Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 21
မိုးၿခိမ္းသံအလား က်ယ္ေလာင္လွတဲ့အသံတစ္ခု။

ဘယ္သို႔ေသာအေၾကာင္းေၾကာင့္
‌နတ္ဘုရားနယ္ေျမထဲကေန
ဒီလိုအသံမ်ိဳးထြက္ေပၚလာရပါသလဲ။
ဆိတ္ၿငိမ္အရပ္လို႔ သမုတ္ခံထားရတဲ့‌ေနရာမွာ
ဘယ္သူက အဲ့လိုအသံေတြဖန္တီးလိုက္ရပါသလဲ။
သူမကို‌ေတြးဖို႔ရာ ေစခိုင္းလိုက္သၫ့္
အေမးပုစၧာတစ္ပုဒ္ႏွယ္။

တကယ္ေတာ့ သူမသည္စဉ္းစားရသၫ့္အရာမ်ားကို
သေဘာမက်သလို၊ ႏွစ္လည္းမႏွစ္ၿခိဳက္ပါေခ်။
လက္ေတြ ့ဆန္လြန္းသူတစ္ေယာက္ျဖစ္သည္မို႔
အရာရာကိုေတြးၾကၫ့္ျခင္းထက္၊
ေျပးၾကၫ့္ရသည္ကို ပို၍နွစ္သက္ပါ၏။

သို႔ေသာ္ ဘဝကခါးသည္။
မိုးနတ္မင္းရဲ့ထိန္းခ်ဳပ္မႈေအာက္မွာရိွေနရတဲ့
သူမအဖို႔ထိုအသံၾကားရာဆီ
ေျပးၾကၫ့္ဖို႔လည္းမတတ္ႏိုင္သလို၊
ကန႔္လန႔္ကာစကိုအသာလွပ္ၿပီး
ေငးၾကၫ့္ဖို႔ရာလည္း မတတ္ႏိုင္‌ေတာ့ပါေလ။

အႏွစ္ရွစ္ေသာင္း။။။။။

သူမရဲ့ခႏၶာကိုယ္အိပ္စက္ေနခဲ့သည္မွာ
အႏွစ္ရွစ္ေသာင္းပင္ရိွ‌ေပ‌ေတာ့မည္။
ဒီႏွစ္ေတြအတြင္းမွာ
အိပ္စက္ျခင္းကိုအႀကိမ္ႀကိမ္
တြန္းလွန္ဖို႔ႀကိဳးစားခဲ့ေပမယ့္
သူမရဲ့ခႏၶာကိုယ္သည္ ေက်ာက္ရုပ္တရုပ္အလား။
မ်က္ေတာင္တစ္စမ်ွမခတ္သလို၊
လက္ေခ်ာင္းတစ္ေခ်ာင္းမ်ွပင္
လႈပ္ရွားမႈမရိွခဲ့ပါေလ။
ဒါဟာ သိပ္ကိုပ်င္းစရာေကာင္းလြန္းတဲ့
ကစားပြဲတစ္ခုလိုပါပဲ။

စစ္ဗ်ူဟာက်မ္းေတြလိုဆြဲေဆာင္မႈမရိွသၫ့္အျပင္၊
မီးဖိုထဲမွမထုတ္ရေသးေသာ
ဓားသြားေတြလိုလည္း
ဘယ္လို၊ ဘယ္ပံုျဖစ္လာမလဲလို႔
ရင္ခုန္စြာေစာင့္ဆိုင္းေနဖို႔လည္း
မထိုက္တန္လွေပ။

နတ္ဆိုးဘုရင္ရဲ့ရုပ္သြင္အမွန္ကို
ေရးဆြဲျပမည္ဆိုပါက အိပ္စက္ျခင္းမွ
ႏိုးထေစမယ္လို႔ အက်ပ္ကိုင္ေျပာဆိုလာတဲ့
မိုးနတ္မင္းကိုအာခံခဲ့သၫ့္သူမမွာ
အခုထက္ထိပင္ သလင္းေက်ာက္‌တံုးထဲတြင္
ပိတ္မိၿပီးအိပ္စက္ေနခဲ့ရပါသတဲ့။
ပ်င္းလြန္းလို႔ ေသခ်င္သြားနိုင္‌ေလာက္သၫ့္
ကစားပြဲကို ရပ္တန႔္ပစ္ခ်င္ေပမယ့္
နတ္ဆိုးဘုရင္ကိုသစၥာမေဖာက္ႏိုင္သည္မို႔
အနားယူျခင္းဟုသာ သတ္မွတ္ခဲ့ရတာ
အႏွစ္ရွစ္‌ေသာင္းပင္ရိွေတာ့မည္။

သူမလို စစ္ေရးေလ့က်င့္ဖို႔ပဲ
စိတ္အားထက္သန္ေနတဲ့
နတ္ဆိုးဘုရင္မငယ္တစ္ပါးက
အႏွစ္ရွစ္ေသာင္းေလာက္အိပ္စက္ေနဖို႔ဆိုတာ
ခက္ခဲလြန္းတဲ့ ေန့ရက္ေတြကို
ျဖတ္သန္းေနရသလိုပင္။
အစီအရင္ေရးဆြဲသၫ့္ေနရာမွာ
ကြၽမ္းက်င္လြန္းတဲ့ မိုးနတ္မင္းေၾကာင့္သာ
မဟုတ္ရင္ သူမဒီေနရာမွာ
ဒီလိုလဲေလ်ာင္းေနရမည္မဟုတ္။
သူမအစြမ္းနဲ႔သလင္းေက်ာက္ေတြကိုျဖိဳခြဲၿပီး
စံအိမ္သို႔ျပန္ကာစစ္မႈေရးရာအျဖာျဖာကို
ေလ့လာမွတ္သားေနမည္သာျဖစ္၏။

ဒါေပမယ့္။။။။ 

ဘဝဆိုတာကလည္း က်ားကြက္ေပၚမွာ
ေျပးလႊားေနရတဲ့နယ္ရုပ္တစ္ရုပ္လိုေပမို႔၊
အခ်ိန္အနည္းအက်ဉ္း‌ေတာ့ယူၿပီး
အနားယူအပန္းေျဖဖို႔ဆံုးျဖတ္ရေတာ့မွာေပါ့။
သူမလိုေခါင္းမာတဲ့ နတ္ဆိုးတစ္ပါးမွာ
အဲ့လိုသဘာဝဆန္လွတဲ့
အရာေတြကိုလုပ္ကိုင္ဖို႔
အၿမဲတ‌ေစဝန္ေလး‌ေနခဲ့သည္သာ။
သူမ အခ်ိန္တိုင္းလုပ္ေနခဲ့သည္က
စစ္ေရးဗ်ူဟာက်မ္းေတြၾကားမွာ
ေလ့လာမွတ္သားမႈေတြလုပ္ေနခဲ့တာပါပဲ။

သူမရဲ့အက်င့္ကပဲ ထူးျခားေနသလား။
ဒါမွမဟုတ္ သူမကပဲေခါင္းမာသလားေတာ့မသိ။
အစားစားရင္ေတာင္ စာၾကၫ့္စားပြဲမွာပဲ
စာအုပ္ဖတ္ရင္းစားျဖစ္ခဲ့သည္အထိ
စစ္ဗ်ူဟာက်မ္းမ်ားကို စြဲလန္းႏွစ္ၿခိဳက္ခဲ့၏။

အသီးအရြက္ရဲ့ခ်ိဳၿမိန္မႈ၊
အသားရဲ့ဆြဲ‌ေဆာင္ႏိုင္မႈဆိုတာေတြက
သူမအတြက္အေရးမပါလွ။
သူမဘဝမွာ အဓိကက်သည္က
ဗ်ူဟာက်မ္းထဲက အဘယ္သို႔ေသာအခ်က္ကို
ေရြးခ်ယ္ၿပီး၊ ဘယ္လိုျပန္လည္မြမ္းမံလိုက္ရင္ျဖင့္
ပိုမိုေကာင္းမြန္လာႏိုင္မလဲဆိုတဲ့
အခ်က္ေတြပင္။

သို႔ေပမယ့္ သူမဘဝမွာအမုန္းတီးဆံုးအရာကို
ေထာက္ျပပါဆိုလ်ွင္ 'စစ္ပြဲ'ေတြကိုသာ
မဆိုင္းမတြလက္ၫွိုးထိုးျပမိမည္ထင္၏။

ဟုတ္သည္။ သူမက စစ္ဗ်ူဟာက်မ္း‌ေတြကို
အၿမဲတေစေလ့လာၿပီး၊ စစ္ေရးေလ့က်င့္မႈကိုသာ
ဦးစားေပးေဆာင္ရြက္ခဲ့၏။
ဒါေပမယ့္ ဒီလိုအခ်က္ေတြေၾကာင့္ေတာ့
စစ္ပြဲဖန္တီးရတာႏွစ္ၿခိဳက္သူအျဖစ္
မထင္ေစလိုပါ။

'စစ္' ဆိုသည္မွာ ဆံုးရႈံးျခင္း၊ ေသဆံုးျခင္း၊
ထိခိုက္ဒဏ္ရာရျခင္း၊ ကြဲကြာျခင္း စသၫ့္
အရာေတြကိုသာေဆာင္ၾကည္းေပးတတ္သည္
ျဖစ္ေသာေၾကာင့္ သူမအလြန္ပင္မုန္းတီးမိ၏။
မီးခိုးေငြ ့ေတြေဝေနတဲ့ ရြာေတြ၊ အိုးအိမ္အပ်က္အစီးေတြ၊
မေရတြက္ႏိုင္ေအာင္မ်ားျပားလွတဲ့
အေလာင္းေတြအျပင္၊
ဆိုးတူေကာင္းဖက္လက္တြဲလာသၫ့္
ရဲေဘာ္ရဲဘက္မ်ားကိုပါ
လက္လြတ္ရႏိုင္သၫ့္ စစ္ပြဲကို
ရပ္တန႔္ဖို႔သာသူမအၿမဲတေစႀကံရြယ္ခဲ့ဖူး၏။

သို႔ေပမယ့္ ကိုယ့္ႏိုင္ငံ၊ ကိုယ့္လူမ်ိဳး၊ ကိုယ့္နယ္ေျမအတြက္
သူမရဲ့ဘဝတစ္ဝက္ေက်ာ္ကို
စစ္ပြဲထဲတြင္သာျမႇဳပ္ႏွံထားခဲ့ရ၏။
သူတစ္ပါးကလာေရာက္ေနွာက္ယွက္ေနသည္ကို
မတံု႔ျပန္ပဲ၊ သူတို႔လိုသမ်ွအသာတၾကည္
ေပးလိုက္ဖို႔ဆိုသည္မွာ
လံုးဝမျဖစ္ႏိုင္သည္မို႔ သူမရဲ့သြယ္ေျပာင္းတဲ့
လက္ေတြၾကားမွာဓားကို က်စ္က်စ္ပါေအာင္
ဆုပ္ကိုင္ခဲ့ရသည္။

ကိုယ့္မ်ိဳးႏြယ္စုေတြေသေၾကပ်က္စီးျခင္း
နည္းပါးေစခ်င္သည္မို႔
က်ူးေက်ာ္သူေတြကိုေခ်မႈန္းပစ္ဖို႔
စစ္ဝတ္တန္ဆာကို သူမလႊမ္းၿခံဳခဲ့ရသည္။
ကိုယ့္နယ္ေျမကို အလကားပိုင္ဆိုင္ဖို႔
ႀကိဳးပမ‌္းလာသၫ့္အခ်ိဳ႕အခ်ိဳ႕ေသာ
သူေတြေၾကာင့္ လွပသၫ့္ခႏၶာကိုယ္ေပၚတြင္
အမာရြတ္ေတြ၊ ေသြးေတျြဖင့္ အလွဆင္ခဲ့ရ၏။

ထို႔ေၾကာင့္ စစ္ဗ်ူဟာက်မ္းမ်ားကို
သူမေလ့လာဖို႔အခ်ိန္ေတြအမ်ားႀကီးေပးခဲ့ျခင္း
ျဖစ္သည္။

သူမ ယံုၾကည္မိသည္ေလ။။။။။။

သူမမွာဗဟုသုတေတြအမ်ားႀကီးရိွေနမယ္ဆိုရင္
ရဲေဘာ္ရဲဘက္ေတြေသေၾကမႈ
ေလ်ာ့နည္းသြားမလားလို႔ေပါ့။။။။။။

သူမမွာသာ အႀကံအစည္ေတြပိုမ်ားလာမယ္ဆိုရင္
သူမကိုယ္ေပၚက်လာလာမၫ့္
ဓားဒဏ္ရာေတြကို အနည္းငယ္ေလ်ာ့နည္းသြားေအာင္
ႀကိဳးပမ္းႏိုင္မလားေပါ့။။။။။

သူမမွာသာ အားအင္ေတြအျပၫ့္ရိွေနခဲ့ရင္
သူမရဲ့မိသားစုကို ယခုထက္ပိုမိုႏိုင္လာမလားေပါ့။။။။။

တကယ္ေတာ့ သူမဟာလည္း
မိန္းမသားတစ္ေယာက္ပါပဲ။
ေၾကာက္ရြံ႔တတ္သည္။ ဝမ္းနည္းလြယ္တတ္သည္။
ဓားကိုကိုင္ဖို႔တြန႔္ဆုတ္တတ္ပါ၏။
ဒါေပမယ့္ ဘုရင္မတစ္ပါးအေနျဖင့္
သူမက ေၾကာက္ရြံ႔ျပေနလို႔မျဖစ္လွ။
တံတိုင္းႀကီးသဖြယ္၊ ေက်ာက္ေဆာင္ႀကီးသဖြယ္
တုန္လႈပ္မႈမရိွသၫ့္အသြင္ကို
ေဆာင္ရေပမည္။
သို႔မွသာ သူမရဲ့လက္ေအာက္ကလူေတြ
ရဲစြမ္းသတၲိကိုအေျခခံၿပီး၊
ကိုယ့္မ်ိဳးႏြယ္စုအတြက္ အသက္ေပးၿပီးတိုက္ခိုက္ႏိုင္မွာမဟုတ္ပါလား။။။။။

အေတြးတိမ္သည္ဟုဆိုလည္းရပါ၏။။။။။။။

သူမယံုၾကည္သၫ့္အရာကို
လက္လႊတ္ဖို႔သူမမဆံုးျဖတ္ႏိုင္ပါ‌ေလ။။။။။။

ၿငိမ္းခ်မ္းေရးကိုပိုင္ဆိုင္ခ်င္ေပမယ့္
ကိုယ္တန္ဖိုးထားရသၫ့္အရာ‌ေတြကို
ဘယ္ေတာ့မွထိပါးခြင့္ျပဳမွာမဟုတ္သၫ့္သူကို
ေခ်ာင္ဇီသခင္မ ဟုန္လင္ဟုေခၚ၏။။။။။

ေလတစ္ေဝ႔ွမွာလြင့္ပါလာတဲ့ သစ္ရြက္ေျခာက္ေလးေတြသည္
သစ္အိုပင္ႀကီးကိုစြန႔္ခြာ၍
သူမလွဲေလ်ာင္းေနရာ သလင္းေက်ာက္တံုးႀကီးေပၚသို႔ျပဳတ္က်လို႔လာ၏။
သို႔ေပမယ့္ သစ္ရြက္ေလးေတြကို
သိမ္းဆည္းထားတတ္တဲ့
ဟုန္လင္ကေတာ့ ထိေတြ ့ခြင့္မရိွေသးပါေလ။

သူမ ယံုၾကည္မိပါ၏။
မၾကာေတာ့တဲ့အခ်ိန္ေလးအတြင္းမွာ
သူမခ်စ္ရတဲ့သူက သူမကိုေပြ ့ခ်ီသြားၿပီး
ေနာက္တစ္ႀကိမ္ရွင္သန္လာႏိုင္ေအာင္
ကူညီလိမ့္မယ္ဆိုတာကို‌ေပါ့။။။။။

ရွည္ၾကာလြန္းတဲ့အိပ္မက္ေတြ
ကုန္လြန္သြားတဲ့အခါ......
သူ႔လက္ကိုသူမေနာက္တစ္ႀကိမ္
ဆုပ္ကိုင္ခြင့္ရိွမွာပါေလ။
ယံုၾကည္မႈေတျြပင္းထန္လာတဲ့အခါ
ကိုယ္ခ်စ္တဲ့သူက ကိုယ့္ဆီအေျပးေရာက္လာတတ္သတဲ့။

အဲ့ဒီပံုျပင္ဆန္လွတဲ့စိတ္ကူးယဉ္မႈေတြကို
သူမယံုၾကည္သည္။
တစ္ေယာက္ေသာသူကလည္း
ယံုၾကည္ဖို႔ေတာင္းဆိုခဲ့ဖူးသည္ေလ။။။။။။

ဒါေၾကာင့္ သူမေစာင့္ေနခဲ့သည္။
အႏွစ္ရွစ္ေသာင္းလံုး ထိုသူေရာက္လာမယ့္
အခ်ိန္ကိုေစာင့္ေမ်ွာ္ေနခဲ့သည္။

သူ႔နာမည္ကို စကၠန႔္မလပ္ေရရြတ္ေနရင္းနဲ႔ေပါ့။

ႏႈတ္ခမ္းေပၚကခုန္ဆင္းသြားဖို႔
မစြမ္းႏိုင္ေတာ့တဲ့နာမည္ေလးကို
ႏွလံုးသားထက္မွာ ႀကဲျဖန႔္လိုက္ေတာ့
မ်က္ရည္စေတြကေနရာယူလာခဲ့သည္။

ဒါေပမယ့္ ဒီနာမည္ေလးကို
သူမအၿမဲတမ္းေရရြတ္ေနဦးမည္။
သူ႔လက္ေတြသူမလက္ေတြကို
တင္းက်ပ္စြာဆုပ္ကိုင္လာမယ့္အခ်ိန္ထိေပါ့။

သူမသိပ္ခ်စ္ရတဲ့သူရဲ့နာမည္က

"ရွဲ႔ယန္" တဲ့။။။။။။။ 

-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-

ေရႊေရာင္လႊမ္းတဲ့အတိတ္အေၾကာင္းအရာေတြကို
လက္ေခ်ာင္းေတြၾကားကေန
ယိုဖိတ္က်သြားတဲ့သဲေတြအျဖစ္
ျပန္ေတြ ့လိုက္ရတဲ့အခ်ိန္မွာ
သူက သူ႔ရွစ္ဇြင္းကို
ေနာက္တစ္ႀကိမ္ထိေတြ ့ခြင့္ရလာျပန္သတဲ့။

ပါးလ်လ်ကန႔္လန႔္ကာေနာက္မွာ
ၿငိမ္သက္စြာလွဲေလ်ာင္းေနတဲ့
ရွင္းရဲ့ပံုစံက စေတြ ့တဲ့အခ်ိန္တုန္းကလို
အျဖဴေရာင္တစ္ပတ္ႏြမ္းခ်ည္ထည္ဝတ္စံုနဲ႔
မဟုတ္ေပမယ့္ က်က္သေရရိွလွပါ၏။
အရင္တုန္းက
ျမက္ဦးထုပ္ရဲ့အနားစေတြမွာ
ပုဝါျဖဴေလးကြပ္ၿပီး မ်က္ႏွာကိုကြယ္ထားတတ္တဲ့
ရွင္းသည္ အခုလိုအခ်ိန္က်ျပန္ေတာ့
ေမာ္ဖူးလို႔မဝႏိုင္ေလာက္သၫ့္
နတ္ဘုရားတစ္ပါးႏွယ္။

ခ်ိဳးယြဲ႔သည္ ရွင္းဆီေလးကန္လွတဲ့
ေျခလွမ္းေတြကိုအေဖာ္ျပဳရင္း
တစ္လွမ္းခ်င္းလွမ္းလာေနခဲ့သည္။
ဒါေပမယ့္ သူ႔ရင္ထဲမွာေတာ့
ရွင္းနဲ႔‌နီးကပ္လာတာနဲ႔အမ်ွ
ပိုမိုေဝးကြာသြားရသလို ခံစားေနရ၏။

အလြမ္းကထူးဆန္းလို႔ေနသည္။
အေဝးမွာရိွစဉ္က ရင္ခုန္သံေတြနီးကပ္ေနသလိုခံစားေစၿပီး၊
အနီးမွာရိျွပန္ေတာ့
ရင္ခုန္သံေတြေက်ာခိုင္းထားသလို
ခံစားရေစျပန္သတဲ့။
သိပ္ကိုထူးဆန္းတဲ့ ေလာကနိယာမေတြပင္။

ေတြးေတာေနရင္းနဲ႔
တျဖည္းျဖည္းေလ်ွာက္လာခဲ့တာ
ခုတင္စြန္းသို႔ပင္ေရာက္လာခဲ့ေခ်ၿပီ။
ဒါေပမယ့္ သူမ်က္ေတာင္မခတ္ႏိုင္ေသးပဲ
ရွင္းကိုသာမ်က္ရည္ေတြၾကားကေန
ေငးၾကၫ့္ေနမိေသးသည္။

မၾကာခင္ျပန္လာေတာ့မယ့္
ဟြားရန္တို႔သံုးေယာက္တို႔ကိုလည္း
သူသတိမရႏိုင္ေတာ့ပဲ၊
ထပ္ေတြ ့ဖို႔မေသခ်ာေတာ့သၫ့္
သူ႔ရွစ္ဇြင္းရဲ့ေဘးမွာသာ
ၿငိမ္သက္စြာရပ္ေနမိပါ၏။

စကားတစ္ခြန္းမွမဆို၊ လႈပ္ရွားမႈတစ္စြန္းတစ္စမွမရိွတဲ့
သူတို႔ႏွစ္ေယာက္မွာ ေက်ာက္ရုပ္ေတြလို။
အသက္မဲ့ေနခဲ့၏။

"ဟုန္လင္က်င္း....."

ၾကားလိုက္ရတဲ့ခပ္ရွရွအသံေလးေၾကာင့္
ခ်ိဳးယြဲ႔ႏႈတ္ခမ္းစြန္းေတြတြန႔္ေကြးသြားၿပီး
အၿပံဳးတစ္စကိုအားတင္းလုပ္ယူလိုက္သည္။
ၿပံဳးေယာင္သမ္းေနတဲ့ႏႈတ္ခမ္းေတြရဲ့
အထက္မွာေတာ့
မ်က္ရည္ေတျြပၫ့္လ်ွံေနတဲ့
မ်က္ဝန္းေတြကမလိုက္ဖက္စြာ
ရိွ‌ေနခဲ့၏။

သူသည္ ခုတင္ေဘးတြင္ဒူးေထာက္ခ်လိုက္ၿပီး
ျဖဴလြလြေငြခ်ိန္းႀကိဳးတစ္ခုနဲ႔
ရွင္းရဲ့လက္ေတြကို တုပ္ေနွာင္ပစ္လိုက္၏။
သူ႔လႈပ္ရွားမႈေတြက ႏူးညံ့ၿငိမ္သက္လြန္းလို႔
ပန္းတစ္ပြင့္ျဖင့္ပြတ္ဆြဲလိုက္သလိုပင္
ခံစားရေစ၏။

ရွင္းမွာ မ်က္လံုးေတြဖြင့္လာႏိုင္ၿပီဆိုေပမယ့္
အသိစိတ္ကင္းကြာေနေသးသည္ျဖစ္၍
သူ႔အေရ႔ွမွာရိွေနတဲ့သူက
ဘယ္သူဘယ္ဝါဆိုတာ ခြဲျခားဖို႔မတတ္ႏိုင္ခဲ့ပါေလ။
ဒါေၾကာင့္ သူသိပ္ျမတ္ႏိုးလွတဲ့နာမည္ေလးကိုသာ
ထပ္မံေရရြတ္မိျပန္၏။

"ဟုန္လင္က်င္း????"

သူဘယ္လိုပဲေခၚေနခဲ့ပါေစ။
တစ္ဖက္မွတံု႔ျပန္စကားမဆိုပါပဲ၊
သူ႔လက္ေတြကိုသာ ခ်ိန္းႀကိဳးႏွင့္
ခပ္ဖြဖြတုပ္ေနွာင္ေနခဲ့၏။
ထူးဆန္းလွသည္ဟု ဆိုရေပမလား။
ရွင္းလိုဝိဉာဉ္တစ္ေကာင္ကို
ထိုသူကထိေတြ ့ႏိုင္သတဲ့ေလ။

"ဟုန္လင္က်င္း...... မင္းငါ့ကိုဘာလုပ္ဖို႔
ႀကိဳးစားေနတာလဲ "

တိုးေဖ်ာ့ေဖ်ာ့ေမးလာတဲ့ရွင္းရဲ့စကားကို
နားေထာင္ရင္း ခ်ိဳးယြဲ႔ရယ္မိသည္။
သို႔ေပမယ့္ အသံမထြက္ေအာင္သာ
ႏႈတ္ခမ္းကိုဖိကိုက္ထားမိပါ၏။

သူရယ္တယ္ဆိုတာက
ရွင္းကဟုန္လင္က်င္းမဟုတ္မွန္းသိလိုက္ရ၍
ဝမ္းသာလြန္းၿပီး ရယ္မိျခင္းသာ။
ႏႈတ္ခမ္းကိုဖိကိုက္ထားရျခင္းကေတာ့
ရွင္းသာသူ႔အသံကိုၾကားသြားခဲ့ရင္
သူ႔ကူညီမႈကိုလက္မခံမွာစိုး၍ျဖစ္သည္။

သူသည္ ရွင္းကိုအသာအယာေပြ ့လိုက္ၿပီး
ထိုင္ႏိုင္ေအာင္လုပ္ေပးလိုက္ပါ၏။
ရွင္းျပန္လဲက်သြားမည္စိုး၍
အကာအကြယ္တစ္ခုဖန္တီးလိုက္ၿပီး
ထိန္းထားေပးဖို႔ကိုလည္း မေမ့ခဲ့ပါေလ။

ရွင္းေကာင္းမြန္စြာထိုင္ႏိုင္ၿပီဆိုတာကို
အတည္ျပဳျပီးသည္ႏွင့္
သူ႔လက္ေကာက္ဝတ္‌ေသြးေၾကာေတြကို
အစြမ္းနဲ႔ျဖတ္ေတာက္လိုက္ၿပီး
ရွင္းႏႈတ္ခမ္းေပၚေတ့ေပးလိုက္၏။
အစီးအတားမရိွက်လာသၫ့္
ေသြးေတြသည္ သူ႔လက္ေပၚမွသည္
ရွင္းရဲ့ႏႈတ္ခမ္းအတြင္းဘက္သို႔
စီးဆင္းသြားခဲ့သည္။

လိုအပ္သၫ့္ပမာဏေရာက္သည္အထိ
စီးဆင္းေစၿပီးေနာက္မွာေတာ့
လက္ကိုျပန္ရုတ္ကာ
မႏၲာန္တစ္ခုကို ေျဖးေျဖးမွန္မွန္ရြတ္ဆို၏။

ဂီတသံခပ္ၿငိမ့္ၿငိမ့္ေလးကို
နားေထာင္ေနရသၫ့္ႏွယ္၊
ၾကည္ႏူးဖြယ္ေကာင္းလွေသာ မႏၲာန္ေၾကာင့္
သူ႔ကိုကယ္တင္ဖို႔ႀကိဳးစားေနသူမွာ
ခ်ိဳးယြဲ႔ဆိုတာ ရွင္းသတိထားမိသြား၏။

သူသည္ အတိအလင္းျပန္မရေသးသၫ့္
ဝိဉာဉ္စြမ္းအားေတြနဲ႔အသိစိတ္ေၾကာင့္သာ
မဟုတ္ရင္ ခ်ိဳးယြဲ႔ကိုသူနဲ႔ေဝးရာသို႔
ကန္ထုတ္ပစ္မိမည္သာ။
သူဘယ္ေတာ့မွထိုသူဆီကေန
အကူအညီမယူခ်င္ေတာ့ဘူးမဟုတ္ပါလား။

‌တမလြန္ကမ႓ာဆီေခၚေဆာင္သြားဖို႔
ေစာင့္ဆိုင္းေနတဲ့ ေလွငယ္ေလးဆီကေန
သူ႔ကိုျပန္ေခၚလိုက္သူမွာ
ခ်ိဳးယြဲ႔ဆိုတာသူဘယ္လိုလက္ခံရပါ့မလဲ။
တိတ္ဆိတ္ၿငိမ္သက္ေနတဲ့ပတ္ဝန္းက်င္ႀကီးထဲမွာ
ေလတိုးသံကိုရုတ္တရက္ၾကားလိုက္ရသလို
သူ႔အသည္းကိုေအး‌သြား‌ေစဖို႔
အမိန႔္ေပးလိုက္သၫ့္ႏွယ္။

အဆံုးအစမဲ့လွတဲ့အနက္ေရာက္ပင္လယ္ႀကီး
ကာရံထားတဲ့ ကြၽန္းငယ္ေလးတစ္ခုေပၚမွာသာ
သူရပ္ေနခ်င္ရပ္ေနမည္။
ခ်ိဳးယြဲ႔ရဲ့ကယ္တင္မႈကိုေတာ့လက္မခံခ်င္ပါ။

ထိုသူသည္သူ႔ကိုဟုန္လင္က်င္းနဲ႔
ေဝးကြာေအာင္လုပ္ခဲ့သၫ့္အျပင္၊
အတိုင္းအဆမရိွတဲ့နာက်င္မႈေတြကိုလည္း
ခံယူေစခဲ့ဖူးသည္။
သူခ်စ္ရတဲ့ကေလးတစ္ေယာက္မဟုတ္ေတာ့တဲ့
ခ်ိဳးယြဲ႔ကို သူဘယ္လိုအင္အားနဲ႔
ထပ္မံယံုၾကည္ရပါ့မလဲ။

ညဦးပိုင္းတုန္းက က်င္းကိုအစီအရင္ထဲဆြဲေခၚျခင္းျဖင့္
သူ႔ကိုသတ္ဖို႔ႀကိဳးစားခဲ့ပါေသာ
မိုးနတ္မင္းႀကီးက အစီအရင္ထဲကိုယ္တိုင္ခုန္ဝင္ၿပီး
လာေရာက္ကယ္တင္ခဲ့တဲ့အျပင္၊
အခုလည္း သူ႔အသက္သူမႏွေျမာပဲ
ကယ္တင္ဖို႔ႀကိဳးစားေနျပန္သတဲ့။

ေက်းဇူးတင္စကားဆိုရမွာလား။

လက္ခုပ္လက္ဝါးတီးၿပီး ဟားတိုက္ရယ္ေမာလိုက္ရေတာ့မွာလား။

ဒါ‌မွမဟုတ္ ဓားတစ္ေခ်ာင္းေျပးဆြဲၿပီး
ထပ္မံေမြးဖြားလာခြင့္ပင္မရိွေတာ့ေလာက္ေအာင္
ႏုတ္ႏုတ္စင္းပစ္လိုက္ရေလမလား။။။။။

အဆံုးစြန္ထိေတြးေတာ့၊
စိတ္ညစ္မႈေတြကလမ္းဆံုးသို႔ေရာက္ေအာင္
ဆြဲခ်ျပန္၏။

ဒီတစ္ေယာက္သံုးေနတဲ့အစီအရင္က
ရွင္းကိုအလ်င္အျမန္သက္သာလာေစႏိုင္ေပမယ့္
သူကိုယ္တိုင္ကေတာ့ ဝိဉာဉ္လႊာေတြအထိပ်က္စီးသြားႏိုင္တယ္ဆိုတာ
မသိေရာ့ေလသလား။
သူ႔တပၫ့္ေတြအားလံုးက
သူ႔စကားကိုနားေထာင္ဖို႔ဝန္ေလးေနတယ္ဆိုတာ
ရွင္းသတိျပဳခဲ့မိေပမယ့္၊
ဒီေလာက္အထိရူးႏွမ္းၾကမယ္လို႔ေတာ့
မထင္မိပါေလ။

ေရစြမ္းအင္ပိုင္ဆိုင္သူတစ္ေယာက္က
မီးစြမ္းအားရွင္တစ္ေယာက္ကိုကယ္တင္ဖို႔
သူ႔အသက္စြမ္းအင္ကို
ေလာင္ကြၽမ္းေစဖို႔ႀကိဳးပမ္းေနပါသတဲ့။
ခံရခက္လိုက္မၫ့္ ေဝဒနာဆိုးပါေလ။
ဒါေပမယ့္ သူ႔တပၫ့္ကေခါင္းမာလြန္းပါသည္။

တံု႔ဆုတ္ျခင္းမရိွပါပဲ ၊ သူ႔ဆီသို႔စြမ္းအင္ေတြ
အလ်င္မျပတ္စီးဝင္လာေစေနသည္။
ပူေနြးလြန္းတဲ့အသက္စြမ္းအင္ေတြက
ရွင္းရဲ့ဝိဉာဉ္ေၾကာေတြကို
ျမန္ဆန္စြာကုသေပးေနၿပီး
ဝိဉာဉ္စြမ္းအားေတျြပန္ရလာဖို႔
ႀကိဳးစားေပးေနၾက၏။

ေနြးေထြးလြန္းပါ၏။
ေရ‌ေနြးၾကမ္းအိုးေလးကို ခ်မ္းေအးလွတဲ့ေဆာင္းရာသီမနက္ခင္းမွာ
ယူဆာင္လာေပးသၫ့္ႏွယ္။
ခ်ိဳးယြဲ႔ရဲ့စြမ္းအင္ေတြက သူ႔ရဲ့‌ကိုယ္ထဲမွာျပၫ့္ႏွက္ေနခဲ့တဲ့ေရေငြ ့ေတြကို
ခမ္းေျခာက္သြားဖို႔ တြန္းလွန္ေပးေန၏။

အသိစိတ္တို႔တျဖည္းျဖည္းႏိုးၾကားလာသလို၊
ဝိဉာဉ္စြမ္းအင္တို႔သည္လည္း
ေျမထဲတိုးဝင္ေနသၫ့္သစ္ျမစ္မ်ားႏွယ္၊
သူ႔တစ္ကိုယ္လံုးတြင္ခြဲျဖာစီးဆင္းေန‌ခဲ့သည္။

အျမင္အာရံုေတြလည္း တျဖည္းျဖည္းျပတ္သားလာကာ၊
အထိအေတြ ့ေတြလည္း ကြဲျပားလို႔လာစဉ္၊
သူ႔လက္ေပၚမွာရိွေနတဲ့ သံႀကိဳး‌ေလးဆီရွင္းအၾကၫ့္ေရာက္သြားခဲ့သည္။
ေငြႏွင္းတမ်ွ ျဖဴေဖြးေနသၫ့္ထိုႀကိဳးသည္
ခ်ိဳးယြဲ႔ရဲ့ပထမဆံုး‌ေမြးေန့ပြဲေလးက်င္းပခဲ့ခ်ိန္က
ရွင္းကိုယ္တိုင္ဖန္တီးေပးခဲ့သၫ့္အရာျဖစ္သည္။

ကမ႓ာေပၚမွာေနာက္တစ္ခုမရိွႏိုင္ေတာ့သၫ့္
ထိုႀကိဳးသည္ ရွင္းကိုသာမန္လူတစ္ေယာက္ႏွယ္
ထိေတြ ့ခြင့္ရေစႏိုင္သၫ့္၊ ၾကားခံပစၥည္းတစ္ခုပင္။

ရွင္းမွာ ထိုအေျခအေနမ်ားကို
ေနာက္တစ္ႀကိမ္ျပန္မေတြးခ်င္ေတာ့ၿပီမို႔၊
သူ႔အေရ႔ွမွာထိုင္ေနတဲ့သူကို
ႏွင္ထုတ္ဖို႔ႀကံရြယ္လိုက္ပါ၏။
သို႔ေသာ္ သူ႔ႏႈတ္ခမ္းေတြဆြံ႔အသြားခဲ့ရေလၿပီ။

နဖူးစပ္ရိွဆံစတို႔သည္ ရြဲနစ္ေနေသာေခြၽးစက္မ်ားေၾကာင့္
အျမင္တစ္မ်ိဳးျဖစ္ေနခဲ့ေပမယ့္
ထိုသူကေခ်ာေမာေနဆဲပင္။
အသံမထြက္ေအာင္ဖိကိုက္ခံထားရသၫ့္
ႏႈတ္ခမ္းမ်ားသည္ေပါက္ၿပဲကာ
ေသြးစမ်ားစီးက်လို႔ေန၏။

လက္ေကာက္ဝတ္မွတစ္စက္စက္စီးက်ေနေသာ
ေသြးတို႔သည္ သုတ္ေပးမယ့္သူမရိွသည္မို႔
ျဖဴလြလြဝတ္ရံုျဖဴေပၚတြင္ ေပးစြန္းေနေပ၏။
နဂိုျဖဴေသာအသားအရည္တို႔မွာ
အသက္စြမ္းအင္ေတြဆံုးရႈံးသြားရေသာအခါ
ပို၍ပင္ျဖူဆုတ္သည့္အသြင္ျဖစ္ေနေစ၏။

ဒါေပမယ့္ သူ႔အေရ႔ွမွာထိုင္ေနသၫ့္
ႀကီးျမတ္လွပါေသာမိုးနတ္မင္းတစ္ျဖစ္လဲ၊
သူ႔ရဲ့ခ်စ္တပၫ့္ခ်ိဳးယြဲ႔သည္
သူ႔ကိုယ္သူၫွာတာျခင္းမရိွေပ။
သူ႔ရဲ့ညာလက္ဖဝါးထဲမွ
ထြက္လာပါသၫ့္မီးဓာတ္ေတြကို
ရွင္းဆီသို႔ဆက္လက္လႊဲေျပာင္းေပးေနပါ၏။

သူ႔ရဲ့ဘယ္ဘက္လက္ကိုေတာ့
မီးရဲရဲေတာက္ေနသၫ့္
မႏၲာန္ထဲတြင္ျမႇဳပ္ႏွံလို့ထား၏။

သူ႔ဝိဉာဉ္ကိုသူ မီးၿမႇိဳက္ေနျခင္းပင္။။။။။။

Unicode:

မိုးခြိမ်းသံအလား ကျယ်လောင်လှတဲ့အသံတစ်ခု။

ဘယ်သို့သောအကြောင်းကြောင့်
‌နတ်ဘုရားနယ်မြေထဲကနေ
ဒီလိုအသံမျိုးထွက်ပေါ်လာရပါသလဲ။
ဆိတ်ငြိမ်အရပ်လို့ သမုတ်ခံထားရတဲ့‌နေရာမှာ
ဘယ်သူက အဲ့လိုအသံတွေဖန်တီးလိုက်ရပါသလဲ။
သူမကို‌တွေးဖို့ရာ စေခိုင်းလိုက်သည့်
အမေးပုစ္ဆာတစ်ပုဒ်နှယ်။

တကယ်တော့ သူမသည်စဉ်းစားရသည့်အရာများကို
သဘောမကျသလို၊ နှစ်လည်းမနှစ်ခြိုက်ပါချေ။
လက်တွေ့ဆန်လွန်းသူတစ်ယောက်ဖြစ်သည်မို့
အရာရာကိုတွေးကြည့်ခြင်းထက်၊
ပြေးကြည့်ရသည်ကို ပို၍နှစ်သက်ပါ၏။

သို့သော် ဘဝကခါးသည်။
မိုးနတ်မင်းရဲ့ထိန်းချုပ်မှုအောက်မှာရှိနေရတဲ့
သူမအဖို့ထိုအသံကြားရာဆီ
ပြေးကြည့်ဖို့လည်းမတတ်နိုင်သလို၊
ကန့်လန့်ကာစကိုအသာလှပ်ပြီး
ငေးကြည့်ဖို့ရာလည်း မတတ်နိုင်‌တော့ပါလေ။

အနှစ်ရှစ်သောင်း။။။။။

သူမရဲ့ခန္ဓာကိုယ်အိပ်စက်နေခဲ့သည်မှာ
အနှစ်ရှစ်သောင်းပင်ရှိ‌ပေ‌တော့မည်။
ဒီနှစ်တွေအတွင်းမှာ
အိပ်စက်ခြင်းကိုအကြိမ်ကြိမ်
တွန်းလှန်ဖို့ကြိုးစားခဲ့ပေမယ့်
သူမရဲ့ခန္ဓာကိုယ်သည် ကျောက်ရုပ်တရုပ်အလား။
မျက်တောင်တစ်စမျှမခတ်သလို၊
လက်ချောင်းတစ်ချောင်းမျှပင်
လှုပ်ရှားမှုမရှိခဲ့ပါလေ။
ဒါဟာ သိပ်ကိုပျင်းစရာကောင်းလွန်းတဲ့
ကစားပွဲတစ်ခုလိုပါပဲ။

စစ်ဗျူဟာကျမ်းတွေလိုဆွဲဆောင်မှုမရှိသည့်အပြင်၊
မီးဖိုထဲမှမထုတ်ရသေးသော
ဓားသွားတွေလိုလည်း
ဘယ်လို၊ ဘယ်ပုံဖြစ်လာမလဲလို့
ရင်ခုန်စွာစောင့်ဆိုင်းနေဖို့လည်း
မထိုက်တန်လှပေ။

နတ်ဆိုးဘုရင်ရဲ့ရုပ်သွင်အမှန်ကို
ရေးဆွဲပြမည်ဆိုပါက အိပ်စက်ခြင်းမှ
နိုးထစေမယ်လို့ အကျပ်ကိုင်ပြောဆိုလာတဲ့
မိုးနတ်မင်းကိုအာခံခဲ့သည့်သူမမှာ
အခုထက်ထိပင် သလင်းကျောက်‌တုံးထဲတွင်
ပိတ်မိပြီးအိပ်စက်နေခဲ့ရပါသတဲ့။
ပျင်းလွန်းလို့ သေချင်သွားနိုင်‌လောက်သည့်
ကစားပွဲကို ရပ်တန့်ပစ်ချင်ပေမယ့်
နတ်ဆိုးဘုရင်ကိုသစ္စာမဖောက်နိုင်သည်မို့
အနားယူခြင်းဟုသာ သတ်မှတ်ခဲ့ရတာ
အနှစ်ရှစ်‌သောင်းပင်ရှိတော့မည်။

သူမလို စစ်ရေးလေ့ကျင့်ဖို့ပဲ
စိတ်အားထက်သန်နေတဲ့
နတ်ဆိုးဘုရင်မငယ်တစ်ပါးက
အနှစ်ရှစ်သောင်းလောက်အိပ်စက်နေဖို့ဆိုတာ
ခက်ခဲလွန်းတဲ့ နေ့ရက်တွေကို
ဖြတ်သန်းနေရသလိုပင်။
အစီအရင်ရေးဆွဲသည့်နေရာမှာ
ကျွမ်းကျင်လွန်းတဲ့ မိုးနတ်မင်းကြောင့်သာ
မဟုတ်ရင် သူမဒီနေရာမှာ
ဒီလိုလဲလျောင်းနေရမည်မဟုတ်။
သူမအစွမ်းနဲ့သလင်းကျောက်တွေကိုဖြိုခွဲပြီး
စံအိမ်သို့ပြန်ကာစစ်မှုရေးရာအဖြာဖြာကို
လေ့လာမှတ်သားနေမည်သာဖြစ်၏။

ဒါပေမယ့်။။။။ 

ဘဝဆိုတာကလည်း ကျားကွက်ပေါ်မှာ
ပြေးလွှားနေရတဲ့နယ်ရုပ်တစ်ရုပ်လိုပေမို့၊
အချိန်အနည်းအကျဉ်း‌တော့ယူပြီး
အနားယူအပန်းဖြေဖို့ဆုံးဖြတ်ရတော့မှာပေါ့။
သူမလိုခေါင်းမာတဲ့ နတ်ဆိုးတစ်ပါးမှာ
အဲ့လိုသဘာဝဆန်လှတဲ့
အရာတွေကိုလုပ်ကိုင်ဖို့
အမြဲတ‌စေဝန်လေး‌နေခဲ့သည်သာ။
သူမ အချိန်တိုင်းလုပ်နေခဲ့သည်က
စစ်ရေးဗျူဟာကျမ်းတွေကြားမှာ
လေ့လာမှတ်သားမှုတွေလုပ်နေခဲ့တာပါပဲ။

သူမရဲ့အကျင့်ကပဲ ထူးခြားနေသလား။
ဒါမှမဟုတ် သူမကပဲခေါင်းမာသလားတော့မသိ။
အစားစားရင်တောင် စာကြည့်စားပွဲမှာပဲ
စာအုပ်ဖတ်ရင်းစားဖြစ်ခဲ့သည်အထိ
စစ်ဗျူဟာကျမ်းများကို စွဲလန်းနှစ်ခြိုက်ခဲ့၏။

အသီးအရွက်ရဲ့ချိုမြိန်မှု၊
အသားရဲ့ဆွဲ‌ဆောင်နိုင်မှုဆိုတာတွေက
သူမအတွက်အရေးမပါလှ။
သူမဘဝမှာ အဓိကကျသည်က
ဗျူဟာကျမ်းထဲက အဘယ်သို့သောအချက်ကို
ရွေးချယ်ပြီး၊ ဘယ်လိုပြန်လည်မွမ်းမံလိုက်ရင်ဖြင့်
ပိုမိုကောင်းမွန်လာနိုင်မလဲဆိုတဲ့
အချက်တွေပင်။

သို့ပေမယ့် သူမဘဝမှာအမုန်းတီးဆုံးအရာကို
ထောက်ပြပါဆိုလျှင် 'စစ်ပွဲ'တွေကိုသာ
မဆိုင်းမတွလက်ညှိုးထိုးပြမိမည်ထင်၏။

ဟုတ်သည်။ သူမက စစ်ဗျူဟာကျမ်း‌တွေကို
အမြဲတစေလေ့လာပြီး၊ စစ်ရေးလေ့ကျင့်မှုကိုသာ
ဦးစားပေးဆောင်ရွက်ခဲ့၏။
ဒါပေမယ့် ဒီလိုအချက်တွေကြောင့်တော့
စစ်ပွဲဖန်တီးရတာနှစ်ခြိုက်သူအဖြစ်
မထင်စေလိုပါ။

'စစ်' ဆိုသည်မှာ ဆုံးရှုံးခြင်း၊ သေဆုံးခြင်း၊
ထိခိုက်ဒဏ်ရာရခြင်း၊ ကွဲကွာခြင်း စသည့်
အရာတွေကိုသာဆောင်ကြည်းပေးတတ်သည်
ဖြစ်သောကြောင့် သူမအလွန်ပင်မုန်းတီးမိ၏။
မီးခိုးငွေ့တွေဝေနေတဲ့ ရွာတွေ၊ အိုးအိမ်အပျက်အစီးတွေ၊
မရေတွက်နိုင်အောင်များပြားလှတဲ့
အလောင်းတွေအပြင်၊
ဆိုးတူကောင်းဖက်လက်တွဲလာသည့်
ရဲဘော်ရဲဘက်များကိုပါ
လက်လွတ်ရနိုင်သည့် စစ်ပွဲကို
ရပ်တန့်ဖို့သာသူမအမြဲတစေကြံရွယ်ခဲ့ဖူး၏။

သို့ပေမယ့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်နယ်မြေအတွက်
သူမရဲ့ဘဝတစ်ဝက်ကျော်ကို
စစ်ပွဲထဲတွင်သာမြှုပ်နှံထားခဲ့ရ၏။
သူတစ်ပါးကလာရောက်နှောက်ယှက်နေသည်ကို
မတုံ့ပြန်ပဲ၊ သူတို့လိုသမျှအသာတကြည်
ပေးလိုက်ဖို့ဆိုသည်မှာ
လုံးဝမဖြစ်နိုင်သည်မို့ သူမရဲ့သွယ်ပြောင်းတဲ့
လက်တွေကြားမှာဓားကို ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ခဲ့ရသည်။

ကိုယ့်မျိုးနွယ်စုတွေသေကြေပျက်စီးခြင်း
နည်းပါးစေချင်သည်မို့
ကျူးကျော်သူတွေကိုချေမှုန်းပစ်ဖို့
စစ်ဝတ်တန်ဆာကို သူမလွှမ်းခြုံခဲ့ရသည်။
ကိုယ့်နယ်မြေကို အလကားပိုင်ဆိုင်ဖို့
ကြိုးပမ‌်းလာသည့်အချို့အချို့သော
သူတွေကြောင့် လှပသည့်ခန္ဓာကိုယ်ပေါ်တွင်
အမာရွတ်တွေ၊ သွေးတြွေဖင့် အလှဆင်ခဲ့ရ၏။

ထို့ကြောင့် စစ်ဗျူဟာကျမ်းများကို
သူမလေ့လာဖို့အချိန်တွေအများကြီးပေးခဲ့ခြင်း
ဖြစ်သည်။

သူမ ယုံကြည်မိသည်လေ။။။။။။

သူမမှာဗဟုသုတတွေအများကြီးရှိနေမယ်ဆိုရင်
ရဲဘော်ရဲဘက်တွေသေကြေမှု
လျော့နည်းသွားမလားလို့ပေါ့။။။။။။

သူမမှာသာ အကြံအစည်တွေပိုများလာမယ်ဆိုရင်
သူမကိုယ်ပေါ်ကျလာလာမည့်
ဓားဒဏ်ရာတွေကို အနည်းငယ်လျော့နည်းသွားအောင်
ကြိုးပမ်းနိုင်မလားပေါ့။။။။။

သူမမှာသာ အားအင်တွေအပြည့်ရှိနေခဲ့ရင်
သူမရဲ့မိသားစုကို ယခုထက်ပိုမိုနိုင်လာမလားပေါ့။။။။။

တကယ်တော့ သူမဟာလည်း
မိန်းမသားတစ်ယောက်ပါပဲ။
ကြောက်ရွံ့တတ်သည်။ ဝမ်းနည်းလွယ်တတ်သည်။
ဓားကိုကိုင်ဖို့တွန့်ဆုတ်တတ်ပါ၏။
ဒါပေမယ့် ဘုရင်မတစ်ပါးအနေဖြင့်
သူမက ကြောက်ရွံ့ပြနေလို့မဖြစ်လှ။
တံတိုင်းကြီးသဖွယ်၊ ကျောက်ဆောင်ကြီးသဖွယ်
တုန်လှုပ်မှုမရှိသည့်အသွင်ကို
ဆောင်ရပေမည်။
သို့မှသာ သူမရဲ့လက်အောက်ကလူတွေ
ရဲစွမ်းသတ္တိကိုအခြေခံပြီး၊
ကိုယ့်မျိုးနွယ်စုအတွက် အသက်ပေးပြီးတိုက်ခိုက်နိုင်မှာမဟုတ်ပါလား။။။။။

အတွေးတိမ်သည်ဟုဆိုလည်းရပါ၏။။။။။။။

သူမယုံကြည်သည့်အရာကို
လက်လွှတ်ဖို့သူမမဆုံးဖြတ်နိုင်ပါ‌လေ။။။။။။

ငြိမ်းချမ်းရေးကိုပိုင်ဆိုင်ချင်ပေမယ့်
ကိုယ်တန်ဖိုးထားရသည့်အရာ‌တွေကို
ဘယ်တော့မှထိပါးခွင့်ပြုမှာမဟုတ်သည့်သူကို
ချောင်ဇီသခင်မ ဟုန်လင်ဟုခေါ်၏။။။။။

လေတစ်ဝှေ့မှာလွင့်ပါလာတဲ့ သစ်ရွက်ခြောက်လေးတွေသည်
သစ်အိုပင်ကြီးကိုစွန့်ခွာ၍
သူမလှဲလျောင်းနေရာ သလင်းကျောက်တုံးကြီးပေါ်သို့ပြုတ်ကျလို့လာ၏။
သို့ပေမယ့် သစ်ရွက်လေးတွေကို
သိမ်းဆည်းထားတတ်တဲ့
ဟုန်လင်ကတော့ ထိတွေ့ခွင့်မရှိသေးပါလေ။

သူမ ယုံကြည်မိပါ၏။
မကြာတော့တဲ့အချိန်လေးအတွင်းမှာ
သူမချစ်ရတဲ့သူက သူမကိုပွေ့ချီသွားပြီး
နောက်တစ်ကြိမ်ရှင်သန်လာနိုင်အောင်
ကူညီလိမ့်မယ်ဆိုတာကို‌ပေါ့။။။။။

ရှည်ကြာလွန်းတဲ့အိပ်မက်တွေ
ကုန်လွန်သွားတဲ့အခါ......
သူ့လက်ကိုသူမနောက်တစ်ကြိမ်
ဆုပ်ကိုင်ခွင့်ရှိမှာပါလေ။
ယုံကြည်မှုတြွေပင်းထန်လာတဲ့အခါ
ကိုယ်ချစ်တဲ့သူက ကိုယ့်ဆီအပြေးရောက်လာတတ်သတဲ့။

အဲ့ဒီပုံပြင်ဆန်လှတဲ့စိတ်ကူးယဉ်မှုတွေကို
သူမယုံကြည်သည်။
တစ်ယောက်သောသူကလည်း
ယုံကြည်ဖို့တောင်းဆိုခဲ့ဖူးသည်လေ။။။။။။

ဒါကြောင့် သူမစောင့်နေခဲ့သည်။
အနှစ်ရှစ်သောင်းလုံး ထိုသူရောက်လာမယ့်
အချိန်ကိုစောင့်မျှော်နေခဲ့သည်။

သူ့နာမည်ကို စက္ကန့်မလပ်ရေရွတ်နေရင်းနဲ့ပေါ့။

နှုတ်ခမ်းပေါ်ကခုန်ဆင်းသွားဖို့
မစွမ်းနိုင်တော့တဲ့နာမည်လေးကို
နှလုံးသားထက်မှာ ကြဲဖြန့်လိုက်တော့
မျက်ရည်စတွေကနေရာယူလာခဲ့သည်။

ဒါပေမယ့် ဒီနာမည်လေးကို
သူမအမြဲတမ်းရေရွတ်နေဦးမည်။
သူ့လက်တွေသူမလက်တွေကို
တင်းကျပ်စွာဆုပ်ကိုင်လာမယ့်အချိန်ထိပေါ့။

သူမသိပ်ချစ်ရတဲ့သူရဲ့နာမည်က

"ရှဲ့ယန်" တဲ့။။။။။။။ 

-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-

ရွှေရောင်လွှမ်းတဲ့အတိတ်အကြောင်းအရာတွေကို
လက်ချောင်းတွေကြားကနေ
ယိုဖိတ်ကျသွားတဲ့သဲတွေအဖြစ်
ပြန်တွေ့လိုက်ရတဲ့အချိန်မှာ
သူက သူ့ရှစ်ဇွင်းကို
နောက်တစ်ကြိမ်ထိတွေ့ခွင့်ရလာပြန်သတဲ့။

ပါးလျလျကန့်လန့်ကာနောက်မှာ
ငြိမ်သက်စွာလှဲလျောင်းနေတဲ့
ရှင်းရဲ့ပုံစံက စတွေ့တဲ့အချိန်တုန်းကလို
အဖြူရောင်တစ်ပတ်နွမ်းချည်ထည်ဝတ်စုံနဲ့
မဟုတ်ပေမယ့် ကျက်သရေရှိလှပါ၏။
အရင်တုန်းက
မြက်ဦးထုပ်ရဲ့အနားစတွေမှာ
ပုဝါဖြူလေးကွပ်ပြီး မျက်နှာကိုကွယ်ထားတတ်တဲ့
ရှင်းသည် အခုလိုအချိန်ကျပြန်တော့
မော်ဖူးလို့မဝနိုင်လောက်သည့်
နတ်ဘုရားတစ်ပါးနှယ်။

ချိုးယွဲ့သည် ရှင်းဆီလေးကန်လှတဲ့
ခြေလှမ်းတွေကိုအဖော်ပြုရင်း
တစ်လှမ်းချင်းလှမ်းလာနေခဲ့သည်။
ဒါပေမယ့် သူ့ရင်ထဲမှာတော့
ရှင်းနဲ့‌နီးကပ်လာတာနဲ့အမျှ
ပိုမိုဝေးကွာသွားရသလို ခံစားနေရ၏။

အလွမ်းကထူးဆန်းလို့နေသည်။
အဝေးမှာရှိစဉ်က ရင်ခုန်သံတွေနီးကပ်နေသလိုခံစားစေပြီး၊
အနီးမှာရိြှပန်တော့
ရင်ခုန်သံတွေကျောခိုင်းထားသလို
ခံစားရစေပြန်သတဲ့။
သိပ်ကိုထူးဆန်းတဲ့ လောကနိယာမတွေပင်။

တွေးတောနေရင်းနဲ့
တဖြည်းဖြည်းလျှောက်လာခဲ့တာ
ခုတင်စွန်းသို့ပင်ရောက်လာခဲ့ချေပြီ။
ဒါပေမယ့် သူမျက်တောင်မခတ်နိုင်သေးပဲ
ရှင်းကိုသာမျက်ရည်တွေကြားကနေ
ငေးကြည့်နေမိသေးသည်။

မကြာခင်ပြန်လာတော့မယ့်
ဟွားရန်တို့သုံးယောက်တို့ကိုလည်း
သူသတိမရနိုင်တော့ပဲ၊
ထပ်တွေ့ဖို့မသေချာတော့သည့်
သူ့ရှစ်ဇွင်းရဲ့ဘေးမှာသာ
ငြိမ်သက်စွာရပ်နေမိပါ၏။

စကားတစ်ခွန်းမှမဆို၊ လှုပ်ရှားမှုတစ်စွန်းတစ်စမှမရှိတဲ့
သူတို့နှစ်ယောက်မှာ ကျောက်ရုပ်တွေလို။
အသက်မဲ့နေခဲ့၏။

"ဟုန်လင်ကျင်း....."

ကြားလိုက်ရတဲ့ခပ်ရှရှအသံလေးကြောင့်
ချိုးယွဲ့နှုတ်ခမ်းစွန်းတွေတွန့်ကွေးသွားပြီး
အပြုံးတစ်စကိုအားတင်းလုပ်ယူလိုက်သည်။
ပြုံးယောင်သမ်းနေတဲ့နှုတ်ခမ်းတွေရဲ့
အထက်မှာတော့
မျက်ရည်တြွေပည့်လျှံနေတဲ့
မျက်ဝန်းတွေကမလိုက်ဖက်စွာ
ရှိ‌နေခဲ့၏။

သူသည် ခုတင်ဘေးတွင်ဒူးထောက်ချလိုက်ပြီး
ဖြူလွလွငွေချိန်းကြိုးတစ်ခုနဲ့
ရှင်းရဲ့လက်တွေကို တုပ်နှောင်ပစ်လိုက်၏။
သူ့လှုပ်ရှားမှုတွေက နူးညံ့ငြိမ်သက်လွန်းလို့
ပန်းတစ်ပွင့်ဖြင့်ပွတ်ဆွဲလိုက်သလိုပင်
ခံစားရစေ၏။

ရှင်းမှာ မျက်လုံးတွေဖွင့်လာနိုင်ပြီဆိုပေမယ့်
အသိစိတ်ကင်းကွာနေသေးသည်ဖြစ်၍
သူ့အရှေ့မှာရှိနေတဲ့သူက
ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားဖို့မတတ်နိုင်ခဲ့ပါလေ။
ဒါကြောင့် သူသိပ်မြတ်နိုးလှတဲ့နာမည်လေးကိုသာ
ထပ်မံရေရွတ်မိပြန်၏။

"ဟုန်လင်ကျင်း????"

သူဘယ်လိုပဲခေါ်နေခဲ့ပါစေ။
တစ်ဖက်မှတုံ့ပြန်စကားမဆိုပါပဲ၊
သူ့လက်တွေကိုသာ ချိန်းကြိုးနှင့်
ခပ်ဖွဖွတုပ်နှောင်နေခဲ့၏။
ထူးဆန်းလှသည်ဟု ဆိုရပေမလား။
ရှင်းလိုဝိဉာဉ်တစ်ကောင်ကို
ထိုသူကထိတွေ့နိုင်သတဲ့လေ။

"ဟုန်လင်ကျင်း...... မင်းငါ့ကိုဘာလုပ်ဖို့
ကြိုးစားနေတာလဲ "

တိုးဖျော့ဖျော့မေးလာတဲ့ရှင်းရဲ့စကားကို
နားထောင်ရင်း ချိုးယွဲ့ရယ်မိသည်။
သို့ပေမယ့် အသံမထွက်အောင်သာ
နှုတ်ခမ်းကိုဖိကိုက်ထားမိပါ၏။

သူရယ်တယ်ဆိုတာက
ရှင်းကဟုန်လင်ကျင်းမဟုတ်မှန်းသိလိုက်ရ၍
ဝမ်းသာလွန်းပြီး ရယ်မိခြင်းသာ။
နှုတ်ခမ်းကိုဖိကိုက်ထားရခြင်းကတော့
ရှင်းသာသူ့အသံကိုကြားသွားခဲ့ရင်
သူ့ကူညီမှုကိုလက်မခံမှာစိုး၍ဖြစ်သည်။

သူသည် ရှင်းကိုအသာအယာပွေ့လိုက်ပြီး
ထိုင်နိုင်အောင်လုပ်ပေးလိုက်ပါ၏။
ရှင်းပြန်လဲကျသွားမည်စိုး၍
အကာအကွယ်တစ်ခုဖန်တီးလိုက်ပြီး
ထိန်းထားပေးဖို့ကိုလည်း မမေ့ခဲ့ပါလေ။

ရှင်းကောင်းမွန်စွာထိုင်နိုင်ပြီဆိုတာကို
အတည်ပြုပြီးသည်နှင့်
သူ့လက်ကောက်ဝတ်‌သွေးကြောတွေကို
အစွမ်းနဲ့ဖြတ်တောက်လိုက်ပြီး
ရှင်းနှုတ်ခမ်းပေါ်တေ့ပေးလိုက်၏။
အစီးအတားမရှိကျလာသည့်
သွေးတွေသည် သူ့လက်ပေါ်မှသည်
ရှင်းရဲ့နှုတ်ခမ်းအတွင်းဘက်သို့
စီးဆင်းသွားခဲ့သည်။

လိုအပ်သည့်ပမာဏရောက်သည်အထိ
စီးဆင်းစေပြီးနောက်မှာတော့
လက်ကိုပြန်ရုတ်ကာ
မန္တာန်တစ်ခုကို ဖြေးဖြေးမှန်မှန်ရွတ်ဆို၏။

ဂီတသံခပ်ငြိမ့်ငြိမ့်လေးကို
နားထောင်နေရသည့်နှယ်၊
ကြည်နူးဖွယ်ကောင်းလှသော မန္တာန်ကြောင့်
သူ့ကိုကယ်တင်ဖို့ကြိုးစားနေသူမှာ
ချိုးယွဲ့ဆိုတာ ရှင်းသတိထားမိသွား၏။

သူသည် အတိအလင်းပြန်မရသေးသည့်
ဝိဉာဉ်စွမ်းအားတွေနဲ့အသိစိတ်ကြောင့်သာ
မဟုတ်ရင် ချိုးယွဲ့ကိုသူနဲ့ဝေးရာသို့
ကန်ထုတ်ပစ်မိမည်သာ။
သူဘယ်တော့မှထိုသူဆီကနေ
အကူအညီမယူချင်တော့ဘူးမဟုတ်ပါလား။

‌တမလွန်ကမ္ဘာဆီခေါ်ဆောင်သွားဖို့
စောင့်ဆိုင်းနေတဲ့ လှေငယ်လေးဆီကနေ
သူ့ကိုပြန်ခေါ်လိုက်သူမှာ
ချိုးယွဲ့ဆိုတာသူဘယ်လိုလက်ခံရပါ့မလဲ။
တိတ်ဆိတ်ငြိမ်သက်နေတဲ့ပတ်ဝန်းကျင်ကြီးထဲမှာ
လေတိုးသံကိုရုတ်တရက်ကြားလိုက်ရသလို
သူ့အသည်းကိုအေး‌သွား‌စေဖို့
အမိန့်ပေးလိုက်သည့်နှယ်။

အဆုံးအစမဲ့လှတဲ့အနက်ရောက်ပင်လယ်ကြီး
ကာရံထားတဲ့ ကျွန်းငယ်လေးတစ်ခုပေါ်မှာသာ
သူရပ်နေချင်ရပ်နေမည်။
ချိုးယွဲ့ရဲ့ကယ်တင်မှုကိုတော့လက်မခံချင်ပါ။

ထိုသူသည်သူ့ကိုဟုန်လင်ကျင်းနဲ့
ဝေးကွာအောင်လုပ်ခဲ့သည့်အပြင်၊
အတိုင်းအဆမရှိတဲ့နာကျင်မှုတွေကိုလည်း
ခံယူစေခဲ့ဖူးသည်။
သူချစ်ရတဲ့ကလေးတစ်ယောက်မဟုတ်တော့တဲ့
ချိုးယွဲ့ကို သူဘယ်လိုအင်အားနဲ့
ထပ်မံယုံကြည်ရပါ့မလဲ။

ညဦးပိုင်းတုန်းက ကျင်းကိုအစီအရင်ထဲဆွဲခေါ်ခြင်းဖြင့်
သူ့ကိုသတ်ဖို့ကြိုးစားခဲ့ပါသော
မိုးနတ်မင်းကြီးက အစီအရင်ထဲကိုယ်တိုင်ခုန်ဝင်ပြီး
လာရောက်ကယ်တင်ခဲ့တဲ့အပြင်၊
အခုလည်း သူ့အသက်သူမနှမြောပဲ
ကယ်တင်ဖို့ကြိုးစားနေပြန်သတဲ့။

ကျေးဇူးတင်စကားဆိုရမှာလား။

လက်ခုပ်လက်ဝါးတီးပြီး ဟားတိုက်ရယ်မောလိုက်ရတော့မှာလား။

ဒါ‌မှမဟုတ် ဓားတစ်ချောင်းပြေးဆွဲပြီး
ထပ်မံမွေးဖွားလာခွင့်ပင်မရှိတော့လောက်အောင်
နုတ်နုတ်စင်းပစ်လိုက်ရလေမလား။။။။။

အဆုံးစွန်ထိတွေးတော့၊
စိတ်ညစ်မှုတွေကလမ်းဆုံးသို့ရောက်အောင်
ဆွဲချပြန်၏။

ဒီတစ်ယောက်သုံးနေတဲ့အစီအရင်က
ရှင်းကိုအလျင်အမြန်သက်သာလာစေနိုင်ပေမယ့်
သူကိုယ်တိုင်ကတော့ ဝိဉာဉ်လွှာတွေအထိပျက်စီးသွားနိုင်တယ်ဆိုတာ
မသိရော့လေသလား။
သူ့တပည့်တွေအားလုံးက
သူ့စကားကိုနားထောင်ဖို့ဝန်လေးနေတယ်ဆိုတာ
ရှင်းသတိပြုခဲ့မိပေမယ့်၊
ဒီလောက်အထိရူးနှမ်းကြမယ်လို့တော့
မထင်မိပါလေ။

ရေစွမ်းအင်ပိုင်ဆိုင်သူတစ်ယောက်က
မီးစွမ်းအားရှင်တစ်ယောက်ကိုကယ်တင်ဖို့
သူ့အသက်စွမ်းအင်ကို
လောင်ကျွမ်းစေဖို့ကြိုးပမ်းနေပါသတဲ့။
ခံရခက်လိုက်မည့် ဝေဒနာဆိုးပါလေ။
ဒါပေမယ့် သူ့တပည့်ကခေါင်းမာလွန်းပါသည်။

တုံ့ဆုတ်ခြင်းမရှိပါပဲ ၊ သူ့ဆီသို့စွမ်းအင်တွေ
အလျင်မပြတ်စီးဝင်လာစေနေသည်။
ပူနွေးလွန်းတဲ့အသက်စွမ်းအင်တွေက
ရှင်းရဲ့ဝိဉာဉ်ကြောတွေကို
မြန်ဆန်စွာကုသပေးနေပြီး
ဝိဉာဉ်စွမ်းအားတြွေပန်ရလာဖို့
ကြိုးစားပေးနေကြ၏။

နွေးထွေးလွန်းပါ၏။
ရေ‌နွေးကြမ်းအိုးလေးကို ချမ်းအေးလှတဲ့ဆောင်းရာသီမနက်ခင်းမှာ
ယူဆာင်လာပေးသည့်နှယ်။
ချိုးယွဲ့ရဲ့စွမ်းအင်တွေက သူ့ရဲ့‌ကိုယ်ထဲမှာပြည့်နှက်နေခဲ့တဲ့ရေငွေ့တွေကို
ခမ်းခြောက်သွားဖို့ တွန်းလှန်ပေးနေ၏။

အသိစိတ်တို့တဖြည်းဖြည်းနိုးကြားလာသလို၊
ဝိဉာဉ်စွမ်းအင်တို့သည်လည်း
မြေထဲတိုးဝင်နေသည့်သစ်မြစ်များနှယ်၊
သူ့တစ်ကိုယ်လုံးတွင်ခွဲဖြာစီးဆင်းနေ‌ခဲ့သည်။

အမြင်အာရုံတွေလည်း တဖြည်းဖြည်းပြတ်သားလာကာ၊
အထိအတွေ့တွေလည်း ကွဲပြားလို့လာစဉ်၊
သူ့လက်ပေါ်မှာရှိနေတဲ့ သံကြိုး‌လေးဆီရှင်းအကြည့်ရောက်သွားခဲ့သည်။
ငွေနှင်းတမျှ ဖြူဖွေးနေသည့်ထိုကြိုးသည်
ချိုးယွဲ့ရဲ့ပထမဆုံး‌မွေးနေ့ပွဲလေးကျင်းပခဲ့ချိန်က
ရှင်းကိုယ်တိုင်ဖန်တီးပေးခဲ့သည့်အရာဖြစ်သည်။

ကမ္ဘာပေါ်မှာနောက်တစ်ခုမရှိနိုင်တော့သည့်
ထိုကြိုးသည် ရှင်းကိုသာမန်လူတစ်ယောက်နှယ်
ထိတွေ့ခွင့်ရစေနိုင်သည့်၊ ကြားခံပစ္စည်းတစ်ခုပင်။

ရှင်းမှာ ထိုအခြေအနေများကို
နောက်တစ်ကြိမ်ပြန်မတွေးချင်တော့ပြီမို့၊
သူ့အရှေ့မှာထိုင်နေတဲ့သူကို
နှင်ထုတ်ဖို့ကြံရွယ်လိုက်ပါ၏။
သို့သော် သူ့နှုတ်ခမ်းတွေဆွံ့အသွားခဲ့ရလေပြီ။

နဖူးစပ်ရှိဆံစတို့သည် ရွဲနစ်နေသောချွေးစက်များကြောင့်
အမြင်တစ်မျိုးဖြစ်နေခဲ့ပေမယ့်
ထိုသူကချောမောနေဆဲပင်။
အသံမထွက်အောင်ဖိကိုက်ခံထားရသည့်
နှုတ်ခမ်းများသည်ပေါက်ပြဲကာ
သွေးစများစီးကျလို့နေ၏။

လက်ကောက်ဝတ်မှတစ်စက်စက်စီးကျနေသော
သွေးတို့သည် သုတ်ပေးမယ့်သူမရှိသည်မို့
ဖြူလွလွဝတ်ရုံဖြူပေါ်တွင် ပေးစွန်းနေပေ၏။
နဂိုဖြူသောအသားအရည်တို့မှာ
အသက်စွမ်းအင်တွေဆုံးရှုံးသွားရသောအခါ
ပို၍ပင်ဖြူဆုတ်သည့်အသွင်ဖြစ်နေစေ၏။

ဒါပေမယ့် သူ့အရှေ့မှာထိုင်နေသည့်
ကြီးမြတ်လှပါသောမိုးနတ်မင်းတစ်ဖြစ်လဲ၊
သူ့ရဲ့ချစ်တပည့်ချိုးယွဲ့သည်
သူ့ကိုယ်သူညှာတာခြင်းမရှိပေ။
သူ့ရဲ့ညာလက်ဖဝါးထဲမှ
ထွက်လာပါသည့်မီးဓာတ်တွေကို
ရှင်းဆီသို့ဆက်လက်လွှဲပြောင်းပေးနေပါ၏။

သူ့ရဲ့ဘယ်ဘက်လက်ကိုတော့
မီးရဲရဲတောက်နေသည့်
မန္တာန်ထဲတွင်မြှုပ်နှံလို့ထား၏။

သူ့ဝိဉာဉ်ကိုသူ မီးမြှိုက်နေခြင်းပင်။။။။။။

© Sun Elf,
книга «The truth untold».
Коментарі