Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 15
"ရွင္း......သတိထားပါဦး......"

"ငါတို႔ကို ႏႈတ္မဆက္ပဲထြက္သြားဖို႔
ခြင့္မျပဳထားဘူးေလ......
ထစမ္းပါကြာ...."

"ရွစ္ဇြင္း......
ကြၽန္ေတာ္ေလ ....ဟြားရန္!
ရွစ္ဇြင္း အိပ္ေနတာအရမ္းၾကာေနၿပီ...
သနပ္ခါးပန္းေရေနြးၾကမ္းေတြေတာင္ ေအးေနၿပီဗ်
ထပါေတာ့ေနာ္"

မတူညီတဲ့အသံသံုးမ်ိဳး၊ တစ္ထပ္တည္းမက်တဲ့
စကားသံုးမ်ိဳး။

ကြဲျပားတဲ့လူသံုးေယာက္ဆီကလာတဲ့
ထိုစကားေတြက အတို၊အရွည္။
အသံအနိမ့္၊အျမင့္။
အျဖတ္အေတာက္၊ သံရွည္ဆြဲျခင္း။
မတူညီလွေပမယ့္ တူညီတဲ့အဓိပၸာယ္တစ္မ်ိဳးကိုေတာ့
ေဖာ္‌ေ‌ဆာင္ေနခဲ့ပါသည္။

ေမတၲာတရား။။။။။

အေရာင္ျခယ္သထားျခင္းမရိွတဲ့
ဝါဂြမ္းပန္းလွလွေလးေတြကို
အျဖဴေရာင္တိမ္စိုင္ေတြပ်ံဝဲေနတဲ့အရပ္မွာ
အနီးကပ္ၾကၫ့္ရႈခြင့္ရသလို
ေနြးေထြးမႈနဲ႔လံုၿခံဳမႈကိုတစ္ၿပိဳင္နက္တည္း
ေပးစြမ္းႏိုင္တဲ့ ေမတၲာတရား။

ဒီကမ႓ာေပၚမွာ ရွင္းပိုင္ဆိုင္ခြင့္ရိွသၫ့္
တစ္ခုတည္းေသာ ေမတၲာတရားက
ထိုလူသံုးေယာက္ဆီမွလာသတဲ့။
သူတို႔ထက္ ကမ႓ာေလာကႀကီးထဲမွာ
အေနၾကာသၫ့္ ကမ႓ာဦးနတ္ဘုရားႀကီး
ေဟာ္လင္သခင္ကို ညီငယ္ေလးအျဖစ္ၾကင္နာေပးခဲ့သၫ့္
နတ္ဘုရားသံုးပါး။

နတ္ဆိုးဘုရင္ငယ္ကိုးပါးမွလြဲ၍
သံုးေလာကမွာ ထိုက္ယန္နဲ့ဟုန္လင္က်င္းအေၾကာင္း
ေမ့ေလ်ာ့ျခင္းမရိွ‌ေသးသၫ့္ သံုးဦးတည္းေသာနတ္ဘုရားမ်ား။

ဟုန္လင္က်င္းကိုျဖစ္ေစ၊ ရွင္းကိုျဖစ္ေစ
အၿမဲတေစသစၥာရိွေနမယ့္သူေတြသာ
မွတ္မိေနမၫ့္အႏွီမွတ္ဉာဏ္ေတြ၊
သူတို႔စိတ္ထဲမွာရိွေနကတည္းက
ထိုနတ္ဘုရားသံုးပါးရဲ့စိတ္ထဲမွာ
ရွင္းအတြက္မည္မွ်ႀကီးမားသၫ့္
သံေယာဇဉ္ႀကိဳးေတြရစ္ဖြဲ႔ေပးထားသလဲဆိုတာ
ျမင္သာလွပါ၏။

သူတို႔မွာေတာ့ အျခားသူမ်ားမဟုတ္။
ဟြားရန္၊ဖန့္ယြင္နွင့္ ရွဲ႔ယန္သာျဖစ္သည္။

ရွင္းကိုေလးစားၾကသလို၊
ေနနတ္ဘုရား ထိုက္ယန္ကို
သားတစ္ေယာက္လို၊ ညီတစ္ေယာက္လို။
ျပဳစုပ်ိဳးေထာင္ခဲ့သူမ်ားျဖစ္သၫ့္အေလ်ာက္
ရွင္းကိုထိုက္ယန္အျဖစ္သိခြင့္ရခဲ့သၫ့္
အခ်ိန္မွစ၍ ရွင္းကိုညီငယ္ေလးလိုသာ
အရိပ္တၾကၫ့္ၾကၫ့္ေနလာခဲ့သူမ်ားျဖစ္သည္။

အဆင့္ျမင့္နတ္ဘုရားမ်ားျဖစ္သၫ့္အျပင္
ပူေဇာ္ပသသူေပါမ်ားလွသၫ့္
သူတို႔ဘဝမွာ စိုးရိမ္ေၾကာင့္ၾကမႈဆိုတာ
ညီငယ္ေလးေၾကာင့္သာ ေပၚလာခဲ့ရတာပင္။

သို႔ေပမယ့္ ထိုညီငယ္ေလးကို
သူတို႔ဘယ္ေတာ့မွမစြန႔္ပစ္ရက္ႏိုင္သလို၊
ရွင္းသေဘာမက်သၫ့္ၾကားမွ
မုသမ္းပန္းေလးေပၚမွာနားေနသၫ့္
လိပ္ျပာေလးလိုဂရုစိုက္ခဲ့ၾကေသးသည္။

သူတို႔ရဲ့ အားသာခ်က္က
ရွင္းကိုေပ်ာ္ရႊင္ေအာင္လုပ္ေပးႏိုင္ျခင္းဆိုရင္၊
သူတို႔ရဲ့အားနည္းခ်က္က
ရွင္းနာက်င္ေနခ်ိန္မွာ အကူအညီမေပးႏိုင္ပဲ
ေဘးမွာရပ္ၾကၫ့္ေနရျခင္းသာ။။။။။။

ထို႔ေၾကာင့္ ရွင္းကိုဒဏ္ရာမရေအာင္
အၿမဲတမ္းေစာင့္ေရွာက္ေပးၾကျခင္းျဖင့္သာ
သူတို႔၏အားနည္းမွုကို ဖံုးကြယ္ေစခဲ့၏။

သို႔ေသာ္လည္း တန္ဖိုးထားရသၫ့္အရာမ်ားသည္
ဂရုစိုက္ေနသၫ့္ၾကားမွ ဖန္ပန္းအိုးေလးတစ္ခုလို
‌ကြဲေၾကသြားတတ္ၾကသည္မဟုတ္ပါလား။
က်င္းကို သင္ၾကားပို႔ခ်ေပးေနတဲ့အခ်ိန္တိုင္း
ရွဲ႔ယန္ကတစ္လွၫ့္၊ ဖန႔္ယြင္ကတစ္ဖန္၊
ေစာင့္ၾကၫ့္ေနရင္း၊ အႏၲရာယ္အေငြ ့အသက္ကို
ကင္းေစာင့္ေပးခဲ့ၾက‌ေပမယ့္
ဒီေန့ေတာ့ မက္မြန္သီးပြဲေတာ္ရိွေန၍
ပ်က္ကြက္ခဲ့မိသည္။

ထိုသို႔ေသာ ပ်က္ကြက္မႈမွာ
သာမန္နတ္မ်ားအတြက္မေျပာပေလာက္ေပမယ့္
ရွင္းအတြက္ေတာ့ ဝိဉာဉ္ၿပိဳကြဲမၫ့္
အျဖစ္ထက္ပင္ဆိုးဝါးခဲ့ရသည္ေလ။

ေရဓာတ္။။။။။။

ကမ႓ာဦးအစမွာ ျဖစ္ပြားခဲ့တဲ့အထိကရုဏ္းကစ၍
ရွင္းကိုအႏၲရာယ္ျဖစ္ေစခဲ့သၫ့္ ေရဓာတ္။
မီးနတ္ဧကရာဇ္ျဖစ္သၫ့္ရွင္းကိုသာ
ပူေဇာ္ပသခဲ့ၿပီး၊ ေခတ္ၿပိဳင္စြမ္းအားႀကီးခဲ့သၫ့္
ေရနတ္ဧကရာဇ္ကို ေမ့ေလ်ာ့ခဲ့ၾကသၫ့္
အမွားအယြင္းတစ္ခု။

ထိုပူ‌ေဇာ္ရန္‌ေမ့ေလ်ာ့မႈတစ္ခုသည္
စြမ္းအားႀကီးမ်ားသၫ့္ ေရနတ္ဧကရာဇ္၏
ကံုလံုျပၫ့္စံုမႈကိုယုတ္ေလ်ာ့မသြားေစတဲ့အျပင္၊
စြမ္းအင္တိုးပြားမႈကိုလည္း အေနွာက္အယွက္
မျဖစ္ေစႏိုင္ခဲ့ပါ။

သို႔ေပမယ့္ တကယ္တမ္း
အေနွာက္အယွက္ျဖစ္ေစခဲ့သည္က
စိတ္အားငယ္မႈႏွင့္ေဒါသသာ။
စြမ္းရည္တူသၫ့္ဧကရာဇ္ႏွစ္ပါးျဖစ္ပါရက္။
ဖုရွီးႏွင့္ႏြီဝါးတို႔ႏွင့္ ဆက္ဆံေရးေကာင္းမြန္ေသာ
မီးဧကရာဇ္ကိုသာ အပူေဇာ္ခံအျဖစ္ထားရိွ‌သၫ့္
လူသားမ်ိဳးႏြယ္စုမ်ားကို
တစ္စထက္တစ္စပိုမိုမုန္းတီးမိလာေသာ
ေရနတ္ဧကရာဇ္။

ဘာေၾကာင့္ရယ္ဆိုတာ
တိတိက်က်မရိွပါပဲ အပူေဇာ္ခံဘဝမွ
‌မေမ့ေလ်ာ့ခံနတ္ဧကရာဇ္တစ္ပါးအျဖစ္
‌ေရာက္ရိွသြားရသည္မွာ ရွက္ရြံ႔ဖြယ္ေကာင္းလွ၏။
ထို႔ျပင္ သူ႔အုပ္ခ်ဳပ္မႈေအာက္မွာရိွေနေသာ
‌‌ေျမာက္အရပ္ရိွ ၾကယ္တာရာအစုအေဝးကို
‌ေစာင့္ေရွာက္သၫ့္
လိပ္ေႁမြနတ္သားရဲမွာ
သူ႔ထက္ ရွင္းကိုပိုမိုရိုက်ိဳးသည္ျဖစ္ရာ၊
အရာရာ၌ ရႈံးနိမ့္ေနရသၫ့္ႏွယ္။

ေကာင္းကင္ဘံုရဲ့ေတာင္ဘက္ၾကယ္အစုအေဝးအား
ကိုယ္စားျပဳသၫ့္ ဇာမဏီငွက္နီ(မီးငွက္)ကို
စီးႏွင္ကာ သံုးေလာကတစ္ခြင္၊‌
လွၫ့္ပတ္ၾကၫ့္ရႈတတ္သၫ့္ ရွင္းကို
သူဘယ္ေနရာမွာလိုက္မမွီတာရိွလို႔ပါလိမ့္။

အနီေရာင္ပိုးသားဝတ္ရံုဝတ္ဆင္ကာ အဖိုးတန္သၫ့္
အဆင္တန္ဆာေတြဆင္ယင္ထားတတ္သၫ့္
ရွင္းရဲ့အသြင္က နတ္ဧကရာဇ္အားလံုးထဲတြင္
ထူးျခားစြာလွပတင့္တယ္လို႔ေနခဲ့သည္။
ကမ႓ာဦးေကာင္းကင္ဧကရာဇ္ႏွင့္လည္း
ရင္းႏွီးကြၽမ္းဝင္သလို၊ လူ႔ေလာကရဲ့အရွင္သခင္အျဖစ္ေရာက္ရိွေနသၫ့္
ႏြီဝါးနတ္ဘုရားမႏွင့္ဖုရွီးတို႔ထံသို႔လည္း
မၾကာခဏသြားေရာက္လည္ပတ္ကာ
အကူအညီတခ်ိဳ႕ေပးတတ္သည္ျဖစ္ရာ၊
ေကာင္းကင္ဘံုသာမကေျမျပင္၏
ေထာက္ပံ့မႈကိုရရိွထားသူတစ္ဦးျဖစ္၏။

သို႔ေပမယ့္ သူက်ေတာ့ေရာ။။။။။
ေရနတ္ဧကရာဇ္ကို သာမန္မ်ွပင္ဆက္ဆံတတ္သၫ့္
ေလာက၌သူဘယ္သူ ့ကို
ရင္ဖြင့္စကားဆိုရပါ့မလဲ။

ထိုသို႔ေသာ ခံစားမႈမ်ိဳးက
တစ္ဖက္သားကို တေျမ့ေျမ့ႏွင့္
ေလာင္ကြၽမ္းျပာက်သြားေအာင္
အႏုနည္းႏွင့္ သတ္ျဖတ္ေနသလို
ျဖစ္ေနသည္ကိုေပါ့။။။။။။။

ေဒါသ၊ အမုန္းတရား ႏွင့္ ရွက္ရြံ႔မႈတို႔
ေပါင္းစပ္လာေသာအခါ အရာရာဟာ
လက္တံု႔ျပန္မႈတစ္ခုအသြင္သို႔
တစ္စထက္တစ္စကူးေျပာင္းလို႔လာေစခဲ့တာ
ဘယ္သူကမ်ား နားလည္ေပးႏိုင္ပါ့မလဲ။

သို႔ျဖစ္၍ အမုန္းတရားတို႔
ထိန္းခ်ဳပ္မရႏိုင္ေအာင္ျဖစ္လာရသၫ့္တစ္ေန့မွာ
လူ႔ေလာကကိုေရလႊမ္းမိုးျခင္းဟူသၫ့္
အႏၲရာယ္ဦးစြာသယ္ေဆာင္ေပးခဲ့သည္။
သူ႔ကိုပူေဇာ္ပသဖို႔ေမ့ေလ်ာ့ေနသူမ်ားကို
အျပစ္ေပးတာက မွန္သည္၊မွားသည္ဟု
သူမေတြးေတာ့ဘဲ စိတ္ထင္ရာျပဳမူခဲ့၏။

ရလဒ္အေနႏွင့္ ‌ကမ႓ာေျမတစ္ခုလံုး
ေရ၏အဖ်က္စြမ္းအင္‌ေၾကာင့္
ၿပိဳကြဲပ်က္စီးသြားရေတာ့သည္။

သို႔ေပမယ့္ သူရဲေကာင္းသည္ အႏၲရာယ္တြင္းမွာ
‌‌ေပၚလာတတ္စၿမဲျဖစ္သၫ့္အေလ်ာက္
ရွင္းမွာ စံျမန္းေနရာဟြာစန္းေတာင္ထိပ္မွ
ဇာမဏီငွက္နီႀကီးကိုစီးၿပီး
လူ႔ျပည္သို႔ဆင္းလာခဲ့သည္။

နတ္လက္နက္ရတနာသံုးပါးလံုးကို
အဆင္တန္ဆာေတြအျဖစ္ဝတ္ဆင္ထားၿပီး
ေရႊခ်ည္မ်ွင္ေတြရစ္ဖြဲ႔ထားသၫ့္
အနီေရာင္ဝတ္ရံုကခါတိုင္းလို ရွည္လ်ားေနသည္မဟုတ္ပဲ
‌ေျခမ်က္စိအေပၚတြင္‌ရိွေနကာ
အနက္ေရာင္ဘြတ္ဖိနပ္ရွည္ကို
ေပၚလြင္ေနေစသည္။

ဆံႏြယ္ရွည္ေတြကို ေရႊဆံၫွပ္အားအသံုးျပဳျပီး
တင္းက်ပ္စြာစည္းေနွာင္ထားျခင္းမျပဳပဲ
တစ္ဝက္ခန႔္သာယူၿပီး ရွင္းရာႏွင့္
ကပိုကယိုစည္းေနွာင္ထား၏။
ထို႔ျပင္ ခ်ထားသၫ့္ ဆံပင္တခ်ိဳ႕ကို
က်စ္ဆံၿမီးအေသးေလးမ်ားက်စ္ထားသည္ျဖစ္ရာ
ယခင္တုန္းကႏွင့္မတူပဲ ႏုနယ္ပ်ိဳျမစ္ကာ
ဆြဲေဆာင္မႈရိွေနခဲ့သည္ေလ။

ထိုသို႔ေသာအသြင္မ်ိဳးႏွင့္ ရွင္းက
အရာရာကိုဖ်က္ဆီးပစ္ေနသၫ့္
ေရလိႈင္းလံုးႀကီးမ်ားကို
တစ္ခ်က္မ်ွၾကၫ့္ၿပီး
လက္ႏွစ္‌ဖက္ကိုအေရ႔ွဘက္သို႔ဆြဲယူၿပီး
ငွက္ေတာင္ပံဖ်ားေလးမ်ားႏွယ္
ယိမ္းႏြဲ႔ေစ၏။
ထို႔ေနာက္မွာေတာ့ မာေက်ာသၫ့္အသြင္ျပန္ယူၿပီး
လက္ႏွစ္ဖက္ကိုကြဲကြာေစလိုက္သည္။

မ်က္ေတာင္တစ္ဖ်က္မ်ွပင္
ၾကာမၫ့္အခ်ိန္တစ္ခဏ၌
ရွင္းရဲ့လက္ေပၚမွ လက္စြပ္ေလးဆယ္ကြင္းမွာ
ေပ်ာက္ခ်င္းမလွေပ်ာက္ဆံုးသြားခဲ့ၿပီး
‌ေရႊႀကိဳးတပ္ေစာင္းတစ္လက္သို႔
ေျပာင္းလဲသြားခဲ့၏။
ထိုေစာင္းမွာ လန္ယာမွလြဲတျခားမရိွႏိုင္။

ရွင္းမွာ ဇာမဏီငွက္နီႀကီးေပၚမွာရပ္ေနရင္းႏွင့္ပင္
သူ႔အေရ႔ွတြင္ေပၚလာသၫ့္ လန္ယာကို
ျဖည္းညင္းစြာစတင္တီးခတ္ခဲ့သည္။

ေစာင္းသံမွာအစပိုင္းတြင္ ေက်းငွက္ေလးေတြ
သီက်ူးေနသံႏွင့္တူေနၿပီး
တစ္ျဖည္းျဖည္းႏွင့္ စမ္းေခ်ာင္းၾထမွေရေတြ
ေအးခဲသြားသၫ့္ႏွယ္ ခက္ထန္လို႔လာခဲ့သည္။
ရွင္းမွာ အသက္ဝိဉာဉ္စြမ္းအားကို
အသံုးျပဳျပီး ေစာင္းကိုတီးခတ္ေနျခင္းသာ။

ထိုသံစဉ္သည္ လွပေပမယ့္ဝမ္းနည္းဖြယ္ရာ
ပံုျပင္တစ္ပုဒ္ကို ငိုေႂကြးသံမ်ားေရာေနွာ၍
ျပန္ေျပာင္းေျပာျပေနသေယာင္ရိွ၏။
သို႔ျဖစ္၍ နားေထာင္သူအေပါင္းမွာ
စိတ္ႏွလံုးမတည္မၿငိမ္ျဖစ္လာရ‌ေတာ့သည္။

မည္မ်ွ လြမ္းေမာဖြယ္ေကာင္းေနသည္ဆိုလ်င္
ေရနတ္ဧကရာဇ္ဖန္တီးထားသၫ့္
အဖ်က္စြမ္းအားေရဝိဉာဉ္ေတြပင္
ငိုေႂကြးျမည္တမ္းၾကကုန္၏။

ရွင္းသည္ ႏႈတ္ခမ္းစြန္းေတြတြန႔္ေကြးေနေအာင္
ၿပံဳးရင္း လန္ယာကိုဆက္လက္တီးခတ္ေနခဲ့သည္။
ေရတံခြန္ေပၚမွာ‌အရိွန္အဟုန္ျဖင့္စီးဆင္းလာသၫ့္
ေရေတြလို ၊ လင္ပန္းေပၚျပဳတ္က်လာသၫ့္
ပုလဲလံုးေလးေတြလို ၊ ကူး‌လူးေနသၫ့္ေစာင္းသံသည္
တစ္ခါတစ္ရံေသးငယ္စူးရွၿပီး
တစ္ခါတစ္ရံမွာေတာ့ မိုးသည္းညမွာ
တစ္ကိုယ္တည္းအေဖာ္မဲ့စြာ
မိုးေရထဲရပ္ေနရသၫ့္ႏွယ္
ခံရခက္စဖြယ္အတိႏွင့္။

သို႔ျဖစ္၍ ကမ႓ာေျမကိုလႊမ္းမိုးပစ္ဖို႔
ႀကိဳးစားေနၾကသၫ့္ လိႈင္းလံုးႀကီးမ်ားမွာ
ပင္လယ္ေအာ္သံႀကီးမ်ားကိုအစခ်ီကာ
ေစာင္းသံကိုရပ္တန႔္ေပးပါရန္
ရွင္းအား ေတာင္းပန္ၾကကုန္၏။

ထိုအေျခအေနကိုေစာင့္ေမ်ွာ္ေနသၫ့္ရွင္းမွာ
လန္ယာကိုအသြင္ျပန္ေျပာင္းလိုက္ၿပီး
နားဆြဲအျဖစ္ရိွေနသၫ့္ ေက်ာက္ဟြာေလးကို
သူ႔လက္ထဲေရာက္လာေအာင္ဆင့္ေခၚလိုက္ေတာ့သည္။

ေလတိုးသံၾကား၌ လက္မွတြဲေလာင္းက်ေနသၫ့္
လန္ယာရဲ့ေရႊႀကိဳးေလးေတြဆီမွေစာင္းသံသဲ့သဲ့သည္
ျငင္သာႏူးညံ့လ်က္ရိွေနေသးသည္။
သို႔ေပမယ့္ ထိုေရႊႀကိဳးေလးေတြရိွေနရာ
လက္လွလွေလး၏ အျပဳအမူကေတာ့
ရက္စက္သၫ့္အသြင္ေဆာင္၏။

မီးစြမ္းအင္ေၾကာင့္
အလိုအေလ်ာက္ျဖစ္ေပၚလာသၫ့္
ေရႊေရာင္ျမားငါးေခ်ာင္းမွာ
ေက်ာက္ဟြာေပၚတြင္ ၿငိမ္သက္စြာရိွေန၏။

ရုတ္တရက္ဆိုသလို ေလးညို႔ကိုတင္းက်ပ္စြာ
ဆြဲထားသၫ့္ရွင္းရဲ့လက္ေတြသည္
လႈပ္ရွားလို႔သြားခဲ့သည္။
မလႊတ္ခ်င္ေလာက္ေအာင္ဆုပ္ကိုင္ထားသၫ့္
လက္တစ္စံုကို စိတ္ပ်က္စြာလႊတ္လိုက္သၫ့္အလား။
အားမာန္အျပၫ့္ႏွင့္ ရက္စက္မႈအသြင္ေဆာင္၏။

ထိုရက္စက္မႈ၏ရလဒ္အေနနွင့္
ငါးစင္းေသာျမားတို႔သည္ လိႈင္းလံုးႀကီးမ်ားအျဖစ္
ရိွေနသၫ့္ေရဝိဉာဉ္မ်ား၏ နဖူးတၫ့္တၫ့္ကို
‌အလင္း၏အလ်ဉ္နွင့္ျဖတ္သန္းသြားခဲ့၏။

က်ယ္ေလာင္လွေသာ လိႈင္းေအာ္သံမ်ားႏွင့္အတူ
ထိုေရဝိဉာဉ္မ်ားရိွရာေနရာ၌
ေရေတြခမ္းေျခာက္လို႔သြား၏။
သို႔ေသာ္ ဝမ္းေျမာက္၍မျဖစ္နိုင္ေသး။
အျခားအျခားေသာ ေရဝိဉာဉ္ေတြလည္း
က်န္ရိွေနေသးသည္ျဖစ္ရာ
ေက်ာက္ဟြာကို အသံုးျပဳျပီး
ထပ္မံတိုက္ခိုက္ရျပန္သည္။

ေက်ာက္ဟြာရဲ့ေလးႀကိဳးေပၚမွ
‌ျမားတံမ်ားသည္ အပင္ေပၚမွေႂကြက်လာသၫ့္
မက္မြန္ပြင့္ဖက္မ်ားႏွယ္၊ တျဖဳတ္ျဖဳတ္ႏွင့္
က်ဆင္းလာေန၏။
ထိုသို႔ က်ဆင္းလာသည္ႏွင့္အမ်ွ
ေရဝိဉာဉ္မ်ားမွာ ေသဆံုးျခင္းႏွင့္ဆုတ္ခြာျခင္းဟူေသာ
နယ္နိမိတ္စည္းကိုျဖတ္သန္းလို႔သြားကုန္၏။

အဆံုးသတ္မွာေတာ့ ကမ႓ာေျမတစ္ခုလံုးတြင္
လိႈင္းတစ္စ၊ေရတစ္ေပါက္မ်ွပင္မက်န္ရစ္ပဲ
ေပ်ာက္ကြယ္သြားခဲ့သည္။
သို႔ရာတြင္ ေရလိႈင္းဒဏ္ေၾကာင့္
ပ်က္စီးသြားရသၫ့္ ေကာက္ပဲသီးႏွံပင္မ်ား၊
အိမ္ရာမ်ားအျပင္ ေသဆံုးသြားသူမ်ားပါ
ရိွေနခဲ့သည္မို႔ ထိုအထိကရုဏ္းတြင္
ရွင္းအႏိုင္ရသည္ဟု အေသအခ်ာမဆိုႏိုင္ခဲ့ေပ။

ထို႔ျပင္ ရွင္းရဲ့အႀကီးမားဆံုးရႈံးနိမ့္မႈတစ္ခုမွာ
မၾကာေတာ့မၫ့္အခ်ိန္တြင္ ေရာက္လာခဲ့မည္ျဖစ္သၫ့္အတြက္
ထိုတိုက္ပြဲတြင္ ရွင္းရႈံးနိမ့္သြားသည္ဟုပင္
မွတ္ယူရမလိုျဖစ္ခဲ့ျခင္းျဖစ္သည္။



Unicode:

"ရှင်း......သတိထားပါဦး......"

"ငါတို့ကို နှုတ်မဆက်ပဲထွက်သွားဖို့
ခွင့်မပြုထားဘူးလေ......
ထစမ်းပါကွာ...."

"ရှစ်ဇွင်း......
ကျွန်တော်လေ ....ဟွားရန်!
ရှစ်ဇွင်း အိပ်နေတာအရမ်းကြာနေပြီ...
သနပ်ခါးပန်းရေနွေးကြမ်းတွေတောင် အေးနေပြီဗျ
ထပါတော့နော်"

မတူညီတဲ့အသံသုံးမျိုး၊ တစ်ထပ်တည်းမကျတဲ့
စကားသုံးမျိုး။

ကွဲပြားတဲ့လူသုံးယောက်ဆီကလာတဲ့
ထိုစကားတွေက အတို၊အရှည်။
အသံအနိမ့်၊အမြင့်။
အဖြတ်အတောက်၊ သံရှည်ဆွဲခြင်း။
မတူညီလှပေမယ့် တူညီတဲ့အဓိပ္ပာယ်တစ်မျိုးကိုတော့
ဖော်‌ေ‌ဆာင်နေခဲ့ပါသည်။

မေတ္တာတရား။။။။။

အရောင်ခြယ်သထားခြင်းမရှိတဲ့
ဝါဂွမ်းပန်းလှလှလေးတွေကို
အဖြူရောင်တိမ်စိုင်တွေပျံဝဲနေတဲ့အရပ်မှာ
အနီးကပ်ကြည့်ရှုခွင့်ရသလို
နွေးထွေးမှုနဲ့လုံခြုံမှုကိုတစ်ပြိုင်နက်တည်း
ပေးစွမ်းနိုင်တဲ့ မေတ္တာတရား။

ဒီကမ္ဘာပေါ်မှာ ရှင်းပိုင်ဆိုင်ခွင့်ရှိသည့်
တစ်ခုတည်းသော မေတ္တာတရားက
ထိုလူသုံးယောက်ဆီမှလာသတဲ့။
သူတို့ထက် ကမ္ဘာလောကကြီးထဲမှာ
အနေကြာသည့် ကမ္ဘာဦးနတ်ဘုရားကြီး
ဟော်လင်သခင်ကို ညီငယ်လေးအဖြစ်ကြင်နာပေးခဲ့သည့်
နတ်ဘုရားသုံးပါး။

နတ်ဆိုးဘုရင်ငယ်ကိုးပါးမှလွဲ၍
သုံးလောကမှာ ထိုက်ယန်နဲ့ဟုန်လင်ကျင်းအကြောင်း
မေ့လျော့ခြင်းမရှိ‌သေးသည့် သုံးဦးတည်းသောနတ်ဘုရားများ။

ဟုန်လင်ကျင်းကိုဖြစ်စေ၊ ရှင်းကိုဖြစ်စေ
အမြဲတစေသစ္စာရှိနေမယ့်သူတွေသာ
မှတ်မိနေမည့်အနှီမှတ်ဉာဏ်တွေ၊
သူတို့စိတ်ထဲမှာရှိနေကတည်းက
ထိုနတ်ဘုရားသုံးပါးရဲ့စိတ်ထဲမှာ
ရှင်းအတွက်မည်မျှကြီးမားသည့်
သံယောဇဉ်ကြိုးတွေရစ်ဖွဲ့ပေးထားသလဲဆိုတာ
မြင်သာလှပါ၏။

သူတို့မှာတော့ အခြားသူများမဟုတ်။
ဟွားရန်၊ဖန့်ယွင်နှင့် ရှဲ့ယန်သာဖြစ်သည်။

ရှင်းကိုလေးစားကြသလို၊
နေနတ်ဘုရား ထိုက်ယန်ကို
သားတစ်ယောက်လို၊ ညီတစ်ယောက်လို။
ပြုစုပျိုးထောင်ခဲ့သူများဖြစ်သည့်အလျောက်
ရှင်းကိုထိုက်ယန်အဖြစ်သိခွင့်ရခဲ့သည့်
အချိန်မှစ၍ ရှင်းကိုညီငယ်လေးလိုသာ
အရိပ်တကြည့်ကြည့်နေလာခဲ့သူများဖြစ်သည်။

အဆင့်မြင့်နတ်ဘုရားများဖြစ်သည့်အပြင်
ပူဇော်ပသသူပေါများလှသည့်
သူတို့ဘဝမှာ စိုးရိမ်ကြောင့်ကြမှုဆိုတာ
ညီငယ်လေးကြောင့်သာ ပေါ်လာခဲ့ရတာပင်။

သို့ပေမယ့် ထိုညီငယ်လေးကို
သူတို့ဘယ်တော့မှမစွန့်ပစ်ရက်နိုင်သလို၊
ရှင်းသဘောမကျသည့်ကြားမှ
မုသမ်းပန်းလေးပေါ်မှာနားနေသည့်
လိပ်ပြာလေးလိုဂရုစိုက်ခဲ့ကြသေးသည်။

သူတို့ရဲ့ အားသာချက်က
ရှင်းကိုပျော်ရွှင်အောင်လုပ်ပေးနိုင်ခြင်းဆိုရင်၊
သူတို့ရဲ့အားနည်းချက်က
ရှင်းနာကျင်နေချိန်မှာ အကူအညီမပေးနိုင်ပဲ
ဘေးမှာရပ်ကြည့်နေရခြင်းသာ။။။။။။

ထို့ကြောင့် ရှင်းကိုဒဏ်ရာမရအောင်
အမြဲတမ်းစောင့်ရှောက်ပေးကြခြင်းဖြင့်သာ
သူတို့၏အားနည်းမှုကို ဖုံးကွယ်စေခဲ့၏။

သို့သော်လည်း တန်ဖိုးထားရသည့်အရာများသည်
ဂရုစိုက်နေသည့်ကြားမှ ဖန်ပန်းအိုးလေးတစ်ခုလို
‌ကွဲကြေသွားတတ်ကြသည်မဟုတ်ပါလား။
ကျင်းကို သင်ကြားပို့ချပေးနေတဲ့အချိန်တိုင်း
ရှဲ့ယန်ကတစ်လှည့်၊ ဖန့်ယွင်ကတစ်ဖန်၊
စောင့်ကြည့်နေရင်း၊ အန္တရာယ်အငွေ့အသက်ကို
ကင်းစောင့်ပေးခဲ့ကြ‌ပေမယ့်
ဒီနေ့တော့ မက်မွန်သီးပွဲတော်ရှိနေ၍
ပျက်ကွက်ခဲ့မိသည်။

ထိုသို့သော ပျက်ကွက်မှုမှာ
သာမန်နတ်များအတွက်မပြောပလောက်ပေမယ့်
ရှင်းအတွက်တော့ ဝိဉာဉ်ပြိုကွဲမည့်
အဖြစ်ထက်ပင်ဆိုးဝါးခဲ့ရသည်လေ။

ရေဓာတ်။။။။။။

ကမ္ဘာဦးအစမှာ ဖြစ်ပွားခဲ့တဲ့အထိကရုဏ်းကစ၍
ရှင်းကိုအန္တရာယ်ဖြစ်စေခဲ့သည့် ရေဓာတ်။
မီးနတ်ဧကရာဇ်ဖြစ်သည့်ရှင်းကိုသာ
ပူဇော်ပသခဲ့ပြီး၊ ခေတ်ပြိုင်စွမ်းအားကြီးခဲ့သည့်
ရေနတ်ဧကရာဇ်ကို မေ့လျော့ခဲ့ကြသည့်
အမှားအယွင်းတစ်ခု။

ထိုပူ‌ဇော်ရန်‌မေ့လျော့မှုတစ်ခုသည်
စွမ်းအားကြီးများသည့် ရေနတ်ဧကရာဇ်၏
ကုံလုံပြည့်စုံမှုကိုယုတ်လျော့မသွားစေတဲ့အပြင်၊
စွမ်းအင်တိုးပွားမှုကိုလည်း အနှောက်အယှက်
မဖြစ်စေနိုင်ခဲ့ပါ။

သို့ပေမယ့် တကယ်တမ်း
အနှောက်အယှက်ဖြစ်စေခဲ့သည်က
စိတ်အားငယ်မှုနှင့်ဒေါသသာ။
စွမ်းရည်တူသည့်ဧကရာဇ်နှစ်ပါးဖြစ်ပါရက်။
ဖုရှီးနှင့်နွီဝါးတို့နှင့် ဆက်ဆံရေးကောင်းမွန်သော
မီးဧကရာဇ်ကိုသာ အပူဇော်ခံအဖြစ်ထားရှိ‌သည့်
လူသားမျိုးနွယ်စုများကို
တစ်စထက်တစ်စပိုမိုမုန်းတီးမိလာသော
ရေနတ်ဧကရာဇ်။

ဘာကြောင့်ရယ်ဆိုတာ
တိတိကျကျမရှိပါပဲ အပူဇော်ခံဘဝမှ
‌မမေ့လျော့ခံနတ်ဧကရာဇ်တစ်ပါးအဖြစ်
‌ရောက်ရှိသွားရသည်မှာ ရှက်ရွံ့ဖွယ်ကောင်းလှ၏။
ထို့ပြင် သူ့အုပ်ချုပ်မှုအောက်မှာရှိနေသော
‌‌မြောက်အရပ်ရှိ ကြယ်တာရာအစုအဝေးကို
‌စောင့်ရှောက်သည့်
လိပ်မြွေနတ်သားရဲမှာ
သူ့ထက် ရှင်းကိုပိုမိုရိုကျိုးသည်ဖြစ်ရာ၊
အရာရာ၌ ရှုံးနိမ့်နေရသည့်နှယ်။

ကောင်းကင်ဘုံရဲ့တောင်ဘက်ကြယ်အစုအဝေးအား
ကိုယ်စားပြုသည့် ဇာမဏီငှက်နီ(မီးငှက်)ကို
စီးနှင်ကာ သုံးလောကတစ်ခွင်၊‌
လှည့်ပတ်ကြည့်ရှုတတ်သည့် ရှင်းကို
သူဘယ်နေရာမှာလိုက်မမှီတာရှိလို့ပါလိမ့်။

အနီရောင်ပိုးသားဝတ်ရုံဝတ်ဆင်ကာ အဖိုးတန်သည့်
အဆင်တန်ဆာတွေဆင်ယင်ထားတတ်သည့်
ရှင်းရဲ့အသွင်က နတ်ဧကရာဇ်အားလုံးထဲတွင်
ထူးခြားစွာလှပတင့်တယ်လို့နေခဲ့သည်။
ကမ္ဘာဦးကောင်းကင်ဧကရာဇ်နှင့်လည်း
ရင်းနှီးကျွမ်းဝင်သလို၊ လူ့လောကရဲ့အရှင်သခင်အဖြစ်ရောက်ရှိနေသည့်
နွီဝါးနတ်ဘုရားမနှင့်ဖုရှီးတို့ထံသို့လည်း
မကြာခဏသွားရောက်လည်ပတ်ကာ
အကူအညီတချို့ပေးတတ်သည်ဖြစ်ရာ၊
ကောင်းကင်ဘုံသာမကမြေပြင်၏
ထောက်ပံ့မှုကိုရရှိထားသူတစ်ဦးဖြစ်၏။

သို့ပေမယ့် သူကျတော့ရော။။။။။
ရေနတ်ဧကရာဇ်ကို သာမန်မျှပင်ဆက်ဆံတတ်သည့်
လောက၌သူဘယ်သူ့ကို
ရင်ဖွင့်စကားဆိုရပါ့မလဲ။

ထိုသို့သော ခံစားမှုမျိုးက
တစ်ဖက်သားကို တမြေ့မြေ့နှင့်
လောင်ကျွမ်းပြာကျသွားအောင်
အနုနည်းနှင့် သတ်ဖြတ်နေသလို
ဖြစ်နေသည်ကိုပေါ့။။။။။။။

ဒေါသ၊ အမုန်းတရား နှင့် ရှက်ရွံ့မှုတို့
ပေါင်းစပ်လာသောအခါ အရာရာဟာ
လက်တုံ့ပြန်မှုတစ်ခုအသွင်သို့
တစ်စထက်တစ်စကူးပြောင်းလို့လာစေခဲ့တာ
ဘယ်သူကများ နားလည်ပေးနိုင်ပါ့မလဲ။

သို့ဖြစ်၍ အမုန်းတရားတို့
ထိန်းချုပ်မရနိုင်အောင်ဖြစ်လာရသည့်တစ်နေ့မှာ
လူ့လောကကိုရေလွှမ်းမိုးခြင်းဟူသည့်
အန္တရာယ်ဦးစွာသယ်ဆောင်ပေးခဲ့သည်။
သူ့ကိုပူဇော်ပသဖို့မေ့လျော့နေသူများကို
အပြစ်ပေးတာက မှန်သည်၊မှားသည်ဟု
သူမတွေးတော့ဘဲ စိတ်ထင်ရာပြုမူခဲ့၏။

ရလဒ်အနေနှင့် ‌ကမ္ဘာမြေတစ်ခုလုံး
ရေ၏အဖျက်စွမ်းအင်‌ကြောင့်
ပြိုကွဲပျက်စီးသွားရတော့သည်။

သို့ပေမယ့် သူရဲကောင်းသည် အန္တရာယ်တွင်းမှာ
‌‌ပေါ်လာတတ်စမြဲဖြစ်သည့်အလျောက်
ရှင်းမှာ စံမြန်းနေရာဟွာစန်းတောင်ထိပ်မှ
ဇာမဏီငှက်နီကြီးကိုစီးပြီး
လူ့ပြည်သို့ဆင်းလာခဲ့သည်။

နတ်လက်နက်ရတနာသုံးပါးလုံးကို
အဆင်တန်ဆာတွေအဖြစ်ဝတ်ဆင်ထားပြီး
ရွှေချည်မျှင်တွေရစ်ဖွဲ့ထားသည့်
အနီရောင်ဝတ်ရုံကခါတိုင်းလို ရှည်လျားနေသည်မဟုတ်ပဲ
‌ခြေမျက်စိအပေါ်တွင်‌ရှိနေကာ
အနက်ရောင်ဘွတ်ဖိနပ်ရှည်ကို
ပေါ်လွင်နေစေသည်။

ဆံနွယ်ရှည်တွေကို ရွှေဆံညှပ်အားအသုံးပြုပြီး
တင်းကျပ်စွာစည်းနှောင်ထားခြင်းမပြုပဲ
တစ်ဝက်ခန့်သာယူပြီး ရှင်းရာနှင့်
ကပိုကယိုစည်းနှောင်ထား၏။
ထို့ပြင် ချထားသည့် ဆံပင်တချို့ကို
ကျစ်ဆံမြီးအသေးလေးများကျစ်ထားသည်ဖြစ်ရာ
ယခင်တုန်းကနှင့်မတူပဲ နုနယ်ပျိုမြစ်ကာ
ဆွဲဆောင်မှုရှိနေခဲ့သည်လေ။

ထိုသို့သောအသွင်မျိုးနှင့် ရှင်းက
အရာရာကိုဖျက်ဆီးပစ်နေသည့်
ရေလှိုင်းလုံးကြီးများကို
တစ်ချက်မျှကြည့်ပြီး
လက်နှစ်‌ဖက်ကိုအရှေ့ဘက်သို့ဆွဲယူပြီး
ငှက်တောင်ပံဖျားလေးများနှယ်
ယိမ်းနွဲ့စေ၏။
ထို့နောက်မှာတော့ မာကျောသည့်အသွင်ပြန်ယူပြီး
လက်နှစ်ဖက်ကိုကွဲကွာစေလိုက်သည်။

မျက်တောင်တစ်ဖျက်မျှပင်
ကြာမည့်အချိန်တစ်ခဏ၌
ရှင်းရဲ့လက်ပေါ်မှ လက်စွပ်လေးဆယ်ကွင်းမှာ
ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့ပြီး
‌ရွှေကြိုးတပ်စောင်းတစ်လက်သို့
ပြောင်းလဲသွားခဲ့၏။
ထိုစောင်းမှာ လန်ယာမှလွဲတခြားမရှိနိုင်။

ရှင်းမှာ ဇာမဏီငှက်နီကြီးပေါ်မှာရပ်နေရင်းနှင့်ပင်
သူ့အရှေ့တွင်ပေါ်လာသည့် လန်ယာကို
ဖြည်းညင်းစွာစတင်တီးခတ်ခဲ့သည်။

စောင်းသံမှာအစပိုင်းတွင် ကျေးငှက်လေးတွေ
သီကျူးနေသံနှင့်တူနေပြီး
တစ်ဖြည်းဖြည်းနှင့် စမ်းချောင်းထြမှရေတွေ
အေးခဲသွားသည့်နှယ် ခက်ထန်လို့လာခဲ့သည်။
ရှင်းမှာ အသက်ဝိဉာဉ်စွမ်းအားကို
အသုံးပြုပြီး စောင်းကိုတီးခတ်နေခြင်းသာ။

ထိုသံစဉ်သည် လှပပေမယ့်ဝမ်းနည်းဖွယ်ရာ
ပုံပြင်တစ်ပုဒ်ကို ငိုကြွေးသံများရောနှော၍
ပြန်ပြောင်းပြောပြနေသယောင်ရှိ၏။
သို့ဖြစ်၍ နားထောင်သူအပေါင်းမှာ
စိတ်နှလုံးမတည်မငြိမ်ဖြစ်လာရ‌တော့သည်။

မည်မျှ လွမ်းမောဖွယ်ကောင်းနေသည်ဆိုလျင်
ရေနတ်ဧကရာဇ်ဖန်တီးထားသည့်
အဖျက်စွမ်းအားရေဝိဉာဉ်တွေပင်
ငိုကြွေးမြည်တမ်းကြကုန်၏။

ရှင်းသည် နှုတ်ခမ်းစွန်းတွေတွန့်ကွေးနေအောင်
ပြုံးရင်း လန်ယာကိုဆက်လက်တီးခတ်နေခဲ့သည်။
ရေတံခွန်ပေါ်မှာ‌အရှိန်အဟုန်ဖြင့်စီးဆင်းလာသည့်
ရေတွေလို ၊ လင်ပန်းပေါ်ပြုတ်ကျလာသည့်
ပုလဲလုံးလေးတွေလို ၊ ကူး‌လူးနေသည့်စောင်းသံသည်
တစ်ခါတစ်ရံသေးငယ်စူးရှပြီး
တစ်ခါတစ်ရံမှာတော့ မိုးသည်းညမှာ
တစ်ကိုယ်တည်းအဖော်မဲ့စွာ
မိုးရေထဲရပ်နေရသည့်နှယ်
ခံရခက်စဖွယ်အတိနှင့်။

သို့ဖြစ်၍ ကမ္ဘာမြေကိုလွှမ်းမိုးပစ်ဖို့
ကြိုးစားနေကြသည့် လှိုင်းလုံးကြီးများမှာ
ပင်လယ်အော်သံကြီးများကိုအစချီကာ
စောင်းသံကိုရပ်တန့်ပေးပါရန်
ရှင်းအား တောင်းပန်ကြကုန်၏။

ထိုအခြေအနေကိုစောင့်မျှော်နေသည့်ရှင်းမှာ
လန်ယာကိုအသွင်ပြန်ပြောင်းလိုက်ပြီး
နားဆွဲအဖြစ်ရှိနေသည့် ကျောက်ဟွာလေးကို
သူ့လက်ထဲရောက်လာအောင်ဆင့်ခေါ်လိုက်တော့သည်။

လေတိုးသံကြား၌ လက်မှတွဲလောင်းကျနေသည့်
လန်ယာရဲ့ရွှေကြိုးလေးတွေဆီမှစောင်းသံသဲ့သဲ့သည်
ငြင်သာနူးညံ့လျက်ရှိနေသေးသည်။
သို့ပေမယ့် ထိုရွှေကြိုးလေးတွေရှိနေရာ
လက်လှလှလေး၏ အပြုအမူကတော့
ရက်စက်သည့်အသွင်ဆောင်၏။

မီးစွမ်းအင်ကြောင့်
အလိုအလျောက်ဖြစ်ပေါ်လာသည့်
ရွှေရောင်မြားငါးချောင်းမှာ
ကျောက်ဟွာပေါ်တွင် ငြိမ်သက်စွာရှိနေ၏။

ရုတ်တရက်ဆိုသလို လေးညို့ကိုတင်းကျပ်စွာ
ဆွဲထားသည့်ရှင်းရဲ့လက်တွေသည်
လှုပ်ရှားလို့သွားခဲ့သည်။
မလွှတ်ချင်လောက်အောင်ဆုပ်ကိုင်ထားသည့်
လက်တစ်စုံကို စိတ်ပျက်စွာလွှတ်လိုက်သည့်အလား။
အားမာန်အပြည့်နှင့် ရက်စက်မှုအသွင်ဆောင်၏။

ထိုရက်စက်မှု၏ရလဒ်အနေနှင့်
ငါးစင်းသောမြားတို့သည် လှိုင်းလုံးကြီးများအဖြစ်
ရှိနေသည့်ရေဝိဉာဉ်များ၏ နဖူးတည့်တည့်ကို
‌အလင်း၏အလျဉ်နှင့်ဖြတ်သန်းသွားခဲ့၏။

ကျယ်လောင်လှသော လှိုင်းအော်သံများနှင့်အတူ
ထိုရေဝိဉာဉ်များရှိရာနေရာ၌
ရေတွေခမ်းခြောက်လို့သွား၏။
သို့သော် ဝမ်းမြောက်၍မဖြစ်နိုင်သေး။
အခြားအခြားသော ရေဝိဉာဉ်တွေလည်း
ကျန်ရှိနေသေးသည်ဖြစ်ရာ
ကျောက်ဟွာကို အသုံးပြုပြီး
ထပ်မံတိုက်ခိုက်ရပြန်သည်။

ကျောက်ဟွာရဲ့လေးကြိုးပေါ်မှ
‌မြားတံများသည် အပင်ပေါ်မှကြွေကျလာသည့်
မက်မွန်ပွင့်ဖက်များနှယ်၊ တဖြုတ်ဖြုတ်နှင့်
ကျဆင်းလာနေ၏။
ထိုသို့ ကျဆင်းလာသည်နှင့်အမျှ
ရေဝိဉာဉ်များမှာ သေဆုံးခြင်းနှင့်ဆုတ်ခွာခြင်းဟူသော
နယ်နိမိတ်စည်းကိုဖြတ်သန်းလို့သွားကုန်၏။

အဆုံးသတ်မှာတော့ ကမ္ဘာမြေတစ်ခုလုံးတွင်
လှိုင်းတစ်စ၊ရေတစ်ပေါက်မျှပင်မကျန်ရစ်ပဲ
ပျောက်ကွယ်သွားခဲ့သည်။
သို့ရာတွင် ရေလှိုင်းဒဏ်ကြောင့်
ပျက်စီးသွားရသည့် ကောက်ပဲသီးနှံပင်များ၊
အိမ်ရာများအပြင် သေဆုံးသွားသူများပါ
ရှိနေခဲ့သည်မို့ ထိုအထိကရုဏ်းတွင်
ရှင်းအနိုင်ရသည်ဟု အသေအချာမဆိုနိုင်ခဲ့ပေ။

ထို့ပြင် ရှင်းရဲ့အကြီးမားဆုံးရှုံးနိမ့်မှုတစ်ခုမှာ
မကြာတော့မည့်အချိန်တွင် ရောက်လာခဲ့မည်ဖြစ်သည့်အတွက်
ထိုတိုက်ပွဲတွင် ရှင်းရှုံးနိမ့်သွားသည်ဟုပင်
မှတ်ယူရမလိုဖြစ်ခဲ့ခြင်းဖြစ်သည်။

© Sun Elf,
книга «The truth untold».
Коментарі