01
02
03
04
05
06
07
08
09
10
04
"မဟုတ္ဘူး။ မထိနဲ႔။ အဲ့ဒီလက္ေတြကို ဖယ္လိုက္စမ္း။ ငါ့ကိုမထိစမ္းနဲ႔"

႐ုန္းရင္းဆန္ခတ္ျဖင့္ မ်က္စိပြင့္လာသည့္အခါ လူတစ္ေယာက္လုံးမွာ ေမာဟိုက္ၿပီး တုန္ရီလို႔ေနသည္။ တျဖည္းျဖည္းျဖင့္
မိမိကိုယ္မိမိေတာင္ ႐ြံရွာသလိုျဖစ္လာသည္ေၾကာင့္  ကိုယ့္ကိုယ္ကိုယ္ေထြးပိုက္ၿပီး ႏွစ္သိမ့္လိုက္သည္။

"အဆင္ေျပမွာပါ။ အဆင္ေျပသြားမွာပါ ေမရီ။ ဒါကအိပ္မက္ေနာ္။ အိပ္မက္မက္႐ုံပါ"

လန္႔စိတ္ေျပသြားသည္ႏွင့္ ေဒါသတို႔က ဟုန္းဟုန္းေတာက္လို႔လာျပန္သည္။
အိပ္စက္ျခင္းကေတာင္ ငါ့အတြက္ အနားမရႏိုင္ပါလား ေနမႈိင္း။
သတ္ပစ္ခ်င္ေလာက္ေအာင္ပင္ မုန္းတီးဖို႔ေကာင္းလြန္းသည္။ ႐ြံရွာဖို႔ေကာင္းသည္။
တစ္ခါတစ္ရံ သူ႔ေၾကာင့္စြန္းထင္းသြားသည့္ ကိုယ့္ကိုယ္ကိုယ္ပင္ စိတ္ပ်က္လွသည္။
ဒါေပမဲ့ မင္းကေတာ့ ေအးေအးေဆးေဆးေသသြားခဲ့ၿပီး ငါကေတာ့ ေနာင္တေတြနဲ႔ ရွင္က်န္ေနရစ္ခဲ့ရမတဲ့လား။ မဟုတ္မွ ေနာက္တစ္နည္းက  အမႈဖြင့္တာမ်ိဳးလား။ အမႈဖြင့္လိုက္မွ ေနရာတိုင္းမွာ ဟိုးေလးတေက်ာ္ေတြနဲ႔ အရွက္ကြဲရမည္က သူလား၊ ငါလား။
ကိုယ္ဒီေလာက္မ႐ူးသြပ္ေသးေခ်။

ေနမႈိင္း...။ မင္းက ပ်က္စီးဆုံးရႈံးမႈအေၾကာင္း ငါ့ကိုေျပာျပေပးတယ္ဆိုရင္ ငါကလည္းမင္းကို ေနာင္တနဲ႔အေၾကာက္တရားေတြအေၾကာင္း ျပန္သင္ျပေပးမယ္။ ဒီတစ္သက္ မေအးခ်မ္းပါေစနဲ႔။

အိပ္စက္အနားယူသင့္သည္ကို သိေပမဲ့ ႏိုးထရမည္ကိုေၾကာက္သည္။ နာရီအားၾကည့္မိေတာ့ ညေနေျခာက္နာရီပင္ ရွိေနေလၿပီ။

'ဘယ္လိုျဖစ္ၿပီး ဒီေလာက္ထိ  အိပ္ေပ်ာ္သြားတာလဲ။ ဒီရက္ပိုင္း သတိလက္လြတ္ျဖစ္တာေတြ သိပ္မ်ားၿပီ ေမရီ'

နားေနခန္းမွထြက္လာေတာ့ ရိပ္က အလုပ္မ်ားအားလက္စသတ္ေနသည္။
ဒီပုံစံအတိုင္းဆို ေနာက္က်ဖို႔မ်ားေနေခ်ၿပီ။

"ရိပ္ သြားစရာရွိတယ္။ ျမန္ျမန္ေလးလာ"

"ဟုတ္"

ႏွစ္ဦးသားစကားေျပာနည္းေသာ္လည္း ဘာလုပ္ရမည္ကို အေသအခ်ာသိသည္။ အခုမသြားလၽွင္ သူတို႔ေနာက္က်ေတာ့မည္ျဖစ္သည္။

ေရွ႕ဆင့္ေနာက္ဆင့္ထြက္သြားေသာ ကားႏွစ္စီးတြင္ တစ္စီးမွာ ေမရီ႕အိမ္သို႔ တန္းတန္းမတ္မတ္။
တျခားလမ္းမွကားေပၚတြင္ေတာ့ အိမ္ျပန္သြားပါသည္ဟူေသာ  ေမရီသာႏွင့္ရိပ္တို႔ႏွစ္ေယာက္ ျဖစ္သည္။

အခ်ိန္အနည္းငယ္ေမာင္းၿပီးေနာက္  ဂိုေဒါင္သို႔ေရာက္သည္။ ကံေကာင္းစြာျဖင့္ ေနာက္က်မသြားေသးေခ်။
သို႔ေသာ္ ခ်က္ခ်င္းပင္ ဆယ့္ႏွစ္ဘီးကားတစ္စီး ေရာက္လာသည္က သူတို႔အခ်ိန္မီေလးေရာက္လာေၾကာင္း သက္ေသပင္။

ရိပ္မွ ဂိုေဒါင္တံခါးသြားဖြင့္စဥ္ ေမရီက ေရာက္မည့္ပစၥည္းစာရင္းအား စစ္ေနလိုက္သည္။
အဆင့္တစ္မွာ ပစၥည္းေတြ ဂိုေဒါင္ထဲေရာက္ဖို႔ျဖစ္သည္။

"မမေလး တံခါးဖြင့္ထားၿပီ။ ပစၥည္းခ်လို႔ရၿပီ"

ရိပ္မွေျပာလာသည္ႏွင့္ ကားေပၚမွပစၥည္းဖာမ်ား တစ္ခုစီခ်လာသည္။ အေရအတြက္မွန္ဖို႔အေရးႀကီးသည္ေၾကာင့္ ေစာင့္စစ္ရသည္။ ေမရီမရွိလည္းျဖစ္ေပမဲ့ ေမရီသာဆိုေသာသူသည္ ကိုယ္တိုင္လုပ္ရသည္ကို ပိုႀကိဳက္သည္။

ထိုစဥ္ပဲ ဖုန္းဝင္လာသည္ေၾကာင့္ ရိပ္ႏွင့္ခဏထားခဲ့လိုက္သည္။

"ဟုတ္ အေဖ"

"ေရာက္ၿပီလား၊ အဆင္ေျပလား"

"ဟုတ္၊ ေျပတယ္။ အခုက ကားေပၚကခ်ေနတုန္းမို႔ ဒါပဲေနာ္"

ဖုန္းခ်ၿပီးသည္ႏွင့္ ဂိုေဒါင္ထဲျပန္သြားၿပီး ၾကည့္မိသည္။ သို႔ေသာ္ အျမင္ႏွင့္အေတြးတို႔ကား တျခားစီပင္။

'ဘယ္လိုေဆးမ်ိဳးလဲ။ ဘယ္သူ႔ထုတ္ကုန္မ်ားလဲ။ ငါ့ပိုင္နက္မွာ ဘယ္သူက က်ဴးေက်ာ္ရဲေသးတာလဲ။ အနံ႔၊ အရသာမရွိ။ အေရာင္မရွိ၊ အဆင္းမရွိ။ ဒါထက္ ကြၽမ္းက်င္လြန္းလွသည့္ မိမိကိုယ္တိုင္ကေတာင္ သတိမထားမိခဲ့ျခင္း။
စိတ္လြင့္ေနခဲ့လို႔မ်ား သတိမထားမိခဲ့တာလား။ သို႔မဟုတ္မွ ေဆးရဲ႕အရည္အေသြးကပဲ ေကာင္းလြန္း​ေနတာလား'

"မမေလး မမေလး"

"အမ္"

အေယာင္ေယာင္အမွားမွား လွည့္ၾကည့္မိေတာ့ ရိပ္က မိမိအားေခၚလို႔ေနသည္။

'သူအေတြးလြန္သြားျပန္ၿပီပဲ။'

"ေၾသာ္ အကုန္ၿပီးၿပီလား"

"ဟုတ္"

ကုန္ခ်ၿပီးသြားေသာကားႀကီးမွာ လာရာအတိုင္းျပန္သြားၿပီျဖစ္ၿပီး ဂိုေဒါင္လည္း ပိတ္လို႔သြားသည္။ သို႔ေသာ္ တံခါးပိတ္သြားသည္ႏွင့္တစ္ၿပိဳင္နက္ ဂိုေဒါင္ထဲတြင္ လူႏွစ္ဆယ္မၽွထြက္လို႔လာသည္။

အဆင့္ႏွစ္က ပစၥည္းခြဲျခားဖို႔ပင္ျဖစ္သည္။

အခုေလးမွစီရီထားပါေသာ ပစၥည္းဖာမ်ားမွာ ခ်က္ခ်င္းပင္အဖြခံလိုက္ရၿပီး ထိုအထဲမွပစၥည္းမ်ားအား ထုတ္ယူလိုက္သည္။ မေဖာက္ထားသည့္ ဖာႏွစ္ဆယ္မွာ ကုန္ပစၥည္းအစစ္အမွန္ျဖစ္ၿပီး က်န္ဖာမ်ားမွာ တစ္ဝက္သာ ကုန္ပစၥည္းျဖစ္သည္။ တျခားတစ္ဝက္မွာေတာ့ ႏႈတ္ျဖင့္အလြယ္တကူမေျပာသင့္ေသာ ကုန္စည္တခ်ိဳ႕။

ထိုကုန္မ်ားမွာေတာ့ ေျမေအာက္ထပ္ခန္းဆီသို႔ျဖစ္သည္။ ပစၥည္းအေရအတြက္မွန္ၿပီး စိတ္ခ်ရသေလာက္ရွိၿပီမို႔ က်န္သည္ကို ရိပ္ႏွင့္လႊဲထား၍ရေလသည္။

အလုပ္တြင္ ခဏခဏစိတ္လြတ္ေန၍ မျဖစ္ေပ။ အာ႐ုံမစိုက္ႏိုင္လွ်င္ မလုပ္တာေကာင္းသည္။ လုပ္မည္ဆိုပါကလည္း အာ႐ုံစိုက္သင့္သည္။
မိမိလိုအပ္ေနသည္မွာ ခဏေလာက္စိတ္အနားေပးရန္ျဖစ္သည္။

"ဒီလိုပြဲေတာ္ရက္အတြင္း ႏွစ္ဆျဖန္႔လိုက္။ ၿပီးေတာ့ ေနရာသစ္၊ လူသစ္ေတြကို ပစၥည္းမေပးေသးနဲ႔ဦး။ ဒါနဲ႔ ခဏေစာင့္ထားေပးဦး။ သြားစရာရွိေသးလို႔"

ရိပ္အားထားခဲ့ၿပီး မိမိတစ္ေယာက္တည္း အျပင္ထြက္ခဲ့လိုက္သည္။
တစ္ခါတစ္ရံ ထိုလူသားစက္႐ုပ္ အရိပ္ရင့္မွာ ဘာေျပာေျပာ 'ဟုတ္'ဆိုတာကလြဲလွ်င္ က်န္တာမေျဖေပ။ ထို႔ေၾကာင့္ သူ႔အေျဖကို ျပန္နားမေထာင္မိသည္က ခပ္မ်ားမ်ားျဖစ္လို႔လာသည္။

ကားတစ္စီးႏွင့္ ေမာင္းမိေမာင္းရာထြက္လာၿပီးေနာက္ သတိရမိေတာ့ ငယ့္အိမ္ေရွ႕သို႔ေရာက္ေနၿပီျဖစ္သည္။ မီးလင္းထိန္ေနပံုအရ ငယ္က မအိပ္ေလာက္ေသးေပ။

'ညစာခ်က္ေနတုန္းမ်ားလား။ ေရမ်ား ခ်ိဳးေနလား။ မဟုတ္မွ ဖုန္းကိုင္ၿပီး ထိုင္ေစာင့္ေနေလာက္လား။ ကိုယ္အားမယ့္ အခ်ိန္ကိုေလ။'

"ဟူးးးးးးး"

ရင္ေလးစြာျဖင့္ သက္ျပင္းေမာႀကီးတစ္ခ်က္ ခ်မိလိုက္သည္။

'ကိုယ္ဘယ္လိုမ်ား လုပ္ရပါ့။'

ရင္ထဲတြင္ အလြမ္းမ်ားက လႈိက္စားလို႔ေနခဲ့သည္။ ေတြ႕ဖို႔ရာလည္း ေျခတစ္လွမ္းအလိုျဖစ္သည္။ သို႔ေသာ္ ႐ုတ္တရက္ႀကီး သတၱိမရွိေတာ့သလို ခံစားေနရသည္။ အရင္လိုဝင္ေတြ႕လိုက္ဖို႔ရာ ရဲတင္းမေနပါေခ်။ ခ်ီတုန္ခ်တုန္ျဖင့္ပင္ ငါးမိနစ္ေလာက္ထိုင္ေနၿပီးေနာက္ message တစ္ေစာင္ ဝင္လာသည္။

"သၽွား ျမင္တယ္။"

"ဟက္! အလည္ေလး"

🥀 by J-moe-Z

မ ဆီမွဖုန္းေခၚလာမည္ကို ထိုင္ေစာင့္ခ်င္မိေသာ္လည္း မည္သည့္အခ်ိန္အလုပ္အားမည္ကို မသိႏိုင္သူမို႔ ဖုန္းကိုအနားထားကာ မိမိလုပ္ရန္ရွိသည္မ်ားကိုလုပ္ရင္း ေမၽွာ္နည္းတစ္မ်ိဳးေျပာင္းလိုက္ရသည္။ ညခုနစ္နာရီေက်ာ္သည့္တိုင္ သီးသန္႔ထားသည့္ Ringtone သံေလးကို မၾကားရေသးေပ။

မ ယခုတေလာတြင္ သၽွားကိုေရွာင္ေနသည္ဟု ခံစားရသည္။ မ အနားတြင္ အခ်ိန္ျပည့္ကပ္ေနခ်င္သည့္စိတ္ေၾကာင့္ ထိုသို႔ေတြးေနမိသည္လားဟု ျပန္စဥ္းစားၾကည့္လိုက္သည္၊ မဟုတ္ပါ။ သိသာသည္မဟုတ္ေသာ္လည္း မ က သၽွားကိုေရွာင္ေနသည္မွာ အတိအက်ပင္။ ကေလးဆန္ေသာသၽွားကို တည္ၿငိမ္လြန္းသည့္ မ က စိတ္ကုန္သြားမည္ကို သၽွားအလြန္ေၾကာက္ပါ၏။ အထီးက်န္ဆန္ေသာသၽွားျဖဴဘဝတြင္ မ သည္သာ တစ္ဦးတည္းေသာတြယ္ၿငိရာ။ မ ထားသြားလၽွင္ သၽွားဘဝလည္း အဆံုးသတ္သြားေပလိ္မ့္မည္။

"အားယိုး ... ဒီေလာက္ေလးျဖစ္တာနဲ႔ အေတြးကလြန္ေနျပန္ၿပီ။ မ အလုပ္မ်ားတာသိရဲ႕နဲ႔ အဲဒီလို ကေယာက္ကယက္ေတြအေတြးလြန္တာ မ လည္းမႀကိဳက္ဘူး။ မေတြးစမ္းနဲ႔ မိသၽွား။"

ေခါင္းကိုခါရမ္းပစ္ရင္း သၽွားျဖဴ မိမိကိုယ္ကိုသတိေပးလိုက္သည္။ မ ႏွင့္ပတ္သက္လာလၽွင္ အျမဲပင္အေတြးလြန္တတ္သည္က အက်င့္တစ္ခုျဖစ္လို႔ေနခဲ့ၿပီ။ ထိုအက်င့္ေလး၏အစမွာ မည္သည့္အခ်ိန္ကျဖစ္မည္နည္း။ ေသခ်ာပါ၏၊ မ ကို စတင္စိတ္ဝင္စားခဲ့ခ်ိန္မွပင္ ထိုသို႔ျဖစ္လာရျခင္းျဖစ္သည္။

......

ဆိုင္တြင္ သူလာထိုင္ေသာအခ်ိန္တိုင္းသည္ သၽွားျဖဴအတြက္ စိတ္လႈပ္ရွားဖြယ္ရာအျပည့္။
တစ္ဦးတည္းလာ၍ ေကာ္ဖီႏွင့္မုန္႔မွာကာ စာအုပ္ငယ္တစ္အုပ္ႏွင့္ တစ္ကမ႓ာတည္ေနလၽွင္ ဧကရီတစ္ပါးကဲ့သို႔ ဣေျႏၵရွိလြန္းလွသည္။
အလုပ္ကိစၥျဖစ္ဟန္တူသည္မ်ားကို အျခားလူမ်ားႏွင့္ေဆြးေႏြးေနသည့္အခါ ထက္ျမက္လွသည့္ နတ္ဘုရားမတစ္ပါးအလား တည္ၿငိမ္လြန္း၏။
ကြဲျပားသည္မွာ သၽွားျဖဴႏွင့္စကားေျပာသည့္ေန႔တြင္ေတာ့ သူမ၏ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အျပံဳးမ်ားသည္ လူငယ္ဆန္စြာ ေပါ့ပါးလွပလြန္းေနျခင္းပင္။

တစ္ခုေသာေန႔တြင္ ဆိုင္ေလးႏွင့္ပတ္သက္ေသာ သၽွားျဖဴ၏စိတ္ကူးမ်ားကို ခ်ီးက်ဴးခဲ့သည္။ အရယ္အျပံဳးမ်ားကို ရက္ရက္ေရာေရာေႁခြခ်ေပးခဲ့သည္။ သၽွားျဖဴေပးခဲ့ေသာ အၾကံျပဳစာေရးရန္စာရြက္ေလးတြင္ ေလးေထာင့္ဆန္ေသာ လက္ေရးညီညီေလးမ်ားကို ရိုက္ႏွိပ္ခဲ့သည္။ ေနာက္ဆံုးတြင္ေတာ့ သၽွားျဖဴ၏ရင္ခုန္သံမ်ားကို အသက္သြင္းၿပီး သၽွားျဖဴႏွလံုးသားကို အပိုင္သိမ္းသြားခဲ့သည္။
ေန႔စဥ္ရက္ဆက္ စိတ္ဝင္တစားေစာင့္ၾကည့္ခဲ့ရျခင္း၏ အေျဖမွာ ခ်စ္ျခင္းတစ္ခုပါဟုအတည္ျပဳႏိုင္ခဲ့သည့္ ထိုေန႔က ....

ဆိုင္အေပၚထပ္မွ ေမရီသာဆင္းလာၿပီး ေကာင္တာသို႔လွမ္းလာသည္ကို သၽွားျဖဴသတိမထားမိလိုက္ပါ။ သၽွားျဖဴအာ႐ံုသည္ Mango cake လုပ္မည္ဆိုသည့္ Baker အစ္မတစ္ေယာက္ထံတြင္ ေရာက္ေနေသာေၾကာင့္ ေမရီသာေခၚလိုက္မွပင္ လွည့္ၾကည့္မိသည့္အျဖစ္။

"ေငြရွင္းမယ္ေနာ္။"

"ဟုတ္"

အသံၾကားရာသို႔အာ႐ံုျပန္ေရာက္လာမွ ရင္ထဲတြင္ေဗ်ာက္ေဖာက္သည့္အလား။
လွမ္းေပးလာေသာစာရြက္ေလးကို အာ႐ံုစိုက္ႏိုင္ရန္ အသည္းအသန္ႀကိဳးစားလိုက္ရသည္။ အခ်က္တိုင္းကို ေသခ်ာစြာျဖည့္ထားသည္မွာ ၿပီးျပည့္စံုသည့္အၾကံဳျပဳလႊာေလးအျဖစ္ သတ္မွတ္ႏိုင္ေပသည္။

"ညီမေလး၊ ဟိတ္ ညီမေလး။ ကေလး ..."

ေမရီသာက သၽွားျဖဴလက္ထဲမွစာရြက္ေလးကို အသာေလးလွမ္းဆြဲလိုက္ေလမွ သၽွားျဖဴအသိစိတ္ျပန္ကပ္သြားသည္။ စာေတြကိုဖတ္ၾကည့္ေနျခင္းေၾကာင့္ မဟုတ္ပါဘဲ ဝိုင္းစက္မေနသည့္ ထူးထူးဆန္းဆန္းျမန္မာစာလံုးေလးမ်ားကို အေၾကာင္းျပခ်က္မရွိ ေငးေနမိျခင္းသာ။

"အဲ ... ဟုတ္ မမ။ ေျပာပါ။"

"ေငြရွင္းဖို႔ေလ။"

"ဟင္၊ ဟုတ္ ... ဟုတ္ကဲ့။ အဟီး ...ဟုတ္သားပဲ။"

သၽွားျဖဴတစ္ေယာက္တည္း အမူအရာေတြပ်က္ေနေတာ့သည္။ ေမရီသာထုတ္ေပးလာသည့္ ေငြစကၠဴတို႔မွအခ်ိဳ႕ကို ျပန္ေပးလိုက္သည္။

"ဘာလို႔လဲ။"

သၽွားျဖဴေသခ်ာစြာရွင္းျပခ်င္ေသာ္လည္း ျပံဳးၾကည့္ေနသည့္ Customer မွာ ေမရီသာျဖစ္ေနသည့္အခါ အဆီအေငၚတည့္မည္မဟုတ္သည့္ စကားလံုးမ်ားကို သိမ္းဆည္းလိုက္ကာ

"ဒီလိုပါ မမ။"

ေကာင္တာတြင္ေထာင္ထားသည့္ Board အေသးေလးမွစာမ်ားကိုသာ ညႊန္ျပလိုက္ေတာ့သည္။

"အဲဒီလိုလား၊ ဒီေတာ့ ကိုယ္က တစ္ဝက္ပဲရွင္းရေတာ့မွာေပါ့။"

"ဟုတ္"

ထြက္လာေသာေဘာင္ခ်ာျဖတ္ပိုင္းေလးကို ေမရီသာထံကမ္းေပးရင္း ျပန္အမ္းေငြကိုပါ တစ္ပါတည္းေပးလိုက္သည္။ ေမရီသာက

"အဲဒီ Mango cake က ဘယ္ေတာ့ရမွာလဲ။"

"ရွင္"

"Mango cake ေလ။"

ေကာင္တာေနာက္ဘက္စားပြဲေလးတြင္ ေခါင္းခ်င္းဆိုင္ေနသည့္ႏွစ္ေယာက္ကို ေမးေငါ့ျပ၍ေျပာေလသည္။ ဆိုင္မွမုန္႔မ်ားကိုျပဳလုပ္ေပးေသာအစ္မႏွင့္ ေဖ်ာ္ရည္ႏွင့္ေကာ္ဖီအတြက္တာဝန္ယူေသာအစ္ကိုတို႔ အေစာပိုင္းကပင္ တိုင္ပင္ေနသည္ကို သၽွားျဖဴပါၾကည့္ေနမိၿပီးမွ ယခုေတာ့ Mango cake ကိုေမ့သြားခဲ့ရျပန္သည္အထိ ရင္ေတြခုန္ေနျပန္ၿပီ။

"ဪ၊ အဲဒါ ... အင္း ... ညီမမသိဘူး။ ဟိုေလ၊ သူတို႔တိုင္ပင္ေနတာဆိုေတာ့။ ခဏေနာ္။ အစ္မစႏၵီ၊ အဲဒီကိတ္ ဘယ္ေတာ့လုပ္ျဖစ္မလဲဟင္။"

"ဒီည ကုန္ၾကမ္းဝယ္ဖို႔ရွာလိုက္မယ္ သၽွားရဲ႕။ မနက္ျဖန္ အစ္မ မုန္႔ေတြလုပ္ထားေပးၿပီးရင္ သရက္သီးသြားၾကည့္လိုက္လို႔ရတယ္မလား။ စစခ်င္းဝယ္ရမွာဆိုေတာ့ ကိုယ္တိုင္ၾကည့္ခ်င္လို႔။ ေနာက္ဆိုရင္ေတာ့ လာပို႔ခိုင္းလို႔ရမွာပဲေလ။"

"ဟုတ္၊ ကိုယ္တိုင္သြားေတာ့ စိတ္ခ်ရတယ္။ သြားေလ အစ္မ၊ ႏိုင္လင္းကိုေခၚသြားေပါ့။"

"Ok. အဲဒါဆို သန္ဘက္ခါေတာ့ လုပ္ၿပီးတင္ၾကည့္မယ္ေလ။"

"ဟုတ္"

ေမရီသာဘက္သို႔ သၽွားျဖဴျပန္လွည့္လာခ်ိန္ ေအးေအးေဆးေဆးနားေထာင္ေနဟန္ႏွင့္ ေမရီသာက ေကာင္တာစားပြဲေပၚတြင္ လက္တစ္ဖက္တင္ထားလ်က္

"ဆိုေတာ့ ... သန္ဘက္ခါေပါ့။ အဲဒီေန႔ ျပန္ေတြ႕မယ္ေနာ္ သၽွား ... ျဖဴ။"

သၽွားဟုေခၚၿပီးမွ နာမည္အျပည့္အစံုကို ထပ္ထည့္ေခၚသြားၿပီး ျပံဳးျပႏႈတ္ဆက္သြားသူကို သၽွားျဖဴေခါင္းညိတ္ျပမိပါရဲ႕လား။ မေသခ်ာပါ။

မိသားစု၊ ေဆြမ်ိဳးသားခ်င္းမဟုတ္သည့္ သူစိမ္းတစ္ေယာက္ကိုခ်စ္မိျခင္းသည္ ဤမၽွအထိထူးဆန္းလိမ့္မည္ဟု သၽွားျဖဴမေတြးခဲ့ဖူးပါ။
တလွပ္လွပ္လႈပ္ခုန္ေနသည့္ ႏွလံုးခုန္သံ၊ တဒိတ္ဒိတ္တြန္းကန္ေနသည့္ ေသြးေႏြးေႏြးမ်ား၊ အေၾကာင္းျပခ်က္မရွိ လႈိက္တက္လာေသာ ေပ်ာ္ရႊင္မႈ၊ အမည္မတပ္ႏိုင္ေတာ့သည့္ ခံစားခ်က္ေပါင္းစံုတို႔သည္ ဆံႏြယ္မ်ားကိုခပ္ေလ်ာ့ေလ်ာ့စည္းေႏွာင္ၿပီး ကာကီေရာင္စတိုင္ပန္႔ထဲသို႔ ဆင္စြယ္ေရာင္ရွပ္ကိုထည့္ဝတ္ထားသည့္ ေနာက္ေက်ာျပင္တစ္ခုတြင္လည္း ပါမသြားခဲ့ပါ။

......

ထိုေန႔က ေမရီသာအလုပ္အားသည္ဟု ဆိုရမည္ျဖစ္၍ တစ္ေယာက္တည္းထြက္လာခဲ့ၿပီး ေကာ္ဖီဆိုင္ေလးရွိရာသို႔ ဦးတည္ခဲ့သည္။ ထိုဆိုင္ေလးသို႔ ပထမဆံုးစေရာက္ျဖစ္သည္မွာ အလုပ္ကိစၥအေရးတႀကီးေျပာရန္အတြက္ အနီးအနားတြင္ေတြ႕သည့္ သပ္သပ္ရပ္ရပ္ႏွင့္ဆိုင္ေလးတစ္ဆိုင္ကို ဝင္လာခဲ့သည့္ေန႔ကျဖစ္သည္။

မိမိတို႔ဝင္လာသည္ကို အကဲခတ္ၿပီး အရိပ္အကဲဖမ္းတတ္သည့္ Waiter ေလးက

"အေပၚထပ္မွာ သီးသန္႔ဝိုင္းေလးေတြရွိပါတယ္ခင္ဗ်။"

"Ok, Thanks."

အလုပ္ကိစၥမ်ား ေျပာဆိုၿပီးသည့္အခ်ိန္တြင္ သီးသန္႔ဝိုင္းေလးမ်ား၏ပံုစံကို သေဘာက်မိသြားသည္။ မက်ယ္ဝန္းလွသည့္ေနရာေလးကို စနစ္တက်သံုးတတ္ေလရဲ႕။

.

ဒုတိယအႀကိမ္မွာ စိတ္႐ႈပ္ေနခ်ိန္ ထိုဆိုင္ေလးရွိရာလမ္းႏွင့္ တစ္လမ္းေက်ာ္မွ ျဖတ္သြားမိသည့္တစ္ေခါက္တြင္ သြားထိုင္ခ်င္စိတ္ေပၚလာ၍ အရိပ္ရင့္ကို တကူးတကကားျပန္လွည့္ခိုင္းခဲ့ျခင္းပင္။
ဤသို႔ႏွင့္ တိုက္ဆိုင္တိုင္းထိုင္ျဖစ္သည့္ထိုဆိုင္ေလးကို ေမရီသာသေဘာက်မိေနသည္။ ေလးႀကိမ္ေျမာက္တြင္ေတာ့ ေဘးဘက္ရွိသီးသန္႔ဝိုင္းသို႔ ေငြရွင္းျဖတ္ပိုင္းလာပို႔ေပးသည့္သူကို ေမရီသာသတိထားမိသြားသည္။ သူမေလးက အျမဲပင္ေကာင္တာထိုင္တတ္သူေလး။

"အဆင္ေျပရဲ႕လား အန္တီ။"

"ေျပတယ္ သမီးေရ။ အန္တီလည္း ခရီးထြက္သြားတာနဲ႔ သမီးဆိုင္ကိုမေရာက္ျဖစ္တာ။"

"သၽွားက ေမၽွာ္ေနတာပါေနာ္။ အန္တီမ်ား ဒီဆိုင္ေလးကို ေမ့သြားၿပီလားလို႔။"

"အမေလးေနာ္၊ ကၽြန္မက ဒီဆိုင္ေလးကိုေရာ၊ ဆိုင္ရွင္ေလးကိုေရာ မေမ့ပါဘူးရွင့္။ ဒီအသည္းယားစရာအ႐ုပ္ေလးကို အပိုင္ဖမ္းဖို႔ကလည္း သမီးေတြခ်ည္းေမြးထားမိတာ နာတယ္ကြယ္။"

ျပန္ခါနီးကို အတူတူေလၽွာက္လာၾကၿပီး မိမိဝိုင္းေဘးမွျဖတ္သြားရင္း ေျပာသည္မ်ားကို ခပ္သဲ့သဲ့ၾကားေနရသည္။ ေလွကားမွဆင္းသြားၿပီးေနာက္ ဆက္ေျပာၾကသည္မ်ားကိုေတာ့ ေမရီသာမသိေတာ့ပါ။ အပိုင္ဖမ္းခ်င္စရာအရုပ္ေလးသည္ေတာ့ ခ်စ္စဖြယ္ရယ္ေမာလ်က္။

.

ေနာက္ပိုင္းအႀကိမ္မ်ားသည္ မၾကံဳၾကံဳေအာင္သြားတတ္သည္မ်ားရွိၿပီး တကူးတကပင္ ထိုဆိုင္ေလးတြင္ ခ်ိန္းျဖစ္သည္မ်ားလည္း ရွိလာသည္။ ေကာင္တာမွအ႐ုပ္ေလးသည္လည္း ေမရီသာကိုမွတ္မိေနၿပီ။ မထင္ထားသည္က ထိုအရုပ္ေလးသည္ မိမိကိုေငးေနလိမ့္မည္ဟုပင္။
ထိုသို႔ေငးေနသည့္ မ်က္ဝန္းငယ္ေလးသည္ တစ္စံုတစ္ခုေသာအဓိပၸါယ္ကို ဖြင့္ဆိုသည္။ ေမရီသာ၏ဘာသာျပန္ဆိုမႈ မွားယြင္းမည္ကိုေတာ့ စိုးရိမ္မိသည္။

ေသခ်ာခ်င္မိ၍ အတည္ျပဳရန္သြားသည့္ေန႔မွ သူမေလးက ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရွ႕သို႔ေရာက္လာၿပီး စကားေတြေျပာသြားခဲ့သည္။ ေကာင္တာသို႔ျပန္ေရာက္သည့္အခါ အေပၚထပ္သို႔ေဝ့ၾကည့္လိုက္၊ ေတြးလိုက္၊ ျပံဳးလိုက္ႏွင့္ျဖစ္ေနၿပီး ရံဖန္ရံခါေကာင္တာထိုင္တတ္သည့္ ေကာင္ေလးကပင္ လက္တို႔ေမးေနသည္ကို သိလိုက္ရေတာ့ ေမရီသာသိခ်င္ေနသည္ကို အတည္ျပဳႏိုင္ခဲ့သည္။ မိမိလွမ္းၾကည့္ေနသည္ကိုေတာ့ ထိုအရုပ္မေလးက သတိမထားမိပါ။

ယခုေတာ့လည္း ေကာင္တာေနာက္ဘက္ဝိုင္းတြင္ Mango cake အေၾကာင္းေျပာေနသည္မွာ လြန္ခဲ့သည့္မိနစ္ပိုင္းကအရူးမေလး မဟုတ္သကဲ့သို႔။ ျပန္လွည့္မလာသည့္အဆံုး

"ေငြရွင္းမယ္ေနာ္။"

"ဟုတ္"

လွည့္လာၿပီးမွ အနည္းငယ္အံ့ဩဟန္ေလးႏွင့္။ စာရြက္ကိုယူၾကည့္ေနသည္မွာလည္း ေခါင္းျပန္ေမာ့မလာပါ။

'ဘယ္လိုေတြျဖစ္ေနလဲ ကေလးငယ္ေရ။'

"ညီမေလး၊ ဟိတ္ ညီမေလး။ ကေလး ..."

စာရြက္ကိုဆြဲလိုက္သည့္အခါမွ ေမာ့ၾကည့္လာသည္ကလည္း စိတ္ႏွင့္ကိုယ္ကြာရွင္းထားသည္လားဟု ေမးရမလို။
ေတာက္ေလၽွုာက္ပင္ အမူအရာပ်က္ေနသည္က ကိုယ့္ေၾကာင့္မ်ားလားဟု ေတြးမိေလေတာ့ ျပံဳးျပမိသည္။ သူမေလးက ေငးေနျပန္၍ ေက်နပ္ျခင္းေတြၾကား ေျခဖ်ားေတြၾကမ္းႏွင့္မထိေတာ့သည့္အဆံုး ကိုယ့္ဘက္ကိုယ္ဆြဲ၍ ေျပာမိသည္။

"ဆိုေတာ့ ... သန္ဘက္ခါေပါ့။ အဲဒီေန႔ ျပန္ေတြ႕မယ္ေနာ္ သၽွား ... ျဖဴ။"

ဖ်တ္ခနဲၾကည့္လာသည့္ မ်က္ဝန္းဝိုင္းေလးမ်ားတြင္ ၾကယ္စင္တို႔ေႂကြက်ေနခဲ့သည္လား။

'ေခါင္းကိုျဖည္းျဖည္းညိတ္မွေပါ့ ငယ္။ မေတာ္တဆမ်ား ဇက္နာသြားရင္ ခက္ရခ်ည္ရဲ႕။'

ေမရီသာ ကားအနားေရာက္၍ ျပန္လွမ္းၾကည့္သည့္အခါ သူမေလးက အရုပ္ေလးခ်ထားသကဲ့သို႔ ၿငိမ္ေနသည္မွာ ကိုယ္ထြက္လာသည့္အခ်ိန္ကအတိုင္း။

"ခ်စ္ဖို႔ေကာင္းတယ္ဆိုတိုင္း ခ်စ္စရာပံုစံေတြ ထုတ္မျပသင့္ဘူး ငယ္ရယ္။ ဟိုအန္တီႀကီးလို ေခၽြးမ,ဖမ္းခ်င္တဲ့သူေတြ မ်ားေနမယ္။"

🥀 by Demon
7 Feb 2022

■■■ အပိုင္း (၅) ဆက္ရန္ ■■■

"မဟုတ်ဘူး။ မထိနဲ့။ အဲ့ဒီလက်တွေကို ဖယ်လိုက်စမ်း။ ငါ့ကိုမထိစမ်းနဲ့"

ရုန်းရင်းဆန်ခတ်ဖြင့် မျက်စိပွင့်လာသည့်အခါ လူတစ်ယောက်လုံးမှာ မောဟိုက်ပြီး တုန်ရီလို့နေသည်။ တဖြည်းဖြည်းဖြင့်
မိမိကိုယ်မိမိတောင် ရွံရှာသလိုဖြစ်လာသည်ကြောင့်  ကိုယ့်ကိုယ်ကိုယ်ထွေးပိုက်ပြီး နှစ်သိမ့်လိုက်သည်။

"အဆင်ပြေမှာပါ။ အဆင်ပြေသွားမှာပါ မေရီ။ ဒါကအိပ်မက်နော်။ အိပ်မက်မက်ရုံပါ"

လန့်စိတ်ပြေသွားသည်နှင့် ဒေါသတို့က ဟုန်းဟုန်းတောက်လို့လာပြန်သည်။
အိပ်စက်ခြင်းကတောင် ငါ့အတွက် အနားမရနိုင်ပါလား နေမှိုင်း။
သတ်ပစ်ချင်လောက်အောင်ပင် မုန်းတီးဖို့ကောင်းလွန်းသည်။ ရွံရှာဖို့ကောင်းသည်။
တစ်ခါတစ်ရံ သူ့ကြောင့်စွန်းထင်းသွားသည့် ကိုယ့်ကိုယ်ကိုယ်ပင် စိတ်ပျက်လှသည်။
ဒါပေမဲ့ မင်းကတော့ အေးအေးဆေးဆေးသေသွားခဲ့ပြီး ငါကတော့ နောင်တတွေနဲ့ ရှင်ကျန်နေရစ်ခဲ့ရမတဲ့လား။ မဟုတ်မှ နောက်တစ်နည်းက  အမှုဖွင့်တာမျိုးလား။ အမှုဖွင့်လိုက်မှ နေရာတိုင်းမှာ ဟိုးလေးတကျော်တွေနဲ့ အရှက်ကွဲရမည်က သူလား၊ ငါလား။
ကိုယ်ဒီလောက်မရူးသွပ်သေးချေ။

နေမှိုင်း...။ မင်းက ပျက်စီးဆုံးရှုံးမှုအကြောင်း ငါ့ကိုပြောပြပေးတယ်ဆိုရင် ငါကလည်းမင်းကို နောင်တနဲ့အကြောက်တရားတွေအကြောင်း ပြန်သင်ပြပေးမယ်။ ဒီတစ်သက် မအေးချမ်းပါစေနဲ့။

အိပ်စက်အနားယူသင့်သည်ကို သိပေမဲ့ နိုးထရမည်ကိုကြောက်သည်။ နာရီအားကြည့်မိတော့ ညနေခြောက်နာရီပင် ရှိနေလေပြီ။

'ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ  အိပ်ပျော်သွားတာလဲ။ ဒီရက်ပိုင်း သတိလက်လွတ်ဖြစ်တာတွေ သိပ်များပြီ မေရီ'

နားနေခန်းမှထွက်လာတော့ ရိပ်က အလုပ်များအားလက်စသတ်နေသည်။
ဒီပုံစံအတိုင်းဆို နောက်ကျဖို့များနေချေပြီ။

"ရိပ် သွားစရာရှိတယ်။ မြန်မြန်လေးလာ"

"ဟုတ်"

နှစ်ဦးသားစကားပြောနည်းသော်လည်း ဘာလုပ်ရမည်ကို အသေအချာသိသည်။ အခုမသွားလျှင် သူတို့နောက်ကျတော့မည်ဖြစ်သည်။

ရှေ့ဆင့်နောက်ဆင့်ထွက်သွားသော ကားနှစ်စီးတွင် တစ်စီးမှာ မေရီ့အိမ်သို့ တန်းတန်းမတ်မတ်။
တခြားလမ်းမှကားပေါ်တွင်တော့ အိမ်ပြန်သွားပါသည်ဟူသော  မေရီသာနှင့်ရိပ်တို့နှစ်ယောက် ဖြစ်သည်။

အချိန်အနည်းငယ်မောင်းပြီးနောက်  ဂိုဒေါင်သို့ရောက်သည်။ ကံကောင်းစွာဖြင့် နောက်ကျမသွားသေးချေ။
သို့သော် ချက်ချင်းပင် ဆယ့်နှစ်ဘီးကားတစ်စီး ရောက်လာသည်က သူတို့အချိန်မီလေးရောက်လာကြောင်း သက်သေပင်။

ရိပ်မှ ဂိုဒေါင်တံခါးသွားဖွင့်စဉ် မေရီက ရောက်မည့်ပစ္စည်းစာရင်းအား စစ်နေလိုက်သည်။
အဆင့်တစ်မှာ ပစ္စည်းတွေ ဂိုဒေါင်ထဲရောက်ဖို့ဖြစ်သည်။

"မမလေး တံခါးဖွင့်ထားပြီ။ ပစ္စည်းချလို့ရပြီ"

ရိပ်မှပြောလာသည်နှင့် ကားပေါ်မှပစ္စည်းဖာများ တစ်ခုစီချလာသည်။ အရေအတွက်မှန်ဖို့အရေးကြီးသည်ကြောင့် စောင့်စစ်ရသည်။ မေရီမရှိလည်းဖြစ်ပေမဲ့ မေရီသာဆိုသောသူသည် ကိုယ်တိုင်လုပ်ရသည်ကို ပိုကြိုက်သည်။

ထိုစဉ်ပဲ ဖုန်းဝင်လာသည်ကြောင့် ရိပ်နှင့်ခဏထားခဲ့လိုက်သည်။

"ဟုတ် အဖေ"

"ရောက်ပြီလား၊ အဆင်ပြေလား"

"ဟုတ်၊ ပြေတယ်။ အခုက ကားပေါ်ကချနေတုန်းမို့ ဒါပဲနော်"

ဖုန်းချပြီးသည်နှင့် ဂိုဒေါင်ထဲပြန်သွားပြီး ကြည့်မိသည်။ သို့သော် အမြင်နှင့်အတွေးတို့ကား တခြားစီပင်။

'ဘယ်လိုဆေးမျိုးလဲ။ ဘယ်သူ့ထုတ်ကုန်များလဲ။ ငါ့ပိုင်နက်မှာ ဘယ်သူက ကျူးကျော်ရဲသေးတာလဲ။ အနံ့၊ အရသာမရှိ။ အရောင်မရှိ၊ အဆင်းမရှိ။ ဒါထက် ကျွမ်းကျင်လွန်းလှသည့် မိမိကိုယ်တိုင်ကတောင် သတိမထားမိခဲ့ခြင်း။
စိတ်လွင့်နေခဲ့လို့များ သတိမထားမိခဲ့တာလား။ သို့မဟုတ်မှ ဆေးရဲ့အရည်အသွေးကပဲ ကောင်းလွန်းနေတာလား'

"မမလေး မမလေး"

"အမ်"

အယောင်ယောင်အမှားမှား လှည့်ကြည့်မိတော့ ရိပ်က မိမိအားခေါ်လို့နေသည်။

'သူအတွေးလွန်သွားပြန်ပြီပဲ။'

"သြော် အကုန်ပြီးပြီလား"

"ဟုတ်"

ကုန်ချပြီးသွားသောကားကြီးမှာ လာရာအတိုင်းပြန်သွားပြီဖြစ်ပြီး ဂိုဒေါင်လည်း ပိတ်လို့သွားသည်။ သို့သော် တံခါးပိတ်သွားသည်နှင့်တစ်ပြိုင်နက် ဂိုဒေါင်ထဲတွင် လူနှစ်ဆယ်မျှထွက်လို့လာသည်။

အဆင့်နှစ်က ပစ္စည်းခွဲခြားဖို့ပင်ဖြစ်သည်။

အခုလေးမှစီရီထားပါသော ပစ္စည်းဖာများမှာ ချက်ချင်းပင်အဖွခံလိုက်ရပြီး ထိုအထဲမှပစ္စည်းများအား ထုတ်ယူလိုက်သည်။ မဖောက်ထားသည့် ဖာနှစ်ဆယ်မှာ ကုန်ပစ္စည်းအစစ်အမှန်ဖြစ်ပြီး ကျန်ဖာများမှာ တစ်ဝက်သာ ကုန်ပစ္စည်းဖြစ်သည်။ တခြားတစ်ဝက်မှာတော့ နှုတ်ဖြင့်အလွယ်တကူမပြောသင့်သော ကုန်စည်တချို့။

ထိုကုန်များမှာတော့ မြေအောက်ထပ်ခန်းဆီသို့ဖြစ်သည်။ ပစ္စည်းအရေအတွက်မှန်ပြီး စိတ်ချရသလောက်ရှိပြီမို့ ကျန်သည်ကို ရိပ်နှင့်လွှဲထား၍ရလေသည်။

အလုပ်တွင် ခဏခဏစိတ်လွတ်နေ၍ မဖြစ်ပေ။ အာရုံမစိုက်နိုင်လျှင် မလုပ်တာကောင်းသည်။ လုပ်မည်ဆိုပါကလည်း အာရုံစိုက်သင့်သည်။
မိမိလိုအပ်နေသည်မှာ ခဏလောက်စိတ်အနားပေးရန်ဖြစ်သည်။

"ဒီလိုပွဲတော်ရက်အတွင်း နှစ်ဆဖြန့်လိုက်။ ပြီးတော့ နေရာသစ်၊ လူသစ်တွေကို ပစ္စည်းမပေးသေးနဲ့ဦး။ ဒါနဲ့ ခဏစောင့်ထားပေးဦး။ သွားစရာရှိသေးလို့"

ရိပ်အားထားခဲ့ပြီး မိမိတစ်ယောက်တည်း အပြင်ထွက်ခဲ့လိုက်သည်။
တစ်ခါတစ်ရံ ထိုလူသားစက်ရုပ် အရိပ်ရင့်မှာ ဘာပြောပြော 'ဟုတ်'ဆိုတာကလွဲလျှင် ကျန်တာမဖြေပေ။ ထို့ကြောင့် သူ့အဖြေကို ပြန်နားမထောင်မိသည်က ခပ်များများဖြစ်လို့လာသည်။

ကားတစ်စီးနှင့် မောင်းမိမောင်းရာထွက်လာပြီးနောက် သတိရမိတော့ ငယ့်အိမ်ရှေ့သို့ရောက်နေပြီဖြစ်သည်။ မီးလင်းထိန်နေပုံအရ ငယ်က မအိပ်လောက်သေးပေ။

'ညစာချက်နေတုန်းများလား။ ရေများ ချိုးနေလား။ မဟုတ်မှ ဖုန်းကိုင်ပြီး ထိုင်စောင့်နေလောက်လား။ ကိုယ်အားမယ့် အချိန်ကိုလေ။'

"ဟူးးးးးးး"

ရင်လေးစွာဖြင့် သက်ပြင်းမောကြီးတစ်ချက် ချမိလိုက်သည်။

'ကိုယ်ဘယ်လိုများ လုပ်ရပါ့။'

ရင်ထဲတွင် အလွမ်းများက လှိုက်စားလို့နေခဲ့သည်။ တွေ့ဖို့ရာလည်း ခြေတစ်လှမ်းအလိုဖြစ်သည်။ သို့သော် ရုတ်တရက်ကြီး သတ္တိမရှိတော့သလို ခံစားနေရသည်။ အရင်လိုဝင်တွေ့လိုက်ဖို့ရာ ရဲတင်းမနေပါချေ။ ချီတုန်ချတုန်ဖြင့်ပင် ငါးမိနစ်လောက်ထိုင်နေပြီးနောက် message တစ်စောင် ဝင်လာသည်။

"သျှား မြင်တယ်။"

"ဟက်! အလည်လေး"

🥀 by J-moe-Z

မ ဆီမှဖုန်းခေါ်လာမည်ကို ထိုင်စောင့်ချင်မိသော်လည်း မည်သည့်အချိန်အလုပ်အားမည်ကို မသိနိုင်သူမို့ ဖုန်းကိုအနားထားကာ မိမိလုပ်ရန်ရှိသည်များကိုလုပ်ရင်း မျှော်နည်းတစ်မျိုးပြောင်းလိုက်ရသည်။ ညခုနစ်နာရီကျော်သည့်တိုင် သီးသန့်ထားသည့် Ringtone သံလေးကို မကြားရသေးပေ။

မ ယခုတလောတွင် သျှားကိုရှောင်နေသည်ဟု ခံစားရသည်။ မ အနားတွင် အချိန်ပြည့်ကပ်နေချင်သည့်စိတ်ကြောင့် ထိုသို့တွေးနေမိသည်လားဟု ပြန်စဉ်းစားကြည့်လိုက်သည်၊ မဟုတ်ပါ။ သိသာသည်မဟုတ်သော်လည်း မ က သျှားကိုရှောင်နေသည်မှာ အတိအကျပင်။ ကလေးဆန်သောသျှားကို တည်ငြိမ်လွန်းသည့် မ က စိတ်ကုန်သွားမည်ကို သျှားအလွန်ကြောက်ပါ၏။ အထီးကျန်ဆန်သောသျှားဖြူဘဝတွင် မ သည်သာ တစ်ဦးတည်းသောတွယ်ငြိရာ။ မ ထားသွားလျှင် သျှားဘဝလည်း အဆုံးသတ်သွားပေလိမ့်မည်။

"အားယိုး ... ဒီလောက်လေးဖြစ်တာနဲ့ အတွေးကလွန်နေပြန်ပြီ။ မ အလုပ်များတာသိရဲ့နဲ့ အဲဒီလို ကယောက်ကယက်တွေအတွေးလွန်တာ မ လည်းမကြိုက်ဘူး။ မတွေးစမ်းနဲ့ မိသျှား။"

ခေါင်းကိုခါရမ်းပစ်ရင်း သျှားဖြူ မိမိကိုယ်ကိုသတိပေးလိုက်သည်။ မ နှင့်ပတ်သက်လာလျှင် အမြဲပင်အတွေးလွန်တတ်သည်က အကျင့်တစ်ခုဖြစ်လို့နေခဲ့ပြီ။ ထိုအကျင့်လေး၏အစမှာ မည်သည့်အချိန်ကဖြစ်မည်နည်း။ သေချာပါ၏၊ မ ကို စတင်စိတ်ဝင်စားခဲ့ချိန်မှပင် ထိုသို့ဖြစ်လာရခြင်းဖြစ်သည်။

......

ဆိုင်တွင် သူလာထိုင်သောအချိန်တိုင်းသည် သျှားဖြူအတွက် စိတ်လှုပ်ရှားဖွယ်ရာအပြည့်။
တစ်ဦးတည်းလာ၍ ကော်ဖီနှင့်မုန့်မှာကာ စာအုပ်ငယ်တစ်အုပ်နှင့် တစ်ကမ္ဘာတည်နေလျှင် ဧကရီတစ်ပါးကဲ့သို့ ဣန္ဒြေရှိလွန်းလှသည်။
အလုပ်ကိစ္စဖြစ်ဟန်တူသည်များကို အခြားလူများနှင့်ဆွေးနွေးနေသည့်အခါ ထက်မြက်လှသည့် နတ်ဘုရားမတစ်ပါးအလား တည်ငြိမ်လွန်း၏။
ကွဲပြားသည်မှာ သျှားဖြူနှင့်စကားပြောသည့်နေ့တွင်တော့ သူမ၏ နှစ်နှစ်ခြိုက်ခြိုက်အပြုံးများသည် လူငယ်ဆန်စွာ ပေါ့ပါးလှပလွန်းနေခြင်းပင်။

တစ်ခုသောနေ့တွင် ဆိုင်လေးနှင့်ပတ်သက်သော သျှားဖြူ၏စိတ်ကူးများကို ချီးကျူးခဲ့သည်။ အရယ်အပြုံးများကို ရက်ရက်ရောရောခြွေချပေးခဲ့သည်။ သျှားဖြူပေးခဲ့သော အကြံပြုစာရေးရန်စာရွက်လေးတွင် လေးထောင့်ဆန်သော လက်ရေးညီညီလေးများကို ရိုက်နှိပ်ခဲ့သည်။ နောက်ဆုံးတွင်တော့ သျှားဖြူ၏ရင်ခုန်သံများကို အသက်သွင်းပြီး သျှားဖြူနှလုံးသားကို အပိုင်သိမ်းသွားခဲ့သည်။
နေ့စဉ်ရက်ဆက် စိတ်ဝင်တစားစောင့်ကြည့်ခဲ့ရခြင်း၏ အဖြေမှာ ချစ်ခြင်းတစ်ခုပါဟုအတည်ပြုနိုင်ခဲ့သည့် ထိုနေ့က ....

ဆိုင်အပေါ်ထပ်မှ မေရီသာဆင်းလာပြီး ကောင်တာသို့လှမ်းလာသည်ကို သျှားဖြူသတိမထားမိလိုက်ပါ။ သျှားဖြူအာရုံသည် Mango cake လုပ်မည်ဆိုသည့် Baker အစ်မတစ်ယောက်ထံတွင် ရောက်နေသောကြောင့် မေရီသာခေါ်လိုက်မှပင် လှည့်ကြည့်မိသည့်အဖြစ်။

"ငွေရှင်းမယ်နော်။"

"ဟုတ်"

အသံကြားရာသို့အာရုံပြန်ရောက်လာမှ ရင်ထဲတွင်ဗျောက်ဖောက်သည့်အလား။
လှမ်းပေးလာသောစာရွက်လေးကို အာရုံစိုက်နိုင်ရန် အသည်းအသန်ကြိုးစားလိုက်ရသည်။ အချက်တိုင်းကို သေချာစွာဖြည့်ထားသည်မှာ ပြီးပြည့်စုံသည့်အကြုံပြုလွှာလေးအဖြစ် သတ်မှတ်နိုင်ပေသည်။

"ညီမလေး၊ ဟိတ် ညီမလေး။ ကလေး ..."

မေရီသာက သျှားဖြူလက်ထဲမှစာရွက်လေးကို အသာလေးလှမ်းဆွဲလိုက်လေမှ သျှားဖြူအသိစိတ်ပြန်ကပ်သွားသည်။ စာတွေကိုဖတ်ကြည့်နေခြင်းကြောင့် မဟုတ်ပါဘဲ ဝိုင်းစက်မနေသည့် ထူးထူးဆန်းဆန်းမြန်မာစာလုံးလေးများကို အကြောင်းပြချက်မရှိ ငေးနေမိခြင်းသာ။

"အဲ ... ဟုတ် မမ။ ပြောပါ။"

"ငွေရှင်းဖို့လေ။"

"ဟင်၊ ဟုတ် ... ဟုတ်ကဲ့။ အဟီး ...ဟုတ်သားပဲ။"

သျှားဖြူတစ်ယောက်တည်း အမူအရာတွေပျက်နေတော့သည်။ မေရီသာထုတ်ပေးလာသည့် ငွေစက္ကူတို့မှအချို့ကို ပြန်ပေးလိုက်သည်။

"ဘာလို့လဲ။"

သျှားဖြူသေချာစွာရှင်းပြချင်သော်လည်း ပြုံးကြည့်နေသည့် Customer မှာ မေရီသာဖြစ်နေသည့်အခါ အဆီအငေါ်တည့်မည်မဟုတ်သည့် စကားလုံးများကို သိမ်းဆည်းလိုက်ကာ

"ဒီလိုပါ မမ။"

ကောင်တာတွင်ထောင်ထားသည့် Board အသေးလေးမှစာများကိုသာ ညွှန်ပြလိုက်တော့သည်။

"အဲဒီလိုလား၊ ဒီတော့ ကိုယ်က တစ်ဝက်ပဲရှင်းရတော့မှာပေါ့။"

"ဟုတ်"

ထွက်လာသောဘောင်ချာဖြတ်ပိုင်းလေးကို မေရီသာထံကမ်းပေးရင်း ပြန်အမ်းငွေကိုပါ တစ်ပါတည်းပေးလိုက်သည်။ မေရီသာက

"အဲဒီ Mango cake က ဘယ်တော့ရမှာလဲ။"

"ရှင်"

"Mango cake လေ။"

ကောင်တာနောက်ဘက်စားပွဲလေးတွင် ခေါင်းချင်းဆိုင်နေသည့်နှစ်ယောက်ကို မေးငေါ့ပြ၍ပြောလေသည်။ ဆိုင်မှမုန့်များကိုပြုလုပ်ပေးသောအစ်မနှင့် ဖျော်ရည်နှင့်ကော်ဖီအတွက်တာဝန်ယူသောအစ်ကိုတို့ အစောပိုင်းကပင် တိုင်ပင်နေသည်ကို သျှားဖြူပါကြည့်နေမိပြီးမှ ယခုတော့ Mango cake ကိုမေ့သွားခဲ့ရပြန်သည်အထိ ရင်တွေခုန်နေပြန်ပြီ။

"ဪ၊ အဲဒါ ... အင်း ... ညီမမသိဘူး။ ဟိုလေ၊ သူတို့တိုင်ပင်နေတာဆိုတော့။ ခဏနော်။ အစ်မစန္ဒီ၊ အဲဒီကိတ် ဘယ်တော့လုပ်ဖြစ်မလဲဟင်။"

"ဒီည ကုန်ကြမ်းဝယ်ဖို့ရှာလိုက်မယ် သျှားရဲ့။ မနက်ဖြန် အစ်မ မုန့်တွေလုပ်ထားပေးပြီးရင် သရက်သီးသွားကြည့်လိုက်လို့ရတယ်မလား။ စစချင်းဝယ်ရမှာဆိုတော့ ကိုယ်တိုင်ကြည့်ချင်လို့။ နောက်ဆိုရင်တော့ လာပို့ခိုင်းလို့ရမှာပဲလေ။"

"ဟုတ်၊ ကိုယ်တိုင်သွားတော့ စိတ်ချရတယ်။ သွားလေ အစ်မ၊ နိုင်လင်းကိုခေါ်သွားပေါ့။"

"Ok. အဲဒါဆို သန်ဘက်ခါတော့ လုပ်ပြီးတင်ကြည့်မယ်လေ။"

"ဟုတ်"

မေရီသာဘက်သို့ သျှားဖြူပြန်လှည့်လာချိန် အေးအေးဆေးဆေးနားထောင်နေဟန်နှင့် မေရီသာက ကောင်တာစားပွဲပေါ်တွင် လက်တစ်ဖက်တင်ထားလျက်

"ဆိုတော့ ... သန်ဘက်ခါပေါ့။ အဲဒီနေ့ ပြန်တွေ့မယ်နော် သျှား ... ဖြူ။"

သျှားဟုခေါ်ပြီးမှ နာမည်အပြည့်အစုံကို ထပ်ထည့်ခေါ်သွားပြီး ပြုံးပြနှုတ်ဆက်သွားသူကို သျှားဖြူခေါင်းညိတ်ပြမိပါရဲ့လား။ မသေချာပါ။

မိသားစု၊ ဆွေမျိုးသားချင်းမဟုတ်သည့် သူစိမ်းတစ်ယောက်ကိုချစ်မိခြင်းသည် ဤမျှအထိထူးဆန်းလိမ့်မည်ဟု သျှားဖြူမတွေးခဲ့ဖူးပါ။
တလှပ်လှပ်လှုပ်ခုန်နေသည့် နှလုံးခုန်သံ၊ တဒိတ်ဒိတ်တွန်းကန်နေသည့် သွေးနွေးနွေးများ၊ အကြောင်းပြချက်မရှိ လှိုက်တက်လာသော ပျော်ရွှင်မှု၊ အမည်မတပ်နိုင်တော့သည့် ခံစားချက်ပေါင်းစုံတို့သည် ဆံနွယ်များကိုခပ်လျော့လျော့စည်းနှောင်ပြီး ကာကီရောင်စတိုင်ပန့်ထဲသို့ ဆင်စွယ်ရောင်ရှပ်ကိုထည့်ဝတ်ထားသည့် နောက်ကျောပြင်တစ်ခုတွင်လည်း ပါမသွားခဲ့ပါ။

......

ထိုနေ့က မေရီသာအလုပ်အားသည်ဟု ဆိုရမည်ဖြစ်၍ တစ်ယောက်တည်းထွက်လာခဲ့ပြီး ကော်ဖီဆိုင်လေးရှိရာသို့ ဦးတည်ခဲ့သည်။ ထိုဆိုင်လေးသို့ ပထမဆုံးစရောက်ဖြစ်သည်မှာ အလုပ်ကိစ္စအရေးတကြီးပြောရန်အတွက် အနီးအနားတွင်တွေ့သည့် သပ်သပ်ရပ်ရပ်နှင့်ဆိုင်လေးတစ်ဆိုင်ကို ဝင်လာခဲ့သည့်နေ့ကဖြစ်သည်။

မိမိတို့ဝင်လာသည်ကို အကဲခတ်ပြီး အရိပ်အကဲဖမ်းတတ်သည့် Waiter လေးက

"အပေါ်ထပ်မှာ သီးသန့်ဝိုင်းလေးတွေရှိပါတယ်ခင်ဗျ။"

"Ok, Thanks."

အလုပ်ကိစ္စများ ပြောဆိုပြီးသည့်အချိန်တွင် သီးသန့်ဝိုင်းလေးများ၏ပုံစံကို သဘောကျမိသွားသည်။ မကျယ်ဝန်းလှသည့်နေရာလေးကို စနစ်တကျသုံးတတ်လေရဲ့။

.

ဒုတိယအကြိမ်မှာ စိတ်ရှုပ်နေချိန် ထိုဆိုင်လေးရှိရာလမ်းနှင့် တစ်လမ်းကျော်မှ ဖြတ်သွားမိသည့်တစ်ခေါက်တွင် သွားထိုင်ချင်စိတ်ပေါ်လာ၍ အရိပ်ရင့်ကို တကူးတကကားပြန်လှည့်ခိုင်းခဲ့ခြင်းပင်။
ဤသို့နှင့် တိုက်ဆိုင်တိုင်းထိုင်ဖြစ်သည့်ထိုဆိုင်လေးကို မေရီသာသဘောကျမိနေသည်။ လေးကြိမ်မြောက်တွင်တော့ ဘေးဘက်ရှိသီးသန့်ဝိုင်းသို့ ငွေရှင်းဖြတ်ပိုင်းလာပို့ပေးသည့်သူကို မေရီသာသတိထားမိသွားသည်။ သူမလေးက အမြဲပင်ကောင်တာထိုင်တတ်သူလေး။

"အဆင်ပြေရဲ့လား အန်တီ။"

"ပြေတယ် သမီးရေ။ အန်တီလည်း ခရီးထွက်သွားတာနဲ့ သမီးဆိုင်ကိုမရောက်ဖြစ်တာ။"

"သျှားက မျှော်နေတာပါနော်။ အန်တီများ ဒီဆိုင်လေးကို မေ့သွားပြီလားလို့။"

"အမလေးနော်၊ ကျွန်မက ဒီဆိုင်လေးကိုရော၊ ဆိုင်ရှင်လေးကိုရော မမေ့ပါဘူးရှင့်။ ဒီအသည်းယားစရာအရုပ်လေးကို အပိုင်ဖမ်းဖို့ကလည်း သမီးတွေချည်းမွေးထားမိတာ နာတယ်ကွယ်။"

ပြန်ခါနီးကို အတူတူလျှောက်လာကြပြီး မိမိဝိုင်းဘေးမှဖြတ်သွားရင်း ပြောသည်များကို ခပ်သဲ့သဲ့ကြားနေရသည်။ လှေကားမှဆင်းသွားပြီးနောက် ဆက်ပြောကြသည်များကိုတော့ မေရီသာမသိတော့ပါ။ အပိုင်ဖမ်းချင်စရာအရုပ်လေးသည်တော့ ချစ်စဖွယ်ရယ်မောလျက်။

.

နောက်ပိုင်းအကြိမ်များသည် မကြုံကြုံအောင်သွားတတ်သည်များရှိပြီး တကူးတကပင် ထိုဆိုင်လေးတွင် ချိန်းဖြစ်သည်များလည်း ရှိလာသည်။ ကောင်တာမှအရုပ်လေးသည်လည်း မေရီသာကိုမှတ်မိနေပြီ။ မထင်ထားသည်က ထိုအရုပ်လေးသည် မိမိကိုငေးနေလိမ့်မည်ဟုပင်။
ထိုသို့ငေးနေသည့် မျက်ဝန်းငယ်လေးသည် တစ်စုံတစ်ခုသောအဓိပ္ပါယ်ကို ဖွင့်ဆိုသည်။ မေရီသာ၏ဘာသာပြန်ဆိုမှု မှားယွင်းမည်ကိုတော့ စိုးရိမ်မိသည်။

သေချာချင်မိ၍ အတည်ပြုရန်သွားသည့်နေ့မှ သူမလေးက ဆိုက်ဆိုက်မြိုက်မြိုက်ရှေ့သို့ရောက်လာပြီး စကားတွေပြောသွားခဲ့သည်။ ကောင်တာသို့ပြန်ရောက်သည့်အခါ အပေါ်ထပ်သို့ဝေ့ကြည့်လိုက်၊ တွေးလိုက်၊ ပြုံးလိုက်နှင့်ဖြစ်နေပြီး ရံဖန်ရံခါကောင်တာထိုင်တတ်သည့် ကောင်လေးကပင် လက်တို့မေးနေသည်ကို သိလိုက်ရတော့ မေရီသာသိချင်နေသည်ကို အတည်ပြုနိုင်ခဲ့သည်။ မိမိလှမ်းကြည့်နေသည်ကိုတော့ ထိုအရုပ်မလေးက သတိမထားမိပါ။

ယခုတော့လည်း ကောင်တာနောက်ဘက်ဝိုင်းတွင် Mango cake အကြောင်းပြောနေသည်မှာ လွန်ခဲ့သည့်မိနစ်ပိုင်းကအရူးမလေး မဟုတ်သကဲ့သို့။ ပြန်လှည့်မလာသည့်အဆုံး

"ငွေရှင်းမယ်နော်။"

"ဟုတ်"

လှည့်လာပြီးမှ အနည်းငယ်အံ့ဩဟန်လေးနှင့်။ စာရွက်ကိုယူကြည့်နေသည်မှာလည်း ခေါင်းပြန်မော့မလာပါ။

'ဘယ်လိုတွေဖြစ်နေလဲ ကလေးငယ်ရေ။'

"ညီမလေး၊ ဟိတ် ညီမလေး။ ကလေး ..."

စာရွက်ကိုဆွဲလိုက်သည့်အခါမှ မော့ကြည့်လာသည်ကလည်း စိတ်နှင့်ကိုယ်ကွာရှင်းထားသည်လားဟု မေးရမလို။
တောက်လျေှုာက်ပင် အမူအရာပျက်နေသည်က ကိုယ့်ကြောင့်များလားဟု တွေးမိလေတော့ ပြုံးပြမိသည်။ သူမလေးက ငေးနေပြန်၍ ကျေနပ်ခြင်းတွေကြား ခြေဖျားတွေကြမ်းနှင့်မထိတော့သည့်အဆုံး ကိုယ့်ဘက်ကိုယ်ဆွဲ၍ ပြောမိသည်။

"ဆိုတော့ ... သန်ဘက်ခါပေါ့။ အဲဒီနေ့ ပြန်တွေ့မယ်နော် သျှား ... ဖြူ။"

ဖျတ်ခနဲကြည့်လာသည့် မျက်ဝန်းဝိုင်းလေးများတွင် ကြယ်စင်တို့ကြွေကျနေခဲ့သည်လား။

'ခေါင်းကိုဖြည်းဖြည်းညိတ်မှပေါ့ ငယ်။ မတော်တဆများ ဇက်နာသွားရင် ခက်ရချည်ရဲ့။'

မေရီသာ ကားအနားရောက်၍ ပြန်လှမ်းကြည့်သည့်အခါ သူမလေးက အရုပ်လေးချထားသကဲ့သို့ ငြိမ်နေသည်မှာ ကိုယ်ထွက်လာသည့်အချိန်ကအတိုင်း။

"ချစ်ဖို့ကောင်းတယ်ဆိုတိုင်း ချစ်စရာပုံစံတွေ ထုတ်မပြသင့်ဘူး ငယ်ရယ်။ ဟိုအန်တီကြီးလို ချွေးမ,ဖမ်းချင်တဲ့သူတွေ များနေမယ်။"

🥀 by Demon
7 Feb 2022

■■■ အပိုင်း (၅) ဆက်ရန် ■■■
© Demon ,
книга «Rosy Ruin (ႏွင္းဆီေရာင္ ပ်က္ကိန္း / နှင်းဆီရောင် ပျက်ကိန်း)».
Коментарі