Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 6
ရွင္းရဲ့ဆံသားႏုႏုေလးေတြေပၚမွာစည္းေနွာင္ထားတဲ့
ေခါင္းစည္းႀကိဳးက အသြားႏွစ္ဖက္ဓားရွည္တစ္ေခ်ာင္း
ျဖစ္ေနတယ္ဆိုတဲ့အခ်က္က သူ႔ကိုမယံုမရဲျဖစ္ေစသည္။
ဘယ္လိုလူမ်ိဳးက ေခါင္းျပတ္မၫ့္အေရးကို
ထိတ္လန႔္မႈမရိွပဲ ‌ဓားႀကီးကိုေခါင္းေပၚတင္ထားလိမ့္မလဲ။
ေတြးရင္းႏွင့္ က်င္းမွာလည္ပင္း‌ႀကီးျပတ္သြားေတာ့မလိုပင္
ခံစားေနရသည္။ အသည္းေတြလည္းယားလြန္းလို႔
ပုရြတ္ဆိတ္ေတြတက္ေနသလားဟုပင္
ထင္မွတ္ရ၏။

ထိုစဉ္

"ေဟ့.....မင္းဒီေန့ဓားသိုင္းေလ့က်င့္ဦးမွာလား.....
ငါ့ဓားရဲ့ေကာက္ေၾကာင္းကို
ထိုင္ေငးေနမွာလား....."

ဆိုသၫ့္အံႀကိတ္ေျပာသံတိုးတိုးကိုၾကားလိုက္ရသည္မို႔ အေတြးေတြကိုျဖတ္ေတာက္ပစ္ၿပီး
အၿပံဳးတစ္ခုကိုဆင္ျမန္းကာ ရွင္းကိုေမာ့ၾကၫ့္လိုက္မိ၏။
သို႔ေပမယ့္ သူ႔မ်က္လံုးေတြက တစ္ေနရာသို႔ညို႔ယူခံလိုက္ရၿပီး
အသံေတြကလည္ေခ်ာင္းထဲမွာတစ္ဆို႔သြားရ၏။

ေစာင္းေပၚလက္ေထာက္ၿပီး ‌သူ႔ကိုစိုက္ၾကၫ့္ေနသၫ့္
မ်က္ဝန္းတစ္စံု။ ေထာက္ထားသၫ့္လက္ေပၚမွာ
ေမးဖ်ားကို ပ်င္းရိစြာတင္ထားၿပီး
က်န္လက္တစ္ဖက္ရဲ့လက္ေခ်ာင္းေလးေတြႏွင့္
ေစာင္းႀကိဳးေလးေတြ‌ေပၚမွာ ေျပးလႊားကစားေနသၫ့္ ရွင္း။
ေခါင္းစည္းႀကိဳးမရိွေတာ့ၿပီမို႔ ေျပေလ်ာ့သြားသၫ့္
ဆံႏြယ္ရွည္ေတြက ျပတင္းတံခါးကိုျဖတ္သန္းဝင္ေရာက္လာတဲ့
ေလရဲ့အကူအညီျဖင့္ ပိုးပဝါစတစ္ခုႏွယ္
သူ႔ဆီအလုအယက္ေျပးလာေနၾကသည္။

ထိုဆံႏြယ္ေတြဆီမွလာတဲ့ သနပ္ခါးပန္းရနံ႔ႏွင့္
သန႔္စင္တဲ့မီးေတာက္ရနံ႔က သင္းပ်ံ့လြန္းသည္မို႔
က်င္းမွာ မ်က္ႏွာအပ္ၿပီးနမ္းရိႈက္ခ်င္စိတ္ေတြ
ထိန္းမရႏိုင္ေအာင္ျဖစ္လာရသည္။
ေနာက္ဆံုးမွာေတာ့ သူေအာင့္အည္းမထားႏိုင္ေတာ့ေသာေၾကာင့္
အႏွစ္ႏွစ္၊ အလလၾကာေအာင္
သိမ္းဆည္းထားသၫ့္ ေမးခြန္းတစ္ခုကို
ေမးလိုက္ဖို႔ဆံုးျဖတ္ခ်က္ခ်လိုက္ေတာ့သည္။

"ရွစ္စြမ္း..."

"အင္း"

သူ႔ကိုျပန္ထူးလာတဲ့ ရွင္းရဲ့မ်က္လံုးေတြက
ပ်င္းရိေလးဖင့္စြာ စိတ္ဝင္စားမႈကင္းမဲ့လ်က္။
သို႔ေပမယ့္ သူဒီေန့မွမေမးရင္ ေနာက္ထပ္ေမးဖို႔အခြင့္အေရးဆိုတာ
ရလာေတာ့မွာမဟုတ္သည္မို႔
အားတင္းၿပီးသာ ေမးလိုက္ေတာ့သည္။
အသံေတြေျခာက္ကပ္အက္ကြဲၿပီး
တုန္ရီေနမယ္မွန္းသိေပမယ့္
ဒါကသူ႔သတၲိေတြအကုန္စုၿပီးမွ
ေမးရတဲ့ေမးခြန္းျဖစ္ေနသၫ့္အတြက္
ရွင္းနားလည္ေပးႏိုင္မယ္လို႔ထင္မိပါသည္။

"ကြၽန္ေတာ္......ကြၽန္ေတာ္....
သစၥာပန္းေတြလိုေလ.....
ရွစ္စြမ္းရဲ့ႏွလံုးသားထဲကို
ျပန္ႏုတ္လို႔မရႏိုင္တဲ့ဓားတစ္လက္ ထိုးစိုက္ခြင့္ရိွႏိုင္မလား"

(ရွစ္ဇြင္းႏွလံုးသားရဲ့အနက္ရိွုင္းဆံုး‌ေနရာမွာ
ကြၽန္ေတာ့္အတြက္ေနရာတစ္ခုေလာက္
သတ္မွတ္ေပးလို႔ရမလား)

သူ႔စကားဆံုးသည္ႏွင့္ ရွင္းရဲ့မ်က္လံုးေတြကေရခဲတံုးပမာေအးစက္သြားၿပီး
မ်က္ႏွာမွာသိသိသာသာပ်က္ယြင္းလို႔သြား၏။

က်င္းက ရွင္းရဲ့အခ်စ္ကိုေတာင္းခံတဲ့အေနနဲ႔ေမးလိုက္ေပမယ့္
အတိတ္တစ္ခ်ိန္က မေကာင္းခဲ့တဲ့အမွတ္တရေတြကို
တနင့္တပိုးေပြ ့ပိုက္ထားရသၫ့္
ရွင္းမွာ က်င္းသူ႔ကိုလက္စားျပန္ေခ်ခ်င္ေနတယ္ဟု
အဓိပၸာယ္ေကာက္လိုက္မိ‌ေလသည္။
ရွင္းမွာနာက်င္ေနတဲ့ႏွလံုးသားကို ဥပကၡာျပဳရင္း
က်င္းမၾကားႏိုင္တဲ့စကားတခ်ိဳ႕ကို
ရင္ထဲမွာသာ ငိုရိႈက္သံမ်ားႏွင့္အတူျပန္ေျပာျဖစ္၏။

'လက္စား‌ေခ်ခ်င္တဲ့‌ေန့ရက္‌ေတြက
ဒီေလာက္ႀကီးျမန္ျမန္ဆန္ဆန္နဲ႔
ေရာက္လာလိမ့္မယ္လို့ ငါမထင္ခဲ့မိဘူး....က်င္း

ဒါေပမယ့္ေလ.....
မင္းသာ ဆႏၵရိွမယ္ဆိုရင္
ဒီဓားမကလို႔ ႀကိဳက္တဲ့ဓားသံုးၿပီး
ငါ့ရင္ထဲကိုထိုးစိုက္လို႔ရပါတယ္......

ဒါက မင္းတစ္ေယာက္တည္းကိုပဲေပးတဲ့
အခြင့္အေရးတစ္ခုမို့လက္မလႊတ္လိုက္ပါနဲ႔......'

တိတ္ဆိတ္တဲ့ေလထုက
သူတို႔ႏွစ္ေယာက္အၾကားမွာ
ႀကီးစိုးသြားၿပီး အတန္ၾကာသည္အထိ
တစ္ေယာက္ကိုတစ္ေယာက္ေငးၾကၫ့္ျခင္းျဖင့္သာ
အခ်ိန္ေတြကိုကုန္ဆံုးသြားေစသည္။
ရွင္းကလည္း ရင္ထဲမွာသာစကားေတြအမ်ားအျပား
ေျပာေနေပမယ့္ အျပင္ပန္းမွာေတာ့
ေက်ာက္ရုပ္တစ္ရုပ္လိုသာ
ၿငိမ္သက္ေနခဲ့သည္။
ထို႔နည္းတူစြာ က်င္းသည္လည္း
ရွင္းျပန္ေျပာမၫ့္ အေျဖကိုေစာင့္ေနသည္မို႔
ေမ်ွာ္လင့္တႀကီးျဖင့္သာ အသံတိတ္ေစာင့္ေနျဖစ္၏။
သို႔အတြက္ ႏွစ္ဦးၾကားမွအသံတို႔
‌ေပ်ာက္ဆံုးသြားရျခင္းျဖစ္သည္။

မည္သူမွလည္း စကားစေျပာဖို႔မႀကိဳးစားမိသလို၊
အၾကၫ့္လည္းမလႊဲျဖစ္ခဲ့ၾကပါ။
တစ္ခါမွမႀကံဳဖူးသၫ့္ သူစိမ္းတစ္ေယာက္ရဲ့အေရ႔ွမွာ
ထိုင္ေနသလိုမ်ိဳး ေငးစိုက္ၾကၫ့္ျခင္းျဖင့္သာ
အဆံုးသတ္သို႔ တျဖည္းျဖည္းသြားေစသည္။
တစ္စံုတစ္ေယာက္မ်ား စကားစေျပာလာေလမလားဟု
ေမ်ွာ္လင့္ေနရင္းႏွင့္ေပါ့။

ထိုစဉ္။။။။။။။။

"ကိုကိုေရ....."

ဆိုသၫ့္ နာမ္စားကိုသံရွည္ဆြဲၿပီးေခၚလိုက္သၫ့္
အသံေၾကာင့္ ႏွစ္‌ေယာက္လံုးအသိျပန္ဝင္လာရ၏။
ရွင္းက သူ႔အေရ႔ွမွာရိွေနတဲ့ေစာင္းထံ
လက္တစ္ခ်က္ေဝ့ယမ္းလိုက္ၿပီး
လက္စြပ္ေတြအျဖစ္သို႔ျပန္လည္ေျပာင္းယူလိုက္သည္။
က်င္းရဲ့လက္ထဲက ဓားကိုေတာ့ယူရမလား၊
မယူရမလားႏွင့္ ေတြေဝေနမိေသးသည္။
သို႔ေပမယ့္ သူ႔အေရ႔ွမွာ က်င္းကဒူးတစ္ဖက္ေထာက္ထိုင္လိုက္ၿပီး
ဓားကိုလက္ႏွစ္ဖက္ႏွင့္ရိုေသစြာေပးလာသည္မို႔
ျပန္ယူလိုက္ရသည္။

သို႔ေသာ္ျငား စိတ္လႈပ္ရွားေနသည္မို႔
ေခါင္းစည္းႀကိဳးအျဖစ္ျပန္မေျပာင္းပဲ
ဓားအျဖစ္သာ ကိုင္ေဆာင္လိုက္ၿပီး
မိုးေရထဲသို႔တြန႔္ဆုတ္ျခင္းကင္းမဲ့စြာျဖင့္
ေက်ာခိုင္းထြက္လာမိေတာ့သည္။
အေနာက္မွာ က်င္းမည္သို႔ေသာအေနအထားႏွင့္
က်န္ရစ္မည္ကိုလည္း သူျပန္လွၫ့္မၾကၫ့္ႏိုင္ေတာ့သလို။
သူ႔ကိုယ္သူလည္း မည္သို႔ပံုစံျဖစ္ေနမည္ကိုဂရုမစိုက္ႏိုင္ေတာ့ပါ။

ယခင္တုန္းကေတာ့ သူ႔ရဲ့ခႏၶာကိုယ္ထဲမိုးေရေတြ
ထိုးေဖာက္ဝင္ေရာက္ေနပံုကို
အျခားသူေတျြမင္ရင္ ရွက္စရာေကာင္းသည္ဟု
ယူဆမိသည္ျဖစ္၍ မိုးရြာစဉ္အျပင္ထြက္ဖို႔
တြန႔္ဆုတ္ေနမိခဲ့သည္။
အခုခ်ိန္မွာေတာ့ သူတြန႔္ဆုတ္ေနလို႔မျဖစ္ေတာ့ပါ။
က်င္းကို သူ႔ခ်စ္သူႏွင့္ေပ်ာ္ရႊင္စြာျဖတ္သန္း‌ေစဖို႔
သူထြက္သြားေပးရမည္ေလ ။
က်င္းအတြက္ ေပ်ာ္ရႊင္စရာေတြဖန္တီးမေပးႏိုင္ေပမယ့္
အေနွာက္အယွက္တစ္ခုမျဖစ္ေစဖို႔
သူႀကိဳးစားခ်င္မိသည္။

က်င္းရဲ့မွတ္ဉာဏ္ထဲမွာ သူ႔ကိုအမိႈက္တစ္စလိုစြဲထင္ေနမွာ
အေၾကာက္ဆံုးေပမို႔
သူအလိုက္တသိႏွင့္ ေရွာက္ထြက္လာျခင္းျဖစ္သည္။
နာက်င္ေပမယ့္......က်င္းေပ်ာ္မယ္ဆိုရင္
သူငိုေနရလည္း ဘာအေရးလဲ။
အရာရာဟာ က်င္းအတြက္ပါပဲေလ။
သူက‌ေတာ့ နာက်င္မႈႏွင့္က်င့္သားရေနၿပီမို႔
အဆင္ေျပပါသည္။။။။။။။။

သူ႔ကိုမျမင္ခ်င္သည္ႏွင့္ မိုးေရထဲကိုအတြန႔္အဆုတ္မရိွထြက္သြားတဲ့
ရွင္းကိုေငးၾကၫ့္ရင္း က်င္းရဲ့မ်က္ရည္ေတြက
ပါးျပင္‌ထက္မွာ အဆီးအတားမဲ့စြာေနရာယူလို႔လာခဲ့သည္။
သူ႔လက္ကိုဆြဲၿပီး

"ကိုကို ဘာျဖစ္တာလဲဟင္"

လို႔ ခ်စ္စရာအသံေလးႏွင့္ေမးေနရွာတဲ့
ရွန္းရႉးကိုလည္း သူဂရုမျပဳႏိုင္ေတာ့သလို၊
ျပန္လည္းမေျဖႏိုင္ေတာ့ပါ။
သူ႔ႏွလံုးသားဟာ ရွင္းေၾကာင့္ကြဲေၾကသြားခဲ့ရၿပီ
မဟုတ္ပါလား။
မည္သၫ့္လက္နက္ကိုမ်ွမသံုးသြားေပမယ့္
ရွင္းရဲ့ေအးစက္စက္အၾကၫ့္တစ္ခ်က္က
သူ႔ကိုအႀကိမ္ႀကိမ္ေသဆံုးသြားေစသည္။

နာက်င္သည္။ ရင္ထဲမွာ အပူလိႈင္းေတြတလိပ္လိပ္ႂကြတက္ၿပီး
သံႏွင့္ထိုးဆြေနသလို နာက်င္ေနသည္။
ဒါေပမယ့္ သူဘာမ်ားေတာင္းဆိုခြင့္ရိွပါအံုးမလဲ။
ျငင္းခံခဲ့ရၿပီပဲ။ ရွင္း ထားခဲ့တဲ့ေနရာမွာ
ရပ္တည္ႏိုင္ေအာင္သူႀကိဳးစားရေတာ့မွာေပါ့။

ေသြးမထြက္သၫ့္ ဒဏ္ရာ၊ အေျဖရွာမရသၫ့္နာက်င္မႈ။
ခပ္ရွရွေလးေပမယ့္ ၿငိမ့္ၿငိမ့္ေျငာင္းေျငာင္းရိွလွသၫ့္
အလြမ္းကဗ်ာတစ္ပုဒ္ကို
ေရးဖြဲ႔ေနရသလို မ်က္ရည္တသြင္သြင္က်‌ေစသည္။

ေအာ္ဟစ္သံေတြကလည္ပင္းမွာတစ္ဆို႔ၿပီး
ရင္ဝမွာမြန္းက်ပ္ေနေအာင္ျပဳစားေနေပမယ့္
ရွင္းေပးခဲ့သၫ့္ ဆုလာဒ္ေတြပဲမို႔
သူမလႊတ္ခ်ပဲ ေပြ ့ဖက္ထားမိသည္။
တခ်ိဳ႕ေသာ ခံစားခ်က္ေတြက
ေသတဲ့အခ်ိန္ထိ ရင္ထဲမွာသိမ္းထားဖို႔
အေၾကာင္းျပခ်က္ေတျြပၫ့္ႏွက္ေနသည္ေလ။။။။
ဥပမာ။။ အခ်စ္ဦးေၾကာင့္အသည္းကြဲရတဲ့
ခံစားမႈလိုမ်ိဳးေပါ့။

တစ္ေန့လံုး စိတ္ထဲရိွသမ်ွကိုဖြင့္ခ်ၿပီး
ငိုေႂကြးလိုက္ရၿပီမို႔ မ်က္လံုးေတြက
ေဖာင္းအစ္ကာ ဆီးသီးႏွစ္လံုးမ်က္လံုးေပၚတင္ထားသည္ႏွင့္
တူေနခဲ့၏။ အသည္းကြဲေနပါသည္ဆိုမွ
ေဘးမွာထိုင္ၿပီး

" ကိုကို.....ကိုကို "

ႏွင့္ အဆက္မျပတ္လာေခၚေနသၫ့္ ရွန္းရႉးကိုေတာ့
သူ႔ကိုယ္ရံေတာ္ရဲ့အကူအညီႏွင့္
ေကာင္းကင္ဘံုသို႔ျပန္ပို႔လိုက္ရ၏။
မဟုတ္ရင္ သူ႔နားစည္ေတြ 'တခြမ္းခြမ္း' ႏွင့္
ကြဲကုန္ေတာ့မည္ေလ။

တိတ္ဆိတ္လြန္းတဲ့ညအေမွာင္မွာ ေျပာစရာစကားေတြကိုရင္ထဲမွာခ်ေရးပစ္လိုက္ေတာ့
ခါးသီးလြန္းတဲ့မ်က္ရည္ေတြက စီးက်လာခဲ့ျပန္သည္။

တစ္စံုတစ္ေယာက္.....ခံစားခ်က္ေတြ နားေထာင္ေပးမယ့္ တစ္စံုတစ္ေယာက္ကို ဘယ္မွာရွာေတြ ့ႏိုင္မလဲ။

နံရံေတြမွာနားေတြပါပါရဲ့.....ဘာအတြက္ေၾကာင့္ သက္ရိွကိုမွရွာေဖြရသလဲလို႔‌ေမး‌ေနတဲ့ အသံတခ်ိဳ႕ကလည္း နားထဲမွာပဲ့တင္ထပ္ေနသလိုပင္။

သက္ရိွဆိုတာ ခံစားတတ္တယ္၊စာနာတတ္တယ္၊
သူတို႔ရဲ့ေနြးေထြးေနတဲ့ႏွ‌လံုးေသြးရဲ့ျမစ္ေၾကာင္းဆံုရာမွာ ၾကင္နာမႈေတြရိွတယ္လို႔ ပံုျပင္ေတြထဲမွာသူဖတ္ဖူးသည္။

အပယ္ခံကေလးတစ္ေယာက္ရဲ့ ဂရုစိုက္မႈကို
ငိုယိုေတာင္းခံေနတဲ့ ျမင္ကြင္းကို မ်က္ကြယ္ျပဳထားၾကတဲ့ ‌ေလာကႀကီးမွာ
ရွင္သန္ေနတဲ့သူတစ္ေယာက္က ေနြးေထြးမႈကိုတမ္းတေနမိတာက အေၾကာင္းမဲ့‌ေတာ့မဟုတ္ပါေလ။

တစ္စံုတစ္ေယာက္ဆီက အခ်စ္ကိုရဖို႔
ႏွလံုးေသြးနဲ႔ အသနားခံၿပီးေတာင္းဆိုရမယ္ဆိုရင္ေတာင္
သူေနာက္ဆုတ္မိမယ္မထင္ေတာ့ပါ။

အခ်စ္ခံခ်င္တဲ့သူ‌ေတြက ပိုးဖလံေတြလိုပဲ မီးပံုထဲတိုးဝင္တတ္ၾကတယ္မဟုတ္လား။
က်င္း ကလည္း သူတို႔အထဲကတစ္ေယာက္ပါပဲ။

ေလာင္ကြၽမ္းခံရမယ္ဆိုရင္လည္း သူ႔မွာေရြးခ်ယ္စရာမွမရိွေတာ့တာ။
မိုးေခါင္ေရရွားေဒသမွာ ေရငတ္ေနတဲ့သူက
အဆိပ္ရည္ကိုမက္ေမာစြာေသာက္ဖို႔လည္း ဝန္ေလးမိမွာမဟုတ္ေတာ့ဘူးေလ။

မိုးမခပင္ႀကီး‌ေအာက္မွာ အသံတိတ္ငို‌ေႂကြးေနတဲ့
မ်က္ရည္ေတြသာ စကားေျပာတတ္ခဲ့မယ္ဆိုရင္
သူ႔ကို ဘာေတြေျပာေနမလဲ...... သူသိခ်င္‌ေနမိသည္။တစ္စံုတစ္ေယာက္ကသာ သူ႔ကိုစကားလာေျပာမယ္ဆိုရင္ သိပ္ေပ်ာ္မိမယ္ဆိုတာ ကံတရားက မသိေလေရာ့သလား။

ထိုစဉ္ အသံေလးတစ္ခုကို သူျကားလိုက္သည္။ တစ္ခါမွမၾကားဖူးတဲ့
ေနြးေထြးမႈေတြေပ်ာ္ဝင္ေနတဲ့အသံေလးက
သူ႔ရင္ကို 'ဒိန္း' ခနဲဝင္ေဆာင့္ပစ္ကာ လႈပ္ႏိုးေစခဲ့သည္။

"က်င္း.....ငါေတာင္းပန္ပါတယ္...."

အသံၾကားရာဆီလွမ္းၾကၫ့္လိုက္မိေတာ့
ေသြးေတြရြဲနစ္ေနသၫ့္အျဖဴေရာင္ဝတ္ရံုကို
ဆင္ျမန္းထားသၫ့္ နတ္ဘုရားေလးတစ္ပါးက
သူ႔အေရ႔ွမွာ ဒူးေထာက္လ်က္ရိွေနခဲ့သည္။
စည္းေနွာင္ထားျခင္းမရိွသၫ့္ဆံႏြယ္ေတြက
မ်က္ႏွာကိုဖံုးအုပ္ထားသည္မို႔
မည္သူျဖစ္မည္ဆိုတာကို ခန႔္မွန္း၍မရနိုင္ခဲ့ပါ။

ထိုနတ္ဘုရားေလးရဲ့ လက္ေကာက္ဝတ္ႏွစ္ဘက္လံုးမွာ
အျဖဴေရာင္အလင္းတခ်ိဳ႕ထုတ္လႊတ္ေပးေနသၫ့္
သံႀကိဳးတစ္ခုကေနရာယူေနခဲ့သည္။
ထိုသံႀကိဳးႏွင့္ထိစပ္ေနသၫ့္
အသားေတြကေတာ့ ေသြးအလိမ္းလိမ္းႏွင့္
ပြန္းပဲ့ရာေတြျပၫ့္ႏွက္လို႔ေနသည္။

"ေတာင္းပန္ပါတယ္......ငါ့ကိုမႏိွပ္စက္ပါနဲ႔
ငါအရမ္းနာလြန္းလို႔ပါ......

ငါ့ကိုညင္ညင္သာသာေလးပဲ
ေသခြင့္ေပးပါ.... က်င္းရယ္.....
နာလြန္းလို႔ပါ"

ငိုရိႈက္သံေတြႏွင့္အတူေျပာလာတဲ့
သူ႔ရဲ့ခႏၶာကိုယ္ဟာ တသိမ့္သိမ့္တုန္ကာ
နာက်င္မႈရဲ့အတိမ္အနက္ကိုျပသေနခဲ့သည္။

က်င္းမွာ မည္သူမွန္းမသိေပမယ့္
သနားစရာေကာင္းလြန္းေနသည္မို႔
အလ်င္အျမန္ပင္ဆြဲထူလိုက္မိ၏။
သို႔ေပမယ့္ သူ႔လက္ထဲမွာ မည္သၫ့္အရာမွပါမလာခဲ့ပဲ၊
ေလထုတစ္ခုသာ ေရာက္ရိွလို႔လာခဲ့သည္။
ထို႔ျပင္ နတ္ဘုရားေလးမွာသူ႔ကိုေမာ့၍လည္း
ၾကၫ့္မလာခဲ့သလို၊ မည္သၫ့္တုန႔္ျပန္မႈကိုမွလည္း
သူ႔အတြက္ေပးမလာခဲ့ပါ။

အံ့ဩမႈ၊ ထိတ္လန႔္ေျခာက္ျခားမႈႏွင့္အတူ
က်င္း အေနာက္ကိုသံုးလွမ္းမ်ွဆုတ္မိေခ်ၿပီ။
သူဘာေၾကာင့္ ဒီလိုျဖစ္‌သြားရတာလဲဆိုသၫ့္အေတြးက
သူ႔ရင္ကိုစုန္ခ်ည္၊ ဆန္ခ်ည္ လႈပ္ရွားေစ၏။
သို႔ရာတြင္ ထိုသို႔ေသာစိတ္လႈပ္ရွားမႈမွာ
သူ႔နံေဘးတြင္ရုတ္တရက္ႀကီးေပၚလာသၫ့္
အရိပ္တစ္ခုေၾကာင့္
ရပ္တန႔္သြားရျပန္သည္။
အမွန္ေတာ့ ရပ္တန႔္သြားသည္မဟုတ္၊
သူေအးခဲေတာင့္တင္းသြားရျခင္းသာျဖစ္သည္။

နီရဲေနသၫ့္မ်က္ဝန္းတစ္စံုႏွင့္ ေလွာင္ရယ္ေနသၫ့္
အၿပံဳးတစ္ခု။ အားရေက်နပ္ေနဟန္ႏွင့္
ဝင္းလက္ေနသၫ့္မ်က္ႏွာ။
ဟုတ္သည္။ ဒါက သူပါပဲ။
ရက္စက္မႈအေပါင္းၿခံရံထားသၫ့္အသြင္ကို
ယူထားသၫ့္ သူႏွင့္ခြၽတ္စြတ္တူသၫ့္
နတ္ဆိုးတစ္ပါးက ေျမျပင္ေပၚမွာဒူးေထာက္ေနသၫ့္
နတ္ဘုရားေလးကို က်ာပြတ္ႏွင့္တစ္ခ်က္ခ်င္း
ရိုက္ႏွက္ေန၏။

အၫွာအတာဟူသည္ကင္းမဲ့လ်က္။
နတ္ဘုရားေလးရဲ့ နာက်င္စြာၿငီးျငဴေနသၫ့္
အသံေတြကိုႏွစ္ၿခိဳက္စြာဟားတိုက္ရယ္ေမာေနသၫ့္
အႏွီနတ္ဆိုးရဲ့အသြင္က
သူနဲ႔မွဘာေၾကာင့္လာတူေနရသလဲဆိုတာ
က်င္းစဉ္းစားလို႔မရခဲ့ပါ။

ေအာ္သံ၊ ငိုေႂကြးသံ၊ က်ာပြတ္သံ စသၫ့္အသံသံုးမ်ိဳး၏
ဖိႏိွပ္မႈေအာက္မွာ သူဟာအလူးအလဲႏွင့္ ။
နားေတြကိုပိတ္ထားေပမယ့္ အသံေတြကို
မၾကားရန္အလို႔ငွာထိန္းႏိုင္စြမ္းမရိွခဲ့။
သူေအာ္မိသည္။ တစ္ေယာက္ေယာက္သူ႔ကို
လာကယ္ဖို႔သူေအာ္ေခၚမိသည္။
သို႔ေပမယ့္ သူ႔အသံေတြထြက္မလာႏိုင္ေအာင္
တစ္စံုတစ္ခုက ပိတ္ဆို႔ထားခဲ့ပါသည္။
ၾကၫ့္ရတာေတာ့ အိပ္မက္နယ္ေျမထဲမွာ
သူပိတ္မိေနၿပီထင္ပါရဲ့။။။။

ႏွစ္ၿခိဳက္စြာအိပ္စက္ေနသၫ့္ က်င္းရဲ့အျပစ္ကင္းစင္လွတဲ့ပံုစံေလးကို
ၾကၫ့္ၿပီး ရွင္းခပ္ဖြဖြၿပံဳးလိုက္မိသည္။

"မင္းက တကယ့္ကိုခ်စ္စရာေကာင္းတာပဲ....."

နဖူးေပၚေဝ့ဝဲက်ေနသၫ့္ဆံစေတြကို
သပ္တင္ေပးဖို႔ႀကိဳးစားလိုက္ေပမယ့္
တကယ္တမ္းသူထိလိုက္မိသည္က ေလထုတစ္ခုသာ။
ဟုတ္ပါရဲ့။ သူကဝိဉာဉ္တစ္ေကာင္ဆိုတာ
သူေမ့သြားတာပဲ။ ရွင္းဆိုတာက
ကိုယ္ဖန္တီးထားတဲ့အရာကလြဲရင္
မည္သၫ့္အရာကိုမွ ထိခြင့္မရိွတဲ့ဝိဉာဉ္တစ္ေကာင္ဆိုတာ
က်င္းနဲ႔အတူရိွခ်ိန္တိုင္း သူေမ့ေလ်ာ့ေနစၿမဲပင္။

ထို႔ျပင္ က်င္းႏွင့္နီးနီးကပ္ကပ္ေနခြင့္လည္း
သူ႔မွာမရိွလွပါ။ ဒါေၾကာင့္‌အေနာက္သို႔အနည္းငယ္ဆုတ္လိုက္ၿပီး
အေဝးကေနသာ က်င္းကိုေငးၾကၫ့္ေနလိုက္သည္။
က်င္းဆိုသည္မွာ သူဘယ္ေတာ့မွပိုင္ဆိုင္ခြင့္မရိွေတာ့သၫ့္
နတ္တစ္ပါးပါေလ။

သို႔ရာတြင္ ေငးၾကၫ့္ေနရင္းႏွင့္မူမမွန္မႈတစ္ခုကို
သူခံစားလိုက္ရသည္။ က်င္းရဲ့ခႏၶာကိုယ္က
တစ္စံုတစ္ခုျဖစ္ေနသလိုတုန္ရီေနသည္ေလ။
ရွင္း ထိတ္လန႔္သြားၿပီး မ်က္လံုးေတြမိွတ္ကာ
တစ္စံုတစ္ခုကိုအသံတိတ္ေရရြတ္လိုက္သည္။
သူ႔ဆီကိုတုန႔္ျပန္လာသၫ့္အရာသည္မရိွ။
သံုးႀကိမ္တိုင္တိုင္ျပဳလုပ္ေနေပမယ့္
သူ႔ဆီမည္သၫ့္အရာမွတုန႔္ျပန္မလာခဲ့သည္မို႔
ရွင္း တုန္လႈပ္ေျခာက္ျခားစြာႏွင့္ က်င္းကိုေငးစိုက္ၾကၫ့္လိုက္ၿပီး အသံတိတ္ေရရြတ္လိုက္မိသည္ ။

"မိစၧာမ်က္လံုးရဲ့အစီအရင္လား"

ရွင္းမွာ ခ်က္ခ်င္းပင္ က်င္းရဲ့ေဘးသို႔ေရာက္သြားၿပီး
က်င္းႏိုးထလာႏိုင္ေအာင္ စြမ္းအင္ေတြလႊဲေျပာင္းေပး‌ေနမိ၏။သို့ေပမယ့္
က်င္းရဲ့လက္ရိွစြမ္းအင္က
ေရစြမ္းအင္ျဖစ္သည္မို႔ သူ႔ရဲ့မီးဓာတ္ကို
အႀကိမ္ႀကိမ္တြန္းဖယ္ေနခဲ့သည္။
သို႔အတြက္ က်င္းကိုျပန္လည္ႏိုးထလာေအာင္
မတတ္စြမ္းႏိုင္ခဲ့ပါ။

"ကယ္......ကယ္...ၾကပါ... "

"က်င္း......ထစမ္းပါ.....
ငါ့စကားကိုနားေထာင္.....

စိတ္ကိုစုစည္းလိုက္... ၿပီးရင္ပံုရိပ္ေယာင္ေတြကိုတိုက္ခိုက္ၿပီး
ျပန္ထြက္လာခဲ့စမ္းပါ......."

သို႔‌ေပမယ့္ က်င္းမွာ သူ႔ရဲ့စကားကိုမၾကားသၫ့္ႏွယ္
"ကယ္ၾကပါ" ဆိုသၫ့္စကားတစ္ခြန္းကိုသာ
မ်က္ရည္ေတြၾကားကေန
ထပ္ကာ ၊ ထပ္ကာ ေအာ္ေနခဲ့၏။
စိုးရိမ္မႈေၾကာင့္ ေျခမကိုင္မိ၊ လက္မကိုင္မိႏွင့္
ပူပန္ေသာက ေရာက္ေနခ်ိန္တြင္
က်င္းရဲ့ႏႈတ္ခမ္းဖ်ားမွ
နာမည္တစ္ခုကိုအားကိုးတႀကီးေခၚလိုက္သံက
ထြက္က်လို႔လာခဲ့သည္။

"ရွစ္ဇြင္း......ကြၽန္ေတာ့္ကို......ကယ္ပါဦး...."

"........."

"ရွစ္ဇြင္း!!!"

သူ႔ကိုအားကိုးတႀကီးႏွင့္ ေနာက္တစ္ႀကိမ္ေခၚလိုက္သံကိုၾကားလိုက္သည္ႏွင့္
ရွင္းရဲ့ႏႈတ္ခမ္းေတြက
အခ်ိဳသာဆံုးအၿပံဳးအျဖစ္တြန႔္ေကြးသြားခဲ့ျပီး
က်င္းကိုႏူးညံ့စြာ စကားတစ္ခြန္းဆိုလိုက္ေတာ့သည္။

"ေကာင္းပါၿပီ......ဒီဆရာက မင္းကိုလာကယ္ပါ့မယ္"

ေျပာၿပီးသည္ႏွင့္ ရွင္းသည္ တုန႔္ဆိုင္းျခင္းအလ်ဉ္းမရိွပဲ က်င္းရဲ့နဖူးျပင္ႏွင့္
သူ႔နဖူးျပင္ကိုထိကပ္လိုက္ေတာ့သည္။
ရုတ္တရက္ဆိုသလိုပင္
ေရႊေရာင္ႏွင့္အျဖဴေရာင္အလင္းႏွစ္ခုက
သူတို႔ႏွစ္ေယာက္ၾကားမွာ‌
စူးရွေတာက္ပစြာထြက္ေပၚလာၿပီးရွင္းကို က်င္းရဲ့ခႏၶာကိုယ္ထဲသို႔ဆြဲသြင္းပစ္လိုက္ေတာ့သည္။

Unicode:

ရှင်းရဲ့ဆံသားနုနုလေးတွေပေါ်မှာစည်းနှောင်ထားတဲ့
ခေါင်းစည်းကြိုးက အသွားနှစ်ဖက်ဓားရှည်တစ်ချောင်း
ဖြစ်နေတယ်ဆိုတဲ့အချက်က သူ့ကိုမယုံမရဲဖြစ်စေသည်။
ဘယ်လိုလူမျိုးက ခေါင်းပြတ်မည့်အရေးကို
ထိတ်လန့်မှုမရှိပဲ ‌ဓားကြီးကိုခေါင်းပေါ်တင်ထားလိမ့်မလဲ။
တွေးရင်းနှင့် ကျင်းမှာလည်ပင်း‌ကြီးပြတ်သွားတော့မလိုပင်
ခံစားနေရသည်။ အသည်းတွေလည်းယားလွန်းလို့
ပုရွတ်ဆိတ်တွေတက်နေသလားဟုပင်
ထင်မှတ်ရ၏။

ထိုစဉ်

"ဟေ့.....မင်းဒီနေ့ဓားသိုင်းလေ့ကျင့်ဦးမှာလား.....
ငါ့ဓားရဲ့ကောက်ကြောင်းကို
ထိုင်ငေးနေမှာလား....."

ဆိုသည့်အံကြိတ်ပြောသံတိုးတိုးကိုကြားလိုက်ရသည်မို့ အတွေးတွေကိုဖြတ်တောက်ပစ်ပြီး
အပြုံးတစ်ခုကိုဆင်မြန်းကာ ရှင်းကိုမော့ကြည့်လိုက်မိ၏။
သို့ပေမယ့် သူ့မျက်လုံးတွေက တစ်နေရာသို့ညို့ယူခံလိုက်ရပြီး
အသံတွေကလည်ချောင်းထဲမှာတစ်ဆို့သွားရ၏။

စောင်းပေါ်လက်ထောက်ပြီး ‌သူ့ကိုစိုက်ကြည့်နေသည့်
မျက်ဝန်းတစ်စုံ။ ထောက်ထားသည့်လက်ပေါ်မှာ
မေးဖျားကို ပျင်းရိစွာတင်ထားပြီး
ကျန်လက်တစ်ဖက်ရဲ့လက်ချောင်းလေးတွေနှင့်
စောင်းကြိုးလေးတွေ‌ပေါ်မှာ ပြေးလွှားကစားနေသည့် ရှင်း။
ခေါင်းစည်းကြိုးမရှိတော့ပြီမို့ ပြေလျော့သွားသည့်
ဆံနွယ်ရှည်တွေက ပြတင်းတံခါးကိုဖြတ်သန်းဝင်ရောက်လာတဲ့
လေရဲ့အကူအညီဖြင့် ပိုးပဝါစတစ်ခုနှယ်
သူ့ဆီအလုအယက်ပြေးလာနေကြသည်။

ထိုဆံနွယ်တွေဆီမှလာတဲ့ သနပ်ခါးပန်းရနံ့နှင့်
သန့်စင်တဲ့မီးတောက်ရနံ့က သင်းပျံ့လွန်းသည်မို့
ကျင်းမှာ မျက်နှာအပ်ပြီးနမ်းရှိုက်ချင်စိတ်တွေ
ထိန်းမရနိုင်အောင်ဖြစ်လာရသည်။
နောက်ဆုံးမှာတော့ သူအောင့်အည်းမထားနိုင်တော့သောကြောင့်
အနှစ်နှစ်၊ အလလကြာအောင်
သိမ်းဆည်းထားသည့် မေးခွန်းတစ်ခုကို
မေးလိုက်ဖို့ဆုံးဖြတ်ချက်ချလိုက်တော့သည်။

"ရှစ်စွမ်း..."

"အင်း"

သူ့ကိုပြန်ထူးလာတဲ့ ရှင်းရဲ့မျက်လုံးတွေက
ပျင်းရိလေးဖင့်စွာ စိတ်ဝင်စားမှုကင်းမဲ့လျက်။
သို့ပေမယ့် သူဒီနေ့မှမမေးရင် နောက်ထပ်မေးဖို့အခွင့်အရေးဆိုတာ
ရလာတော့မှာမဟုတ်သည်မို့
အားတင်းပြီးသာ မေးလိုက်တော့သည်။
အသံတွေခြောက်ကပ်အက်ကွဲပြီး
တုန်ရီနေမယ်မှန်းသိပေမယ့်
ဒါကသူ့သတ္တိတွေအကုန်စုပြီးမှ
မေးရတဲ့မေးခွန်းဖြစ်နေသည့်အတွက်
ရှင်းနားလည်ပေးနိုင်မယ်လို့ထင်မိပါသည်။

"ကျွန်တော်......ကျွန်တော်....
သစ္စာပန်းတွေလိုလေ.....
ရှစ်စွမ်းရဲ့နှလုံးသားထဲကို
ပြန်နုတ်လို့မရနိုင်တဲ့ဓားတစ်လက် ထိုးစိုက်ခွင့်ရှိနိုင်မလား"

(ရှစ်ဇွင်းနှလုံးသားရဲ့အနက်ရှိုင်းဆုံး‌နေရာမှာ
ကျွန်တော့်အတွက်နေရာတစ်ခုလောက်
သတ်မှတ်ပေးလို့ရမလား)

သူ့စကားဆုံးသည်နှင့် ရှင်းရဲ့မျက်လုံးတွေကရေခဲတုံးပမာအေးစက်သွားပြီး
မျက်နှာမှာသိသိသာသာပျက်ယွင်းလို့သွား၏။

ကျင်းက ရှင်းရဲ့အချစ်ကိုတောင်းခံတဲ့အနေနဲ့မေးလိုက်ပေမယ့်
အတိတ်တစ်ချိန်က မကောင်းခဲ့တဲ့အမှတ်တရတွေကို
တနင့်တပိုးပွေ့ပိုက်ထားရသည့်
ရှင်းမှာ ကျင်းသူ့ကိုလက်စားပြန်ချေချင်နေတယ်ဟု
အဓိပ္ပာယ်ကောက်လိုက်မိ‌လေသည်။
ရှင်းမှာနာကျင်နေတဲ့နှလုံးသားကို ဥပက္ခာပြုရင်း
ကျင်းမကြားနိုင်တဲ့စကားတချို့ကို
ရင်ထဲမှာသာ ငိုရှိုက်သံများနှင့်အတူပြန်ပြောဖြစ်၏။

'လက်စား‌ချေချင်တဲ့‌နေ့ရက်‌တွေက
ဒီလောက်ကြီးမြန်မြန်ဆန်ဆန်နဲ့
ရောက်လာလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး....ကျင်း

ဒါပေမယ့်လေ.....
မင်းသာ ဆန္ဒရှိမယ်ဆိုရင်
ဒီဓားမကလို့ ကြိုက်တဲ့ဓားသုံးပြီး
ငါ့ရင်ထဲကိုထိုးစိုက်လို့ရပါတယ်......

ဒါက မင်းတစ်ယောက်တည်းကိုပဲပေးတဲ့
အခွင့်အရေးတစ်ခုမို့လက်မလွှတ်လိုက်ပါနဲ့......'

တိတ်ဆိတ်တဲ့လေထုက
သူတို့နှစ်ယောက်အကြားမှာ
ကြီးစိုးသွားပြီး အတန်ကြာသည်အထိ
တစ်ယောက်ကိုတစ်ယောက်ငေးကြည့်ခြင်းဖြင့်သာ
အချိန်တွေကိုကုန်ဆုံးသွားစေသည်။
ရှင်းကလည်း ရင်ထဲမှာသာစကားတွေအများအပြား
ပြောနေပေမယ့် အပြင်ပန်းမှာတော့
ကျောက်ရုပ်တစ်ရုပ်လိုသာ
ငြိမ်သက်နေခဲ့သည်။
ထို့နည်းတူစွာ ကျင်းသည်လည်း
ရှင်းပြန်ပြောမည့် အဖြေကိုစောင့်နေသည်မို့
မျှော်လင့်တကြီးဖြင့်သာ အသံတိတ်စောင့်နေဖြစ်၏။
သို့အတွက် နှစ်ဦးကြားမှအသံတို့
‌ပျောက်ဆုံးသွားရခြင်းဖြစ်သည်။

မည်သူမှလည်း စကားစပြောဖို့မကြိုးစားမိသလို၊
အကြည့်လည်းမလွှဲဖြစ်ခဲ့ကြပါ။
တစ်ခါမှမကြုံဖူးသည့် သူစိမ်းတစ်ယောက်ရဲ့အရှေ့မှာ
ထိုင်နေသလိုမျိုး ငေးစိုက်ကြည့်ခြင်းဖြင့်သာ
အဆုံးသတ်သို့ တဖြည်းဖြည်းသွားစေသည်။
တစ်စုံတစ်ယောက်များ စကားစပြောလာလေမလားဟု
မျှော်လင့်နေရင်းနှင့်ပေါ့။

ထိုစဉ်။။။။။။။။

"ကိုကိုရေ....."

ဆိုသည့် နာမ်စားကိုသံရှည်ဆွဲပြီးခေါ်လိုက်သည့်
အသံကြောင့် နှစ်‌ယောက်လုံးအသိပြန်ဝင်လာရ၏။
ရှင်းက သူ့အရှေ့မှာရှိနေတဲ့စောင်းထံ
လက်တစ်ချက်ဝေ့ယမ်းလိုက်ပြီး
လက်စွပ်တွေအဖြစ်သို့ပြန်လည်ပြောင်းယူလိုက်သည်။
ကျင်းရဲ့လက်ထဲက ဓားကိုတော့ယူရမလား၊
မယူရမလားနှင့် တွေဝေနေမိသေးသည်။
သို့ပေမယ့် သူ့အရှေ့မှာ ကျင်းကဒူးတစ်ဖက်ထောက်ထိုင်လိုက်ပြီး
ဓားကိုလက်နှစ်ဖက်နှင့်ရိုသေစွာပေးလာသည်မို့
ပြန်ယူလိုက်ရသည်။

သို့သော်ငြား စိတ်လှုပ်ရှားနေသည်မို့
ခေါင်းစည်းကြိုးအဖြစ်ပြန်မပြောင်းပဲ
ဓားအဖြစ်သာ ကိုင်ဆောင်လိုက်ပြီး
မိုးရေထဲသို့တွန့်ဆုတ်ခြင်းကင်းမဲ့စွာဖြင့်
ကျောခိုင်းထွက်လာမိတော့သည်။
အနောက်မှာ ကျင်းမည်သို့သောအနေအထားနှင့်
ကျန်ရစ်မည်ကိုလည်း သူပြန်လှည့်မကြည့်နိုင်တော့သလို။
သူ့ကိုယ်သူလည်း မည်သို့ပုံစံဖြစ်နေမည်ကိုဂရုမစိုက်နိုင်တော့ပါ။

ယခင်တုန်းကတော့ သူ့ရဲ့ခန္ဓာကိုယ်ထဲမိုးရေတွေ
ထိုးဖောက်ဝင်ရောက်နေပုံကို
အခြားသူတြွေမင်ရင် ရှက်စရာကောင်းသည်ဟု
ယူဆမိသည်ဖြစ်၍ မိုးရွာစဉ်အပြင်ထွက်ဖို့
တွန့်ဆုတ်နေမိခဲ့သည်။
အခုချိန်မှာတော့ သူတွန့်ဆုတ်နေလို့မဖြစ်တော့ပါ။
ကျင်းကို သူ့ချစ်သူနှင့်ပျော်ရွှင်စွာဖြတ်သန်း‌စေဖို့
သူထွက်သွားပေးရမည်လေ ။
ကျင်းအတွက် ပျော်ရွှင်စရာတွေဖန်တီးမပေးနိုင်ပေမယ့်
အနှောက်အယှက်တစ်ခုမဖြစ်စေဖို့
သူကြိုးစားချင်မိသည်။

ကျင်းရဲ့မှတ်ဉာဏ်ထဲမှာ သူ့ကိုအမှိုက်တစ်စလိုစွဲထင်နေမှာ
အကြောက်ဆုံးပေမို့
သူအလိုက်တသိနှင့် ရှောက်ထွက်လာခြင်းဖြစ်သည်။
နာကျင်ပေမယ့်......ကျင်းပျော်မယ်ဆိုရင်
သူငိုနေရလည်း ဘာအရေးလဲ။
အရာရာဟာ ကျင်းအတွက်ပါပဲလေ။
သူက‌တော့ နာကျင်မှုနှင့်ကျင့်သားရနေပြီမို့
အဆင်ပြေပါသည်။။။။။။။။

သူ့ကိုမမြင်ချင်သည်နှင့် မိုးရေထဲကိုအတွန့်အဆုတ်မရှိထွက်သွားတဲ့
ရှင်းကိုငေးကြည့်ရင်း ကျင်းရဲ့မျက်ရည်တွေက
ပါးပြင်‌ထက်မှာ အဆီးအတားမဲ့စွာနေရာယူလို့လာခဲ့သည်။
သူ့လက်ကိုဆွဲပြီး

"ကိုကို ဘာဖြစ်တာလဲဟင်"

လို့ ချစ်စရာအသံလေးနှင့်မေးနေရှာတဲ့
ရှန်းရှူးကိုလည်း သူဂရုမပြုနိုင်တော့သလို၊
ပြန်လည်းမဖြေနိုင်တော့ပါ။
သူ့နှလုံးသားဟာ ရှင်းကြောင့်ကွဲကြေသွားခဲ့ရပြီ
မဟုတ်ပါလား။
မည်သည့်လက်နက်ကိုမျှမသုံးသွားပေမယ့်
ရှင်းရဲ့အေးစက်စက်အကြည့်တစ်ချက်က
သူ့ကိုအကြိမ်ကြိမ်သေဆုံးသွားစေသည်။

နာကျင်သည်။ ရင်ထဲမှာ အပူလှိုင်းတွေတလိပ်လိပ်ကြွတက်ပြီး
သံနှင့်ထိုးဆွနေသလို နာကျင်နေသည်။
ဒါပေမယ့် သူဘာများတောင်းဆိုခွင့်ရှိပါအုံးမလဲ။
ငြင်းခံခဲ့ရပြီပဲ။ ရှင်း ထားခဲ့တဲ့နေရာမှာ
ရပ်တည်နိုင်အောင်သူကြိုးစားရတော့မှာပေါ့။

သွေးမထွက်သည့် ဒဏ်ရာ၊ အဖြေရှာမရသည့်နာကျင်မှု။
ခပ်ရှရှလေးပေမယ့် ငြိမ့်ငြိမ့်ငြောင်းငြောင်းရှိလှသည့်
အလွမ်းကဗျာတစ်ပုဒ်ကို
ရေးဖွဲ့နေရသလို မျက်ရည်တသွင်သွင်ကျ‌စေသည်။

အော်ဟစ်သံတွေကလည်ပင်းမှာတစ်ဆို့ပြီး
ရင်ဝမှာမွန်းကျပ်နေအောင်ပြုစားနေပေမယ့်
ရှင်းပေးခဲ့သည့် ဆုလာဒ်တွေပဲမို့
သူမလွှတ်ချပဲ ပွေ့ဖက်ထားမိသည်။
တချို့သော ခံစားချက်တွေက
သေတဲ့အချိန်ထိ ရင်ထဲမှာသိမ်းထားဖို့
အကြောင်းပြချက်တြွေပည့်နှက်နေသည်လေ။။။။
ဥပမာ။။ အချစ်ဦးကြောင့်အသည်းကွဲရတဲ့
ခံစားမှုလိုမျိုးပေါ့။

တစ်နေ့လုံး စိတ်ထဲရှိသမျှကိုဖွင့်ချပြီး
ငိုကြွေးလိုက်ရပြီမို့ မျက်လုံးတွေက
ဖောင်းအစ်ကာ ဆီးသီးနှစ်လုံးမျက်လုံးပေါ်တင်ထားသည်နှင့်
တူနေခဲ့၏။ အသည်းကွဲနေပါသည်ဆိုမှ
ဘေးမှာထိုင်ပြီး

" ကိုကို.....ကိုကို "

နှင့် အဆက်မပြတ်လာခေါ်နေသည့် ရှန်းရှူးကိုတော့
သူ့ကိုယ်ရံတော်ရဲ့အကူအညီနှင့်
ကောင်းကင်ဘုံသို့ပြန်ပို့လိုက်ရ၏။
မဟုတ်ရင် သူ့နားစည်တွေ 'တခွမ်းခွမ်း' နှင့်
ကွဲကုန်တော့မည်လေ။

တိတ်ဆိတ်လွန်းတဲ့ညအမှောင်မှာ ပြောစရာစကားတွေကိုရင်ထဲမှာချရေးပစ်လိုက်တော့
ခါးသီးလွန်းတဲ့မျက်ရည်တွေက စီးကျလာခဲ့ပြန်သည်။

တစ်စုံတစ်ယောက်.....ခံစားချက်တွေ နားထောင်ပေးမယ့် တစ်စုံတစ်ယောက်ကို ဘယ်မှာရှာတွေ့နိုင်မလဲ။

နံရံတွေမှာနားတွေပါပါရဲ့.....ဘာအတွက်ကြောင့် သက်ရှိကိုမှရှာဖွေရသလဲလို့‌မေး‌နေတဲ့ အသံတချို့ကလည်း နားထဲမှာပဲ့တင်ထပ်နေသလိုပင်။

သက်ရှိဆိုတာ ခံစားတတ်တယ်၊စာနာတတ်တယ်၊
သူတို့ရဲ့နွေးထွေးနေတဲ့နှ‌လုံးသွေးရဲ့မြစ်ကြောင်းဆုံရာမှာ ကြင်နာမှုတွေရှိတယ်လို့ ပုံပြင်တွေထဲမှာသူဖတ်ဖူးသည်။

အပယ်ခံကလေးတစ်ယောက်ရဲ့ ဂရုစိုက်မှုကို
ငိုယိုတောင်းခံနေတဲ့ မြင်ကွင်းကို မျက်ကွယ်ပြုထားကြတဲ့ ‌လောကကြီးမှာ
ရှင်သန်နေတဲ့သူတစ်ယောက်က နွေးထွေးမှုကိုတမ်းတနေမိတာက အကြောင်းမဲ့‌တော့မဟုတ်ပါလေ။

တစ်စုံတစ်ယောက်ဆီက အချစ်ကိုရဖို့
နှလုံးသွေးနဲ့ အသနားခံပြီးတောင်းဆိုရမယ်ဆိုရင်တောင်
သူနောက်ဆုတ်မိမယ်မထင်တော့ပါ။

အချစ်ခံချင်တဲ့သူ‌တွေက ပိုးဖလံတွေလိုပဲ မီးပုံထဲတိုးဝင်တတ်ကြတယ်မဟုတ်လား။
ကျင်း ကလည်း သူတို့အထဲကတစ်ယောက်ပါပဲ။

လောင်ကျွမ်းခံရမယ်ဆိုရင်လည်း သူ့မှာရွေးချယ်စရာမှမရှိတော့တာ။
မိုးခေါင်ရေရှားဒေသမှာ ရေငတ်နေတဲ့သူက
အဆိပ်ရည်ကိုမက်မောစွာသောက်ဖို့လည်း ဝန်လေးမိမှာမဟုတ်တော့ဘူးလေ။

မိုးမခပင်ကြီး‌အောက်မှာ အသံတိတ်ငို‌ကြွေးနေတဲ့
မျက်ရည်တွေသာ စကားပြောတတ်ခဲ့မယ်ဆိုရင်
သူ့ကို ဘာတွေပြောနေမလဲ...... သူသိချင်‌နေမိသည်။တစ်စုံတစ်ယောက်ကသာ သူ့ကိုစကားလာပြောမယ်ဆိုရင် သိပ်ပျော်မိမယ်ဆိုတာ ကံတရားက မသိလေရော့သလား။

ထိုစဉ် အသံလေးတစ်ခုကို သူကြားလိုက်သည်။ တစ်ခါမှမကြားဖူးတဲ့
နွေးထွေးမှုတွေပျော်ဝင်နေတဲ့အသံလေးက
သူ့ရင်ကို 'ဒိန်း' ခနဲဝင်ဆောင့်ပစ်ကာ လှုပ်နိုးစေခဲ့သည်။

"ကျင်း.....ငါတောင်းပန်ပါတယ်...."

အသံကြားရာဆီလှမ်းကြည့်လိုက်မိတော့
သွေးတွေရွဲနစ်နေသည့်အဖြူရောင်ဝတ်ရုံကို
ဆင်မြန်းထားသည့် နတ်ဘုရားလေးတစ်ပါးက
သူ့အရှေ့မှာ ဒူးထောက်လျက်ရှိနေခဲ့သည်။
စည်းနှောင်ထားခြင်းမရှိသည့်ဆံနွယ်တွေက
မျက်နှာကိုဖုံးအုပ်ထားသည်မို့
မည်သူဖြစ်မည်ဆိုတာကို ခန့်မှန်း၍မရနိုင်ခဲ့ပါ။

ထိုနတ်ဘုရားလေးရဲ့ လက်ကောက်ဝတ်နှစ်ဘက်လုံးမှာ
အဖြူရောင်အလင်းတချို့ထုတ်လွှတ်ပေးနေသည့်
သံကြိုးတစ်ခုကနေရာယူနေခဲ့သည်။
ထိုသံကြိုးနှင့်ထိစပ်နေသည့်
အသားတွေကတော့ သွေးအလိမ်းလိမ်းနှင့်
ပွန်းပဲ့ရာတွေပြည့်နှက်လို့နေသည်။

"တောင်းပန်ပါတယ်......ငါ့ကိုမနှိပ်စက်ပါနဲ့
ငါအရမ်းနာလွန်းလို့ပါ......

ငါ့ကိုညင်ညင်သာသာလေးပဲ
သေခွင့်ပေးပါ.... ကျင်းရယ်.....
နာလွန်းလို့ပါ"

ငိုရှိုက်သံတွေနှင့်အတူပြောလာတဲ့
သူ့ရဲ့ခန္ဓာကိုယ်ဟာ တသိမ့်သိမ့်တုန်ကာ
နာကျင်မှုရဲ့အတိမ်အနက်ကိုပြသနေခဲ့သည်။

ကျင်းမှာ မည်သူမှန်းမသိပေမယ့်
သနားစရာကောင်းလွန်းနေသည်မို့
အလျင်အမြန်ပင်ဆွဲထူလိုက်မိ၏။
သို့ပေမယ့် သူ့လက်ထဲမှာ မည်သည့်အရာမှပါမလာခဲ့ပဲ၊
လေထုတစ်ခုသာ ရောက်ရှိလို့လာခဲ့သည်။
ထို့ပြင် နတ်ဘုရားလေးမှာသူ့ကိုမော့၍လည်း
ကြည့်မလာခဲ့သလို၊ မည်သည့်တုန့်ပြန်မှုကိုမှလည်း
သူ့အတွက်ပေးမလာခဲ့ပါ။

အံ့ဩမှု၊ ထိတ်လန့်ခြောက်ခြားမှုနှင့်အတူ
ကျင်း အနောက်ကိုသုံးလှမ်းမျှဆုတ်မိချေပြီ။
သူဘာကြောင့် ဒီလိုဖြစ်‌သွားရတာလဲဆိုသည့်အတွေးက
သူ့ရင်ကိုစုန်ချည်၊ ဆန်ချည် လှုပ်ရှားစေ၏။
သို့ရာတွင် ထိုသို့သောစိတ်လှုပ်ရှားမှုမှာ
သူ့နံဘေးတွင်ရုတ်တရက်ကြီးပေါ်လာသည့်
အရိပ်တစ်ခုကြောင့်
ရပ်တန့်သွားရပြန်သည်။
အမှန်တော့ ရပ်တန့်သွားသည်မဟုတ်၊
သူအေးခဲတောင့်တင်းသွားရခြင်းသာဖြစ်သည်။

နီရဲနေသည့်မျက်ဝန်းတစ်စုံနှင့် လှောင်ရယ်နေသည့်
အပြုံးတစ်ခု။ အားရကျေနပ်နေဟန်နှင့်
ဝင်းလက်နေသည့်မျက်နှာ။
ဟုတ်သည်။ ဒါက သူပါပဲ။
ရက်စက်မှုအပေါင်းခြံရံထားသည့်အသွင်ကို
ယူထားသည့် သူနှင့်ချွတ်စွတ်တူသည့်
နတ်ဆိုးတစ်ပါးက မြေပြင်ပေါ်မှာဒူးထောက်နေသည့်
နတ်ဘုရားလေးကို ကျာပွတ်နှင့်တစ်ချက်ချင်း
ရိုက်နှက်နေ၏။

အညှာအတာဟူသည်ကင်းမဲ့လျက်။
နတ်ဘုရားလေးရဲ့ နာကျင်စွာငြီးငြူနေသည့်
အသံတွေကိုနှစ်ခြိုက်စွာဟားတိုက်ရယ်မောနေသည့်
အနှီနတ်ဆိုးရဲ့အသွင်က
သူနဲ့မှဘာကြောင့်လာတူနေရသလဲဆိုတာ
ကျင်းစဉ်းစားလို့မရခဲ့ပါ။

အော်သံ၊ ငိုကြွေးသံ၊ ကျာပွတ်သံ စသည့်အသံသုံးမျိုး၏
ဖိနှိပ်မှုအောက်မှာ သူဟာအလူးအလဲနှင့် ။
နားတွေကိုပိတ်ထားပေမယ့် အသံတွေကို
မကြားရန်အလို့ငှာထိန်းနိုင်စွမ်းမရှိခဲ့။
သူအော်မိသည်။ တစ်ယောက်ယောက်သူ့ကို
လာကယ်ဖို့သူအော်ခေါ်မိသည်။
သို့ပေမယ့် သူ့အသံတွေထွက်မလာနိုင်အောင်
တစ်စုံတစ်ခုက ပိတ်ဆို့ထားခဲ့ပါသည်။
ကြည့်ရတာတော့ အိပ်မက်နယ်မြေထဲမှာ
သူပိတ်မိနေပြီထင်ပါရဲ့။။။။

နှစ်ခြိုက်စွာအိပ်စက်နေသည့် ကျင်းရဲ့အပြစ်ကင်းစင်လှတဲ့ပုံစံလေးကို
ကြည့်ပြီး ရှင်းခပ်ဖွဖွပြုံးလိုက်မိသည်။

"မင်းက တကယ့်ကိုချစ်စရာကောင်းတာပဲ....."

နဖူးပေါ်ဝေ့ဝဲကျနေသည့်ဆံစတွေကို
သပ်တင်ပေးဖို့ကြိုးစားလိုက်ပေမယ့်
တကယ်တမ်းသူထိလိုက်မိသည်က လေထုတစ်ခုသာ။
ဟုတ်ပါရဲ့။ သူကဝိဉာဉ်တစ်ကောင်ဆိုတာ
သူမေ့သွားတာပဲ။ ရှင်းဆိုတာက
ကိုယ်ဖန်တီးထားတဲ့အရာကလွဲရင်
မည်သည့်အရာကိုမှ ထိခွင့်မရှိတဲ့ဝိဉာဉ်တစ်ကောင်ဆိုတာ
ကျင်းနဲ့အတူရှိချိန်တိုင်း သူမေ့လျော့နေစမြဲပင်။

ထို့ပြင် ကျင်းနှင့်နီးနီးကပ်ကပ်နေခွင့်လည်း
သူ့မှာမရှိလှပါ။ ဒါကြောင့်‌အနောက်သို့အနည်းငယ်ဆုတ်လိုက်ပြီး
အဝေးကနေသာ ကျင်းကိုငေးကြည့်နေလိုက်သည်။
ကျင်းဆိုသည်မှာ သူဘယ်တော့မှပိုင်ဆိုင်ခွင့်မရှိတော့သည့်
နတ်တစ်ပါးပါလေ။

သို့ရာတွင် ငေးကြည့်နေရင်းနှင့်မူမမှန်မှုတစ်ခုကို
သူခံစားလိုက်ရသည်။ ကျင်းရဲ့ခန္ဓာကိုယ်က
တစ်စုံတစ်ခုဖြစ်နေသလိုတုန်ရီနေသည်လေ။
ရှင်း ထိတ်လန့်သွားပြီး မျက်လုံးတွေမှိတ်ကာ
တစ်စုံတစ်ခုကိုအသံတိတ်ရေရွတ်လိုက်သည်။
သူ့ဆီကိုတုန့်ပြန်လာသည့်အရာသည်မရှိ။
သုံးကြိမ်တိုင်တိုင်ပြုလုပ်နေပေမယ့်
သူ့ဆီမည်သည့်အရာမှတုန့်ပြန်မလာခဲ့သည်မို့
ရှင်း တုန်လှုပ်ခြောက်ခြားစွာနှင့် ကျင်းကိုငေးစိုက်ကြည့်လိုက်ပြီး အသံတိတ်ရေရွတ်လိုက်မိသည် ။

"မိစ္ဆာမျက်လုံးရဲ့အစီအရင်လား"

ရှင်းမှာ ချက်ချင်းပင် ကျင်းရဲ့ဘေးသို့ရောက်သွားပြီး
ကျင်းနိုးထလာနိုင်အောင် စွမ်းအင်တွေလွှဲပြောင်းပေး‌နေမိ၏။သို့ပေမယ့်
ကျင်းရဲ့လက်ရှိစွမ်းအင်က
ရေစွမ်းအင်ဖြစ်သည်မို့ သူ့ရဲ့မီးဓာတ်ကို
အကြိမ်ကြိမ်တွန်းဖယ်နေခဲ့သည်။
သို့အတွက် ကျင်းကိုပြန်လည်နိုးထလာအောင်
မတတ်စွမ်းနိုင်ခဲ့ပါ။

"ကယ်......ကယ်...ကြပါ... "

"ကျင်း......ထစမ်းပါ.....
ငါ့စကားကိုနားထောင်.....

စိတ်ကိုစုစည်းလိုက်... ပြီးရင်ပုံရိပ်ယောင်တွေကိုတိုက်ခိုက်ပြီး
ပြန်ထွက်လာခဲ့စမ်းပါ......."

သို့‌ပေမယ့် ကျင်းမှာ သူ့ရဲ့စကားကိုမကြားသည့်နှယ်
"ကယ်ကြပါ" ဆိုသည့်စကားတစ်ခွန်းကိုသာ
မျက်ရည်တွေကြားကနေ
ထပ်ကာ ၊ ထပ်ကာ အော်နေခဲ့၏။
စိုးရိမ်မှုကြောင့် ခြေမကိုင်မိ၊ လက်မကိုင်မိနှင့်
ပူပန်သောက ရောက်နေချိန်တွင်
ကျင်းရဲ့နှုတ်ခမ်းဖျားမှ
နာမည်တစ်ခုကိုအားကိုးတကြီးခေါ်လိုက်သံက
ထွက်ကျလို့လာခဲ့သည်။

"ရှစ်ဇွင်း......ကျွန်တော့်ကို......ကယ်ပါဦး...."

"........."

"ရှစ်ဇွင်း!!!"

သူ့ကိုအားကိုးတကြီးနှင့် နောက်တစ်ကြိမ်ခေါ်လိုက်သံကိုကြားလိုက်သည်နှင့်
ရှင်းရဲ့နှုတ်ခမ်းတွေက
အချိုသာဆုံးအပြုံးအဖြစ်တွန့်ကွေးသွားခဲ့ပြီး
ကျင်းကိုနူးညံ့စွာ စကားတစ်ခွန်းဆိုလိုက်တော့သည်။

"ကောင်းပါပြီ......ဒီဆရာက မင်းကိုလာကယ်ပါ့မယ်"

ပြောပြီးသည်နှင့် ရှင်းသည် တုန့်ဆိုင်းခြင်းအလျဉ်းမရှိပဲ ကျင်းရဲ့နဖူးပြင်နှင့်
သူ့နဖူးပြင်ကိုထိကပ်လိုက်တော့သည်။
ရုတ်တရက်ဆိုသလိုပင်
ရွှေရောင်နှင့်အဖြူရောင်အလင်းနှစ်ခုက
သူတို့နှစ်ယောက်ကြားမှာ‌
စူးရှတောက်ပစွာထွက်ပေါ်လာပြီးရှင်းကို ကျင်းရဲ့ခန္ဓာကိုယ်ထဲသို့ဆွဲသွင်းပစ်လိုက်တော့သည်။

© Sun Elf,
книга «The truth untold».
Коментарі