01
02
03
04
05
06
07
08
09
10
06
စီးက်လာသည့္ေသြးတို႔ႏွင့္အတူ စတင္ခံစားလာရသည့္ နာက်င္မႈအား ပ်က္ရယ္ျပဳလိုက္မိသည္။ ခႏၶာကိုယ္မွ နာက်င္မႈမ်ားသည္ ႏွလုံးသားမွ နာက်င္မႈတို႔အား ဖာေထးမေပးႏိုင္ပါ့လား....။

"႐ူးမ်ားသြားသလား ေနမႈိင္း....ဟမ္!!"

"ဖန္ခြက္ေလးက်ကြဲသြား႐ုံမို႔ ဦးေလးစိတ္မပူလည္း ရပါတယ္..."

တစ္ခြန္းတည္းေျပာၿပီး ထထြက္သြားသည့္ ေနမႈိင္းအား လက္မွ ျပန္ဆြဲထားလိုက္သည္။ ဒီလို အ႐ြဲ႕တိုက္တတ္တဲ့ကေလးမွန္း သိသိနဲ႔ဆူမိတဲ့ ငါကိုက မွားတာပါ။

"သြားမွာဆိုလည္း ေဆးေတာ့ထည့္သြားေလ.. လိုက္ခဲ့"

မိမိအခန္းဆီေခၚသြားၿပီး ေဆးထည့္ေပးရန္ျပင္လိုက္သည္။ ထင္သလိုလုပ္ၿပီးလၽွင္ မ်က္ႏွာငယ္ေလးႏွင့္ လာရွာတတ္သည့္ ထိုကေလးမွာ အက်င့္တို႔အား ျပင္မရပုံပင္။ အခုလည္းၾကည့္ .... ဖန္စအား ဆြဲထုတ္မိေတာ့ မ်က္ႏွာကမဲ့သြားေသးသည္။

"အားး နာတယ္ ဦးေလးရဲ႕"

"အဲ့ေတာ့ ဖန္ခြက္က ငါခြဲလိုက္တာမလို႔ လာေျပာေနတာလား "

"က်ကြဲတာပါဆို ဦးေလးရာ"

"ၿပီးၿပီ! အိမ္ျပန္ေတာ့ ငါ့အိမ္မွာပဲ လာလာေသာင္တင္မေနနဲ႔ "

"bye bye ဦးေလး"

ထြက္သြားသည့္ေျခလွမ္းေတြအား ကိုယ္လွည့္မၾကည့္ျဖစ္ေတာ့ေပ။ ထိုကေလးအား တစ္ပတ္ေလာက္ထိန္းသိမ္းထားျခင္းသည္ စိတ္ၿငိမ္ေစရန္၊ သုံးသပ္တတ္ေစရန္ႏွင့္ ေမရီႏွင့္သြားမပတ္သက္မိေစရန္ ရည္႐ြယ္ခဲ့ျခင္း။ ရလဒ္ကေတာ့ ျမင္တဲ့အတိုင္း .. သူက ဆႏၵျပၿပီး ထြက္သြားေလရဲ႕။

ေလာကႀကီးက မင္းအေပၚမတရားဘူးဆိုရင္ေတာင္.............
မင္းအေပၚေႏြးေထြးေပးတဲ့ လူတစ္ေယာက္ရွိေၾကာင္း၊ မင္းကိုကာကြယ္ေပးမယ့္ ကိုယ္ရွိေၾကာင္းကို...... မင္းသတိထားမိဖို႔ေတာ့လိုေနၿပီ ကေလးေရ....။

ႏွင္းဆီတစ္ပြင့္ကို ေႁခြခ်င္တယ္ဆိုရင္ေတာင္ အဲ့တစ္ပြင့္ေတာ့ မျဖစ္တာမို႔ မင္းကိုလည္းတားရမယ္။ ပန္းတစ္ပြင့္ရဲ႕အဆိပ္ကိုလည္း မင္းမမိေစရပါဘူး။

"ေဒါက္..ေဒါက္..ေဒါက္"

အခန္းတံခါးေခါက္သံေၾကာင့္ အေတြးစတို႔အား ေဘးဖယ္ထားလိုက္သည္။ အစ္ကို..... သားတစ္ေယာက္ကို ခင္ဗ်ားဘယ္လိုမ်ား ထိန္းေက်ာင္းခဲ့တာပါလိမ့္........။

...............................................................

"ကြၽန္ေတာ္ သူ႔ကိုခ်စ္တယ္။ ၿပီးေတာ့ ကြၽန္ေတာ္ဟာ သူ႔ရဲ႕ အေကာင္းဆုံးေ႐ြးခ်ယ္မႈျဖစ္မယ္လို႔ ကြၽန္ေတာ္ထင္တယ္ ဦးေလး"

"ဒါေပမဲ့ ငါ့သမီးက မိန္းကေလးတစ္ေယာက္နဲ႔ ႀကိဳက္ေနတယ္ဆိုတာ မင္းသိထားသလား ေကာင္ေလး"

"ဟား!! ဟား!! ဟား!!

ပ်က္ယြင္းသြားသည့္ ေနမႈိင္း၏အမူအရာအား ​အမိအရဖက္ဆုပ္ၿပီး ရယ္ေမာေနပုံမွာ ကိုယ္ကပဲ ဟာသတစ္ခု ေျပာလိုက္သည့္အလား။ သေဘာေကာင္းသည့္ပုံေပၚၿပီး ေအးစက္စက္ပုံစံေၾကာင့္ ငယ္စဥ္ကတည္းက ေနမႈိင္း ခပ္ရွိန္ရွိန္ျဖစ္ရသူပင္။ ထိုကဲ့သို႔ရယ္ေမာျခင္းမွာ အေပါင္းလကၡဏာတို႔ မပါမွန္း ေနမႈိင္းရိပ္မိလိုက္သည္။

"ငါ့သမီးကို သေဘာက်တဲ့သူေတြ ဘယ္ေလာက္ေတာင္မ်ားလဲ မင္းသိရဲ႕လား ေကာင္ေလး။
တျခားေသာေယာက္်ားေတြထက္ မင္းကသာတယ္လို႔ ထင္ေနရင္ေတာင္ အနည္းဆုံးေတာ့...... မင္းကိုယ္တိုင္ သူ႔ကိုမေျပာရဲသ၍ မင္းက သတၱိနည္းေသးတဲ့သူပါပဲ။ ငါကေတာ့ မင္းကိုမ်က္ႏွာသာေပးထားတာ အခုမွ မဟုတ္ဘူးေလ။ က်န္တာကေတာ့ မင္းအေပၚမွာ မူတည္ေနတယ္"

ပုခုံးတစ္ခ်က္ပုတ္ၿပီးထြက္သြားသည့္ ထိုလူအား လွည့္ၾကည့္လိုက္သည္။ ၾကည့္ရသည္မွာ ေမရီက ေသခ်ာေပါက္ အေဖတူသမီးျဖစ္လာပုံပါပဲ။
ဧည့္ဝတ္ေက်သည့္အိမ္ရွင္က ထသြားၿပီဆိုမွေတာ့ ေနမႈိင္းလည္း အိမ္ျပန္႐ုံသာက်န္ေတာ့သည္။

ထ,ရပ္ခါမွ ၾကားလိုက္ရသည့္ ​ေျခသံေလးတစ္ခု....
အေလာတႀကီးေျပးဝင္လာသည့္ ေျခသံေလးကအစ ေသခ်ာေနခဲ့သည္။ သူပဲ.....။

မေျပာမျပဳႏွင့္ မိမိလက္အားဆြဲေခၚသြားပုံမွာ သူ၏႐ြံရွာျခင္းႏွင့္ အမုန္းတို႔အား ေၾကာက္စိတ္က ဖုံးလႊမ္းသြားပုံပင္။
ေလာကတြင္ ေမရီ ဂ႐ုအစိုက္ဆုံးအရာရွိသည္။ နံပါတ္တစ္မွာ သူ႔အေဖျဖစ္ၿပီး နံပါတ္ႏွစ္မွာေတာ့ အရင္က ကြၽန္ေတာ္ျဖစ္သည္။

အိမ္တံခါးဝေရာက္သည္ႏွင့္ ခ်က္ခ်င္းလႊတ္ခ်လိုက္ၿပီး မိမိအား ေအာ္ဟစ္လာသည္။

"ငါ့ေရွ႕မွာ ေပၚလာရဲေလာက္ေအာင္ နင့္မွာ အရွက္မရွိဘူးလား ေနမႈိင္း"

ေဒါသထြက္ေနသည့္ပုံစံကအစ ခ်စ္ဖို႔ေကာင္းသည့္ သူမအတြက္ ကြၽန္ေတာ့္ရဲ႕႐ူးသြပ္ျခင္းဟာ ထိုက္တန္ေနပုံပါပဲ။ ဒီရက္ေတြထဲ သူ....အနည္းငယ္ေလာက္ ပိန္သြားခဲ့သည္။

" ကိုယ္ မင္းကိုမေတြ႕ရတာ ၾကာၿပီေလ။ ၿပီးေတာ့ မင္းအေဖသိထားမလားဆိုတာ မသိႏိုင္လို႔ လာခဲ့တာ။ တကယ္တမ္းဆိုရင္ေလ.......
မွားယြင္းေနတဲ့ မင္းရဲ႕အခ်စ္နဲ႔စာရင္ေတာ့ ကိုယ္က ေတာ္ပါေသးတယ္ အခ်စ္ရဲ႕"

တစ္စက္စက္တုန္ရီလာသည့္ သူ႔အားၾကည့္ရသည္မွာ ေဒါသႀကီးသည့္သူ႔အတြက္ အခက္ခဲဆုံးေသာ... သည္းခံျခင္းျဖင့္ ႐ြံရွာျခင္းကို မ်ိဳသိပ္ေနျခင္းပင္။

လူေတြဟာ အမုန္းကေန အခ်စ္ကို ေျပာင္းလဲႏိုင္တယ္လို႔ ယုံၾကည္ၾကတယ္။ကြၽန္ေတာ္လည္းအပါအဝင္ပဲ။

ထိုကနဦးအမုန္းတို႔အား ခံႏိုင္ရည္ရွိသည္ဟု ထင္ခဲ့ေပမဲ့ .... သူမ၏စကားတို႔မွာ ကြၽန္ေတာ့္ကို အၿပဳံးပ်က္ေစႏိုင္ခဲ့သည္။

"ဒီေလာက္ထိ ေအာက္တန္းက်ၿပီး တဏွာ႐ူးတဲ့နင့္ကို ပတ္သက္ခဲ့မိတဲ့ ငါ့ကိုယ္ငါပဲ သတ္ပစ္လိုက္ခ်င္မိတယ္။ ငါ ေျပာျပထားမယ္ေနာ္.....
ငါ့အေဖသိသြားတဲ့ေန႔ဟာ နင့္အတြက္ ဆြမ္းကပ္တဲ့ေန႔ပဲဆိုတာေတာ့ နင္မွတ္ထားလိုက္ေနမႈိင္း.......။ နင္..ဘယ္ေျခလွမ္းရင္ ဘယ္သြားမလဲ ဆိုတာေလာက္ေတာ့ ငါျမင္ေနရတယ္။ အိမ္ျပန္သြားၿပီးေတာ့ ငါ..နင့္ဆီကျပန္ေတာင္းယူသြားမယ့္ တန္ရာတန္ေၾကးေတြကိုသာ ေပးဆပ္ေနလိုက္။ အခုခ်က္ခ်င္း ငါနင့္ကိုမျမင္ခ်င္ေတာ့ဘူး"

🥀 by J-moe-Z

"ဟိုေကာင္ေလးနဲ႔ စိတ္ေကာက္ေနၾကတာလား။"

အေဖျဖစ္သူထံမွစကားေၾကာင့္ ေမရီ႕ဦးေခါင္းတစ္ခုလံုး ဖ်ဥ္းခနဲခံစားလိုက္ရၿပီး ေဒါသတို႔ကေဆာင့္တက္သြားသည္။ ေနမႈိင္းဆိုသည့္သတၱဝါသည္ မည္သည့္စကားမ်ားကိုေျပာခဲ့၍ အေဖက ဤသို႔ေမးေလသနည္းဟု ေမရီသာသိခ်င္မိပါ၏။

"စိတ္ေကာက္ရေအာင္က သမီးရည္းစားလည္းမဟုတ္ဘူး အေဖရယ္။"

"သူ႔ဘက္ကေတာ့ ဝန္ခံသြားတယ္။"

အိမ္ေပၚထပ္ဧည့္ခန္းမွျဖတ္အေလၽွာက္တြင္ စကားလွမ္းေျပာသည့္အေဖျဖစ္သူေၾကာင့္ ေခတၱခဏစကားရပ္ေျပာသည့္ ေမရီသာတစ္ေယာက္ ေနရာမွာပင္ထိုင္က်ခ်င္သြားသည္။ သို႔ေသာ္ ဟန္ကိုယ့္ဖို႔ဆိုသည့္အတိုင္း

"သူကေတာ့ ေပါက္ပန္းေလးဆယ္ေတြ ေျပာေနမွာေပါ့။ အေဖက သမီးရွင္ျဖစ္ၿပီး ဘာမွျပန္မေျပာလိုက္ဘူးလား။ အလကားေန အာေခ်ာင္ေနတဲ့ေကာင္။"

"လူငယ္ခ်င္းကိစၥ အေဖကဘာေျပာရမွာလဲ။"

စကားတို႔အရ ျဖစ္ေနသည့္ျပႆနာကိုေတာ့ သိေသးဟန္မတူ၍ ေမရီသာ သက္ျပင္းခိုး႐ႈိက္မိသည္။

"စိတ္ထဲထားမေနပါနဲ႔ အေဖရယ္။ သူ႔ဖုန္းကိုမကိုင္လို႔ လာရွာတာပါ။ သမီး သြားနားဦးမယ္ေနာ္။"

"ေအးပါ။ ျဖစ္သင့္တဲ့အေျခအေနေတြကို ငါ့သမီးသိတာပဲ။ အခုေတာ့ နားဦး။"

အေဖျဖစ္သူေရွ႕မွထြက္လာခဲ့ၿပီး အခန္းထဲေရာက္သည္ႏွင့္ ခႏၶာကိုယ္ကို ခုတင္ထက္သို႔ပစ္လွဲခ်လိုက္မိသည္။ အရွိန္မေသသည့္ေဒါသတို႔က ရင္ထဲတြင္လႈိက္၍ေလာင္ၿမိဳက္၏။ သတင္းေလးတစ္ခုဖန္တီးမိရံုႏွင့္ အိမ္အထိလိုက္လာ၍ အေဖကိုအသိေပးလိုဟန္ ၿခိမ္းေျခာက္လာသည့္ ထိုအရိုင္းအစိုင္းက ယခုထက္ပိုသည့္ဂယက္ကို လိုအပ္ေနသည့္ပံုပင္။

"ၿငိမ္ၿငိမ္မေနႏိုင္တဲ့ေကာင္ ေတြ႕ၾကေသးတာေပါ့။"

......

"ေဟး ေနမႈိင္း၊ ဘာကိစၥ ေခ်ာင္ကပ္ေနတာလဲကြ။"

စိတ္ညစ္၍အရက္ေသာက္ပါသည္ဆိုမွ တစ္ေယာက္ၿပီးတစ္ေယာက္ရႈပ္ေနသည့္ အေပါင္းအသင္းမ်ားေၾကာင့္ ေနမႈိင္းရူးခ်င္လာသည္။ ကလပ္ကိုလာမိသည္ကပင္ ေနမႈိင္း၏အမွား။

"သြားစမ္းကြာ၊ တစ္ေယာက္တည္းေနပါရေစ။"

"ဘာေတြကြဲလာျပန္ၿပီလဲ။"

"သြားေတာ့"

ထေအာ္ပစ္လိုက္သည့္ေနမႈိင္းေၾကာင့္ အနီးမွလူမ်ားလွည့္ၾကည့္လာၾကသည္။ ထိုအခါမွ ေဘာ္ဒါျဖစ္သူက

"ေအးပါကြာ၊ စိတ္ေလၽွာ့။ ေသာက္ ေသာက္"

"F*ck!"

ပါးစပ္မွလည္း မ်ိဳးစံုဆဲဆိုမိၿပီး လက္မွလည္း အရက္ခြက္ကိုေဆာင့္ခ်လိုက္မိသည္။ ထိုစဥ္ ထိုအရက္ခြက္အနီးသို႔ စီးကရက္တစ္လိပ္ကိုညႇပ္ကိုင္ထားသည့္ သြယ္လ်သည့္လက္တစ္ဖက္က ေရာက္လာ၍ ေနမႈိင္းၾကည့္လိုက္သည့္အခါ

"အရက္က ေမ့ခ်င္တာေတြေမ့လို႔လား။"

"ေဝးေဝးေန ေလဒီ။"

"ယူက ေမ့ေဆးလိုေနတယ္ထင္လို႔ ကူညီခ်င္လို႔။"

အျပံဳးခ်ိဳခ်ိဳေလးႏွင့္ ခပ္ဖြဖြဆိုသည့္ႏႈတ္ခမ္းပါးတို႔က ရဲစိုေနသည္။ ထိုႏႈတ္ခမ္းမ်ားထက္သို႔ လက္ေခ်ာင္းမ်ားကခ်ဥ္းကပ္လာၿပီး အနက္ေရာင္စီးကရက္ကို ေမွးတင္လိုက္ကာ ရႈိက္ယူျခင္းလုပ္ငန္းကိုစတင္သည္။ မ်က္ေမွာင္တို႔အနည္းငယ္တြန္႔ခ်ိဳးရင္း ဝင္သက္ကိုရႈိက္ယူသည့္အခါ လွစ္ဟထားသည့္အမို႔အေမာက္တို႔ကလည္း ျမင့္တက္လာသည္မွာ စည္းခ်က္ညီစြာ။ ဖယ္ရွားလိုက္သည့္စီးကရက္ေလး၏ ေနာက္ဖ်ားဆီသို႔ အခိုးအေငြ႕တန္းေလး လိုက္ပါေနသည္။ နီစိုစိုႏႈတ္ခမ္းမ်ားၾကားမွ မီးခိုးေရာင္အေငြ႕မ်ားက ရစ္မူးဖြယ္ရာ ခုန္ေပါက္ထြက္က်လာ၏။

"စမ္းၾကည့္ပါလား။ ယူလိုခ်င္ရင္ တို႔မွာအမ်ားႀကီးရွိေသးတယ္။"

ေနမႈိင္း ေခါင္းညိတ္မိသည္ထင္၏။ မိန္းကေလးက သူ၏အမွတ္တံဆိပ္ကဲ့သို႔ေသာ အျပံဳးခ်ိဳခ်ိဳတို႔ႏွင့္အတူ ေနမႈိင္းအနီးသို႔ကပ္လာၿပီး သူ၏လက္တစ္ဖက္မွလက္ေခ်ာင္းမ်ားကို လႈပ္ရွားကစားသည္တြင္ စီးကရက္အသစ္ေလးတစ္လိပ္ ေရာက္ရွိလာေပသည္။ ေနမႈိင္း၏ႏႈတ္ခမ္းလႊာေတြၾကား ဝင္ေရာက္လာသည့္ ထိုအနက္ေရာင္အလိပ္ေလး၏ အစြန္းတစ္ဖက္တြင္ အနီေရာင္မီးေတာက္ေလး ေတာက္ေလာင္ေနသည္ကို ေနမႈိင္းၾကည့္ေနမိသည္။

ထို႔ေနာက္တြင္ေတာ့ အခိုးအေငြ႕တို႔သည္ ေနမႈိင္းကိုအုပ္ဆိုင္းသြားေလသလား၊ ေနမႈိင္းကိုယ္တိုင္ပင္ အခိုးအေငြ႕ျဖစ္သြားသည္လား၊ မသဲကြဲေတာ့ေပ။

......

ကားရပ္လိုက္ရာမွဆင္း၍ ေနမႈိင္း လမ္းေလၽွာက္ရန္ျပင္သည္။

"ေဟ့လူ၊ မေရာက္ေသးဘူးေလ။"

အငွားယာဥ္ေမာင္းအား ပိုက္ဆံလွည့္ေပးၿပီးသာ ေနမႈိင္းလွည့္ထြက္လိုက္ေတာ့သည္။ လူက ျမဴးႂကြႂကြျဖစ္ေနၿပီး အရာရာသည္ေက်နပ္စရာေကာင္းေန၏။ ကားမ်ားကိုစစ္ေဆးေန၍ ကားရပ္လိုက္ရသည္ကပင္ ေနမႈိင္းအတြက္ လမ္းေလၽွာက္ခ်ိန္ရလိုက္ေသးသည္။ ေရွ႕တစ္လမ္းတြင္မွ အိမ္ေရာက္မည္မဟုတ္ပါလား။

တစ္ဖက္တြင္ ေနမႈိင္းဆင္းလာခဲ့သည့္ကားအား ရဲမ်ားမွစစ္ေဆးေနေလသည္။ ထို႔ေနာက္တြင္ ေနမႈိင္းေနာက္သို႔ လိုက္လာၾကေလ၏။ လြင့္ခ်င္တိုင္းလြင့္ေနသည့္တိမ္ေတြလို ေနမႈိင္းကေတာ့ လမ္းေလၽွာက္လာေနဆဲ။

"အ"

ေနမႈိင္းကိုဝင္တိုက္မိသည့္လူေၾကာင့္ ေနမႈိင္းလဲက်သြားေလ၏။ ရုတ္တရက္ျဖစ္သြားသည့္အတြက္ ေနမႈိင္းေၾကာင္အေနစဥ္ ေနာက္မွလိုက္လာသည့္ရဲမ်ားမွာလည္း ေခတၱမၽွရပ္သြားၿပီး

"ဒီမွာခင္ဗ်။"

"ဘာလို႔လဲဗ်။"

"စစ္ေဆးစရာရွိလို႔ပါ။"

"ကၽြန္ေတာ့္ကိုလား။ ကၽြန္ေတာ္ ဘာမွမလုပ္ဘူး။ ဒီလူကမူးေနတာ၊ ကၽြန္ေတာ့္ကို အသားလြတ္ဝင္တိုက္ၿပီး သူ႔ဘာသာလဲတာ။"

ေနမႈိင္းကိုတိုက္မိသူက ေျပာလာ၏။

"သူ႔ကို စစ္ေဆးမွာပါ။ ဒီက ကိုေနမႈိင္း ဟုတ္ပါသလား။"

တိုက္မိသူက သူႏွင့္မဆိုင္သည့္အတြက္ ဆက္၍ထြက္သြားေလသည္။

ထို႔ေနာက္တြင္ေတာ့ လုပ္ထံုးလုပ္နည္းမ်ားတစ္သီတစ္တန္းေျပာ၍ မူးယစ္ေဆးႏွင့္ပတ္သက္ၿပီး တိုင္တန္းျခင္းေၾကာင့္ စစ္ေဆးမည္ျဖစ္ေၾကာင္းဆိုသျဖင့္ ေနမႈိင္းခြင့္ျပဳလိုက္သည္။ မိမိတြင္ ေသာက္စားလာသည္မွအပ မည္သည့္ေဆးမၽွေဆာင္မထားေပ။
ထို႔ေၾကာင့္ အလြယ္တကူပင္ၿပီးျပတ္သြားခဲ့သည္။ ရုတ္တရက္တိုင္ခံရသည္မွာ ယခင္ေန႔မ်ားကသတင္းမ်ားေၾကာင့္လည္း ျဖစ္ႏိုင္ေပသည္။
ေနမႈိင္းတစ္ေယာက္ မူးလာသည့္အရွိန္ေလးပါ ေပ်ာက္လုလုပင္။

လမ္းၾကားေလး၏တစ္ဖက္ထိပ္တြင္ ရပ္ေနသည့္ ေနမႈိင္းႏွင့္တိုက္မိသည့္သူက သူ၏လက္ထဲရွိအထုပ္ငယ္ေလးကို လက္ျဖန္႔ၾကည့္ၿပီး ေဖာက္ထုတ္လိုက္ကာ ေလထဲတြင္ပ်ံ႕သြားေစလိုက္သည္။

......

"ေသခ်ာထည့္ေပးလိုက္တယ္ မဟုတ္ဘူးလား။"

"ေမမီ ေသခ်ာထည့္ေပးလိုက္တာပါ။ သူက ေသာက္ခ်ည္းေသာက္ေနလို႔ သံုးခိုင္းလို႔မရလို႔ေတာင္ ေသခ်ာႀကိဳးစားပါေသးတယ္။ ေနာက္ဆံုးေတာ့ မသံုးလည္း ပစၥည္းေသခ်ာပါသြားေအာင္ ထည့္ေပးလိုက္ပါတယ္။ သူ႔အေပၚအက်ႌ အတြင္းဘက္အိတ္ထဲ ေသေသခ်ာခ်ာထည့္ေပးလိုက္တာပါ။"

"သြားေတာ့။"

ကလပ္တြင္ရွိသည့္ညက ေနမႈိင္းအနားသို႔ကပ္သည့္မိန္းကေလးႏွင့္ လူတစ္ဦးတို႔ သီးသန္႔ခန္းတြင္ စကားေျပာေနၾကျခင္းျဖစ္ၿပီး ထိုမိန္းကေလးထြက္သြားသည့္အခါ က်န္ခဲ့သည့္လူက ဖြင့္လ်က္သားျဖစ္ေနသည့္ဖုန္းကို ေကာက္ကိုင္လိုက္ကာ

"ၾကားမွာ တစ္ခုခုလြဲသြားတာ ေသခ်ာပါတယ္။ ကၽြန္ေတာ္စံုစမ္းလိုက္ပါ့မယ္။"

......

ေနမႈိင္းႏွင့္လူတစ္ဦး လမ္းတြင္တိုက္မိပံု၊ ေနမႈိင္းလဲက်သြားပံု၊ ရဲမ်ားေရာက္လာၿပီး ထိုလူထြက္သြားသည့္ပံု၊ ေနမႈိင္းကို ရဲမ်ားစစ္ေဆးေနပံုမ်ားက screen တြင္ တစ္ပံုၿပီးတစ္ပံုျဖတ္ေျပးသြား၏။
Tablet ေပၚတြင္ေပၚေနသည့္ပံုမ်ားကို တစ္ပံုခ်င္းၾကည့္၍ ေမရီသာ မဲ့ျပံဳးျပံဳးလိုက္၏။

"မလြယ္ေၾကာပါလား ေနမႈိင္း။ ဒီတစ္ခါ ငါလိုသြားတယ္ပဲ ထားပါေတာ့။"

တစ္ဦးတည္းေရရြတ္ၿပီးေနာက္ ဖုန္းနံပါတ္တစ္ခုကို ေမရီသာႏွိပ္လိုက္သည္။

"ငါပို႔လိုက္တဲ့ပံုမွာပါတဲ့လူကို စံုစမ္းထားလိုက္။"

ဖုန္းခ်လိုက္ၿပီးမွပင္ မေက်နပ္ေသး၍ ရထားသည့္ပံုမ်ားကို ေမရီသာ အခါခါျပန္ၾကည့္မိသည္။ ၾကည့္မိေလ၊ ေဒါသထြက္ရေလျဖစ္လာ၍ ပစ္ခ်လိုက္ရၿပီး

"ဘယ္ေကာင္က မဆိုင္တာဝင္ပါျပန္ၿပီလဲ။ ေနမႈိင္းနဲ႔ဆိုင္တယ္ဆိုလည္း ငါ့ကိစၥမွာလာ႐ႈပ္ရင္ ငါအလြတ္မေပးဘူးဆိုတာ သင္းတို႔သိဖို႔လိုေနၿပီ။"

*phone ringing .....*

ဖုန္းကိုအသံပိတ္ထား၍ တုန္ခါမႈကိုသာသိလိုက္ၿပီး ေကာက္ကိုင္မိ၏။ စိတ္အစံုတို႔သည္ ဆူပြက္ေနသည့္အေလၽွာက္ ထြက္က်သြားသည့္စကားသံတို႔မွာလည္း

"ဘာကိစၥလဲ။"

တစ္ဖက္မွတံု႔ျပန္သံမလာ၍ ေမရီသာ ဖုန္းထံသို႔အာရံုစိုက္မိေလမွ တိုးလ်သည့္အသက္ရႉသံေလးကို ၾကားမိသေယာင္။ အလ်င္စလိုပင္ ဖုန္းမ်က္ႏွာျပင္ကိုၾကည့္မိေလမွ ဖုန္းကိုမၾကည့္ဘဲကိုင္မိသည္ကို ေနာင္တရသြားမိသည္။

"ငယ္၊ ကိုယ္မသိလိုက္လို႔ပါ။ ငယ့္ကိုေအာ္တာ မဟုတ္ဘူူးေနာ္။ ေနဦး၊ ေနဦး။ Video call ေခၚလိုက္မယ္ေနာ္။ ဒီကေန ဖုန္းခ်လိုက္ေနာ္ ငယ္။"

"ရတယ္ မ။ ငယ္ကေလ ..."

"ရတယ္ဆိုရင္ ေခၚလိုက္မယ္။ လြမ္းေနတာနဲ႔အေတာ္ပဲ။"

ထိုမွစသည့္ video call ေလးမွာ နာရီဝက္ေက်ာ္ၾကာသြားခဲ့ေလသည္။ စေခၚသည့္အခ်ိန္မွစ၍ ျပံဳးခ်င္ခ်င္ျဖစ္ေနသည့္သၽွားျဖဴမွာ Goodnight kiss ေလးအဆံုးအထိ ေက်နပ္ေနသည့္အျပံဳးေလးႏွင့္။

Call end ၏တစ္ဖက္တြင္

"အား ... ရင္ခုန္ရလြန္းလို႔ရူးမွာပဲ။ ဟြန္႔၊ စစခ်င္းအသံၾကားေတာ့ လန္႔သြားတာပဲ။ သိပ္ၿပီးအေခ်ာ့ေတာ္တာ စိတ္ေကာက္ဖို႔ေတာင္ေမ့သြားတယ္လို႔ ေဒၚေမရီသာရဲ႕။"

တစ္ဖက္မွ ေမရီသာမွာလည္း

"တစ္နာရီေတာင္မျပည့္တဲ့ video call တစ္ခုနဲ႔ပဲ ႏွစ္သိမ့္လိုက္ရတာ အရမ္းအားနာရပါတယ္ ငယ္ရယ္။ အခုအခ်ိန္မွာ တျခားလူကိုအခ်ိန္ပိုေပးတာမဟုတ္ေပမဲ့ အဲဒီလူပ်က္စီးဖို႔အတြက္ေတာ့ အခ်ိန္ေလးေပးဖို႔လိုေနလို႔ပါ။"

🥀 by Demon
14 April 2023

■■■ အပိုင္း (၇) ဆက္ရန္ ■■■

စီးကျလာသည့်သွေးတို့နှင့်အတူ စတင်ခံစားလာရသည့် နာကျင်မှုအား ပျက်ရယ်ပြုလိုက်မိသည်။ ခန္ဓာကိုယ်မှ နာကျင်မှုများသည် နှလုံးသားမှ နာကျင်မှုတို့အား ဖာထေးမပေးနိုင်ပါ့လား....။

"ရူးများသွားသလား နေမှိုင်း....ဟမ်!!"

"ဖန်ခွက်လေးကျကွဲသွားရုံမို့ ဦးလေးစိတ်မပူလည်း ရပါတယ်..."

တစ်ခွန်းတည်းပြောပြီး ထထွက်သွားသည့် နေမှိုင်းအား လက်မှ ပြန်ဆွဲထားလိုက်သည်။ ဒီလို အရွဲ့တိုက်တတ်တဲ့ကလေးမှန်း သိသိနဲ့ဆူမိတဲ့ ငါကိုက မှားတာပါ။

"သွားမှာဆိုလည်း ဆေးတော့ထည့်သွားလေ.. လိုက်ခဲ့"

မိမိအခန်းဆီခေါ်သွားပြီး ဆေးထည့်ပေးရန်ပြင်လိုက်သည်။ ထင်သလိုလုပ်ပြီးလျှင် မျက်နှာငယ်လေးနှင့် လာရှာတတ်သည့် ထိုကလေးမှာ အကျင့်တို့အား ပြင်မရပုံပင်။ အခုလည်းကြည့် .... ဖန်စအား ဆွဲထုတ်မိတော့ မျက်နှာကမဲ့သွားသေးသည်။

"အားး နာတယ် ဦးလေးရဲ့"

"အဲ့တော့ ဖန်ခွက်က ငါခွဲလိုက်တာမလို့ လာပြောနေတာလား "

"ကျကွဲတာပါဆို ဦးလေးရာ"

"ပြီးပြီ! အိမ်ပြန်တော့ ငါ့အိမ်မှာပဲ လာလာသောင်တင်မနေနဲ့ "

"bye bye ဦးလေး"

ထွက်သွားသည့်ခြေလှမ်းတွေအား ကိုယ်လှည့်မကြည့်ဖြစ်တော့ပေ။ ထိုကလေးအား တစ်ပတ်လောက်ထိန်းသိမ်းထားခြင်းသည် စိတ်ငြိမ်စေရန်၊ သုံးသပ်တတ်စေရန်နှင့် မေရီနှင့်သွားမပတ်သက်မိစေရန် ရည်ရွယ်ခဲ့ခြင်း။ ရလဒ်ကတော့ မြင်တဲ့အတိုင်း .. သူက ဆန္ဒပြပြီး ထွက်သွားလေရဲ့။

လောကကြီးက မင်းအပေါ်မတရားဘူးဆိုရင်တောင်.............
မင်းအပေါ်နွေးထွေးပေးတဲ့ လူတစ်ယောက်ရှိကြောင်း၊ မင်းကိုကာကွယ်ပေးမယ့် ကိုယ်ရှိကြောင်းကို...... မင်းသတိထားမိဖို့တော့လိုနေပြီ ကလေးရေ....။

နှင်းဆီတစ်ပွင့်ကို ခြွေချင်တယ်ဆိုရင်တောင် အဲ့တစ်ပွင့်တော့ မဖြစ်တာမို့ မင်းကိုလည်းတားရမယ်။ ပန်းတစ်ပွင့်ရဲ့အဆိပ်ကိုလည်း မင်းမမိစေရပါဘူး။

"ဒေါက်..ဒေါက်..ဒေါက်"

အခန်းတံခါးခေါက်သံကြောင့် အတွေးစတို့အား ဘေးဖယ်ထားလိုက်သည်။ အစ်ကို..... သားတစ်ယောက်ကို ခင်ဗျားဘယ်လိုများ ထိန်းကျောင်းခဲ့တာပါလိမ့်........။

...............................................................

"ကျွန်တော် သူ့ကိုချစ်တယ်။ ပြီးတော့ ကျွန်တော်ဟာ သူ့ရဲ့ အကောင်းဆုံးရွေးချယ်မှုဖြစ်မယ်လို့ ကျွန်တော်ထင်တယ် ဦးလေး"

"ဒါပေမဲ့ ငါ့သမီးက မိန်းကလေးတစ်ယောက်နဲ့ ကြိုက်နေတယ်ဆိုတာ မင်းသိထားသလား ကောင်လေး"

"ဟား!! ဟား!! ဟား!!

ပျက်ယွင်းသွားသည့် နေမှိုင်း၏အမူအရာအား အမိအရဖက်ဆုပ်ပြီး ရယ်မောနေပုံမှာ ကိုယ်ကပဲ ဟာသတစ်ခု ပြောလိုက်သည့်အလား။ သဘောကောင်းသည့်ပုံပေါ်ပြီး အေးစက်စက်ပုံစံကြောင့် ငယ်စဉ်ကတည်းက နေမှိုင်း ခပ်ရှိန်ရှိန်ဖြစ်ရသူပင်။ ထိုကဲ့သို့ရယ်မောခြင်းမှာ အပေါင်းလက္ခဏာတို့ မပါမှန်း နေမှိုင်းရိပ်မိလိုက်သည်။

"ငါ့သမီးကို သဘောကျတဲ့သူတွေ ဘယ်လောက်တောင်များလဲ မင်းသိရဲ့လား ကောင်လေး။
တခြားသောယောက်ျားတွေထက် မင်းကသာတယ်လို့ ထင်နေရင်တောင် အနည်းဆုံးတော့...... မင်းကိုယ်တိုင် သူ့ကိုမပြောရဲသ၍ မင်းက သတ္တိနည်းသေးတဲ့သူပါပဲ။ ငါကတော့ မင်းကိုမျက်နှာသာပေးထားတာ အခုမှ မဟုတ်ဘူးလေ။ ကျန်တာကတော့ မင်းအပေါ်မှာ မူတည်နေတယ်"

ပုခုံးတစ်ချက်ပုတ်ပြီးထွက်သွားသည့် ထိုလူအား လှည့်ကြည့်လိုက်သည်။ ကြည့်ရသည်မှာ မေရီက သေချာပေါက် အဖေတူသမီးဖြစ်လာပုံပါပဲ။
ဧည့်ဝတ်ကျေသည့်အိမ်ရှင်က ထသွားပြီဆိုမှတော့ နေမှိုင်းလည်း အိမ်ပြန်ရုံသာကျန်တော့သည်။

ထ,ရပ်ခါမှ ကြားလိုက်ရသည့် ခြေသံလေးတစ်ခု....
အလောတကြီးပြေးဝင်လာသည့် ခြေသံလေးကအစ သေချာနေခဲ့သည်။ သူပဲ.....။

မပြောမပြုနှင့် မိမိလက်အားဆွဲခေါ်သွားပုံမှာ သူ၏ရွံရှာခြင်းနှင့် အမုန်းတို့အား ကြောက်စိတ်က ဖုံးလွှမ်းသွားပုံပင်။
လောကတွင် မေရီ ဂရုအစိုက်ဆုံးအရာရှိသည်။ နံပါတ်တစ်မှာ သူ့အဖေဖြစ်ပြီး နံပါတ်နှစ်မှာတော့ အရင်က ကျွန်တော်ဖြစ်သည်။

အိမ်တံခါးဝရောက်သည်နှင့် ချက်ချင်းလွှတ်ချလိုက်ပြီး မိမိအား အော်ဟစ်လာသည်။

"ငါ့ရှေ့မှာ ပေါ်လာရဲလောက်အောင် နင့်မှာ အရှက်မရှိဘူးလား နေမှိုင်း"

ဒေါသထွက်နေသည့်ပုံစံကအစ ချစ်ဖို့ကောင်းသည့် သူမအတွက် ကျွန်တော့်ရဲ့ရူးသွပ်ခြင်းဟာ ထိုက်တန်နေပုံပါပဲ။ ဒီရက်တွေထဲ သူ....အနည်းငယ်လောက် ပိန်သွားခဲ့သည်။

" ကိုယ် မင်းကိုမတွေ့ရတာ ကြာပြီလေ။ ပြီးတော့ မင်းအဖေသိထားမလားဆိုတာ မသိနိုင်လို့ လာခဲ့တာ။ တကယ်တမ်းဆိုရင်လေ.......
မှားယွင်းနေတဲ့ မင်းရဲ့အချစ်နဲ့စာရင်တော့ ကိုယ်က တော်ပါသေးတယ် အချစ်ရဲ့"

တစ်စက်စက်တုန်ရီလာသည့် သူ့အားကြည့်ရသည်မှာ ဒေါသကြီးသည့်သူ့အတွက် အခက်ခဲဆုံးသော... သည်းခံခြင်းဖြင့် ရွံရှာခြင်းကို မျိုသိပ်နေခြင်းပင်။

လူတွေဟာ အမုန်းကနေ အချစ်ကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်ကြတယ်။ကျွန်တော်လည်းအပါအဝင်ပဲ။

ထိုကနဦးအမုန်းတို့အား ခံနိုင်ရည်ရှိသည်ဟု ထင်ခဲ့ပေမဲ့ .... သူမ၏စကားတို့မှာ ကျွန်တော့်ကို အပြုံးပျက်စေနိုင်ခဲ့သည်။

"ဒီလောက်ထိ အောက်တန်းကျပြီး တဏှာရူးတဲ့နင့်ကို ပတ်သက်ခဲ့မိတဲ့ ငါ့ကိုယ်ငါပဲ သတ်ပစ်လိုက်ချင်မိတယ်။ ငါ ပြောပြထားမယ်နော်.....
ငါ့အဖေသိသွားတဲ့နေ့ဟာ နင့်အတွက် ဆွမ်းကပ်တဲ့နေ့ပဲဆိုတာတော့ နင်မှတ်ထားလိုက်နေမှိုင်း.......။ နင်..ဘယ်ခြေလှမ်းရင် ဘယ်သွားမလဲ ဆိုတာလောက်တော့ ငါမြင်နေရတယ်။ အိမ်ပြန်သွားပြီးတော့ ငါ..နင့်ဆီကပြန်တောင်းယူသွားမယ့် တန်ရာတန်ကြေးတွေကိုသာ ပေးဆပ်နေလိုက်။ အခုချက်ချင်း ငါနင့်ကိုမမြင်ချင်တော့ဘူး"

🥀 by J-moe-Z

"ဟိုကောင်လေးနဲ့ စိတ်ကောက်နေကြတာလား။"

အဖေဖြစ်သူထံမှစကားကြောင့် မေရီ့ဦးခေါင်းတစ်ခုလုံး ဖျဉ်းခနဲခံစားလိုက်ရပြီး ဒေါသတို့ကဆောင့်တက်သွားသည်။ နေမှိုင်းဆိုသည့်သတ္တဝါသည် မည်သည့်စကားများကိုပြောခဲ့၍ အဖေက ဤသို့မေးလေသနည်းဟု မေရီသာသိချင်မိပါ၏။

"စိတ်ကောက်ရအောင်က သမီးရည်းစားလည်းမဟုတ်ဘူး အဖေရယ်။"

"သူ့ဘက်ကတော့ ဝန်ခံသွားတယ်။"

အိမ်ပေါ်ထပ်ဧည့်ခန်းမှဖြတ်အလျှောက်တွင် စကားလှမ်းပြောသည့်အဖေဖြစ်သူကြောင့် ခေတ္တခဏစကားရပ်ပြောသည့် မေရီသာတစ်ယောက် နေရာမှာပင်ထိုင်ကျချင်သွားသည်။ သို့သော် ဟန်ကိုယ့်ဖို့ဆိုသည့်အတိုင်း

"သူကတော့ ပေါက်ပန်းလေးဆယ်တွေ ပြောနေမှာပေါ့။ အဖေက သမီးရှင်ဖြစ်ပြီး ဘာမှပြန်မပြောလိုက်ဘူးလား။ အလကားနေ အာချောင်နေတဲ့ကောင်။"

"လူငယ်ချင်းကိစ္စ အဖေကဘာပြောရမှာလဲ။"

စကားတို့အရ ဖြစ်နေသည့်ပြဿနာကိုတော့ သိသေးဟန်မတူ၍ မေရီသာ သက်ပြင်းခိုးရှိုက်မိသည်။

"စိတ်ထဲထားမနေပါနဲ့ အဖေရယ်။ သူ့ဖုန်းကိုမကိုင်လို့ လာရှာတာပါ။ သမီး သွားနားဦးမယ်နော်။"

"အေးပါ။ ဖြစ်သင့်တဲ့အခြေအနေတွေကို ငါ့သမီးသိတာပဲ။ အခုတော့ နားဦး။"

အဖေဖြစ်သူရှေ့မှထွက်လာခဲ့ပြီး အခန်းထဲရောက်သည်နှင့် ခန္ဓာကိုယ်ကို ခုတင်ထက်သို့ပစ်လှဲချလိုက်မိသည်။ အရှိန်မသေသည့်ဒေါသတို့က ရင်ထဲတွင်လှိုက်၍လောင်မြိုက်၏။ သတင်းလေးတစ်ခုဖန်တီးမိရုံနှင့် အိမ်အထိလိုက်လာ၍ အဖေကိုအသိပေးလိုဟန် ခြိမ်းခြောက်လာသည့် ထိုအရိုင်းအစိုင်းက ယခုထက်ပိုသည့်ဂယက်ကို လိုအပ်နေသည့်ပုံပင်။

"ငြိမ်ငြိမ်မနေနိုင်တဲ့ကောင် တွေ့ကြသေးတာပေါ့။"

......

"ဟေး နေမှိုင်း၊ ဘာကိစ္စ ချောင်ကပ်နေတာလဲကွ။"

စိတ်ညစ်၍အရက်သောက်ပါသည်ဆိုမှ တစ်ယောက်ပြီးတစ်ယောက်ရှုပ်နေသည့် အပေါင်းအသင်းများကြောင့် နေမှိုင်းရူးချင်လာသည်။ ကလပ်ကိုလာမိသည်ကပင် နေမှိုင်း၏အမှား။

"သွားစမ်းကွာ၊ တစ်ယောက်တည်းနေပါရစေ။"

"ဘာတွေကွဲလာပြန်ပြီလဲ။"

"သွားတော့"

ထအော်ပစ်လိုက်သည့်နေမှိုင်းကြောင့် အနီးမှလူများလှည့်ကြည့်လာကြသည်။ ထိုအခါမှ ဘော်ဒါဖြစ်သူက

"အေးပါကွာ၊ စိတ်လျှော့။ သောက် သောက်"

"F*ck!"

ပါးစပ်မှလည်း မျိုးစုံဆဲဆိုမိပြီး လက်မှလည်း အရက်ခွက်ကိုဆောင့်ချလိုက်မိသည်။ ထိုစဉ် ထိုအရက်ခွက်အနီးသို့ စီးကရက်တစ်လိပ်ကိုညှပ်ကိုင်ထားသည့် သွယ်လျသည့်လက်တစ်ဖက်က ရောက်လာ၍ နေမှိုင်းကြည့်လိုက်သည့်အခါ

"အရက်က မေ့ချင်တာတွေမေ့လို့လား။"

"ဝေးဝေးနေ လေဒီ။"

"ယူက မေ့ဆေးလိုနေတယ်ထင်လို့ ကူညီချင်လို့။"

အပြုံးချိုချိုလေးနှင့် ခပ်ဖွဖွဆိုသည့်နှုတ်ခမ်းပါးတို့က ရဲစိုနေသည်။ ထိုနှုတ်ခမ်းများထက်သို့ လက်ချောင်းများကချဉ်းကပ်လာပြီး အနက်ရောင်စီးကရက်ကို မှေးတင်လိုက်ကာ ရှိုက်ယူခြင်းလုပ်ငန်းကိုစတင်သည်။ မျက်မှောင်တို့အနည်းငယ်တွန့်ချိုးရင်း ဝင်သက်ကိုရှိုက်ယူသည့်အခါ လှစ်ဟထားသည့်အမို့အမောက်တို့ကလည်း မြင့်တက်လာသည်မှာ စည်းချက်ညီစွာ။ ဖယ်ရှားလိုက်သည့်စီးကရက်လေး၏ နောက်ဖျားဆီသို့ အခိုးအငွေ့တန်းလေး လိုက်ပါနေသည်။ နီစိုစိုနှုတ်ခမ်းများကြားမှ မီးခိုးရောင်အငွေ့များက ရစ်မူးဖွယ်ရာ ခုန်ပေါက်ထွက်ကျလာ၏။

"စမ်းကြည့်ပါလား။ ယူလိုချင်ရင် တို့မှာအများကြီးရှိသေးတယ်။"

နေမှိုင်း ခေါင်းညိတ်မိသည်ထင်၏။ မိန်းကလေးက သူ၏အမှတ်တံဆိပ်ကဲ့သို့သော အပြုံးချိုချိုတို့နှင့်အတူ နေမှိုင်းအနီးသို့ကပ်လာပြီး သူ၏လက်တစ်ဖက်မှလက်ချောင်းများကို လှုပ်ရှားကစားသည်တွင် စီးကရက်အသစ်လေးတစ်လိပ် ရောက်ရှိလာပေသည်။ နေမှိုင်း၏နှုတ်ခမ်းလွှာတွေကြား ဝင်ရောက်လာသည့် ထိုအနက်ရောင်အလိပ်လေး၏ အစွန်းတစ်ဖက်တွင် အနီရောင်မီးတောက်လေး တောက်လောင်နေသည်ကို နေမှိုင်းကြည့်နေမိသည်။

ထို့နောက်တွင်တော့ အခိုးအငွေ့တို့သည် နေမှိုင်းကိုအုပ်ဆိုင်းသွားလေသလား၊ နေမှိုင်းကိုယ်တိုင်ပင် အခိုးအငွေ့ဖြစ်သွားသည်လား၊ မသဲကွဲတော့ပေ။

......

ကားရပ်လိုက်ရာမှဆင်း၍ နေမှိုင်း လမ်းလျှောက်ရန်ပြင်သည်။

"ဟေ့လူ၊ မရောက်သေးဘူးလေ။"

အငှားယာဉ်မောင်းအား ပိုက်ဆံလှည့်ပေးပြီးသာ နေမှိုင်းလှည့်ထွက်လိုက်တော့သည်။ လူက မြူးကြွကြွဖြစ်နေပြီး အရာရာသည်ကျေနပ်စရာကောင်းနေ၏။ ကားများကိုစစ်ဆေးနေ၍ ကားရပ်လိုက်ရသည်ကပင် နေမှိုင်းအတွက် လမ်းလျှောက်ချိန်ရလိုက်သေးသည်။ ရှေ့တစ်လမ်းတွင်မှ အိမ်ရောက်မည်မဟုတ်ပါလား။

တစ်ဖက်တွင် နေမှိုင်းဆင်းလာခဲ့သည့်ကားအား ရဲများမှစစ်ဆေးနေလေသည်။ ထို့နောက်တွင် နေမှိုင်းနောက်သို့ လိုက်လာကြလေ၏။ လွင့်ချင်တိုင်းလွင့်နေသည့်တိမ်တွေလို နေမှိုင်းကတော့ လမ်းလျှောက်လာနေဆဲ။

"အ"

နေမှိုင်းကိုဝင်တိုက်မိသည့်လူကြောင့် နေမှိုင်းလဲကျသွားလေ၏။ ရုတ်တရက်ဖြစ်သွားသည့်အတွက် နေမှိုင်းကြောင်အနေစဉ် နောက်မှလိုက်လာသည့်ရဲများမှာလည်း ခေတ္တမျှရပ်သွားပြီး

"ဒီမှာခင်ဗျ။"

"ဘာလို့လဲဗျ။"

"စစ်ဆေးစရာရှိလို့ပါ။"

"ကျွန်တော့်ကိုလား။ ကျွန်တော် ဘာမှမလုပ်ဘူး။ ဒီလူကမူးနေတာ၊ ကျွန်တော့်ကို အသားလွတ်ဝင်တိုက်ပြီး သူ့ဘာသာလဲတာ။"

နေမှိုင်းကိုတိုက်မိသူက ပြောလာ၏။

"သူ့ကို စစ်ဆေးမှာပါ။ ဒီက ကိုနေမှိုင်း ဟုတ်ပါသလား။"

တိုက်မိသူက သူနှင့်မဆိုင်သည့်အတွက် ဆက်၍ထွက်သွားလေသည်။

ထို့နောက်တွင်တော့ လုပ်ထုံးလုပ်နည်းများတစ်သီတစ်တန်းပြော၍ မူးယစ်ဆေးနှင့်ပတ်သက်ပြီး တိုင်တန်းခြင်းကြောင့် စစ်ဆေးမည်ဖြစ်ကြောင်းဆိုသဖြင့် နေမှိုင်းခွင့်ပြုလိုက်သည်။ မိမိတွင် သောက်စားလာသည်မှအပ မည်သည့်ဆေးမျှဆောင်မထားပေ။
ထို့ကြောင့် အလွယ်တကူပင်ပြီးပြတ်သွားခဲ့သည်။ ရုတ်တရက်တိုင်ခံရသည်မှာ ယခင်နေ့များကသတင်းများကြောင့်လည်း ဖြစ်နိုင်ပေသည်။
နေမှိုင်းတစ်ယောက် မူးလာသည့်အရှိန်လေးပါ ပျောက်လုလုပင်။

လမ်းကြားလေး၏တစ်ဖက်ထိပ်တွင် ရပ်နေသည့် နေမှိုင်းနှင့်တိုက်မိသည့်သူက သူ၏လက်ထဲရှိအထုပ်ငယ်လေးကို လက်ဖြန့်ကြည့်ပြီး ဖောက်ထုတ်လိုက်ကာ လေထဲတွင်ပျံ့သွားစေလိုက်သည်။

......

"သေချာထည့်ပေးလိုက်တယ် မဟုတ်ဘူးလား။"

"မေမီ သေချာထည့်ပေးလိုက်တာပါ။ သူက သောက်ချည်းသောက်နေလို့ သုံးခိုင်းလို့မရလို့တောင် သေချာကြိုးစားပါသေးတယ်။ နောက်ဆုံးတော့ မသုံးလည်း ပစ္စည်းသေချာပါသွားအောင် ထည့်ပေးလိုက်ပါတယ်။ သူ့အပေါ်အင်္ကျီ အတွင်းဘက်အိတ်ထဲ သေသေချာချာထည့်ပေးလိုက်တာပါ။"

"သွားတော့။"

ကလပ်တွင်ရှိသည့်ညက နေမှိုင်းအနားသို့ကပ်သည့်မိန်းကလေးနှင့် လူတစ်ဦးတို့ သီးသန့်ခန်းတွင် စကားပြောနေကြခြင်းဖြစ်ပြီး ထိုမိန်းကလေးထွက်သွားသည့်အခါ ကျန်ခဲ့သည့်လူက ဖွင့်လျက်သားဖြစ်နေသည့်ဖုန်းကို ကောက်ကိုင်လိုက်ကာ

"ကြားမှာ တစ်ခုခုလွဲသွားတာ သေချာပါတယ်။ ကျွန်တော်စုံစမ်းလိုက်ပါ့မယ်။"

......

နေမှိုင်းနှင့်လူတစ်ဦး လမ်းတွင်တိုက်မိပုံ၊ နေမှိုင်းလဲကျသွားပုံ၊ ရဲများရောက်လာပြီး ထိုလူထွက်သွားသည့်ပုံ၊ နေမှိုင်းကို ရဲများစစ်ဆေးနေပုံများက screen တွင် တစ်ပုံပြီးတစ်ပုံဖြတ်ပြေးသွား၏။
Tablet ပေါ်တွင်ပေါ်နေသည့်ပုံများကို တစ်ပုံချင်းကြည့်၍ မေရီသာ မဲ့ပြုံးပြုံးလိုက်၏။

"မလွယ်ကြောပါလား နေမှိုင်း။ ဒီတစ်ခါ ငါလိုသွားတယ်ပဲ ထားပါတော့။"

တစ်ဦးတည်းရေရွတ်ပြီးနောက် ဖုန်းနံပါတ်တစ်ခုကို မေရီသာနှိပ်လိုက်သည်။

"ငါပို့လိုက်တဲ့ပုံမှာပါတဲ့လူကို စုံစမ်းထားလိုက်။"

ဖုန်းချလိုက်ပြီးမှပင် မကျေနပ်သေး၍ ရထားသည့်ပုံများကို မေရီသာ အခါခါပြန်ကြည့်မိသည်။ ကြည့်မိလေ၊ ဒေါသထွက်ရလေဖြစ်လာ၍ ပစ်ချလိုက်ရပြီး

"ဘယ်ကောင်က မဆိုင်တာဝင်ပါပြန်ပြီလဲ။ နေမှိုင်းနဲ့ဆိုင်တယ်ဆိုလည်း ငါ့ကိစ္စမှာလာရှုပ်ရင် ငါအလွတ်မပေးဘူးဆိုတာ သင်းတို့သိဖို့လိုနေပြီ။"

*phone ringing .....*

ဖုန်းကိုအသံပိတ်ထား၍ တုန်ခါမှုကိုသာသိလိုက်ပြီး ကောက်ကိုင်မိ၏။ စိတ်အစုံတို့သည် ဆူပွက်နေသည့်အလျှောက် ထွက်ကျသွားသည့်စကားသံတို့မှာလည်း

"ဘာကိစ္စလဲ။"

တစ်ဖက်မှတုံ့ပြန်သံမလာ၍ မေရီသာ ဖုန်းထံသို့အာရုံစိုက်မိလေမှ တိုးလျသည့်အသက်ရှူသံလေးကို ကြားမိသယောင်။ အလျင်စလိုပင် ဖုန်းမျက်နှာပြင်ကိုကြည့်မိလေမှ ဖုန်းကိုမကြည့်ဘဲကိုင်မိသည်ကို နောင်တရသွားမိသည်။

"ငယ်၊ ကိုယ်မသိလိုက်လို့ပါ။ ငယ့်ကိုအော်တာ မဟုတ်ဘူူးနော်။ နေဦး၊ နေဦး။ Video call ခေါ်လိုက်မယ်နော်။ ဒီကနေ ဖုန်းချလိုက်နော် ငယ်။"

"ရတယ် မ။ ငယ်ကလေ ..."

"ရတယ်ဆိုရင် ခေါ်လိုက်မယ်။ လွမ်းနေတာနဲ့အတော်ပဲ။"

ထိုမှစသည့် video call လေးမှာ နာရီဝက်ကျော်ကြာသွားခဲ့လေသည်။ စခေါ်သည့်အချိန်မှစ၍ ပြုံးချင်ချင်ဖြစ်နေသည့်သျှားဖြူမှာ Goodnight kiss လေးအဆုံးအထိ ကျေနပ်နေသည့်အပြုံးလေးနှင့်။

Call end ၏တစ်ဖက်တွင်

"အား ... ရင်ခုန်ရလွန်းလို့ရူးမှာပဲ။ ဟွန့်၊ စစချင်းအသံကြားတော့ လန့်သွားတာပဲ။ သိပ်ပြီးအချော့တော်တာ စိတ်ကောက်ဖို့တောင်မေ့သွားတယ်လို့ ဒေါ်မေရီသာရဲ့။"

တစ်ဖက်မှ မေရီသာမှာလည်း

"တစ်နာရီတောင်မပြည့်တဲ့ video call တစ်ခုနဲ့ပဲ နှစ်သိမ့်လိုက်ရတာ အရမ်းအားနာရပါတယ် ငယ်ရယ်။ အခုအချိန်မှာ တခြားလူကိုအချိန်ပိုပေးတာမဟုတ်ပေမဲ့ အဲဒီလူပျက်စီးဖို့အတွက်တော့ အချိန်လေးပေးဖို့လိုနေလို့ပါ။"

🥀 by Demon
14 April 2023

■■■ အပိုင်း (၇) ဆက်ရန် ■■■
© Demon ,
книга «Rosy Ruin (ႏွင္းဆီေရာင္ ပ်က္ကိန္း / နှင်းဆီရောင် ပျက်ကိန်း)».
Коментарі