Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 14
ရွင္းကို ဟုန္လင္က်င္းဆိုသၫ့္ျပႆနာထုပ္ႀကီးႏွင့္
တြဲမျမင္လိုတာေၾကာင့္ သူ႔ကိုယ္ထဲဝင္ေစၿပီး
အခက္အခဲေတြကေန ေရွာင္လြဲေစခ်င္ခဲ့ေပမယ့္
တားျမစ္ခံလိုက္ရသည္မို႔
က်င္းရဲ့ေဒါသေတြက ငယ္ထိပ္ကိုေျပးေဆာင့္၏။

မီးေတာက္တစ္ခုပမာထြက္လာတဲ့ေဒါသႏွင့္အတူ မ်က္လံုးဖြင့္ၾကၫ့္လိုက္ေတာ့ ျပာလဲ့လဲ့ေရကန္တစ္ခုထဲေရာက္ေနတယ္ဆိုတာ သူသိလိုက္ရသည္။
ဘယ္ကဘယ္လိုလင္းေနမွန္းမသိေပမယ့္ ဒီေရကန္ထဲမွာ အလင္းေရာင္ေတျြဖာေနတာမ်ား မီးထြန္းထားသလားေအာင့္ေမ့ရတဲ့အထိပင္။

ေရေတြကလည္း ခုနတုန္းကနဲ႔လံုးဝမတူေတာ့ဘဲ
ခ်ီစြမ္းအင္ေတျြပၫ့္ဝလို႔ေနခဲ့သည္။
အေစာပိုင္းကေတြ ့ခဲ့ရသၫ့္ နဂါးျဖဴၾကီးသည္လည္း
ျမဴမႈန္တစ္စမ်ွပင္ အရိပ္ထင္က်န္ခဲ့ျခင္းမရိွပဲ
ေပ်ာက္ကြယ္ျခင္းနယ္နိမိတ္စည္းဆီ
လွမ္းသြားသၫ့္ႏွယ္။ အထူးဆန္းဆံုးကေတာ့ ‌ႏွင္းေတာင္ထဲမွာ
ပြင့္လန္းေနသၫ့္ ႏြယ္ျမက္သစ္ပင္တစ္မ်ိဳးမ်ိဳးကို
စားလိုက္ရသၫ့္ႏွယ္ ခႏၶာကိုယ္တစ္ခုလံုးငွက္ေမႊးတစ္ခုႏွယ္
ေပါ့ပါးေနတာပါပဲ။

"ငါ.....ငါ ေသသြားတာလား"

မျဖစ္ႏိုင္ေပမယ့္
ထိတ္လန႔္ေနေသာရင္အစံုေၾကာင့္
စိုးထိတ္စြာေရရြတ္ရင္း သူ႔ကိုယ္သူျပန္ၾကၫ့္လိုက္မိေတာ့ မိုးေပၚကေနျပဳတ္က်လာတဲ့ငရုတ္က်ည္‌ေပြ ့ႀကီးက
ေခါင္းေပၚတၫ့္တၫ့္ျပဳတ္က်လာသလို ၾကယ္ေတြ၊လေတြပင္ျမင္ခ်င္သြားရသည္။

သူ႔ခႏၶာကိုယ္တစ္ခုလံုးမွာေခါင္းတစ္လံုးကလြဲ၍က်န္တဲ့အစိတ္အပိုင္းအားလံုးေပ်ာက္သြားခဲ့ေလၿပီ။
ေခါင္းေလးတစ္လံုးသာ ေရထဲမွာ လံုးလံုး လံုးလံုးနဲ႔ရိွေနတာကို တျခားသူ‌ေတြေတြ ့ရင္ခ်က္ခ်င္း‌ ႏွလံုးရပ္ျပီး လဲက်သြားလိမ့္မည္သာ။

က်င္းမွာစိတ္ညစ္ညစ္ႏွင့္ပင္
ဘယ္လိုေတျြဖစ္ကုန္တာလဲဟု‌ေတြးရင္း
ေခါင္းေလးေစာင္းၿပီး
အျဖစ္အပ်က္အားလံုးကိုျပန္လည္ေတြးေနမိ၏။
ညတုန္းက အိပ္မက္တစ္ခုရဲ့ဖိႏိွပ္မႈေၾကာင့္
ဒုကၡေရာက္ေနစဉ္ ရွစ္ဇြင္းကသူ႔ကိုလာကယ္ခဲ့တယ္
မဟုတ္ပါလား။
သို႔ေပမယ့္ ေရမကူးတတ္သၫ့္ရွစ္ဇြင္းကို
ကယ္တင္ရန္အလို႔ငွာ
သူ႔ကိုယ္သူအသြင္ေျပာင္းလိုက္ရသည္။

ေနာက္ပိုင္းကိစၥေတြကေတာ့
သူစိတ္မထိန္းႏိုင္ပဲလုပ္မိသည္သာ
ျဖစ္ပါလိမ့္မည္။
ရွစ္ဇြင္းကို စိတ္လိုလက္ရနမ္းရိႈက္မိတာ၊
ခါးစည္းႀကိဳးကိုေျဖေလ်ာ့ဖို႔ႀကံရြယ္မိတာ။
တကယ့္ကိုမယဉ္ေက်းသၫ့္အျပဳအမူေတြႏွင့္
ရွစ္ဇြင္းကို လႈပ္ရွားဖို႔သူေစခိုင္းခဲ့မိတာပါပဲ။
ဘယ္ေလာက္ပဲ ရွစ္ဇြင္းႏွင့္ခႏၶာကိုယ္ခ်င္းလဲၿပီး
ကာကြယ္ေပးခ်င္ခဲ့သည္ဆိုေပမယ့္
သူ႔ရဲ့ထိန္းခ်ဳပ္၍မရေသာ ရင္ခုန္သံ‌ေတြရဲ့အမိန႔္ေၾကာင့္သာမဟုတ္ရင္
သူဤမွ်အတင့္ရဲမိလိမ့္မည္မထင္ပါ။

အေတြးေရယာဉ္ဝဲဂယက္ေၾကာထဲတြင္
ငါးတစ္ေကာင္ပမာ ရုန္းကန္ေနစဉ္
ေခါင္းထဲအလိုအေလ်ာက္ဝင္လာသည္က

' ရွစ္ဇြင္း ငါ့ကိုမုန္းသြားၿပီလား '

ဆိုသၫ့္အေတြးသာ။။။။။။

သို႔ေပမယ့္ ထိုအေတြးမွာတစ္ခဏအတြင္းပင္
ျပန္လည္ေပ်ာက္ကြယ္သြားခဲ့ရ၏။

သူ႔ရဲ့စိတ္ကူးယဉ္ကမ႓ာထဲကို
အလည္ေရာက္လာတတ္သၫ့္
အျဖဴေရာင္နတ္ဘုရားေလးက
သူ႔အေရ႔ွမွာ ေသြးေတြရႊဲနစ္ေနသၫ့္ဝတ္ရံုကိုလႊမ္းၿခံဳၿပီး
ရပ္ေနခဲ့သည္မဟုတ္ပါလား။
ဒီတစ္ႀကိမ္တြင္လည္း
‌‌ေက်ာခိုင္းလ်က္အ‌ေနအထားျဖင့္
‌ျမင္ေတြ ့ရျခင္းျဖစ္ေပမယ့္
သူ႔မ်က္ႏွာေပၚတြင္ ေရတံခြန္ပမာအလ်ဉ္မျပတ္သၫ့္
ေရစီးေၾကာင္းတခ်ိဳ႕ရိွေနမွာ က်င္းရိပ္မိပါ၏။
အဘယ္ေၾကာင့္ဆိုေသာ္
‌ဆံႏြယ္ရွည္ေတြေအာက္မွာရိွေနသၫ့္
ပခံုးစြန္းေလးႏွစ္ဖက္မွာ
ေတာင္ပံခတ္ေနသၫ့္အလားလႈပ္ခတ္ေနခဲ့သည္ေလ။

ေအးခဲသြားသၫ့္သူ႔ႏွလံုးသားသည္
စကားတစ္ခြန္းကို သီကံုးေပးလိုက္ကာ
ျမစ္ေရစီးေၾကာင္းႏွယ္ လ်င္ျမန္စြာသူ႔ႏႈတ္ခမ္းဖ်ားကေန
ျဖတ္သန္းသြား‌ေစခဲ့၏။

"မင္းဘယ္သူလဲ"

စိတ္လႈပ္ရွားစြာျဖင့္‌ေမးလိုက္သၫ့္
က်င္းရဲ့‌ေမးခြန္းကို သူျပန္မေျဖခဲ့ပါ။
ထိုအစား ရိႈက္သံအခ်ိဳ႕ျဖင့္သာ
တံု႔ျပန္ခဲ့၏။

"မင္းဘယ္သူလဲလို႔ ငါေမးေနတယ္မဟုတ္လား
အရူးေလးရဲ့!!!"

လိုခ်င္သၫ့္အေျဖမရသည္မို႔
က်င္း စိတ္မရွည္စြာျဖင့္ ေငါ့ေတာ့ေတာ့ျပန္ေမးျဖစ္၏။
သူကိုယ္တိုင္ ေခါင္းတစ္လံုးပဲက်န္ခဲ့သၫ့္
အျဖစ္ကိုဂရုမစိုက္ပဲ
တျခားသူကိုေဒါသထြက္ႏိုင္ေသးသၫ့္
က်င္းက ရယ္စရာေကာင္းတဲ့
ဟာသတစ္ပုဒ္ကို တင္ဆက္ျပသေနသၫ့္
လူရႊင္ေတာ္တစ္ေယာက္လိုလို။

သူ႔ကိုစကားပင္ျပန္ေျပာဖို႔
စိတ္မပါသၫ့္ နတ္ဘုရားေလးကို
က်င္းေနာက္ဆံုးအေနျဖင့္ ထပ္မံေမးမိျပန္၏။
သို႔ေပမယ့္ စိတ္ရွည္ျခင္းဆိုသည္မွာ
ကုန္ဆံုးေတာ့မယ့္ မီးစာႏွယ္ျဖစ္ေနသည္မို႔
ထြက္လာသၫ့္စကားလံုးေတြသည္
တစ္လံုးႏွင့္တစ္လံုး အတန္ငယ္ကြာျခားလွ၏။
မည္မ်ွနားဝင္ဆိုးသည္ဆိုရင္ အံႀကိတ္ၿပီး ၿခိမ္းေျခာက္စကားဆိုေနသည္ႏွင့္ပင္တူေန၏။

"မင္း က ဘယ္ သူ လဲ လို႔ ေမး ေန တယ္ ေလ!!!"

သူ႔ရဲ့ၿခိမ္းေျခာက္မႈက နတ္ဘုရားေလးကိုမခံခ်င္စိတ္ျဖစ္ေအာင္
ဆြေပးလိုက္ႏိုင္သလားမသဲကြဲလွေပမယ့္
ငိုရိႈက္သံေတြကိုရပ္တန႔္ကာ သူ႔ဘက္လွၫ့္လာခဲ့သည္ေလ။

(အရူး‌ေလးတဲ့လား......)

ႏႈတ္ခမ္းကလာတဲ့အသံမ်ိဳးမဟုတ္ဘဲ စိတ္ထဲမွာအလိုလိုၾကားလိုက္ရတဲ့အသံေၾကာင့္
စိတ္စြမ္းအင္နဲ႔လွမ္းေျပာလိုက္သည္လို႔
ထင္ရေပမယ့္ တကယ္တမ္းမွာေတာ့
စိတ္စြမ္းအင္ႏွင့္ ေျပာေနျခင္းမဟုတ္ပါေလ။
ထိုအသံသည္ သူ႔စိတ္ထဲမွာ
အလိုအေလ်ာက္ျဖစ္တည္လာတဲ့
စကားလံုးေတြလိုပင္။
ကိုယ္တိုင္ေတြးလိုက္သည္ေၾကာင့္
ျဖစ္တည္လာတဲ့ စကားသံမ်ိဳးဟုေျပာလ်ွင္
ပိုမွန္လိမ့္မည္ထင္သည္။

ေခါင္းငံု႔ထားသည္မို႔ မ်က္ႏွာကိုမျမင္ႏိုင္ေအာင္
ဖံုးလႊမ္းထားေသာဆံႏြယ္ရွည္တို႔က
က်င္းရဲ့သိလိုစိတ္ကိုအေနွာက္အယွက္ျဖစ္ေစသည္။
သို႔ေပမယ့္ ထိုနတ္ဘုရားေလးကေတာ့
ေခါင္းေမာ့ဖို႔ ဆႏၵမရိွခဲ့ေလသလားမသိပါ။
ငံု႔ၿမဲသာငံု႔ထားခဲ့သည္ေလ။

ထိုစဉ္ က်င္းရဲ့စိတ္ထဲသို႔ စကားလံုးမ်ားစြာဝင္လာခဲ့ျပန္သည္။
ထိုစကားလံုးမ်ားသည္ အႏွစ္တစ္ေထာင္ၾကာေအာင္
ေျပာရမၫ့္စကားကို တစ္ေၾကာင္းတည္းႏွင့္ၿပီးျပတ္ေအာင္
အက်ဉ္းခ်ဳပ္ထားသၫ့္ႏွယ္ တိုေတာင္းလွပါ၏။

(ငါက မရိွေတာ့တဲ့သူတစ္ေယာက္)

က်င္းမွာ ကိုယ့္ေခါင္းကိုယ္သာ
ျပန္ရိုက္လိုက္ခ်င္ေတာ့သည္။
ဒီလိုအေျဖမ်ိဳးသူရခဲ့မည္လို႔မထင္ခဲ့မိပါေလ။
သို႔ေသာ္ သူ႔မွာထိုအေျဖကိုအားမရပါဘူးဟု
ဆႏၵထုတ္ေဖာ္ခြင့္လည္းမရိွေတာ့သလို၊
သူ႔နဖူးသူျပန္ရိုက္ခ်င္သၫ့္စိတ္ကိုလည္း
ျပန္ေလ်ာ့လိုက္ရပါ၏။
အဘယ္ေၾကာင့္ဆိုေသာ္ ထိုစကားနည္းလွသၫ့္
နတ္ဘုရားေလးမွာ သူ႔အေရ႔ွမွေပ်ာက္ကြယ္သြားၿပီ
ျဖစ္သၫ့္အျပင္ ၊ ယခုအခ်ိန္၌ သူ႔မွာေခါင္းတစ္လံုးကလြဲရင္ က်န္တဲ့အစိတ္အပိုင္းေတြမရိွေတာ့၍ျဖစ္သည္။

စိတ္ေလ်ာ့လိုက္ၿပီး ေလပူတစ္ခ်က္ခိုးရိႈက္မိေတာ့
ရွင္းကိုေတြ ့ခ်င္သၫ့္စိတ္ေတြက
ႏွလံုးသားထဲမွာ
တဖန္ျပန္လည္ကိန္းေအာင္းလို႔လာခဲ့၏။
သို႔ေသာ္ ခႏၶာကိုယ္မရိွေတာ့သၫ့္သူတစ္ေယာက္က
ဘယ္လိုသတၲိမ်ိဳးႏွင့္ ကိုယ္ျမတ္ႏိုးရသၫ့္
ၾကယ္ေလးတစ္ပြင့္ကို
လေရာင္ေအာက္မွာ ေငးၾကၫ့္ရပါေတာ့မလဲ။
ရွင္းဆိုသည္မွာ မမွီႏိုင္သၫ့္အျမင့္တစ္ေနရာမွ
အရွင္သခင္တစ္ပါးပင္။
သူကေတာ့ အသြင္မေျပာင္းသင့္သၫ့္အခ်ိန္မွာ
ေျပာင္းလိုက္မိ၍ ခႏၶာကိုယ္ၿပိဳကြဲသြားရသၫ့္သူတစ္ေယာက္။
ဘယ္လိုေရစက္မ်ိဳးကို
ဖူးစာေရးေက်ာက္တိုင္မွာေရးထိုးၿပီး
ရွင္းရဲ့အခ်စ္ကိုေတာင္းခံရပါေတာ့မလဲ။

မျဖစ္ႏိုင္ေတာ့သၫ့္ပံုျပင္တစ္ပုဒ္ကို
ႏွလံုးေသြးႏွင့္ေရးၿပီးကာမွ ျပန္ဖ်က္လိုက္ရသလို
ခံရခက္လွပါ၏။
သို႔ေပမယ့္ ၿပီးဆံုးသြားခဲ့ၿပီပဲ။
ဘာကိုယံုၾကည္ကိုးစားလို႔ ေမ်ွာ္လင့္ခ်က္ေတြ
ထားရပါဦးမလဲ။

သူ႔ခႏၶာကိုယ္မၿပိဳကြဲခဲ့ရင္ေတာင္မွ
ရွင္းကိုသူပိုင္ဆိုင္ခြင့္ရႏိုင္ေတာ့မွာမွမဟုတ္ပဲ။
အကယ္၍ ဟုန္လင္က်င္းနဲ႔ရွင္းသာ
တစ္ေယာက္တည္းျဖစ္ခဲ့မည္ဆိုရင္
သူက ရွင္းရဲ့သားအျဖစ္ခံယူရေတာ့မွာမဟုတ္ပါလား။

အနာဂတ္မျမင္ရေတာ့သၫ့္ ျမဴႏွင္းကမ႓ာေပၚမွာ
ပိတ္ေလွာင္ခံထားရေတာ့မၫ့္ ႏွလံုးသားကိုေတာ့
သနားစိတ္ဝင္မိပါ၏။
ဒါေပမယ့္လည္းေလ။။။။။။
ေနမင္းႀကီးကိုျမတ္ႏိုးမိတဲ့သူက
ဖမ္းဆုပ္ခြင့္ရဖို႔ထက္ ေငးၾကၫ့္ခြင့္ရယံုနဲ႔
ေရာင့္ရဲတတ္ဖို႔သင္ယူထားရမည္ေလ။
သို႔မွသာ မ်က္ရည္စီးေၾကာင္းေတြကို
အေဖာ္ျပဳျပီး ေနမင္းရဲ့လွပမႈကို
ႏွလံုးသားထဲမွာ ကဗၺည္းထိုးထားႏိုင္မွာေပါ့။

အခ်စ္ဆိုတဲ့အရာက
ပံုျပင္ေတြ၊ ယံုတမ္းစကားေတြလို
မလွပေပမယ့္ ရင္နာစရာလည္းမေကာင္းခဲ့ျပန္ပါဘူး။
ခံယူခ်က္ကြဲလြဲတဲ့ႏွလံုးသားေတြေၾကာင့္သာ
အေရာင္အမ်ိဳးမ်ိဳးျခယ္သခံရၿပီး
လွပမႈ၊ နာက်င္မႈ၊ ေပ်ာ္ရႊင္မႈ၊ ဝမ္းနည္းမႈ ေတျြဖစ္လာခဲ့ရတာပါေလ။

စစ္မွန္တဲ့အခ်စ္ကေတာ့
အသြင္တစ္မ်ိဳးတည္းအျဖစ္သာ
ရပ္တည္ေနခဲ့သည္မွာ ကမ႓ာဦးအစတည္းကပင္ျဖစ္သည္။
ထိုသို႔ေသာအခ်စ္ကို အတၲဟုေခၚ၏။
ကိုယ္မဟုတ္သၫ့္တျခားတစ္ေယာက္ကို
ခ်စ္ခ်င္ေနသၫ့္
နီေဆြးေဆြးသ႑ာန္ရိွေသာအတၲ။။။။။။

'ကြၽန္ေတာ့္ရဲ့တစ္ခုတည္းေသာအတၲက ရွစ္ဇြင္းပါဗ်ာ '

🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀

/"ရွစ္ဇြင္း....ရွစ္ဇြင္း"

လန္ယာကိုၿငိမ့္ေျငာင္းစြာတီးခတ္ရင္း
သနပ္ခါးပန္းပင္ေတြၾကားမွာ အပန္းေျဖေနတဲ့
ရွင္းမွာ ခ်စ္စဖြယ္ေကာင္းလွသၫ့္
ေခၚသံသဲ့သဲ့‌ေလး‌ေၾကာင့္
မ်က္လႊာပင့္ၿပီးၾကၫ့္လာခဲ့သည္‌။
ပန္းႏုေရာင္သမ္းေနေသာႏႈတ္ခမ္းႏွစ္လႊာမွာ
နဂိုကပင္ ေကာ့ၫႊတ္ေနသည္မို႔
ၿပံဳးလိုက္ေသာအခါပို၍အသက္ဝင္လာသ‌ေယာင္။

ရွင္းက လွပစြာၿပံဳးရင္း ႏူးညံ့လြန္းသၫ့္အသံျဖင့္

"ခ်ိဳးခ်ိဳးေလး.....
ဒီဆရာရဲ့သီခ်င္းသံကိုနားေထာင္ခ်င္လို႔လား"

"ဟုတ္....ရွစ္ဇြင္းရဲ့ေစာင္းသံက
အရမ္းသာယာလြန္းလို႔ ေရတံခြန္ထဲကငါးေလးေတြေတာင္
ေခါင္းေလးေတြေဖာ္ၿပီးနားေထာင္ေနၾကတာ....
တပၫ့္လည္းသူတို့လိုနားေထာင္ခ်င္တယ္....."

ပါးေလးေတြပင္တုန္သြားေအာင္ေခါင္းၿငိမ့္ျပၿပီး
ခ်စ္စဖြယ္ေကာင္းေအာင္ေျပာေနသၫ့္
ကေလးငယ္ကိုၾကၫ့္ရင္း ရွင္းခပ္ဟဟရယ္ကာ
သူ႔ေဘးမွာရိျွမက္ခင္းျပင္ကို လက္ျဖင့္အသာအယာပုတ္ျပလိုက္၏။
'ငါ့ေဘးမွာလာထိုင္ပါ' ဆိုသၫ့္အဓိပၸာယ္ပင္။

အျဖဴေရာင္ႏွင့္ေရႊေရာင္ေရာစပ္ထားသၫ့္
ဝတ္ရံုကိုဝတ္ထားသၫ့္ကေလးငယ္မွာ
ရွင္းရဲ့ဖိတ္ေခၚမႈေၾကာင့္
ဝမ္းသာသြားၿပီး ေဘးမွာရို႔ရို႔ကေလးဝင္ထိုင္လိုက္ေတာ့သည္။
သို႔ေပမယ့္ ဝမ္း‌ေျမာက္ဝမ္းသာျဖင့္
အေျပးအလႊားထိုင္ခ်လိုက္သည္မို႔
ေသးငယ္သၫ့္ကိုယ္ေလးမွာ
ယိုင္နဲ႔သြားရၿပီး ရွင္းရဲ့ရင္ခြင္ထဲသို့ပစ္ဝင္သြားခဲ့၏။

သို႔ရာတြင္ ခႏၶာကိုယ္မရိွသၫ့္
ရွင္းရဲ့ရင္ခြင္ထဲပစ္ဝင္ရသည္က
ျမက္ခင္းျပင္ေပၚေမွာက္ရက္လဲခ်လိုက္ရသည္ႏွင့္
တူ၏။
ေလထုတစ္ခုကိုျဖတ္ၿပီး ေျမျပင္ေပၚျပဳတ္က်သြားသည္ႏွင့္မျခားလွေပ။

"အာ......ခ်ိဳးယြဲ႔ ! အရမ္းနာသြားလား"

စိုးရိမ္တႀကီးေမးလာတဲ့ရွင္းေၾကာင့္
ခ်ိဳးယြဲ႔ရလိုက္တဲ့နာက်င္မႈေတြကို
ေမ့ပစ္ၿပီး ‌ျမက္ခင္းျပင္ေပၚကေနအလူးအလဲျပန္ထကာ
ပါးေလးေတြေပါက္ထြက္မတတ္ၿပံဳးျပလိုက္မိသည္။
ရွင္းကိုဘယ္လိုနည္းနဲ႔မွ စိုးရိမ္စိတ္မျဖစ္ေစခ်င္တာ
သူ႔ရင္ထဲကေစတနာပါေလ။

ဒါေၾကာင့္ ေခါင္းေလးယမ္းကာ ခပ္တိုးတိုးေျဖလိုက္ေတာ့၏။

"မနာပါဘူး ရွစ္ဇြင္းရဲ့.....
ရွစ္ဇြင္းရဲ့တပၫ့္က ဒီေလာက္ေလးနဲ႔နာမွာမဟုတ္ပါဘူး...ဟီး"

"ဟင္း...."

မဲ့ၿပံဳးၿပံဳးရင္း သူ႔ကိုစိုက္ၾကၫ့္လာသၫ့္
ရွင္းေၾကာင့္ သူေျပာတာမွားသြားၿပီဆိုတာ
ခ်ိဳးယြဲ႔သတိျပုမိလိုက္သည္။
လိမ္ေျပာသည္ကို မႏွစ္သက္သၫ့္
ရွင္းအေရ႔ွမွာ မမွန္ကန္သၫ့္စကားဆိုမိျခင္းသည္
စိတ္ပ်က္ဖြယ္ရာအသြင္သို႔ ေရာက္ေနမည္သာ။

ထို႔ေၾကာင့္ ဒူးေထာက္ၿပီး အျပစ္ကိုဝန္ခံလိုက္ရေတာ့သည္။
သူ႔ကို ရွင္းစိတ္ပ်က္သြားခဲ့လ်ွင္
သူေသဆံုးသြားႏိုင္သည္ေလ။
သူ႔တစ္ဘဝလံုးသည္ ရွင္းအတြက္သာျဖစ္တည္ေနသည္မို႔
အရာရာကို ရွင္းရဲ့သေဘာအတိုင္းသာ
သူ႔ေန့ရက္ေတြကိုေရးျခယ္‌ေစခ်င္ပါ၏။
အလိမ္အညာစကားေတြမပါပဲနဲ႔ေပါ့။။။။။။

"တပၫ့္မွားသြားပါတယ္ ရွစ္ဇြင္း.....
ေနာက္တစ္ခါမျဖစ္ေစရပါဘူး....

ဒီတစ္ႀကိမ္ေတာ့ခြင့္လႊတ္ေပးပါေနာ္....."

"........."

"ဒီတပၫ့္ကရွစ္ဇြင္းကို မစိုးရိမ္ေစခ်င္လို႔ပါ
ရွစ္ဇြင္းရယ္"

ဝမ္းနည္းလြန္း၍က်လာသည့္မ်က္ရည္‌ေတြက
မ်က္ႏွာတစ္ခုလံုးကိုဖံုးလႊမ္းသြားၿပီး
ေျမျပင္ေပၚေထာက္ထားသၫ့္ ဒူးေပၚတစ္စက္ခ်င္းက်ဆင္းသြားခဲ့၏။
သို႔ေသာ္ ရွင္းထံမွတစ္စံုတစ္ရာေသာ
တံု႔ျပန္စကားကိုမွ ခ်ိဳးယြဲ႔မရခဲ့ပါ။
ထိုအစား ရွင္းရဲ့လက္ေပၚသို႔ျပန္ေရာက္သြားၿပီျဖစ္ေသာ
လန္ယာရဲ့ေရႊေရာင္ႀကိဳးမ်ွင္ေလးမ်ားသည္သာ
သူ႔လက္ေပၚက်လာခဲ့၏။

"ရွစ္ဇြင္း"

ခ်ိဳးယြဲ႔ေၾကာင္အအႏွင့္ မ်က္ေတာင္ေလးေတြ
ပုတ္ခတ္ပုတ္ခတ္လုပ္ကာ ေမာ့ၾကၫ့္လိုက္ေတာ့
ရွင္းရဲ့ႏူးညံ့သၫ့္အၿပံဳးႏွင့္
ခလုတ္တိုက္မိ၏။ထိုအျပံုးသည္
သူေတြ ့ဖူးသမ်ွအၿပံဳးေတြထဲမွာ
အေနြးေထြးဆံုးအၿပံဳးဟုပင္သတ္မွတ္၍ရ၏။
မိခင္ကသားငယ္ကိုႏွစ္သိမ့္ေပးလိုသၫ့္အခ်ိန္
ၿပံဳးလိုက္သၫ့္အၿပံဳးလိုပင္
ႏွလံုးသားကိုသာမက တစ္ကိုယ္လံုးေနြးေထြးသြားေအာင္
ေပြ ့ဖက္ခံလိုက္ရသၫ့္ႏွယ္ ခံစားရေစ၏။

ရွင္းက သူ႔မ်က္လံုးေတြထဲကို
စိုက္ၾကၫ့္ရင္း

"ဒီဆရာက သူ႔တပၫ့္ကိုစိုးရိမ္စိတ္ျဖစ္ခြင့္မရိွဘူးလား....."

"......."

"မင္းကို စိတ္ဆိုးတယ္လို႔ေရာေျပာဖူးလို႔လား"

"........."

ရွင္းရဲ့အေမးကို သူျပန္မေျဖႏိုင္ခဲ့‌ေပ။
အေမးသာရိွၿပီး အေျဖမရိွတဲ့ေမးခြန္းေတြ
ဒီကမ႓ာေပၚမွာအမ်ားႀကီးရိွတယ္လို႔ေတာ့
ဝမ္ယြဲ႔ ေျပာခဲ့ဖူး၏။
ထိုအခ်ိန္က သူဘာလုပ္ခဲ့မိပါလိမ့္။

သိပ္ေတာ့မမွတ္မိလွေပမယ့္ ေသခ်ာတာတစ္ခုက
သူေအာ္ရယ္ခဲ့မိလိမ့္မည္သာ။
ထို႔ျပင္ မက္မြန္ကိုင္းကိုဓားတစ္စင္းႏွယ္
ကိုင္ေျမာက္ၿပီး က်ိန္ဆိုခဲ့ပါလိမ့္မည္။

' ငါဘယ္ေတာ့မွ အဲ့လိုေမးခြန္းေတြနဲ႔
ရင္ဆိုင္ရမွာမဟုတ္ဘူး ' ဟု။။။။။။

သို႔ေပမယ့္ အခုခ်ိန္မွာ သူ႔ရွစ္ဇြင္းကေမးလာခဲ့ၿပီ။
သူဘာေတျြပန္ေျဖရပါ့မလဲ။
သူတကယ္မသိေတာ့ၿပီမို႔ မ်က္ေတာင္ေတြသာ
တဖ်က္ဖ်က္ခပ္ၿပီး ႏႈတ္ဆိတ္ေနလိုက္ရ၏။
အူေၾကာင္ေၾကာင္ႏိုင္လြန္းသၫ့္ အေျဖတစ္ခုလို႔
သတ္မွတ္၍ရနိုင္သည့္အျပုအမူတစ္မ်ိဳးလိုပင္။

သို႔ရာတြင္ ရွင္းက အဲ့လိုသေဘာမထားခဲ့ပဲ၊
သူ႔အၿပံဳးေတျြပန္အသက္ဝင္လာေအာင္
ကတိတစ္ခုကိုသက္ေသျပဳျပီး
ဖန္ဆင္းေပးခဲ့သည္‌ေလ။

"ခ်ိဳးယြဲ႔......ဒီဆရာကမင္းကိုကတိေပးတယ္
ဘယ္ေတာ့မွ
မင္းကိုစိတ္ပ်က္သြားမွာမဟုတ္သလို၊
မင္းထိခိုက္ဒဏ္ရာရတဲ့အခ်ိန္မွာလည္း
မစိုးရိမ္ပဲေနမွာမဟုတ္ဘူး.......

ဒီကတိကဘယ္အခ်ိန္ထိတည္တံ့ေနမလဲလို႔
မင္းေမးခ်င္ေနတာမလား......

ဟားးးး ေကာင္ဆိုးေလးေရ.....
မင္းရဲ့အေမးကို ဒီဆရာျပန္ေျဖရမယ္ဆိုရင္
'လန္ယာကိုလက္နက္တစ္ခုအျဖစ္ အသံုးမျပဳတဲ့အခ်ိန္ထိ' လို႔ျပန္ေျဖရမွာပဲ......

ဒီဆရာက မင္းကိုေပးထားတဲ့ကတိကို
အဲ့ဒီအခ်ိန္ထိတည္ေစရပါမယ္လို႔
သစၥာဆိုတယ္ ဟုတ္ၿပီလား"

ရွင္းက ေပါ့ေပါ့ပါးပါးနဲ႔ကတိေပးလိုက္ေပမယ့္
ငယ္ရြယ္တဲ့ခ်ိဳးယြဲ႔ရဲ့ရင္ထဲမွာေတာ့
ထိုကတိစကားေၾကာင့္ တလွပ္လွပ္ခုန္လာကာ
တစ္မ်ိဳးတစ္ဖံုေသာ ရင္ခုန္သံအသစ္ေတျြဖစ္တည္လို႔လာခဲ့၏။
သို႔ေသာ္ ရွင္းကိုသူ႔ခံစားခ်က္ေတြ
ထုတ္ေျပာျပဖို႔မဝံ့ရဲသည္မို႔
ဝတ္ရံုလက္နဲ႔မ်က္ႏွာကိုကြယ္လိုက္ၿပီးသာ
စကားလမ္းေၾကာင္းလႊဲလိုက္ရေတာ့သည္။

"ကြၽန္ေတာ္.....ကြၽန္ေတာ္ငိုမိေတာ့မွာပဲ"

"အယ္.....ဒီကေလးေတာ့.....
ဆရာ့ကို စိတ္ထိခိုက္ေအာင္လုပ္ဖို႔
ႀကံရြယ္ေနတာလား"

"မ....မဟုတ္"

"ထားပါေလ.....ဒီဆရာက မင္းအတြက္သီခ်င္းတီးေပးပါ့မယ္.....

သီခ်င္းတီးေပးယံုအျပင္ မေခ်ာ့တတ္တဲ့
ဆရာ့ကိုနားလည္ေပးမယ္လို႔ေမ်ွာ္လင့္ပါတယ္"/

အတိတ္တစ္ခ်ိန္တုန္းကရိွခဲ့ဖူးေသာ
ေပ်ာ္ရႊင္စရာေတြရစ္သိုင္းေနသၫ့္
အမွတ္တရေတြက ျပန္ေတြးမိတိုင္း
ခ်ိဳၿမိန္မႈကိုခံစားလို႔ရေနတုန္းပင္။
သို႔ေသာ္လည္း ထိုအမွတ္တရေတြက
ေလထုထဲသို႔ ျမဴမႈန္တစ္စလို
လြင့္ေျမာေပ်ာက္ကြယ္သြားခဲ့ေလၿပီ။

အရာရာဟာ မေန့တစ္ေန့ကလို
သူ႔ရင္ထဲမွာရွင္သန္ေနေပမယ့္
ရွစ္ဇြင္းရင္ထဲမွာ‌ေတာ့ သူ႔ႏွင့္ပတ္သတ္ၿပီးအမုန္းတရားေတြသာ
ရိွေတာ့သတဲ့။
အဘယ္သို႔ေသာအေၾကာင္းျပခ်က္ေတြက
သူ႔ကိုမုန္းတီးေအာင္ဖန္တီးေပးလိုက္ပါလိမ့္။။။။။

ဟားးးးးသူကပဲ စြဲလမ္းစိတ္ႀကီးလြန္းေနတာမ်ားလား။
ခ်ိဳးယြဲ႔ေတြးရေခ်ၿပီ။

ကိုယ့္ကိုတြယ္တာလြန္းတဲ့တပၫ့္ေလးကို
ႏွစ္သိမ့္သၫ့္အေနျဖင့္ ၾကင္နာေပးခဲ့သၫ့္
အခ်စ္မဟုတ္တဲ့အခ်စ္ေတြကို
ရူးသြပ္စြဲလန္းမိေနေတာ့
စိတၲဇဆန္လြန္းတယ္ပဲဆိုရေတာ့မလား။

ေရႊ႐ုပ္ကေလးကိုလိုခ်င္လို႔ ေန႔စဥ္ရက္ဆက္ေစာင့္ေမ်ွာ္ေနတတ္တဲ့ကေလးတစ္ေယာက္ရိွဖူးတယ္လို႔ေျပာၾကေတာ့
သူ ရယ္မိသည္။

ရယ္သံေတြကေျခာက္ကပ္ၿပီး၊ဒဏ္ရာေတြကနာက်င္ေနသလိုလို။
ေသြးမထြက္တဲ့ ဒဏ္ရာ၊အေျဖ႐ွာမရတဲ့နာက်င္မႈ
သိပ္‌ေဆြးလို႔ေကာင္းတဲ့ ဝတၳဳတစ္ပုဒ္ကိုဖတ္ေနရသလို ၿငိမ့္ၿငိမ့္ေညာင္းေညာင္း ေလးပါပဲ။

ခ်ိဳးယြဲ႔သည္ ငယ္စဉ္ကတည္းကစာဖတ္ဝါသနာႀကီးသူပင္။
အထူးသျဖင့္ ရင္နာစရာဇာတ္လမ္းေတြကို
ႏွစ္ၿခိဳက္သေဘာက်ခဲ့သည္။
ရင္ထဲမွာနာက်င္ေနရင္ ရွင္းကို ခဏေလာက္ေတာ့ေမ့ထားႏိုင္မလားလို႔
ေမ်ွာ္လင့္ရင္းနဲ႔ေပါ့။

ဒါေပမယ့္ပို၍သာဆိုးလာသည္။
ဓား႐ွထားတဲ့ႏွလံုးသားကိုအရက္ျပန္နဲ႔ေဆးသလို
နာက်င္ေပမယ့္ သူလက္မလႊတ္ႏိုင္ခဲ့ေပ။

ဒါက႐ူးသြပ္မႈဆိုေပမယ့္ သူ‌ေရ႔ွဆက္သြားဖို့သာ
ေရြးခ်ယ္ခဲ့သည္။
လူတစ္ေယာက္ကိုယ့္ကိုခ်စ္တယ္ဆိုတဲ့ခံစားခ်က္က
သိပ္ခံစားလို႔ေကာင္းတယ္ဆိုတာ
အထီးက်န္ေနတဲ့ ရွင္းကိုသိေစခ်င္ေသးသည္။
ေနြးေထြးၿပီး လံုၿခံဳတဲ့ခံစားမႈ။။။။။။
ဒီခံစားခ်က္ေတြက ရွင္းနဲ႔ထိုက္တန္ပါတယ္လို႔
သူသက္ေသျပခ်င္မိသည္။

ဒါမွသာ ဝမ္းနည္းတဲ့အခ်ိန္တိုင္း တစ္ေယာက္တည္းတိတ္တိတ္ေလး
ႀကိတ္ငိုတတ္သၫ့္ ရွင္းကိုႏွစ္သိမ့္ေပးႏိုင္မည္မဟုတ္ပါလား။

သို႔ေပမယ့္ သူ႔အျဖစ္ကသိပ္ရယ္စရာေကာင္းသည္။
သူ႔အကူအညီမလိုခ်င္တဲ့သူကို
ေဖးမေပးခ်င္စိတ္နဲ႔ ေျပးလိုက္ေနမိသတဲ့။။။။။

သံုးေလာကညီလာခံမွာေတာင္တိုက္ဆိုင္မႈရိွရင္ ရွင္းကိုသတိရလို႔
အသံတိတ္မ်က္ရည္က်တတ္ေနၿပီဆိုတာ
ရွင္းမွမသိခဲ့ပဲ။

ဒဏ္ရာေတြကိုအသက္သြင္းတဲ့အခါ
ႀကံုၾကိဳက္တဲ့သူေတြကဝင္ငိုေပးၾကသည္။

ဒါေပမယ့္ သူငိုေနလား ေမးမယ့္သူမရိွ။
ဒဏ္ရာေတြဘယ္သူအသက္သြင္းခဲ့လဲ ေမးမယ့္သူမရိွ။

သိပ္ရယ္စရာ‌ေကာင္းတဲ့ဟာသတစ္ပုဒ္လိုပါပဲ။

ဒါေပမယ့္ ဘယ္တတ္ႏိုင္ပါ့မလဲ။ ေျဖရွင္းလို႔မရတဲ့
သံေယာဇဉ္ေတြနဲ႔‌ေနွာင္ဖြဲ႔မိၿပီးသားမို႔
ဆက္လက္ေစာင့္စားဖို႔သာရိွေတာ့သည္ေလ။
အရင္ကလို ရွင္း သူ႔ကိုမမုန္းေတာ့မယ့္ေန့ရက္ေတြ
ရိွလာဖို႔ေမ်ွာ္လင့္ေစာင့္စားရေတာ့မွာေပါ့။။။။

' အျဖဴေရာင္ႀကိဳးတစ္စကို ကြၽန္ေတာ့္လက္တစ္ဖက္မွာခ်ည္ရင္း
က်န္ႀကိဳးတစ္စကို သူ႔လက္မွာခ်ည္ေပးဖို႔
ႀကိဳးစားလိုက္မိတယ္....
ဒါေပမယ့္....
သူ႔လက္ကိုခ်ည္ေနွာင္ႏွင့္ၿပီးသား
အျပာ‌ေရာင္ႀကိဳးတစ္စက
ကြၽန္ေတာ့္ကိုလက္ျပႏႈတ္ဆက္ေနေလရဲ့ '

ေက်ာက္စိမ္းျဖဴသားႏွင့္ထုဆစ္ထားသၫ့္
ေသရည္ခြက္ထဲက သနပ္ခါးပန္းရနံ႔က
ရွင္းရဲ့ ကိုယ္သင္းရနံ႔ႏွင့္တူလွသည္။
သနပ္ခါးပင္ေတြႏွင့္ဒဏ္ရာကုသတတ္သၫ့္
ရွင္းထံမွာ ထိုသို႔ေသာအေမႊးနံ႔ေတြ
စြဲထင္ေနတတ္သည္မွာမထူးဆန္းလွေပမယ့္
သူ႔ကိုယ္ေပၚမွာရိွေနသည္ကေတာ့
ထူးဆန္းသည္မဟုတ္လား။

တကယ္ေတာ့မထူးဆန္းလွေပ။
သနပ္ခါးပန္းႏွင့္ခ်က္လုပ္ထားသၫ့္
ေသရည္ကို ရွင္းကိုသတိရတိုင္း
ေသာက္ေနမိသၫ့္အတြက္ ရနံ႔ေတြစြဲက်န္ေနျခင္းသာ
ျဖစ္၏။

မ်က္လံုးကိုမိွတ္ခ်ပစ္လိုက္ေတာ့
က်င္းရဲ့နမ္းရိႈက္မႈကို
ေက်နပ္စြာလက္ခံေနသၫ့္ရွင္းရဲ့ပံုရိပ္က
သူ႔ရင္ကိုဓားတစ္စင္းႏွယ္ ပိုင္းခ်လိုက္ျပန္၏။

"တစ္ဖက္သတ္ဆိုတဲ့ေခါင္းစဉ္ေအာက္မွာ
ကြၽန္ေတာ္ဘယ္အခ်ိန္ထိငို‌ေႂကြးရဦးမွာလဲ
ရွစ္ဇြင္းရယ္.......

ကြၽန္ေတာ့္ကိုသနားပါဦးလား......"

Unicode:

ရှင်းကို ဟုန်လင်ကျင်းဆိုသည့်ပြဿနာထုပ်ကြီးနှင့်
တွဲမမြင်လိုတာကြောင့် သူ့ကိုယ်ထဲဝင်စေပြီး
အခက်အခဲတွေကနေ ရှောင်လွဲစေချင်ခဲ့ပေမယ့်
တားမြစ်ခံလိုက်ရသည်မို့
ကျင်းရဲ့ဒေါသတွေက ငယ်ထိပ်ကိုပြေးဆောင့်၏။

မီးတောက်တစ်ခုပမာထွက်လာတဲ့ဒေါသနှင့်အတူ မျက်လုံးဖွင့်ကြည့်လိုက်တော့ ပြာလဲ့လဲ့ရေကန်တစ်ခုထဲရောက်နေတယ်ဆိုတာ သူသိလိုက်ရသည်။
ဘယ်ကဘယ်လိုလင်းနေမှန်းမသိပေမယ့် ဒီရေကန်ထဲမှာ အလင်းရောင်တြွေဖာနေတာများ မီးထွန်းထားသလားအောင့်မေ့ရတဲ့အထိပင်။

ရေတွေကလည်း ခုနတုန်းကနဲ့လုံးဝမတူတော့ဘဲ
ချီစွမ်းအင်တြွေပည့်ဝလို့နေခဲ့သည်။
အစောပိုင်းကတွေ့ခဲ့ရသည့် နဂါးဖြူကြီးသည်လည်း
မြူမှုန်တစ်စမျှပင် အရိပ်ထင်ကျန်ခဲ့ခြင်းမရှိပဲ
ပျောက်ကွယ်ခြင်းနယ်နိမိတ်စည်းဆီ
လှမ်းသွားသည့်နှယ်။ အထူးဆန်းဆုံးကတော့ ‌နှင်းတောင်ထဲမှာ
ပွင့်လန်းနေသည့် နွယ်မြက်သစ်ပင်တစ်မျိုးမျိုးကို
စားလိုက်ရသည့်နှယ် ခန္ဓာကိုယ်တစ်ခုလုံးငှက်မွှေးတစ်ခုနှယ်
ပေါ့ပါးနေတာပါပဲ။

"ငါ.....ငါ သေသွားတာလား"

မဖြစ်နိုင်ပေမယ့်
ထိတ်လန့်နေသောရင်အစုံကြောင့်
စိုးထိတ်စွာရေရွတ်ရင်း သူ့ကိုယ်သူပြန်ကြည့်လိုက်မိတော့ မိုးပေါ်ကနေပြုတ်ကျလာတဲ့ငရုတ်ကျည်‌ပွေ့ကြီးက
ခေါင်းပေါ်တည့်တည့်ပြုတ်ကျလာသလို ကြယ်တွေ၊လတွေပင်မြင်ချင်သွားရသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာခေါင်းတစ်လုံးကလွဲ၍ကျန်တဲ့အစိတ်အပိုင်းအားလုံးပျောက်သွားခဲ့လေပြီ။
ခေါင်းလေးတစ်လုံးသာ ရေထဲမှာ လုံးလုံး လုံးလုံးနဲ့ရှိနေတာကို တခြားသူ‌တွေတွေ့ရင်ချက်ချင်း‌ နှလုံးရပ်ပြီး လဲကျသွားလိမ့်မည်သာ။

ကျင်းမှာစိတ်ညစ်ညစ်နှင့်ပင်
ဘယ်လိုတြွေဖစ်ကုန်တာလဲဟု‌တွေးရင်း
ခေါင်းလေးစောင်းပြီး
အဖြစ်အပျက်အားလုံးကိုပြန်လည်တွေးနေမိ၏။
ညတုန်းက အိပ်မက်တစ်ခုရဲ့ဖိနှိပ်မှုကြောင့်
ဒုက္ခရောက်နေစဉ် ရှစ်ဇွင်းကသူ့ကိုလာကယ်ခဲ့တယ်
မဟုတ်ပါလား။
သို့ပေမယ့် ရေမကူးတတ်သည့်ရှစ်ဇွင်းကို
ကယ်တင်ရန်အလို့ငှာ
သူ့ကိုယ်သူအသွင်ပြောင်းလိုက်ရသည်။

နောက်ပိုင်းကိစ္စတွေကတော့
သူစိတ်မထိန်းနိုင်ပဲလုပ်မိသည်သာ
ဖြစ်ပါလိမ့်မည်။
ရှစ်ဇွင်းကို စိတ်လိုလက်ရနမ်းရှိုက်မိတာ၊
ခါးစည်းကြိုးကိုဖြေလျော့ဖို့ကြံရွယ်မိတာ။
တကယ့်ကိုမယဉ်ကျေးသည့်အပြုအမူတွေနှင့်
ရှစ်ဇွင်းကို လှုပ်ရှားဖို့သူစေခိုင်းခဲ့မိတာပါပဲ။
ဘယ်လောက်ပဲ ရှစ်ဇွင်းနှင့်ခန္ဓာကိုယ်ချင်းလဲပြီး
ကာကွယ်ပေးချင်ခဲ့သည်ဆိုပေမယ့်
သူ့ရဲ့ထိန်းချုပ်၍မရသော ရင်ခုန်သံ‌တွေရဲ့အမိန့်ကြောင့်သာမဟုတ်ရင်
သူဤမျှအတင့်ရဲမိလိမ့်မည်မထင်ပါ။

အတွေးရေယာဉ်ဝဲဂယက်ကြောထဲတွင်
ငါးတစ်ကောင်ပမာ ရုန်းကန်နေစဉ်
ခေါင်းထဲအလိုအလျောက်ဝင်လာသည်က

' ရှစ်ဇွင်း ငါ့ကိုမုန်းသွားပြီလား '

ဆိုသည့်အတွေးသာ။။။။။။

သို့ပေမယ့် ထိုအတွေးမှာတစ်ခဏအတွင်းပင်
ပြန်လည်ပျောက်ကွယ်သွားခဲ့ရ၏။

သူ့ရဲ့စိတ်ကူးယဉ်ကမ္ဘာထဲကို
အလည်ရောက်လာတတ်သည့်
အဖြူရောင်နတ်ဘုရားလေးက
သူ့အရှေ့မှာ သွေးတွေရွှဲနစ်နေသည့်ဝတ်ရုံကိုလွှမ်းခြုံပြီး
ရပ်နေခဲ့သည်မဟုတ်ပါလား။
ဒီတစ်ကြိမ်တွင်လည်း
‌‌ကျောခိုင်းလျက်အ‌နေအထားဖြင့်
‌မြင်တွေ့ရခြင်းဖြစ်ပေမယ့်
သူ့မျက်နှာပေါ်တွင် ရေတံခွန်ပမာအလျဉ်မပြတ်သည့်
ရေစီးကြောင်းတချို့ရှိနေမှာ ကျင်းရိပ်မိပါ၏။
အဘယ်ကြောင့်ဆိုသော်
‌ဆံနွယ်ရှည်တွေအောက်မှာရှိနေသည့်
ပခုံးစွန်းလေးနှစ်ဖက်မှာ
တောင်ပံခတ်နေသည့်အလားလှုပ်ခတ်နေခဲ့သည်လေ။

အေးခဲသွားသည့်သူ့နှလုံးသားသည်
စကားတစ်ခွန်းကို သီကုံးပေးလိုက်ကာ
မြစ်ရေစီးကြောင်းနှယ် လျင်မြန်စွာသူ့နှုတ်ခမ်းဖျားကနေ
ဖြတ်သန်းသွား‌စေခဲ့၏။

"မင်းဘယ်သူလဲ"

စိတ်လှုပ်ရှားစွာဖြင့်‌မေးလိုက်သည့်
ကျင်းရဲ့‌မေးခွန်းကို သူပြန်မဖြေခဲ့ပါ။
ထိုအစား ရှိုက်သံအချို့ဖြင့်သာ
တုံ့ပြန်ခဲ့၏။

"မင်းဘယ်သူလဲလို့ ငါမေးနေတယ်မဟုတ်လား
အရူးလေးရဲ့!!!"

လိုချင်သည့်အဖြေမရသည်မို့
ကျင်း စိတ်မရှည်စွာဖြင့် ငေါ့တော့တော့ပြန်မေးဖြစ်၏။
သူကိုယ်တိုင် ခေါင်းတစ်လုံးပဲကျန်ခဲ့သည့်
အဖြစ်ကိုဂရုမစိုက်ပဲ
တခြားသူကိုဒေါသထွက်နိုင်သေးသည့်
ကျင်းက ရယ်စရာကောင်းတဲ့
ဟာသတစ်ပုဒ်ကို တင်ဆက်ပြသနေသည့်
လူရွှင်တော်တစ်ယောက်လိုလို။

သူ့ကိုစကားပင်ပြန်ပြောဖို့
စိတ်မပါသည့် နတ်ဘုရားလေးကို
ကျင်းနောက်ဆုံးအနေဖြင့် ထပ်မံမေးမိပြန်၏။
သို့ပေမယ့် စိတ်ရှည်ခြင်းဆိုသည်မှာ
ကုန်ဆုံးတော့မယ့် မီးစာနှယ်ဖြစ်နေသည်မို့
ထွက်လာသည့်စကားလုံးတွေသည်
တစ်လုံးနှင့်တစ်လုံး အတန်ငယ်ကွာခြားလှ၏။
မည်မျှနားဝင်ဆိုးသည်ဆိုရင် အံကြိတ်ပြီး ခြိမ်းခြောက်စကားဆိုနေသည်နှင့်ပင်တူနေ၏။

"မင်း က ဘယ် သူ လဲ လို့ မေး နေ တယ် လေ!!!"

သူ့ရဲ့ခြိမ်းခြောက်မှုက နတ်ဘုရားလေးကိုမခံချင်စိတ်ဖြစ်အောင်
ဆွပေးလိုက်နိုင်သလားမသဲကွဲလှပေမယ့်
ငိုရှိုက်သံတွေကိုရပ်တန့်ကာ သူ့ဘက်လှည့်လာခဲ့သည်လေ။

(အရူး‌လေးတဲ့လား......)

နှုတ်ခမ်းကလာတဲ့အသံမျိုးမဟုတ်ဘဲ စိတ်ထဲမှာအလိုလိုကြားလိုက်ရတဲ့အသံကြောင့်
စိတ်စွမ်းအင်နဲ့လှမ်းပြောလိုက်သည်လို့
ထင်ရပေမယ့် တကယ်တမ်းမှာတော့
စိတ်စွမ်းအင်နှင့် ပြောနေခြင်းမဟုတ်ပါလေ။
ထိုအသံသည် သူ့စိတ်ထဲမှာ
အလိုအလျောက်ဖြစ်တည်လာတဲ့
စကားလုံးတွေလိုပင်။
ကိုယ်တိုင်တွေးလိုက်သည်ကြောင့်
ဖြစ်တည်လာတဲ့ စကားသံမျိုးဟုပြောလျှင်
ပိုမှန်လိမ့်မည်ထင်သည်။

ခေါင်းငုံ့ထားသည်မို့ မျက်နှာကိုမမြင်နိုင်အောင်
ဖုံးလွှမ်းထားသောဆံနွယ်ရှည်တို့က
ကျင်းရဲ့သိလိုစိတ်ကိုအနှောက်အယှက်ဖြစ်စေသည်။
သို့ပေမယ့် ထိုနတ်ဘုရားလေးကတော့
ခေါင်းမော့ဖို့ ဆန္ဒမရှိခဲ့လေသလားမသိပါ။
ငုံ့မြဲသာငုံ့ထားခဲ့သည်လေ။

ထိုစဉ် ကျင်းရဲ့စိတ်ထဲသို့ စကားလုံးများစွာဝင်လာခဲ့ပြန်သည်။
ထိုစကားလုံးများသည် အနှစ်တစ်ထောင်ကြာအောင်
ပြောရမည့်စကားကို တစ်ကြောင်းတည်းနှင့်ပြီးပြတ်အောင်
အကျဉ်းချုပ်ထားသည့်နှယ် တိုတောင်းလှပါ၏။

(ငါက မရှိတော့တဲ့သူတစ်ယောက်)

ကျင်းမှာ ကိုယ့်ခေါင်းကိုယ်သာ
ပြန်ရိုက်လိုက်ချင်တော့သည်။
ဒီလိုအဖြေမျိုးသူရခဲ့မည်လို့မထင်ခဲ့မိပါလေ။
သို့သော် သူ့မှာထိုအဖြေကိုအားမရပါဘူးဟု
ဆန္ဒထုတ်ဖော်ခွင့်လည်းမရှိတော့သလို၊
သူ့နဖူးသူပြန်ရိုက်ချင်သည့်စိတ်ကိုလည်း
ပြန်လျော့လိုက်ရပါ၏။
အဘယ်ကြောင့်ဆိုသော် ထိုစကားနည်းလှသည့်
နတ်ဘုရားလေးမှာ သူ့အရှေ့မှပျောက်ကွယ်သွားပြီ
ဖြစ်သည့်အပြင် ၊ ယခုအချိန်၌ သူ့မှာခေါင်းတစ်လုံးကလွဲရင် ကျန်တဲ့အစိတ်အပိုင်းတွေမရှိတော့၍ဖြစ်သည်။

စိတ်လျော့လိုက်ပြီး လေပူတစ်ချက်ခိုးရှိုက်မိတော့
ရှင်းကိုတွေ့ချင်သည့်စိတ်တွေက
နှလုံးသားထဲမှာ
တဖန်ပြန်လည်ကိန်းအောင်းလို့လာခဲ့၏။
သို့သော် ခန္ဓာကိုယ်မရှိတော့သည့်သူတစ်ယောက်က
ဘယ်လိုသတ္တိမျိုးနှင့် ကိုယ်မြတ်နိုးရသည့်
ကြယ်လေးတစ်ပွင့်ကို
လရောင်အောက်မှာ ငေးကြည့်ရပါတော့မလဲ။
ရှင်းဆိုသည်မှာ မမှီနိုင်သည့်အမြင့်တစ်နေရာမှ
အရှင်သခင်တစ်ပါးပင်။
သူကတော့ အသွင်မပြောင်းသင့်သည့်အချိန်မှာ
ပြောင်းလိုက်မိ၍ ခန္ဓာကိုယ်ပြိုကွဲသွားရသည့်သူတစ်ယောက်။
ဘယ်လိုရေစက်မျိုးကို
ဖူးစာရေးကျောက်တိုင်မှာရေးထိုးပြီး
ရှင်းရဲ့အချစ်ကိုတောင်းခံရပါတော့မလဲ။

မဖြစ်နိုင်တော့သည့်ပုံပြင်တစ်ပုဒ်ကို
နှလုံးသွေးနှင့်ရေးပြီးကာမှ ပြန်ဖျက်လိုက်ရသလို
ခံရခက်လှပါ၏။
သို့ပေမယ့် ပြီးဆုံးသွားခဲ့ပြီပဲ။
ဘာကိုယုံကြည်ကိုးစားလို့ မျှော်လင့်ချက်တွေ
ထားရပါဦးမလဲ။

သူ့ခန္ဓာကိုယ်မပြိုကွဲခဲ့ရင်တောင်မှ
ရှင်းကိုသူပိုင်ဆိုင်ခွင့်ရနိုင်တော့မှာမှမဟုတ်ပဲ။
အကယ်၍ ဟုန်လင်ကျင်းနဲ့ရှင်းသာ
တစ်ယောက်တည်းဖြစ်ခဲ့မည်ဆိုရင်
သူက ရှင်းရဲ့သားအဖြစ်ခံယူရတော့မှာမဟုတ်ပါလား။

အနာဂတ်မမြင်ရတော့သည့် မြူနှင်းကမ္ဘာပေါ်မှာ
ပိတ်လှောင်ခံထားရတော့မည့် နှလုံးသားကိုတော့
သနားစိတ်ဝင်မိပါ၏။
ဒါပေမယ့်လည်းလေ။။။။။။
နေမင်းကြီးကိုမြတ်နိုးမိတဲ့သူက
ဖမ်းဆုပ်ခွင့်ရဖို့ထက် ငေးကြည့်ခွင့်ရယုံနဲ့
ရောင့်ရဲတတ်ဖို့သင်ယူထားရမည်လေ။
သို့မှသာ မျက်ရည်စီးကြောင်းတွေကို
အဖော်ပြုပြီး နေမင်းရဲ့လှပမှုကို
နှလုံးသားထဲမှာ ကဗ္ဗည်းထိုးထားနိုင်မှာပေါ့။

အချစ်ဆိုတဲ့အရာက
ပုံပြင်တွေ၊ ယုံတမ်းစကားတွေလို
မလှပပေမယ့် ရင်နာစရာလည်းမကောင်းခဲ့ပြန်ပါဘူး။
ခံယူချက်ကွဲလွဲတဲ့နှလုံးသားတွေကြောင့်သာ
အရောင်အမျိုးမျိုးခြယ်သခံရပြီး
လှပမှု၊ နာကျင်မှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု တြွေဖစ်လာခဲ့ရတာပါလေ။

စစ်မှန်တဲ့အချစ်ကတော့
အသွင်တစ်မျိုးတည်းအဖြစ်သာ
ရပ်တည်နေခဲ့သည်မှာ ကမ္ဘာဦးအစတည်းကပင်ဖြစ်သည်။
ထိုသို့သောအချစ်ကို အတ္တဟုခေါ်၏။
ကိုယ်မဟုတ်သည့်တခြားတစ်ယောက်ကို
ချစ်ချင်နေသည့်
နီဆွေးဆွေးသဏ္ဍာန်ရှိသောအတ္တ။။။။။။

'ကျွန်တော့်ရဲ့တစ်ခုတည်းသောအတ္တက ရှစ်ဇွင်းပါဗျာ '

🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀

/"ရှစ်ဇွင်း....ရှစ်ဇွင်း"

လန်ယာကိုငြိမ့်ငြောင်းစွာတီးခတ်ရင်း
သနပ်ခါးပန်းပင်တွေကြားမှာ အပန်းဖြေနေတဲ့
ရှင်းမှာ ချစ်စဖွယ်ကောင်းလှသည့်
ခေါ်သံသဲ့သဲ့‌လေး‌ကြောင့်
မျက်လွှာပင့်ပြီးကြည့်လာခဲ့သည်‌။
ပန်းနုရောင်သမ်းနေသောနှုတ်ခမ်းနှစ်လွှာမှာ
နဂိုကပင် ကော့ညွှတ်နေသည်မို့
ပြုံးလိုက်သောအခါပို၍အသက်ဝင်လာသ‌ယောင်။

ရှင်းက လှပစွာပြုံးရင်း နူးညံ့လွန်းသည့်အသံဖြင့်

"ချိုးချိုးလေး.....
ဒီဆရာရဲ့သီချင်းသံကိုနားထောင်ချင်လို့လား"

"ဟုတ်....ရှစ်ဇွင်းရဲ့စောင်းသံက
အရမ်းသာယာလွန်းလို့ ရေတံခွန်ထဲကငါးလေးတွေတောင်
ခေါင်းလေးတွေဖော်ပြီးနားထောင်နေကြတာ....
တပည့်လည်းသူတို့လိုနားထောင်ချင်တယ်....."

ပါးလေးတွေပင်တုန်သွားအောင်ခေါင်းငြိမ့်ပြပြီး
ချစ်စဖွယ်ကောင်းအောင်ပြောနေသည့်
ကလေးငယ်ကိုကြည့်ရင်း ရှင်းခပ်ဟဟရယ်ကာ
သူ့ဘေးမှာရိြှမက်ခင်းပြင်ကို လက်ဖြင့်အသာအယာပုတ်ပြလိုက်၏။
'ငါ့ဘေးမှာလာထိုင်ပါ' ဆိုသည့်အဓိပ္ပာယ်ပင်။

အဖြူရောင်နှင့်ရွှေရောင်ရောစပ်ထားသည့်
ဝတ်ရုံကိုဝတ်ထားသည့်ကလေးငယ်မှာ
ရှင်းရဲ့ဖိတ်ခေါ်မှုကြောင့်
ဝမ်းသာသွားပြီး ဘေးမှာရို့ရို့ကလေးဝင်ထိုင်လိုက်တော့သည်။
သို့ပေမယ့် ဝမ်း‌မြောက်ဝမ်းသာဖြင့်
အပြေးအလွှားထိုင်ချလိုက်သည်မို့
သေးငယ်သည့်ကိုယ်လေးမှာ
ယိုင်နဲ့သွားရပြီး ရှင်းရဲ့ရင်ခွင်ထဲသို့ပစ်ဝင်သွားခဲ့၏။

သို့ရာတွင် ခန္ဓာကိုယ်မရှိသည့်
ရှင်းရဲ့ရင်ခွင်ထဲပစ်ဝင်ရသည်က
မြက်ခင်းပြင်ပေါ်မှောက်ရက်လဲချလိုက်ရသည်နှင့်
တူ၏။
လေထုတစ်ခုကိုဖြတ်ပြီး မြေပြင်ပေါ်ပြုတ်ကျသွားသည်နှင့်မခြားလှပေ။

"အာ......ချိုးယွဲ့ ! အရမ်းနာသွားလား"

စိုးရိမ်တကြီးမေးလာတဲ့ရှင်းကြောင့်
ချိုးယွဲ့ရလိုက်တဲ့နာကျင်မှုတွေကို
မေ့ပစ်ပြီး ‌မြက်ခင်းပြင်ပေါ်ကနေအလူးအလဲပြန်ထကာ
ပါးလေးတွေပေါက်ထွက်မတတ်ပြုံးပြလိုက်မိသည်။
ရှင်းကိုဘယ်လိုနည်းနဲ့မှ စိုးရိမ်စိတ်မဖြစ်စေချင်တာ
သူ့ရင်ထဲကစေတနာပါလေ။

ဒါကြောင့် ခေါင်းလေးယမ်းကာ ခပ်တိုးတိုးဖြေလိုက်တော့၏။

"မနာပါဘူး ရှစ်ဇွင်းရဲ့.....
ရှစ်ဇွင်းရဲ့တပည့်က ဒီလောက်လေးနဲ့နာမှာမဟုတ်ပါဘူး...ဟီး"

"ဟင်း...."

မဲ့ပြုံးပြုံးရင်း သူ့ကိုစိုက်ကြည့်လာသည့်
ရှင်းကြောင့် သူပြောတာမှားသွားပြီဆိုတာ
ချိုးယွဲ့သတိပြုမိလိုက်သည်။
လိမ်ပြောသည်ကို မနှစ်သက်သည့်
ရှင်းအရှေ့မှာ မမှန်ကန်သည့်စကားဆိုမိခြင်းသည်
စိတ်ပျက်ဖွယ်ရာအသွင်သို့ ရောက်နေမည်သာ။

ထို့ကြောင့် ဒူးထောက်ပြီး အပြစ်ကိုဝန်ခံလိုက်ရတော့သည်။
သူ့ကို ရှင်းစိတ်ပျက်သွားခဲ့လျှင်
သူသေဆုံးသွားနိုင်သည်လေ။
သူ့တစ်ဘဝလုံးသည် ရှင်းအတွက်သာဖြစ်တည်နေသည်မို့
အရာရာကို ရှင်းရဲ့သဘောအတိုင်းသာ
သူ့နေ့ရက်တွေကိုရေးခြယ်‌စေချင်ပါ၏။
အလိမ်အညာစကားတွေမပါပဲနဲ့ပေါ့။။။။။။

"တပည့်မှားသွားပါတယ် ရှစ်ဇွင်း.....
နောက်တစ်ခါမဖြစ်စေရပါဘူး....

ဒီတစ်ကြိမ်တော့ခွင့်လွှတ်ပေးပါနော်....."

"........."

"ဒီတပည့်ကရှစ်ဇွင်းကို မစိုးရိမ်စေချင်လို့ပါ
ရှစ်ဇွင်းရယ်"

ဝမ်းနည်းလွန်း၍ကျလာသည့်မျက်ရည်‌တွေက
မျက်နှာတစ်ခုလုံးကိုဖုံးလွှမ်းသွားပြီး
မြေပြင်ပေါ်ထောက်ထားသည့် ဒူးပေါ်တစ်စက်ချင်းကျဆင်းသွားခဲ့၏။
သို့သော် ရှင်းထံမှတစ်စုံတစ်ရာသော
တုံ့ပြန်စကားကိုမှ ချိုးယွဲ့မရခဲ့ပါ။
ထိုအစား ရှင်းရဲ့လက်ပေါ်သို့ပြန်ရောက်သွားပြီဖြစ်သော
လန်ယာရဲ့ရွှေရောင်ကြိုးမျှင်လေးများသည်သာ
သူ့လက်ပေါ်ကျလာခဲ့၏။

"ရှစ်ဇွင်း"

ချိုးယွဲ့ကြောင်အအနှင့် မျက်တောင်လေးတွေ
ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မော့ကြည့်လိုက်တော့
ရှင်းရဲ့နူးညံ့သည့်အပြုံးနှင့်
ခလုတ်တိုက်မိ၏။ထိုအပြုံးသည်
သူတွေ့ဖူးသမျှအပြုံးတွေထဲမှာ
အနွေးထွေးဆုံးအပြုံးဟုပင်သတ်မှတ်၍ရ၏။
မိခင်ကသားငယ်ကိုနှစ်သိမ့်ပေးလိုသည့်အချိန်
ပြုံးလိုက်သည့်အပြုံးလိုပင်
နှလုံးသားကိုသာမက တစ်ကိုယ်လုံးနွေးထွေးသွားအောင်
ပွေ့ဖက်ခံလိုက်ရသည့်နှယ် ခံစားရစေ၏။

ရှင်းက သူ့မျက်လုံးတွေထဲကို
စိုက်ကြည့်ရင်း

"ဒီဆရာက သူ့တပည့်ကိုစိုးရိမ်စိတ်ဖြစ်ခွင့်မရှိဘူးလား....."

"......."

"မင်းကို စိတ်ဆိုးတယ်လို့ရောပြောဖူးလို့လား"

"........."

ရှင်းရဲ့အမေးကို သူပြန်မဖြေနိုင်ခဲ့‌ပေ။
အမေးသာရှိပြီး အဖြေမရှိတဲ့မေးခွန်းတွေ
ဒီကမ္ဘာပေါ်မှာအများကြီးရှိတယ်လို့တော့
ဝမ်ယွဲ့ ပြောခဲ့ဖူး၏။
ထိုအချိန်က သူဘာလုပ်ခဲ့မိပါလိမ့်။

သိပ်တော့မမှတ်မိလှပေမယ့် သေချာတာတစ်ခုက
သူအော်ရယ်ခဲ့မိလိမ့်မည်သာ။
ထို့ပြင် မက်မွန်ကိုင်းကိုဓားတစ်စင်းနှယ်
ကိုင်မြောက်ပြီး ကျိန်ဆိုခဲ့ပါလိမ့်မည်။

' ငါဘယ်တော့မှ အဲ့လိုမေးခွန်းတွေနဲ့
ရင်ဆိုင်ရမှာမဟုတ်ဘူး ' ဟု။။။။။။

သို့ပေမယ့် အခုချိန်မှာ သူ့ရှစ်ဇွင်းကမေးလာခဲ့ပြီ။
သူဘာတြွေပန်ဖြေရပါ့မလဲ။
သူတကယ်မသိတော့ပြီမို့ မျက်တောင်တွေသာ
တဖျက်ဖျက်ခပ်ပြီး နှုတ်ဆိတ်နေလိုက်ရ၏။
အူကြောင်ကြောင်နိုင်လွန်းသည့် အဖြေတစ်ခုလို့
သတ်မှတ်၍ရနိုင်သည့်အပြုအမူတစ်မျိုးလိုပင်။

သို့ရာတွင် ရှင်းက အဲ့လိုသဘောမထားခဲ့ပဲ၊
သူ့အပြုံးတြွေပန်အသက်ဝင်လာအောင်
ကတိတစ်ခုကိုသက်သေပြုပြီး
ဖန်ဆင်းပေးခဲ့သည်‌လေ။

"ချိုးယွဲ့......ဒီဆရာကမင်းကိုကတိပေးတယ်
ဘယ်တော့မှ
မင်းကိုစိတ်ပျက်သွားမှာမဟုတ်သလို၊
မင်းထိခိုက်ဒဏ်ရာရတဲ့အချိန်မှာလည်း
မစိုးရိမ်ပဲနေမှာမဟုတ်ဘူး.......

ဒီကတိကဘယ်အချိန်ထိတည်တံ့နေမလဲလို့
မင်းမေးချင်နေတာမလား......

ဟားးးး ကောင်ဆိုးလေးရေ.....
မင်းရဲ့အမေးကို ဒီဆရာပြန်ဖြေရမယ်ဆိုရင်
'လန်ယာကိုလက်နက်တစ်ခုအဖြစ် အသုံးမပြုတဲ့အချိန်ထိ' လို့ပြန်ဖြေရမှာပဲ......

ဒီဆရာက မင်းကိုပေးထားတဲ့ကတိကို
အဲ့ဒီအချိန်ထိတည်စေရပါမယ်လို့
သစ္စာဆိုတယ် ဟုတ်ပြီလား"

ရှင်းက ပေါ့ပေါ့ပါးပါးနဲ့ကတိပေးလိုက်ပေမယ့်
ငယ်ရွယ်တဲ့ချိုးယွဲ့ရဲ့ရင်ထဲမှာတော့
ထိုကတိစကားကြောင့် တလှပ်လှပ်ခုန်လာကာ
တစ်မျိုးတစ်ဖုံသော ရင်ခုန်သံအသစ်တြွေဖစ်တည်လို့လာခဲ့၏။
သို့သော် ရှင်းကိုသူ့ခံစားချက်တွေ
ထုတ်ပြောပြဖို့မဝံ့ရဲသည်မို့
ဝတ်ရုံလက်နဲ့မျက်နှာကိုကွယ်လိုက်ပြီးသာ
စကားလမ်းကြောင်းလွှဲလိုက်ရတော့သည်။

"ကျွန်တော်.....ကျွန်တော်ငိုမိတော့မှာပဲ"

"အယ်.....ဒီကလေးတော့.....
ဆရာ့ကို စိတ်ထိခိုက်အောင်လုပ်ဖို့
ကြံရွယ်နေတာလား"

"မ....မဟုတ်"

"ထားပါလေ.....ဒီဆရာက မင်းအတွက်သီချင်းတီးပေးပါ့မယ်.....

သီချင်းတီးပေးယုံအပြင် မချော့တတ်တဲ့
ဆရာ့ကိုနားလည်ပေးမယ်လို့မျှော်လင့်ပါတယ်"/

အတိတ်တစ်ချိန်တုန်းကရှိခဲ့ဖူးသော
ပျော်ရွှင်စရာတွေရစ်သိုင်းနေသည့်
အမှတ်တရတွေက ပြန်တွေးမိတိုင်း
ချိုမြိန်မှုကိုခံစားလို့ရနေတုန်းပင်။
သို့သော်လည်း ထိုအမှတ်တရတွေက
လေထုထဲသို့ မြူမှုန်တစ်စလို
လွင့်မြောပျောက်ကွယ်သွားခဲ့လေပြီ။

အရာရာဟာ မနေ့တစ်နေ့ကလို
သူ့ရင်ထဲမှာရှင်သန်နေပေမယ့်
ရှစ်ဇွင်းရင်ထဲမှာ‌တော့ သူ့နှင့်ပတ်သတ်ပြီးအမုန်းတရားတွေသာ
ရှိတော့သတဲ့။
အဘယ်သို့သောအကြောင်းပြချက်တွေက
သူ့ကိုမုန်းတီးအောင်ဖန်တီးပေးလိုက်ပါလိမ့်။။။။။

ဟားးးးးသူကပဲ စွဲလမ်းစိတ်ကြီးလွန်းနေတာများလား။
ချိုးယွဲ့တွေးရချေပြီ။

ကိုယ့်ကိုတွယ်တာလွန်းတဲ့တပည့်လေးကို
နှစ်သိမ့်သည့်အနေဖြင့် ကြင်နာပေးခဲ့သည့်
အချစ်မဟုတ်တဲ့အချစ်တွေကို
ရူးသွပ်စွဲလန်းမိနေတော့
စိတ္တဇဆန်လွန်းတယ်ပဲဆိုရတော့မလား။

ရွှေရုပ်ကလေးကိုလိုချင်လို့ နေ့စဉ်ရက်ဆက်စောင့်မျှော်နေတတ်တဲ့ကလေးတစ်ယောက်ရှိဖူးတယ်လို့ပြောကြတော့
သူ ရယ်မိသည်။

ရယ်သံတွေကခြောက်ကပ်ပြီး၊ဒဏ်ရာတွေကနာကျင်နေသလိုလို။
သွေးမထွက်တဲ့ ဒဏ်ရာ၊အဖြေရှာမရတဲ့နာကျင်မှု
သိပ်‌ဆွေးလို့ကောင်းတဲ့ ဝတ္ထုတစ်ပုဒ်ကိုဖတ်နေရသလို ငြိမ့်ငြိမ့်ညောင်းညောင်း လေးပါပဲ။

ချိုးယွဲ့သည် ငယ်စဉ်ကတည်းကစာဖတ်ဝါသနာကြီးသူပင်။
အထူးသဖြင့် ရင်နာစရာဇာတ်လမ်းတွေကို
နှစ်ခြိုက်သဘောကျခဲ့သည်။
ရင်ထဲမှာနာကျင်နေရင် ရှင်းကို ခဏလောက်တော့မေ့ထားနိုင်မလားလို့
မျှော်လင့်ရင်းနဲ့ပေါ့။

ဒါပေမယ့်ပို၍သာဆိုးလာသည်။
ဓားရှထားတဲ့နှလုံးသားကိုအရက်ပြန်နဲ့ဆေးသလို
နာကျင်ပေမယ့် သူလက်မလွှတ်နိုင်ခဲ့ပေ။

ဒါကရူးသွပ်မှုဆိုပေမယ့် သူ‌ရှေ့ဆက်သွားဖို့သာ
ရွေးချယ်ခဲ့သည်။
လူတစ်ယောက်ကိုယ့်ကိုချစ်တယ်ဆိုတဲ့ခံစားချက်က
သိပ်ခံစားလို့ကောင်းတယ်ဆိုတာ
အထီးကျန်နေတဲ့ ရှင်းကိုသိစေချင်သေးသည်။
နွေးထွေးပြီး လုံခြုံတဲ့ခံစားမှု။။။။။။
ဒီခံစားချက်တွေက ရှင်းနဲ့ထိုက်တန်ပါတယ်လို့
သူသက်သေပြချင်မိသည်။

ဒါမှသာ ဝမ်းနည်းတဲ့အချိန်တိုင်း တစ်ယောက်တည်းတိတ်တိတ်လေး
ကြိတ်ငိုတတ်သည့် ရှင်းကိုနှစ်သိမ့်ပေးနိုင်မည်မဟုတ်ပါလား။

သို့ပေမယ့် သူ့အဖြစ်ကသိပ်ရယ်စရာကောင်းသည်။
သူ့အကူအညီမလိုချင်တဲ့သူကို
ဖေးမပေးချင်စိတ်နဲ့ ပြေးလိုက်နေမိသတဲ့။။။။။

သုံးလောကညီလာခံမှာတောင်တိုက်ဆိုင်မှုရှိရင် ရှင်းကိုသတိရလို့
အသံတိတ်မျက်ရည်ကျတတ်နေပြီဆိုတာ
ရှင်းမှမသိခဲ့ပဲ။

ဒဏ်ရာတွေကိုအသက်သွင်းတဲ့အခါ
ကြုံကြိုက်တဲ့သူတွေကဝင်ငိုပေးကြသည်။

ဒါပေမယ့် သူငိုနေလား မေးမယ့်သူမရှိ။
ဒဏ်ရာတွေဘယ်သူအသက်သွင်းခဲ့လဲ မေးမယ့်သူမရှိ။

သိပ်ရယ်စရာ‌ကောင်းတဲ့ဟာသတစ်ပုဒ်လိုပါပဲ။

ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။ ဖြေရှင်းလို့မရတဲ့
သံယောဇဉ်တွေနဲ့‌နှောင်ဖွဲ့မိပြီးသားမို့
ဆက်လက်စောင့်စားဖို့သာရှိတော့သည်လေ။
အရင်ကလို ရှင်း သူ့ကိုမမုန်းတော့မယ့်နေ့ရက်တွေ
ရှိလာဖို့မျှော်လင့်စောင့်စားရတော့မှာပေါ့။။။။

' အဖြူရောင်ကြိုးတစ်စကို ကျွန်တော့်လက်တစ်ဖက်မှာချည်ရင်း
ကျန်ကြိုးတစ်စကို သူ့လက်မှာချည်ပေးဖို့
ကြိုးစားလိုက်မိတယ်....
ဒါပေမယ့်....
သူ့လက်ကိုချည်နှောင်နှင့်ပြီးသား
အပြာ‌ရောင်ကြိုးတစ်စက
ကျွန်တော့်ကိုလက်ပြနှုတ်ဆက်နေလေရဲ့ '

ကျောက်စိမ်းဖြူသားနှင့်ထုဆစ်ထားသည့်
သေရည်ခွက်ထဲက သနပ်ခါးပန်းရနံ့က
ရှင်းရဲ့ ကိုယ်သင်းရနံ့နှင့်တူလှသည်။
သနပ်ခါးပင်တွေနှင့်ဒဏ်ရာကုသတတ်သည့်
ရှင်းထံမှာ ထိုသို့သောအမွှေးနံ့တွေ
စွဲထင်နေတတ်သည်မှာမထူးဆန်းလှပေမယ့်
သူ့ကိုယ်ပေါ်မှာရှိနေသည်ကတော့
ထူးဆန်းသည်မဟုတ်လား။

တကယ်တော့မထူးဆန်းလှပေ။
သနပ်ခါးပန်းနှင့်ချက်လုပ်ထားသည့်
သေရည်ကို ရှင်းကိုသတိရတိုင်း
သောက်နေမိသည့်အတွက် ရနံ့တွေစွဲကျန်နေခြင်းသာ
ဖြစ်၏။

မျက်လုံးကိုမှိတ်ချပစ်လိုက်တော့
ကျင်းရဲ့နမ်းရှိုက်မှုကို
ကျေနပ်စွာလက်ခံနေသည့်ရှင်းရဲ့ပုံရိပ်က
သူ့ရင်ကိုဓားတစ်စင်းနှယ် ပိုင်းချလိုက်ပြန်၏။

"တစ်ဖက်သတ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ
ကျွန်တော်ဘယ်အချိန်ထိငို‌ကြွေးရဦးမှာလဲ
ရှစ်ဇွင်းရယ်.......

ကျွန်တော့်ကိုသနားပါဦးလား......"

© Sun Elf,
книга «The truth untold».
Коментарі