Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 7
အနီေရာင္ေတာင္ဇလပ္ပန္းေတြႏွင့္
ျခယ္မႈန္းထားသလားဟုပင္
ထင္မွတ္ရေလာက္သၫ့္
ျမင္ကြင္းကိုအနီးကပ္ျမင္လိုက္ရတာေၾကာင့္
က်င္းမွာ ထိတ္လန႔္လြန္း၍ မ်က္ရည္ေတြပင္က်မိေခ်ၿပီ။

ဆယ္ေက်ာ္သက္အရြယ္ကေလးတစ္ေယာက္ရဲ့
စိတ္ႏွလံုးက ထိုပံုရိပ္ေတြကို
လက္ခံႏိုင္ဖို႔ဆိုတာ
အခ်ိန္မ်ားစြာလိုအပ္ေသးသည္မဟုတ္လား။
ထို႔ျပင္ ေသြးအိုင္ထဲမွာလဲက်ေနတဲ့
နတ္ဘုရားေလးရဲ့ေအာ္ဟစ္သံေတြက
သူ႔နားထဲကိုသံရည္ပူႏွင့္ေလာင္းထၫ့္လိုက္သၫ့္ႏွယ္
ေသြးပ်က္ဖြယ္အတိလႊမ္းေနကာ
သူ႔ကိုယ္တိုင္ပင္ ခံစားေနရသည္ဟု
ထင္မွတ္ရေစသည္။

က်င္းမွာ ေၾကာက္လြန္းလို႔ဒူးေတြပင္
ၫႊန႔္ေခြယိုင္လုနီးပါးျဖစ္ေနခဲ့ရသည္။
ေျပးခ်င္ေပမယ့္၊ ထြက္ေျပးလိုက္ခ်င္ေပမယ့္
သူ႔ကိုလႈပ္ရွား၍မရေအာင္
အားတစ္မ်ိဳးက ဖိႏိွပ္ထားသည္မို႔
ေအာ္ဟစ္အကူအညီေတာင္းရန္သာ
သူႀကိဳးစားလိုက္ရေတာ့သည္။

"ကယ္.....ကယ္.....ၾကပါ...."

မ်က္ရည္ေတြၾကားကေန ေအာ္ဟစ္အကူအညီေတာင္းရသည္မို႔
စကားသံေတြကျပတ္ေတာင္းျပတ္ေတာင္းႏွင့္သာ
ထြက္ေပၚလာခဲ့သည္။
သို႔ေပမယ့္ တစ္စံုတစ္ေယာက္ကေတာ့
သူ႔အသံကိုၾကားလိုက္သၫ့္ႏွယ္၊
ေရႊေရာင္စြမ္းအင္မ်ွင္တန္းေလးမ်ားကို
သူ႔ပတ္လည္သို့‌ေပးပို႔လာ၏။

ထိုေရႊေရာင္စြမ္းအင္မ်ားက သူ႔ကိုဖိႏိွပ္ထားသၫ့္
အရာေတြကိုသနားၫွာတာမႈကင္းမဲ့စြာ
တိုက္ခိုက္‌ေန‌ေပမယ့္ အႏိုင္ေတာ့မရရိွလိုက္ပါ။
အဘယ္ေၾကာင့္ဆိုေသာ္ ထိုစြမ္းအင္ေတြကို
သူ႔ကိုယ္ထဲမွထြက္လာသၫ့္ အျပာေရာင္စြမ္းအင္ေတြက
တန္ျပန္တိုက္ခိုက္ေနလို႔ပါပဲ။
က်င္းမွာ မိုး‌ေပၚကက်လာတဲ့‌
‌ေမ်ွာ္လင့္ခ်က္ေရာင္ျခည္တန္းေလးကို
ဆံုးရႈံးလိုက္ရသၫ့္ႏွယ္
ဝမ္းနည္းအားငယ္စြာႏွင့္ ေျမျပင္ေပၚမွာဒူးေထာက္ထိုင္ခ်လိုက္ၿပီး
ငိုေႂကြးမိျပန္၏။

သူ႔ကိုကယ္တင္ႏိုင္မယ့္သူဆိုတာ
မရိွေတာ့ဘူးလားလို႔ေအာ္ဟစ္ေမးလိုက္ခ်င္ေပမယ့္
သူတကယ္ေအာ္ဟစ္လိုက္မိသည္က

"ကယ္ၾကပါ"

ဟူသၫ့္စကားတစ္ခြန္းသာ။။။။။
သူေအာ္ခဲ့သည္။ အႀကိမ္ေပါင္းေျမာက္ျမားစြာ
ေအာ္ဟစ္အကူအညီေတာင္းခဲ့သည္။
သို႔ေပမယ့္ သူ႔ကိုကူညီမၫ့္လက္တစ္စံုဟာ
ဘယ္လိုအေၾကာင္းျပခ်က္ႏွင့္မွ
ထြက္ေပၚလို႔မလာခဲ့ပါ။
ေနာက္ဆံုးမွာေတာ့ ေျခာက္လွန႔္သံေတြႏွင့္
ဖိႏိွပ္ခ်ဳပ္ျခယ္ထားသၫ့္အားေတြကို
မခုခံႏိုင္ေတာ့ေသာေၾကာင့္
ေျခကုန္လက္ပန္းက်ကာ
ေျမေပၚသို႔ပစ္လဲက်သြားရေလၿပီ။

ေအာ္ဟစ္အကူအညီေတာင္းခံဖို႔လည္း
သူမဝံ့ရဲေတာ့ပါ။ သူေအာ္ေနလည္း
ဘယ္သူမွအဖက္မလုပ္ေတာ့
ဘာေၾကာင့္ အကူအညီေတာင္းခံေနရေတာ့မွာလဲ။
နာက်င္စြာႏွင့္ပင္ ေသြးအိုင္ထဲမွာလဲက်ေနတဲ့
နတ္ဘုရားဆီသူအားတင္းၿပီး
လွၫ့္ၾကၫ့္လိုက္မိျပန္သည္။
စာနာေသာအားျဖင့္ေပါ့။။။။။။။

ေသြး‌ေတြႏွင့္ရႈပ္ေထြးေနသၫ့္ဆံပင္ေတြၾကားမွာ
လွစ္ခနဲေပၚလာသည္က မ်က္ဝန္းတစ္စံု။
အေရာင္တလဲ့လဲ့ႏွင့္ သနားစဖြယ္အတိၿပီးေနတဲ့
မ်က္ဝန္းေတြထဲက ေသြးမ်က္ရည္ေတြစီးက်ေနသည္မွာ
တစ္စက္စက္ႏွင့္။
ေျခာက္ျခားဖြယ္အတိၿပီးေနေသာ အေလာင္းေကာင္ႀကီးပမာ။

ၾကၫ့္ေနရင္းမွာပင္ အနီေရာင္ပန္းပြင့္ေတြႏွင့္
အလွဆင္ထားသၫ့္ႏွယ္ ရုပ္ဆိုးအက်ည္းတန္လွသၫ့္
ဝတ္ရံုကိုဝတ္ဆင္ထားသၫ့္ နတ္ဘုရား တစ္ျဖစ္လဲ
အေလာင္းေကာင္ႀကီးမွာ တလႈပ္လႈပ္ႏွင့္
ကုန္းထလာခဲ့သည္။ မ်က္သားေတြမွာ ျဖဴေဖြးေနသည္မို႔ ေသြးေၾကာအနီေရာင္ေတြက
အထင္းသား။ လက္ႏွစ္ေခ်ာင္းက အရိုးမရိွေတာ့သၫ့္ႏွယ္တြဲေလာင္းႀကီးက်ေနသည္မို႔
ရွည္လ်ားလွတဲ့ ဆံပင္ေတြကိုအသံုးျပဳျပီး
သားေကာင္ကိုလိုက္လံရွာေဖြေန၏။
က်င္းမွာ အကူအညီရလိုရျငား၊
ေဘးမွာရိွေနသၫ့္ သူႏွင့္တစ္ေထရာတည္းတူတဲ့
နတ္ဆိုးႀကီးကို လွမ္းၾကၫ့္လိုက္မိသည္။

'ကံဆိုးခ်င္လ်ွင္ ၊ အတြဲလိုက္ႀကီး' ဆိုသၫ့္စကားက
မွန္‌ေနျပီထင္ပါရဲ့။ အေရ႔ွက အေလာင္းေကာင္ႀကီးကိုေၾကာက္လို႔
ေဘးကလူကိုအားကိုးကာမွ၊
သူကပါ အေလာင္းေကာင္ႀကီးျဖစ္ေနသတဲ့ေလ။

"ရွစ္ဇြင္း.....ကြၽန္ေတာ့္ကို....ကယ္ပါဦး"

မ်က္လံုးေတြကိုမိွတ္ခ်လိုက္ၿပီး နာမည္တစ္ခုကို
တိုင္တည္ကာ အကူအညီေတာင္းခံမိ၏။
တစ္ဖက္မွၾကားသည္ျဖစ္ေစ၊ မၾကားသည္ျဖစ္ေစ၊
သူဂရုမစိုက္လွပါ။ ေနာက္ဆံုးအေနႏွင့္
သူသိပ္ျမတ္ႏိုးရသၫ့္နာမ္စားေလးကို
ေခၚခြင့္ရသြားဖို႔သာေမ်ွာ္လင့္ပါ၏။

သို႔ေၾကာင့္

"ရွစ္ဇြင္း!!!!"

ဟုသာ ထပ္မံေရရြတ္လိုက္မိသည္။
ႏႈတ္ဆက္သၫ့္အေနႏွင့္ ေခၚလိုက္သည္ဆို၍လည္း
မွတ္ယူႏိုင္ပါ၏။

ျဖစ္ခ်င္ရာျဖစ္ပါေစေတာ့ဟု ႏွလံုးသြင္းကာ
အရာရာကိုလက္ေလ်ာ့ေတာ့လိုက္ဖို႔
ႀကံရြယ္ေပမယ့္
ကံၾကမၼာကရက္စက္သည္။ သူ႔ကိုညင္ညင္သာသာႏွင့္ေသခြင့္မေပးပဲ
အေလးတံုးႀကီးတစ္တံုးႏွင့္ ပိေသေစသည္။

"ဘုန္း!!!"

"အင့္!"

အလြန္ေလးလံလွသၫ့္ ေပ်ာ့စိစိအိတ္ႀကီးတစ္အိတ္က
သူ႔အေပၚမၫွာမတာ ျပဳတ္က်လာေတာ့
က်င္း ၿငီးျငဴမိေခ်ၿပီ။
တစ္ဆက္တည္းဆိုသလိုပင္ ၿငီးျငဴသၫ့္အေနာက္မွာ က်ိန္ဆဲသံေလးက ကပ္လ်က္ေလးအေျပးအလႊား
လိုက္ပါလာခဲ့သည္မို႔၊ ပါးစပ္ျပန္ပိတ္ခ်ိန္ေလးပင္
မရလိုက္ပါ။

"ဘယ္ေသနာေကာင္က ငါ့အေပၚလာဖိေနတာလဲဟ"

"..........."

က်င္းမွာ သူ႔အေပၚျပဳတ္က်လာသၫ့္အထုပ္ႀကီးကို
ၾကၫ့္ရင္း မိုးႀကိဳးအခ်က္တစ္ရာေလာက္
တစ္ၿပိဳင္နည္းအပစ္ခံလိုက္ရသၫ့္ႏွယ္
ခံစားလိုက္ရေတာ့သည္။
ေျပာသင့္တာေရာ၊ မေျပာသင့္တာေရာ
ေျပာလိုက္မိၿပီမို႔ သူ႔အသက္ကတကယ္ကိုအာမခံခ်က္ရိွႏိုင္ေတာ့မည္မဟုတ္ပါ။

အဘယ္ေၾကာင့္ဆိုေသာ္
‌'ေသနာေကာင္' လို႔ သူက်ိန္ဆဲလိုက္မိသၫ့္သူက
ရွင္းျဖစ္ေနသည္ေလ။

ရွင္းက ညာလက္ကိုအ‌ေနာက္ဘက္သို့ဆန႔္တန္းထားၿပီး
အေငြ ့လိႈင္လိႈင္ေဝ‌ေန‌ေသာ
ရွင္းရာကိုဆုပ္ကိုင္ထားခဲ့သည္။
ဘယ္လက္ကေတာ့ က်င္းရဲ့ေခါင္းကိုေျမျပင္ေပၚကေန
ႂကြသြားေအာင္ ဖြဖြေလးေပြ ့ယူထားသည္။
သို႔ေပမယ့္ သူ႔တစ္ကိုယ္လံုးကေတာ့
က်င္းရဲ့ရင္ဘတ္ေပၚမွာ ဒူးတစ္ဖက္ေထာက္ရက္
အေနအထားႏွင့္ရိွေနခဲ့သည္။

"ရွစ္.....ရွစ္ဇြင္း...."

မယံုတစ္ဝက္၊ ယံုတစ္ဝက္ႏွင့္တုန္ရီစြာ
ေခၚလိုက္‌ေပမယ့္ သူ႔အသံကက်ယ္ေလာင္လွေသာ
အသံတစ္ခုရဲ့ဖံုးလႊမ္းျခင္းခံလိုက္ရတာေၾကာင့္
ထြက္ေပၚလာျခင္းမရိွခဲ့ပါ။
က်င္းက အသံလာရာဆီအၾကၫ့္လႊဲလိုက္မိစဉ္၊
ေတြ ့လိုက္ရတဲ့ျမင္ကြင္းေၾကာင့္
ေအးခဲသြားရေတာ့သည္။

ရွင္းရာဓားက ႏွစ္ျခမ္းကြဲသြားၿပီး
အေလာင္းေကာင္တစ္ေကာင္ဆီ၏ ရင္ဝမွာစိုက္ေနခဲ့သည္ေလ။
ထိုလႈပ္ရွားမႈမွာ ပိရိေသသပ္ကာ တိက်လွေပမယ့္
ရွင္းက ေက်ာခိုင္းထားရက္ႏွင့္ပင္ ၊
မ်က္လံုးေတြကိုက်င္းဆီကလံုးဝမလႊဲပဲ
အသံုးျပဳသြားျခင္းျဖစ္သည္။
တကယ္ကို အတြက္အခ်က္ေတာ္ၿပီး၊
ဓားကိုေကာင္းမြန္စြာကိုင္တြယ္ႏိုင္သည္ဆိုတာကို
တစ္ႀကိမ္တည္းႏွင့္ လက္ေတြ ့ျပသြားျခင္းပင္။
ရွင္းရာႏွင့္ထိုးစိုက္ခံလိုက္ရသၫ့္
အေလာင္းေကာင္ေတြမွာေတာ့
မီးဖြားေတြအျဖစ္သို႔သာ၊ ေပ်ာက္ကြယ္သြားခဲ့သည္။

က်င္းမွာ အခုထိသူ႔ခႏၶာကိုယ္ေပၚကေန
မဆင္းေသးသၫ့္ ရွင္းေၾကာင့္
စိတ္တည္ၿငိမ္ေအာင္ျပဳလုပ္ႏိုင္စြမ္းမရိွသလို
ခံစားလာရ၏။ သို႔ေၾကာင့္ စိတ္ေျပာင္းေစရန္အလို႔ငွာ
ရွင္းကိုစကားလမ္းေၾကာင္းလႊဲလိုက္မိေတာ့သည္။

"ဟီးးးး ရွစ္ဇြင္း ဘယ္လိုေရာက္လာတာလဲဟင္"

ရွင္းက လက္ကိုမရုတ္သိမ္းသလို၊ က်င္းအေပၚမွာ
ဒူးတစ္ဖက္ေထာက္ၿပီးထိုင္ေနမိသၫ့္ ကိုယ္ေနဟန္ကိုလည္း မျပင္ပဲျပန္ေျဖလာ၏။

"ဒီေသနာေကာင္ႀကီးက
သူ႔တပၫ့္ကိုပါ အတူေသဖို႔လာေခၚတာ‌ေလ"

"........."

က်င္းမွာ ေျပာစရာစကားမ်ားေပ်ာက္ဆံုးသြားရ၏။
သူက ဘာရယ္မဟုတ္ေျပာလိုက္သည္ကို
ရွစ္ဇြင္းက တကယ္ထင္ေနသတဲ့။
ကေလးဆန္လြန္းသၫ့္ရွစ္ဇြင္းပါေလ။။။။။

ကေလးဆန္သည္ဟုသာေျပာေနရတာ၊
ရွင္းရဲ့အသြင္က ဘယ္လိုရႈေထာင့္ကေန
ၾကၫ့္ပါေစ၊ တည္ၿငိမ္ရင့္က်က္ေနစၿမဲပင္ ။
စူးရဲေနသၫ့္မ်က္ဝန္းတစ္စံုႏွင့္ဓားသြားလို
ခြၽန္ျမေနသၫ့္မ်က္ခံုးစြန္းႏွစ္ဖက္။
အဆီပိုမရိွက်စ္လစ္လွသၫ့္ ခႏၶာကိုယ္ႏွင့္
ရွည္လ်ားလွသၫ့္အရပ္အေမာင္းတို႔ႏွင့္။
တစ္ခ်က္ေလာက္ၾကၫ့္လိုက္ရံုႏွင့္
ရိွန္သြားေစေလာက္သၫ့္ အေရာင္အဝါေတြႏွင့္
ျပၫ့္ႏွက္ေနသၫ့္ သူပါေလ။

ထိုစဉ္။။။။။။။။
တစ္စံုတစ္ခုကို သတိထားမိသြားသၫ့္ႏွယ္
က်င္းရဲ့မ်က္ဝန္းတို႔ဟာ အံ့ဩမႈေၾကာင့္ျပဴးက်ယ္သြားရၿပီး
ရွင္းရဲ့ခါးကိုသိုင္းဖက္ထားမိသၫ့္
သူ႔လက္ေတြဟာလည္း ရပ္တန႔္သြားခဲ့သည္။

သူတို႔ႏွစ္ေယာက္ထိကပ္ေနသၫ့္အစိတ္အပိုင္းမွ
လာေနသၫ့္ အေနြးဓာတ္မ်ားမွာအိပ္မက္မဆန္သလို၊
စိတ္ကူးယဉ္အိပ္မက္တစ္ခုလည္းျဖစ္မေနခဲ့ပါ။
‌ေသြးခုန္ႏႈန္းဟူသည္စိုးစဉ္းမ်ွမရိွသၫ့္
ရွင္းရဲ့ခႏၶာကိုယ္ကို
သူထိေနေပမယ့္ ရွင္းကအခုထိ
ကန္ထုတ္ျခင္းလည္းမရိွေသးသၫ့္အျပင္
ဓားႏွင့္လည္း ႏုတ္ႏုတ္မစင္းပစ္ေသးတာက
အေတာ္ပင္ထူးဆန္းလို႔ေနသည္။

ရုတ္တရက္ရြာသြန္းလာသၫ့္မိုးေရစက္ေတြသည္
ရွင္းရဲ့နဖူးျပင္တစ္ေလ်ွာက္စီးဆင္းလာၿပီး
ႏွာသီးဖ်ားေလးမွာအဆံုးသတ္၏။
ထိုေနာက္မွာေတာ့ က်င္းရဲ့ႏႈတ္ခမ္းေပၚသို႔
တစ္စက္ၿပီးတစ္စက္
အလုအယက္ခုန္ဆင္းသြားၾကေတာ့သည္။
တျခားရႈေထာင့္ကၾကၫ့္မည္ဆိုပါက
ရွင္းရဲ့လံုးဝန္းေနသၫ့္ႏွာသီးဖ်ားေလးကို
က်င္းက သြယ္ဝိုက္ေသာနည္းျဖင့္နမ္းရိႈက္ေနသေယာင္။

ရွင္းမွာ ေျခဖဝါးေအာက္မွာရိွေနသၫ့္
အရာတစ္ခု၏တဒိတ္ဒိတ္တုန္ခါ‌‌ေနမွု‌ေၾကာင့္
မ်က္လႊာအသာခ်ၿပီး ၾကၫ့္လိုက္မိ၏။
အနက္ေရာင္ဘြတ္ဖိနပ္ေအာက္မွာရိွေနသည္က
က်င္းရဲ့ဘယ္ဘက္ရင္အံုက ႏွလံုးသားရိွသၫ့္ေနရာ။
ထူးဆန္းစြာပင္ ထိုေနရာကတုန္ခါမႈသည္
သူ႔ဖိနပ္ကိုျဖတ္သန္းၿပီး သူ႔ေသြးေၾကာေတြအထိပါစီးဝင္လာခဲ့သည္။
ထိုမွတစ္ဆင့္ ႏွလံုးသားဆီသို႔။။။။။။။

ႏွစ္ေယာက္သားမွာ အိပ္မက္နယ္ေျမထဲေရာက္ေနသည္ကိုလည္း
သတိမထားမိေတာ့သလို၊ အၿငိဳးႀကီးစြာရြာသြန္းေနသၫ့္ မိုးေရစက္တို႔ကိုလည္း
ဂရုမျပဳမိၾကေတာ့ပါ။ သူတို႔ရဲ့ႏွလံုးသားေတြကေတာ့
မိုးႏွင့္အတူ ၿငိမ္သက္ျခင္းကင္းမဲ့စြာ
သားရဲတစ္ေကာင္လိုအရိုင္းဆန္ေန၏ ။

ငယ္ရြယ္လွသၫ့္ က်င္းရဲ့စိတ္ေတြဟာ
သူရဲ့မ်က္လံုးႏွင့္တစ္တန္းတည္းရိွေနသၫ့္ ရွင္းရဲ့လည္တိုင္ႏုႏုေပၚမွာ တဝဲလည္လည္လုပ္ေနသၫ့္
စြန္ရဲတစ္ေကာင္ႏွယ္။ သနပ္ခါးပန္းရနံ႔သင္းေနသၫ့္လည္တိုင္ေက်ာ့ေက်ာ့မွာ မ်က္ႏွာအပ္ၿပီး ခုနတုန္းကမည္မ်ွေၾကာက္လန႔္ေနခဲ့ရေၾကာင္း
ငိုေႂကြးရင္း ရင္ဖြင့္ခ်င္မိလွသည္။
သို႔ေပမယ့္ သူအဲ့ဒီလိုအျပဳအမူမ်ိဳးဘယ္ေတာ့မွ
လုပ္လိမ့္မည္မဟုတ္ပါ။
ရွင္းရဲ့ခြင့္ျပဳခ်က္မရပဲႏွင့္ ကိုယ့္ဆႏၵကိုဘယ္ေတာ့မွေရ႔ွတန္းတင္မိေတာ့မည္မဟုတ္ပါ။

ဘာေၾကာင့္လဲဆိုေတာ့
သူ႔ရင္ထဲမွာ ရွင္းကိုတကယ္တန္ဖိုးထားၿပီး
ခ်စ္ျမတ္ႏိုးေနၿပီဆိုတာ သူသေဘာေပါက္သြားလို႔ပါပဲ။
အရင္တုန္းကေတာ့ ရွင္းကိုခ်စ္တာလား၊မခ်စ္တာလားဟု
သူဒြိဟျဖစ္ေနခဲ့ေသးသည္။
ယခုခ်ိန္မွာေတာ့ အရာရာဟာ ကန္ေရျပင္ထက္မွာ
ငြားငြားစြင့္စြင့္ပြင့္ေနသၫ့္ ၾကာပန္းမ်ားလိုပင္
ထင္ရွားလို႔လာခဲ့ၿပီမို႔
ရွင္းကိုဘယ္ေလာက္အထိ ရင္ထဲမွာေနရာေပးထားေပးသလဲဆိုတာ
သူသိသြားခဲ့ပါၿပီ။

ရင္ခုန္သံတစ္ခ်က္ခ်င္းစီကေတာ့

' ရွစ္ဇြင္း....ရွစ္ဇြင္း '

ဟုျမည္ေနေၾကာင္း သူ႔ကိုအသိေပးေနခဲ့ပါရဲ့။
သူသာသတိမထားမိခဲ့တာပါေလ။။။။။။။

က်င္းရဲ့ ရင္တြင္းခံစားခ်က္ေတြကိုမရိပ္မိရွာေသာ
ရွင္းမွာ က်င္း ေၾကာက္လြန္း၍ ရင္တုန္ေနသည္ဟုသာ
ထင္မွတ္သြားခဲ့၏။ သို႔ေၾကာင့္ က်င္းရဲ့အေပၚမွဆင္းလိုက္ကာ
လက္တစ္ဖက္ကို ကမ္းေပးလိုက္သည္။
ဒီတစ္ႀကိမ္မွာေတာ့ သူ႔လက္ကေရႊႀကိဳးေလးေတြကို
က်င္းထိလုထိခင္ေလးမွာ အေျပာင္းအလဲတစ္ခုကို
ဖန္တီးေပးလိုက္မိ၏။ ၎မွာတျခားေတာ့မဟုတ္ပါ။
က်င္းရဲ့လက္ကို တင္းက်ပ္စြာဆုပ္ကိုင္ၿပီး
တစ္ဆက္တည္းဆြဲထူလိုက္ကာ သူ႔ရင္ခြင္ထဲဝင္ေရာက္ခြင့္ျပဳလိုက္တာပါပဲ။

ရွင္းက က်င္းရဲ့ေခါင္းေပၚမွာေမးဖ်ားကို
မသိမသာတင္ရင္း လက္တစ္ဖက္ႏွင့္
ေက်ာျပင္ကိုခပ္ဖြဖြပြတ္သပ္ေပးလိုက္၏။
သူ႔မွာ ကေလးေတြႏွင့္ပတ္သတ္ၿပီး
အေတြ ့အႀကံဳမရိွလွ‌ေပမယ့္
ေခ်ာ့ျမႇဴသၫ့္အခါ ဤသို႔ျပဳမူရ‌ေၾကာင္း
ဟြားရန္(နတ္ဘုရားအႀကီးအကဲ၊ တစ္ခ်ိန္တုန္းက
ရွင္းရဲ့အခ်စ္ရဆံုးတပၫ့္) ေျပာဖူး၍ သိသင့္သေလာက္သိထားသည္ေလ။
သို႔ေၾကာင့္ က်င္းေၾကာက္ေနသည္အထင္ႏွင့္
‌ထိုသို႔အားေပးႏွစ္သိမ့္လိုက္ျခင္းျဖစ္သည္။

သူကသာေစတနာဗလာပြႏွင့္ ႏွစ္သိမ့္ေပးေနေပမယ့္
က်င္းမွာေတာ့ သူ႔ကိုကေလးလိုျပဳမူသည္ဆိုၿပီး
စိတ္မအီမသာႏွင့္ တအီအီေအာ္ဟစ္ခ်င္စိတ္ေပါက္သြားရေလသည္။
တိတ္တခိုးခ်စ္ေနရသူက ကိုယ့္ကိုကေလးပိစိႏွယ္
သေဘာထားလိုက္သည္ဆိုတဲ့
ခံစားခ်က္က မခံခ်ိမသာႏွင့္ယူႀကံဳးမရျဖစ္ေစသည္။
ထို႔ေၾကာင့္ က်င္းမွာေနာက္တစ္လအသြင္ေျပာင္းသၫ့္အခါက်ရင္ ရွင္းထက္က်ယ္ျပန႔္သၫ့္ရင္အံု၊ ပိုမိုျမင့္မားေသာအရပ္ႏွင့္ ခန႔္ညားေသာအသြင္ကို
ပိုင္ဆိုင္ခြင့္ရပါေစဟုသာ အႀကိမ္ႀကိမ္ဆုေတာင္းေနမိေတာ့သည္။
သို႔မွသာ ရွင္းအားကိုးခ်င္စရာေကာင္းသၫ့္
သူတစ္ေယာက္ျဖစ္လာမွာမဟုတ္ပါလား။။။။။

အေတြးေတြႏွင့္ၿပံဳးေနမိစဉ္ နဖူးေပၚေရာက္လာသၫ့္
လက္ဆစ္ေလးေတြေၾကာင့္ က်င္းမ်က္ရည္ဝိုင္းသြားရသည္။

"ကြၽန္ေတာ္ဘာလုပ္လို႔လဲ ရွစ္ဇြင္းရဲ့......"

နဖူးေလးပြတ္ၿပီး ငိုမဲ့မဲ့ႏွင့္ေမးလာသၫ့္က်င္းကို
ၾကၫ့္ၿပီး ရွင္းရယ္ခ်င္စိတ္ကိုအႏိုင္ႏိုင္ၿမိဳသိပ္ထားရ၏။
သူ႔ကိုယ္သူ ေမြးခါစကေလးဟုထင္ေနသလားမသိသၫ့္
က်င္းရဲ့ခြၽဲႏြဲ႔ခ်ိန္တိုင္းတြင္ သူ႔ရင္ထဲမွာအၿမဲျဖစ္ေပၚလာတတ္သည္က
ဟာသဆန္မႈ။။။။။။

ေခါင္းကိုျဖည္းညင္းစြာယမ္းလိုက္ၿပီး၊ စည္းေနွာင္ထားျခင္းမရိွသၫ့္ဆံႏြယ္ရွည္ေတြကို
ရွင္းက လက္တစ္ဖက္ျဖင့္သပ္တင္လိုက္သည္။
သဘာဝအတိုင္းျဖန႔္က်က္ခံထားရေသာ ဆံပင္ေတြၾကားမွာ
ယခင္ကအလွဆင္ထားသၫ့္က်စ္ဆံၿမီးအေသးေလးေတြက ဟိုတစ္စ၊ ဒီတစ္စေပၚေနသည္မို႔
အေတာ္ေလးရင္သပ္ရႈေမာဖြယ္ျဖစ္ေနေသးသည္။

ဘယ္အခ်ိန္ျဖစ္ေနပါေစ၊ အလွအပႏွင့္ေဝးကြာသည္မရိွေသာ
ရွင္းကိုၾကၫ့္ရင္း လည္ေခ်ာင္းေတြေျခာက္ကပ္လာသည္ျဖစ္၍
က်င္း ေခါင္းငံု႔ကာ ဟန္လုပ္ရယ္မိ၏။
သို႔ေသာ္ ကမ႓ာဦးကတည္းက သံုးေလာကမွာက်င္လည္ေနခဲ့သည္မို႔
အႏွီရယ္သံႀကီးရဲ့ အဓိပၸာယ္ကို
ခန႔္မွန္းမိေနသၫ့္ ရွင္းမွာ မရယ္ပဲမေနႏိုင္ေတာ့ပါေလ ။
သို႔ေၾကာင့္ ႏႈတ္ခမ္းကိုဖိကိုက္ျခင္းျဖင့္သာ
ထိန္းခ်ဳပ္လိုက္ရေတာ့သည္ ။

သူကဆိုသည္။

"မင္း ဒီလိုသာေၾကာက္တိုင္းငိုေနမယ္ဆိုရင္
ဘယ္လိုေရ႔ွဆက္သြားမွာလဲ"

"........"

"ဒီဆရာက မင္းကိုေန့တိုင္းသင္ေပးေနခဲ့တာေတြကို
ငိုဖို႔တစ္ခုတည္းမွာ အသံုးခ်ခြင့္ျပဳထားတာလား"

"အင္း"

"ဘာ"

ရွင္းအံ့ဩသြားရေလၿပီ။ မ်က္ခံုးေတြတြန႔္ေကြးေနေအာင္
စဉ္းစားခဲ့ေပမယ့္ ဘယ္တုန္းကမ်ားအဲ့ဒီလို
သင္ၾကားေပးခဲ့မိလဲဆိုတာသူသတိမရပါေခ်။
က်င္းႏွင့္ျပန္ဆံုၿပီး‌တဲ့ေနာက္ပိုင္း၊
အၿမဲတေစဒဏ္ရာရေနခဲ့သၫ့္အတြက္
သင္ခန္းစာေတြကို ေျပာင္းျပန္သင္ေပးခဲ့မိတာမ်ားလား၊
သူေတြးရေခ်ၿပီ။
သို႔ေသာ္ ဤသည္က လံုးဝကိုယုတၲိမရိွတန္ရာ။
အရင္ခ်ိန္ေတြတုန္းကဆိုရင္
ေသလုေျမာပါးျဖစ္ေနတဲ့ခႏၶာကိုယ္နဲ႔ေတာင္
က်င္းကိုသတ္ႏိုင္ဖို႔ စိတ္ေတြစုစည္းႏိုင္ခဲ့‌ေသးသည္မဟုတ္လား။
အခုတေလာရေနတဲ့ဒဏ္ရာေတြက
အဲ့ဒီတုန္းကႏွင့္ယွဉ္ရင္
သိပ္အေရးတယူလုပ္ေနစရာေတာ့ မလိုအပ္ပါေလ။

သို႔ေပမယ့္ လက္ရိွအေျခအေနကိုလည္း
ဥပကၡာျပဳထား၍မျဖစ္သည္မို့
စဉ္းစားစရာမ်ားကိုဖယ္ထားလိုက္ၿပီး
က်င္းကိုသာ သတိေပးစကားဆိုလိုက္ရ၏။

"ဘာပဲျဖစ္ျဖစ္....အခုကစၿပီးငါေျပာတဲ့အတိုင္း
တေသြမသိမ္းနားေထာင္ရမယ္....
နားလည္ရဲ့လား"

"အြန္း.... "

ရွင္းက သူ႔အေျဖကိုသ‌ေဘာက်စြာ
ေခါင္းၿငိမ့္ျပကာ အသိအမွတ္ျပဳလိုက္ၿပီးေနာက္
ရွင္းရာကိုခါးမွာခ်ိတ္ဆြဲလိုက္သည္။ ထိုေနာက္ အေရ႔ွစူးစူးအရပ္သို႔မ်က္ႏွာမူကာ
မ်က္လႊာအသာခ်ၿပီး ညာလက္ကိုအနည္းငယ္ေျမႇာက္သည္။

ထိုခဏ၌ ထူးဆန္းစြာပင္
အမည္းေရာင္မိစၧာအ‌ေငြ ့အသက္အမ်ားအျမားက
ရွင္းဆီကိုေျပးဝင္လာၿပီး တစ္ကိုယ္လံုးကိုလႊမ္းၿခံဳသြားခဲ့သည္။
သစ္ေတာ္ပန္းေလးေတြအေပၚေလေျပတစ္ခ်က္
ေဝ့သြားသၫ့္ႏွယ္၊ ႏူးညံ့ညင္သာကာ
ၿငိမ့္ေျငာင္းလွ၏။
မသိလ်ွင္ သခင္ျဖစ္သူကိုမေတြ ့ရသည္မွာ
ကာလၾကာေျငာင္းလွၿပီမို႔
ေနြးေထြးစြာေပြ ့ဖက္လိုက္သၫ့္အလား။

ရွစ္ဇြင္းက မိစၧာတစ္ေကာင္လား???

ထိတ္လန႔္သြားတဲ့အသိႏွင့္အတူ
က်င္းမွာ ရွင္းႏွင့္ပတ္သတ္ၿပီးသံသယအေျမာက္အျမား
ရိွလာခဲ့သည္။
သို႔ေသာ္ သူမေမးျဖစ္ခဲ့ပါ။
ဒီအေျခအေနမွာ သူ႔အေရ႔ွကရပ္ေနသူက
မိစၧာတစ္ေကာင္ျဖစ္ေနလည္း
ျပန္လည္ခုခံႏိုင္မွာမဟုတ္သည္မို႔
အလိုက္အထိုက္သာ ဆက္ဆံဖို႔ရိွသည္ေလ။

မိစၧာအေငြ ့အသက္ေတြက
ရွင္းရဲ့အလုအယက္
ႏႈတ္ဆက္ၿပီးသၫ့္ေနာက္မွာေတာ့
ျပန္လည္ေပ်ာက္ကြယ္ျခင္းျဖင့္
အဆံုးသတ္သြားခဲ့သည္။
သို႔ေသာ္ ေကာင္းေသာအဆံုးသတ္ျခင္းႏွင့္ေတာ့မဟုတ္ေပ။

ရွင္းရဲ့မ်က္လံုးေတြက နီေဆြးေဆြးအေရာင္တလက္လက္ႏွင့္
ႏႈတ္ခမ္းေအာက္မွာ ရိွေနတဲ့အစြယ္ေတြကို
လက္ျပႏႈတ္ဆက္ေနသေယာင္။
ခါးအထိသာက်န္ေတာ့သည္ဆံပင္ေတြက
ခပ္ျမင့္ျမင့္စည္းေနွာင္ခံလိုက္ရၿပီး
ေငြေရာင္ဆံခ်ိတ္တစ္ခုျဖင့္ အလွဆင္ခံထားရသည္။
အနက္ေရာင္ႏွင့္ေငြေရာင္ေရာေနွာေနသၫ့္
ဝတ္ရံုက က်စ္လစ္တဲ့ကိုယ္ေပၚမွာ ကြက္တိက်လ်က္။။။။။။

နတ္ဆိုးဘုရင္ ဟုန္လင္က်င္း?????

က်င္းမွာျမင္လိုက္ရသၫ့္ပံုရိပ္ကိုမယံုႏိုင္စြာ
ေငးေၾကာင္ၾကၫ့္ေနမိသည္။
သူ႔အေရ႔ွမွာရိွေနသၫ့္ရွင္းရဲ့အသြင္က
ေကာင္းကင္တိုက္ပြဲအေၾကာင္း
မွတ္တမ္းတင္ထားရာ ခ်င္းဟယ္ခန္းမအလယ္မွာရိွေနသၫ့္
နတ္ဆိုးဘုရင္ ဟုန္လင္က်င္း၏အသြင္နွင့္
ထပ္တူက်ေနခဲ့သည္။။။။။။။။။

Unicode:

အနီရောင်တောင်ဇလပ်ပန်းတွေနှင့်
ခြယ်မှုန်းထားသလားဟုပင်
ထင်မှတ်ရလောက်သည့်
မြင်ကွင်းကိုအနီးကပ်မြင်လိုက်ရတာကြောင့်
ကျင်းမှာ ထိတ်လန့်လွန်း၍ မျက်ရည်တွေပင်ကျမိချေပြီ။

ဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်ရဲ့
စိတ်နှလုံးက ထိုပုံရိပ်တွေကို
လက်ခံနိုင်ဖို့ဆိုတာ
အချိန်များစွာလိုအပ်သေးသည်မဟုတ်လား။
ထို့ပြင် သွေးအိုင်ထဲမှာလဲကျနေတဲ့
နတ်ဘုရားလေးရဲ့အော်ဟစ်သံတွေက
သူ့နားထဲကိုသံရည်ပူနှင့်လောင်းထည့်လိုက်သည့်နှယ်
သွေးပျက်ဖွယ်အတိလွှမ်းနေကာ
သူ့ကိုယ်တိုင်ပင် ခံစားနေရသည်ဟု
ထင်မှတ်ရစေသည်။

ကျင်းမှာ ကြောက်လွန်းလို့ဒူးတွေပင်
ညွှန့်ခွေယိုင်လုနီးပါးဖြစ်နေခဲ့ရသည်။
ပြေးချင်ပေမယ့်၊ ထွက်ပြေးလိုက်ချင်ပေမယ့်
သူ့ကိုလှုပ်ရှား၍မရအောင်
အားတစ်မျိုးက ဖိနှိပ်ထားသည်မို့
အော်ဟစ်အကူအညီတောင်းရန်သာ
သူကြိုးစားလိုက်ရတော့သည်။

"ကယ်.....ကယ်.....ကြပါ...."

မျက်ရည်တွေကြားကနေ အော်ဟစ်အကူအညီတောင်းရသည်မို့
စကားသံတွေကပြတ်တောင်းပြတ်တောင်းနှင့်သာ
ထွက်ပေါ်လာခဲ့သည်။
သို့ပေမယ့် တစ်စုံတစ်ယောက်ကတော့
သူ့အသံကိုကြားလိုက်သည့်နှယ်၊
ရွှေရောင်စွမ်းအင်မျှင်တန်းလေးများကို
သူ့ပတ်လည်သို့‌ပေးပို့လာ၏။

ထိုရွှေရောင်စွမ်းအင်များက သူ့ကိုဖိနှိပ်ထားသည့်
အရာတွေကိုသနားညှာတာမှုကင်းမဲ့စွာ
တိုက်ခိုက်‌နေ‌ပေမယ့် အနိုင်တော့မရရှိလိုက်ပါ။
အဘယ်ကြောင့်ဆိုသော် ထိုစွမ်းအင်တွေကို
သူ့ကိုယ်ထဲမှထွက်လာသည့် အပြာရောင်စွမ်းအင်တွေက
တန်ပြန်တိုက်ခိုက်နေလို့ပါပဲ။
ကျင်းမှာ မိုး‌ပေါ်ကကျလာတဲ့‌
‌မျှော်လင့်ချက်ရောင်ခြည်တန်းလေးကို
ဆုံးရှုံးလိုက်ရသည့်နှယ်
ဝမ်းနည်းအားငယ်စွာနှင့် မြေပြင်ပေါ်မှာဒူးထောက်ထိုင်ချလိုက်ပြီး
ငိုကြွေးမိပြန်၏။

သူ့ကိုကယ်တင်နိုင်မယ့်သူဆိုတာ
မရှိတော့ဘူးလားလို့အော်ဟစ်မေးလိုက်ချင်ပေမယ့်
သူတကယ်အော်ဟစ်လိုက်မိသည်က

"ကယ်ကြပါ"

ဟူသည့်စကားတစ်ခွန်းသာ။။။။။
သူအော်ခဲ့သည်။ အကြိမ်ပေါင်းမြောက်မြားစွာ
အော်ဟစ်အကူအညီတောင်းခဲ့သည်။
သို့ပေမယ့် သူ့ကိုကူညီမည့်လက်တစ်စုံဟာ
ဘယ်လိုအကြောင်းပြချက်နှင့်မှ
ထွက်ပေါ်လို့မလာခဲ့ပါ။
နောက်ဆုံးမှာတော့ ခြောက်လှန့်သံတွေနှင့်
ဖိနှိပ်ချုပ်ခြယ်ထားသည့်အားတွေကို
မခုခံနိုင်တော့သောကြောင့်
ခြေကုန်လက်ပန်းကျကာ
မြေပေါ်သို့ပစ်လဲကျသွားရလေပြီ။

အော်ဟစ်အကူအညီတောင်းခံဖို့လည်း
သူမဝံ့ရဲတော့ပါ။ သူအော်နေလည်း
ဘယ်သူမှအဖက်မလုပ်တော့
ဘာကြောင့် အကူအညီတောင်းခံနေရတော့မှာလဲ။
နာကျင်စွာနှင့်ပင် သွေးအိုင်ထဲမှာလဲကျနေတဲ့
နတ်ဘုရားဆီသူအားတင်းပြီး
လှည့်ကြည့်လိုက်မိပြန်သည်။
စာနာသောအားဖြင့်ပေါ့။။။။။။။

သွေး‌တွေနှင့်ရှုပ်ထွေးနေသည့်ဆံပင်တွေကြားမှာ
လှစ်ခနဲပေါ်လာသည်က မျက်ဝန်းတစ်စုံ။
အရောင်တလဲ့လဲ့နှင့် သနားစဖွယ်အတိပြီးနေတဲ့
မျက်ဝန်းတွေထဲက သွေးမျက်ရည်တွေစီးကျနေသည်မှာ
တစ်စက်စက်နှင့်။
ခြောက်ခြားဖွယ်အတိပြီးနေသော အလောင်းကောင်ကြီးပမာ။

ကြည့်နေရင်းမှာပင် အနီရောင်ပန်းပွင့်တွေနှင့်
အလှဆင်ထားသည့်နှယ် ရုပ်ဆိုးအကျည်းတန်လှသည့်
ဝတ်ရုံကိုဝတ်ဆင်ထားသည့် နတ်ဘုရား တစ်ဖြစ်လဲ
အလောင်းကောင်ကြီးမှာ တလှုပ်လှုပ်နှင့်
ကုန်းထလာခဲ့သည်။ မျက်သားတွေမှာ ဖြူဖွေးနေသည်မို့ သွေးကြောအနီရောင်တွေက
အထင်းသား။ လက်နှစ်ချောင်းက အရိုးမရှိတော့သည့်နှယ်တွဲလောင်းကြီးကျနေသည်မို့
ရှည်လျားလှတဲ့ ဆံပင်တွေကိုအသုံးပြုပြီး
သားကောင်ကိုလိုက်လံရှာဖွေနေ၏။
ကျင်းမှာ အကူအညီရလိုရငြား၊
ဘေးမှာရှိနေသည့် သူနှင့်တစ်ထေရာတည်းတူတဲ့
နတ်ဆိုးကြီးကို လှမ်းကြည့်လိုက်မိသည်။

'ကံဆိုးချင်လျှင် ၊ အတွဲလိုက်ကြီး' ဆိုသည့်စကားက
မှန်‌နေပြီထင်ပါရဲ့။ အရှေ့က အလောင်းကောင်ကြီးကိုကြောက်လို့
ဘေးကလူကိုအားကိုးကာမှ၊
သူကပါ အလောင်းကောင်ကြီးဖြစ်နေသတဲ့လေ။

"ရှစ်ဇွင်း.....ကျွန်တော့်ကို....ကယ်ပါဦး"

မျက်လုံးတွေကိုမှိတ်ချလိုက်ပြီး နာမည်တစ်ခုကို
တိုင်တည်ကာ အကူအညီတောင်းခံမိ၏။
တစ်ဖက်မှကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ၊
သူဂရုမစိုက်လှပါ။ နောက်ဆုံးအနေနှင့်
သူသိပ်မြတ်နိုးရသည့်နာမ်စားလေးကို
ခေါ်ခွင့်ရသွားဖို့သာမျှော်လင့်ပါ၏။

သို့ကြောင့်

"ရှစ်ဇွင်း!!!!"

ဟုသာ ထပ်မံရေရွတ်လိုက်မိသည်။
နှုတ်ဆက်သည့်အနေနှင့် ခေါ်လိုက်သည်ဆို၍လည်း
မှတ်ယူနိုင်ပါ၏။

ဖြစ်ချင်ရာဖြစ်ပါစေတော့ဟု နှလုံးသွင်းကာ
အရာရာကိုလက်လျော့တော့လိုက်ဖို့
ကြံရွယ်ပေမယ့်
ကံကြမ္မာကရက်စက်သည်။ သူ့ကိုညင်ညင်သာသာနှင့်သေခွင့်မပေးပဲ
အလေးတုံးကြီးတစ်တုံးနှင့် ပိသေစေသည်။

"ဘုန်း!!!"

"အင့်!"

အလွန်လေးလံလှသည့် ပျော့စိစိအိတ်ကြီးတစ်အိတ်က
သူ့အပေါ်မညှာမတာ ပြုတ်ကျလာတော့
ကျင်း ငြီးငြူမိချေပြီ။
တစ်ဆက်တည်းဆိုသလိုပင် ငြီးငြူသည့်အနောက်မှာ ကျိန်ဆဲသံလေးက ကပ်လျက်လေးအပြေးအလွှား
လိုက်ပါလာခဲ့သည်မို့၊ ပါးစပ်ပြန်ပိတ်ချိန်လေးပင်
မရလိုက်ပါ။

"ဘယ်သေနာကောင်က ငါ့အပေါ်လာဖိနေတာလဲဟ"

"..........."

ကျင်းမှာ သူ့အပေါ်ပြုတ်ကျလာသည့်အထုပ်ကြီးကို
ကြည့်ရင်း မိုးကြိုးအချက်တစ်ရာလောက်
တစ်ပြိုင်နည်းအပစ်ခံလိုက်ရသည့်နှယ်
ခံစားလိုက်ရတော့သည်။
ပြောသင့်တာရော၊ မပြောသင့်တာရော
ပြောလိုက်မိပြီမို့ သူ့အသက်ကတကယ်ကိုအာမခံချက်ရှိနိုင်တော့မည်မဟုတ်ပါ။

အဘယ်ကြောင့်ဆိုသော်
‌'သေနာကောင်' လို့ သူကျိန်ဆဲလိုက်မိသည့်သူက
ရှင်းဖြစ်နေသည်လေ။

ရှင်းက ညာလက်ကိုအ‌နောက်ဘက်သို့ဆန့်တန်းထားပြီး
အငွေ့လှိုင်လှိုင်ဝေ‌နေ‌သော
ရှင်းရာကိုဆုပ်ကိုင်ထားခဲ့သည်။
ဘယ်လက်ကတော့ ကျင်းရဲ့ခေါင်းကိုမြေပြင်ပေါ်ကနေ
ကြွသွားအောင် ဖွဖွလေးပွေ့ယူထားသည်။
သို့ပေမယ့် သူ့တစ်ကိုယ်လုံးကတော့
ကျင်းရဲ့ရင်ဘတ်ပေါ်မှာ ဒူးတစ်ဖက်ထောက်ရက်
အနေအထားနှင့်ရှိနေခဲ့သည်။

"ရှစ်.....ရှစ်ဇွင်း...."

မယုံတစ်ဝက်၊ ယုံတစ်ဝက်နှင့်တုန်ရီစွာ
ခေါ်လိုက်‌ပေမယ့် သူ့အသံကကျယ်လောင်လှသော
အသံတစ်ခုရဲ့ဖုံးလွှမ်းခြင်းခံလိုက်ရတာကြောင့်
ထွက်ပေါ်လာခြင်းမရှိခဲ့ပါ။
ကျင်းက အသံလာရာဆီအကြည့်လွှဲလိုက်မိစဉ်၊
တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်
အေးခဲသွားရတော့သည်။

ရှင်းရာဓားက နှစ်ခြမ်းကွဲသွားပြီး
အလောင်းကောင်တစ်ကောင်ဆီ၏ ရင်ဝမှာစိုက်နေခဲ့သည်လေ။
ထိုလှုပ်ရှားမှုမှာ ပိရိသေသပ်ကာ တိကျလှပေမယ့်
ရှင်းက ကျောခိုင်းထားရက်နှင့်ပင် ၊
မျက်လုံးတွေကိုကျင်းဆီကလုံးဝမလွှဲပဲ
အသုံးပြုသွားခြင်းဖြစ်သည်။
တကယ်ကို အတွက်အချက်တော်ပြီး၊
ဓားကိုကောင်းမွန်စွာကိုင်တွယ်နိုင်သည်ဆိုတာကို
တစ်ကြိမ်တည်းနှင့် လက်တွေ့ပြသွားခြင်းပင်။
ရှင်းရာနှင့်ထိုးစိုက်ခံလိုက်ရသည့်
အလောင်းကောင်တွေမှာတော့
မီးဖွားတွေအဖြစ်သို့သာ၊ ပျောက်ကွယ်သွားခဲ့သည်။

ကျင်းမှာ အခုထိသူ့ခန္ဓာကိုယ်ပေါ်ကနေ
မဆင်းသေးသည့် ရှင်းကြောင့်
စိတ်တည်ငြိမ်အောင်ပြုလုပ်နိုင်စွမ်းမရှိသလို
ခံစားလာရ၏။ သို့ကြောင့် စိတ်ပြောင်းစေရန်အလို့ငှာ
ရှင်းကိုစကားလမ်းကြောင်းလွှဲလိုက်မိတော့သည်။

"ဟီးးးး ရှစ်ဇွင်း ဘယ်လိုရောက်လာတာလဲဟင်"

ရှင်းက လက်ကိုမရုတ်သိမ်းသလို၊ ကျင်းအပေါ်မှာ
ဒူးတစ်ဖက်ထောက်ပြီးထိုင်နေမိသည့် ကိုယ်နေဟန်ကိုလည်း မပြင်ပဲပြန်ဖြေလာ၏။

"ဒီသေနာကောင်ကြီးက
သူ့တပည့်ကိုပါ အတူသေဖို့လာခေါ်တာ‌လေ"

"........."

ကျင်းမှာ ပြောစရာစကားများပျောက်ဆုံးသွားရ၏။
သူက ဘာရယ်မဟုတ်ပြောလိုက်သည်ကို
ရှစ်ဇွင်းက တကယ်ထင်နေသတဲ့။
ကလေးဆန်လွန်းသည့်ရှစ်ဇွင်းပါလေ။။။။။

ကလေးဆန်သည်ဟုသာပြောနေရတာ၊
ရှင်းရဲ့အသွင်က ဘယ်လိုရှုထောင့်ကနေ
ကြည့်ပါစေ၊ တည်ငြိမ်ရင့်ကျက်နေစမြဲပင် ။
စူးရဲနေသည့်မျက်ဝန်းတစ်စုံနှင့်ဓားသွားလို
ချွန်မြနေသည့်မျက်ခုံးစွန်းနှစ်ဖက်။
အဆီပိုမရှိကျစ်လစ်လှသည့် ခန္ဓာကိုယ်နှင့်
ရှည်လျားလှသည့်အရပ်အမောင်းတို့နှင့်။
တစ်ချက်လောက်ကြည့်လိုက်ရုံနှင့်
ရှိန်သွားစေလောက်သည့် အရောင်အဝါတွေနှင့်
ပြည့်နှက်နေသည့် သူပါလေ။

ထိုစဉ်။။။။။။။။
တစ်စုံတစ်ခုကို သတိထားမိသွားသည့်နှယ်
ကျင်းရဲ့မျက်ဝန်းတို့ဟာ အံ့ဩမှုကြောင့်ပြူးကျယ်သွားရပြီး
ရှင်းရဲ့ခါးကိုသိုင်းဖက်ထားမိသည့်
သူ့လက်တွေဟာလည်း ရပ်တန့်သွားခဲ့သည်။

သူတို့နှစ်ယောက်ထိကပ်နေသည့်အစိတ်အပိုင်းမှ
လာနေသည့် အနွေးဓာတ်များမှာအိပ်မက်မဆန်သလို၊
စိတ်ကူးယဉ်အိပ်မက်တစ်ခုလည်းဖြစ်မနေခဲ့ပါ။
‌သွေးခုန်နှုန်းဟူသည်စိုးစဉ်းမျှမရှိသည့်
ရှင်းရဲ့ခန္ဓာကိုယ်ကို
သူထိနေပေမယ့် ရှင်းကအခုထိ
ကန်ထုတ်ခြင်းလည်းမရှိသေးသည့်အပြင်
ဓားနှင့်လည်း နုတ်နုတ်မစင်းပစ်သေးတာက
အတော်ပင်ထူးဆန်းလို့နေသည်။

ရုတ်တရက်ရွာသွန်းလာသည့်မိုးရေစက်တွေသည်
ရှင်းရဲ့နဖူးပြင်တစ်လျှောက်စီးဆင်းလာပြီး
နှာသီးဖျားလေးမှာအဆုံးသတ်၏။
ထိုနောက်မှာတော့ ကျင်းရဲ့နှုတ်ခမ်းပေါ်သို့
တစ်စက်ပြီးတစ်စက်
အလုအယက်ခုန်ဆင်းသွားကြတော့သည်။
တခြားရှုထောင့်ကကြည့်မည်ဆိုပါက
ရှင်းရဲ့လုံးဝန်းနေသည့်နှာသီးဖျားလေးကို
ကျင်းက သွယ်ဝိုက်သောနည်းဖြင့်နမ်းရှိုက်နေသယောင်။

ရှင်းမှာ ခြေဖဝါးအောက်မှာရှိနေသည့်
အရာတစ်ခု၏တဒိတ်ဒိတ်တုန်ခါ‌‌နေမှု‌ကြောင့်
မျက်လွှာအသာချပြီး ကြည့်လိုက်မိ၏။
အနက်ရောင်ဘွတ်ဖိနပ်အောက်မှာရှိနေသည်က
ကျင်းရဲ့ဘယ်ဘက်ရင်အုံက နှလုံးသားရှိသည့်နေရာ။
ထူးဆန်းစွာပင် ထိုနေရာကတုန်ခါမှုသည်
သူ့ဖိနပ်ကိုဖြတ်သန်းပြီး သူ့သွေးကြောတွေအထိပါစီးဝင်လာခဲ့သည်။
ထိုမှတစ်ဆင့် နှလုံးသားဆီသို့။။။။။။။

နှစ်ယောက်သားမှာ အိပ်မက်နယ်မြေထဲရောက်နေသည်ကိုလည်း
သတိမထားမိတော့သလို၊ အငြိုးကြီးစွာရွာသွန်းနေသည့် မိုးရေစက်တို့ကိုလည်း
ဂရုမပြုမိကြတော့ပါ။ သူတို့ရဲ့နှလုံးသားတွေကတော့
မိုးနှင့်အတူ ငြိမ်သက်ခြင်းကင်းမဲ့စွာ
သားရဲတစ်ကောင်လိုအရိုင်းဆန်နေ၏ ။

ငယ်ရွယ်လှသည့် ကျင်းရဲ့စိတ်တွေဟာ
သူရဲ့မျက်လုံးနှင့်တစ်တန်းတည်းရှိနေသည့် ရှင်းရဲ့လည်တိုင်နုနုပေါ်မှာ တဝဲလည်လည်လုပ်နေသည့်
စွန်ရဲတစ်ကောင်နှယ်။ သနပ်ခါးပန်းရနံ့သင်းနေသည့်လည်တိုင်ကျော့ကျော့မှာ မျက်နှာအပ်ပြီး ခုနတုန်းကမည်မျှကြောက်လန့်နေခဲ့ရကြောင်း
ငိုကြွေးရင်း ရင်ဖွင့်ချင်မိလှသည်။
သို့ပေမယ့် သူအဲ့ဒီလိုအပြုအမူမျိုးဘယ်တော့မှ
လုပ်လိမ့်မည်မဟုတ်ပါ။
ရှင်းရဲ့ခွင့်ပြုချက်မရပဲနှင့် ကိုယ့်ဆန္ဒကိုဘယ်တော့မှရှေ့တန်းတင်မိတော့မည်မဟုတ်ပါ။

ဘာကြောင့်လဲဆိုတော့
သူ့ရင်ထဲမှာ ရှင်းကိုတကယ်တန်ဖိုးထားပြီး
ချစ်မြတ်နိုးနေပြီဆိုတာ သူသဘောပေါက်သွားလို့ပါပဲ။
အရင်တုန်းကတော့ ရှင်းကိုချစ်တာလား၊မချစ်တာလားဟု
သူဒွိဟဖြစ်နေခဲ့သေးသည်။
ယခုချိန်မှာတော့ အရာရာဟာ ကန်ရေပြင်ထက်မှာ
ငွားငွားစွင့်စွင့်ပွင့်နေသည့် ကြာပန်းများလိုပင်
ထင်ရှားလို့လာခဲ့ပြီမို့
ရှင်းကိုဘယ်လောက်အထိ ရင်ထဲမှာနေရာပေးထားပေးသလဲဆိုတာ
သူသိသွားခဲ့ပါပြီ။

ရင်ခုန်သံတစ်ချက်ချင်းစီကတော့

' ရှစ်ဇွင်း....ရှစ်ဇွင်း '

ဟုမြည်နေကြောင်း သူ့ကိုအသိပေးနေခဲ့ပါရဲ့။
သူသာသတိမထားမိခဲ့တာပါလေ။။။။။။။

ကျင်းရဲ့ ရင်တွင်းခံစားချက်တွေကိုမရိပ်မိရှာသော
ရှင်းမှာ ကျင်း ကြောက်လွန်း၍ ရင်တုန်နေသည်ဟုသာ
ထင်မှတ်သွားခဲ့၏။ သို့ကြောင့် ကျင်းရဲ့အပေါ်မှဆင်းလိုက်ကာ
လက်တစ်ဖက်ကို ကမ်းပေးလိုက်သည်။
ဒီတစ်ကြိမ်မှာတော့ သူ့လက်ကရွှေကြိုးလေးတွေကို
ကျင်းထိလုထိခင်လေးမှာ အပြောင်းအလဲတစ်ခုကို
ဖန်တီးပေးလိုက်မိ၏။ ၎င်းမှာတခြားတော့မဟုတ်ပါ။
ကျင်းရဲ့လက်ကို တင်းကျပ်စွာဆုပ်ကိုင်ပြီး
တစ်ဆက်တည်းဆွဲထူလိုက်ကာ သူ့ရင်ခွင်ထဲဝင်ရောက်ခွင့်ပြုလိုက်တာပါပဲ။

ရှင်းက ကျင်းရဲ့ခေါင်းပေါ်မှာမေးဖျားကို
မသိမသာတင်ရင်း လက်တစ်ဖက်နှင့်
ကျောပြင်ကိုခပ်ဖွဖွပွတ်သပ်ပေးလိုက်၏။
သူ့မှာ ကလေးတွေနှင့်ပတ်သတ်ပြီး
အတွေ့အကြုံမရှိလှ‌ပေမယ့်
ချော့မြှူသည့်အခါ ဤသို့ပြုမူရ‌ကြောင်း
ဟွားရန်(နတ်ဘုရားအကြီးအကဲ၊ တစ်ချိန်တုန်းက
ရှင်းရဲ့အချစ်ရဆုံးတပည့်) ပြောဖူး၍ သိသင့်သလောက်သိထားသည်လေ။
သို့ကြောင့် ကျင်းကြောက်နေသည်အထင်နှင့်
‌ထိုသို့အားပေးနှစ်သိမ့်လိုက်ခြင်းဖြစ်သည်။

သူကသာစေတနာဗလာပွနှင့် နှစ်သိမ့်ပေးနေပေမယ့်
ကျင်းမှာတော့ သူ့ကိုကလေးလိုပြုမူသည်ဆိုပြီး
စိတ်မအီမသာနှင့် တအီအီအော်ဟစ်ချင်စိတ်ပေါက်သွားရလေသည်။
တိတ်တခိုးချစ်နေရသူက ကိုယ့်ကိုကလေးပိစိနှယ်
သဘောထားလိုက်သည်ဆိုတဲ့
ခံစားချက်က မခံချိမသာနှင့်ယူကြုံးမရဖြစ်စေသည်။
ထို့ကြောင့် ကျင်းမှာနောက်တစ်လအသွင်ပြောင်းသည့်အခါကျရင် ရှင်းထက်ကျယ်ပြန့်သည့်ရင်အုံ၊ ပိုမိုမြင့်မားသောအရပ်နှင့် ခန့်ညားသောအသွင်ကို
ပိုင်ဆိုင်ခွင့်ရပါစေဟုသာ အကြိမ်ကြိမ်ဆုတောင်းနေမိတော့သည်။
သို့မှသာ ရှင်းအားကိုးချင်စရာကောင်းသည့်
သူတစ်ယောက်ဖြစ်လာမှာမဟုတ်ပါလား။။။။။

အတွေးတွေနှင့်ပြုံးနေမိစဉ် နဖူးပေါ်ရောက်လာသည့်
လက်ဆစ်လေးတွေကြောင့် ကျင်းမျက်ရည်ဝိုင်းသွားရသည်။

"ကျွန်တော်ဘာလုပ်လို့လဲ ရှစ်ဇွင်းရဲ့......"

နဖူးလေးပွတ်ပြီး ငိုမဲ့မဲ့နှင့်မေးလာသည့်ကျင်းကို
ကြည့်ပြီး ရှင်းရယ်ချင်စိတ်ကိုအနိုင်နိုင်မြိုသိပ်ထားရ၏။
သူ့ကိုယ်သူ မွေးခါစကလေးဟုထင်နေသလားမသိသည့်
ကျင်းရဲ့ချွဲနွဲ့ချိန်တိုင်းတွင် သူ့ရင်ထဲမှာအမြဲဖြစ်ပေါ်လာတတ်သည်က
ဟာသဆန်မှု။။။။။။

ခေါင်းကိုဖြည်းညင်းစွာယမ်းလိုက်ပြီး၊ စည်းနှောင်ထားခြင်းမရှိသည့်ဆံနွယ်ရှည်တွေကို
ရှင်းက လက်တစ်ဖက်ဖြင့်သပ်တင်လိုက်သည်။
သဘာဝအတိုင်းဖြန့်ကျက်ခံထားရသော ဆံပင်တွေကြားမှာ
ယခင်ကအလှဆင်ထားသည့်ကျစ်ဆံမြီးအသေးလေးတွေက ဟိုတစ်စ၊ ဒီတစ်စပေါ်နေသည်မို့
အတော်လေးရင်သပ်ရှုမောဖွယ်ဖြစ်နေသေးသည်။

ဘယ်အချိန်ဖြစ်နေပါစေ၊ အလှအပနှင့်ဝေးကွာသည်မရှိသော
ရှင်းကိုကြည့်ရင်း လည်ချောင်းတွေခြောက်ကပ်လာသည်ဖြစ်၍
ကျင်း ခေါင်းငုံ့ကာ ဟန်လုပ်ရယ်မိ၏။
သို့သော် ကမ္ဘာဦးကတည်းက သုံးလောကမှာကျင်လည်နေခဲ့သည်မို့
အနှီရယ်သံကြီးရဲ့ အဓိပ္ပာယ်ကို
ခန့်မှန်းမိနေသည့် ရှင်းမှာ မရယ်ပဲမနေနိုင်တော့ပါလေ ။
သို့ကြောင့် နှုတ်ခမ်းကိုဖိကိုက်ခြင်းဖြင့်သာ
ထိန်းချုပ်လိုက်ရတော့သည် ။

သူကဆိုသည်။

"မင်း ဒီလိုသာကြောက်တိုင်းငိုနေမယ်ဆိုရင်
ဘယ်လိုရှေ့ဆက်သွားမှာလဲ"

"........"

"ဒီဆရာက မင်းကိုနေ့တိုင်းသင်ပေးနေခဲ့တာတွေကို
ငိုဖို့တစ်ခုတည်းမှာ အသုံးချခွင့်ပြုထားတာလား"

"အင်း"

"ဘာ"

ရှင်းအံ့ဩသွားရလေပြီ။ မျက်ခုံးတွေတွန့်ကွေးနေအောင်
စဉ်းစားခဲ့ပေမယ့် ဘယ်တုန်းကများအဲ့ဒီလို
သင်ကြားပေးခဲ့မိလဲဆိုတာသူသတိမရပါချေ။
ကျင်းနှင့်ပြန်ဆုံပြီး‌တဲ့နောက်ပိုင်း၊
အမြဲတစေဒဏ်ရာရနေခဲ့သည့်အတွက်
သင်ခန်းစာတွေကို ပြောင်းပြန်သင်ပေးခဲ့မိတာများလား၊
သူတွေးရချေပြီ။
သို့သော် ဤသည်က လုံးဝကိုယုတ္တိမရှိတန်ရာ။
အရင်ချိန်တွေတုန်းကဆိုရင်
သေလုမြောပါးဖြစ်နေတဲ့ခန္ဓာကိုယ်နဲ့တောင်
ကျင်းကိုသတ်နိုင်ဖို့ စိတ်တွေစုစည်းနိုင်ခဲ့‌သေးသည်မဟုတ်လား။
အခုတလောရနေတဲ့ဒဏ်ရာတွေက
အဲ့ဒီတုန်းကနှင့်ယှဉ်ရင်
သိပ်အရေးတယူလုပ်နေစရာတော့ မလိုအပ်ပါလေ။

သို့ပေမယ့် လက်ရှိအခြေအနေကိုလည်း
ဥပက္ခာပြုထား၍မဖြစ်သည်မို့
စဉ်းစားစရာများကိုဖယ်ထားလိုက်ပြီး
ကျင်းကိုသာ သတိပေးစကားဆိုလိုက်ရ၏။

"ဘာပဲဖြစ်ဖြစ်....အခုကစပြီးငါပြောတဲ့အတိုင်း
တသွေမသိမ်းနားထောင်ရမယ်....
နားလည်ရဲ့လား"

"အွန်း.... "

ရှင်းက သူ့အဖြေကိုသ‌ဘောကျစွာ
ခေါင်းငြိမ့်ပြကာ အသိအမှတ်ပြုလိုက်ပြီးနောက်
ရှင်းရာကိုခါးမှာချိတ်ဆွဲလိုက်သည်။ ထိုနောက် အရှေ့စူးစူးအရပ်သို့မျက်နှာမူကာ
မျက်လွှာအသာချပြီး ညာလက်ကိုအနည်းငယ်မြှောက်သည်။

ထိုခဏ၌ ထူးဆန်းစွာပင်
အမည်းရောင်မိစ္ဆာအ‌ငွေ့အသက်အများအမြားက
ရှင်းဆီကိုပြေးဝင်လာပြီး တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားခဲ့သည်။
သစ်တော်ပန်းလေးတွေအပေါ်လေပြေတစ်ချက်
ဝေ့သွားသည့်နှယ်၊ နူးညံ့ညင်သာကာ
ငြိမ့်ငြောင်းလှ၏။
မသိလျှင် သခင်ဖြစ်သူကိုမတွေ့ရသည်မှာ
ကာလကြာငြောင်းလှပြီမို့
နွေးထွေးစွာပွေ့ဖက်လိုက်သည့်အလား။

ရှစ်ဇွင်းက မိစ္ဆာတစ်ကောင်လား???

ထိတ်လန့်သွားတဲ့အသိနှင့်အတူ
ကျင်းမှာ ရှင်းနှင့်ပတ်သတ်ပြီးသံသယအမြောက်အမြား
ရှိလာခဲ့သည်။
သို့သော် သူမမေးဖြစ်ခဲ့ပါ။
ဒီအခြေအနေမှာ သူ့အရှေ့ကရပ်နေသူက
မိစ္ဆာတစ်ကောင်ဖြစ်နေလည်း
ပြန်လည်ခုခံနိုင်မှာမဟုတ်သည်မို့
အလိုက်အထိုက်သာ ဆက်ဆံဖို့ရှိသည်လေ။

မိစ္ဆာအငွေ့အသက်တွေက
ရှင်းရဲ့အလုအယက်
နှုတ်ဆက်ပြီးသည့်နောက်မှာတော့
ပြန်လည်ပျောက်ကွယ်ခြင်းဖြင့်
အဆုံးသတ်သွားခဲ့သည်။
သို့သော် ကောင်းသောအဆုံးသတ်ခြင်းနှင့်တော့မဟုတ်ပေ။

ရှင်းရဲ့မျက်လုံးတွေက နီဆွေးဆွေးအရောင်တလက်လက်နှင့်
နှုတ်ခမ်းအောက်မှာ ရှိနေတဲ့အစွယ်တွေကို
လက်ပြနှုတ်ဆက်နေသယောင်။
ခါးအထိသာကျန်တော့သည်ဆံပင်တွေက
ခပ်မြင့်မြင့်စည်းနှောင်ခံလိုက်ရပြီး
ငွေရောင်ဆံချိတ်တစ်ခုဖြင့် အလှဆင်ခံထားရသည်။
အနက်ရောင်နှင့်ငွေရောင်ရောနှောနေသည့်
ဝတ်ရုံက ကျစ်လစ်တဲ့ကိုယ်ပေါ်မှာ ကွက်တိကျလျက်။။။။။။

နတ်ဆိုးဘုရင် ဟုန်လင်ကျင်း?????

ကျင်းမှာမြင်လိုက်ရသည့်ပုံရိပ်ကိုမယုံနိုင်စွာ
ငေးကြောင်ကြည့်နေမိသည်။
သူ့အရှေ့မှာရှိနေသည့်ရှင်းရဲ့အသွင်က
ကောင်းကင်တိုက်ပွဲအကြောင်း
မှတ်တမ်းတင်ထားရာ ချင်းဟယ်ခန်းမအလယ်မှာရှိနေသည့်
နတ်ဆိုးဘုရင် ဟုန်လင်ကျင်း၏အသွင်နှင့်
ထပ်တူကျနေခဲ့သည်။။။။။။။။။


© Sun Elf,
книга «The truth untold».
Коментарі