Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 17
ရွင္းေသြးပ်က္သြားခဲ့ရေခ်ၿပီ။

ေရတံခြန္ေပၚမွ ေနာက္ျပန္ခုန္ခ်လိုက္ရသၫ့္ႏွယ္
ရင္ထဲတြင္ လွစ္ဟာမႈတစ္ရပ္ႀကီးစိုးသြားခဲ့ရသလိုမ်ိဳး
ခံရခက္လွပါ၏။
ေကာင္းကင္တစ္ခြင္လံုးတြင္
ဖံုးလႊမ္းေနသၫ့္ ေရႊေရာင္ျပာမႈန႔္မ်ားမွာ
အနည္းအက်ဉ္းမွမဟုတ္ခဲ့ေလပဲ။

မ်ိဳးႏြယ္စုတစ္စုလံုးရဲ့ပမာဏေလာက္ရိွေနတာေလ။

သူ႔ရဲ့တစ္ခုတည္းေသာတြယ္တာရာျဖစ္သၫ့္
မီးမ်ိဳးႏြယ္စုတစ္ခုလံုးေသဆံုးသြားသည္ႏွင့္
ညီမ်ွတဲ့ ေရႊေရာင္ျပာေတြကိုျမင္ေတြ ့ေနခဲ့ရတာေလ။
သူဘယ္လိုမ်ား ရင္မနာပဲႏိုင္ရမွာတဲ့လဲ။

ဘဝမွာတစ္ခုတည္းေသာမွီခိုအားထားရာျဖစ္သၫ့္
မိသားစု။

ဝမ္းနည္းမႈေတြႀကံဳလာတိုင္း
နားခိုရာပခံုးတစ္ဖက္ေပးစြမ္းႏိုင္သၫ့္
ေသြးသားရင္းခ်ာေတြ။

သူ႔ရဲ့ေကာင္းျပစ္၊ဆိုးျပစ္အားလံုးကို
သည္းခံခြင့္လႊတ္ေပးၿပီး
သက္ထက္ဆံုးလက္တြဲကာ
မိုးေျမဆံုးတိုင္သြားဖို႔ႀကံရြယ္ထားသၫ့္
ၾကင္ယာေတာ္ေလာင္း။

အရာအားလံုးကိုသူဆံုးရႈံးခဲ့ရၿပီႏွင့္တူသည္။

ဝိဉာဉ္ကိုဆြဲဆုတ္ၿပီးအစိတ္စိတ္အမႊာမႊာျဖစ္ေအာင္
ပိုင္းျဖတ္ခံရရင္ေတာင္ သူဒီေလာက္နာက်င္ရမည္မထင္။
ဘာေၾကာင့္မ်ားပါလိမ့္။
သူ႔အေပၚမွာဘာေၾကာင့္ဒီေလာက္ရက္စက္သၫ့္
အျပဳအမူမ်ိဳးျပဳလုပ္သြားရပါလိမ့္။

ျဖစ္ႏိုင္ရင္ေအာ္ဟစ္ေမးလိုက္ခ်င္ပါသည္။

ရွင္းသည္ ဇာမဏီငွက္နီႀကီးကိုဟြာ့စန္းေတာင္ဆီ
လ်င္ျမန္စြာျပန္သန္းေစလိုက္သည္။
မ်က္ႏွာေပၚက်ူးေက်ာ္ေရာက္ရိွလာသၫ့္
မ်က္ရည္စမ်ားကို
သူ႔ကိုယ္တြင္းစြမ္းအင္ေတြနဲ႔ေလာင္ၿမိဳက္ေစၿပီး
အံကိုတင္းတင္းႀကိတ္မိ၏။

"ငါ့ကိုစိန္ေခၚတယ္ေပါ့....."

အံႀကိတ္ရင္းေရရြတ္လိုက္သၫ့္စကားသံသည္
နားဝင္မခ်ိဳေနခဲ့။ နားေထာင္၍ပင္မေကာင္းေလာက္ေအာင္
ခါးသီးျခင္းေတြစိမ့္ဝင္လို႔ေနခဲ့သည္။

ရွင္းရာကိုလက္ထဲသို႔ဆင့္ေခၚလိုက္သည္မို႔
ေျပက်သြားေသာ ဆံႏြယ္ရွည္မ်ားသည္
က်စ္ဆံၿမီးမ်ားျဖင့္ထိန္းၫွိခံထားရလင့္ကစား
သူ႔ကိုအရိုင္းဆန္သၫ့္အသြင္ဖန္တီးေပးေန၏။
ရွင္းမွာ နတ္ဧကရာဇ္တစ္ပါးႏွင့္မတူေတာ့ပဲ
မိစၧာတစ္ေကာင္ႏွင့္တူေနခဲ့ေခ်ၿပီ။

သူသည္ နင့္နင့္နဲနဲေတြးေနခဲ့၏။

ဘယ္သူကမ်ား သူ႔ရဲ့မ်ိဳးႏြယ္စုကို
ထိပါးရဲတာတဲ့လဲ။

ဘယ္သူကမ်ား သူမရိွတဲ့အခ်ိန္ခဏ‌ေလးအတြင္းမွာ
မီးပဒုမၼာနန္းေတာ္ရဲ့မ်ိဳးဆက္အားလံုးကို
သတ္သြားႏိုင္ခဲ့တာတဲ့လဲ။

ဘယ္သူကမ်ား ဒီလိုရက္စက္ႏိုင္ရတာတဲ့လဲ။

ေမးခြန္းေတြသည္ရင္ႏွင့္မဆံ့ေလာက္ေအာင္ပင္
ျပၫ့္ႏွက္လို႔လာခဲ့ရေခ်ၿပီ။
သူ႔ဘဝမွာလုပ္ခဲ့ဖူးသၫ့္တစ္ခုတည္းေသာ
အရာဆိုလို႔ အားနည္းသူမ်ားဘက္မွရပ္တည္ခဲ့သၫ့္
ကိစၥမ်ားသာရိွခဲ့ပါ၏။
ေကာင္းကင္နယ္‌ေျမ၊ ေျမေအာက္ကမ႓ာ၊ လူ႔ဘံုေလာက စသၫ့္ သံုးေလာကတစ္ခြင္တြင္
သူ႔မ်ိဳးႏြယ္စုကိုမထိပါးရဲေအာင္
မ်ိဳးႏြယ္စုအေတာ္မ်ားမ်ားႏွင့္
မိတ္ေဆြဖြဲ႔ခဲ့၏။ အကူအညီမ်ားေပးခဲ့၏။
လိုအပ္လ်ွင္သူကိုယ္တိုင္ပါ ထိုမ်ိဳးႏြယ္စုမ်ားထံ
ေရာက္လာသၫ့္ေဘးဒုကၡအေပါင္းကို
တိုက္ခိုက္ေခ်မႈန္းေပးခဲ့၏။

ဒီေလာက္အထိေပးဆပ္ၿပီး
ဆက္ဆံေရးေကာင္းမြန္ေအာင္
ပန္းတံတားေဖာက္ခဲ့ပါရက္ႏွင့္
သူတို႔ကိုထိပါးရဲသၫ့္သူရိွလာသည္တဲ့လား။

ရွင္းသည္ မီးဧကရာဇ္ဆိုသၫ့္ဂုဏ္ပုဒ္တြင္
အစြန္းအထင္းအနည္းငယ္မွမရိွေအာင္
ဂရုျပဳတတ္သူတစ္ဦးျဖစ္ရာ၊
လိုအပ္၍ တစ္ဖက္မ်ိဳးႏြယ္စုဖက္မွဝင္ေရာက္
တိုက္ခိုက္ရသၫ့္တိုင္၊
အျမစ္ျဖတ္ေခ်မႈန္းျခင္းဟူသၫ့္ မ်ိဳးရိုးစဉ္ဆက္သတ္ျဖတ္ျခင္းကို
မျပဳလုပ္ခဲ့ဖူးေပ။

သူကူညီလိုက္သၫ့္မ်ိဳးႏြယ္စုက
ထိုသို႔ေသာစိတ္မ်ိဳးရိွေနရင္ေတာင္
သူကတံတိုင္းသဖြယ္ေရ႔ွမွာရပ္ၿပီး
ျပန္လည္ကာကြယ္ေပးခဲ့သည္မ်ားသာ
ရိွခဲ့၏။

ထို႔ေၾကာင့္သာ မီးဧကရာဇ္ကို သံုးေလာကရိွ
သက္ရိွ၊သက္မဲ့မ်ား ေလးစားမႈမ်ားအဓြန႔္ရွည္ခဲ့သည္ေပါ့။
မဟုတ္ရင္ ေလာကတစ္ခြင္ျဖစ္ပ်က္သမ်ွကိစၥ
အဝဝကို ကိုယ့္အိမ္ထဲမွာျဖစ္ေနသၫ့္
ကိစၥႏွယ္လိုက္လံေျဖရွင္းေနတတ္သၫ့္သူ႔ကို
အျမင္မၾကည္သၫ့္သူမ်ားရိွလာႏိုင္သည္
မဟုတ္လား။

ၿငိမ္းခ်မ္းေရးကိုေဆာင္ၾကည္းေပးခ်င္သၫ့္
စိတ္ေၾကာင့္သာ သူလည္းလိုက္ေျဖရွင္းေပးခဲ့ျခင္းျဖစ္သည္။
အမွန္အတိုင္းေျပာရရင္ သူသည္စစ္ကိုမုန္း၏။
ေန့စဉ္ေန့တိုင္းေစာင္းေလးတီးၿပီး
မ်ိဳးႏြယ္စုအားလံုးစည္းလံုးေနသၫ့္၊
ေန့ရက္မ်ားတြင္သာ ေနထိုင္ခ်င္ခဲ့သည္ကအမွန္။

ဤသို့‌ေသာစိတ္ကို အျပစ္ဟုဆိုလို့ရပါ့မလား။

အကယ္၍ အျပစ္ဟုသတ္မွတ္မည္ဆိုရင္‌ေတာင္
‌ေရနတ္ဧကရာဇ္တစ္ပါးသာ
ရိွပါလိမ့္မည္။

သူႏွင့္ဆက္ဆံေရးမေကာင္းပါသၫ့္
ေရနတ္ဧကရာဇ္။
မၾကာခဏဆိုသလို ေရဝိဉာဉ္မ်ားေစလႊတ္ၿပီး
သူ႔ရဲ့သြားလာလႈပ္ရွားမႈမ်ားကို
ေခ်ာင္းေျမာင္းတတ္ပါသၫ့္ ေရနတ္ဧကရာဇ္။

သူ႔ကိုသာပူေဇာ္ပသသည္ဆိုေသာအခ်က္ႏွင့္
လူ႔ဘံုေလာကကိုေရလႊမ္းပစ္ခဲ့သၫ့္
ေရနတ္ဧကရာဇ္။

ဟုတ္သည္။ သူ႔ကိုရန္စမၫ့္သူမွာေရနတ္ဧကရာဇ္သာ
ျဖစ္ပါလိမ့္မည္။
မၾကာခင္ကမွေရဝိဉာဉ္မ်ားကိုသတ္ျဖတ္ၿပီး
‌ေရလႊမ္းမိုးသၫ့္ကပ္ေဘးကို
အသာေလးျဖတ္ေက်ာ္ႏိုင္ခဲ့သၫ့္သူ႔ကို
ေရနတ္ဧကရာဇ္ကအျမင္ၾကည္မည္တဲ့လား။
ထို႔ျပင္ ေသဆံုးသြားသၫ့္ေရဝိဉာဉ္ေတြကေရာ
သူတို႔ဧကရာဇ္ရဲ့တစ္ကိုယ္ေကာင္းဆန္သၫ့္
စိတ္ကိုခြင့္လႊတ္ေပးႏိုင္မည္တဲ့လား။

မျဖစ္ႏိုင္ေပ။ ကိုယ္ေရးကိုယ္တာအခ်က္ေၾကာင့္
အလဟသ‌ေသဆံုးသြားရတဲ့ေရဝိဉာဉ္မ်ားသည္
အၿငိဳးႀကီးသၫ့္မိစၧာမ်ားအျဖစ္သို႔ေျပာင္းသြားမည္သာ။

ထိုမ်ွမက ေနာင္တြင္ေရမ်ိဳးႏြယ္စုကိုပါ
ထိပါးေနွာက္ယွက္လာႏိုင္ေသးသည္။
သို႔ျဖစ္၍ ထိုသို႔ေသာအေျခအေနမ်ားကို
ထိန္းခ်ဳပ္ၿပီးေရဝိဉာဉ္မိစၧာမ်ား
ၿငိမ္းခ်မ္းသြားေအာင္ျပဳလုပ္ေပးႏိုင္မၫ့္
တစ္ခုတည္းေသာအရာမွာ
၎တို့ကိုသတ္သြားခဲ့သည့္ ရွင္းရဲ့
အသက္ျဖင့္ယစ္ပူေဇာ္ျခင္းသာ။။။။။။

သို႔ေပမယ့္ ေရနတ္ဧကရာဇ္မွာ
ခက္ခဲေသာနည္းလမ္းမ်ားကို
အသံုးမျပဳခ်င္ခဲ့ပံုေပၚသည္။
ဒါေၾကာင့္သာ ရွင္းကိုမသတ္ပဲ
မီးမ်ိဳးႏြယ္ေတြရဲ့ေသဆံုးမႈျဖင့္
အစားထိုးသြားသည္သာျဖစ္မည္။

ရွင္းႏွင့္တိုက္ခိုက္မည္ဆိုလ်ွင္
သူ႔ထံတြင္ဆံုးရႈံးမႈမ်ားသာ
ပိုျဖစ္လာမည္ကို ေရနတ္ဧကရာဇ္က
သတိထားမိပံုေပၚ၏။

သို႔ေသာ္ျငားလည္း။။။။။။

ဟာကြက္တစ္ခုရိွေနသည္ပင္။

မီးမ်ိဳးႏြယ္စုမ်ားက အရင္လိုတိုက္ခိုက္ေရးနားမလည္သၫ့္
ခပ္အအ မ်ိဳးႏြယ္တစ္စုမွမဟုတ္ေတာ့ပဲ။
သံုးေလာကရဲ့အေတာ္ဆံုး
နတ္စစ္သည္ေတျြဖစ္ေနၿပီမဟုတ္ပါလား။
အခ်ိန္ခဏေလးအတြင္း ဤမ်ွေလာက္မ်ားျပားေသာ
ပမာဏျဖင့္ေသဆံုးသြားမၫ့္သူမ်ား၊
လံုးဝမဟုတ္ပါေလ။

ေခါင္းေပါက္မတတ္စဉ္းစား‌ေနရင္း၊
ရွင္းမွာေဒါသထြက္လြန္း၍
ရွင္းရာကိုပင္ေကာင္းစြာမကိုင္ႏိုင္ေတာ့သလို
ခံစားလာရသည္။
မသိရင္ ရွင္းရာက သူ႔လက္ထဲမွလြတ္က်သြားေတာ့မၫ့္အလား။

ထိုအခ်ိန္တြင္ သူစီးႏွင္းလာသၫ့္
ဇာမဏီငွက္နီႀကီးထံတြင္လည္း
စဉ္းစားစရာမ်ားျဖင့္ျပၫ့္ႏွက္ေနခဲ့သည္။
အ‌ေတြးမ်ား‌ေန‌ေသာ ရွင္းက‌ေတာ့ငွက္နီျကီးရဲ့ခံစားခ်က္ကို
မသိမထားမိခဲ့ပါေခ်။
ဇာမဏီငွက္နီႀကီးမွာ အေတာင္ျဖန႔္ကာပ်ံသန္းေနရင္း၊ သူ႔ကိုယ္ထဲသို့တျဖည္းျဖည္းတိုးဝင္လာေနေသာ
ရွင္းရဲ့ေျခေထာက္မ်ားေၾကာင့္
စိတ္အေနွာက္အယွက္ျဖစ္ေနရ၏။
သို႔ေပမယ့္ သူအသံမထြက္ရဲပါေပ။
သူ႔သခင္မွာ တစ္စံုတစ္ခုကိုအာရံုစိုက္ေနခ်ိန္၌
အေနွာက္အယွက္ခံရျခင္းကို
မႏွစ္ၿမိဳ႔ပါေလ။

သို႔ျဖစ္၍ ဟြာ့စန္းေတာင္ထိပ္ရိွ မီးပဒုမၼာနန္းေတာ္သို့သာ
အလ်င္အျမန္ပ်ံသန္းမိ၏။
နန္းေတာ္ထဲတြင္ အမ်ိဳးအမည္မသိႏိုင္ေသာ
ျပႆနာတစ္ရပ္ျဖစ္ေနေလာက္သည္ဟု
သူခန႔္မွန္းမိေနသည္။
ထိုျပႆနာရပ္သည္ တုႏိႈင္းမဲ့ေလာက္ေအာင္လည္း
ေျဖရွင္းရခက္နိုင္သည္ဟုလည္း
ေတြးမိ၏။

ထို႔ေၾကာင့္ ေတာင္ပံေတြဆီအားပိုထၫ့္လိုက္ကာ
ပိုမိုလ်င္ျမန္ေသာအရိွန္ႏွင့္ပ်ံသန္းလိုက္ေတာ့သည္။

ဇာမဏီငွက္နီ၏ပ်ံသန္းနွုန္းသည္
မည္မ်ွပင္ျမင့္လင့္ကစား၊
ယိမ္းယိုင္ျခင္းမရိွသၫ့္အျပင္၊
တည္ၿငိမ္မႈကိုသာပို၍ေပးနိုင္စြမ္းေပ၏။
ယင္းသို႔ေသာ တည္ၿငိမ္မႈမ်ိဳးရိွေနသည္မို႔သာ
ငွက္နီႀကီးမွာ လ်င္ျမန္စြာပ်ံသန္းရဲျခင္းျဖစ္၏။

မဟုတ္လ်ွင္ သူ႔သခင္၏ေဒါသကို
ရင္ဆိုင္ရမည္မဟုတ္ပါလား။
အႏွီကိစၥကိုေတာ့ လက္သင့္ခံဖို႔သူမဝံ့ရဲပါေပ။

ထိုအခ်ိန္တြင္ သူ႔သခင္၏
ဒူးဆစ္ေလာက္အထိမွာ
သူ႔ကိုယ္ထဲသို႔ေဖာက္ဝင္ေနၿပီျဖစ္သည္။
ငွက္နီႀကီးက ခံစားသိရိွေနေပမယ့္
အေတြးနယ္ခ်ဲ့ေနေသာ ရွင္းမွာေတာ့
ခရမ္းေရာင္တျဖည္းျဖည္းသမ္းလာၿပီျဖစ္ေသာ
တိမ္စိုင္ေတြကိုစိုက္ၾကၫ့္ရင္းျဖင့္သာ
အလုပ္ရႈပ္ေနခဲ့သည္။

ယခုခ်ိန္တြင္ သူစိတ္ဝင္စားေနသၫ့္
တစ္ခုတည္းေသာကိစၥရပ္မွာ
အဘယ္ေၾကာင့္ေရနတ္ဧကရာဇ္က
စည္းမေစာင့္သလဲဆိုသည္ကိုပင္။

သို႔ျဖစ္၍ သူ႔ခႏၶာကိုယ္၏‌ေျပာင္းလဲမွုမ်ားကို
သတိမထားႏိုင္ခဲ့ျခင္းျဖစ္သည္။
သူသာသတိထားမိခဲ့မည္ဆိုလ်ွင္
သူ႔ေျခေထာက္ေတြတျဖည္းျဖည္းေပ်ာက္ကြယ္
လာၿပီးဝိဉာဉ္တစ္ခုအျဖစ္
စတင္ေျပာင္းလဲလာေနသည္ကို
သတိျပဳမိမည္ကား မလြဲဧကန္ပင္။

ဒါေပမယ့္ စိတ္ေထျြပားေနတဲ့သူတစ္ေယာက္အဖို႔
အရာရာဟာ သာမန္ကာလ်ွံကာထက္
ပိုမေနခဲ့သည္က
ရွင္းရဲ့တစ္ခုတည္းေသာအမွားပင္။

ထို႔ေၾကာင့္ ဟြာ့စန္းေတာင္သို႔ေရာက္သၫ့္အခ်ိန္တြင္
သူ႔ခါးအထိဇာမဏီငွက္နီႀကီး၏ ကိုယ္ထဲသို႔ဝင္သြားခဲ့ရေလၿပီ။
ဝိဉာဉ္ျဖစ္ေန၍ တစ္ပါးသူရဲ့ကိုယ္ထဲဝင္သြားရျခင္းသာ။

ရွင္းမွာ လႈပ္ရွား၍အဆင္မေျပေသာ
ခႏၶာကိုယ္ကိုငံု႔ၾကၫ့္ရင္း
အသက္ရွုရပ္သြားရေတာ့သည္။ ‌ေရႊေရာင္ျပာမႈန္ေတြအျဖစ္
တစ္စ၊တစ္စကူးေျပာင္းလာေနသၫ့္
သူ႔ခႏၶာကိုယ္ေအာက္ပိုင္းကိုၾကၫ့္ၿပီး
မယံုႏိုင္ေအာင္ျဖစ္ခဲ့ရသည္။
တုန္လႈပ္ေျခာက္ျခားျခင္းႏွင့္
ထိတ္လန႔္ျခင္းသည္
သူ႔ကိုအသူတရာနက္လွသၫ့္
ေခ်ာက္ႀကီးထဲသို႔ မၫွာမတာကန္ခ်ေနၾကသည္။

ဇာမဏီငွက္နီႀကီးကိုယ္ထဲမွ
သူ႔ဝိဉာဉ္တစ္ပိုင္းတစ္စကို
ဆြဲထုတ္ပစ္လိုက္ခ်င္ေပမယ့္
သူမစြမ္းေဆာင္ႏိုင္ခဲ့ပါေပ။
ဘယ္လိုထိန္းခ်ဳပ္ရမည္ကိုလည္းသူမသိ။
သို႔ျဖစ္၍ ၾကာကလာဒ္ထဲတြင္
ေတာက္ေလာင္ေနသၫ့္
သန႔္စင္တဲ့မီးေတာက္အကူအညီကို
ရယူဖို႔ရန္ ၊ ေမာ့ၾကၫ့္လိုက္မိသည္။

"........."

ရွင္းအမွန္တကယ္ကိုဆြံ႔အခဲ့ရေလၿပီ။
သူ႔ရဲ့စြမ္းအင္အားလံုးကိုေထာက္ပံ့ေပးေနသၫ့္၊
မီးမ်ိဳးႏြယ္စုအားလံုးရဲ့အသက္ဝိဉာဉ္ဓာတ္ေတြ
စုစည္းထားသၫ့္ သန႔္စင္တဲ့မီးေတာက္မွာ
ေရနတ္ဧကရာဇ္ဖန္ဆင္းထားေသာ
‌ေရလိႈင္းမ်ားၾကားတြင္ၿငိမ္းသက္သြားရၿပီျဖစ္သည္။

ေရစက္ေတြတြဲလြဲခိုေနတဲ့ ၾကာကလာဒ္ကို
ႏွေမ်ာတသစြာၾကၫ့္ေနရင္း၊
ရွင္းရဲ့မ်က္လံုးထဲက‌မ်က္ရည္စက္တို႔
အဆက္မျပတ္က်ဆင္းလာရေတာ့သည္။
သန႔္စင္တဲ့မီးေတာက္ကိုဖ်က္ဆီးၿပီး
ေရဝိဉာဉ္ေတြကို ေခြၽးသိပ္ေစလိုက္သတဲ့လား။

ဘယ္လိုေတာင္ ရက္စက္တဲ့ဆံုးျဖတ္မႈမ်ိဳးပါလိမ့္။

မီးမ်ိဳးႏြယ္အားလံုးကို တစ္ခဏေလးအတြင္း
မည္သို႔သတ္ျဖတ္လိုက္သည္ဆိုတာ
ေတြးေနရန္မလိုေတာ့။
သန႔္စင္တဲ့မီးေတာက္ၿငိမ္းသက္သြားၿပီဆိုတာနဲ႔
ထိုမီးေတာက္ႏွင့္ခ်ိတ္ဆက္ထားသၫ့္
မီးမ်ိဳးႏြယ္အားလံုးမွာ အလိုအေလ်ာက္ပ်က္စီးသြားၾကမည္သာ။

ခဲတစ္လံုးတည္းနဲ႔ ငွက္အေကာင္ေပါင္းမ်ားစြာကို
ပစ္လိုက္ႏိုင္သကဲ့သို႔၊
မွီတြယ္ေနထိုင္ရာသစ္ပင္ႀကီးကို
အျမစ္မွခုတ္လွဲၿပီး နားခိုရာမရိွေတာ့ေအာင္
လုပ္လိုက္သကဲ့သို႔။။။။။။

ေရနတ္ဧကရာဇ္ရဲ့လုပ္ေဆာင္ခ်က္က
တစ္ခ်က္တည္းနဲ႔ အရာအားလံုးကို
ဖ်က္ဆီးလိုက္ႏိုင္သည္ပဲ။

ေကာင္းကင္ေပၚေမာ့ၾကၫ့္ေနရင္း
မ်က္လံုးေတြကိုေမွးမိွတ္လိုက္ေတာ့
အရာရာကိုအေလ်ာ့ေပးလိုက္သၫ့္ႏွယ္
ထင္ဟပ္ေစ၏။
သို႔ေပမယ့္ ရွင္းကအဲ့လိုအရႈံးေပးတတ္သၫ့္သူမဟုတ္ေပ။

ထို႔ေၾကာင့္ သူ႔ရဲ့ခႏၶာကိုယ္အစိတ္အပိုင္းေတြ
ျပာအျဖစ္ေျပာင္းလဲေနသည့္ျမင္ကြင္းကို
မ်က္ေတာင္မခတ္စတမ္းၾကၫ့္ေနတဲ့
ေရနတ္ဧကရာဇ္ဆီ ရွင္းရာျဖင့္ပစ္လိုက္ေတာ့သည္။
သူ႔လက္ေတြက အေကာင္းအတိုင္းရိွေနေသးသည္ေလ။
ဘာေၾကာင့္ သူ႔ရန္သူကိုလက္တံု႔မျပန္ရမွာတဲ့လဲ။

ေရနတ္ဧကရာဇ္မွာ ရွင္းပစ္လႊတ္လိုက္ေသာ
ရွင္းရာဓားရဲ့လ်င္ျမန္မႈကို မတုယွဉ္ႏိုင္ပဲ
သူ႔ကိုယ္ထဲသို႔ဝင္သြားသည္ကို
လက္ခံလိုက္ရေတာ့သည္။

ရွင္းမွာ ထိုမ်ွႏွင့္မရပ္။

ဇာမဏီငွက္နီႀကီးထဲနစ္ဝင္သြားေသာ
ဝိဉာဉ္အပိုင္းအစမ်ားကို ဥပကၡာျပဳကာ
ဆက္လက္တိုက္ခိုက္ဖို႔ေရြးခ်ယ္ခဲ့သည္။

လက္ေခ်ာင္းေတြကို လ်င္ျမန္စြာလႈပ္ရွားရင္း
လန္ယာရဲ့ႀကိဳးေတြကိုရွည္လ်ားသထက္၊
ရွည္လ်ားလာေစခဲ့သည္။
ထို‌ေရႊေရာင္ႀကိဳးမ်ွင္ေလးမ်ားမွာ
မူလအရြယ္ထက္ရွည္လာသည္ႏွင့္အမ်ွ
ထက္ျမေသာဓားပါးမ်ွင္ေလးမ်ားအျဖစ္သို႔
ေျပာင္းသြားတတ္သည္ေလ။

သို႔ေၾကာင့္ပဲ လက္နက္ေတြရဲ့ရတနာတစ္ပါးအျဖစ္
ေက်ာ္ၾကားေနတာေပါ့။

ရွင္းမွာ လန္ယာရဲ့စြမ္းအင္ေတြကို
အသံုးမျပဳပဲမေနခဲ့ပါ။
သူသည္ ရွည္ႏိုင္သမ်ွရွည္လာေအာင္
ဆင့္ေခၚလိုက္ရင္းႏွင့္ ေရနတ္ဧကရာဇ္ကို
လြဲရိုက္လိုက္ေတာ့သည္။

မည္မ်ွအထိလႊဲရိုက္မိသည္မသိ။

အႀကိမ္တစ္ရာလား။

ဒါမွမဟုတ္ အႀကိမ္တစ္ေသာင္းလား။

သူမသိပါ။ ထို႔ထက္လည္းမ်ားခ်င္မ်ားပါလိမ့္မည္။
ေဒါသေတြအားလံုးကိုစုပံုၿပီး
ၿဖိဳခြဲလိုက္ရသည္ျဖစ္၍
သူ႔မွာေရတြက္ေနဖို႔လည္းအခ်ိန္မရိွခဲ့။

သူအခုခ်ိန္မွာသိေနသၫ့္တစ္ခုတည္းေသာအရာက
ေရနတ္ဧကရာဇ္ကို သတ္ဖို႔တစ္ခုတည္းပင္။
သူ႔ရဲ့ခႏၶာကိုယ္ကိုဆံုးရႈံးလိုက္ရၿပီပဲ
ႀကံဳေတြ ့လာရမၫ့္ျပသနာမ်ားကို
စိုးထိတ္ေနရဦးမွာလား။

သူ႔မ်ိဳးႏြယ္စုေတြအကုန္ေသဆံုးသြားခဲ့ရၿပီပဲ။
ေရဝိဉာဉ္ေတြကိုသူျပန္လည္သတ္ျဖတ္တာကို
အျပစ္လို႔ေျပာလို႔ရပါ့မလား။

သူ႔မွာရိွသမ်ွအရာေတြအားလံုးဆံုးရႈံးသြားခဲ့ရၿပီပဲ။
စာနာသနားမႈေတြကို ေရမ်ိဳးႏြယ္ေတြဆီ
ေပးအပ္ဖို႔လိုပါေသးရဲ့လား။

သူသည္ပင္လယ္ထဲသို႔စီးဝင္ေနေသာ
ျမစ္ေရစီးေၾကာင္းမ်ားကဲ့သို႔ပင္
အလ်ဉ္မျပတ္ေစဘဲ၊
လန္ယာကိုသာသံုးၿပီး ေရနတ္ဧကရာဇ္ကို
ႀကိမ္ဖန္မ်ားစြာလႊဲရိုက္ျခင္းျဖင့္‌
ေသဆံုးသြားေစခဲ့သည္။
ေရနတ္ဧကရာဇ္မွာ မီးေတာက္ကိုၿငိမ္းသြားေအာင္
ျပဳလုပ္ခဲ့စဉ္ကအားေတြအကုန္သံုးခဲ့ရသည္ျဖစ္ရာ
ရွင္းရဲ့လက္စားေခ်မႈကို မတံု႔ျပန္ႏိုင္ခဲ့ပါ။

ထို႔အတြက္ တစ္ကိုယ္လံုးအရိုးစပင္ရွာမေတြ ့ႏိုင္
ေလာက္ေအာင္ျဖစ္သြားရကာ၊
အသားေထြးႀကီးအျဖစ္သို႔
ေျပာင္းသြားခဲ့ရသည္ဆို၏။
ေရဝိဉာဉ္မ်ားမွာလည္း အလားတူေသဆံုးသြားရသည္ျဖစ္ရာ
သံုးေလာကတြင္ထပ္မံေပၚလာျခင္း
မရိွေတာ့ဟုဆိုျက၏။

ရွင္းကေတာ့ ထိုးထြင္းျမင္ေနရသၫ့္ဝိဉာဉ္တစ္ေကာင္အျဖစ္
ေရာက္ရိွေနရသည္ကို
ရွက္ရြံ႔ၿပီး လူ႔ျပည္သို႔ဆင္းသြားခဲ့သတဲ့။
ပုန္းေရွာင္တိမ္းရင္းျဖင့္ႏွစ္ေပါင္းမ်ားစြာ
က်င့္ၾကအားထုတ္ၿပီးသၫ့္အခ်ိန္မွ
သာမန္နတ္ဘုရားတစ္ပါးဟုထင္ရေစသၫ့္
ထိုးေဖာက္မျမင္ရႏိုင္သၫ့္ ဝိဉာဉ္အျဖစ္
ေရာက္ရိွသြားသည္ဟုဆို၏။

သို႔ေပမယ့္ ထိုအေၾကာင္းအရာမ်ားမွာ
ကမ႓ာဦးအစ၊ ေက်ာက္စိမ္းဧကရာဇ္(ေကာင္းကင္ဧကရာဇ္)
လက္ထက္တြင္ျဖစ္‌ပြားခဲ့သည္ျဖစ္ရာ၊
အတိအက်သိသူမရိွလွေပ။
ယံုတမ္းစကားေတြႏွင့္ အိပ္ရာဝင္ပံုျပင္မ်ားအျဖစ္သာ
က်န္ရိွေနသည္မို႔ မွန္သည္လည္းျဖစ္ႏိုင္သလို၊
မွားသည္ဟုလည္းဆို၍ရနိုင္၏။

တခ်ိဳ႕ေသာ ဒ႑ာရီလာကဗ်ာေလးမ်ားမွာေတာ့
ဤသို႔ေသာစာသားအခ်ိဳ႕ပါဝင္ခဲ့သည္ကို
ေတြ ့ရိွႏိုင္၏။

~ ဟြာ့စန္းေတာင္ထိပ္၊ စံကာျမန္းသၫ့္
   ေဟာ္လင္သခင္အား၊ ေမာ္ကာဖူး၍
   ရင္နင့္သည္းခ်ာ၊ ခ်စ္ကဗ်ာအား
   ခြန္းတံု႔မဆို၊ စာႏွင့္ေရးလို႔
   လိပ္ေႁမြတစ္ဆင့္၊ ငွက္နီသယ္ေဆာင္
   ဗ်က္ေစာင္းတီးလို႔၊ ဖတ္ကာျပေလ
   ပုေလြသံခင္းကာ၊ ေစာင့္ေနမယ္ဟု
   စာေတာ္ျပန္ပါး၊ ေရနတ္ဧကရာဇ္လား  ~

ထိုကဗ်ာ၏ အဓိပၸာယ္ကား ရွင္းလွပါ၏။

ဟြာ့စန္းေတာင္ထိပ္မွာေနထိုင္သၫ့္
ေဟာ္လင္အရွင္သခင္ကို
ေငးေမာၾကၫ့္ေနတတ္သၫ့္ ေရနတ္ဧကရာဇ္က
ခ်စ္သက္လႊာေလးေတြကိုကဗ်ာအျဖစ္သီကံုးၿပီး
လိပ္ေႁမြကေနတစ္ဆင့္‌ေပးပို႔ေစျခင္းျဖစ္သည္။
ထိုစာလႊာကို ဇာမဏီငွက္နီႀကီးက
ရွင္းကိုဆက္သေသာအခါ
ေစာင္းတီးရင္းႏွင့္ဖတ္ၾကၫ့္ပါ။
ကိုယ္လည္းပုေလြမႈတ္ရင္း ၊မင္းရဲ့သံစဉ္ကို
အေဖာ္ျပဳေပးပါ့မယ္လို႔ ေျပာလိုက္သၫ့္စာလည္း
ထၫ့္ေပးလိုက္ပါသည္ဟု
ဆိုျခင္းျဖစ္၏။

ဤသည္ကိုၾကၫ့္လ်ွင္ ရွင္းနဲ႔ေရနတ္ဧကရာဇ္ၾကားမွာ
ယံုတမ္းစကားမ်ားကဲ့သို႔၊
အမုန္းအာဃာသမ်ား ရိွခဲ့ဟန္မေပၚ။
ေအးျမလွသၫ့္ စိမ့္စမ္းေရႏွင့္တူသၫ့္
ေရမ်ားႏြဲ႔ႏြဲ ့ေလးက်ဆင္းလာသည္ကို
‌ရႈစားရင္း ခ်စ္ခြန္းဖြဲ႔သီဖို႔ႀကံရြယ္ေနေသာ
ငွက္ေမာင္ႏွံမ်ားဟုပင္ထင္ရေစ၏။

သို႔ေသာ္ျငားလည္း။။။။။။

မည္သို႔ပင္ဆိုေစကာမူ
ေဟာ္လင္အရွင္သခင္ဟုအမည္တြင္ေသာ
ရွင္းမွာ ထိုအခ်ိန္ကတည္းကပင္၊
ေရစြမ္းအင္ကိုထိ‌ေတြ ့လိုက္ရသည္ႏွင့္ ဝိဉာဉ္ၿပိဳကြဲ‌သြားၿပီဟု
ထင္ရေလာက္ေအာင္
နာက်င္ခံစားခဲ့ရသည္ဟုဆို၏။

ထို႔ေၾကာင့္ ဖန႔္ယြင္ႏွင့္ရွဲ႔ယန္မွာ
ရွင္းကို က်င္းေရစြမ္းအင္ႏွင့္
တိုက္ခိုက္လာမွာကို စိုးရိမ္ေနခဲ့ျခင္းျဖစ္သည္။
စိုးရိမ္သည္ႏွင့္အမ်ွ ရွင္းကိုကာကြယ္ေပးဖို႔
အၿမဲတေစေခ်ာင္းေျမာင္း၍
အရိပ္အေျခေစာင့္ၾကၫ့္ေပးခဲ့ၾကသည္။

ယခုတစ္ႀကိမ္မွလြဲ၍ေပါ့။။။။။။။

သိူ႔ေသာ္ ထိုအလြဲေၾကာင့္ပင္၊
ရွင္းမွာအခုခ်ိန္ထိကို သတိမရလာပဲ၊
‌‌အသက္ဝိဉာဉ္ကင္းကြာေနသၫ့္သူပမာ
သလြန္ထက္တြင္လွဲ‌ေလ်ာင္းေနခဲ့ရသည္ေလ။

သူတို႔တကယ္ကို အသံုးမခ်ျဖစ္ခဲ့တာပင္။

ရွင္းကိုမကာကြယ္ေပးႏိုင္တာက
ေသခ်ာေပါက္သူတို႔အသံုးမက်မႈေၾကာင့္သာ
ျဖစ္မည္ေလ။

ဘယ္သူေတြဘယ္လိုေျပာပါေစ၊
သူတို႔ရင္ထဲမွာရိုက္ႏိွပ္ခံလိုက္ရသၫ့္
သံမိႈသည္ဖယ္ရွားၿပီးသၫ့္တိုင္၊
ျပန္လည္ဖာေထး၍မရနိုင္သည့္
ဒဏ္ရာတစ္ခုေပးထားခဲ့ပါၿပီ။
ထိုဒဏ္ရာကေနေပးတဲ့ သင္ခန္းစာတစ္ခုလည္းရိွေသးသည္။

အဲ့ဒီသင္ခန္းစာက ရွင္းကိုက်င္းနဲ႔ေဝးတဲ့ဆီမွာထားမွ
အႏၲရာယ္ကင္းမည္ ဆိုတဲ့သင္ခန္းစာပင္ျဖစ္သည္။

Unicode:

ရှင်းသွေးပျက်သွားခဲ့ရချေပြီ။

ရေတံခွန်ပေါ်မှ နောက်ပြန်ခုန်ချလိုက်ရသည့်နှယ်
ရင်ထဲတွင် လှစ်ဟာမှုတစ်ရပ်ကြီးစိုးသွားခဲ့ရသလိုမျိုး
ခံရခက်လှပါ၏။
ကောင်းကင်တစ်ခွင်လုံးတွင်
ဖုံးလွှမ်းနေသည့် ရွှေရောင်ပြာမှုန့်များမှာ
အနည်းအကျဉ်းမှမဟုတ်ခဲ့လေပဲ။

မျိုးနွယ်စုတစ်စုလုံးရဲ့ပမာဏလောက်ရှိနေတာလေ။

သူ့ရဲ့တစ်ခုတည်းသောတွယ်တာရာဖြစ်သည့်
မီးမျိုးနွယ်စုတစ်ခုလုံးသေဆုံးသွားသည်နှင့်
ညီမျှတဲ့ ရွှေရောင်ပြာတွေကိုမြင်တွေ့နေခဲ့ရတာလေ။
သူဘယ်လိုများ ရင်မနာပဲနိုင်ရမှာတဲ့လဲ။

ဘဝမှာတစ်ခုတည်းသောမှီခိုအားထားရာဖြစ်သည့်
မိသားစု။

ဝမ်းနည်းမှုတွေကြုံလာတိုင်း
နားခိုရာပခုံးတစ်ဖက်ပေးစွမ်းနိုင်သည့်
သွေးသားရင်းချာတွေ။

သူ့ရဲ့ကောင်းပြစ်၊ဆိုးပြစ်အားလုံးကို
သည်းခံခွင့်လွှတ်ပေးပြီး
သက်ထက်ဆုံးလက်တွဲကာ
မိုးမြေဆုံးတိုင်သွားဖို့ကြံရွယ်ထားသည့်
ကြင်ယာတော်လောင်း။

အရာအားလုံးကိုသူဆုံးရှုံးခဲ့ရပြီနှင့်တူသည်။

ဝိဉာဉ်ကိုဆွဲဆုတ်ပြီးအစိတ်စိတ်အမွှာမွှာဖြစ်အောင်
ပိုင်းဖြတ်ခံရရင်တောင် သူဒီလောက်နာကျင်ရမည်မထင်။
ဘာကြောင့်များပါလိမ့်။
သူ့အပေါ်မှာဘာကြောင့်ဒီလောက်ရက်စက်သည့်
အပြုအမူမျိုးပြုလုပ်သွားရပါလိမ့်။

ဖြစ်နိုင်ရင်အော်ဟစ်မေးလိုက်ချင်ပါသည်။

ရှင်းသည် ဇာမဏီငှက်နီကြီးကိုဟွာ့စန်းတောင်ဆီ
လျင်မြန်စွာပြန်သန်းစေလိုက်သည်။
မျက်နှာပေါ်ကျူးကျော်ရောက်ရှိလာသည့်
မျက်ရည်စများကို
သူ့ကိုယ်တွင်းစွမ်းအင်တွေနဲ့လောင်မြိုက်စေပြီး
အံကိုတင်းတင်းကြိတ်မိ၏။

"ငါ့ကိုစိန်ခေါ်တယ်ပေါ့....."

အံကြိတ်ရင်းရေရွတ်လိုက်သည့်စကားသံသည်
နားဝင်မချိုနေခဲ့။ နားထောင်၍ပင်မကောင်းလောက်အောင်
ခါးသီးခြင်းတွေစိမ့်ဝင်လို့နေခဲ့သည်။

ရှင်းရာကိုလက်ထဲသို့ဆင့်ခေါ်လိုက်သည်မို့
ပြေကျသွားသော ဆံနွယ်ရှည်များသည်
ကျစ်ဆံမြီးများဖြင့်ထိန်းညှိခံထားရလင့်ကစား
သူ့ကိုအရိုင်းဆန်သည့်အသွင်ဖန်တီးပေးနေ၏။
ရှင်းမှာ နတ်ဧကရာဇ်တစ်ပါးနှင့်မတူတော့ပဲ
မိစ္ဆာတစ်ကောင်နှင့်တူနေခဲ့ချေပြီ။

သူသည် နင့်နင့်နဲနဲတွေးနေခဲ့၏။

ဘယ်သူကများ သူ့ရဲ့မျိုးနွယ်စုကို
ထိပါးရဲတာတဲ့လဲ။

ဘယ်သူကများ သူမရှိတဲ့အချိန်ခဏ‌လေးအတွင်းမှာ
မီးပဒုမ္မာနန်းတော်ရဲ့မျိုးဆက်အားလုံးကို
သတ်သွားနိုင်ခဲ့တာတဲ့လဲ။

ဘယ်သူကများ ဒီလိုရက်စက်နိုင်ရတာတဲ့လဲ။

မေးခွန်းတွေသည်ရင်နှင့်မဆံ့လောက်အောင်ပင်
ပြည့်နှက်လို့လာခဲ့ရချေပြီ။
သူ့ဘဝမှာလုပ်ခဲ့ဖူးသည့်တစ်ခုတည်းသော
အရာဆိုလို့ အားနည်းသူများဘက်မှရပ်တည်ခဲ့သည့်
ကိစ္စများသာရှိခဲ့ပါ၏။
ကောင်းကင်နယ်‌မြေ၊ မြေအောက်ကမ္ဘာ၊ လူ့ဘုံလောက စသည့် သုံးလောကတစ်ခွင်တွင်
သူ့မျိုးနွယ်စုကိုမထိပါးရဲအောင်
မျိုးနွယ်စုအတော်များများနှင့်
မိတ်ဆွေဖွဲ့ခဲ့၏။ အကူအညီများပေးခဲ့၏။
လိုအပ်လျှင်သူကိုယ်တိုင်ပါ ထိုမျိုးနွယ်စုများထံ
ရောက်လာသည့်ဘေးဒုက္ခအပေါင်းကို
တိုက်ခိုက်ချေမှုန်းပေးခဲ့၏။

ဒီလောက်အထိပေးဆပ်ပြီး
ဆက်ဆံရေးကောင်းမွန်အောင်
ပန်းတံတားဖောက်ခဲ့ပါရက်နှင့်
သူတို့ကိုထိပါးရဲသည့်သူရှိလာသည်တဲ့လား။

ရှင်းသည် မီးဧကရာဇ်ဆိုသည့်ဂုဏ်ပုဒ်တွင်
အစွန်းအထင်းအနည်းငယ်မှမရှိအောင်
ဂရုပြုတတ်သူတစ်ဦးဖြစ်ရာ၊
လိုအပ်၍ တစ်ဖက်မျိုးနွယ်စုဖက်မှဝင်ရောက်
တိုက်ခိုက်ရသည့်တိုင်၊
အမြစ်ဖြတ်ချေမှုန်းခြင်းဟူသည့် မျိုးရိုးစဉ်ဆက်သတ်ဖြတ်ခြင်းကို
မပြုလုပ်ခဲ့ဖူးပေ။

သူကူညီလိုက်သည့်မျိုးနွယ်စုက
ထိုသို့သောစိတ်မျိုးရှိနေရင်တောင်
သူကတံတိုင်းသဖွယ်ရှေ့မှာရပ်ပြီး
ပြန်လည်ကာကွယ်ပေးခဲ့သည်များသာ
ရှိခဲ့၏။

ထို့ကြောင့်သာ မီးဧကရာဇ်ကို သုံးလောကရှိ
သက်ရှိ၊သက်မဲ့များ လေးစားမှုများအဓွန့်ရှည်ခဲ့သည်ပေါ့။
မဟုတ်ရင် လောကတစ်ခွင်ဖြစ်ပျက်သမျှကိစ္စ
အဝဝကို ကိုယ့်အိမ်ထဲမှာဖြစ်နေသည့်
ကိစ္စနှယ်လိုက်လံဖြေရှင်းနေတတ်သည့်သူ့ကို
အမြင်မကြည်သည့်သူများရှိလာနိုင်သည်
မဟုတ်လား။

ငြိမ်းချမ်းရေးကိုဆောင်ကြည်းပေးချင်သည့်
စိတ်ကြောင့်သာ သူလည်းလိုက်ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။
အမှန်အတိုင်းပြောရရင် သူသည်စစ်ကိုမုန်း၏။
နေ့စဉ်နေ့တိုင်းစောင်းလေးတီးပြီး
မျိုးနွယ်စုအားလုံးစည်းလုံးနေသည့်၊
နေ့ရက်များတွင်သာ နေထိုင်ချင်ခဲ့သည်ကအမှန်။

ဤသို့‌သောစိတ်ကို အပြစ်ဟုဆိုလို့ရပါ့မလား။

အကယ်၍ အပြစ်ဟုသတ်မှတ်မည်ဆိုရင်‌တောင်
‌ရေနတ်ဧကရာဇ်တစ်ပါးသာ
ရှိပါလိမ့်မည်။

သူနှင့်ဆက်ဆံရေးမကောင်းပါသည့်
ရေနတ်ဧကရာဇ်။
မကြာခဏဆိုသလို ရေဝိဉာဉ်များစေလွှတ်ပြီး
သူ့ရဲ့သွားလာလှုပ်ရှားမှုများကို
ချောင်းမြောင်းတတ်ပါသည့် ရေနတ်ဧကရာဇ်။

သူ့ကိုသာပူဇော်ပသသည်ဆိုသောအချက်နှင့်
လူ့ဘုံလောကကိုရေလွှမ်းပစ်ခဲ့သည့်
ရေနတ်ဧကရာဇ်။

ဟုတ်သည်။ သူ့ကိုရန်စမည့်သူမှာရေနတ်ဧကရာဇ်သာ
ဖြစ်ပါလိမ့်မည်။
မကြာခင်ကမှရေဝိဉာဉ်များကိုသတ်ဖြတ်ပြီး
‌ရေလွှမ်းမိုးသည့်ကပ်ဘေးကို
အသာလေးဖြတ်ကျော်နိုင်ခဲ့သည့်သူ့ကို
ရေနတ်ဧကရာဇ်ကအမြင်ကြည်မည်တဲ့လား။
ထို့ပြင် သေဆုံးသွားသည့်ရေဝိဉာဉ်တွေကရော
သူတို့ဧကရာဇ်ရဲ့တစ်ကိုယ်ကောင်းဆန်သည့်
စိတ်ကိုခွင့်လွှတ်ပေးနိုင်မည်တဲ့လား။

မဖြစ်နိုင်ပေ။ ကိုယ်ရေးကိုယ်တာအချက်ကြောင့်
အလဟသ‌သေဆုံးသွားရတဲ့ရေဝိဉာဉ်များသည်
အငြိုးကြီးသည့်မိစ္ဆာများအဖြစ်သို့ပြောင်းသွားမည်သာ။

ထိုမျှမက နောင်တွင်ရေမျိုးနွယ်စုကိုပါ
ထိပါးနှောက်ယှက်လာနိုင်သေးသည်။
သို့ဖြစ်၍ ထိုသို့သောအခြေအနေများကို
ထိန်းချုပ်ပြီးရေဝိဉာဉ်မိစ္ဆာများ
ငြိမ်းချမ်းသွားအောင်ပြုလုပ်ပေးနိုင်မည့်
တစ်ခုတည်းသောအရာမှာ
၎င်းတို့ကိုသတ်သွားခဲ့သည့် ရှင်းရဲ့
အသက်ဖြင့်ယစ်ပူဇော်ခြင်းသာ။။။။။။

သို့ပေမယ့် ရေနတ်ဧကရာဇ်မှာ
ခက်ခဲသောနည်းလမ်းများကို
အသုံးမပြုချင်ခဲ့ပုံပေါ်သည်။
ဒါကြောင့်သာ ရှင်းကိုမသတ်ပဲ
မီးမျိုးနွယ်တွေရဲ့သေဆုံးမှုဖြင့်
အစားထိုးသွားသည်သာဖြစ်မည်။

ရှင်းနှင့်တိုက်ခိုက်မည်ဆိုလျှင်
သူ့ထံတွင်ဆုံးရှုံးမှုများသာ
ပိုဖြစ်လာမည်ကို ရေနတ်ဧကရာဇ်က
သတိထားမိပုံပေါ်၏။

သို့သော်ငြားလည်း။။။။။။

ဟာကွက်တစ်ခုရှိနေသည်ပင်။

မီးမျိုးနွယ်စုများက အရင်လိုတိုက်ခိုက်ရေးနားမလည်သည့်
ခပ်အအ မျိုးနွယ်တစ်စုမှမဟုတ်တော့ပဲ။
သုံးလောကရဲ့အတော်ဆုံး
နတ်စစ်သည်တြွေဖစ်နေပြီမဟုတ်ပါလား။
အချိန်ခဏလေးအတွင်း ဤမျှလောက်များပြားသော
ပမာဏဖြင့်သေဆုံးသွားမည့်သူများ၊
လုံးဝမဟုတ်ပါလေ။

ခေါင်းပေါက်မတတ်စဉ်းစား‌နေရင်း၊
ရှင်းမှာဒေါသထွက်လွန်း၍
ရှင်းရာကိုပင်ကောင်းစွာမကိုင်နိုင်တော့သလို
ခံစားလာရသည်။
မသိရင် ရှင်းရာက သူ့လက်ထဲမှလွတ်ကျသွားတော့မည့်အလား။

ထိုအချိန်တွင် သူစီးနှင်းလာသည့်
ဇာမဏီငှက်နီကြီးထံတွင်လည်း
စဉ်းစားစရာများဖြင့်ပြည့်နှက်နေခဲ့သည်။
အ‌တွေးများ‌နေ‌သော ရှင်းက‌တော့ငှက်နီကြီးရဲ့ခံစားချက်ကို
မသိမထားမိခဲ့ပါချေ။
ဇာမဏီငှက်နီကြီးမှာ အတောင်ဖြန့်ကာပျံသန်းနေရင်း၊ သူ့ကိုယ်ထဲသို့တဖြည်းဖြည်းတိုးဝင်လာနေသော
ရှင်းရဲ့ခြေထောက်များကြောင့်
စိတ်အနှောက်အယှက်ဖြစ်နေရ၏။
သို့ပေမယ့် သူအသံမထွက်ရဲပါပေ။
သူ့သခင်မှာ တစ်စုံတစ်ခုကိုအာရုံစိုက်နေချိန်၌
အနှောက်အယှက်ခံရခြင်းကို
မနှစ်မြို့ပါလေ။

သို့ဖြစ်၍ ဟွာ့စန်းတောင်ထိပ်ရှိ မီးပဒုမ္မာနန်းတော်သို့သာ
အလျင်အမြန်ပျံသန်းမိ၏။
နန်းတော်ထဲတွင် အမျိုးအမည်မသိနိုင်သော
ပြဿနာတစ်ရပ်ဖြစ်နေလောက်သည်ဟု
သူခန့်မှန်းမိနေသည်။
ထိုပြဿနာရပ်သည် တုနှိုင်းမဲ့လောက်အောင်လည်း
ဖြေရှင်းရခက်နိုင်သည်ဟုလည်း
တွေးမိ၏။

ထို့ကြောင့် တောင်ပံတွေဆီအားပိုထည့်လိုက်ကာ
ပိုမိုလျင်မြန်သောအရှိန်နှင့်ပျံသန်းလိုက်တော့သည်။

ဇာမဏီငှက်နီ၏ပျံသန်းနှုန်းသည်
မည်မျှပင်မြင့်လင့်ကစား၊
ယိမ်းယိုင်ခြင်းမရှိသည့်အပြင်၊
တည်ငြိမ်မှုကိုသာပို၍ပေးနိုင်စွမ်းပေ၏။
ယင်းသို့သော တည်ငြိမ်မှုမျိုးရှိနေသည်မို့သာ
ငှက်နီကြီးမှာ လျင်မြန်စွာပျံသန်းရဲခြင်းဖြစ်၏။

မဟုတ်လျှင် သူ့သခင်၏ဒေါသကို
ရင်ဆိုင်ရမည်မဟုတ်ပါလား။
အနှီကိစ္စကိုတော့ လက်သင့်ခံဖို့သူမဝံ့ရဲပါပေ။

ထိုအချိန်တွင် သူ့သခင်၏
ဒူးဆစ်လောက်အထိမှာ
သူ့ကိုယ်ထဲသို့ဖောက်ဝင်နေပြီဖြစ်သည်။
ငှက်နီကြီးက ခံစားသိရှိနေပေမယ့်
အတွေးနယ်ချဲ့နေသော ရှင်းမှာတော့
ခရမ်းရောင်တဖြည်းဖြည်းသမ်းလာပြီဖြစ်သော
တိမ်စိုင်တွေကိုစိုက်ကြည့်ရင်းဖြင့်သာ
အလုပ်ရှုပ်နေခဲ့သည်။

ယခုချိန်တွင် သူစိတ်ဝင်စားနေသည့်
တစ်ခုတည်းသောကိစ္စရပ်မှာ
အဘယ်ကြောင့်ရေနတ်ဧကရာဇ်က
စည်းမစောင့်သလဲဆိုသည်ကိုပင်။

သို့ဖြစ်၍ သူ့ခန္ဓာကိုယ်၏‌ပြောင်းလဲမှုများကို
သတိမထားနိုင်ခဲ့ခြင်းဖြစ်သည်။
သူသာသတိထားမိခဲ့မည်ဆိုလျှင်
သူ့ခြေထောက်တွေတဖြည်းဖြည်းပျောက်ကွယ်
လာပြီးဝိဉာဉ်တစ်ခုအဖြစ်
စတင်ပြောင်းလဲလာနေသည်ကို
သတိပြုမိမည်ကား မလွဲဧကန်ပင်။

ဒါပေမယ့် စိတ်ထြွေပားနေတဲ့သူတစ်ယောက်အဖို့
အရာရာဟာ သာမန်ကာလျှံကာထက်
ပိုမနေခဲ့သည်က
ရှင်းရဲ့တစ်ခုတည်းသောအမှားပင်။

ထို့ကြောင့် ဟွာ့စန်းတောင်သို့ရောက်သည့်အချိန်တွင်
သူ့ခါးအထိဇာမဏီငှက်နီကြီး၏ ကိုယ်ထဲသို့ဝင်သွားခဲ့ရလေပြီ။
ဝိဉာဉ်ဖြစ်နေ၍ တစ်ပါးသူရဲ့ကိုယ်ထဲဝင်သွားရခြင်းသာ။

ရှင်းမှာ လှုပ်ရှား၍အဆင်မပြေသော
ခန္ဓာကိုယ်ကိုငုံ့ကြည့်ရင်း
အသက်ရှုရပ်သွားရတော့သည်။ ‌ရွှေရောင်ပြာမှုန်တွေအဖြစ်
တစ်စ၊တစ်စကူးပြောင်းလာနေသည့်
သူ့ခန္ဓာကိုယ်အောက်ပိုင်းကိုကြည့်ပြီး
မယုံနိုင်အောင်ဖြစ်ခဲ့ရသည်။
တုန်လှုပ်ခြောက်ခြားခြင်းနှင့်
ထိတ်လန့်ခြင်းသည်
သူ့ကိုအသူတရာနက်လှသည့်
ချောက်ကြီးထဲသို့ မညှာမတာကန်ချနေကြသည်။

ဇာမဏီငှက်နီကြီးကိုယ်ထဲမှ
သူ့ဝိဉာဉ်တစ်ပိုင်းတစ်စကို
ဆွဲထုတ်ပစ်လိုက်ချင်ပေမယ့်
သူမစွမ်းဆောင်နိုင်ခဲ့ပါပေ။
ဘယ်လိုထိန်းချုပ်ရမည်ကိုလည်းသူမသိ။
သို့ဖြစ်၍ ကြာကလာဒ်ထဲတွင်
တောက်လောင်နေသည့်
သန့်စင်တဲ့မီးတောက်အကူအညီကို
ရယူဖို့ရန် ၊ မော့ကြည့်လိုက်မိသည်။

"........."

ရှင်းအမှန်တကယ်ကိုဆွံ့အခဲ့ရလေပြီ။
သူ့ရဲ့စွမ်းအင်အားလုံးကိုထောက်ပံ့ပေးနေသည့်၊
မီးမျိုးနွယ်စုအားလုံးရဲ့အသက်ဝိဉာဉ်ဓာတ်တွေ
စုစည်းထားသည့် သန့်စင်တဲ့မီးတောက်မှာ
ရေနတ်ဧကရာဇ်ဖန်ဆင်းထားသော
‌ရေလှိုင်းများကြားတွင်ငြိမ်းသက်သွားရပြီဖြစ်သည်။

ရေစက်တွေတွဲလွဲခိုနေတဲ့ ကြာကလာဒ်ကို
နှမျောတသစွာကြည့်နေရင်း၊
ရှင်းရဲ့မျက်လုံးထဲက‌မျက်ရည်စက်တို့
အဆက်မပြတ်ကျဆင်းလာရတော့သည်။
သန့်စင်တဲ့မီးတောက်ကိုဖျက်ဆီးပြီး
ရေဝိဉာဉ်တွေကို ချွေးသိပ်စေလိုက်သတဲ့လား။

ဘယ်လိုတောင် ရက်စက်တဲ့ဆုံးဖြတ်မှုမျိုးပါလိမ့်။

မီးမျိုးနွယ်အားလုံးကို တစ်ခဏလေးအတွင်း
မည်သို့သတ်ဖြတ်လိုက်သည်ဆိုတာ
တွေးနေရန်မလိုတော့။
သန့်စင်တဲ့မီးတောက်ငြိမ်းသက်သွားပြီဆိုတာနဲ့
ထိုမီးတောက်နှင့်ချိတ်ဆက်ထားသည့်
မီးမျိုးနွယ်အားလုံးမှာ အလိုအလျောက်ပျက်စီးသွားကြမည်သာ။

ခဲတစ်လုံးတည်းနဲ့ ငှက်အကောင်ပေါင်းများစွာကို
ပစ်လိုက်နိုင်သကဲ့သို့၊
မှီတွယ်နေထိုင်ရာသစ်ပင်ကြီးကို
အမြစ်မှခုတ်လှဲပြီး နားခိုရာမရှိတော့အောင်
လုပ်လိုက်သကဲ့သို့။။။။။။

ရေနတ်ဧကရာဇ်ရဲ့လုပ်ဆောင်ချက်က
တစ်ချက်တည်းနဲ့ အရာအားလုံးကို
ဖျက်ဆီးလိုက်နိုင်သည်ပဲ။

ကောင်းကင်ပေါ်မော့ကြည့်နေရင်း
မျက်လုံးတွေကိုမှေးမှိတ်လိုက်တော့
အရာရာကိုအလျော့ပေးလိုက်သည့်နှယ်
ထင်ဟပ်စေ၏။
သို့ပေမယ့် ရှင်းကအဲ့လိုအရှုံးပေးတတ်သည့်သူမဟုတ်ပေ။

ထို့ကြောင့် သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ
ပြာအဖြစ်ပြောင်းလဲနေသည့်မြင်ကွင်းကို
မျက်တောင်မခတ်စတမ်းကြည့်နေတဲ့
ရေနတ်ဧကရာဇ်ဆီ ရှင်းရာဖြင့်ပစ်လိုက်တော့သည်။
သူ့လက်တွေက အကောင်းအတိုင်းရှိနေသေးသည်လေ။
ဘာကြောင့် သူ့ရန်သူကိုလက်တုံ့မပြန်ရမှာတဲ့လဲ။

ရေနတ်ဧကရာဇ်မှာ ရှင်းပစ်လွှတ်လိုက်သော
ရှင်းရာဓားရဲ့လျင်မြန်မှုကို မတုယှဉ်နိုင်ပဲ
သူ့ကိုယ်ထဲသို့ဝင်သွားသည်ကို
လက်ခံလိုက်ရတော့သည်။

ရှင်းမှာ ထိုမျှနှင့်မရပ်။

ဇာမဏီငှက်နီကြီးထဲနစ်ဝင်သွားသော
ဝိဉာဉ်အပိုင်းအစများကို ဥပက္ခာပြုကာ
ဆက်လက်တိုက်ခိုက်ဖို့ရွေးချယ်ခဲ့သည်။

လက်ချောင်းတွေကို လျင်မြန်စွာလှုပ်ရှားရင်း
လန်ယာရဲ့ကြိုးတွေကိုရှည်လျားသထက်၊
ရှည်လျားလာစေခဲ့သည်။
ထို‌ရွှေရောင်ကြိုးမျှင်လေးများမှာ
မူလအရွယ်ထက်ရှည်လာသည်နှင့်အမျှ
ထက်မြသောဓားပါးမျှင်လေးများအဖြစ်သို့
ပြောင်းသွားတတ်သည်လေ။

သို့ကြောင့်ပဲ လက်နက်တွေရဲ့ရတနာတစ်ပါးအဖြစ်
ကျော်ကြားနေတာပေါ့။

ရှင်းမှာ လန်ယာရဲ့စွမ်းအင်တွေကို
အသုံးမပြုပဲမနေခဲ့ပါ။
သူသည် ရှည်နိုင်သမျှရှည်လာအောင်
ဆင့်ခေါ်လိုက်ရင်းနှင့် ရေနတ်ဧကရာဇ်ကို
လွဲရိုက်လိုက်တော့သည်။

မည်မျှအထိလွှဲရိုက်မိသည်မသိ။

အကြိမ်တစ်ရာလား။

ဒါမှမဟုတ် အကြိမ်တစ်သောင်းလား။

သူမသိပါ။ ထို့ထက်လည်းများချင်များပါလိမ့်မည်။
ဒေါသတွေအားလုံးကိုစုပုံပြီး
ဖြိုခွဲလိုက်ရသည်ဖြစ်၍
သူ့မှာရေတွက်နေဖို့လည်းအချိန်မရှိခဲ့။

သူအခုချိန်မှာသိနေသည့်တစ်ခုတည်းသောအရာက
ရေနတ်ဧကရာဇ်ကို သတ်ဖို့တစ်ခုတည်းပင်။
သူ့ရဲ့ခန္ဓာကိုယ်ကိုဆုံးရှုံးလိုက်ရပြီပဲ
ကြုံတွေ့လာရမည့်ပြသနာများကို
စိုးထိတ်နေရဦးမှာလား။

သူ့မျိုးနွယ်စုတွေအကုန်သေဆုံးသွားခဲ့ရပြီပဲ။
ရေဝိဉာဉ်တွေကိုသူပြန်လည်သတ်ဖြတ်တာကို
အပြစ်လို့ပြောလို့ရပါ့မလား။

သူ့မှာရှိသမျှအရာတွေအားလုံးဆုံးရှုံးသွားခဲ့ရပြီပဲ။
စာနာသနားမှုတွေကို ရေမျိုးနွယ်တွေဆီ
ပေးအပ်ဖို့လိုပါသေးရဲ့လား။

သူသည်ပင်လယ်ထဲသို့စီးဝင်နေသော
မြစ်ရေစီးကြောင်းများကဲ့သို့ပင်
အလျဉ်မပြတ်စေဘဲ၊
လန်ယာကိုသာသုံးပြီး ရေနတ်ဧကရာဇ်ကို
ကြိမ်ဖန်များစွာလွှဲရိုက်ခြင်းဖြင့်‌
သေဆုံးသွားစေခဲ့သည်။
ရေနတ်ဧကရာဇ်မှာ မီးတောက်ကိုငြိမ်းသွားအောင်
ပြုလုပ်ခဲ့စဉ်ကအားတွေအကုန်သုံးခဲ့ရသည်ဖြစ်ရာ
ရှင်းရဲ့လက်စားချေမှုကို မတုံ့ပြန်နိုင်ခဲ့ပါ။

ထို့အတွက် တစ်ကိုယ်လုံးအရိုးစပင်ရှာမတွေ့နိုင်
လောက်အောင်ဖြစ်သွားရကာ၊
အသားထွေးကြီးအဖြစ်သို့
ပြောင်းသွားခဲ့ရသည်ဆို၏။
ရေဝိဉာဉ်များမှာလည်း အလားတူသေဆုံးသွားရသည်ဖြစ်ရာ
သုံးလောကတွင်ထပ်မံပေါ်လာခြင်း
မရှိတော့ဟုဆိုကြ၏။

ရှင်းကတော့ ထိုးထွင်းမြင်နေရသည့်ဝိဉာဉ်တစ်ကောင်အဖြစ်
ရောက်ရှိနေရသည်ကို
ရှက်ရွံ့ပြီး လူ့ပြည်သို့ဆင်းသွားခဲ့သတဲ့။
ပုန်းရှောင်တိမ်းရင်းဖြင့်နှစ်ပေါင်းများစွာ
ကျင့်ကြအားထုတ်ပြီးသည့်အချိန်မှ
သာမန်နတ်ဘုရားတစ်ပါးဟုထင်ရစေသည့်
ထိုးဖောက်မမြင်ရနိုင်သည့် ဝိဉာဉ်အဖြစ်
ရောက်ရှိသွားသည်ဟုဆို၏။

သို့ပေမယ့် ထိုအကြောင်းအရာများမှာ
ကမ္ဘာဦးအစ၊ ကျောက်စိမ်းဧကရာဇ်(ကောင်းကင်ဧကရာဇ်)
လက်ထက်တွင်ဖြစ်‌ပွားခဲ့သည်ဖြစ်ရာ၊
အတိအကျသိသူမရှိလှပေ။
ယုံတမ်းစကားတွေနှင့် အိပ်ရာဝင်ပုံပြင်များအဖြစ်သာ
ကျန်ရှိနေသည်မို့ မှန်သည်လည်းဖြစ်နိုင်သလို၊
မှားသည်ဟုလည်းဆို၍ရနိုင်၏။

တချို့သော ဒဏ္ဍာရီလာကဗျာလေးများမှာတော့
ဤသို့သောစာသားအချို့ပါဝင်ခဲ့သည်ကို
တွေ့ရှိနိုင်၏။

~ ဟွာ့စန်းတောင်ထိပ်၊ စံကာမြန်းသည့်
   ဟော်လင်သခင်အား၊ မော်ကာဖူး၍
   ရင်နင့်သည်းချာ၊ ချစ်ကဗျာအား
   ခွန်းတုံ့မဆို၊ စာနှင့်ရေးလို့
   လိပ်မြွေတစ်ဆင့်၊ ငှက်နီသယ်ဆောင်
   ဗျက်စောင်းတီးလို့၊ ဖတ်ကာပြလေ
   ပုလွေသံခင်းကာ၊ စောင့်နေမယ်ဟု
   စာတော်ပြန်ပါး၊ ရေနတ်ဧကရာဇ်လား  ~

ထိုကဗျာ၏ အဓိပ္ပာယ်ကား ရှင်းလှပါ၏။

ဟွာ့စန်းတောင်ထိပ်မှာနေထိုင်သည့်
ဟော်လင်အရှင်သခင်ကို
ငေးမောကြည့်နေတတ်သည့် ရေနတ်ဧကရာဇ်က
ချစ်သက်လွှာလေးတွေကိုကဗျာအဖြစ်သီကုံးပြီး
လိပ်မြွေကနေတစ်ဆင့်‌ပေးပို့စေခြင်းဖြစ်သည်။
ထိုစာလွှာကို ဇာမဏီငှက်နီကြီးက
ရှင်းကိုဆက်သသောအခါ
စောင်းတီးရင်းနှင့်ဖတ်ကြည့်ပါ။
ကိုယ်လည်းပုလွေမှုတ်ရင်း ၊မင်းရဲ့သံစဉ်ကို
အဖော်ပြုပေးပါ့မယ်လို့ ပြောလိုက်သည့်စာလည်း
ထည့်ပေးလိုက်ပါသည်ဟု
ဆိုခြင်းဖြစ်၏။

ဤသည်ကိုကြည့်လျှင် ရှင်းနဲ့ရေနတ်ဧကရာဇ်ကြားမှာ
ယုံတမ်းစကားများကဲ့သို့၊
အမုန်းအာဃာသများ ရှိခဲ့ဟန်မပေါ်။
အေးမြလှသည့် စိမ့်စမ်းရေနှင့်တူသည့်
ရေများနွဲ့နွဲ့လေးကျဆင်းလာသည်ကို
‌ရှုစားရင်း ချစ်ခွန်းဖွဲ့သီဖို့ကြံရွယ်နေသော
ငှက်မောင်နှံများဟုပင်ထင်ရစေ၏။

သို့သော်ငြားလည်း။။။။။။

မည်သို့ပင်ဆိုစေကာမူ
ဟော်လင်အရှင်သခင်ဟုအမည်တွင်သော
ရှင်းမှာ ထိုအချိန်ကတည်းကပင်၊
ရေစွမ်းအင်ကိုထိ‌တွေ့လိုက်ရသည်နှင့် ဝိဉာဉ်ပြိုကွဲ‌သွားပြီဟု
ထင်ရလောက်အောင်
နာကျင်ခံစားခဲ့ရသည်ဟုဆို၏။

ထို့ကြောင့် ဖန့်ယွင်နှင့်ရှဲ့ယန်မှာ
ရှင်းကို ကျင်းရေစွမ်းအင်နှင့်
တိုက်ခိုက်လာမှာကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
စိုးရိမ်သည်နှင့်အမျှ ရှင်းကိုကာကွယ်ပေးဖို့
အမြဲတစေချောင်းမြောင်း၍
အရိပ်အခြေစောင့်ကြည့်ပေးခဲ့ကြသည်။

ယခုတစ်ကြိမ်မှလွဲ၍ပေါ့။။။။။။။

သိူ့သော် ထိုအလွဲကြောင့်ပင်၊
ရှင်းမှာအခုချိန်ထိကို သတိမရလာပဲ၊
‌‌အသက်ဝိဉာဉ်ကင်းကွာနေသည့်သူပမာ
သလွန်ထက်တွင်လှဲ‌လျောင်းနေခဲ့ရသည်လေ။

သူတို့တကယ်ကို အသုံးမချဖြစ်ခဲ့တာပင်။

ရှင်းကိုမကာကွယ်ပေးနိုင်တာက
သေချာပေါက်သူတို့အသုံးမကျမှုကြောင့်သာ
ဖြစ်မည်လေ။

ဘယ်သူတွေဘယ်လိုပြောပါစေ၊
သူတို့ရင်ထဲမှာရိုက်နှိပ်ခံလိုက်ရသည့်
သံမှိုသည်ဖယ်ရှားပြီးသည့်တိုင်၊
ပြန်လည်ဖာထေး၍မရနိုင်သည့်
ဒဏ်ရာတစ်ခုပေးထားခဲ့ပါပြီ။
ထိုဒဏ်ရာကနေပေးတဲ့ သင်ခန်းစာတစ်ခုလည်းရှိသေးသည်။

အဲ့ဒီသင်ခန်းစာက ရှင်းကိုကျင်းနဲ့ဝေးတဲ့ဆီမှာထားမှ
အန္တရာယ်ကင်းမည် ဆိုတဲ့သင်ခန်းစာပင်ဖြစ်သည်။

© Sun Elf,
книга «The truth untold».
Коментарі