Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 16
စန႔္စိမ္းနန္းေတာ္၏ ‌အေနာက္ဘက္ပန္းဥယ်ာဉ္ထဲမွ
ပ်ံ့လြင့္လာေသာ ပုေလြသံမွာ
သာယာၿငိမ့္ေျငာင္းစြာ၊ ေလထဲတြင္ကခုန္ေနသၫ့္
ငွက္ကေလးတစ္ေကာင္ႏွယ္။

ေက်ာက္စိမ္းျဖဴပုေလြေလးရဲ့အဖ်ားတြင္
အလွဆင္ထားသၫ့္ ေငြ‌ေရာင္‌ေဗဒါပန္းမ်ားမွာ
တီးမႈတ္ေနသူ၏ ဦးေခါင္းထက္ရိွ
ဆံၫွပ္ကေလးႏွင့္တစ္ထပ္တည္းပင္။
သြယ္ေျပာင္းလွပသၫ့္ဖေယာင္းလက္ကေလးမ်ားကို ပုေလြေပၚမွာကြၽမ္းက်င္စြာ
ေရြ ့လ်ားေစရင္း ခပ္လွမ္းလွမ္းရိွေရကန္ထဲမွ
ေရမ်ားကိုအသြင္အမ်ိဳးမ်ိဳးျဖင့္
‌ေျပာင္းလဲေန‌ေစသၫ့္
သူ႔မ်က္ႏွာထက္တြင္ ပူေဆြးမႈအတိၿပီးလ်က္။

‌မီးနတ္ဧကရာဇ္ေၾကာင့္ ေသဆံုးသြားသၫ့္
သူ႔ရဲ့မ်ိဳးႏြယ္စုမ်ားကို
ပုေလြသံေလးနဲ႔ႏႈတ္ဆက္ရံုမွလြဲ၊
သူဘာမ်ားလုပ္ႏိုင္ပါေတာ့မည္နည္း။


ပုေလြသံေနာက္ကိုလိုက္ရင္း နဂါးတစ္ေကာင္လို
ယိမ္းႏြဲ႔ေနသၫ့္ၾကည္လဲ့လဲ့ေရစီးေၾကာင္းေလးမ်ားကေတာ့ သူ႔ရင္ထဲကခံစားခ်က္ကိုနားလည္ႏိုင္မယ္ထင္ပါရဲ့။

ရန္သူကိုမတိုက္ခိုက္ခ်င္ေတာ့သၫ့္
သူ႔ခံစားခ်က္ကိုေလ။
ေနြဦးပန္းေလးမ်ားလို အပင္ေပၚမွာပြင့္လန္းေနသၫ့္
အခိုက္အတန႔္ကိုဆုပ္ကိုင္ထားခ်င္သၫ့္စိတ္။
ထိုတစ္ခဏမွာ သူ႔စိတ္ေတြသည္
ခ်ည္လံုးေပၚတြင္မညီမညာတုပ္ေနွာင္ခံထားရသၫ့္
ႀကိဳးစမ်ားႏွယ္ရႈပ္ေထြးခဲ့ရေခ်ၿပီ။

ပုေလြကိုျပန္သိမ္းရင္း စိတ္စြမ္းအင္ျဖင့္
သူ႔ေဘးပတ္လည္ကေရစြမ္းအင္မ်ားကို
ျပန္လည္ထိန္းခ်ဳပ္လိုက္ကာ
သက္ျပင္းေျမ့ေျမ့ခ်မိ၏။
နတ္ဧကရာဇ္တစ္ပါးက
မနာလိုမရႈစိမ့္သၫ့္ စိတ္ကိုလက္ကိုင္ထားၿပီး
လူ႔ေလာကႀကီးကိုရႈပ္ေထြးေအာင္
လုပ္မိသည္တဲ့။
ရာဇဝင္မွာ အမည္းစက္ထင္က်န္ေစမၫ့္
လုပ္ရပ္မ်ိဳးပါေလ။

ထို႔ျပင္ မိမိ၏လက္ေအာက္ငယ္သားမ်ားကိုပါ
ျပန္လမ္းမဲ့သၫ့္ေသဆံုးျခင္းနယ္နိမိတ္စည္းကို
ျဖတ္ေက်ာ္ေစမိေသးသည္။
ဘယ္ေလာက္ေတာင္ တာဝန္မဲ့လိုက္သၫ့္
ဧကရာဇ္တစ္ပါးပါလဲ။
ကိုယ္ေရးကိုယ္တာကိစၥေလးတစ္ခုအတြက္နဲ႔
မ်ားစြာေသာ အသက္ေတြကိုစေတးပစ္ခဲ့သတဲ့။

ေရနတ္ဧကရာဇ္မွာ သူ႔မွားယြင္းမႈကို
ျပန္ဆန္းစစ္ရင္းမ်ားစြာယူႀကံဳးမရျဖစ္ေနမိ၏။
မျဖစ္သင့္သၫ့္အမွားတစ္ခုကို
လူသိရွင္ၾကားက်ူးလြန္ခဲ့ၿပီးမွ
ေတာင္းပန္ရမည္ကိုလည္း
ဝန္ေလးလွသည္။

သို႔ျဖစ္၍ သက္ျပင္းေတြသာအလီလီခ်ကာ
ေသဆံုးသြားသၫ့္ဝိဉာဉ္မ်ားအတြက္
မည္သို႔ေသာႏွစ္သိမ့္မႈမ်ိဳးေပးရပါ့မလဲဟုသာ
စဉ္းစားေနမိေတာ့သည္။
ရက္ရက္စက္စက္ေသဆံုးသြားခဲ့ရသၫ့္
ဝိဉာဉ္မ်ားမွာ အၿငိဳးႀကီးလွသည္ျဖစ္ရာ
ေနာင္တစ္ခ်ိန္မွာ သူတို႔မ်ိဳးႏြယ္စုကို
အေနွာက္အယွက္ေပးလာႏိုင္သည္။
သူတို႔ၿငိမ္းခ်မ္းသြားေအာင္
လုပ္ေပးႏိုင္မၫ့္တစ္ခုတည္းေသာအရာက
ယစ္ပူေဇာ္ျခင္းပင္။

ထို႔ေၾကာင့္ ေရနတ္ဧကရာဇ္မွာပိုမိုေခါင္းစားလာရေတာ့သည္။
ေရဝိဉာဉ္မ်ားရဲ့အၿငိဳးေတြကို
ေျပေလ်ာ့ေစဖို႔ဆိုသည္မွာ
မီးနတ္ဧကရာဇ္ရဲ့အသက္နဲ႔သာ
ေခြၽးသိပ္ေပးႏိုင္မည္ေလ။

သူဘယ္လိုလုပ္ႏိုင္ပါ့မလဲ။
ေဒါသထြက္ေနစဉ္က ေရလႊမ္းမႈျဖင့္
ေလာကကိုကပ္ဆိုးေဆာင္ၾကည္းေပးခဲ့သည္
ဆိုေပမယ့္
ေသြးေအးသြားသၫ့္အခ်ိန္မွာ
ထိုသို႔ေသာအျပဳအမူမ်ိဳးကို
သူမလုပ္ရဲလွပါ။
ထို႔ျပင္ သူရင္ဆိုင္ရမည္က
မီးဧကရာဇ္တစ္‌ပါးထဲမဟုတ္ပဲ၊
သူ႔ရဲ့လက္ေအာက္မွာရိွေနသၫ့္
မီးမ်ိဳးႏြယ္စုမ်ားရိွေနေသးသည္။
မည္သူမဆို သူတို႔၏ဧကရာဇ္က္ုထိပါးလာလ်ွင္ေတာ့
ေနာက္ဆံုးလက္က်န္စြမ္းအင္ကိုပါသံုးၿပီး
တိုက္ခိုက္မည္မွာ ေျမၾကီးလက္ခတ္မလြဲပင္။

ဒါဆို သူဘယ္လိုလုပ္ရမည္နည္း။

စဉ္းစားရက်ပ္ေလၿပီ။

အသက္ျပင္းျပင္းရႈၿပီး တိမ္စိုင္ေတြကို
ထိုးခြင္းၿပီးေကာင္းကင္ေပၚတက္ဖို႔
ဆိုင္းျပင္းေနသၫ့္ ဟြာ့စန္းေတာင္ကိုျမင္ေတာ့
ေရနတ္ဧကရာဇ္မွာ ပိုမိုစိတ္ညစ္ၫူးသြားရ၏။
ထိုေတာင္ထြဋ္ေပၚမွာရိွသၫ့္
မီးပဒုမၼာနန္းေတာ္တြင္ မီးမ်ိဳးႏြယ္မ်ားေနထိုင္သည္မဟုတ္ပါလား။

နီရဲေနသၫ့္ၾကာနီပြင့္မ်ားကို
သစ္သားျဖင့္ျဖစ္ေစ၊ ေက်ာက္နီသားျဖင့္ျဖစ္ေစ၊
အႏုစိတ္ထြင္းထုၿပီး မီးအိမ္ေလးမ်ားသဖြယ္
ခ်ိတ္ဆြဲထားသၫ့္ မီးပဒုမၼာနန္းေတာ္မွာ
သံုးေလာကတြင္ အလွပဆံုးေသာ
နန္းေတာ္အျဖစ္ေျပာစမွတ္တြင္၏။

အထူးသျဖင့္ ထိုနန္းေတာ္၏အရွင္သခင္ျဖစ္သည့္
မီးနတ္ဧကရာဇ္ေၾကာင့္သာ ပို၍အသက္ဝင္‌ေနရျခင္းျဖစ္သည္ဟုဆို၏။
အဘယ္ေၾကာင့္ဆိုေသာ္ မီးနတ္ဧကရာဇ္မရိွေသးစဉ္က
မီးမ်ိဳးႏြယ္စုမ်ားမွာ ဟြာ့စန္းေတာင္ေအာက္ရိွ
လ်ိႈေျမာင္မ်ားၾကားတြင္သာေနထိုင္ခဲ့ရသည္။

ပါရမီအထံုရိွပါရက္ႏွင့္
အေသအခ်ာလမ္းျပေပးမၫ့္သူမရိွသၫ့္
မီးမ်ိဳးႏြယ္မ်ားမွာ တိုက္ခိုက္ေရးကို
အနည္းငယ္မ်ွပင္နားမလည္ခဲ့ပါေခ်။
ထို႔ထက္သာ၍ဆိုးသည္က
မီးမ်ိဳးႏြယ္မ်ားမွာ ထင္ေပၚေက်ာ္ၾကားလိုစိတ္မရိွဟု
အေၾကာင္းျပကာ တျခားေသာမ်ိဳးႏြယ္စုမ်ား၏
အႏၲရာယ္မွႀကိဳတင္ကာကြယ္သၫ့္အေနျဖင့္
ပုန္းေရွာင္၍ တိတ္တဆိတ္ရွင္သန္ခဲ့ၾကသည္ေလ။

သို႔ျဖစ္၍ ေၾကာက္စိတ္ဖံုးလႊမ္းေနသၫ့္မီးမ်ိဳးႏြယ္စုမ်ားမွာ
သူတို႔၏အရွင္သခင္ျဖစ္လာမည့္ မီးနတ္ဧကရာဇ္
မေပၚေပါက္လာခင္အထိ ၊
အသံုးမဝင္သၫ့္သူမ်ားအျဖစ္သာ
ရပ္တည္ႏိုင္သည္ျဖစ္ရာ
မီးပဒုမၼာနန္းေတာ္ကို တည္ေဆာက္ဖို႔ဆိုသည္မွာ
အိပ္မက္ထဲပင္ထၫ့္မမက္ႏိုင္ခဲ့သၫ့္
အရာတစ္ခုျဖစ္ခဲ့သည္။

သို႔ေသာ္ က်ဆံုးေနသူမ်ားတြင္လည္း၊ ေအာင္ျမင္မႈဆိုတာ
ရိွလာတတ္စၿမဲဟုဆိုသၫ့္စကားအတိုင္းပင္။
မီးမ်ိဳးႏြယ္စုမ်ားထံသို႔ ကံေကာင္းျခင္းလာဘ္တစ္ပါး
ေရာက္ရိွလို႔လာခဲ့သည္။

ဟြာ့စန္းေတာင္ထိပ္တြင္ သန႔္စင္သၫ့္မီးေတာက္တစ္ခု
ျဖစ္တည္လာျခင္း။။။။။။

ေက်ာက္နီျဖင့္ျပဳလုပ္ထားေသာၾကာနီပြင့္သ႑ာန္
ကလာဒ္တစ္ခု၊ ေအာက္ေျခတြင္ေရႊသားအတိၿပီးေသာ
ေထာက္တိုင္သံုးခုျဖင့္ ၾကာကလာဒ္ကို
ေထာက္မ‌ေပးထားသည္။
ထိုအထဲတြင္ေတာ့ သန႔္စင္သၫ့္မီးေတာက္တစ္ခု
ေတာက္ေလာင္လ်က္ရိွေနခဲ့သည္။

မီးမ်ိဳးႏြယ္စုမ်ားသည္ ေတာင္ထပ္သို႔တက္၍ပင္
မၾကၫ့္ရဲသည္မို႔ ေတာင္ေအာက္မွသာ
ေငးေမာၾကၫ့္ေနခဲ့ၾကသည္။
ထိုခဏ၌ရုတ္တရက္ဆိုသလို သူတို႔ျမင္ကြင္းထဲသို႔
ဝင္ေရာက္လာသည္က
အနီရဲရဲဝတ္ရံုကိုဝတ္ဆင္ၿပီး
နတ္လက္နက္သံုးပါးကိုကိုင္ေဆာင္ထားသၫ့္
နတ္ဘုရားတစ္ပါး။။။။။။

ဟုတ္ပါသည္။ ထိုနတ္ဘုရားမွာ
မီးနတ္ဧကရာဇ္ျဖစ္လာမၫ့္သူသာျဖစ္၏။
ေလထဲတြင္တဖ်က္ဖ်က္လြင့္ေနခဲ့ေသာ
ဝတ္ရံုရွည္ႀကီးႏွင့္ ေရႊႀကိဳးမ်ား။
ဒူးေခါက္ခြက္အထိရွည္သၫ့္ မဟူရာဆံႏြယ္မ်ားႏွင့္
စူးရွေတာက္ပသၫ့္မ်က္ဝန္းတစ္စံုက
မီးမ်ိဳးႏြယ္စုမ်ား၏ အာရံုကိုတစ္ခဏအတြင္းဖမ္းစားႏိုင္ခဲ့သည္။

သို႔ေသာ္ျငား ေၾကာက္စိတ္လႊမ္းမိုးေနသၫ့္
မီးမ်ိဳးႏြယ္မ်ားကိုေတာင္ေပၚသို႔ေရာက္ေအာင္
ထိုအရာေတြကမစြမ္းေဆာင္ႏိုင္သည္မို႔
မီးနတ္ဧကရာဇ္မွာ သူ႔ရဲ့စီးေတာ္ျဖစ္သၫ့္
ဇာမဏီငွက္နီႀကီး၏အကူအညျီဖင့္
အတင္းအက်ပ္ေခၚေဆာင္ခဲ့ရသည္ဟုဆို၏။

ေနာက္ပိုင္းမွာေတာ့ မီးမ်ိဳးႏြယ္စုမ်ားသည္
၎တို့၏အရွင္သခင္သင္ျကားပို့ခ်ေပးမႈမ်ား‌ကို
လိုက္နာရင္း သာမန္ကဲ့သို႔ေနထိုင္ႏိုင္သြားၾကသည္။
မီးပဒုမၼာနန္းေတာ္ကိုတည္ေထာင္ၿပီး
သံုးေလာကအလယ္တြင္ ထင္ရွားစြာေနႏိုင္ခဲ့ၾကသည္။

ထိုအရာေတြအားလံုးမွာ မီးနတ္ဧကရာဇ္ေၾကာင့္သာ
ျဖစ္လာရသည္မို႔ သံုးေလာကတစ္ခြင္တြင္
မီးပဒုမၼာနန္းေတာ္၏ အဓိကအားျဖၫ့္ေလာင္စာမွာ
မီးနတ္ဧကရာဇ္သာျဖစ္သည္ဟု
ေျပာစမွတ္တြင္သြားခဲ့ရေတာ့သည္။။။။။။။

ေရနတ္ဧကရာဇ္မွာ အတိတ္ကိုျပန္ေျပာင္း
သတိရရင္းျဖင့္ အနည္းငယ္ၿပံဳးလိုက္မိသည္။
မီးနတ္ဧကရာဇ္ကိုမသတ္ပဲနဲ႔
ေသဆံုးသြားသၫ့္ေရဝိဉာဉ္မ်ားရဲ့
အၿငိဳးကိုေခ်ဖ်က္ေပးႏိုင္မၫ့္
နည္းလမ္းတစ္ခုကိုသူသိလိုက္ရၿပီမဟုတ္ပါလား။

သို႔ျဖစ္၍ သူသည္အခ်ိန္မဆြဲေတာ့ပါပဲ၊
ခ်က္ခ်င္းပင္သူ႔ရဲ့ေနာက္လိုက္မ်ားကို
ေခၚေဆာင္ၿပီး ဟြာ့စန္းေတာင္ေပၚသို႔
တက္သြားေတာ့သည္။

အရာရာေကာင္းဖို႔ဆိုသည္မွာမျဖစ္ႏိုင္ေတာ့ေပမယ့္
ထိခိုက္မႈနည္းေအာင္ေတာ့
ေဆာင္ရြက္ႏိုင္ေသးသည္မဟုတ္ပါလား။

ယခုခ်ိန္မွာ ေရမ်ိဳးႏြယ္စုမ်ားရဲ့့
ေနာင္ေရးအတြက္သာေရွးရႈေနရသည္မို႔
မီးနတ္ဧကရာဇ္ခြင့္လႊတ္ေပးဖို႔သာ
ေမ်ွာ္လင့္ရေတာ့မည္ေပါ့။။။။။

ခြင့္လႊတ္ေပးေလာက္မွာပါေလ။။။။။။

-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_

ညေနခင္းေနေရာင္ျခည္‌သည္
လြမ္းေမာဖြယ္ရာျမင္ကြင္းတစ္ခုကို
ေဆာင္ၾကည္းသည္။
လိ‌ေမၼာ္ေရာင္လႊမ‌္းေသာ တိမ္စိုင္ေတြႏွင့္
နီေဆြးေဆြးသ႑ာန္ရိွေသာ ေနမင္းႀကီးသည္
စိမ္းျမေရာင္သစ္ရြက္မ်ားကိုပင္
အေရာင္လြင့္ေနေသာ သစ္ရြက္အိုမ်ားအျဖစ္
ျမင္ေယာင္ေစသည္။

သို႔ရာတြင္ ထိုသို႔ေသာလြမ္းစရာပန္းခ်ီတစ္ခ်ပ္အလယ္သို႔
ဇာမဏီငွက္နီႀကီးကိုစီးႏွင္းလာသၫ့္
မီးနတ္ဧကရာဇ္ကိုျမင္လိုက္ရခ်ိန္၌
ၿပီးျပၫ့္စံုသၫ့္ အလွပန္းခ်ီတစ္ခ်ပ္အျဖစ္
ထင္ဟပ္လာရေတာ့သည္။

ေတာင္က်စမ္းေရမ်ားမွာ
ခပ္ေဖ်ာ့ေဖ်ာ့‌က်ဆင္း‌ေန‌ေသာ‌
‌ေနေရာင္ျခည္ေအာက္တြင္
ၿငိမ့္ၿငိမ့္ေျငာင္းေျငာင္းစီးဆင္းေနကာ၊
အေတာင္ပံျဖန႔္ပ်ံေနေသာ
အိပ္တန္းတက္ငွက္ကေလးမ်ား၏အရိပ္ကို
ပံုေဖာ္ေပးေနၾက၏။

တစ္ခါတစ္ရံမွာေတာ့ နတ္ဆိုးနယ္ေျမထဲတြင္
ပ်ံသန္းေနၾကသၫ့္ ထူးဆန္းေသာငွက္မ်ိဳးစိတ္မ်ား၏
ဆန္းျပားလွေသာတြန္သံမ်ားကိုပၾကားရျပန္၏။
ထိုအသံမ်ားမွာ ၾကားရသူအေပါင္းကို
နားဝင္ပီယံမျဖစ္ေသာ္ျငားလည္း၊
ေတာေတာင္ထဲတြင္ကာလၾကာရွည္တိုင္ေအာင္
ေနထိုင္ေနရသူတစ္‌ေယာက္တီးမႈတ္လိုက္ေသာ
ဂီတသံမ်ားႏွင့္ေတာ့ဆင္တူလွ၏။

သံစဉ္မညီညာလွေပမယ့္ နားေထာင္၍
ရႏိုင္သၫ့္အသံမ်ိဳးပင္။

ထိုသိ‌ု႔ေသာ အေျခအေနအရပ္ရပ္မွာ
ေန့စဉ္ႀကံဳေတြ ့ေနရသည္မ်ားႏွင့္
တစ္ထပ္တည္းက်ေနေသာ္ျငား
ရွင္းစိတ္ထဲမွာေတာ့ မတင္မက်မႈတစ္ခု
ရိွ‌ေနခဲ့သည္။

အေျဖရွာမရေသာ စိတ္ရႈပ္ေထြးမႈႏွင့္
ခန႔္မွန္းရခက္ေသာ အနာဂတ္အေျခအေန။
တစ္စံုတစ္ရာေသာ အေၾကာင္းအရင္းတစ္ခုက
မွားယြင္းေနၿပီဆိုတာကို သူသိသည္။
သို႔ေပမယ့္ ဘယ္အရာကမွားယြင္းေနသည္ဆိုတာကို
စဉ္းစား၍မရေပ။

ၾကယ္ပ်ံႀကီးတစ္ခုႏွင့္အတိုက္ခံလိုက္ရသၫ့္ႏွယ္
ရင္ထဲ၌ အမ်ိဳးအမည္မသိေသာ
ခံစားခ်က္တစ္ခုေၾကာင့္
စိတ္ေမာေနရသလိုပင္။
သို႔ေသာ္ ေရဝိဉာဉ္အေျမာက္အျမားကို
ေအာင္ႏိုင္ခဲ့သၫ့္သူ႔ထံမွာ
ဤသို႔ေသာခံစားခ်က္က်န္ရိွေနခဲ့သည္မွာ
မေကာင္းေသာနိမိတ္တစ္ခုသာ
ျဖစ္ေပလိမ့္မည္။

ဒါ‌ဆိုရင္ အဲ့ဒီနိမိတ္ဆိုးကဘာပါလိမ့္။
ဘယ္လိုအေျခအေနမ်ိဳးႏွင့္သူ႔ဆီလာမွာတဲ့လဲ။
အေျဖသည္ကားနတၴိ။

သို႔ျဖစ္၍ သက္ျပင္းေျမ့ေျမ့သာခ်ရင္း
တိမ္စိုင္ေတြကိုသာ
စိတ္ေျပလက္ေပ်ာက္ေငးၾကၫ့္ေနဖို႔
ဆံုးျဖတ္လိုက္မိေတာ့သည္။
ဒီေန့ေတြ ့ေနရတဲ့တိမ္တိုက္ေလးေတြက
သိပ္ကိုလွပလြန္းေနသည္။

ခရမ္းေရာင္ေဖ်ာ့ေဖ်ာ့ကိုေဆာင္ၾကည္းေသာ
ေကာင္းကင္ျပင္ႀကီးေပၚတြင္
အျဖဴဟုမဆိုသာေသာတိမ္မ်ွင္တန္းေလးမ်ား
ရိွေနခဲ့သည္။
ထိုတိမ္မ်ွင္တန္းေလးေတြ‌ေပၚမွာေတာ့
ေရႊေရာင္အလင္းမႈန္ေလးမ်ား
ကပ္ၫွိေန၏။

ၿငိမ္သက္လွေသာၾကယ္ေရျပင္ေပၚတြင္
ႀကိဳက္ႏွစ္သက္ရာေဆးေရာင္မ်ား
ျခယ္သ၍ ဖန္တီးထားေသာ
ပန္းခ်ီကားတစ္ခ်ပ္လိုပင္။
ခမ္းနားလွပၿပီး အိပ္မက္ဆန္ေပ၏။

အမွန္အတိုင္းေျပာရမည္ဆိုလ်ွင္
ရွင္းဘဝတြင္ ေရႊေရာင္အလင္းမႈန္ေလးမ်ား
ကပ္တြယ္ေနေသာတိမ္စိုင္ေလးမ်ားကို
တစ္ႀကိမ္တစ္ခါမွ မျမင္ဖူးခဲ့ေပ။
သို႔ျဖစ္၍ ထိုအခိုက္အတန႔္ေလးေပ်ာက္ကြယ္သြားမွာကို
စိုးထိတ္မိလာသည္ျဖစ္ရာ၊
‌အေသအခ်ာစူးစိုက္ၿပီးၾကၫ့္ေနမိေတာ့သည္။

သူျမတ္ႏိုးရသၫ့္အရာမ်ားသည္
အခ်ိန္ခဏေလးအတြင္းမွာ
ေပ်ာက္ကြယ္သြားတတ္သည္ျဖစ္၍၊
ျမင္ေနရခ်ိန္ေလးမွာ
တန္ဖိုးထားတတ္ဖို႔ သူငယ္စဉ္ကတည္းက
သင္ၾကားခဲ့ရသည္ေလ။

"လွပတဲ့အရာေတြက ၊ တစ္ခဏအတြင္း
ပ်က္စီးသြားတတ္တာပဲေလ.....
ဓမၼတာတစ္ခုကိုသေဘာေပါက္နားလည္ေနရက္နဲ႔ ဘာ‌ေျကာင့္လြမ္းေဆြးေနရမွာလဲ"

တိုးဖြဖြေရရြတ္သံ‌ရဲ့အဆံုးမွာ
က်န္ရိွေနသည္က လြမ္းေမာမႈႏွင့္၊
ႏွေမ်ာတႆမႈ။

သံုးေလာကတစ္ခြင္မွာရိွတဲ့၊
နတ္အရာရိွမ်ား၊ နတ္ဘုရားမ်ားႏွင့္ နတ္ဆိုးမ်ားက
မီးနတ္ဧကရာဇ္ကို အားက်ၾကသည္။
ခ်ီစြမ္းအင္အေျမာက္အမ်ားစုေဝးေနၿပီး၊
ျမင့္ျမတ္သၫ့္ေနရာဟု
သမုတ္ၾကသၫ့္ ဟြာ့စန္းေတာင္ေပၚတြင္
ေနထိုင္ခြင့္ရိွသၫ့္ တစ္ဦးတည္းေသာဧကရာဇ္။

ထိုအခ်ိန္တုန္းက မ်ိဳးႏြယ္စုအေျမာက္အမ်ားမွာ
သီးျခားရပ္တည္ခဲ့ၾကသည္ျဖစ္ရာ၊
၎မ်ိဳးႏြယ္စုမ်ားကို အုပ္ခ်ဳပ္သၫ့္
ဧကရာဇ္မ်ားလည္း ေျမာက္မ်ားစြာရိွခဲ့၏။
ထိုအထဲတြင္ ရွင္းမွာအသက္အငယ္ဆံုးေသာ
ဧကရာဇ္ျဖစ္ခဲ့၏။

ငယ္ရြယ္ေသာ္ျငားလည္း ရွင္းသည္သူတို႔မ်ိဳးႏြယ္စုကို
သံုးေလာကတြင္ ေခါင္းေမာ့ရင္ေကာ့ႏိုင္ေစခဲ့သည္။
အေတာ္ဆံုးေသာစစ္သည္ေတာ္ေတြကို
ေလ့က်င့္ေပးႏိုင္ခဲ့သၫ့္ ပထမဆံုးေသာဧကရာဇ္။

သို႔ေပမယ့္ ရွင္းမွာအားနည္းခ်က္တစ္ခုရိွခဲ့၏။
အာရံုသံုးပါး အနည္းငယ္ခြၽတ္ယြင္းေနျခင္း။

ဟုတ္သည္။ အသံ၊အနံ့၊ အျမင္အာရံု ဟူသၫ့္
အေရးပါသၫ့္ အာရံုသံုးပါးကို
ရွင္းေကာင္းစြာအ‌သံုးမခ်ႏိုင္ေပ။

သူနဲ႔ဆယ္ေပခန႔္ကြာသၫ့္ေနရာမွအရာမ်ားကိုသာ
ေကာင္းစြာျမင္ႏိုင္ၿပီး
ထို႔ထက္ပို၍ေဝးကြာသြားမည္ဆိုလ်ွင္
မႈန္ဝါးဝါးသာျမင္ႏိုင္၏။

သူ႔ကိုယ္ေပၚမွာအၿမဲတေစဖံုးလႊမ္းေနတတ္သၫ့္
မီးရနံ႔ေဖ်ာ့ေဖ်ာ့ေလးမွလြဲရင္
အျခားေသာမည္သၫ့္ရနံ႔ကိုမဆို
ရွင္းအာရံုမခံႏိုင္ပါ။
သို႔ျဖစ္၍ အေမႊးနံ႔သာဟူသၫ့္
အဖိုးတန္ပစၥည္းေတြပင္
ရွင္းအတြက္အသံုးမဝင္ခဲ့ပဲ
အလွၾကၫ့္ယံုအျဖစ္သာရိွခဲ့၏။

လန္ယာကိုတီးခတ္ၿပီးအပန္းေျဖတတ္သၫ့္
ရွင္းမွာအၾကားအာရံုခြၽတ္ယြင္းေနသည္ဟု
ေျပာလ်ွင္ မည္သူမ်ွယံုလိမ့္မည္မဟုတ္ေပ။
သို႔ေပမယ့္ ရွင္းမွာအမွန္တကယ္ကို
အၾကားအာရံုခြၽတ္ယြင္းေနခဲ့ပါသည္။
ဆယ္ေပအကြာမွာရိွသၫ့္အရာမ်ားကိုသာ
ေကာင္းမြန္စြာျမင္ႏိုင္သၫ့္ရွင္းမွာ
အသံကိုလည္း ဆယ္ေပအကြာအထိသာၾကားႏိုင္ပါ၏။

က်န္တဲ့အခ်ိန္မ်ားတြင္ လန္ယာရဲ့ေရႊႀကိဳးေလးမ်ားအား
လာရိုက္ခတ္သၫ့္အသံလိႈင္းမ်ားကို လက္ေခ်ာင္းေလးမ်ားမွတစ္ဆင့္
ခံစားသိရိွႏိုင္ျခင္းျဖင့္ အစားထိုးထားရ၏။
မဟုတ္လ်ွင္ ခ်ံဳခိုတိုက္ခိုက္သူမ်ား
ရိွလာႏိုင္သည္မဟုတ္ပါလား။

သို႔ေပမယ့္ ရွင္းကိုခ်ံဳခိုတိုက္ခိုက္၍လည္းရမည္မဟုတ္ပါ။
အဘယ္ေၾကာင့္ဆိုေသာ္
သူၾကားႏိုင္သၫ့္အေနအထားသို႔ေရာက္သည္ႏွင့္
ရွင္းမွာအျခားသူမ်ားထက္ေကာင္းမြန္စြာ
ၾကားႏိုင္ေသာေၾကာင့္ျဖစ္၏။

ထို့ျပင္ ရွင္းရဲ့အားနည္းခ်က္ကို
သိႏိုင္သၫ့္သူမွာသံုးေလာကတြင္
ဇာမဏီငွက္နီႀကီးမွလြဲ၍မရိွသည္မို့
အာရံုသံုးပါးခြၽတ္ယြင္းေနျခင္းကို
မည္သူမွသတိမထားမိခဲ့ၾကေပ။

ရွင္းမွာ သူ႔အားနည္းခ်က္မ်ားအေၾကာင္း
စဉ္းစားေနရင္းႏွင့္ပင္၊
တိမ္စိုင္ေလးမ်ားအေပၚမွာ
ၫွိတြယ္ေနသၫ့္ေရႊေရာင္အမႈန္ေလးမ်ားကို
အနည္းငယ္သတိျပဳမိလာ၏။

အစပိုင္းတြင္ တိမ္မ်ိဳးႏြယ္စု၏စြမ္းအင္တိုးပြားလာမွု‌ေၾကာင့္
ထိုအေရာင္မ်ားထြက္ေပၚလာျခင္းျဖစ္လိမ့္မည္ဟု
ထင္ခဲ့ေပမယ့္ လက္ေတြ ့မွာေတာ့
ဤသို႔မဟုတ္ခဲ့တာကို သိလိုက္ရ၏။

ေရႊဝါေရာင္အလင္းမႈန္။။။။။။။

ေရႊသားအစစ္နဲ႔ခြဲျခားလို႔မရေအာင္
ထပ္တူက်ေနေသာ
၎အလင္းမွုန္‌မ်ားသည္
မီးမ်ိဳးႏြယ္ေတြေသဆံုးမွသာ
ထြက္ေပၚလာတတ္ေသာ
ျပာတစ္မ်ိဳးပင္။

အျခားေသာမ်ိဳးႏြယ္စုမ်ားမွာ
နတ္သက္ေႂကြပီးသည္ႏွင့္
ကြၽင္းက်န္ရစ္ေသာခႏၶာကိုယ္သည္
အေငြ ့အျဖစ္သို႔ေျပာင္းလဲသြားတတ္ေပမယ့္
မီးမ်ိဳးႏြယ္စုမ်ားတြင္ေတာ့
ေရႊဝါေရာင္ျပာမႈန႔္မ်ားအျဖစ္
ေျပာင္းသြားတတ္၏။

ယခုသူျမင္ေတြ ့ေနရသၫ့္ အလင္းမႈန္မ်ားအျဖစ္ေပါ့။။။။။။။။

Unicode:

စန့်စိမ်းနန်းတော်၏ ‌အနောက်ဘက်ပန်းဥယျာဉ်ထဲမှ
ပျံ့လွင့်လာသော ပုလွေသံမှာ
သာယာငြိမ့်ငြောင်းစွာ၊ လေထဲတွင်ကခုန်နေသည့်
ငှက်ကလေးတစ်ကောင်နှယ်။

ကျောက်စိမ်းဖြူပုလွေလေးရဲ့အဖျားတွင်
အလှဆင်ထားသည့် ငွေ‌ရောင်‌ဗေဒါပန်းများမှာ
တီးမှုတ်နေသူ၏ ဦးခေါင်းထက်ရှိ
ဆံညှပ်ကလေးနှင့်တစ်ထပ်တည်းပင်။
သွယ်ပြောင်းလှပသည့်ဖယောင်းလက်ကလေးများကို ပုလွေပေါ်မှာကျွမ်းကျင်စွာ
ရွေ့လျားစေရင်း ခပ်လှမ်းလှမ်းရှိရေကန်ထဲမှ
ရေများကိုအသွင်အမျိုးမျိုးဖြင့်
‌ပြောင်းလဲနေ‌စေသည့်
သူ့မျက်နှာထက်တွင် ပူဆွေးမှုအတိပြီးလျက်။

‌မီးနတ်ဧကရာဇ်ကြောင့် သေဆုံးသွားသည့်
သူ့ရဲ့မျိုးနွယ်စုများကို
ပုလွေသံလေးနဲ့နှုတ်ဆက်ရုံမှလွဲ၊
သူဘာများလုပ်နိုင်ပါတော့မည်နည်း။


ပုလွေသံနောက်ကိုလိုက်ရင်း နဂါးတစ်ကောင်လို
ယိမ်းနွဲ့နေသည့်ကြည်လဲ့လဲ့ရေစီးကြောင်းလေးများကတော့ သူ့ရင်ထဲကခံစားချက်ကိုနားလည်နိုင်မယ်ထင်ပါရဲ့။

ရန်သူကိုမတိုက်ခိုက်ချင်တော့သည့်
သူ့ခံစားချက်ကိုလေ။
နွေဦးပန်းလေးများလို အပင်ပေါ်မှာပွင့်လန်းနေသည့်
အခိုက်အတန့်ကိုဆုပ်ကိုင်ထားချင်သည့်စိတ်။
ထိုတစ်ခဏမှာ သူ့စိတ်တွေသည်
ချည်လုံးပေါ်တွင်မညီမညာတုပ်နှောင်ခံထားရသည့်
ကြိုးစများနှယ်ရှုပ်ထွေးခဲ့ရချေပြီ။

ပုလွေကိုပြန်သိမ်းရင်း စိတ်စွမ်းအင်ဖြင့်
သူ့ဘေးပတ်လည်ကရေစွမ်းအင်များကို
ပြန်လည်ထိန်းချုပ်လိုက်ကာ
သက်ပြင်းမြေ့မြေ့ချမိ၏။
နတ်ဧကရာဇ်တစ်ပါးက
မနာလိုမရှုစိမ့်သည့် စိတ်ကိုလက်ကိုင်ထားပြီး
လူ့လောကကြီးကိုရှုပ်ထွေးအောင်
လုပ်မိသည်တဲ့။
ရာဇဝင်မှာ အမည်းစက်ထင်ကျန်စေမည့်
လုပ်ရပ်မျိုးပါလေ။

ထို့ပြင် မိမိ၏လက်အောက်ငယ်သားများကိုပါ
ပြန်လမ်းမဲ့သည့်သေဆုံးခြင်းနယ်နိမိတ်စည်းကို
ဖြတ်ကျော်စေမိသေးသည်။
ဘယ်လောက်တောင် တာဝန်မဲ့လိုက်သည့်
ဧကရာဇ်တစ်ပါးပါလဲ။
ကိုယ်ရေးကိုယ်တာကိစ္စလေးတစ်ခုအတွက်နဲ့
များစွာသော အသက်တွေကိုစတေးပစ်ခဲ့သတဲ့။

ရေနတ်ဧကရာဇ်မှာ သူ့မှားယွင်းမှုကို
ပြန်ဆန်းစစ်ရင်းများစွာယူကြုံးမရဖြစ်နေမိ၏။
မဖြစ်သင့်သည့်အမှားတစ်ခုကို
လူသိရှင်ကြားကျူးလွန်ခဲ့ပြီးမှ
တောင်းပန်ရမည်ကိုလည်း
ဝန်လေးလှသည်။

သို့ဖြစ်၍ သက်ပြင်းတွေသာအလီလီချကာ
သေဆုံးသွားသည့်ဝိဉာဉ်များအတွက်
မည်သို့သောနှစ်သိမ့်မှုမျိုးပေးရပါ့မလဲဟုသာ
စဉ်းစားနေမိတော့သည်။
ရက်ရက်စက်စက်သေဆုံးသွားခဲ့ရသည့်
ဝိဉာဉ်များမှာ အငြိုးကြီးလှသည်ဖြစ်ရာ
နောင်တစ်ချိန်မှာ သူတို့မျိုးနွယ်စုကို
အနှောက်အယှက်ပေးလာနိုင်သည်။
သူတို့ငြိမ်းချမ်းသွားအောင်
လုပ်ပေးနိုင်မည့်တစ်ခုတည်းသောအရာက
ယစ်ပူဇော်ခြင်းပင်။

ထို့ကြောင့် ရေနတ်ဧကရာဇ်မှာပိုမိုခေါင်းစားလာရတော့သည်။
ရေဝိဉာဉ်များရဲ့အငြိုးတွေကို
ပြေလျော့စေဖို့ဆိုသည်မှာ
မီးနတ်ဧကရာဇ်ရဲ့အသက်နဲ့သာ
ချွေးသိပ်ပေးနိုင်မည်လေ။

သူဘယ်လိုလုပ်နိုင်ပါ့မလဲ။
ဒေါသထွက်နေစဉ်က ရေလွှမ်းမှုဖြင့်
လောကကိုကပ်ဆိုးဆောင်ကြည်းပေးခဲ့သည်
ဆိုပေမယ့်
သွေးအေးသွားသည့်အချိန်မှာ
ထိုသို့သောအပြုအမူမျိုးကို
သူမလုပ်ရဲလှပါ။
ထို့ပြင် သူရင်ဆိုင်ရမည်က
မီးဧကရာဇ်တစ်‌ပါးထဲမဟုတ်ပဲ၊
သူ့ရဲ့လက်အောက်မှာရှိနေသည့်
မီးမျိုးနွယ်စုများရှိနေသေးသည်။
မည်သူမဆို သူတို့၏ဧကရာဇ်က်ုထိပါးလာလျှင်တော့
နောက်ဆုံးလက်ကျန်စွမ်းအင်ကိုပါသုံးပြီး
တိုက်ခိုက်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ဒါဆို သူဘယ်လိုလုပ်ရမည်နည်း။

စဉ်းစားရကျပ်လေပြီ။

အသက်ပြင်းပြင်းရှုပြီး တိမ်စိုင်တွေကို
ထိုးခွင်းပြီးကောင်းကင်ပေါ်တက်ဖို့
ဆိုင်းပြင်းနေသည့် ဟွာ့စန်းတောင်ကိုမြင်တော့
ရေနတ်ဧကရာဇ်မှာ ပိုမိုစိတ်ညစ်ညူးသွားရ၏။
ထိုတောင်ထွဋ်ပေါ်မှာရှိသည့်
မီးပဒုမ္မာနန်းတော်တွင် မီးမျိုးနွယ်များနေထိုင်သည်မဟုတ်ပါလား။

နီရဲနေသည့်ကြာနီပွင့်များကို
သစ်သားဖြင့်ဖြစ်စေ၊ ကျောက်နီသားဖြင့်ဖြစ်စေ၊
အနုစိတ်ထွင်းထုပြီး မီးအိမ်လေးများသဖွယ်
ချိတ်ဆွဲထားသည့် မီးပဒုမ္မာနန်းတော်မှာ
သုံးလောကတွင် အလှပဆုံးသော
နန်းတော်အဖြစ်ပြောစမှတ်တွင်၏။

အထူးသဖြင့် ထိုနန်းတော်၏အရှင်သခင်ဖြစ်သည့်
မီးနတ်ဧကရာဇ်ကြောင့်သာ ပို၍အသက်ဝင်‌နေရခြင်းဖြစ်သည်ဟုဆို၏။
အဘယ်ကြောင့်ဆိုသော် မီးနတ်ဧကရာဇ်မရှိသေးစဉ်က
မီးမျိုးနွယ်စုများမှာ ဟွာ့စန်းတောင်အောက်ရှိ
လျှိုမြောင်များကြားတွင်သာနေထိုင်ခဲ့ရသည်။

ပါရမီအထုံရှိပါရက်နှင့်
အသေအချာလမ်းပြပေးမည့်သူမရှိသည့်
မီးမျိုးနွယ်များမှာ တိုက်ခိုက်ရေးကို
အနည်းငယ်မျှပင်နားမလည်ခဲ့ပါချေ။
ထို့ထက်သာ၍ဆိုးသည်က
မီးမျိုးနွယ်များမှာ ထင်ပေါ်ကျော်ကြားလိုစိတ်မရှိဟု
အကြောင်းပြကာ တခြားသောမျိုးနွယ်စုများ၏
အန္တရာယ်မှကြိုတင်ကာကွယ်သည့်အနေဖြင့်
ပုန်းရှောင်၍ တိတ်တဆိတ်ရှင်သန်ခဲ့ကြသည်လေ။

သို့ဖြစ်၍ ကြောက်စိတ်ဖုံးလွှမ်းနေသည့်မီးမျိုးနွယ်စုများမှာ
သူတို့၏အရှင်သခင်ဖြစ်လာမည့် မီးနတ်ဧကရာဇ်
မပေါ်ပေါက်လာခင်အထိ ၊
အသုံးမဝင်သည့်သူများအဖြစ်သာ
ရပ်တည်နိုင်သည်ဖြစ်ရာ
မီးပဒုမ္မာနန်းတော်ကို တည်ဆောက်ဖို့ဆိုသည်မှာ
အိပ်မက်ထဲပင်ထည့်မမက်နိုင်ခဲ့သည့်
အရာတစ်ခုဖြစ်ခဲ့သည်။

သို့သော် ကျဆုံးနေသူများတွင်လည်း၊ အောင်မြင်မှုဆိုတာ
ရှိလာတတ်စမြဲဟုဆိုသည့်စကားအတိုင်းပင်။
မီးမျိုးနွယ်စုများထံသို့ ကံကောင်းခြင်းလာဘ်တစ်ပါး
ရောက်ရှိလို့လာခဲ့သည်။

ဟွာ့စန်းတောင်ထိပ်တွင် သန့်စင်သည့်မီးတောက်တစ်ခု
ဖြစ်တည်လာခြင်း။။။။။။

ကျောက်နီဖြင့်ပြုလုပ်ထားသောကြာနီပွင့်သဏ္ဍာန်
ကလာဒ်တစ်ခု၊ အောက်ခြေတွင်ရွှေသားအတိပြီးသော
ထောက်တိုင်သုံးခုဖြင့် ကြာကလာဒ်ကို
ထောက်မ‌ပေးထားသည်။
ထိုအထဲတွင်တော့ သန့်စင်သည့်မီးတောက်တစ်ခု
တောက်လောင်လျက်ရှိနေခဲ့သည်။

မီးမျိုးနွယ်စုများသည် တောင်ထပ်သို့တက်၍ပင်
မကြည့်ရဲသည်မို့ တောင်အောက်မှသာ
ငေးမောကြည့်နေခဲ့ကြသည်။
ထိုခဏ၌ရုတ်တရက်ဆိုသလို သူတို့မြင်ကွင်းထဲသို့
ဝင်ရောက်လာသည်က
အနီရဲရဲဝတ်ရုံကိုဝတ်ဆင်ပြီး
နတ်လက်နက်သုံးပါးကိုကိုင်ဆောင်ထားသည့်
နတ်ဘုရားတစ်ပါး။။။။။။

ဟုတ်ပါသည်။ ထိုနတ်ဘုရားမှာ
မီးနတ်ဧကရာဇ်ဖြစ်လာမည့်သူသာဖြစ်၏။
လေထဲတွင်တဖျက်ဖျက်လွင့်နေခဲ့သော
ဝတ်ရုံရှည်ကြီးနှင့် ရွှေကြိုးများ။
ဒူးခေါက်ခွက်အထိရှည်သည့် မဟူရာဆံနွယ်များနှင့်
စူးရှတောက်ပသည့်မျက်ဝန်းတစ်စုံက
မီးမျိုးနွယ်စုများ၏ အာရုံကိုတစ်ခဏအတွင်းဖမ်းစားနိုင်ခဲ့သည်။

သို့သော်ငြား ကြောက်စိတ်လွှမ်းမိုးနေသည့်
မီးမျိုးနွယ်များကိုတောင်ပေါ်သို့ရောက်အောင်
ထိုအရာတွေကမစွမ်းဆောင်နိုင်သည်မို့
မီးနတ်ဧကရာဇ်မှာ သူ့ရဲ့စီးတော်ဖြစ်သည့်
ဇာမဏီငှက်နီကြီး၏အကူအညြီဖင့်
အတင်းအကျပ်ခေါ်ဆောင်ခဲ့ရသည်ဟုဆို၏။

နောက်ပိုင်းမှာတော့ မီးမျိုးနွယ်စုများသည်
၎င်းတို့၏အရှင်သခင်သင်ကြားပို့ချပေးမှုများ‌ကို
လိုက်နာရင်း သာမန်ကဲ့သို့နေထိုင်နိုင်သွားကြသည်။
မီးပဒုမ္မာနန်းတော်ကိုတည်ထောင်ပြီး
သုံးလောကအလယ်တွင် ထင်ရှားစွာနေနိုင်ခဲ့ကြသည်။

ထိုအရာတွေအားလုံးမှာ မီးနတ်ဧကရာဇ်ကြောင့်သာ
ဖြစ်လာရသည်မို့ သုံးလောကတစ်ခွင်တွင်
မီးပဒုမ္မာနန်းတော်၏ အဓိကအားဖြည့်လောင်စာမှာ
မီးနတ်ဧကရာဇ်သာဖြစ်သည်ဟု
ပြောစမှတ်တွင်သွားခဲ့ရတော့သည်။။။။။။။

ရေနတ်ဧကရာဇ်မှာ အတိတ်ကိုပြန်ပြောင်း
သတိရရင်းဖြင့် အနည်းငယ်ပြုံးလိုက်မိသည်။
မီးနတ်ဧကရာဇ်ကိုမသတ်ပဲနဲ့
သေဆုံးသွားသည့်ရေဝိဉာဉ်များရဲ့
အငြိုးကိုချေဖျက်ပေးနိုင်မည့်
နည်းလမ်းတစ်ခုကိုသူသိလိုက်ရပြီမဟုတ်ပါလား။

သို့ဖြစ်၍ သူသည်အချိန်မဆွဲတော့ပါပဲ၊
ချက်ချင်းပင်သူ့ရဲ့နောက်လိုက်များကို
ခေါ်ဆောင်ပြီး ဟွာ့စန်းတောင်ပေါ်သို့
တက်သွားတော့သည်။

အရာရာကောင်းဖို့ဆိုသည်မှာမဖြစ်နိုင်တော့ပေမယ့်
ထိခိုက်မှုနည်းအောင်တော့
ဆောင်ရွက်နိုင်သေးသည်မဟုတ်ပါလား။

ယခုချိန်မှာ ရေမျိုးနွယ်စုများရဲ့
နောင်ရေးအတွက်သာရှေးရှုနေရသည်မို့
မီးနတ်ဧကရာဇ်ခွင့်လွှတ်ပေးဖို့သာ
မျှော်လင့်ရတော့မည်ပေါ့။။။။။

ခွင့်လွှတ်ပေးလောက်မှာပါလေ။။။။။။

-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_

ညနေခင်းနေရောင်ခြည်‌သည်
လွမ်းမောဖွယ်ရာမြင်ကွင်းတစ်ခုကို
ဆောင်ကြည်းသည်။
လိ‌မ္မော်ရောင်လွှမ‌်းသော တိမ်စိုင်တွေနှင့်
နီဆွေးဆွေးသဏ္ဍာန်ရှိသော နေမင်းကြီးသည်
စိမ်းမြရောင်သစ်ရွက်များကိုပင်
အရောင်လွင့်နေသော သစ်ရွက်အိုများအဖြစ်
မြင်ယောင်စေသည်။

သို့ရာတွင် ထိုသို့သောလွမ်းစရာပန်းချီတစ်ချပ်အလယ်သို့
ဇာမဏီငှက်နီကြီးကိုစီးနှင်းလာသည့်
မီးနတ်ဧကရာဇ်ကိုမြင်လိုက်ရချိန်၌
ပြီးပြည့်စုံသည့် အလှပန်းချီတစ်ချပ်အဖြစ်
ထင်ဟပ်လာရတော့သည်။

တောင်ကျစမ်းရေများမှာ
ခပ်ဖျော့ဖျော့‌ကျဆင်း‌နေ‌သော‌
‌နေရောင်ခြည်အောက်တွင်
ငြိမ့်ငြိမ့်ငြောင်းငြောင်းစီးဆင်းနေကာ၊
အတောင်ပံဖြန့်ပျံနေသော
အိပ်တန်းတက်ငှက်ကလေးများ၏အရိပ်ကို
ပုံဖော်ပေးနေကြ၏။

တစ်ခါတစ်ရံမှာတော့ နတ်ဆိုးနယ်မြေထဲတွင်
ပျံသန်းနေကြသည့် ထူးဆန်းသောငှက်မျိုးစိတ်များ၏
ဆန်းပြားလှသောတွန်သံများကိုပကြားရပြန်၏။
ထိုအသံများမှာ ကြားရသူအပေါင်းကို
နားဝင်ပီယံမဖြစ်သော်ငြားလည်း၊
တောတောင်ထဲတွင်ကာလကြာရှည်တိုင်အောင်
နေထိုင်နေရသူတစ်‌ယောက်တီးမှုတ်လိုက်သော
ဂီတသံများနှင့်တော့ဆင်တူလှ၏။

သံစဉ်မညီညာလှပေမယ့် နားထောင်၍
ရနိုင်သည့်အသံမျိုးပင်။

ထိုသိ‌ု့သော အခြေအနေအရပ်ရပ်မှာ
နေ့စဉ်ကြုံတွေ့နေရသည်များနှင့်
တစ်ထပ်တည်းကျနေသော်ငြား
ရှင်းစိတ်ထဲမှာတော့ မတင်မကျမှုတစ်ခု
ရှိ‌နေခဲ့သည်။

အဖြေရှာမရသော စိတ်ရှုပ်ထွေးမှုနှင့်
ခန့်မှန်းရခက်သော အနာဂတ်အခြေအနေ။
တစ်စုံတစ်ရာသော အကြောင်းအရင်းတစ်ခုက
မှားယွင်းနေပြီဆိုတာကို သူသိသည်။
သို့ပေမယ့် ဘယ်အရာကမှားယွင်းနေသည်ဆိုတာကို
စဉ်းစား၍မရပေ။

ကြယ်ပျံကြီးတစ်ခုနှင့်အတိုက်ခံလိုက်ရသည့်နှယ်
ရင်ထဲ၌ အမျိုးအမည်မသိသော
ခံစားချက်တစ်ခုကြောင့်
စိတ်မောနေရသလိုပင်။
သို့သော် ရေဝိဉာဉ်အမြောက်အမြားကို
အောင်နိုင်ခဲ့သည့်သူ့ထံမှာ
ဤသို့သောခံစားချက်ကျန်ရှိနေခဲ့သည်မှာ
မကောင်းသောနိမိတ်တစ်ခုသာ
ဖြစ်ပေလိမ့်မည်။

ဒါ‌ဆိုရင် အဲ့ဒီနိမိတ်ဆိုးကဘာပါလိမ့်။
ဘယ်လိုအခြေအနေမျိုးနှင့်သူ့ဆီလာမှာတဲ့လဲ။
အဖြေသည်ကားနတ္ထိ။

သို့ဖြစ်၍ သက်ပြင်းမြေ့မြေ့သာချရင်း
တိမ်စိုင်တွေကိုသာ
စိတ်ပြေလက်ပျောက်ငေးကြည့်နေဖို့
ဆုံးဖြတ်လိုက်မိတော့သည်။
ဒီနေ့တွေ့နေရတဲ့တိမ်တိုက်လေးတွေက
သိပ်ကိုလှပလွန်းနေသည်။

ခရမ်းရောင်ဖျော့ဖျော့ကိုဆောင်ကြည်းသော
ကောင်းကင်ပြင်ကြီးပေါ်တွင်
အဖြူဟုမဆိုသာသောတိမ်မျှင်တန်းလေးများ
ရှိနေခဲ့သည်။
ထိုတိမ်မျှင်တန်းလေးတွေ‌ပေါ်မှာတော့
ရွှေရောင်အလင်းမှုန်လေးများ
ကပ်ညှိနေ၏။

ငြိမ်သက်လှသောကြယ်ရေပြင်ပေါ်တွင်
ကြိုက်နှစ်သက်ရာဆေးရောင်များ
ခြယ်သ၍ ဖန်တီးထားသော
ပန်းချီကားတစ်ချပ်လိုပင်။
ခမ်းနားလှပပြီး အိပ်မက်ဆန်ပေ၏။

အမှန်အတိုင်းပြောရမည်ဆိုလျှင်
ရှင်းဘဝတွင် ရွှေရောင်အလင်းမှုန်လေးများ
ကပ်တွယ်နေသောတိမ်စိုင်လေးများကို
တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သို့ဖြစ်၍ ထိုအခိုက်အတန့်လေးပျောက်ကွယ်သွားမှာကို
စိုးထိတ်မိလာသည်ဖြစ်ရာ၊
‌အသေအချာစူးစိုက်ပြီးကြည့်နေမိတော့သည်။

သူမြတ်နိုးရသည့်အရာများသည်
အချိန်ခဏလေးအတွင်းမှာ
ပျောက်ကွယ်သွားတတ်သည်ဖြစ်၍၊
မြင်နေရချိန်လေးမှာ
တန်ဖိုးထားတတ်ဖို့ သူငယ်စဉ်ကတည်းက
သင်ကြားခဲ့ရသည်လေ။

"လှပတဲ့အရာတွေက ၊ တစ်ခဏအတွင်း
ပျက်စီးသွားတတ်တာပဲလေ.....
ဓမ္မတာတစ်ခုကိုသဘောပေါက်နားလည်နေရက်နဲ့ ဘာ‌ကြောင့်လွမ်းဆွေးနေရမှာလဲ"

တိုးဖွဖွရေရွတ်သံ‌ရဲ့အဆုံးမှာ
ကျန်ရှိနေသည်က လွမ်းမောမှုနှင့်၊
နှမျောတဿမှု။

သုံးလောကတစ်ခွင်မှာရှိတဲ့၊
နတ်အရာရှိများ၊ နတ်ဘုရားများနှင့် နတ်ဆိုးများက
မီးနတ်ဧကရာဇ်ကို အားကျကြသည်။
ချီစွမ်းအင်အမြောက်အများစုဝေးနေပြီး၊
မြင့်မြတ်သည့်နေရာဟု
သမုတ်ကြသည့် ဟွာ့စန်းတောင်ပေါ်တွင်
နေထိုင်ခွင့်ရှိသည့် တစ်ဦးတည်းသောဧကရာဇ်။

ထိုအချိန်တုန်းက မျိုးနွယ်စုအမြောက်အများမှာ
သီးခြားရပ်တည်ခဲ့ကြသည်ဖြစ်ရာ၊
၎င်းမျိုးနွယ်စုများကို အုပ်ချုပ်သည့်
ဧကရာဇ်များလည်း မြောက်များစွာရှိခဲ့၏။
ထိုအထဲတွင် ရှင်းမှာအသက်အငယ်ဆုံးသော
ဧကရာဇ်ဖြစ်ခဲ့၏။

ငယ်ရွယ်သော်ငြားလည်း ရှင်းသည်သူတို့မျိုးနွယ်စုကို
သုံးလောကတွင် ခေါင်းမော့ရင်ကော့နိုင်စေခဲ့သည်။
အတော်ဆုံးသောစစ်သည်တော်တွေကို
လေ့ကျင့်ပေးနိုင်ခဲ့သည့် ပထမဆုံးသောဧကရာဇ်။

သို့ပေမယ့် ရှင်းမှာအားနည်းချက်တစ်ခုရှိခဲ့၏။
အာရုံသုံးပါး အနည်းငယ်ချွတ်ယွင်းနေခြင်း။

ဟုတ်သည်။ အသံ၊အနံ့၊ အမြင်အာရုံ ဟူသည့်
အရေးပါသည့် အာရုံသုံးပါးကို
ရှင်းကောင်းစွာအ‌သုံးမချနိုင်ပေ။

သူနဲ့ဆယ်ပေခန့်ကွာသည့်နေရာမှအရာများကိုသာ
ကောင်းစွာမြင်နိုင်ပြီး
ထို့ထက်ပို၍ဝေးကွာသွားမည်ဆိုလျှင်
မှုန်ဝါးဝါးသာမြင်နိုင်၏။

သူ့ကိုယ်ပေါ်မှာအမြဲတစေဖုံးလွှမ်းနေတတ်သည့်
မီးရနံ့ဖျော့ဖျော့လေးမှလွဲရင်
အခြားသောမည်သည့်ရနံ့ကိုမဆို
ရှင်းအာရုံမခံနိုင်ပါ။
သို့ဖြစ်၍ အမွှေးနံ့သာဟူသည့်
အဖိုးတန်ပစ္စည်းတွေပင်
ရှင်းအတွက်အသုံးမဝင်ခဲ့ပဲ
အလှကြည့်ယုံအဖြစ်သာရှိခဲ့၏။

လန်ယာကိုတီးခတ်ပြီးအပန်းဖြေတတ်သည့်
ရှင်းမှာအကြားအာရုံချွတ်ယွင်းနေသည်ဟု
ပြောလျှင် မည်သူမျှယုံလိမ့်မည်မဟုတ်ပေ။
သို့ပေမယ့် ရှင်းမှာအမှန်တကယ်ကို
အကြားအာရုံချွတ်ယွင်းနေခဲ့ပါသည်။
ဆယ်ပေအကွာမှာရှိသည့်အရာများကိုသာ
ကောင်းမွန်စွာမြင်နိုင်သည့်ရှင်းမှာ
အသံကိုလည်း ဆယ်ပေအကွာအထိသာကြားနိုင်ပါ၏။

ကျန်တဲ့အချိန်များတွင် လန်ယာရဲ့ရွှေကြိုးလေးများအား
လာရိုက်ခတ်သည့်အသံလှိုင်းများကို လက်ချောင်းလေးများမှတစ်ဆင့်
ခံစားသိရှိနိုင်ခြင်းဖြင့် အစားထိုးထားရ၏။
မဟုတ်လျှင် ချုံခိုတိုက်ခိုက်သူများ
ရှိလာနိုင်သည်မဟုတ်ပါလား။

သို့ပေမယ့် ရှင်းကိုချုံခိုတိုက်ခိုက်၍လည်းရမည်မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော်
သူကြားနိုင်သည့်အနေအထားသို့ရောက်သည်နှင့်
ရှင်းမှာအခြားသူများထက်ကောင်းမွန်စွာ
ကြားနိုင်သောကြောင့်ဖြစ်၏။

ထို့ပြင် ရှင်းရဲ့အားနည်းချက်ကို
သိနိုင်သည့်သူမှာသုံးလောကတွင်
ဇာမဏီငှက်နီကြီးမှလွဲ၍မရှိသည်မို့
အာရုံသုံးပါးချွတ်ယွင်းနေခြင်းကို
မည်သူမှသတိမထားမိခဲ့ကြပေ။

ရှင်းမှာ သူ့အားနည်းချက်များအကြောင်း
စဉ်းစားနေရင်းနှင့်ပင်၊
တိမ်စိုင်လေးများအပေါ်မှာ
ညှိတွယ်နေသည့်ရွှေရောင်အမှုန်လေးများကို
အနည်းငယ်သတိပြုမိလာ၏။

အစပိုင်းတွင် တိမ်မျိုးနွယ်စု၏စွမ်းအင်တိုးပွားလာမှု‌ကြောင့်
ထိုအရောင်များထွက်ပေါ်လာခြင်းဖြစ်လိမ့်မည်ဟု
ထင်ခဲ့ပေမယ့် လက်တွေ့မှာတော့
ဤသို့မဟုတ်ခဲ့တာကို သိလိုက်ရ၏။

ရွှေဝါရောင်အလင်းမှုန်။။။။။။။

ရွှေသားအစစ်နဲ့ခွဲခြားလို့မရအောင်
ထပ်တူကျနေသော
၎င်းအလင်းမှုန်‌များသည်
မီးမျိုးနွယ်တွေသေဆုံးမှသာ
ထွက်ပေါ်လာတတ်သော
ပြာတစ်မျိုးပင်။

အခြားသောမျိုးနွယ်စုများမှာ
နတ်သက်ကြွေပီးသည်နှင့်
ကျွင်းကျန်ရစ်သောခန္ဓာကိုယ်သည်
အငွေ့အဖြစ်သို့ပြောင်းလဲသွားတတ်ပေမယ့်
မီးမျိုးနွယ်စုများတွင်တော့
ရွှေဝါရောင်ပြာမှုန့်များအဖြစ်
ပြောင်းသွားတတ်၏။

ယခုသူမြင်တွေ့နေရသည့် အလင်းမှုန်များအဖြစ်ပေါ့။။။။။။။။

© Sun Elf,
книга «The truth untold».
Коментарі