ေမာင္....တဲ့ မောင်....တဲ့
(1) အရုပ်လေး အရုပျလေး
(2) ငါငတုံးမဟုတ်ဘူးမောင် ငါငတုံးမဟုတ်ဘူးမောင်
(3) ဂ်ဴတီကုပ္ေလး ဂျူတီကုပ်လေး
(4) ငါလည္းနာတတ္တယ္ ငါလည်းနာတတ်တယ်
(5) ငါ့ရှေ့မှာမှ ငါ့ရှေ့မှာမှ
(6) ရယူခြင်း ရယူခွငျး
(7) မတောင်းပန်ပါနဲ့ မတောင်းပန်ပါနဲ့
(8) အရိပ္လိုလူ အရိပႅိုလူ
(9) ထာဝရသူငယ္ခ်င္း ထာဝရသူငယ်ချင်း
(10) ေတြ႔ဆံုမႈ တွေ့ဆုံမှု
(11) မောင်သိမ်းထားသော မောင်သိမ်းထားသော
(12) ခ်စ္တယ္ လြန္း ချစ်တယ် လွန်း
(13) ဆုံးရှုံးခြင်း ဆုံးရှုံးခွငျး
(14) ပန်းကလေးငယ် ပန်းကလေးငယ်
Warning (ဖတ္ေပးပါ ဖတ်ပေးပါ )
(15) ေမ်ွာ္လင့္ခ်က္ေလး မျှော်လင့်ချက်လေး
(16) ထွက်သွားမိမှာ ထြက်သြားမိမွာ
(17) လုပ်ရက်တယ် လုပျရကျတယျ
(14) ပန်းကလေးငယ် ပန်းကလေးငယ်
Zawgyi
........
"ကိုကို အခ်စ္လာၿပီ"
ထို့နောက် ဟင်းပွဲအစုံအလင်နှင့် မောင်က ရောက်လာ၍ မောင့် ဘေးမှာ ဟေသာထိုင်၍ ငါကတော့ မောင်နဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်သည်။
"ခဏလေး ဒါ ဟေသာ့အတွက်သီးသန့်ချက်ထားတာ
ဟေသာ ကအစပ်မစားလို့"
အော် မဟုတ်တာဘဲ မောင်က ဘယ်တုန်းက ငါ့ကိုဂရုစိုက်လို့လဲ အတွေးတွေလွန်ပြေီ လွန်းထက်သာ ရေ!
အချစ်ငှက်၂ကောင်ကတော့ အခုမှ လွန်း ကိုရှိတယ်ဟုထင်နေသယောင် လွန်း ထထွက်တော့မှ လှည့်ကြည့်ကြသည်။
.....................။
"မင်းက ငါ့ကိုဘယ်လိုသိလဲ"
"မမ နင်ရူးနေလား "
"ငါနင့်ထက်အကြီးဟဲ့ "
"မရဘူး ပြ "
'Zyne Y'
"အေး "
"မမ ကတစ်ခုခုတော့ တစ်ခုခုပဲ"
...................။
(ဟယ်လို )
"ဟယ်လိုမောင်"
တစ်ကိုယ်လုံးကဘယ်လိုဖြစ်နေမှန်းကိုမသိ နည်းနည်းလေး လှုပ်တာနဲ့ကို အန်ချင်လာသလိုလို ခေါင်းကိုက်သလိုလို ဗိုက်အောင့် သလိုလို .....ဟုတ်တယ် ဗိုက်အောင့်နေတာပဲ။
"ဇိုင်း...ဘယ်မှာလဲ အ့...ငါ... "
....................။
"ဇိုင်း...ဘယ်မှာလဲ အ့...ငါ... "
"လွန်း!"
"လွန်း...! ဘာ ဘာဖြစ်တာလဲ "
"လွန်း!"
"ဘာလဲကွာ ငါတို့ပျော်နေတာကို...."
"ငါအခုသွားမှရမယ်"
...................။
#VeraVicki
Unicode
.........
"ကိုကို အချစ်လာပြီ"
ဘဲလ်တီးသံကြားတာကြောင့် လွန်း လဲ တံခါးဖွင့်ပေးလိုက်သည် ။ ဟေသာ ကသူ့အိမ်သူ့ရာ လိုပင်ဝင်ကာ
စားသောက်ဖို့်ပြင်ဆင်နေသော မောင့် ကိုအနောက်ကနေသိုင်းဖက်လိုက်သည်။
ထို့နောက် ဟင်းပွဲအစုံအလင်နှင့် မောင်က ရောက်လာ၍ မောင့် ဘေးမှာ ဟေသာထိိုင်၍ ငါကေတာ့ မောင်နဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်သည်။
မောင့်ရှေ့ကဟင်းခွက်ကိုယူရန်ပြင်တော့
"ခဏေလး ဒါ ဟေသာ့အတွက်သီးသန့်ချက်ထားတာ
ဟေသာ ကအစပ်မစားလို့"
"အင်းရပါတယ် ဟိုဟာပဲစားလိုက်မယ် ဟေသာထည့်စားနော်"
ဟေသာ က တော့ခေါင်းသာငြိမ့်ပြသည်၊ မောင်ရယ် ငါလည်းအစပ်မစားတတ်တာ မောင်မေ့နေသလား?
အော် မဟုတ္တာဘဲ မောင်က ဘယ်တုန်းက ငါ့ကိုဂရုစိုက်လို့လဲ အတွေးတွေလွန်ပြေီ လွန်းထက်သာ ရေ!
အစပ်ကိုတကယ်မစားနိုင်။ စိတ်ထဲကဝမ်းနည်းတာတွေကော ဒေါသထွက်တာတွေကိုကော စု၍ အစပ်တွေစားပစ်လိုက်သည်။ ခဏေနေတာ့ လုံးဝမရတော့ စပ်တာကတစ်ကြောင်း ငိုချင်နေတာကတစ်ကြောင်း ဖြစ်နေတာကြောင့် ထမင်းဝိုငိးမှ ထရပ်လိုက်သည်။
အချစ်ငှက်၂ကောင်ကတော့ အခုမွ လွန်း ကိုရှိတယ်ဟုထင်နေသယောင် လွန်း ထထွက်တော့မှ လှည့်ကြည့်ကြသည်။
"ဆက် ငါ ဝပြီ အေးဆေးစားကြနော်"
ငိုသံမပေါက်စေရန် ထိန်းပြောကာ အပေါ်ကိုတက်လာလိုက်သည်။
အခန်းထဲရောက်တော့ မျက်နှာကိုခေါင်းအုံးအပ်၍ ငိုချလိုက်သည်၊ စိတ်ပြေလိုပြေငြားပေါ့ ။ အခုချိန် ဇိုင်း ရှိနေရင်ကောင်းမှာပဲလို့တောင်တွေးမိသေးသည်။
.....................။
အိမ်ရှေ့သို့ ဆိုက်လာသော ကားတစ်စီးကြောင့်
ရှိန်းသူ ကြောင်သွားသည်။ ဘယ်ကားကဒီအချ်ိန်ကြီးလာရတာတုန်း ည၁၀နာရီတောင်ရှိနေပြီလေ။
ကားပေါ်ကဆင်းလာသော မိန်းကလေးကိုတွေ့တော့မှ
"မမ နင်ဘာဖြစ်လာတာလဲ...သူ...သူက"
"အာ...ကျွန်တော်က နေဆက်ရှိန်ပါ ဟေသာသွယ် ရဲ့ချစ်သူကောင်လေးပါ"
"အင်း မောင်လေး။ မမ အမေနဲ့ ပြသနာဖြစ်ထားတယ် ဒီမှာအိပ်မယ် ကိုကိုနောက်ကျနေပြီပြန်တော့လေ"
"အင်း....ဒါနဲ့ ရှိန်းသူ ဟေသာ့ ကိုစောင့်ရှောက်ပေးနော်"
"မင်းက ငါ့ကိုဘယ္လိုသိလဲ"
"မသိရကောင်းလား မင်းကအခုလက်ရှိ hot ဖြစ်နေတဲ့ မော်ဒယ်တစ်ယောက်ပဲကို ထားပါ သွားပြီ"
နေဆက်ရှိန် ထွက်သွားတော့မှ ရှိန်း လည်းဟေသာ့ကိုအိမ်ထဲခေါ်လာကာ
"မမ နင်ရူးနေလား "
"ဘာလဲဟာ နင်ကလည်း ငါရောက်လာတာနဲ့ဆူနေတော့တာပဲ "
ရှိန်း ရဲ့ခေါင်းကိုခေါက်ကာ
"ငါနင့်ထက်အကြီးဟဲ့ "
ဟေသာရေသောက်နေရင်းနဲ့မှ ရှိန်းကြည့်နေသော အကောင့်တစ်ခုကိုတွေသွား၍
"အယ့်....နေဦး ငါ့မောင် နင်ဘယ်သူ့အကောင့်မှဝင်မကြည့်ဖူးပါဘူး ဒါဘာလဲ ငါ့ကိုပြ"
"ဟာ ကိုယ့်ဘာသာကိုယ်နေစမ်းပါကွာ"
"မရဘူး ပြ "
ဟေသာကအတင်းလုတာမို့ ဖုန်းကပါသွားလေသည်။
အကောင့်နာမည်ကိုအသံထွက်၍
'Zyne Y'
"နေပါဦး ငါသူ့ကိုတွေ့ဖူးနေသလိုပဲ "
"မမအထင်မှားနေတာနေမှာပါ"
ချက်ချင်းအတွေးထဲပေါ်လာတာက ဟိုတစ်နေ့ညက ကိုကို့ ကိုထိုးကြိတ်ပြီး ပေါက်လွတ်ပဲစား စကားတွေပြောသွားတဲ့တစ်ယောက်ပဲ သူတို့တစ်ခုခုတော့ဆက်စပ်နေရမယ်
အဲ့အကြောင်းမသိရခင်အထိ Zyne ဆိုတဲ့တစ်ယောက်ကိုမသိဘူးဆိုတဲ့ ပုံစံလုပ်ရမယ်။
"အေး ငါအထင်မှားတာနေမှာ အိပ်တော့မယ် နင်လည်းစောစောအိပ်"
"အေး "
ရှိန်းသူ တစ်မျိုးဖြစ်သွားသော သူ့အမကိုကြည့်ကာ
"မမ ကတစ်ခုခုတော့ တစ္ခုခုပဲ"
...................။
ည ၁၁ နာရီလောက်ကတည်းက နေလို့မကောင်း အဲယားကွန်း ဖွင့်ထားရက်နဲ့တောင် ချွေးပြန်နေလေသည်။ ရင်ထဲမှာအမည်မသိတဲ့ခံစားချက်ကြီး ။
မောင့် ကိုဖုန်းဆက်တော့ မောင့်ဘက်က
(ဟယ္လို )
ဖျော့လွန်းသော အသံဖြင့်
"ဟယ်လိုမောင်"
(အင်းပြော နေမကောင်းဘူးလား)
"ကောင်းပါတယ်....အခုပြန်လာလို့ရမလား"
(ငါမအားသေးဘူး ဟေသာ့ကိုလိုက်ပို့ပြီး သူငယ်ချင်းတစ်ယောက်က မွေးနေ့ပါတီ ဆိုလို့သွားနေရတယ်)
"အော် အင်း ပြီးတာပဲ အဲ့တာဆိုငါအိပ်ပြီနော်"
မောင့်အဖြေကိုတောင်မစောက့်ဘဲ ဖုန်းကိုချမိလိုက်သည်။
တစ်ကို်ယ်လုံးကဘယ်လိုဖြစ်နေမှန်းကိုမသိ နည်းနည်းလေး လှုပ်တာနဲ့ကို အန်ချင်လာသလိုလို ခေါင်းကိုက်သလိုလို ဗိုက်အောင့် သလိုလို .....ဟုတ်တယ် ဗိုက်အောင့်နေတာပဲ။
ီဇိုင်း ပဲရှိတော့တာမို့ ဖုန်းဆက်လိုက်တော့ ဖုန်းမကိုင်။
အဲ့တာနဲ့ပဲ voice message သာပို့လိုက်ရတော့သည်။
အသံက ခုနကထက်တောင် တိုးလျလွန်းကာ
"ဇိုင်း...ဘယ်မှာလဲ အ့...ငါ... "
ပြောနေရင်းနဲ့ကို လူကလုံးမခံနိုငိတော့ဘဲ ချွေးစီးတွေပြန်ကာ သတိလစ်သွားလေသည်။
....................။
"အား...ညောင်းလိုက်တာ ငါဘယ်လိုအိပ်ပျော်သွားလဲမသိဘူး မနေ့ကပင်ပန်းလိုက်လို့နေမှာ"
ဇိုင်း အိပ်နေသည်မှာ ညေန ၅ နာရီကထဲကဖြစ်သည်။ အခုပင် ည၁၂ နာရီတောင်ရှိနေလေပြီ။
အပျင်းကြောဆန့်၍ ရေထသောက်ကာ ဖုန်းကိုယူ၍ ဘာများသတင်းထူးမလဲလို့ဖုန်းကိုဖွင့်လိုက်တော့
လွန်း ဆိုတဲ့နာမည်နဲ့ miss call တွေအများကြီးဝင်နေလေသည်။
Miss call တွေကအရမ်းများနေတာကြောင့် အတိုင်းအဆမရှိစိတ်ပူသွားလေသည်။ ဖုန်းကိုပြန်ခေါ်တော့မကိုင်ပေ။
ပြီးကျမှ တစ္ခုခုကိုသတိရသြားကာ လွန်းက သူဖုန်းမကိုင်ရင်message ပို့ထားတတ်သည်။ messenger ထဲဝင်ကြည့်တော့ "Loon Htet"
ဆိုတဲ့အကောင့်လေးက အသံမက်ဆေ့ ဝင်နေတာမို့ နားထောင်ကြည့်တော့
"ဇိုင်း...ဘယ်မှာလဲ အ့...ငါ... "
အဲ့ အသံမက်ဆေ့ ပြီးကတည်းက စာ ဆိုတာဆက်မပို့သလို လိုင်းတတ်နေရဲ့သားနဲ့ ဇိုင်း ပို့သမျှကိုလည်း စာ မပြန်။ ဖုန်းဆက်တော့လည်းမကိုင်။ အခုချိန် ဘယ်လောက်တောင်စိတ်ပူနေမလဲဆိုရင် ဇိုင်း သာသိလိမ့်မည်။
ဆိုင်ကယ်ကို ချက်ချင်းထုတ်ကာ လွန်း အိမ်ကိုသွားလိုက်သည်။
အိမ်ရောက်တော့ တစ်အိမ်လုံးမှောင်မည်းကာ လွန်းအခန်းတစ်ခုသာ လင်းထိန်နေလေသည်။ အိမ်တံခါးကသော့မခတ်ထားတာကြောင့် အိမ်ထဲကိုဝင်ကာ လွန်းရဲ့အခန်းကိုဝင်လာလိုက်သည်။ လွန်းအိပ်နေတယ်ထင်၍
လွန်း အနားကိုလာထိုင်တော့ လွန်းမျက်နှာမှာချွေးတွေထွက်နေလေသည်၊
"လွန်း!"
လှုပ်ကာ နှိုးတော့ လွန်း ကဘာမှပြန်မပြော
"လွန်း...! ဘာ ဘာဖြစ်တာလဲ "
လွန်း ကိုဖက်လိုက်တော့ ကိုယ်တွေပူနေလေသည်၊
လက်ထဲကဖုန်းကိုကြည့်တော့ လိုင်းကြီးဖွင့်ထားလေသည်။
"လွန်း!"
မဖြစ်တော့ဘူး ဆေးရုံပို့ရမယ်
"လွန်း ထဦး ငါလာပြီလေ ငါနဲ့မင်းနဲ့အရင်လိုပဲနေကြမယ်လေနော် ငါတို့ကထာဝရသူငယ်ချင်းတွေလေ ထဦးလို့ ငါပြောနေတယ်လေ ခဏသည်းခံနော် ခဏပဲ"
အရင်တုန်းကအမြဲတက်ကြွလန်းဆန်းနေတတ်သော ပန်းကလေးငယ်က အခုတော့ငြိုးရှာနေလေပြီ။
လွန်းကိုပွေ့ချီကာ အိမ်ထဲကထွက်၍ ဆိုင်ကယ်ပေါ်တင်၍ ဆေးရုံကိုမောင်းချလာလိုက်သည်။
နေဆက်ရှိန်ကိုဖုန်းဆက်ကာ
"ခွေးကောင်(....) အဲ့ကိုအခုချက်ချင်းလာခဲ့ လွန်း တစ်ခုခုဖြစ်ရင်မင်းအသေပဲ"
ဇိုင်းပြောသော စကားတို့ကိုမေးခွန်းတောင်ပြန်မမေးရသေးဘဲနှင့် ဖုန်းကကျသွားလေသည်။
"ဘာလဲကြာ ငါတို့ပျော်နေတာကို...."
"ဟျောင့် နေဆက်ရှိန် မင်းရုပ်ကလည်းဘာဖြစ်တာလဲ"
"ငါအခုသွားမှရမယ်"
"နေပါဦးဟ ငါတို့ကပျော်မယ်ကြံတုန်းလေ"
သူငယ်ချင်းတစ်ယောက်က အတင်းဆွဲထားတာမို့ နေဆက်ရှိန် ဒေါသထွက်ကာ အဲ့လူကို ဆွဲထိုးလိုက်သည်။
ပြီးတာနဲ့ချက်ချင်းတန်းထွက်လာလိုက်သည်။
သူ့ရင်ထဲမှာလည်း အမည်မသိတဲ့ခံစားချက်ကြီးခံစားနေရတယ်ဆို ဘယ်သူကယုံမှာတဲ့လဲ?
သူ့ကိုယ်သူသာသိလိမ့်မယ် သူ လွန်း ကိုဘယ်လောက်ချစ်တယ်ဆိုတာကိုပေါ့.....။
...................။
ဒီနေ့ည Love Poison ပါတင်ပေးမယ်နော် ညတော့နက်မယ်
Feedback လေးတွေနဲ့ vote လေးတွေပေးဖို့မမေ့နဲ့နော် 😉
#VeraVicki
© Yoon Lay,
книга «"မောင်" စေရင်».
Warning (ဖတ်ပေးပါ ဖတ်ပေးပါ )
Коментарі