္ က်င္းမွာအားေတြတျဖည္းျဖည္းေလ်ာ့နည္းလာသလိုခံစားလိုက္ရသည္။

ရွင္းရဲ့နတ္ဆိုးအေငြ ့အသက္ေတြကပဲ
သူ႔ကိုအားနည္းေအာင္လုပ္ေနသလား‌ေတာ့မသိပါ။
နတ္ဆိုးတစ္ေကာင္အျဖစ္သို႔
ရွင္းေျပာင္းလဲလိုက္ခ်ိန္မွစ၍
သူ႔ကိုယ္ထဲမွာရိွသၫ့္စြမ္းအင္ေတြ
တျဖည္းျဖည္းေလ်ာ့နည္းသလိုခံစားေနရသည္ေလ။

"ရွစ္ဇြင္း.....ဘာေတြလုပ္ေနတာလဲဗ်ာ "

အသက္လုၿပီးေျပးေနရခ်ိန္တြင္
'ဘာလုပ္ေနလဲ' လို႔အေမးခံလိုက္တာေၾကာင့္
ရွင္း ရဲ့ မ်က္ေစာင္းက  က်င္းထံသို႔ဒိုင္းကနဲ‌ေရာက္သြားခဲ့သည္။

သို႔ေပမယ့္ က်င္းကိုဆူဖို႔အခ်ိန္ သူ႔ဆီမွာရိွမေနခဲ့သည္ကေတာ့
က်င္းရဲ့ကုသိုလ္ကံေကာင္းေန၍သာ ျဖစ္ေပလိမ့္မည္။
ရွင္းက သူ႔ဆီခုန္ဝင္လာသၫ့္
ျမင္းကိုယ္ႏွင့္လူေခါင္းရိွသၫ့္
မႏုႆသတၲဝါႀကီးရဲ့ ရင္ဝကို
ေနာက္ျပန္ကန္လိုက္ရင္းႏွင့္ပင္ ျပန္ေျဖ၏။

"ငါအခုဘာလုပ္ေနတယ္လို႔ မင္းထင္လဲ"

ရွင္းရဲ့အေျဖေၾကာင့္ က်င္းနင္သြားရ၏။

'မင္းကိုခ်ီၿပီး အသက္လုေျပးရင္း
တိုက္ခိုက္ေနတယ္' လို႔ေျပာလည္းရပါရက္ႏွင့္
တံုးတႀကီးေျဖလာသၫ့္ ရွစ္ဇြင္းက
ရန္ေဆာင္ေနသၫ့္သိမ္းငွက္တစ္ေကာင္ႏွယ္
သူ႔ဆီေျပးဝင္လာျပန္သၫ့္
ကြၽဲကိုယ္ႏွင့္ ဆိတ္ေျခေထာက္ေရာစပ္ထားေသာ
သတၲဝါတစ္ေကာင္ကို
နတ္ဆိုးစြမ္းအင္ျပည့္ဝ‌ေနသည့္ လက္ဝါးေစာင္းႏွင့္ ငယ္ထိပ္တၫ့္တၫ့္ဆီရိုက္ခ်လိုက္ျပန္၏။

တိုက္ခိုက္မႈက အပိုအလိုမရိွပဲ၊ တိက်ျမန္ဆန္ကာ၊
စြမ္းအင္ေခြၽတာရာလည္းေရာက္သည္မို႔
က်င္းမွာ သူ႔ရွစ္ဇြင္းကိုမခ်ီးက်ူးပဲမေနႏိုင္ေတာ့ေခ်။


"ရွစ္ဇြင္းက အရမ္းေတာ္တာပဲ.....
လက္တစ္ဖက္တည္းႏွင့္တိုက္ခိုက္ေနတာေတာင္
သူတို႔ကိုႏိုင္ေအာင္တိုက္ႏိုင္ေသးတယ္ေနာ္"

ရွင္းမွာ အသက္လုေျပးေနရပါတယ္ဆိုမွ
ေအးေအးလူလူစကားေျပာခ်င္စိတ္ရိွေနေသာ
တပၫ့္ျဖစ္သူကို စိတ္မရွည္ႏိုင္ေတာ့တာေၾကာင့္
အံႀကိတ္ရင္း ျပန္ေျပာမိေခ်ၿပီ။

"ေဟာ္လင္အရွင္သခင္ကို
မင္းကအထင္ေသးေနတာလား.....

မင္းသာဒီမွာရိွမေနရင္
သူတို႔အားလံုးကို ငါမီးေလာင္တိုက္သြင္းၿပီးေနေလာက္ၿပီ"

' ေဟာ္လင္အရွင္သခင္????? '

" ရွစ္ဇြင္းက တကယ့္ေဟာ္လင္အရွင္သခင္လား"

သူ႔အေမးကို ရွင္းကခပ္ဟဟရယ္ေမာရင္းျဖင့္သာ
အဆံုးသတ္သြားေစသည္။
ျပန္ေျဖျခင္းလည္းမျပဳသလို၊ ျငင္းပယ္ျခင္းလည္းမလုပ္ေပ။
မၾကာခင္မွာ အေကာင္အထည္ေဖာ္ေတာ့မၫ့္
သူ႔အစီအစဉ္ေတြသာ အသက္ဝင္လာခဲ့မယ္ဆိုရင္
'ေဟာ္လင္အရွင္သခင္' ဆိုတဲ့
နာမည္က သံုးေလာကမွာထပ္ေပၚလာေတာ့မွမဟုတ္ပဲ။
ဘာေၾကာင့္မ်ား မက္ေမာတြယ္တာစြာႏွင့္ျပန္ေျဖရ‌ဦးမွာတဲ့လဲ။

ထိုစဉ္ ေလထဲမွာပ်ံဝဲ‌ေနသၫ့္
ခရမ္းေရာင္လန္ဟြားမီးအိမ္ငယ္ေလးမ်ားမွာ
တမုဟုတ္ခ်င္းေပ်ာက္ကြယ္သြားခဲ့သည္။
လန္ဟြားမီးအိမ္ေတြေပ်ာက္ကြယ္သြားသည္ႏွင့္
တစ္ၿပိဳင္နက္ သစ္စုန္းပင္မ်ားႏွင့္မႏုႆသတၲဝါမ်ားသည္လည္း
အနက္ေရာင္အခိုးအေငြ ့မ်ားအျဖစ္သို႔
ေျပာင္းလဲသြားေတာ့သည္။
                            

                          [* လန္ဟြားပန္း>> သစ္ခြပန္း*]

အခုမွက်င္းမွာအသက္ျပင္းျပင္းရႈရဲေတာ့၏။
ခုနတုန္းက သူတကယ္အသက္မရွင္ႏိုင္ေတာ့ဘူးလို႔
ထင္ေနခဲ့တာေလ။

လန္ဟြားမီးအိမ္ေတြေပ်ာက္သြားသည္ႏွင့္
ရွင္းက က်င္းကိုခ်ီထားရင္းႏွင့္ပင္
ခႏၶာကိုယ္ကိုသံုးပတ္ခန႔္လွၫ့္ပတ္ရင္း
နတ္ဆိုးစြမ္းအင္ေတြကိုအသံုးျပဳကာ
ေျမျပင္ေပၚမွာျပန႔္က်ဲေနသၫ့္
ပိုင္ဟယ္ ပန္းေတြကိုအသက္သြင္းလိုက္ျပန္၏။

                             [*ပိုင္ဟယ္>>လီလီပန္း*]

အနက္ေရာင္စြမ္းအင္ေတြႏွင့္
ဖံုးလႊမ္းခံလိုက္ရခ်ိန္တြင္
ပိုင္ဟယ္ပန္းေတြထဲမွ အျဖဴေရာင္အလင္းေရာင္ေဖ်ာ့ေဖ်ာ့မ်ားသည္
ထူးဆန္းစြာပင္ထြက္‌‌ေပၚလာခဲ့၏။
အေမွာင္ထုထဲမွာ ဟိုတစ္စ၊ ဒီတစ္စပ်ံသန္းေနၾကသၫ့္
အျဖဴေရာင္လိပ္ျပာေလးမ်ားႏွင့္ပင္
တူေနေသးသည္မို႔ က်င္း အသံထြက္ကာခ်ီးက်ူးလိုက္မိသည္။

"လွလိုက္တာ......
ကြၽန္ေတာ့္စိတ္ကူးထဲက
အျဖဴေရာင္နတ္ဘုရား‌ေ‌လးလို
ခ်စ္စရာေကာင္းတယ္......."

သူ႔စကားကို ရွင္းကေထာက္ခံသည္။

"ဟုတ္တယ္......
ေသေစႏိုင္ေလာက္တဲ့အလွမ်ိဳးေလ"

"ဟင္!!!!"

အာေမဋိတ္သံပင္မဆံုးလိုက္ရပါ။
ပိုင္ဟယ္ပန္းေတြက ေလေပြတစ္ခုရဲ့စုပ္ယူျခင္းကို
ခံလိုက္ရသၫ့္ႏွယ္ အရိုင္းဆန္စြာေျမႇာက္တက္သြားၾကၿပီး
ရွင္းရဲ့အရပ္ထက္သံုးဆေလာက္ပိုျမင့္ေသာ
ေျမေခြးျဖဴၾကီးတစ္‌ေကာင္အျဖစ္သို႔ ေျပာင္းလဲသြားေတာ့သည္။

အစြယ္ေဖြးေဖြးေတြႏွင့္ ခြၽန္ျမေနသၫ့္လက္သည္းမ်ားကို
ျမင္သာေအာင္ထုတ္ျပၿပီး သူတို႔ကိုအစိမ္းလိုက္ဝါးစားေတာ့မတတ္
စူးစိုက္ၾကၫ့္ေနသၫ့္ ေျမေခြးမိစၧာႀကီးကိုၾကၫ့္ၿပီး
က်င္းမွာ သတိပင္လစ္ခ်င္လာရသည္။

သူဘယ္လိုစိတ္နဲ႔မ်ား ဒါႀကီးကိုခ်စ္စရာေကာင္းတယ္လို့‌ေျပာခဲ့ရပါလိမ့္။
ေျပာမိသၫ့္ သူ႔လ်ွာကိုသာျဖတ္ၿပီး
ေရထဲေမ်ွာပစ္လိုက္ခ်င္မိသည္။

ထိုစဉ္ ရွင္းကသူ႔ကိုေျမ‌ေပၚခ်ေပးလိုက္ၿပီး

" ငါဘာျဖစ္ျဖစ္ဝင္မကူညီနဲ႔"

ဟု‌ ေျပာကာ
ဘယ္ကဘယ္လိုထုတ္လိုက္မွန္းမသိသၫ့္
ရွင္းရာကို ကိုင္ဆြဲၿပီး ေျမေခြးျဖဴၾကီးကိုစတင္တိုက္ခိုက္ေတာ့သည္။

သို႔ေသာ္ ရွင္းရာကဓားတစ္လက္အေနႏွင့္
ေရာက္ရိွလာျခင္းမဟုတ္ပဲ
အဖ်ားႏွစ္ဖက္မွာ ဓားသြားေတြပါသၫ့္
ႀကိဳးတစ္စအျဖစ္ႏွင့္သာ။။။။

ႀကိဳးကိုကြၽမ္းက်င္စြာေဝ့ယမ္းရင္း
လ်င္ျမန္စြာတိုက္ခိုက္ေနသၫ့္ရွင္းႏွင့္
ေဘးမွာရပ္ေနသၫ့္ က်င္းရဲ့ပံုရိပ္ကိုၾကၫ့္ၿပီး
ဟြားရန္မွာ ေဒါသထြက္လြန္း၍
ကန္ေရျပင္ကိုပင္ ဓားႏွင့္ပိုင္းခ်ခ်င္စိတ္ေပါက္လာရ၏။

ဒီတပၫ့္ကိုနွစ္ဘဝလံုး
အသက္နဲ့ရင္းၿပီးကာကြယ္ေပးေနသၫ့္
ရွင္းကိုလည္းသူဘယ္လိုနားလည္ရမလဲမသိေတာ့ပါ။ ထိုက္ယန္ဘဝႏွင့္လည္းအလံုးစံုေပးဆပ္ၿပီး
ကာကြယ္‌ေပးခဲ့ၿပီးၿပီမို့၊ဒီတစ္ေခါက္ေတာ့ ျပႆနာေတြထဲဝင္မပါပါနဲ႔ေတာ့ဟု
သူေတာင္းဆိုထားလ်က္ႏွင့္ပင္
ကာကြယ္ေပးေနေသးသည္တဲ့။

ခ်စ္ေမတၲာဆိုသည္မွာ ဤမ်ွေလာက္ေလးနက္သတဲ့လား။
သူမႀကံဳဖူးေသးတာေၾကာင့္ လက္ခံဖို႔ခဲယဉ္းေနတာ
လည္းျဖစ္ႏိုင္ပါသည္။

သို႔ေပမယ့္။။။။။။

အသက္စြန႔္စရာ လိုအပ္လို႔လား။။။

ထိုစဉ္ ကန္ေရျပင္ထဲမွ ရွင္းရဲ့ပံုရိပ္မွာ
ေသြးတစ္စစြန္းထင္းလို႔လာခဲ့သည္။
ဟြားရန္မွာအံကိုတင္းတင္းႀကိတ္ၿပီး
လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ထားမိပါ၏။
သူ႔ ရွစ္ဇြင္းကို မကူညီႏိုင္ပဲရပ္ၾကၫ့္ေနရသၫ့္
ခံစားခ်က္က ႏွလံုးသားကိုအပ္ႏွင့္ထိုး‌ဆြခံေနရသလိုပင္။
နာက်င္လြန္းလွပါ၏။။။။။။

လက္ေမာင္းတစ္ဘက္မွာ ေျမေခြးျဖဴၾကီးရဲ့လက္သည္းႏွင့္
ထိုးဆြျခင္းခံလိုက္ရသည္မို႔ ရွင္းေဒါသထြက္သြားရသည္။

သူ႔ကိုဒီလိုနတ္ဆိုးလက္ပါးေစသတၲဝါတစ္ေကာင္က
ထိခိုက္ေအာင္လုပ္လိုက္သည္ဆိုသၫ့္
ခံစားခ်က္က မ်က္ႏွာကိုေရေနြးပူႏွင့္ပက္ျပီး
အရွက္ခြဲခံလိုက္ရသလိုပင္။

သို႔အတြက္ ေျမေခြးျဖဴၾကီးရဲ့ေက်ာျပင္ေပၚသို့ခုန္တက္ကာ
ဓားသြားႏွင့္လည္ကုတ္ကစ၍ အၿမီးအထိထိုးခြဲပစ္လိုက္ေတာ့သည္။

"ဂီးးးးးး"

ရုတ္တရက္ႀကီးနာက်င္သြားေသာခံစားမႈေၾကာင့္
ေျမေခြးႀကီးက မာန္ဖီၿပီး ရွင္းကိုလက္သည္းႏွင့္ပုတ္ထုတ္ၿပီးခါခ်၏။

ခြၽန္ျမေနသၫ့္လက္သည္းမ်ားကို
ရွင္းက ခႏၶာကိုယ္တိမ္းေစာင္း၍
ညင္ညင္သာသာေလးေရွာင္လိုက္ၿပီးေနာက္
ဝမ္းဗိုက္ဆီသို႔ဆင္းသြားျပန္ကာ
ဓားႏွင့္ေနာက္တစ္ႀကိမ္ထိုးခြဲပစ္လိုက္ျပန္၏။
အတားအဆီးမရိွစြာက်ဆင္းလာေသာ
ေသြးမ်ားသည္ ရွင္းအေပၚသို႔မိုးရြာသြန္းခ်လိုက္သၫ့္ႏွယ္။

ထိုခဏ၌ ရွင္းသည္ သူ႔အေပၚက်ဆင္းလာသၫ့္‌ေသြးမ်ားကို နတ္ဆိုးအစြမ္းႏွင့္တားဆီးလိုက္ကာ
ႀကိဳးသ႑ာန္ျပဳလုပ္လိုက္ၿပီး
ေျမေခြးျဖဴၾကီးကို ခ်ည္ေနွာင္ပစ္လိုက္၏။

ေသြးေတြကေန အသြင္ေျပာင္းသြားသၫ့္ႀကိဳးစသည္
နီေဆြးေဆြးအေရာင္ရိွကာ ေတာက္ပေနသည္မို႔
အျဖဴေရာင္ေျမေခြးေမႊးႏွင့္ မ်ားစြာလိုက္ဖက္ေနခဲ့၏။
သို႔ေသာ္ မၾကာလိုက္ပါေခ်။
ထိုေျမေခြးႀကီးသည္လည္း
အနက္ေရာင္အေငြ ့မ်ားအျဖစ္သို႔
ကူးေျပာင္းကာ ေပ်ာက္ကြယ္ျခင္းအျဖစ္သို႔။။။။။

"ရွစ္ဇြင္း.....ကြၽန္ေတာ္လာလို႔ရၿပီလားဟင္"

က်င္းက ခ်က္ခ်င္းမသြားေသးပဲ
ရွင္းဆီမွအေျဖကိုေစာင့္ေနခဲ့သည္။
ေခါင္းေလးငံု႔ၿပီးရပ္ေနပံုက ရိုက်ိဳးတတ္သၫ့္
ကေလးငယ္တစ္ေယာက္ႏွယ္။

ရွင္းရဲ့လက္ေမာင္းေပၚမွစီးက်ေနသၫ့္ေသြးေတြကို
သူရင္မဆိုင္ရဲပါ။ ထိေတြ ့ဖို႔ခဲယဉ္းလြန္းသၫ့္
ေဟာ္လင္အရွင္သခင္က
သူ႔ကိုလာေရာက္ကယ္တင္ရင္းႏွင့္
ဒဏ္ရာရသြားရသည္ဆိုတဲ့အသိက
မီးက်ီးခဲႏွင့္အတို႔ခံလိုက္ရသလို
ပူေလာင္လြန္းပါ၏။

အရင္တုန္းကေတာ့ ရွင္းရဲ့ေဖာက္ထြင္းမျမင္ႏိုင္သၫ့္အသြင္ေၾကာင့္
ဝိဉာဉ္တစ္ခုဆိုတာသိခြင့္မရခဲ့။
ဒါေၾကာင့္သာ ရွင္းကိုသူအၿမဲတမ္းထိေတြ ့ဖို႔
ႀကိဳးစားမိခဲ့တာေပါ့။

ဒါေပမယ့္ တျခားဘက္ကၾကၫ့္ျပန္ရင္
ရွင္းရဲ့အားနည္းခ်က္ကိုေလွာင္ေျပာင္ေနသလို
ျဖစ္ေနခဲ့တာပါပဲ။ ကိုယ္ဖန္တီးထားသၫ့္အရာကလြဲရင္
ဘယ္လိုအရာကိုမွကိုင္တြယ္ခြင့္မရတဲ့
အားနည္းခ်က္ကို
အၿမဲတမ္းသတိရ‌ေန‌ေအာင္
လုပ္ေနခဲ့မိတဲ့သူက အရူးတစ္ေယာက္လို။

အထီးက်န္လြန္းတဲ့ဘဝတစ္ခုဆိုေပမယ့္
ရႈေထာင့္ေျပာင္းၾကၫ့္မည္ဆိုလ်ွင္
သံုးေလာကမွာဘယ္လိုလက္နက္မ်ိဳးနဲ႔မွ
ရွင္းကို ဒဏ္ရာရေအာင္မလုပ္ႏိုင္ခဲ့တာကေတာ့
ကံေကာင္းမႈတစ္ခုပင္။
သို႔ေပမယ့္ ထိုကံေကာင္းမႈကိုသူကဖ်က္ဆီးပစ္ခဲ့မိသည္။

ေစာင္းတီးရင္း အပန္းေျဖေနမၫ့္ရွင္းကို
အိပ္မက္ကမ႓ာထဲဆင့္ေခၚၿပီး
ဒဏ္ရာရသြားေစသည္တဲ့။
သူနဲ႔စိတ္ခ်င္းဆက္သြယ္ၿပီး
ေရာက္ရိွလာသၫ့္ ရွင္းကိုအိပ္မက္နယ္‌ေျမထဲမွာ
ထိေတြ ့ခြင့္ရတဲ့အတြက္
သူဝမ္းသာေပမယ့္
ဒဏ္ရာရသြားေလာက္တဲ့အထိ ျဖစ္သြားဖို႔ကိုေတာ့မေမ်ွာ္လင့္မိတာအမွန္ပါ။

' ကြၽန္ေတာ္က ရွစ္ဇြင္းအတြက္ေတာ့နတ္ဆိုးတစ္ေကာင္ပါပဲ '

ေခါင္းငံု႔ကာ
သူ႔ကိုယ္သူအျပစ္တင္ေနရွာသၫ့္
က်င္းကိုၾကၫ့္ရင္း
ရွင္းရင္ထဲနင့္ခနဲျဖစ္သြားရသည္။
သူဘာေၾကာင့္ က်င္းကိုအျပစ္မကင္းသလို
ျဖစ္ေအာင္လုပ္မိသြားပါလိမ့္။
သူ႔ကိုယ္သူကာကြယ္ႏိုင္မွသာ
က်င္း စိတ္ေပါ့ပါးစြာနဲ႔‌ေနႏိုင္မွာေလ။

သူတကယ္ကို မွားသြားခဲ့တာပါပဲ။။။။။။။

ဒါေၾကာင့္ က်င္းရဲ့အေရ႔ွမွာကိုယ္ကိုကိုင္းၿပီး
ရပ္လိုက္ကာ ပခံုးကိုဆုပ္ကိုင္ၿပီးႏွစ္သိမ့္စကားဆိုလိုက္၏။

"မင္းရဲ့အျပစ္မဟုတ္ပါဘူး......
ငါ့ရဲ့ေလ့က်င့္မႈမျပၫ့္စံုလို႔ ငါ့ကိုယ္ငါမကာကြယ္လိုက္ႏိုင္တာပါ.....

ဒါေၾကာင့္ စိတ္ထဲမထားပါနဲ႔"

ငိုခ်င္ရက္လက္တို႔မိသြားသလားေတာ့မသိပါ။
က်င္းရဲ့ခႏၶာကိုယ္ေလးက တသိမ့္သိမ့္တုန္ခါသြားခဲ့သည္ေလ။
က်င္းက ရိႈက္သံအနည္းငယ္ဆြတ္ၿပီး
သူ႔ခါးကိုတင္းက်ပ္စြာဖက္ကာ
ေတာင္းပန္စကားဆိုလာ၏။

"ေတာင္းပန္ပါတယ္ ရွစ္ဇြင္း.....
ကြၽန္ေတာ္မွားသြားပါတယ္.....

ရွစ္ဇြင္းကို မေခၚလိုက္သင့္ဘူးဆိုတာ
ကြၽန္‌ေတာ္ေမ့သြားခဲ့တယ္
ေတာင္းပန္ပါတယ္......

ကြၽန္ေတာ့္ကို မမုန္းလိုက္ပါနဲ႔ေနာ္"

"........."

ရွင္းမွာ ဘာေျပာရမွန္းမသိေတာ့ၿပီမို႔
ေက်ာက္ရုပ္ႀကီးလိုသာ ေအးခဲေတာင့္တင္းသြားဖို႔
ဆုေတာင္းမိေတာ့သည္။ အဲ့လိုဆိုရင္
စကားေျပာဖို႔ ျငင္းပယ္ႏိုင္မယ္ထင္ပါရဲ့။
အခုေတာ့ သူကေက်ာက္ရုပ္မဟုတ္ခဲ့ေလေတာ့
အေျဖတစ္ခုခုေပးၿပီး
က်င္းကိုႏွစ္သိမ့္ဖို႔ တာဝန္ႀကီးကို
ေပြ ့ဖက္ထားရေလၿပီ။

' မမုန္းလိုက္ပါနဲ႔တဲ့လား......
ဒီဆရာက မင္းကိုဘာေၾကာင့္မုန္းရမွာတဲ့လဲ.....

ဒီဆရာက သူသိပ္ခ်စ္ရတဲ့သူကို
ဒဏ္ရာေလးတစ္ခ်က္ေၾကာင့္
မုန္းရတဲ့အထိ ရူးမေနဘူးေလကြာ '

" ရွစ္ဇြင္း"

"......."

"ကြၽန္ေတာ့္ကို မမုန္းလိုက္ပါနဲ႔ေနာ္"

ခါးကိုကိုင္ထားတဲ့လက္ေတြက ပိုမိုတင္းက်ပ္လာတာေၾကာင့္
ရွင္း တားယူရေတာ့သည္။
ဒီျမင္ကြင္းႀကီးက ၾကၫ့္လို႔အဆင္ေျပေနမွာမဟုတ္ဘူးေလ။

"က်င္း......
ငါ့ကိုလႊတ္ေပးပါဦး.....

ဒီေနရာမွာၾကာၾကာေနလို႔ရတာမဟုတ္ဘူး
ဆက္သြားၾကရေအာင္"

ေက်ာခိုင္းၿပီးထြက္သြားဖို႔ျပင္လိုက္သၫ့္
ရွင္းရဲ့ဝတ္ရံုစကိုလွမ္းဆြဲလိုက္သၫ့္
က်င္းေၾကာင့္ရွင္းအနည္းငယ္ယိုင္သြားရသည္။
သို႔ေပမယ့္ လဲက်သြားတဲ့အထိေတာ့မဟုတ္ပါ။
မသိမသာေလးယိုင္သြားရံုမ်ွသာ။။။။။

" ရွစ္ဇြင္း ကြၽန္ေတာ့္ကိုမမုန္းဘူးဆိုရင္
ဒီႀကိဳးေလးနဲ႔ ရွစ္ဇြင္းရဲ့လက္သူႂကြယ္မွာ
ခ်ည္ထားလို႔ရမလားဟင္"

ႀကိဳးအျပာေရာင္ေလးကို သူ႔ဆီလွမ္းေပးရင္း
ေျပာလာသၫ့္ က်င္းရဲ့နားရြက္ဖ်ားေလးေတြက
သေျပသီးမွၫ့္ပမာနီရဲလို႔ေနတာက ဘာေၾကာင့္မ်ားပါလိမ့္။။။။။

ဒီအျပာေရာင္ႀကိဳးက ဘာအဓိပၸာယ္ေတြနဲ႔သတ္မွတ္ထားတဲ့ႀကိဳးမို႔
က်င္းကရွက္ေနရတာလဲဆိုတာ
သူခန႔္မမွန္းတတ္ပါ။
သို႔ေပမယ့္ ေရ႔ွဆက္ရမၫ့္ခရီးရလည္းရိွေနေသးသည္မို႔
လက္ကိုသာ ျမန္ျမန္ဆန႔္တန္းေပးလိုက္ေတာ့သည္။

သူေပ်ာက္သြားမွာစိုးလို႔ ႀကိဳးနဲ႔ခ်ည္ခြင့္ေတာင္းတာပဲ
ျဖစ္မွာပါေလဟု ေတြးလိုက္မိေတာ့
စိတ္မတင္မက်ျဖစ္ေနတာေတြလည္း
ေနထိႏွင္းႏွယ္ေပ်ာက္ကြယ္လို႔သြားခဲ့သည္။

က်င္းကႏွစ္လိုဖြယ္ေကာင္းေအာင္ၿပံဳးရင္း ရွင္းရဲ့ဘယ္ဘက္လက္သူႂကြယ္မွာ
ႀကိဳးအစြန္းတစ္စခ်ည္ေပးလိုက္ၿပီး
က်န္အစြန္းတစ္ဘက္ကို သူ႔လက္မွာခ်ည္၏။

သူကဆိုသည္။

" ဒီႀကိဳးက ကြၽန္ေတာ့္ရဲ့ေရစြမ္းအင္နဲ႔လုပ္ထားတဲ့ႀကိဳးေလ....

ေရဆိုေတာ့ ခ်ည္လိုက္တာနဲ႔အ‌ေငြ ့ျပန္ၿပီး
ေပ်ာက္သြားလိမ့္မယ္.....
ရွစ္ဇြင္းကိုအေနွာက္အယွက္
မျဖစ္ေစရပါဘူးေနာ္"

"ဒါဆို ဘာလို႔ခ်ည္ေနေသးတာလဲ"

ခ်ည္ေနရင္းႏွင့္ပင္
အေငြ ့အျဖစ္သို႔
‌ေျပာင္းလဲသြားသၫ့္ႀကိဳးေၾကာင့္
ရွင္းမွာ မေအာင့္ႏိုင္ေတာ့ပဲထုတ္ေမးမိေခ်ၿပီ။
သို႔ေပမယ့္ က်င္းျပန္ေျဖလိုက္သၫ့္
စကားေၾကာင့္ သူ႔ဝိဉာဉ္ဟာေရခဲျမစ္ထဲ
လြင့္ေျမာျခင္းဆီသို႔။။။။။။

"ဟီးးးး ကြၽန္ေတာ့္ရဲ့အသက္ဝိဉာဉ္ဓာတ္နဲ႔
ရွစ္ဇြင္းကို ခ်ည္ေနွာင္ခ်င္လို႔ေလ....

အသက္ဝိဉာဉ္ဓာတ္က ႏွလံုးသားကေနျမစ္ဖ်ားခံလာတာဆိုေတာ့........"

က်င္းက ဆက္မေျပာေတာ့ပဲ ႏႈတ္ခမ္းေတြကိုတင္းတင္းေစ့ကာ
ၿပံဳးျပလိုက္၏။
သူ႔စကားေတြသာ ‌ေရ႔ွဆက္ဖို႔သတၲိရိွခဲ့မည္ဆိုရင္။။။။။။ 

Unicode:

သစ်စုန်းပင်ပေါ်မှာရှိနေတဲ့ ဒဏ်ရာဟုပြော၍ရသည့်
အပေါက်ငယ်‌လေးထဲကနေ ကြည်လဲ့လဲ့ရေစက်တချို့စီးကျလာသည်ကို
ကြည့်ရင်း ကျင်းတွေဝေသွားရသည်။
သုံးလောကမှာ ရေစွမ်းအင်ကိုအသုံးပြုနိုင်တဲ့သူမှာ
သူတစ်ယောက်ထဲရှိသည်မဟုတ်လား။

ရှင်းကဘယ်လိုဖြစ်ပြီးရေစွမ်းအင်ကို
ထိန်းချုပ်နိုင်သွားပါလိမ့်။
သူမတွေးတတ်‌တော့ပါ။
ရှင်းရဲ့မူလစွမ်းအင်က မီးဓာတ်ကိုအခြေခံသည်ဟု
သူသိထားပြီးဖြစ်သည်။

မီးဓာတ်ဆိုသည်မှာ ဓာတ်ကြီးလေးပါးတွင် မိစ္ဆာစွမ်းအင်ကပ်တွယ်နိုင်ခြင်းမရှိသည့်
တစ်ခုတည်းသောစွမ်းအင်ဖြစ်သည်ဟု
သူကြားဖူးသည်။
မိစ္ဆာနတ်ဆိုးရန်ကို ကာကွယ်ရန်အတွက်
ဟော်လင်အရှင်သခင်က
ထိုက်ယန်နတ်ဘုရားကို မီးဓာတ်ထိန်းချုပ်နည်းသင်ပေးခဲ့ဖူးသည်ဟူ၍လည်း
စာအုပ်တွေထဲတွင်သူလေ့လာခဲ့ဖူးသည်။

ဒါဆိုရင် ရှင်းက မီးဓာတ်ကိုထိန်းချုပ်နိုင်သည့်
တတိယမြောက်ကျင့်ကြံသူလား။
ဒါမှမဟုတ် ရေစွမ်းအင်ကိုအမွေဆက်ခံမည့်သူလား။
သို့မဟုတ် နတ်ဆိုးဘုရင် ဟုန်လင်ကျင်း‌ဖြစ်နေမလား။
တကယ်တမ်းမှာတော့ ရှင်းဆိုသည့်နာမည်တစ်လုံးကလွဲရင်
ရှစ်ဇွင်းနှင့်ပတ်သတ်ပြီး သူဘာမှမသိတာပါလေ။
အမေးသာရှိပြီး အဖြေမရှိသည့်
ပုစ္ဆာတစ်ပုဒ်ကိုဖြေရှင်းနေရသည်နှင့်တူလှသည်မို့
စဉ်းစားရင်းနှင့်ပင် ကျင်းမှာအားတွေတဖြည်းဖြည်းလျော့နည်းလာသလိုခံစားလိုက်ရသည်။

ရှင်းရဲ့နတ်ဆိုးအငွေ့အသက်တွေကပဲ
သူ့ကိုအားနည်းအောင်လုပ်နေသလား‌တော့မသိပါ။
နတ်ဆိုးတစ်ကောင်အဖြစ်သို့
ရှင်းပြောင်းလဲလိုက်ချိန်မှစ၍
သူ့ကိုယ်ထဲမှာရှိသည့်စွမ်းအင်တွေ
တဖြည်းဖြည်းလျော့နည်းသလိုခံစားနေရသည်လေ။

"ရှစ်ဇွင်း.....ဘာတွေလုပ်နေတာလဲဗျာ "

အသက်လုပြီးပြေးနေရချိန်တွင်
'ဘာလုပ်နေလဲ' လို့အမေးခံလိုက်တာကြောင့်
ရှင်း ရဲ့ မျက်စောင်းက  ကျင်းထံသို့ဒိုင်းကနဲ‌ရောက်သွားခဲ့သည်။

သို့ပေမယ့် ကျင်းကိုဆူဖို့အချိန် သူ့ဆီမှာရှိမနေခဲ့သည်ကတော့
ကျင်းရဲ့ကုသိုလ်ကံကောင်းနေ၍သာ ဖြစ်ပေလိမ့်မည်။
ရှင်းက သူ့ဆီခုန်ဝင်လာသည့်
မြင်းကိုယ်နှင့်လူခေါင်းရှိသည့်
မနုဿသတ္တဝါကြီးရဲ့ ရင်ဝကို
နောက်ပြန်ကန်လိုက်ရင်းနှင့်ပင် ပြန်ဖြေ၏။

"ငါအခုဘာလုပ်နေတယ်လို့ မင်းထင်လဲ"

ရှင်းရဲ့အဖြေကြောင့် ကျင်းနင်သွားရ၏။

'မင်းကိုချီပြီး အသက်လုပြေးရင်း
တိုက်ခိုက်နေတယ်' လို့ပြောလည်းရပါရက်နှင့်
တုံးတကြီးဖြေလာသည့် ရှစ်ဇွင်းက
ရန်ဆောင်နေသည့်သိမ်းငှက်တစ်ကောင်နှယ်
သူ့ဆီပြေးဝင်လာပြန်သည့်
ကျွဲကိုယ်နှင့် ဆိတ်ခြေထောက်ရောစပ်ထားသော
သတ္တဝါတစ်ကောင်ကို
နတ်ဆိုးစွမ်းအင်ပြည့်ဝ‌နေသည့် လက်ဝါးစောင်းနှင့် ငယ်ထိပ်တည့်တည့်ဆီရိုက်ချလိုက်ပြန်၏။

တိုက်ခိုက်မှုက အပိုအလိုမရှိပဲ၊ တိကျမြန်ဆန်ကာ၊
စွမ်းအင်ချွေတာရာလည်းရောက်သည်မို့
ကျင်းမှာ သူ့ရှစ်ဇွင်းကိုမချီးကျူးပဲမနေနိုင်တော့ချေ။

"ရှစ်ဇွင်းက အရမ်းတော်တာပဲ.....
လက်တစ်ဖက်တည်းနှင့်တိုက်ခိုက်နေတာတောင်
သူတို့ကိုနိုင်အောင်တိုက်နိုင်သေးတယ်နော်"

ရှင်းမှာ အသက်လုပြေးနေရပါတယ်ဆိုမှ
အေးအေးလူလူစကားပြောချင်စိတ်ရှိနေသော
တပည့်ဖြစ်သူကို စိတ်မရှည်နိုင်တော့တာကြောင့်
အံကြိတ်ရင်း ပြန်ပြောမိချေပြီ။

"ဟော်လင်အရှင်သခင်ကို
မင်းကအထင်သေးနေတာလား.....

မင်းသာဒီမှာရှိမနေရင်
သူတို့အားလုံးကို ငါမီးလောင်တိုက်သွင်းပြီးနေလောက်ပြီ"

' ဟော်လင်အရှင်သခင်????? '

" ရှစ်ဇွင်းက တကယ့်ဟော်လင်အရှင်သခင်လား"

သူ့အမေးကို ရှင်းကခပ်ဟဟရယ်မောရင်းဖြင့်သာ
အဆုံးသတ်သွားစေသည်။
ပြန်ဖြေခြင်းလည်းမပြုသလို၊ ငြင်းပယ်ခြင်းလည်းမလုပ်ပေ။
မကြာခင်မှာ အကောင်အထည်ဖော်တော့မည့်
သူ့အစီအစဉ်တွေသာ အသက်ဝင်လာခဲ့မယ်ဆိုရင်
'ဟော်လင်အရှင်သခင်' ဆိုတဲ့
နာမည်က သုံးလောကမှာထပ်ပေါ်လာတော့မှမဟုတ်ပဲ။
ဘာကြောင့်များ မက်မောတွယ်တာစွာနှင့်ပြန်ဖြေရ‌ဦးမှာတဲ့လဲ။

ထိုစဉ် လေထဲမှာပျံဝဲ‌နေသည့်
ခရမ်းရောင်လန်ဟွားမီးအိမ်ငယ်လေးများမှာ
တမုဟုတ်ချင်းပျောက်ကွယ်သွားခဲ့သည်။
လန်ဟွားမီးအိမ်တွေပျောက်ကွယ်သွားသည်နှင့်
တစ်ပြိုင်နက် သစ်စုန်းပင်များနှင့်မနုဿသတ္တဝါများသည်လည်း
အနက်ရောင်အခိုးအငွေ့များအဖြစ်သို့
ပြောင်းလဲသွားတော့သည်။
                            

                          [* လန်ဟွားပန်း>> သစ်ခွပန်း*]

အခုမှကျင်းမှာအသက်ပြင်းပြင်းရှုရဲတော့၏။
ခုနတုန်းက သူတကယ်အသက်မရှင်နိုင်တော့ဘူးလို့
ထင်နေခဲ့တာလေ။

လန်ဟွားမီးအိမ်တွေပျောက်သွားသည်နှင့်
ရှင်းက ကျင်းကိုချီထားရင်းနှင့်ပင်
ခန္ဓာကိုယ်ကိုသုံးပတ်ခန့်လှည့်ပတ်ရင်း
နတ်ဆိုးစွမ်းအင်တွေကိုအသုံးပြုကာ
မြေပြင်ပေါ်မှာပြန့်ကျဲနေသည့်
ပိုင်ဟယ် ပန်းတွေကိုအသက်သွင်းလိုက်ပြန်၏။

                             [*ပိုင်ဟယ်>>လီလီပန်း*]

အနက်ရောင်စွမ်းအင်တွေနှင့်
ဖုံးလွှမ်းခံလိုက်ရချိန်တွင်
ပိုင်ဟယ်ပန်းတွေထဲမှ အဖြူရောင်အလင်းရောင်ဖျော့ဖျော့များသည်
ထူးဆန်းစွာပင်ထွက်‌‌ပေါ်လာခဲ့၏။
အမှောင်ထုထဲမှာ ဟိုတစ်စ၊ ဒီတစ်စပျံသန်းနေကြသည့်
အဖြူရောင်လိပ်ပြာလေးများနှင့်ပင်
တူနေသေးသည်မို့ ကျင်း အသံထွက်ကာချီးကျူးလိုက်မိသည်။

"လှလိုက်တာ......
ကျွန်တော့်စိတ်ကူးထဲက
အဖြူရောင်နတ်ဘုရား‌ေ‌လးလို
ချစ်စရာကောင်းတယ်......."

သူ့စကားကို ရှင်းကထောက်ခံသည်။

"ဟုတ်တယ်......
သေစေနိုင်လောက်တဲ့အလှမျိုးလေ"

"ဟင်!!!!"

အာမေဋိတ်သံပင်မဆုံးလိုက်ရပါ။
ပိုင်ဟယ်ပန်းတွေက လေပွေတစ်ခုရဲ့စုပ်ယူခြင်းကို
ခံလိုက်ရသည့်နှယ် အရိုင်းဆန်စွာမြှောက်တက်သွားကြပြီး
ရှင်းရဲ့အရပ်ထက်သုံးဆလောက်ပိုမြင့်သော
မြေခွေးဖြူကြီးတစ်‌ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

အစွယ်ဖွေးဖွေးတွေနှင့် ချွန်မြနေသည့်လက်သည်းများကို
မြင်သာအောင်ထုတ်ပြပြီး သူတို့ကိုအစိမ်းလိုက်ဝါးစားတော့မတတ်
စူးစိုက်ကြည့်နေသည့် မြေခွေးမိစ္ဆာကြီးကိုကြည့်ပြီး
ကျင်းမှာ သတိပင်လစ်ချင်လာရသည်။

သူဘယ်လိုစိတ်နဲ့များ ဒါကြီးကိုချစ်စရာကောင်းတယ်လို့‌ပြောခဲ့ရပါလိမ့်။
ပြောမိသည့် သူ့လျှာကိုသာဖြတ်ပြီး
ရေထဲမျှောပစ်လိုက်ချင်မိသည်။

ထိုစဉ် ရှင်းကသူ့ကိုမြေ‌ပေါ်ချပေးလိုက်ပြီး

" ငါဘာဖြစ်ဖြစ်ဝင်မကူညီနဲ့"

ဟု‌ ပြောကာ
ဘယ်ကဘယ်လိုထုတ်လိုက်မှန်းမသိသည့်
ရှင်းရာကို ကိုင်ဆွဲပြီး မြေခွေးဖြူကြီးကိုစတင်တိုက်ခိုက်တော့သည်။

သို့သော် ရှင်းရာကဓားတစ်လက်အနေနှင့်
ရောက်ရှိလာခြင်းမဟုတ်ပဲ
အဖျားနှစ်ဖက်မှာ ဓားသွားတွေပါသည့်
ကြိုးတစ်စအဖြစ်နှင့်သာ။။။။

ကြိုးကိုကျွမ်းကျင်စွာဝေ့ယမ်းရင်း
လျင်မြန်စွာတိုက်ခိုက်နေသည့်ရှင်းနှင့်
ဘေးမှာရပ်နေသည့် ကျင်းရဲ့ပုံရိပ်ကိုကြည့်ပြီး
ဟွားရန်မှာ ဒေါသထွက်လွန်း၍
ကန်ရေပြင်ကိုပင် ဓားနှင့်ပိုင်းချချင်စိတ်ပေါက်လာရ၏။

ဒီတပည့်ကိုနှစ်ဘဝလုံး
အသက်နဲ့ရင်းပြီးကာကွယ်ပေးနေသည့်
ရှင်းကိုလည်းသူဘယ်လိုနားလည်ရမလဲမသိတော့ပါ။ ထိုက်ယန်ဘဝနှင့်လည်းအလုံးစုံပေးဆပ်ပြီး
ကာကွယ်‌ပေးခဲ့ပြီးပြီမို့၊ဒီတစ်ခေါက်တော့ ပြဿနာတွေထဲဝင်မပါပါနဲ့တော့ဟု
သူတောင်းဆိုထားလျက်နှင့်ပင်
ကာကွယ်ပေးနေသေးသည်တဲ့။

ချစ်မေတ္တာဆိုသည်မှာ ဤမျှလောက်လေးနက်သတဲ့လား။
သူမကြုံဖူးသေးတာကြောင့် လက်ခံဖို့ခဲယဉ်းနေတာ
လည်းဖြစ်နိုင်ပါသည်။

သို့ပေမယ့်။။။။။။

အသက်စွန့်စရာ လိုအပ်လို့လား။။။

ထိုစဉ် ကန်ရေပြင်ထဲမှ ရှင်းရဲ့ပုံရိပ်မှာ
သွေးတစ်စစွန်းထင်းလို့လာခဲ့သည်။
ဟွားရန်မှာအံကိုတင်းတင်းကြိတ်ပြီး
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိပါ၏။
သူ့ ရှစ်ဇွင်းကို မကူညီနိုင်ပဲရပ်ကြည့်နေရသည့်
ခံစားချက်က နှလုံးသားကိုအပ်နှင့်ထိုး‌ဆွခံနေရသလိုပင်။
နာကျင်လွန်းလှပါ၏။။။။။။

လက်မောင်းတစ်ဘက်မှာ မြေခွေးဖြူကြီးရဲ့လက်သည်းနှင့်
ထိုးဆွခြင်းခံလိုက်ရသည်မို့ ရှင်းဒေါသထွက်သွားရသည်။

သူ့ကိုဒီလိုနတ်ဆိုးလက်ပါးစေသတ္တဝါတစ်ကောင်က
ထိခိုက်အောင်လုပ်လိုက်သည်ဆိုသည့်
ခံစားချက်က မျက်နှာကိုရေနွေးပူနှင့်ပက်ပြီး
အရှက်ခွဲခံလိုက်ရသလိုပင်။

သို့အတွက် မြေခွေးဖြူကြီးရဲ့ကျောပြင်ပေါ်သို့ခုန်တက်ကာ
ဓားသွားနှင့်လည်ကုတ်ကစ၍ အမြီးအထိထိုးခွဲပစ်လိုက်တော့သည်။

"ဂီးးးးးး"

ရုတ်တရက်ကြီးနာကျင်သွားသောခံစားမှုကြောင့်
မြေခွေးကြီးက မာန်ဖီပြီး ရှင်းကိုလက်သည်းနှင့်ပုတ်ထုတ်ပြီးခါချ၏။

ချွန်မြနေသည့်လက်သည်းများကို
ရှင်းက ခန္ဓာကိုယ်တိမ်းစောင်း၍
ညင်ညင်သာသာလေးရှောင်လိုက်ပြီးနောက်
ဝမ်းဗိုက်ဆီသို့ဆင်းသွားပြန်ကာ
ဓားနှင့်နောက်တစ်ကြိမ်ထိုးခွဲပစ်လိုက်ပြန်၏။
အတားအဆီးမရှိစွာကျဆင်းလာသော
သွေးများသည် ရှင်းအပေါ်သို့မိုးရွာသွန်းချလိုက်သည့်နှယ်။

ထိုခဏ၌ ရှင်းသည် သူ့အပေါ်ကျဆင်းလာသည့်‌သွေးများကို နတ်ဆိုးအစွမ်းနှင့်တားဆီးလိုက်ကာ
ကြိုးသဏ္ဍာန်ပြုလုပ်လိုက်ပြီး
မြေခွေးဖြူကြီးကို ချည်နှောင်ပစ်လိုက်၏။

သွေးတွေကနေ အသွင်ပြောင်းသွားသည့်ကြိုးစသည်
နီဆွေးဆွေးအရောင်ရှိကာ တောက်ပနေသည်မို့
အဖြူရောင်မြေခွေးမွှေးနှင့် များစွာလိုက်ဖက်နေခဲ့၏။
သို့သော် မကြာလိုက်ပါချေ။
ထိုမြေခွေးကြီးသည်လည်း
အနက်ရောင်အငွေ့များအဖြစ်သို့
ကူးပြောင်းကာ ပျောက်ကွယ်ခြင်းအဖြစ်သို့။။။။။

"ရှစ်ဇွင်း.....ကျွန်တော်လာလို့ရပြီလားဟင်"

ကျင်းက ချက်ချင်းမသွားသေးပဲ
ရှင်းဆီမှအဖြေကိုစောင့်နေခဲ့သည်။
ခေါင်းလေးငုံ့ပြီးရပ်နေပုံက ရိုကျိုးတတ်သည့်
ကလေးငယ်တစ်ယောက်နှယ်။

ရှင်းရဲ့လက်မောင်းပေါ်မှစီးကျနေသည့်သွေးတွေကို
သူရင်မဆိုင်ရဲပါ။ ထိတွေ့ဖို့ခဲယဉ်းလွန်းသည့်
ဟော်လင်အရှင်သခင်က
သူ့ကိုလာရောက်ကယ်တင်ရင်းနှင့်
ဒဏ်ရာရသွားရသည်ဆိုတဲ့အသိက
မီးကျီးခဲနှင့်အတို့ခံလိုက်ရသလို
ပူလောင်လွန်းပါ၏။

အရင်တုန်းကတော့ ရှင်းရဲ့ဖောက်ထွင်းမမြင်နိုင်သည့်အသွင်ကြောင့်
ဝိဉာဉ်တစ်ခုဆိုတာသိခွင့်မရခဲ့။
ဒါကြောင့်သာ ရှင်းကိုသူအမြဲတမ်းထိတွေ့ဖို့
ကြိုးစားမိခဲ့တာပေါ့။

ဒါပေမယ့် တခြားဘက်ကကြည့်ပြန်ရင်
ရှင်းရဲ့အားနည်းချက်ကိုလှောင်ပြောင်နေသလို
ဖြစ်နေခဲ့တာပါပဲ။ ကိုယ်ဖန်တီးထားသည့်အရာကလွဲရင်
ဘယ်လိုအရာကိုမှကိုင်တွယ်ခွင့်မရတဲ့
အားနည်းချက်ကို
အမြဲတမ်းသတိရ‌နေ‌အောင်
လုပ်နေခဲ့မိတဲ့သူက အရူးတစ်ယောက်လို။

အထီးကျန်လွန်းတဲ့ဘဝတစ်ခုဆိုပေမယ့်
ရှုထောင့်ပြောင်းကြည့်မည်ဆိုလျှင်
သုံးလောကမှာဘယ်လိုလက်နက်မျိုးနဲ့မှ
ရှင်းကို ဒဏ်ရာရအောင်မလုပ်နိုင်ခဲ့တာကတော့
ကံကောင်းမှုတစ်ခုပင်။
သို့ပေမယ့် ထိုကံကောင်းမှုကိုသူကဖျက်ဆီးပစ်ခဲ့မိသည်။

စောင်းတီးရင်း အပန်းဖြေနေမည့်ရှင်းကို
အိပ်မက်ကမ္ဘာထဲဆင့်ခေါ်ပြီး
ဒဏ်ရာရသွားစေသည်တဲ့။
သူနဲ့စိတ်ချင်းဆက်သွယ်ပြီး
ရောက်ရှိလာသည့် ရှင်းကိုအိပ်မက်နယ်‌မြေထဲမှာ
ထိတွေ့ခွင့်ရတဲ့အတွက်
သူဝမ်းသာပေမယ့်
ဒဏ်ရာရသွားလောက်တဲ့အထိ ဖြစ်သွားဖို့ကိုတော့မမျှော်လင့်မိတာအမှန်ပါ။

' ကျွန်တော်က ရှစ်ဇွင်းအတွက်တော့နတ်ဆိုးတစ်ကောင်ပါပဲ '

ခေါင်းငုံ့ကာ
သူ့ကိုယ်သူအပြစ်တင်နေရှာသည့်
ကျင်းကိုကြည့်ရင်း
ရှင်းရင်ထဲနင့်ခနဲဖြစ်သွားရသည်။
သူဘာကြောင့် ကျင်းကိုအပြစ်မကင်းသလို
ဖြစ်အောင်လုပ်မိသွားပါလိမ့်။
သူ့ကိုယ်သူကာကွယ်နိုင်မှသာ
ကျင်း စိတ်ပေါ့ပါးစွာနဲ့‌နေနိုင်မှာလေ။

သူတကယ်ကို မှားသွားခဲ့တာပါပဲ။။။။။။။

ဒါကြောင့် ကျင်းရဲ့အရှေ့မှာကိုယ်ကိုကိုင်းပြီး
ရပ်လိုက်ကာ ပခုံးကိုဆုပ်ကိုင်ပြီးနှစ်သိမ့်စကားဆိုလိုက်၏။

"မင်းရဲ့အပြစ်မဟုတ်ပါဘူး......
ငါ့ရဲ့လေ့ကျင့်မှုမပြည့်စုံလို့ ငါ့ကိုယ်ငါမကာကွယ်လိုက်နိုင်တာပါ.....

ဒါကြောင့် စိတ်ထဲမထားပါနဲ့"

ငိုချင်ရက်လက်တို့မိသွားသလားတော့မသိပါ။
ကျင်းရဲ့ခန္ဓာကိုယ်လေးက တသိမ့်သိမ့်တုန်ခါသွားခဲ့သည်လေ။
ကျင်းက ရှိုက်သံအနည်းငယ်ဆွတ်ပြီး
သူ့ခါးကိုတင်းကျပ်စွာဖက်ကာ
တောင်းပန်စကားဆိုလာ၏။

"တောင်းပန်ပါတယ် ရှစ်ဇွင်း.....
ကျွန်တော်မှားသွားပါတယ်.....

ရှစ်ဇွင်းကို မခေါ်လိုက်သင့်ဘူးဆိုတာ
ကျွန်‌တော်မေ့သွားခဲ့တယ်
တောင်းပန်ပါတယ်......

ကျွန်တော့်ကို မမုန်းလိုက်ပါနဲ့နော်"

"........."

ရှင်းမှာ ဘာပြောရမှန်းမသိတော့ပြီမို့
ကျောက်ရုပ်ကြီးလိုသာ အေးခဲတောင့်တင်းသွားဖို့
ဆုတောင်းမိတော့သည်။ အဲ့လိုဆိုရင်
စကားပြောဖို့ ငြင်းပယ်နိုင်မယ်ထင်ပါရဲ့။
အခုတော့ သူကကျောက်ရုပ်မဟုတ်ခဲ့လေတော့
အဖြေတစ်ခုခုပေးပြီး
ကျင်းကိုနှစ်သိမ့်ဖို့ တာဝန်ကြီးကို
ပွေ့ဖက်ထားရလေပြီ။

' မမုန်းလိုက်ပါနဲ့တဲ့လား......
ဒီဆရာက မင်းကိုဘာကြောင့်မုန်းရမှာတဲ့လဲ.....

ဒီဆရာက သူသိပ်ချစ်ရတဲ့သူကို
ဒဏ်ရာလေးတစ်ချက်ကြောင့်
မုန်းရတဲ့အထိ ရူးမနေဘူးလေကွာ '

" ရှစ်ဇွင်း"

"......."

"ကျွန်တော့်ကို မမုန်းလိုက်ပါနဲ့နော်"

ခါးကိုကိုင်ထားတဲ့လက်တွေက ပိုမိုတင်းကျပ်လာတာကြောင့်
ရှင်း တားယူရတော့သည်။
ဒီမြင်ကွင်းကြီးက ကြည့်လို့အဆင်ပြေနေမှာမဟုတ်ဘူးလေ။

"ကျင်း......
ငါ့ကိုလွှတ်ပေးပါဦး.....

ဒီနေရာမှာကြာကြာနေလို့ရတာမဟုတ်ဘူး
ဆက်သွားကြရအောင်"

ကျောခိုင်းပြီးထွက်သွားဖို့ပြင်လိုက်သည့်
ရှင်းရဲ့ဝတ်ရုံစကိုလှမ်းဆွဲလိုက်သည့်
ကျင်းကြောင့်ရှင်းအနည်းငယ်ယိုင်သွားရသည်။
သို့ပေမယ့် လဲကျသွားတဲ့အထိတော့မဟုတ်ပါ။
မသိမသာလေးယိုင်သွားရုံမျှသာ။။။။။

" ရှစ်ဇွင်း ကျွန်တော့်ကိုမမုန်းဘူးဆိုရင်
ဒီကြိုးလေးနဲ့ ရှစ်ဇွင်းရဲ့လက်သူကြွယ်မှာ
ချည်ထားလို့ရမလားဟင်"

ကြိုးအပြာရောင်လေးကို သူ့ဆီလှမ်းပေးရင်း
ပြောလာသည့် ကျင်းရဲ့နားရွက်ဖျားလေးတွေက
သပြေသီးမှည့်ပမာနီရဲလို့နေတာက ဘာကြောင့်များပါလိမ့်။။။။။

ဒီအပြာရောင်ကြိုးက ဘာအဓိပ္ပာယ်တွေနဲ့သတ်မှတ်ထားတဲ့ကြိုးမို့
ကျင်းကရှက်နေရတာလဲဆိုတာ
သူခန့်မမှန်းတတ်ပါ။
သို့ပေမယ့် ရှေ့ဆက်ရမည့်ခရီးရလည်းရှိနေသေးသည်မို့
လက်ကိုသာ မြန်မြန်ဆန့်တန်းပေးလိုက်တော့သည်။

သူပျောက်သွားမှာစိုးလို့ ကြိုးနဲ့ချည်ခွင့်တောင်းတာပဲ
ဖြစ်မှာပါလေဟု တွေးလိုက်မိတော့
စိတ်မတင်မကျဖြစ်နေတာတွေလည်း
နေထိနှင်းနှယ်ပျောက်ကွယ်လို့သွားခဲ့သည်။

ကျင်းကနှစ်လိုဖွယ်ကောင်းအောင်ပြုံးရင်း ရှင်းရဲ့ဘယ်ဘက်လက်သူကြွယ်မှာ
ကြိုးအစွန်းတစ်စချည်ပေးလိုက်ပြီး
ကျန်အစွန်းတစ်ဘက်ကို သူ့လက်မှာချည်၏။

သူကဆိုသည်။

" ဒီကြိုးက ကျွန်တော့်ရဲ့ရေစွမ်းအင်နဲ့လုပ်ထားတဲ့ကြိုးလေ....

ရေဆိုတော့ ချည်လိုက်တာနဲ့အ‌ငွေ့ပြန်ပြီး
ပျောက်သွားလိမ့်မယ်.....
ရှစ်ဇွင်းကိုအနှောက်အယှက်
မဖြစ်စေရပါဘူးနော်"

"ဒါဆို ဘာလို့ချည်နေသေးတာလဲ"

ချည်နေရင်းနှင့်ပင်
အငွေ့အဖြစ်သို့
‌ပြောင်းလဲသွားသည့်ကြိုးကြောင့်
ရှင်းမှာ မအောင့်နိုင်တော့ပဲထုတ်မေးမိချေပြီ။
သို့ပေမယ့် ကျင်းပြန်ဖြေလိုက်သည့်
စကားကြောင့် သူ့ဝိဉာဉ်ဟာရေခဲမြစ်ထဲ
လွင့်မြောခြင်းဆီသို့။။။။။။

"ဟီးးးး ကျွန်တော့်ရဲ့အသက်ဝိဉာဉ်ဓာတ်နဲ့
ရှစ်ဇွင်းကို ချည်နှောင်ချင်လို့လေ....

အသက်ဝိဉာဉ်ဓာတ်က နှလုံးသားကနေမြစ်ဖျားခံလာတာဆိုတော့........"

ကျင်းက ဆက်မပြောတော့ပဲ နှုတ်ခမ်းတွေကိုတင်းတင်းစေ့ကာ
ပြုံးပြလိုက်၏။
သူ့စကားတွေသာ ‌ရှေ့ဆက်ဖို့သတ္တိရှိခဲ့မည်ဆိုရင်။။။။။။ 

© Sun Elf,
книга «The truth untold».
Коментарі