ေမာင္....တဲ့ မောင်....တဲ့
(1) အရုပ်လေး အရုပျလေး
(2) ငါငတုံးမဟုတ်ဘူးမောင် ငါငတုံးမဟုတ်ဘူးမောင်
(3) ဂ်ဴတီကုပ္ေလး ဂျူတီကုပ်လေး
(4) ငါလည္းနာတတ္တယ္ ငါလည်းနာတတ်တယ်
(5) ငါ့ရှေ့မှာမှ ငါ့ရှေ့မှာမှ
(6) ရယူခြင်း ရယူခွငျး
(7) မတောင်းပန်ပါနဲ့ မတောင်းပန်ပါနဲ့
(8) အရိပ္လိုလူ အရိပႅိုလူ
(9) ထာဝရသူငယ္ခ်င္း ထာဝရသူငယ်ချင်း
(10) ေတြ႔ဆံုမႈ တွေ့ဆုံမှု
(11) မောင်သိမ်းထားသော မောင်သိမ်းထားသော
(12) ခ်စ္တယ္ လြန္း ချစ်တယ် လွန်း
(13) ဆုံးရှုံးခြင်း ဆုံးရှုံးခွငျး
(14) ပန်းကလေးငယ် ပန်းကလေးငယ်
Warning (ဖတ္ေပးပါ ဖတ်ပေးပါ )
(15) ေမ်ွာ္လင့္ခ်က္ေလး မျှော်လင့်ချက်လေး
(16) ထွက်သွားမိမှာ ထြက်သြားမိမွာ
(17) လုပ်ရက်တယ် လုပျရကျတယျ
(8) အရိပ်လိုလူ အရိပ္လိုလူ
Zawgyi
.........
"ကိုကို....အချစ်လာပြီ"
"ကို့ ကိုစားမလားဟေသာ"
"အင်း ဆေးသောက်လိုက်ဦး"
"အင်း ဇိုင်း ပြော"
"အေးအေး..."
ခဏနေတော့ လက်ပ်တော့ က​နေ VC ဝင်လာတော့ကိုင်လိုက်ကာ
.
.
.
.
.
"လွန်း ခေါင်းမော့"
"လွန်းလေး ငါ့ကိုကြည့် လွန်း ရေ ငါ့ကိုကြည့် မငိုနဲ့ ဘာကြောင့်ငိုရတာလဲ ငါ့ကိုပြော ဟိုအကောင်ကြောင့်လား"
"လွန်း အပေါ်ပြန်တတ်"
"လွန်း! ငါမင်းကိုအပေါ်ပြန်တတ်တော့လိုပြောနေတယ်လေ "
ထိုအခါမှ လွန်း laptop ကိုကိုင်ကာ အခန်းထဲပြန်ဝင်သွားလေသည်။ အခန်းထဲရောက်တော့
"လွန်း ငါနဲ့အပြင်လိုက်မလား"
"အင်း..."
"အင်း..."
မစောင့်နိုင်ပါလား....!
"အင်း သွားကြမယ်လေ "
"အင်း..."
လွန်းကိုဖက်ကာ
"ဟင့်အင်း ငါမငိုဘူး"
"ဟင့်အင်း..ငါ...အဟင့်..ဟင့်..."
..................။
12.10.2020
#VeraVicki
Unicode
.........
ဒီနေ့ည မောင့်ပုံစံကိုကြည့်ရတာ သူမတူအောင်ထူးခြားနေသည်။ တစ်ညနေလုံးလည်းဘာတွေလုပ်လို့လုပ်နေမှန်းမသိ။
ခဏကြာတော့ ဘဲလ် လာတီးတာမို့ မောင်ကတံခါးသွားဖွင့်ပေးလေသည်၊
"ကိုကို....အချစ်လာပြီ"
"အား...ကို့အားဆေးလေး မျှော်နေတာကွ"
"ပြောပါဦး ဘာတွေစိတ်ညစ်နေလဲ "
မောင်က လွန်း ဘက်ကိုလှည့်ကြည့်ကာ
"အာ...လွန်း ကျွန်တော့်ကို ဟေသာ့အတွက်တစ်ခုခုလုပ်ပေးပါလား"
မောင်က ဟန်ဆောင်တော်သည်။ ဟေသာ့ရှေ့မှာ ငါ့ကို လေးစားသလိုပုံစံတွေလုပ်ပြနေတာရပ်လိုက်ပါ မောင်နဲ့မလိုက်ဘူး အရငိလို 'ငါ' နဲ့ 'မင်း'ပဲ ပြောပါ မောင်ရယ်....။
အော်... မောင်တစ်နေ့လုံးတတ်ကြွနေတာ ဟေသာ က ညဘက်အိမ်လာမယ်ဆိုလို့ကို မောင် တော်လွန်းခဲ့ပါတယ် ငါ့ကိုမချစ်တဲ့နေရာမှာပေါ့။
"အင်း...မောင်...အယ့်...နေဆက်ရှိန် ခဏလေးနော် ဟေသာ"
"မြန်မြန်လုပ်နော် ဟေသာ ဗိုက်ဆာတယ် "
"ကို့ ကိုစားမလားဟေသာ"
အို...မောင်ဘာတွေပြောနေတာလဲမောင်ရယ်။
"ဟာကိုကိုကလည်း အကိုလွန်းထက် ရှိတယ်လေ စောင့်ပါဦး "
အသံသည် ကျယ်လွန်းလှသောကြောင့် မီးဖိုချောင် ထဲကတောင်ကြားနေရသည်။ မောင်ရယ် နည်းနည်းလေးတော့ဆင်ခြင်သင့်တယ်မထင်ဘူးလား။
"မရဘူး လွန်း ကိုအခန်းထဲ သွားခိုင်းလိုက်မယ်လေ "
"ကိုကိုကတော့တကယ်မနိုင်"
လွန်း အရှေ့ထွက်လာတော့ တွေ့လိုက်ရတဲ့မြင်ကွင်းက တကယ်ကိုနာကျင်စေသည်။ မောင်သည် သူ့ကောင်မလေးကိုအမြတ်တနိုး နမ်းနေလေရဲ့။ ဟိုတစ်နေ့ညက မောင်ငါ့ကိုနမ်းခဲ့တဲ့အနမ်းတွေနဲ့များကွာပါ့မောင်ရယ် စိတ်ထဲကနေပဲ
'မောင်သူ့ကိုသိပ်ချစ်တာပဲလား ငါလည်းအချစ်ခံချင်တယ်မောင်'
"အာ...လွန်း ပြီးရင်အခန်းထဲသွားနေပါလား"
မောင်...ဘယ်လိုစကားမျိုးများပြောထွက်ရတာလဲ ။ ကိုယ့်ယောက်ျားက တစ်ခြားသူနဲ့ဖောက်ပြန်နေတာကိုငါဘယ်လိုသည်းခံနိုင်ပါ့မလဲမောင် ။ အော် မေ့နေတာ ငါကသာ မောင့်ကိုယောက်ျားအဖြစ်သတ်မှတ်ထားပေမဲ့ ငါကတော့မောင့်အမြင်မှာ မောင်စေရာ ကတဲ့အရုပ်လေးတစ်ရုပ်ထက်မပိုပေ။
"အင်းဆက် ငါလည်းနေမကောင်းလို့ နားတော့မယ်"
"အင်း ဆေးသောက်လိုက်ဦး"
မောင်ပြောတာကိုခေါင်းငြိမ့်ပြပြီး အပေါ်ထပ်ကိုတတ်လာခဲ့လိုက်တယ်။ ဒီညေတာ့ နှလုံးသား လေးတစ်ဖန်နာကျင်ရဦးမယ်ထင်ပါရဲ့...။
အခန်းထဲ မှာလဲရင်း တောင်စဉ်ရေမရတွေစဉ်းစားနေရင်း ဖုန်းအသံမြည်လာတာမို့ကြည့်လိုက်တော့ 'ဇိုင်း'တဲ့
"အင်း ဇိုင်း ပြော"
"ဘာလုပ်နေလဲ ငါ VC ခေါ်လိုက်မယ်"
"အေးအေး..."
ခဏေနေတာ့ လက်ပ်တော့ ကနေ VC ဝင်လာတော့ကိုင်လိုက်ကာ
Camera ကိုမဖွင့်ပဲထားတော့ ဇိုင်းကအော်လေသည်။
"ဟျောင့် မျက်နှာပြလေကွာ"
ဇိုင်း ကပြောနေတာကြောင့် camera ဖွင့်လိုက်ပေမဲ့ မျက်နှာကိုအောက်ငုံ့ထားလိုက်သည်။
.
.
.
.
.
ဒီလိုခေါင်းငုံ့ထားပုံရရင်တော့သေချာနေပါပြီ။
ဘာကြောက့်အမြဲတမ်းပျော့ညံ့နေရတာလဲလွန်းရယ်
"လွန်း ခေါင်းမော့"
လွန်း ဇိုင်း ပြောနေတာကိုတောင်ဂရုမစိုက်ဘဲ ခေါင်းကိုငုံ့မြဲငုံ့ထားလေသည်။
"လွန်း ငါပြောနေတယ်ခေါင်းမော့!'
ဇိုင်းရန် ရဲ့အသံ နည်းနည်းကျယ်သွားတော့မှ လွန်း ကခေါင်းမော့လာသည်။
ဘုရားရေ...ငိုနေတာအမှန်ပဲ
မျက်လုံးတွေများဖောင်းအစ်နေတာပဲ...
"လွန်း ဘာလို့ငိုနေတာလဲ"
ကြင်နာယုယခြင်းများစွာနဲ့မေးမိတော့ လွန်း ကခေါင်းခါပြသည်၊
"လွန်းလေး ငါ့ကိုကြည့် လွန်း ရေ ငါ့က်ိုကြည့် မငိုနဲ့ ဘာကြောင့်ငိုရတာလဲ ငါ့ကိုပြော ဟိုအကောင်ကြောင့်လား"
လွန်းဘာမှပြန်မဖြေ။ နှုတ်ဆိတ်နေတာဝန်ခံခြင်းတဲ့။ နေဆက်ရှိန် မင်းလွန်နေပြီလို့မထင်ဘူးလား။မင်းအမြံတမ်းလွန်းကိုအနိုင်ကျင့်တယ်။ ခွေးကောင် နောက်တစ်ခါငါနဲ့မတွေ့မိစေနဲ့ မင်းကိုသတ်မိလိမ့်မယ်...။
"လွန်း မငိုနဲ့နော် ဘာကြောင့်ငိုနေတာလဲ"
လွန်းကပြန်မဖြေပေမဲ့ laptop ကိုကိုင်ကာ အောက်ထပ်ကိုဆင်း၍ အကွယ်တစ်နေရာကနေ မောင်နဲ့ဟေသာ တို့နမ်းရှုံ့နေကြတဲ့မြင်ကွင်းတွေကိုဇိုင်းကိုပြရင်းအသံမထွက်အောင်ငိုမိသည်။
ဟုတ်တယ်လေ သူငိုနေတာမောင်သိရင် သူ့ကိုစိတ်ဆိုးသွားမှာပေါ့၊ အပေါ်မှာနေခိုင်းတာ ဝင်မရှုပ်နဲ့ဆိုတဲ့သဘောလေ။ငါအောကိထပ်ရောက်နေတာမောင်သိရင် ငါ့ကိုစိတ်ဆိုးလိမ့်မယ်၊ မောင်က ငါ့ကိုပြောချင်နေတာတွေကို ဟေသာ့ အရှေ့မှာ ပညာသားပါပါပြောနိုင်ခဲ့ပါတယ်။
ဥပမာ အခနထဲသွားနေပါလားဆိုတာ မောင်က ငါ့ကိုဝင်မရှုပ်နဲ့လို့ပြောလိုက်တာနဲ့တူတူပဲမောင်...။
Bluetooth ear phone တတ်ထားတာမို့သာအဆင်ပြေပေသည်။ ထိုမြင်ကွင်းကိုကြည့်ပြီးတကယ်အံ့သြရသည်။ မနေ့ညကတောင် လွန်း ကိုသိမ်းပိုက်ထားတဲ့လူက အခု မိန်းမတစ်ယောက်နဲ့တဲ့။ အော်ဂလီဆန်လိုက်တာ အရမ်းကိုလွန်နေပြီ နေဆက်ရှိန် !။
"လွန်း အပေါ်ပြန်တတ်"
လွန်းက ထိုမြင်ကွင်းကိုကြောင်ပြီးရပ်ကြည့်နေတာမို့
ဇိုင်းအားထည့်ကာအော်လိုက်သည်။
"လွန်း! ငါမင်းကိုအပေါ်ပြန်တတ်တော့လို်ပြောနေတယ်လေ "
ထိုအခါမွ လွန်း laptop ကိုကိုင်ကာ အခန်းထဲပြန်ဝင်သွားလေသည်။ အခန်းထဲရောက်တော့
"လွန်း ငါနဲ့အပြင်လို်က်မလား"
"အင်း..."
"ငါလာခေါ်မယ် အသင့်ပြင်ထား"
"အင်း..."
မှိုင်တွေတွေကြီးနဲ့ 'အင်း'တစ်လုံးထဲသာဖြေနေသော လွန်း ကိုကြည့်ရင်း တကယ်စိတ်မောရသူက ဇိုင်းရန် ပင်ဖြစ်လိမ့်မည်။
လွန်း အသင့်ပြင်၍ အိမ်ရှေ့မှာထွက်စောင့်ရန်အောက်ဆင်းလာတော့ မောင်က လွန်းလာတာကိုတွေ့တဲ့ နမ်းနေကြတာကိုရပ်လိုက်သည်။ တစ်ခုတော့ကောင်းပါတယ် မောင်က ထိုမိန်းကလေးကို အဆင့်မကျော်ခဲ့ပါဘူး ။
"ဆက် ငါအပြင်ခဏသွားဦိးမယ် "
လွန်း ပြောပြောပြီးချင်း ထွက်လာတာတောင် မောင်တို့်ကအရှိန်မပျက်ကြသေး။
မောင်ရယ် ငါအိမ်ရှေ့ရောက်တဲ့အထိတောင်
မစောင့်နိုင်ပါလား....!
အိမ်ရှေ့မှာ ထွက်စောင့်နေလိုက်သည်။ ဆောင်းအဝင်ကာလမို့ အအေးဒဏ်ကြောင့် အပေါ်ထပ်တစ်ထပ် ဝတ်လာခဲ့လိုက်သည်။ ဇိုင်းကတွေ့တော့
"ဟာ...လွန်း အအေးပတ်မယ် လေ အထဲဝင်မနေဘူး"
လွန်း က ဖောင်းအစ်နေသော မျက်လုံးတို့နှင့် ဇိုင်းကိုကြည့်ကာ အိမ်ထဲကိုလက်ညိုးထိုးပြသည်။
ဇိုင်း အိမ်ထဲဝင်ရန်ခြေပြင်နေတာမို့ လွန်းက ဇိုင်းလက်ကိုဆွဲကာ
"မလုပ်ပါနဲ့" ဟုသာ ပြောလေသည်။ သူကအဲ့လိုပြောတော့ကိုယ်ကဘယ်တတ်နိုင်မလဲ ။ လွန်း က
"ဇိုင်း...ဆိုင်ကယ်မပါဘူးလား"
"ဟင့်အင်း မင်းနဲ့အတူ လမ်းလျှောက်မလို့"
"အင်း သွားကြမယ်လေ "
"အင်း..."
အချိန်အတော်ကြာအောင် ရောက်ချင်ရာရောက် လျှောက်လာသောကြောင့် ဗိုက်ကဆာလာသည်။ နာရီကြည့်တော့ ည၉နာရီ။ ဆိုင်လေးတစ်ခုကိုဝင်ကာ အဆာပြေစား၍ အရင်ထိုင်နေကြ အုတ်ခုံတန်းလေးမှာထိုင်ကာ
"လွန်း အဆင်ပြေရဲ့လား တစ်လမ်းလုံး လည်းဘာမှမပြောဘူး "
လွန်းကခေါင်းသာငြိမ့်ပြလေသည်။
လွန်း ကအဲ့လိုကြီးလုပ်နေတော့ နေမသာသူက ဇိုင်းရန်
လွန်းကိုဖက်ကာ
လွန်း မင်းသိလား။ မင်းကအတ္တအရမ်းကြီးတယ်။ မင်းကိုမချစ်တဲ့သူကိုကျတော့မင်းအရမ်းချစ်နေပြီး မင်းကိုချစ်တဲ့ငါ့ကိုကျတော့ မင်းဘာလို့မမြင်နိုင်ရတာလဲ။ ငါလေ နေဆက်ရှိန် လိုပဲမင်းချစ်တာကိုခံချင်တယ်။ မင်းရဲ့အရိပ်လိုမျိုး အမြဲတမ်းစောက်ရှောင့်ပေးနေတဲ့ ငါ့ကိုက်မွ ဘာလို့လဲ...ဘာလို့လဲလို့....!
လွန်းကိုချော့မယ်စဉ်းစားရင်း ကိုကိုယ်တိုင်က ငိုနေမိတာမို့ မျက်ရည်တွေကိုသုတ်ကာ
"လွန်း ငိုချင်နေရင်ငိုချလိုက်"
"ဟင့်အင်း ငါမငိုဘူး"
"လွန်း!မင်းစိတ်သက်သာမယ်ထင်ရင် ငိုချလိုက်လို့!"
"ဟင့်အင်း..ငါ...အဟင့်..ဟင့်..."
သူသိတာပေါ့ လွန်း ငိုချင်နေတာကို ငိုလိုက်ရလို့စိတ်သက်သာမယ်ဆိုရင်ငိုချလိုက် ငါ့ပုခုံးက မင်းငိုရင်သုံးဖို့ တစ်သက်တာတံဆိပ်ရိုက်ပြီးသား။
ငါတို့အားလုံးအချစ်ကြောင့်ရူးကုန်ကြပြီ ထင်ပါရဲ့...။
..................။
ရှည်ရှည်ရေးပေးထားတယ် အသဲလေးတို့ဖတ်ရတာအဆင်ပြေတယ်ကြိုက်တယ်ဆိုရင် "မောင်"စေရင် လေးကိုလက်ဆင့်ကမ်းပေးပါဦးနော်....
Feedback လေးတွေနဲ့ vote လေးတွေပေးဖို့မမေ့နဲ့နော် 😉
12.10.2020
#VeraVicki
© Yoon Lay,
книга «"မောင်" စေရင်».
(9) ထာဝရသူငယ်ချင်း ထာဝရသူငယ်ချင်း
Коментарі