ေမာင္....တဲ့ မောင်....တဲ့
(1) အရုပ်လေး အရုပျလေး
(2) ငါငတုံးမဟုတ်ဘူးမောင် ငါငတုံးမဟုတ်ဘူးမောင်
(3) ဂ်ဴတီကုပ္ေလး ဂျူတီကုပ်လေး
(4) ငါလည္းနာတတ္တယ္ ငါလည်းနာတတ်တယ်
(5) ငါ့ရှေ့မှာမှ ငါ့ရှေ့မှာမှ
(6) ရယူခြင်း ရယူခွငျး
(7) မတောင်းပန်ပါနဲ့ မတောင်းပန်ပါနဲ့
(8) အရိပ္လိုလူ အရိပႅိုလူ
(9) ထာဝရသူငယ္ခ်င္း ထာဝရသူငယ်ချင်း
(10) ေတြ႔ဆံုမႈ တွေ့ဆုံမှု
(11) မောင်သိမ်းထားသော မောင်သိမ်းထားသော
(12) ခ်စ္တယ္ လြန္း ချစ်တယ် လွန်း
(13) ဆုံးရှုံးခြင်း ဆုံးရှုံးခွငျး
(14) ပန်းကလေးငယ် ပန်းကလေးငယ်
Warning (ဖတ္ေပးပါ ဖတ်ပေးပါ )
(15) ေမ်ွာ္လင့္ခ်က္ေလး မျှော်လင့်ချက်လေး
(16) ထွက်သွားမိမှာ ထြက်သြားမိမွာ
(17) လုပ်ရက်တယ် လုပျရကျတယျ
(12) ချစ်တယ် လွန်း ချစ်တယ် လွန်း
Zawgyi
........
..................။
အခန်းထဲက အပေါ်ထပ်ကုပ် ကိုယူဝတ်ကာ bar ကိုထွက်လာခဲ့လိုက်သည်။
.
.
.
.
.
.
.
ကြောက်ကြောက်လန့်လန့် နဲ့ရုန်းမိတာမို့ ဘယ်သူလည်းဆိုတာမကြည့်အား ။ ထိုစဉ်ကြားလိုက်ရသော စကားသံတစ်ခု အရမ်းကိုနူးညံ့လှသည်။
"လွန်း..."
"ဇိုင်း!!!!!!"
"မောင် ခဏနော်"
"ဘာလို့လဲ!"
"ဟမ်!"
"....."
အတွေးတို့ကို လက်စဖျောက်ကာ bar ထဲပြန်ဝင်၍ မောင့်ကိုခေါ်ပြီး အိမ်ကိုတန်းပြန်လိုက်သည်။
"လွန်း..."
"အင်း..."
"ထပ်မေးမယ် ငါ့ကိုချစ်လား"
ခဏတော့ မောင်က ကြောင်သွားဟန်ရှိသည်။
"ဟမ်!"
ငါအရမ်းပင်ပန်းနေပြီ "
.......................။
"အား....သေပြီ"
...................။
ဖုန်းကိုပိတ်ကာ အိပ်ဖိုပြင်လိုက်သည်။
အိပ်ခါနီးလေးတွင်
.....................။
15.10.2020
#VeraVicki
Unicode
.........
ခုရက်ပိုင်း ကျောင်းလည်းပုံမှန်မတတ်ဖြစ်သလို လွန်း နဲ့လည်းသိပ်မတွေ့ဖြစ်ကြပေ။ မီးရောင်စုံတွေထွန်းလင်းကာ
အပျော်မယ်တို့နှင့် ပြည့်နက်နေသော နေရာသည် အော်ဂလီဆန်လှသော်လည်း သူ့အတွက် တော့စိတ်ချမ်းသာစရာနေရာပင်။ မမြင်ချင်တဲ့အခွက်ကိုလည်းမြင်နေရတာမို့ ဝိုင်းပြောင်းကာ ထိုလူနဲ့မျက်နှာချင်းဆိုင်ကနေပြောင်းထိုင်လိုက်သည်။
"စိတ်ညစ်ပါတယ်ဆို ကျက်သရေတုန်းကောင်ကတစ်မျိုး"
ဇိုင်းရန် ကသာ နေဆက်ရှိန်ကိုတွေ့ပေမဲ့ နေဆက်ရှိန်ကတော့ ဇိုင်းကိုမတွေ့ချေ။
ကွဲပြဲမူးရူးကာ လူက မူမမှန်ချင်တော့ချေ။ ထဖို့တောင်အနိုင်နိုင်ဖြစ်နေလေသည်။
..................။
မနေ့ကတညိးက ကျောင်းမတတ်ဘဲ အတန်းချိန်ကိုလည်းစောကာပြန်သွားသည်။ ဒီနေ့လည်းကျောင်းမလာပြန်။ မနက်ဖြန် ဆိုလက်တွေ့ဆင်းရမယ့်ကိစ္စရှိတယ်မဟုတ်လား?
ဖုန်းခေါ်လိုက်တော့ ဖုန်းမကိုင်။ ထပ်ခေါ်တော့လည်းမကိိုင်
သူ့ fb အကောင့်ထဲဝင်ကြည့်ရင် တစ်ခုခုရနိုင်မည်ဟုထင်တာကြောင့် ဝင်ကြည့်တော့လည်း ဘာမှမတွေ့။
စိတ်ပေါက်ပေါက်နဲ့ ig သုံးတော့မှ ig မွာ ဇိုင်း တင်ထားတဲ့ပိုစ့်ကိုတွေ့လိုက်သည်။ သူအခု Tomax bar ကိုရောက်နေတဲ့အကြောင်းကို tag တွဲတင်ထားသည်။
"အဲ့ကောင် မူးရူးနေပြန်ပြီထင်တယ် "
အခန်းထဲက အပေါ်ထပ်ကုပ် ကိုယူဝတ္ကာ bar ကိုထွက်လာခဲ့လိုက်သည်။
.
.
.
.
.
.
.
Bar ရောက်တော့ ဇိုင်း ကိုဟိုကြည့်ဒီကြည့်နဲ့ရှာတုန်း လက်တစ်စုံရဲ့ပွေ့ဖက်ခြင်းကိုခံလို်က်ရသည်။
ကြောက်ကြောက်လန့်လန့် နဲ့ရုန်းမိတာမို့ ဘယ်သူလည်းဆိုတာမကြည့််အား ။ ထိုစဉ်ကြားလိုက်ရသော စကားသံတစ္ခု အရမ်းကိုနူးညံ့လှသည်။
"လွန်း..."
မောင်....မောင် ကဘယ်လိုဖြစ်လို့ဒီရောက်နေပြန်တာလဲ ။
မောင်ကသူ့ကိုနမ်းဖို့ကြိုးစားနေတာကြောင့်
"မောင် လွှတ်...လွှတ်ပါ လူတွေရှိတယ်"
လွန်း က ရုန်းလည်းရုန်း ပြောလည်းပြောကာနေသော်လည်း မောင် ရဲ့အားကိုတော့မယှဉ်နိုင်။ မောင် ကိုင်ထားသော လွန်းရဲ့လက်မောင်းတို့မှာလည်း နာကျင်လှပြီ။ ဆက်ရုန်းနေရင် ပိုနာမယ်မှန်းသိတာမို့ မောင့် စိတ်ကြိုက်သာစီးမျောခွင့်ပေးလိုက်တော့မယ်။
ကျရောက်လာခြင်းမရှိသော နှုတ်ခမ်းတစ်စုံနှင့် ဆွဲလှည့်ခြင်းခံလိုက်ရသော မောင့်ခန္ဓာကိုယ် ။
အပေါ်ကလူက မောင့်ကိုဆွဲထိုးတာမို့ သွေးတွေတောင်ထွက်နေလေပြီ။ သတ်ပုတ်နေကြတာမို့ လွန်း ကမောင့်ကိုဆွဲသော်လည်း မရ။ မောင့်ကိုဆွဲထိုးနေတဲ့လူကိုအနီးကပ်မြင်လိုက်ရတာ မို့အံ့သြသွားသည်။
"ဇိုင်းရန် တော်တော့ မောင်သေတော့မယ်"
ပြောနေသော်လည်းမရ ဇိုင်းရဲ့အခုလိုပုံစံကိုမြင်ရတာပထမဦးဆုံးဖြစ်သည်။ မျက်လုံးများလည်း အနက်ရောင်ကနေ အနီရောင်ကိုပြောင်းကာ လည်ပင်းသွေးကြောများပါပေါက်ထွက်မတတ် ထောင်နေလေသည်။ ဇိုင်း ဘယ်လောက်တောင် ဒေါသထွက်နေလည်းဆိုရင် မြင်သူတိုင်းသိနိုင်သည်။
"ဇိုင်း!!!!!!"
အသားကုန်အော်လိုက်တော့မှ ဇိုင်း ရပ်သွားလေသည်၊ မောင်လည်းအောက်မှာ သေတော့မည်ဟုတောင်ထင်ရသည်။
"မောင် ခဏနော်"
မောင်ကြားလားမကြားလားမသိတော့ ။ ဇိုင်း ရဲ့လက်ကိုဆွဲကာ bar ရဲ့အနောက်ဘက်ခြမ်းကိုခေါ်သွားလိုက်သည်။ ထိုနေရာမှာ ဂိုဒေါင်တစ်ခုသာရှိသည်။ မည်သူမှရှိမနေ။
"မင်းဘာဖြစ်နေတာလဲ ဇိုင်းရန်!"
လွန်း သူ့ကို နာမည် အပြည့်အစုံခေါ်ဖူးတာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
"အဟက်!မင်းကိုနမ်းတော့မှာကိုငါကကြည့်နေရမှာလား ဟမ်!"
"အဲ့တော့ မင်းနဲ့ဘာဆိုင်လဲ "
နှလုံးသားထဲက တကယ်ကိုနာကျင်စေသည်။ 'မင်းနဲ့ဘာဆိုင်လဲ ' တဲ့ အဟက်!
"ဆိုင်တယ် ....ငါနဲ့ဆိုင်တယ် စောက်ရူးကောင် ရဲ့"
"မင်းအပူမပါဘဲ မောင်နဲ့ငါ့ကြားကိုဝင်မပါနဲ့"
ဇိုင်း လုပ်နေသမျှက လွန်းကောင်းဖို့အတွက်ပဲလေ
ဘာလို့လဲ သူ့ကိုမှ ဘာလို့အဲ့လိုလုပ်ရတာလဲ!
"ဘာလို့လဲ!"
"ဟမ်!"
"ဘာလို့ငါ့ကိုအဲ့လိုလုပ်ရတာလဲ!ဟမ်! ဘာလို့လဲလို့!"
"....."
"ချစ်တယ် ငါမင်းကိုချစ်တယ် ပိုငိဆိုင်ခွင့်မရှိမှန်းလည်းသိတယ် မင်းဘေးနားမှာပဲအရိပ်လိုပဲ စောင့်ရှောက်ချင်တယ်
မင်းကိုနာကျင်စေတဲ့အရာတွေကိုငါမုန်းတယ် မင်းမျက်ရည်တွေကိုမုန်းတယ် နေဆက်ရှိန် ကိုငါသတ်ချင်တယ် မင်းကိုသူနာကျင်စေခဲ့ပေါင်းများပြီ ငါ..ငါ...မင်းကိုချစ်တယ် လွန်း!"
မူးနေတဲ့အရှိနိကြောင့် ဘာမှမစဉ်းစားဘဲပြောလိုက် ပေမဲ့
သူလွန်းကိုတကယ်ချစ်တာကတော့ မြေကြီးနက္ခတ်မလွဲအောင်ကိုမှန်သည်။
"မင်းရုးနေပြီ စောက်ရူးကောင် မောင်နဲ့ငါ့ကြားမှာနောက်ဆိုဝင်မပါပါနဲ့"
"ဟုတ်တယ် ရူးတယ် မင်းကြောင့်ရုးနေတာ လွန်းထက်သာ! "
လွန်း ပြောလိုက်တာလည်း လွန်သွားပြီလား သူတကယ္ကိုမသိ။ အမွန္က ဇိုင်း သူ့ကိုစိတ်နာအောင်တမင်ပြောလိုက်ခြင်းပင်။ မဖြစ်နိုင်တဲ့မျှော်လင့်ချက်တစ်ခုအတွက် ဇိုင်း ရဲ့အချိန်တွေကိုမပျက်စီးစေချင်ဘူး။
ဇိုင်းထွက်သွားတော့မှ
"ငါတောင်းပန်ပါတယ် ငါမောင့်ကိုပဲချစ်တယ်။ မနက်ဖြန် ဒီနေ့ဖြစ်ခဲ့သမျှတွေအကုန်လုံးအိမ်မက်တွေပဲ ဖြစ်နေပါစေ ဇိုင်းရန်"
ဇိုင်းရဲ့ခြေလှမ်းတို့ရပ်တန့်ကာ
"ငါတို့ထပ်မတွေ့ကြရအောင် လွန်း!"
ထွက်သွားသော ဇိုင်းကိုမဆွဲထားမိ။ ဆက်ဆံမှု တစ်ခုကပျက်တောက်ပြီးရင် ပြန်မဆက်နိုင်တော့ဘူးဆိုပေမဲ့ ငါတို့ဆက်ဆံရေးကတော့ ပြန်ဆက်နိုင်ရမယ် ဇိုင်း...။
အတွေးတို့ကို လက္စေဖ်ာက္ကာ bar ထဲပြန်ဝင်၍ မောင့်ကိုခေါ်ပြီး အ်ိမ်ကိုတန်းပြန်လိုက်သည်။
အိမ်ရောက်တော့ မောင့်ကိုဆေးထည့်ပေးနေလိုက်သည်။
"လွန်း..."
"အင်း..."
"ထပ်မေးမယ် ငါ့ကိုခ်စ္လား"
"မောင် ငါတို့ကွာရှင်းရအောင်"
ခဏေတာ့ မောင်က ကြောင်သွားဟန်ရှိသည်။
"ဟမ်!"
"ဟုတ်တယ်မောင် ။ မောင်မကြည်ဖြူတဲ့ငါ့ဘဝကို ငါမလိုချင်ဘူး ။ မာမီကြီးကြောင့်လက်ထပ်ခဲ့ရပေမဲ့ အခုမာမီကြီးမရှိတော့ဘူးလေ မောင်မလိုချင်ရင်ငါတို့ကွာရှင်းကြရအောင်
ငါအရမ်းပင်ပန်းနေပြီ "
"နောက်တစ်ခါ ငါ့ကိုကွာရှင်းဖို့မပြောနဲ့ မင်းကငါ့အပိုင်ပဲဆိုတာမှတ်ထားလိုက်"
ဆေးထည့်ပေးနေသောလက်ကိုခါချကာ အခန်းထဲကိုတန်းဝင်သွားသော မောင့်ကိုကြည့်ရင်းသက်ပြင်းချလိုက်သည်၊
မောင်က အတ္တကြီးလိုက်တာ ။ မောင်မလိုချင်ဘဲ ဘာလို့ငါ့ကိုအတ္တတွေနဲ့ပိတ်လှောင်ထားရတာလဲ။
.......................။
သူဘာတွေလုပ်မိလိုက်တာလဲ လွန်း ကိုပြောမိလိုက်တာလား!
"အား....သေပြီ"
အတွေးထဲချာချာလည်အောင်မူးနေချိန် ဖုန်း က စာဝင်လာတာမို့ ကြည့်လိုက်တော့ 'Shaine' ဆိုတဲ့အကောင့်ကဖြစ်နေလေသည်၊ စိတ်ညစ်နေပါတယ်ဆို သူကတစ်မျိုး
...................။
စစတွေ့ချင်းကတည်းက မျက်လုံးထဲတန်းမိတဲ့သူဆိုရင် အဲ့လူသာဖြစ်လိမ့်မည်။ ဆုံးသွားတဲ့အဖေပေးထားတဲ့လက်ကောက်လေးကိုပြန်ရလို့လည်းကျေးဇူးတင်သည်။
ထိုလူကိုလည်းစိတ်ဝင်စားတာထက်ကိုပိုမိသည်၊ သူ့မျက်လုံးကိုကြည့်တာနဲ့ မြင်သူတိုင်းသိနိုင်လိမ့်မည်။ အပြင်မှာသာ ပျော်ဟန်ဆောငိနေပေမဲ့ ရင်ဘက်ထဲကဘယ်လောက်နာကျင်နေတယ်ဆိုတာတွေကိုမျက်လုံးကတစ်ဆင့်သိနိုင်သည်။
အလုပ်ပြီးလို့ သတိရတာနဲ့ သူ့ fb အကောင့်ကိုအပ်လိုက်တော့ ချက်ချင်းပင် comfirmed တတ်လာသည်။
Message ပို့လိုက်တော့ seen ပဲပြသည်။
နောက်တစ်ခေါက် ထပ်ပို့လိုက်သည်။
/ဇိုင်း စိတ်ညစ်နေတယ်မဟုတ်လား /
ချက်ချင်းပင်စာပြန်ဝင်လာသည်။
/စိတ်ညစ်နေတာမဟုတ်လို့ မင်းလဲအိပ်လိုက်တော့ ဇိုင်းလို့မခေါ်နဲ့ ငါ့နာမည် ဇိုင်းရန် /
/အေးပါ မနက်ဖြန် (...)မှာတွေ့ရအောင် မလာမချင်းစောင့်နေမှာမို့ လာခဲ့/
ဟာ အကြောကြီးနဲ့ပါလား နာမည်မသိလို့ အကောင့်နာမည်ကပါတဲ့အတိုင်း ဇိုင်း လို့ခေါ်တာဘာဖြစ်လဲ ။
သေချာသည် ။ ထို ဇိုင်းရန် ဆိုသောသူကိုစိတ်ဝင်စားတာထက်ပိုလာပြီထင်တယ်။
ဖုန်းကိုပိတ်ကာ အိပ်ဖို်ပြင်လိုက်သည်။
အိပ်ခါနီးလေးတွင်
"မင်းကဘယ်လိုလူလဲဆိုတာငါတကယ်သိချင်နေပြီ ဇိုင်းရန် မနက်ဖြန်တွေ့ကြမယ်"
.....................။
ဖတ်ရတာအဆင်ပြေရဲ့လား ပေါ့သွားမှာစိုးနေတာ
Feedback လေးတွေနဲ့ vote လေးတွေပေးဖို့မမေ့နဲ့နော် 😉
15.10.2020
#VeraVicki
© Yoon Lay,
книга «"မောင်" စေရင်».
(13) ဆုံးရှုံးခြင်း ဆုံးရှုံးခြင်း
Коментарі