Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 20
ထိတ္လန႔္မႈတစ္ခု။။။။။

စိုးရိမ္မႈတစ္စြန္းတစ္စ။။။။။

‌ဘာေၾကာင့္ရယ္မသိ ပါးျပင္ေပၚစီးဆင္းသြားပါေသာ
မ်က္ရည္ေလး တစ္ေပါက္။။။။။

အရာရာဟာ သူ႔အဓိပၸာယ္နဲ႔သူရိွေနၿပီး၊
တူညီမႈအနည္းငယ္မွမရိွပါပဲနဲ႔
မ်ဉ္းေျဖာင့္သံုးေၾကာင္းႏွယ္၊
ေဝးကြာလွတဲ့အစြန္းတစ္ဖက္မွာေတာ့
ထပ္တူက်သြားပါရဲ့။

အိပ္မက္အစီအရင္ထဲကေန
ရွင္းကိုေနနန္းေတာ္ဆီ ျပန္ပို႔ေပးခဲ့သည္မို႔၊
ယခုခ်ိန္ထိ ရွင္းမွာ ထိုေနရာမွာပင္ရိွေနေပလိမ့္မည္။
ဒါဆိုရင္ သူခုနကကၾကားလိုက္ရတဲ့
ေၾကာက္မက္ဖြယ္ရာအသံႀကီးက
ရွင္း ရိွရာ‌ေနရာကေနလာတာလား။

ဒါမွမဟုတ္ ရွင္းဆီလာဖို႔ႀကံရြယ္ေနတဲ့
အႏၲရာယ္ဆိုးတစ္ခုေပလား။။။။။

စိုးရိမ္စိတ္ေတြမ်ားလြန္းတဲ့အခါ
ႏွလံုးခုန္သံေတျြပန္လာတတ္သတဲ့။
ဟုတ္မယ္ထင္ပါရဲ့။
အခု သူ႔ရင္ထဲမွာအသံေတြထြက္ေပၚေနခဲ့တယ္ေလ။
ေသာ့ခတ္ထားတဲ့အလံုပိတ္အခန္းထဲမွ
ရုန္းထြက္ခ်င္ေနရွာတဲ့
သားရဲတစ္ေကာင္ႏွယ္။
နံရံေတြကို ထုရိုက္ေနပါ၏။
ၿဖိဳဖ်က္ပစ္ဖို႔ႀကိဳးစားေနပါ၏။
သူလြတ္ေျမာက္ဖို႔ ရလာသမ်ွ
အခြင့္အေရးအားလံုးကိုခ်ဳပ္ကိုင္ဖို႔
ႀကိဳးပမ္းေနပါ၏။

ခ်ိဳးယြဲ႔မွာ စုန္ခ်ည္၊ဆန္ခ်ည္ ယိမ္းထိုးေနပါသၫ့္
ထိုတုန္လႈပ္မႈမ်ားကို ဥပကၡာမျပဳႏိုင္ေတာ့ပဲ၊
က်င္းဆီသို့လြဲေျပာင္းေပးေနသၫ့္
အသက္ဝိဉာဉ္ဓာတ္ကိုျပန္လည္သိမ္းဆည္းၿပီး
နတ္ဘုရားနယ္ေျမသို႔ အေျပးတစ္ပိုင္း
ထြက္လာမိေခ်ၿပီ။

သူ႔ရင္ထဲမွာ ထိုသူနဲ႔ပတ္သတ္ၿပီး
အမုန္းေတြလည္းရိွခဲ့သလို၊
ျဖတ္ေတာက္မရႏိုင္ေလာက္ေအာင္
ၿမဲျမံလွသၫ့္ သံေယာဇဉ္ေတြလည္းရိွပါ၏။
ဒါေပမယ့္ ထိုစိတၲဇနာမ္ႏွစ္ခုကို
ႀကိဳးတစ္ဖက္တစ္ခ်က္စီမွာ
ခ်ည္ေနွာင္ၿပီး လြန္ဆြဲၾကၫ့္ဖို႔
ႀကိဳးစားၾကၫ့္မည္ဆိုလ်င္
သံေယာဇဉ္ေတြကသာ အေလးသာပါလိမ့္မည္။

"ရွစ္ဇြင္းကို ဘယ္တုန္းကမွမမုန္းခ်င္ခဲ့ပါဘူးဗ်ာ "

တိုးတိုးတိတ္တိတ္ေရရြတ္လိုက္သံက
ႏွလံုးသားကိုနင္းေခ်သြားတဲ့
လွည္းဘီးႏွယ္၊ ၫွာတာမႈမရိွသလို၊
လွၫ့္ၾကၫ့္ျခင္းလည္းမရိွပါေလ။
ထိုခံစားမႈက ေရ‌ေနြးျမစ္ထဲပစ္ခ်ခံလိုက္ရျခင္းနဲ႔လည္း
အလားသ႑ာန္ဆင္၏။
ရုန္းထြက္မရႏိုင္ေအာင္ ေရနက္ပိုင္းထိဆြဲေခၚသြားၿပီး
ေလာင္ကြၽမ္းျပာက်သြားေစဖို႔
လွမ္းကမ္းေနပါ၏။

ဘယ္ေလာက္ထိ ႏိွပ္စက္ႏိုင္ပါသလဲလို႔ေမးရင္
ေျခေထာက္ေတြၫႊတ္ေခြက်သြားတဲ့အထိပါလို႔
ေျဖရလိမ့္မည္ထင္သည္။
လႈပ္ရွားဖို႔ အားအင္ဟူသည္
သစ္အိုပင္ႀကီးကိုႏႈတ္ဆက္ထြက္ခြာသြားတဲ့
ငွက္ကေလးတစ္ေကာင္လို။

ဒါေပမယ့္ သူေရ႔ွဆက္သြားရေပမည္။
သူသိပ္ခ်စ္ရတဲ့ရွစ္ဇြင္းကို
သူ႔ပေယာဂေၾကာင့္ ဆံုးရႈံးသြားခဲ့ရတယ္ဆိုတဲ့
ခံစားခ်က္မ်ိဳးႀကီးနဲ႔ဘဝလမ္းခရီးကို
ေရ႔ွမဆက္ခ်င္ပါ။

ေရ႔ွဆက္ဖို႔လည္း အားအင္ရိွ‌ေတာ့မည္မထင္။။။။။

သူက ရွစ္ဇြင္းကိုသိပ္ခ်စ္‌ေနမိတာေလ။။။။။

သူ႔ကိုလံုးဝျပန္မခ်စ္ေတာ့ဘူးဆိုတာ
သိေနေပမယ့္လည္းေပါ့။။။။

အားတင္းၿပီးေျပးလာစဉ္
အေဝးကေနလွမ္းျမင္လိုက္ရတဲ့
ေရာ္ရြက္ဝါတို႔ဖံုးလႊမ္းေနတဲ့
နယ္ေျမတစ္ခုေၾကာင့္
ခ်ိဳးယြဲ႔ရဲ့ေျခလွမ္းေတြက
‌ေနွးေကြးသြားရျပန္သည္။
သူ႔ကိုနတ္ဘုရားနယ္ေျမဆီဘယ္ေတာ့မွ
ေျခခ်ဖို႔မႀကိဳးစားနဲ႔ ဟုေျပာထားပါေသာ
ရွစ္ဇြင္းရဲ့စကားသံေတြက
နားစည္ကိုရိုက္ခတ္လို႔၊
ဦးေနွာက္ကိုအခ်က္ေပးေနၾက၏။

ကနဦးအစတုန္းကေတာ့
က်င္းကို မႏၲာန္ေတြ၊ နည္းလမ္းေတြေျပာျပၿပီး
ရွင္းကိုကယ္တင္ခိုင္းဖို႔
ႀကံရြယ္ခဲ့ေပမယ့္၊
အခုခ်ိန္မွာေတာ့ အရာရာဟာေနာက္ေၾကာင္းျပန္လွၫ့္လို႔
ရေတာ့မည္မဟုတ္။
က်င္းကိုေစာင့္ဆိုင္းေနဖို႔လည္းအခ်ိန္မရိွေတာ့သလို၊
ရွင္းကိုကယ္တင္ဖို႔ကလည္း
အခ်ိန္ဆြဲလို႔ရမေနခဲ့ပါ။

ဒါေၾကာင့္ ရွင္းရဲ့အမိန႔္ကိုပယ္ဖ်က္ၿပီး
နတ္ဘုရားနယ္ေျမထဲသို႔သာ
ဝင္ဖို႔ႀကံရြယ္လိုက္ရေတာ့၏။
ထိုစဉ္ အံဩဖြယ္ေကာင္းလွေသာျဖစ္ရပ္တစ္ခုက
သူ႔ကိုလက္ျပႏႈတ္ဆက္လို႔လာခဲ့၏။

ေကာင္းကင္ဘံုနယ္နိမိတ္စည္းတစ္ခုလံုး
တုန္လႈပ္သြားျခင္း။။။။။။

စိတ္ညို႔ေရကန္ထဲမွနဂါးတစ္ေကာင္ပမာ၊ ‌မိုးေပၚဆန္တက္လာသၫ့္
ေရလိႈင္းေတြသည္ ရွင္းကာရံထားပါေသာ
နယ္နိမိတ္စည္းကို ျပင္းထန္စြာရိုက္ခတ္လိုက္ၿပီး
နတ္ဆိုးနယ္ေျမနဲ႔ျပန္လည္ဆက္သြယ္ဖို႔
ႀကိဳးစားေနၾက၏။
အၿငိဳးႀကီးလွသၫ့္ မိစၧာနတ္ဆိုးတစ္ေကာင္ႏွယ္။
အရာရာကိုဖ်က္စီးပစ္ဖို႔
အသင့္ျဖစ္ေနသၫ့္ အႏွီေရလိႈင္းေတြရဲ့အေရ႔ွမွာေတာ့
အျပာေရာင္အရိပ္ေလးတစ္ခုရိွေနခဲ့၏။
ထိုအရိပ္ေလးသည္‌ေသးငယ္လြန္းလွသည္မို႔
ဘယ္သူဘယ္ဝါျဖစ္ေၾကာင္း
ခြဲျခားဖို႔ကို‌ေတာ့မတတ္စြမ္းႏိုင္ခဲ့ေပ။


ခ်ိဳးယြဲ႔သည္ ထိုအရိပ္အေၾကာင္းကို
ေတြးေနဖို႔အခ်ိန္မရိွသည္မို႔
နတ္ဘုရားနယ္ေျမထဲသို႔သာ
ေျပးဝင္သြားေတာ့သည္။
သူ‌ဝင္သြားၿပီး ခဏအၾကာမွာေတာ့
ဟြားရန္၊ ဖန႔္ယြင္နဲ႔ ရွဲ႔ယန္တို႔သည္
ရွင္းကို ေနနန္းေတာ္မွာ
တစ္ေယာက္တည္းထားခဲ့ၿပီး
ေကာင္းကင္ဘံုနယ္နိမိတ္စည္းဆီသို႔
လ်င္ျမန္စြာထြက္ခြာသြားေတာ့၏။။။။။။။။

-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-

‌ေကာင္းကင္ဘံုနယ္နိမိတ္စည္းကို
ရိုက္ခတ္လာသၫ့္အားတစ္ခု။။။။။။

ဘယ္ကေနဘယ္လို မ်က္စိလည္လမ္းမွားလာမွန္း
မခြဲျခားႏိုင္သၫ့္ အႏွီရိုက္ခတ္မႈေၾကာင့္
နတ္သားရဲကြၽန္းမွာ အနည္းငယ္လႈပ္ရွားသြားခဲ့ေလၿပီ။
ထိုကြၽန္းမွာႀကီးမားလွသည္ျဖစ္၍
ဤသို႔ေသာရိုက္ခတ္‌ေလးမႈ‌တစ္ခုေၾကာင့္
လႈပ္ရွားသြားရသည္မွာ
မျဖစ္ႏိုင္ဟု ထင္စရာရိွေပမယ့္၊
တကယ္ပင္ လႈပ္ရွားသြားျခင္းျဖစ္၏။

အဘယ္ေၾကာင့္ဆိုေသာ္
ေကာင္းကင္ဘံုနယ္နိမိတ္စည္းဆိုသည္မွာ
နတ္သားရဲကြၽန္းျဖစ္ေနေသာေၾကာင့္ပင္။

ေကာင္းကင္တိုက္ပြဲၿပီးဆံုးသြားခ်ိန္မွစ၍
ရွင္းကိုယ္တိုင္ သစ္တစ္ပင္၊သဲတစ္ပြင့္၊
ဖုန္မႈန႔္တစ္စကအစ ဖန္တီးျပဳလုပ္ထားခဲ့ေသာ
နတ္သားရဲကြၽန္းဆိုသည္မွာ
နယ္နိမိတ္စည္းတစ္ခုသာျဖစ္၏။
အစပိုင္းမွာေတာ့ အျခားေသာနတ္ဘုရားတစ္ပါးကို
အကူအညီေတာင္းၿပီး ကြၽန္းသခင္အျဖစ္ေနေစခဲ့သည္။

သို႔ေပမယ့္ ကံဆိုးခ်င္ေတာ့
ထိုကြၽန္းသခင္မွာ တစ္ရက္သာကြၽန္းေပၚမွာ
ေနထိုင္လိုက္ရၿပီး ေနာက္တစ္ရက္တြင္
ေသဆံုးသြားခဲ့၏။ ထို႔ေၾကာင့္ ရွင္းမွာ
ကိုယ္တိုင္ကိုယ္က် ကြၽန္းေပၚတြင္
လာေရာက္ေနထိုင္လိုက္ရျခင္းျဖစ္သည္။


ဟုန္လင္က်င္းေသဆံုးသြားခ်ိန္၌
‌ေကာင္းကင္ဘံုမွနတ္အရာရိွမ်ားသည္
နတ္ဆိုးနယ္ေျမကိုတိုက္ခိုက္ဖို႔
အႀကိမ္ႀကိမ္ႀကံရြယ္ခဲ့ၾက၏။
သို႔ေပမယ့္ ၾကားခံနယ္တစ္ခုအျဖစ္
ရိွေနသၫ့္နတ္သားရဲကြၽန္းကို
မေက်ာ္ျဖတ္ႏိုင္သည္ျဖစ္ရာ၊
ထိုႀကံရြယ္မႈမ်ားကို လက္ေလ်ာ့မႈမ်ားျဖင့္သာ
ထိန္းခ်ဳပ္ထားရပါ၏။။။။။။

နတ္ဆိုးမ်ားသည္လည္း အလားတူပင္။
သူတို႔ေလးစားရပါေသာ
နတ္ဆိုးဘုရင္ ဟုန္လင္က်င္းအတြက္
လက္စားေခ်ဖို႔အႀကိမ္ႀကိမ္ႀကိဳးစားေနခဲ့၏။
သို႔ေပမယ့္ သူတို႔သည္ၾကက္ဥျဖင့္
ေက်ာက္ခဲကိုပစ္ဖို႔ ႀကိဳးစားဖို႔ဝန္ေလးသူမ်ားျဖစ္၏။
ႏွစ္ရွည္လမ်ား အထိကရုဏ္းျဖစ္ျခင္းကို
သူတို႔မလိုလားေပ။
သူတို႔တကယ္လိုခ်င္သၫ့္ လက္စားေခ်မႈဆိုသည္မွာ
တစ္ၿပိဳင္တည္းနဲ႔ ေကာင္းကင္ဘံုတစ္ခုလံုးကို
သိမ္းပိုက္ျခင္းမ်ိဳးသာျဖစ္၏။

သို႔အတြက္ တစ္ရက္ထက္တစ္ရက္ပို၍
တင္းမာလာေသာ အေျခ‌အေနမ်ားကို
ထိန္းခ်ဳပ္ရန္အတြက္
ရွင္းမွာ စြမ္းအင္အေျမာက္အျမားအကုန္ခံၿပီး
နတ္သားရဲကြၽန္းကို ဖန္တီးခဲ့ရျခင္းျဖစ္သည္။


သို႔ေသာ္ ကာလရွည္ၾကာလာသၫ့္အခါတြင္
ထိုေဒါသႀကီးလွပါေသာအုပ္စုႏွစ္စု၏
စိတ္သည္တစ္မ်ိဳးတစ္ဖံုသို႔ေျပာင္းသြားျပန္၏။
ဥပမာ။။ တစ္ဖက္နဲ႔တစ္ဖက္မပတ္သတ္ခ်င္၍
နတ္သားရဲကြၽန္းကို မက်ူးေက်ာ္ၾကတာပါဟု
ဆိုလာၾကျခင္းမ်ိဳး။။။။

တတ္လည္းတတ္ႏိုင္လြန္းသၫ့္ အသြင္တူၿပီးအိမ္သူမျဖစ္ၾကသၫ့္သူမ်ားပါေလ။

ယခုလည္းၾကၫ့္ပါ‌ေတာ့။

နတ္သားရဲကြၽန္းလႈပ္ခတ္သြားသည္ႏွင့္
ေက်ာက္ရုပ္အျဖစ္ေျပာင္းလဲကာ
အိပ္စက္ေနၾကပါသၫ့္
နတ္သတၲဝါေလးပါးမွာ
အသီးသီးထြက္ေပၚလာခဲ့ၾကသတဲ့။
မိုးျပာနဂါး၊ ဇာမဏီငွက္နီ၊ က်ားျဖဴ ႏွင့္
လိပ္ေႁမြဟူသၫ့္ နတ္သားရဲေလးပါးသည္
ေကာင္းကင္သို႔ဆန္တက္ၿပီး
ေလးမ်ိဳးေသာစြမ္းအင္မ်ားျဖင့္
နတ္သားရဲကြၽန္းမပ်က္စီးေအာင္
ထိန္းသိမ္းေနၾကပါ၏။

သို႔ရာတြင္ ထိုနတ္သားရဲေလးပါးမွာ
အိပ္ရာကေနကမန္းကတမ္း
ထလာရ၍လားေတာ့မသိ။
နတ္သတၲဝါပံုစံပင္မေျပာင္းပါပဲ
လူအသြင္ယူထားခဲ့ၾကသည္ေလ။





မိုးျပာနဂါးသည္ ဤသို႔အသြင္ယူ၍လည္းေကာင္း၊






ဇာမဏီငွက္နီသည္ ဤသို႔‌ေခ်ာ‌ေမာျခင္းျဖင့္လည္းေကာင္း၊






က်ားျဖဴသည္ ဤသို႔ျပင္ဆင္၍လည္းေကာင္း၊







လိပ္ေႁမြသည္ ဤသို႔ႏူးညံ့သၫ့္အသြင္ျဖင့္လည္းေကာင္း
ေဆာင္ယူ၍ နတ္သားရဲကြၽန္းကို
ကာကြယ္ဖို႔ထြက္လာၾကပါသတဲ့။

ေကာင္းကင္ဘံုမွ အလွပေဂး
နတ္သတၲဝါေလးပါးေရ႔ွတန္းမွ
ထြက္လာၾကသၫ့္အခါ၊
နတ္ဆိုးနယ္ေျမမွလည္းအားက်မခံပါပဲ၊
ေခ်ာေမာလွပေသာ နတ္ဆိုးဘုရင္မငယ္
ေလးပါးျဖင့္ အားျဖၫ့္ကူညီလာၾက၏။




လန္ဟြားသခင္မ ဟုန္ရွန္သည္
အနက္ေရာင္ေစာင္းကိုေပြ ့ပိုက္၍လည္းေကာင္း၊



ပိုင္ဟယ္သခင္မ ဟုန္ဟြမ့္သည္
အျဖဴေရာင္က်ာပြတ္ကိုဆြဲကိုင္၍လည္းေကာင္း၊



က်င့္လန္သခင္မ ဟုန္ေဖ့သည္
ေငြေရာင္ႀကိဳးမ်ွင္မ်ားကိုလွပစြာ
ထုတ္လႊတ္၍လည္းေကာင္း၊



ဇီယြမ့္သခင္မ ဟုန္ရႊယ္သည္
ဝိဉာဉ္ဖမ္းမီးအိမ္ကို ကိုင္ေျမႇာက္၍လည္းေကာင္း၊
ေကာင္းကင္ဘံုနယ္နိမိတ္စည္းမပ်က္စီးေစရန္
အသီးသီးကာကြယ္ေနၾကေပ၏။

သို႔ေပမယ့္ ၎တို့၏ စိတ္အားထက္သန္မႈသည္
နတ္သားရဲကြၽန္းကိုကာကြယ္ဖို႔ဆိုသည္ထက္
အျပန္အလွန္ေခ်ဖို႔ႀကိဳးစားေနၾကသၫ့္
အမ်ိဳးသမီးငယ္မ်ားၾကားက ၿပိဳင္ပြဲႏွင့္
ပို၍တူေနခဲ့၏။

နတ္သတၲဝါေလးပါးက
'နင္တို႔ငါ့တို႔ဆီမလာနဲ႔'ဆိုသၫ့္သေဘာျဖင့္
အစြမ္းေတြထုတ္လႊတ္လိုက္လ်ွင္
နတ္ဆိုးဘုရင္မငယ္မ်ားကလည္း
'ငါတို႔ကေရာ လာခ်င္ေနလို႔လား'
ဆိုသၫ့္သေဘာျဖင့္ အစြမ္းေတြထုတ္လိုက္လိုက္သလိုပင္။

ဥပမာအားျဖင့္ တံခါးတစ္ခ်ပ္ျဖင့္သာကာျခားထားပါသၫ့္
ပိုင္နက္နယ္ေျမႏွစ္ခုမွ မိန္းမပ်ိဳေလးမ်ားႏွယ္။
ထိုတံခါးကိုဘယ္လိုနည္းနဲ႔မွမပြင့္ေစရန္
အားႀကိဳးမာန္တက္ႀကိဳးပမ္းေနပါ၏။
မည္သူကမွ မိမိတို႔ထက္မသာလြန္ႏိုင္ေအာင္
ရိွသမ်ွအစြမ္းေတြထုတ္၍
အသံုးျပဳေနပါ၏။

တစ္ဖက္အင္အားကိုတစ္ဖက္က
မေက်ာ္လြန္ႏိုင္သၫ့္အခါ
ကိုယ့္ဘက္ကတစ္ေယာက္ေယာက္မ်ား
ေလ်ာ့ေနသလားဟု ေရတြက္ၾကျပန္၏။

မိုးျပာနဂါးမေလးက သူ႔ေဘးမွာရပ္ေနတဲ့
ဇာမဏီငွက္နီမေလးကိုအေလာတႀကီးလွမ္းေမး၏။

"ငွက္နီ.....လိပ္ေႁမြနဲ႔ က်ားျဖဴပါလာရဲ့လား"

သူမရဲ့အေမးကိုငွက္နီကစိတ္မရွည္စြာျပန္လာ၏။

"ေရာ္ခက္ၿပီ... သူတို႔က နင့္ေဘးမွာေလ"

မိုးျပာနဂါးမွာ အခုမွသူ႔ဘယ္ဘက္တြင္အသီးသီးရပ္ေနၾကသၫ့္
လိပ္ေႁမြနဲ႔က်ားျဖဴကိုလွၫ့္ၾကၫ့္ၿပီး
မေက်မနပ္ေရရြတ္‌ေလ၏ ။

"အားေလးထၫ့္ပါဦးလား .....
ရွင္တို႔ရယ္.....ေဟာ္လင္အရွင္သခင္ကို
ကာကြယ္ဖို႔ေရြးခ်ယ္ခံထားရတဲ့သူေတြက
နတ္ဆိုးေတြကိုမေက်ာ္ႏိုင္ဘူးဆိုရင္
သံုးေလာကအလယ္ အရွက္ကြဲရခ်ည္ရဲ့"

"........"

".......... "

".........."

သူမစကားေၾကာင့္ က်န္သံုးေယာက္မွာ
ဆြံ႔အသြားရေတာ့သည္။
ေဟာ္လင္အရွင္သခင္ကိုကာကြယ္ဖို႔
ေရြးခ်ယ္ခံရတာမဟုတ္ပဲ၊
နတ္သားရဲကြၽန္းကိုေစာင့္ဖို႔‌ေခၚထားတာေလ။
ဒီနဂါးမေလး ဘာေတြေျပာေနပါလိမ့္။

ၿပိဳင္ဘက္နတ္ဆိုးမေလးေတြအေရ႔ွမွာ
စိတ္ေဖာက္ျပန္ၿပီး ရူးသြားေခ်ၿပီလား
စဉ္းစားရခက္လွပါ၏။။။။။။


ထိုအခ်ိန္တြင္ နတ္ဆိုးဘုရင္မငယ္မ်ားမွာလည္း
အခုခ်ိန္ထိေရာက္မလာေသးပါေသာ
ေခ်ာင္ဇီသခင္မ ဟုန္လင္ေၾကာင့္
ေဒါသထြက္ေနရ၏။
နတ္ဘုရားဘံုအထိတက္ၿပီး
‌ေသာင္းက်န္းရဲပါသၫ့္
အႏွီနတ္ဆိုးဘုရင္မေလးမွာ
နတ္သားရဲေလးပါးကိုေၾကာက္လို႔
ေရာက္မလာတာေတာ့ လံုးဝမျဖစ္တန္ရာ။

ဟုန္လင္က်င္းလက္ေအာက္တြင္ရိွသၫ့္
နတ္ဆိုးဘုရင္ငယ္ကိုးပါးတြင္
ဟုန္လင္က ဒုတိယေျမာက္တိုက္ခိုက္ေရး
အျမင့္ဆံုးျဖစ္သၫ့္အျပင္၊
တစ္ဖက္သား၏ အားနည္းခ်က္ကိုလည္း
အလ်င္အျမန္ရွာေဖြႏိုင္ပါ၏။
ထို႔ျပင္ အႏိုင္ယူခ်င္စိတ္လည္းႀကီးမားလွသူျဖစ္၏။
အၿမဲတေစေလ့က်င့္မႈမ်ားျဖင့္သာ
ေမြ ့ေလ်ာ္ေနတတ္သၫ့္
သူမကိုဟုန္လင္က်င္းပင္ အေတာ္ဆံုးနတ္ဆိုးဘုရင္မတစ္ပါးအျဖစ္
ခ်ီးက်ူးခဲ့ရသည္မဟုတ္ပါလား။

အခုေတာ့ သူမကေကာင္းကင္ဘံုနယ္နိမိတ္စည္းေၾကာင္း
ျပင္ဆင္မႈအတြက္ေရာက္မလာခဲ့ဘူးတဲ့။
ဘယ္သို့‌ေသာအ‌ေၾကာင္းအရာေတြကမ်ား
သူမကို‌ေရာက္မလာႏိုင္ေအာင္
တားဆီးထားပါလိမ့္ စဉ္းစားရခက္ေခ်ၿပီ။။။။။။

Unicode:

ထိတ်လန့်မှုတစ်ခု။။။။။

စိုးရိမ်မှုတစ်စွန်းတစ်စ။။။။။

‌ဘာကြောင့်ရယ်မသိ ပါးပြင်ပေါ်စီးဆင်းသွားပါသော
မျက်ရည်လေး တစ်ပေါက်။။။။။

အရာရာဟာ သူ့အဓိပ္ပာယ်နဲ့သူရှိနေပြီး၊
တူညီမှုအနည်းငယ်မှမရှိပါပဲနဲ့
မျဉ်းဖြောင့်သုံးကြောင်းနှယ်၊
ဝေးကွာလှတဲ့အစွန်းတစ်ဖက်မှာတော့
ထပ်တူကျသွားပါရဲ့။

အိပ်မက်အစီအရင်ထဲကနေ
ရှင်းကိုနေနန်းတော်ဆီ ပြန်ပို့ပေးခဲ့သည်မို့၊
ယခုချိန်ထိ ရှင်းမှာ ထိုနေရာမှာပင်ရှိနေပေလိမ့်မည်။
ဒါဆိုရင် သူခုနကကကြားလိုက်ရတဲ့
ကြောက်မက်ဖွယ်ရာအသံကြီးက
ရှင်း ရှိရာ‌နေရာကနေလာတာလား။

ဒါမှမဟုတ် ရှင်းဆီလာဖို့ကြံရွယ်နေတဲ့
အန္တရာယ်ဆိုးတစ်ခုပေလား။။။။။

စိုးရိမ်စိတ်တွေများလွန်းတဲ့အခါ
နှလုံးခုန်သံတြွေပန်လာတတ်သတဲ့။
ဟုတ်မယ်ထင်ပါရဲ့။
အခု သူ့ရင်ထဲမှာအသံတွေထွက်ပေါ်နေခဲ့တယ်လေ။
သော့ခတ်ထားတဲ့အလုံပိတ်အခန်းထဲမှ
ရုန်းထွက်ချင်နေရှာတဲ့
သားရဲတစ်ကောင်နှယ်။
နံရံတွေကို ထုရိုက်နေပါ၏။
ဖြိုဖျက်ပစ်ဖို့ကြိုးစားနေပါ၏။
သူလွတ်မြောက်ဖို့ ရလာသမျှ
အခွင့်အရေးအားလုံးကိုချုပ်ကိုင်ဖို့
ကြိုးပမ်းနေပါ၏။

ချိုးယွဲ့မှာ စုန်ချည်၊ဆန်ချည် ယိမ်းထိုးနေပါသည့်
ထိုတုန်လှုပ်မှုများကို ဥပက္ခာမပြုနိုင်တော့ပဲ၊
ကျင်းဆီသို့လွဲပြောင်းပေးနေသည့်
အသက်ဝိဉာဉ်ဓာတ်ကိုပြန်လည်သိမ်းဆည်းပြီး
နတ်ဘုရားနယ်မြေသို့ အပြေးတစ်ပိုင်း
ထွက်လာမိချေပြီ။

သူ့ရင်ထဲမှာ ထိုသူနဲ့ပတ်သတ်ပြီး
အမုန်းတွေလည်းရှိခဲ့သလို၊
ဖြတ်တောက်မရနိုင်လောက်အောင်
မြဲမြံလှသည့် သံယောဇဉ်တွေလည်းရှိပါ၏။
ဒါပေမယ့် ထိုစိတ္တဇနာမ်နှစ်ခုကို
ကြိုးတစ်ဖက်တစ်ချက်စီမှာ
ချည်နှောင်ပြီး လွန်ဆွဲကြည့်ဖို့
ကြိုးစားကြည့်မည်ဆိုလျင်
သံယောဇဉ်တွေကသာ အလေးသာပါလိမ့်မည်။

"ရှစ်ဇွင်းကို ဘယ်တုန်းကမှမမုန်းချင်ခဲ့ပါဘူးဗျာ "

တိုးတိုးတိတ်တိတ်ရေရွတ်လိုက်သံက
နှလုံးသားကိုနင်းချေသွားတဲ့
လှည်းဘီးနှယ်၊ ညှာတာမှုမရှိသလို၊
လှည့်ကြည့်ခြင်းလည်းမရှိပါလေ။
ထိုခံစားမှုက ရေ‌နွေးမြစ်ထဲပစ်ချခံလိုက်ရခြင်းနဲ့လည်း
အလားသဏ္ဍာန်ဆင်၏။
ရုန်းထွက်မရနိုင်အောင် ရေနက်ပိုင်းထိဆွဲခေါ်သွားပြီး
လောင်ကျွမ်းပြာကျသွားစေဖို့
လှမ်းကမ်းနေပါ၏။

ဘယ်လောက်ထိ နှိပ်စက်နိုင်ပါသလဲလို့မေးရင်
ခြေထောက်တွေညွှတ်ခွေကျသွားတဲ့အထိပါလို့
ဖြေရလိမ့်မည်ထင်သည်။
လှုပ်ရှားဖို့ အားအင်ဟူသည်
သစ်အိုပင်ကြီးကိုနှုတ်ဆက်ထွက်ခွာသွားတဲ့
ငှက်ကလေးတစ်ကောင်လို။

ဒါပေမယ့် သူရှေ့ဆက်သွားရပေမည်။
သူသိပ်ချစ်ရတဲ့ရှစ်ဇွင်းကို
သူ့ပယောဂကြောင့် ဆုံးရှုံးသွားခဲ့ရတယ်ဆိုတဲ့
ခံစားချက်မျိုးကြီးနဲ့ဘဝလမ်းခရီးကို
ရှေ့မဆက်ချင်ပါ။

ရှေ့ဆက်ဖို့လည်း အားအင်ရှိ‌တော့မည်မထင်။။။။။

သူက ရှစ်ဇွင်းကိုသိပ်ချစ်‌နေမိတာလေ။။။။။

သူ့ကိုလုံးဝပြန်မချစ်တော့ဘူးဆိုတာ
သိနေပေမယ့်လည်းပေါ့။။။။

အားတင်းပြီးပြေးလာစဉ်
အဝေးကနေလှမ်းမြင်လိုက်ရတဲ့
ရော်ရွက်ဝါတို့ဖုံးလွှမ်းနေတဲ့
နယ်မြေတစ်ခုကြောင့်
ချိုးယွဲ့ရဲ့ခြေလှမ်းတွေက
‌နှေးကွေးသွားရပြန်သည်။
သူ့ကိုနတ်ဘုရားနယ်မြေဆီဘယ်တော့မှ
ခြေချဖို့မကြိုးစားနဲ့ ဟုပြောထားပါသော
ရှစ်ဇွင်းရဲ့စကားသံတွေက
နားစည်ကိုရိုက်ခတ်လို့၊
ဦးနှောက်ကိုအချက်ပေးနေကြ၏။

ကနဦးအစတုန်းကတော့
ကျင်းကို မန္တာန်တွေ၊ နည်းလမ်းတွေပြောပြပြီး
ရှင်းကိုကယ်တင်ခိုင်းဖို့
ကြံရွယ်ခဲ့ပေမယ့်၊
အခုချိန်မှာတော့ အရာရာဟာနောက်ကြောင်းပြန်လှည့်လို့
ရတော့မည်မဟုတ်။
ကျင်းကိုစောင့်ဆိုင်းနေဖို့လည်းအချိန်မရှိတော့သလို၊
ရှင်းကိုကယ်တင်ဖို့ကလည်း
အချိန်ဆွဲလို့ရမနေခဲ့ပါ။

ဒါကြောင့် ရှင်းရဲ့အမိန့်ကိုပယ်ဖျက်ပြီး
နတ်ဘုရားနယ်မြေထဲသို့သာ
ဝင်ဖို့ကြံရွယ်လိုက်ရတော့၏။
ထိုစဉ် အံဩဖွယ်ကောင်းလှသောဖြစ်ရပ်တစ်ခုက
သူ့ကိုလက်ပြနှုတ်ဆက်လို့လာခဲ့၏။

ကောင်းကင်ဘုံနယ်နိမိတ်စည်းတစ်ခုလုံး
တုန်လှုပ်သွားခြင်း။။။။။။

စိတ်ညို့ရေကန်ထဲမှနဂါးတစ်ကောင်ပမာ၊ ‌မိုးပေါ်ဆန်တက်လာသည့်
ရေလှိုင်းတွေသည် ရှင်းကာရံထားပါသော
နယ်နိမိတ်စည်းကို ပြင်းထန်စွာရိုက်ခတ်လိုက်ပြီး
နတ်ဆိုးနယ်မြေနဲ့ပြန်လည်ဆက်သွယ်ဖို့
ကြိုးစားနေကြ၏။
အငြိုးကြီးလှသည့် မိစ္ဆာနတ်ဆိုးတစ်ကောင်နှယ်။
အရာရာကိုဖျက်စီးပစ်ဖို့
အသင့်ဖြစ်နေသည့် အနှီရေလှိုင်းတွေရဲ့အရှေ့မှာတော့
အပြာရောင်အရိပ်လေးတစ်ခုရှိနေခဲ့၏။
ထိုအရိပ်လေးသည်‌သေးငယ်လွန်းလှသည်မို့
ဘယ်သူဘယ်ဝါဖြစ်ကြောင်း
ခွဲခြားဖို့ကို‌တော့မတတ်စွမ်းနိုင်ခဲ့ပေ။


ချိုးယွဲ့သည် ထိုအရိပ်အကြောင်းကို
တွေးနေဖို့အချိန်မရှိသည်မို့
နတ်ဘုရားနယ်မြေထဲသို့သာ
ပြေးဝင်သွားတော့သည်။
သူ‌ဝင်သွားပြီး ခဏအကြာမှာတော့
ဟွားရန်၊ ဖန့်ယွင်နဲ့ ရှဲ့ယန်တို့သည်
ရှင်းကို နေနန်းတော်မှာ
တစ်ယောက်တည်းထားခဲ့ပြီး
ကောင်းကင်ဘုံနယ်နိမိတ်စည်းဆီသို့
လျင်မြန်စွာထွက်ခွာသွားတော့၏။။။။။။။။

-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-

‌ကောင်းကင်ဘုံနယ်နိမိတ်စည်းကို
ရိုက်ခတ်လာသည့်အားတစ်ခု။။။။။။

ဘယ်ကနေဘယ်လို မျက်စိလည်လမ်းမှားလာမှန်း
မခွဲခြားနိုင်သည့် အနှီရိုက်ခတ်မှုကြောင့်
နတ်သားရဲကျွန်းမှာ အနည်းငယ်လှုပ်ရှားသွားခဲ့လေပြီ။
ထိုကျွန်းမှာကြီးမားလှသည်ဖြစ်၍
ဤသို့သောရိုက်ခတ်‌လေးမှု‌တစ်ခုကြောင့်
လှုပ်ရှားသွားရသည်မှာ
မဖြစ်နိုင်ဟု ထင်စရာရှိပေမယ့်၊
တကယ်ပင် လှုပ်ရှားသွားခြင်းဖြစ်၏။

အဘယ်ကြောင့်ဆိုသော်
ကောင်းကင်ဘုံနယ်နိမိတ်စည်းဆိုသည်မှာ
နတ်သားရဲကျွန်းဖြစ်နေသောကြောင့်ပင်။

ကောင်းကင်တိုက်ပွဲပြီးဆုံးသွားချိန်မှစ၍
ရှင်းကိုယ်တိုင် သစ်တစ်ပင်၊သဲတစ်ပွင့်၊
ဖုန်မှုန့်တစ်စကအစ ဖန်တီးပြုလုပ်ထားခဲ့သော
နတ်သားရဲကျွန်းဆိုသည်မှာ
နယ်နိမိတ်စည်းတစ်ခုသာဖြစ်၏။
အစပိုင်းမှာတော့ အခြားသောနတ်ဘုရားတစ်ပါးကို
အကူအညီတောင်းပြီး ကျွန်းသခင်အဖြစ်နေစေခဲ့သည်။

သို့ပေမယ့် ကံဆိုးချင်တော့
ထိုကျွန်းသခင်မှာ တစ်ရက်သာကျွန်းပေါ်မှာ
နေထိုင်လိုက်ရပြီး နောက်တစ်ရက်တွင်
သေဆုံးသွားခဲ့၏။ ထို့ကြောင့် ရှင်းမှာ
ကိုယ်တိုင်ကိုယ်ကျ ကျွန်းပေါ်တွင်
လာရောက်နေထိုင်လိုက်ရခြင်းဖြစ်သည်။


ဟုန်လင်ကျင်းသေဆုံးသွားချိန်၌
‌ကောင်းကင်ဘုံမှနတ်အရာရှိများသည်
နတ်ဆိုးနယ်မြေကိုတိုက်ခိုက်ဖို့
အကြိမ်ကြိမ်ကြံရွယ်ခဲ့ကြ၏။
သို့ပေမယ့် ကြားခံနယ်တစ်ခုအဖြစ်
ရှိနေသည့်နတ်သားရဲကျွန်းကို
မကျော်ဖြတ်နိုင်သည်ဖြစ်ရာ၊
ထိုကြံရွယ်မှုများကို လက်လျော့မှုများဖြင့်သာ
ထိန်းချုပ်ထားရပါ၏။။။။။။

နတ်ဆိုးများသည်လည်း အလားတူပင်။
သူတို့လေးစားရပါသော
နတ်ဆိုးဘုရင် ဟုန်လင်ကျင်းအတွက်
လက်စားချေဖို့အကြိမ်ကြိမ်ကြိုးစားနေခဲ့၏။
သို့ပေမယ့် သူတို့သည်ကြက်ဥဖြင့်
ကျောက်ခဲကိုပစ်ဖို့ ကြိုးစားဖို့ဝန်လေးသူများဖြစ်၏။
နှစ်ရှည်လများ အထိကရုဏ်းဖြစ်ခြင်းကို
သူတို့မလိုလားပေ။
သူတို့တကယ်လိုချင်သည့် လက်စားချေမှုဆိုသည်မှာ
တစ်ပြိုင်တည်းနဲ့ ကောင်းကင်ဘုံတစ်ခုလုံးကို
သိမ်းပိုက်ခြင်းမျိုးသာဖြစ်၏။

သို့အတွက် တစ်ရက်ထက်တစ်ရက်ပို၍
တင်းမာလာသော အခြေ‌အနေများကို
ထိန်းချုပ်ရန်အတွက်
ရှင်းမှာ စွမ်းအင်အမြောက်အမြားအကုန်ခံပြီး
နတ်သားရဲကျွန်းကို ဖန်တီးခဲ့ရခြင်းဖြစ်သည်။


သို့သော် ကာလရှည်ကြာလာသည့်အခါတွင်
ထိုဒေါသကြီးလှပါသောအုပ်စုနှစ်စု၏
စိတ်သည်တစ်မျိုးတစ်ဖုံသို့ပြောင်းသွားပြန်၏။
ဥပမာ။။ တစ်ဖက်နဲ့တစ်ဖက်မပတ်သတ်ချင်၍
နတ်သားရဲကျွန်းကို မကျူးကျော်ကြတာပါဟု
ဆိုလာကြခြင်းမျိုး။။။။

တတ်လည်းတတ်နိုင်လွန်းသည့် အသွင်တူပြီးအိမ်သူမဖြစ်ကြသည့်သူများပါလေ။

ယခုလည်းကြည့်ပါ‌တော့။

နတ်သားရဲကျွန်းလှုပ်ခတ်သွားသည်နှင့်
ကျောက်ရုပ်အဖြစ်ပြောင်းလဲကာ
အိပ်စက်နေကြပါသည့်
နတ်သတ္တဝါလေးပါးမှာ
အသီးသီးထွက်ပေါ်လာခဲ့ကြသတဲ့။
မိုးပြာနဂါး၊ ဇာမဏီငှက်နီ၊ ကျားဖြူ နှင့်
လိပ်မြွေဟူသည့် နတ်သားရဲလေးပါးသည်
ကောင်းကင်သို့ဆန်တက်ပြီး
လေးမျိုးသောစွမ်းအင်များဖြင့်
နတ်သားရဲကျွန်းမပျက်စီးအောင်
ထိန်းသိမ်းနေကြပါ၏။

သို့ရာတွင် ထိုနတ်သားရဲလေးပါးမှာ
အိပ်ရာကနေကမန်းကတမ်း
ထလာရ၍လားတော့မသိ။
နတ်သတ္တဝါပုံစံပင်မပြောင်းပါပဲ
လူအသွင်ယူထားခဲ့ကြသည်လေ။



မိုးပြာနဂါးသည် ဤသို့အသွင်ယူ၍လည်းကောင်း၊




ဇာမဏီငှက်နီသည် ဤသို့‌ချော‌မောခြင်းဖြင့်လည်းကောင်း၊




ကျားဖြူသည် ဤသို့ပြင်ဆင်၍လည်းကောင်း၊






လိပ်မြွေသည် ဤသို့နူးညံ့သည့်အသွင်ဖြင့်လည်းကောင်း
ဆောင်ယူ၍ နတ်သားရဲကျွန်းကို
ကာကွယ်ဖို့ထွက်လာကြပါသတဲ့။

ကောင်းကင်ဘုံမှ အလှပဂေး
နတ်သတ္တဝါလေးပါးရှေ့တန်းမှ
ထွက်လာကြသည့်အခါ၊
နတ်ဆိုးနယ်မြေမှလည်းအားကျမခံပါပဲ၊
ချောမောလှပသော နတ်ဆိုးဘုရင်မငယ်
လေးပါးဖြင့် အားဖြည့်ကူညီလာကြ၏။



လန်ဟွားသခင်မ ဟုန်ရှန်သည်
အနက်ရောင်စောင်းကိုပွေ့ပိုက်၍လည်းကောင်း၊


ပိုင်ဟယ်သခင်မ ဟုန်ဟွမ့်သည်
အဖြူရောင်ကျာပွတ်ကိုဆွဲကိုင်၍လည်းကောင်း၊


ကျင့်လန်သခင်မ ဟုန်ဖေ့သည်
ငွေရောင်ကြိုးမျှင်များကိုလှပစွာ
ထုတ်လွှတ်၍လည်းကောင်း၊


ဇီယွမ့်သခင်မ ဟုန်ရွှယ်သည်
ဝိဉာဉ်ဖမ်းမီးအိမ်ကို ကိုင်မြှောက်၍လည်းကောင်း၊
ကောင်းကင်ဘုံနယ်နိမိတ်စည်းမပျက်စီးစေရန်
အသီးသီးကာကွယ်နေကြပေ၏။

သို့ပေမယ့် ၎င်းတို့၏ စိတ်အားထက်သန်မှုသည်
နတ်သားရဲကျွန်းကိုကာကွယ်ဖို့ဆိုသည်ထက်
အပြန်အလှန်ချေဖို့ကြိုးစားနေကြသည့်
အမျိုးသမီးငယ်များကြားက ပြိုင်ပွဲနှင့်
ပို၍တူနေခဲ့၏။

နတ်သတ္တဝါလေးပါးက
'နင်တို့ငါ့တို့ဆီမလာနဲ့'ဆိုသည့်သဘောဖြင့်
အစွမ်းတွေထုတ်လွှတ်လိုက်လျှင်
နတ်ဆိုးဘုရင်မငယ်များကလည်း
'ငါတို့ကရော လာချင်နေလို့လား'
ဆိုသည့်သဘောဖြင့် အစွမ်းတွေထုတ်လိုက်လိုက်သလိုပင်။

ဥပမာအားဖြင့် တံခါးတစ်ချပ်ဖြင့်သာကာခြားထားပါသည့်
ပိုင်နက်နယ်မြေနှစ်ခုမှ မိန်းမပျိုလေးများနှယ်။
ထိုတံခါးကိုဘယ်လိုနည်းနဲ့မှမပွင့်စေရန်
အားကြိုးမာန်တက်ကြိုးပမ်းနေပါ၏။
မည်သူကမှ မိမိတို့ထက်မသာလွန်နိုင်အောင်
ရှိသမျှအစွမ်းတွေထုတ်၍
အသုံးပြုနေပါ၏။

တစ်ဖက်အင်အားကိုတစ်ဖက်က
မကျော်လွန်နိုင်သည့်အခါ
ကိုယ့်ဘက်ကတစ်ယောက်ယောက်များ
လျော့နေသလားဟု ရေတွက်ကြပြန်၏။

မိုးပြာနဂါးမလေးက သူ့ဘေးမှာရပ်နေတဲ့
ဇာမဏီငှက်နီမလေးကိုအလောတကြီးလှမ်းမေး၏။

"ငှက်နီ.....လိပ်မြွေနဲ့ ကျားဖြူပါလာရဲ့လား"

သူမရဲ့အမေးကိုငှက်နီကစိတ်မရှည်စွာပြန်လာ၏။

"ရော်ခက်ပြီ... သူတို့က နင့်ဘေးမှာလေ"

မိုးပြာနဂါးမှာ အခုမှသူ့ဘယ်ဘက်တွင်အသီးသီးရပ်နေကြသည့်
လိပ်မြွေနဲ့ကျားဖြူကိုလှည့်ကြည့်ပြီး
မကျေမနပ်ရေရွတ်‌လေ၏ ။

"အားလေးထည့်ပါဦးလား .....
ရှင်တို့ရယ်.....ဟော်လင်အရှင်သခင်ကို
ကာကွယ်ဖို့ရွေးချယ်ခံထားရတဲ့သူတွေက
နတ်ဆိုးတွေကိုမကျော်နိုင်ဘူးဆိုရင်
သုံးလောကအလယ် အရှက်ကွဲရချည်ရဲ့"

"........"

".......... "

".........."

သူမစကားကြောင့် ကျန်သုံးယောက်မှာ
ဆွံ့အသွားရတော့သည်။
ဟော်လင်အရှင်သခင်ကိုကာကွယ်ဖို့
ရွေးချယ်ခံရတာမဟုတ်ပဲ၊
နတ်သားရဲကျွန်းကိုစောင့်ဖို့‌ခေါ်ထားတာလေ။
ဒီနဂါးမလေး ဘာတွေပြောနေပါလိမ့်။

ပြိုင်ဘက်နတ်ဆိုးမလေးတွေအရှေ့မှာ
စိတ်ဖောက်ပြန်ပြီး ရူးသွားချေပြီလား
စဉ်းစားရခက်လှပါ၏။။။။။။


ထိုအချိန်တွင် နတ်ဆိုးဘုရင်မငယ်များမှာလည်း
အခုချိန်ထိရောက်မလာသေးပါသော
ချောင်ဇီသခင်မ ဟုန်လင်ကြောင့်
ဒေါသထွက်နေရ၏။
နတ်ဘုရားဘုံအထိတက်ပြီး
‌သောင်းကျန်းရဲပါသည့်
အနှီနတ်ဆိုးဘုရင်မလေးမှာ
နတ်သားရဲလေးပါးကိုကြောက်လို့
ရောက်မလာတာတော့ လုံးဝမဖြစ်တန်ရာ။

ဟုန်လင်ကျင်းလက်အောက်တွင်ရှိသည့်
နတ်ဆိုးဘုရင်ငယ်ကိုးပါးတွင်
ဟုန်လင်က ဒုတိယမြောက်တိုက်ခိုက်ရေး
အမြင့်ဆုံးဖြစ်သည့်အပြင်၊
တစ်ဖက်သား၏ အားနည်းချက်ကိုလည်း
အလျင်အမြန်ရှာဖွေနိုင်ပါ၏။
ထို့ပြင် အနိုင်ယူချင်စိတ်လည်းကြီးမားလှသူဖြစ်၏။
အမြဲတစေလေ့ကျင့်မှုများဖြင့်သာ
မွေ့လျော်နေတတ်သည့်
သူမကိုဟုန်လင်ကျင်းပင် အတော်ဆုံးနတ်ဆိုးဘုရင်မတစ်ပါးအဖြစ်
ချီးကျူးခဲ့ရသည်မဟုတ်ပါလား။

အခုတော့ သူမကကောင်းကင်ဘုံနယ်နိမိတ်စည်းကြောင်း
ပြင်ဆင်မှုအတွက်ရောက်မလာခဲ့ဘူးတဲ့။
ဘယ်သို့‌သောအ‌ကြောင်းအရာတွေကများ
သူမကို‌ရောက်မလာနိုင်အောင်
တားဆီးထားပါလိမ့် စဉ်းစားရခက်ချေပြီ။။။။။။

© Sun Elf,
книга «The truth untold».
Коментарі