01
02
03
04
05
06
07
08
09
10
09
"ငါဘယ္ေလာက္ထိ ေဒါသထြက္ေနလဲဆိုတာကို မင္းသိရင္ ျပင္ေနတဲ့စားပြဲဝိုင္းကို သိမ္းလိုက္ေတာ့"

ေဇာ္ရိန္ရဲ႕စကားေၾကာင့္ ျပင္ဆင္ေပးေနသည့္ သူရဇၨမွာ မ်က္ခုံးတစ္ခ်က္တြန္႔မိသည္။ ႀကိဳးစားျပင္ဆင္ခဲ့ရတာမို႔ တစ္ခ်က္တည္းနဲ႔ ေမွာက္လွန္ပစ္မယ့္စားပြဲဝိုင္းကိုေတာ့ မျမင္ခ်င္ခဲ့ေပ။
မစားဘူးဆိုလည္း မစားဘူးေပါ့။ လူေရာက္လာဖို႔က ပိုအေရးႀကီးတာပဲေလ။
စိတ္ဆိုးၿပီး ထျပန္သြားမွျဖင့္ ခက္ခ်ည္ရဲ႕။

ဟက္!

ေဒါသထြက္လြယ္၊ ေပါက္ကြဲလြယ္တဲ့ သူက ဟိုကေလးအတြက္ဆိုရင္ေတာ့ သူ႔ေဒါသေတြကို ၿမိဳသိပ္ေနရတာ ရယ္စရာေတာ့ေကာင္းသားကြ Charmy ရ။
ဒီေလာကမွာ​​ေတာ့ လက္ကေလးဒဏ္ရာရတာက အေသးအဖြဲေလး မဟုတ္လား။
သူ႔ကေလးအတြက္မွ ကမ႓ာႀကီးပ်က္ေနတဲ့ charmy ပုံစံကို... ကိုယ္တစ္ေယာက္တည္းျမင္ေနရတာ ဂုဏ္ယူသင့္ေနၿပီလား။

"တစ္ဝိုင္းေလာက္ အတူစားေပး႐ုံပဲေလ charmy. သိပ္ၿပီး တြန္႔တိုမေနပါနဲ႔"

သူရဇၨအသံက နားထဲကိုဝင္လာေပမဲ့ ၾကားလိုက္တာမ်ိဳးလည္း မဟုတ္ေပ။
ကိုယ့္အေတြးနဲ႔ကိုယ္မို႔ မလိုအပ္တဲ့အသံကို ေဘးဖယ္ထားလိုက္႐ုံ။

ေမရီသာ ဆႏၵရွိပါက ထို accident တြင္ ေနမႈိင္း အသက္မရွင္ႏိုင္ေခ်။
အတတ္ႏိုင္ဆုံး ေစာင့္ၾကည့္ခဲ့သည္ကေတာင္ ကိုယ္က သတိလက္လြတ္ျဖစ္သြားခဲ့ေသးတယ္။ အဓိကတရားခံကေတာ့ စပါကတီကို ေအးေဆးစားေနႏိုင္ေသးသည္။

သူရဇၨအားၾကည့္ၿပီး ေဇာ္ရိန္ ပို၍ေခါင္းရႈပ္လာသည္။

"မေန႔က ေဆးေတြျပန္ပါသြားတယ္ဆို "

"အြန္း။ ပါသြားတယ္ေလ။ ေမရီေတာင္မပါလာဘူး။ သူ႔ဘယ္လက္႐ုံးနဲ႔တင္ပြဲသိမ္းပဲ။ ေျပာၾကည့္ ဒီေလာက္ဆို ငါက မင္းေပးတဲ့တာဝန္ကို ေက်ေအာင္လုပ္ခဲ့ၿပီလား။"

ဘာမွျပန္မေျဖလာသည့္ လူတစ္ေယာက္ကို စကားေျပာရသည္က အတိတ္ကို သတိရေစသည္။ အလင္းေရာင္ေအာက္တြင္ ရွင္သန္ၾကသည့္ ထိုလူတို႔အတြက္ေတာ့ အေမွာင္တစ္ဖက္ျခမ္းျဖစ္ေပးမည့္ အရိပ္တစ္ခုကို လိုအပ္ၾကစျမဲ။
သို႔ေပမဲ့  ထိုအရိပ္ကို သူတို႔က တန္ဖိုးထားျခင္းမရွိ​​ၾကသလို အခ်ိန္မေ႐ြးလည္း စြန္႔ပစ္ႏိုင္ၾကေသးတယ္။ ငါ့မွာေတာ့ မင္းကို စိတ္နာရမလို ခ်စ္ရမလိုပါပဲကြာ... Charmy ရာ။

ဒါမွမဟုတ္ စိတ္ကို မနာႏိုင္တာမ်ားလား Charmy.

"plan B ကို ဘယ္ေတာ့စမွာလဲ။ "

"ေနာက္အပတ္"

နီးကပ္လြန္းသည့္အခ်ိန္ေၾကာင့္ သူရဇၨ မ်က္ေမွာင္က်ဳံ႕လိုက္မိသည္။ စားခ်င္စိတ္လည္း ရွိမေနေတာ့တာမို႔ အကုန္ျပန္သိမ္းဆည္းလိုက္ေတာ့သည္။

ဒီေန႔ေတာ့ ငါလိုခ်င္တဲ့အေျဖကိုရေအာင္ယူမယ္ Charmy. ငါမင္းအတြက္ ျပတ္သားသင့္ၿပီ။

"တစ္ခုေတာ့သတိေပးခ်င္တယ္ Charmy. ေမရီဆိုတဲ့ ေကာင္မေလးက တစ္ႀကိမ္ပဲ မင္းလွည့္စားလို႔ရမွာေနာ္။ ၿပီးေတာ့ ဟိုလူအိုႀကီး သတိကပ္သြားတာနဲ႔ မင္းေျခရာေတြ ေပၚသြားႏိုင္တယ္။
ဒါ ကစားပြဲမဟုတ္ဘူးေနာ္ Charmy. မင္းဘဝနဲ႔ရင္းၿပီး အဲ့ေကာင္ကို ကာကြယ္ေနရေအာင္ သူကမင္းရဲ႕သားမဟုတ္ဘူးကြ"

စကားအဆုံးတြင္ တစ္ေလၽွာက္လုံးမ်က္ႏွာလႊဲထားသည့္ ေဇာ္ရိန္က သူရဇၨထံသို႔ အၾကည့္တစ္ခ်က္ေပးသနားေလ၏။

"ငါ့ဘဝနဲ႔ပဲ ရင္းရင္း၊ ငါ့အသက္နဲ႔ပဲ ရင္းရင္း အဲ့ဒါငါ့ကိစၥ။ သူ႔ရဲ႕ accident ကိစၥက မင္းရဲ႕လစ္ဟင္းမႈမကင္းဘူးဆိုတာ မင္းသိရင္ ငါ့စိတ္ကိုလာမဆြနဲ႔။"

"ငါဖုန္းဆက္ခဲ့သားပဲ Charmy. မင္းပဲ အဖက္မလုပ္ခဲ့တာ။ ေနာက္ဆို ငါ့ဖုန္း call ေတြကို ခ်ပစ္ခ်င္ရင္လည္း မင္းျပန္စဥ္းစားေပါ့ Charmy"

"ငါျပန္မယ္။ မင္းဒဏ္ရာကို ေဆးထည့္ဖို႔မေမ့နဲ႔။ ကိုယ့္ကိုယ္ကိုယ္မွ ဂ႐ုမစိုက္ရင္ မင္းပဲေနမေကာင္းျဖစ္မွာ။ မင္းလည္း ကေလးမဟုတ္ေတာ့ဘဲနဲ႔ မေျပာရစမ္းနဲ႔"

ျပန္သြားတဲ့လူက ျပန္သြားၿပီဆိုေပမဲ့ သူရဇၨမွာေတာ့ ျပံဳးလို႔မၿပီးႏိုင္ေသးေခ်။ ဒဏ္ရာေတြက သူ႔အတြက္မထူးဆန္းေပမဲ့ တစ္ေယာက္ေသာသူ စိတ္ပူေပးသြားတာမို႔ ေပ်ာက္ေတာင္မေပ်ာက္ခ်င္ေတာ့ဘူး။

..................................................................................

"အခု ဘယ္မွာလဲ ေနမႈိင္း"

"ကြၽန္ေတာ္အိမ္မွာ။ လက္က ပတ္တီးမျဖည္ရမခ်င္း အိမ္ထဲကမထြက္ဖို႔ အေဖမွာသြားတယ္။"

"အင္း ဂ႐ုစိုက္ဦး။ ေဆးေသာက္ၿပီးၿပီလား။"

"မေသာက္ခ်င္ဘူး။ ဦးေလးတိုက္တဲ့ ဆန္ျပဳတ္စားခ်င္တယ္"

"စားခ်င္ရင္ ငါ့အိမ္လာေပါ့ကြ"

"ေဖေဖကမွ အျပင္မထြက္ခိုင္းပါဘူးဆို။ ေတာ္ၿပီ ေဆးလည္းမေသာက္ဘူး၊ ထမင္းလည္းမစားဘူး။ ဦးေလးလည္း လာမေခၚနဲ႔"

စကားမျပတ္ခင္ ဖုန္းခ်သြားပုံက ေသခ်ာသည္ ဒီကေလး စိတ္ေကာက္သြားၿပီ။ အျပင္ထြက္ၿပီး ေလၽွာက္ေမႊေနမွာထက္စာရင္ အိမ္မွာဆို ပိုစိတ္ခ်တယ္ေလ။ ဒါက သူ႔ကို အျပင္ထုတ္ခိုင္းေနတဲ့ အကြက္ေဟာင္းေတြမို႔ ေက်နပ္ေအာင္ စိတ္ေကာက္ပါေစဦး။

သူရဇၨဆီမွအျပန္ အကို႔ဆီကဖုန္းဝင္လာခဲ့သည္။ ထင္သည့္အတိုင္း ဦးမႈိင္းေဝဆိုသည့္သူက ေနမႈိင္းကို ဂ႐ုမစိုက္တာမ်ိဳးေတာ့ မဟုတ္ေခ်။

အိမ္ျပန္ေရာက္ေတာ့ အကိုက ေစာင့္ႏွင့္ေနၿပီ။

"ငါက မအား႐ုံမအားတာပါ ေဇာ္ရိန္။ ငါ့သားကို ငါဂ႐ုမစိုက္ဘူးလို႔ထင္ေအာင္ မင္းသိပ္မလုပ္ပါနဲ႔လား။"

"ဒါက ေတြ႕ေတြ႕ခ်င္းႏႈတ္ဆက္ရမယ့္ စကားလား အကိုရ။ ဘာပဲျဖစ္ျဖစ္ အကို႔ထက္စာရင္ ကၽြန္ေတာ္က အားတယ္ေလ။"

မတည့္တာလည္းမဟုတ္သလို ခ်စ္ခင္ေနတာလည္းမဟုတ္ေတာ့သည့္ ဆက္ဆံေရးတစ္ခုမွာ စကားေျပာဆိုရခက္ခဲသည္။ အထူးသျဖင့္ အကိုႏွင့္ စကားေျပာရသည္က ပိုခက္သည္။

"ငါသတိမထားမိတာမဟုတ္ဘူး ေဇာ္ရိန္။ ဒီရက္ေတြထဲမွာ သူတစ္ခုၿပီးတစ္ခု ဆက္တိုက္ျဖစ္ေနတာ ငါသိတယ္။ မင္းေျပာၾကည့္ ငါ့သားဘာျဖစ္ထားတာလဲ"

မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ စိုက္ၾကည့္ေနျခင္းမွာ ေဇာ္ရိန္႔မ်က္ဝန္းထဲမွ အမွန္တရားကိုရွာေဖြေနျခင္း။ ဒါေတြက သူ႔လို အသက္ (၃၈)ႏွစ္အ႐ြယ္ လူတစ္ေယာက္အတြက္ေတာ့ ခက္ခဲေနတာမ်ိဳးမဟုတ္ေပ။ ေအးစက္ေနသည့္ ေလထုတစ္ခုကို ေဇာ္ရိန္ကပဲ အျပံဳးတစ္ခုႏွင့္ေခ်ဖ်က္လိုက္သည္။

"အကိုစိတ္ခ်။ ကြၽန္ေတာ့္ေၾကာင့္နဲ႔ေတာ့ ေနမႈိင္းကို ဒုကၡအျဖစ္မခံပါဘူး။"

"ဒါဆို ငါ့သားက ဘာျဖစ္ေနတာလဲ။"

ေျဖရခက္သည့္ေမးခြန္းကို တုံးတိႀကီးေမးခ်ႏိုင္သည့္သူကို တကယ္ပဲ ခ်ီးက်ဴးမိသည္။ အကိုကေတာ့ အကိုပါပဲ။ မ်က္ႏွာကိုေထာက္ထားၿပီး ညွာတာတာမ်ိဳး တကယ္မရွိေခ်။

"ကြၽန္ေတာ္လည္း စုံစမ္းတုန္းပါ။ ကြၽန္ေတာ့္ဘက္ကလာၿငိစြန္းတာမ်ိဳး ျဖစ္ခဲ့ရင္လည္း ကြၽန္ေတာ္ ေသခ်ာေပါက္ ေနမႈိင္းကိုထိခိုက္တာမ်ိဳး မျဖစ္ေစရပါဘူး"

"ဒါနဲ႔ သူ႔ကိုစုံစမ္းေပးပါဦး။ ပန္းျမတ္ေဝနဲ႔တြဲေနတယ္ထင္တယ္။ ပန္းျမတ္က ငယ္ေသးတယ္။ သူ႔အနားကလူကို သူခြဲျခားတတ္မွာ မဟုတ္ဘူး"

အကိုထုတ္ေပးသည့္ပုံေတြကို ၾကည့္မိလိုက္ေတာ့ ပန္းျမတ္ႏွင့္အတူ ေကာင္ေလးတစ္ေယာက္။ ထိုေကာင္ေလးအား သူရင္းႏွီးေနသလိုထင္မိေပမဲ့ မွတ္မိေနတာမ်ိဳးလည္း မဟုတ္ေပ။
ဒါေပမဲ့ သူစဥ္းစားေနတာကပဲ အကို႔ကို တစ္မ်ိဳးထင္ေစႏိုင္တာေၾကာင့္ ျမန္ျမန္ျပန္ေျဖေပးလိုက္သည္။

"သိရရင္ အကို႔ကို အေၾကာင္းၾကားမယ္ေလ။ သိပ္မၾကာေစရပါဘူး။"

🥀 by J-moe-Z

မႈိင္းေဝႏွင့္ ျမတ္သဇင္ဆိုသည္မွာ ေရႊကိုေရႊခ်င္းထပ္၊ ဂုဏ္ကိုဂုဏ္ခ်င္းထပ္၍ ႏွစ္ဖက္အသိုင္းအဝိုင္းမွ အႀကီးအက်ယ္ခ်ီးေျမႇာက္ကာ ေရႊလမ္းေငြလမ္းေဖာက္ခဲ့ၾကသည့္ မိသားစုႏွစ္ခု၏ဆက္ခံသူမ်ားပင္။

"အစ္ကို၊ အစ္ကို။"

"ေျပာ၊ ေဇာ္ရိန္။ ဘာျဖစ္လာတာလဲ။"

"ကၽြန္ေတာ္ သတို႔သားအရံမလုပ္ဘူးေနာ္။"

"ေဟာဗ်ာ၊ မင္းပဲ သတို႔သားအရံလုပ္မယ္ဆိုလို႔ အစ္ကိုစီစဥ္ေပးထားတာေလ။"

"မလုပ္ေတာ့ဘူး။ အဲဒီသတို႔သမီးအရံေတြနဲ႔ မတြဲခ်င္ဘူးဗ်။"

"ေဟ၊ ျဖစ္ရျပန္ၿပီ။ တကယ္မလုပ္ဘူးလား။ ေသခ်ာၿပီဆို ေနာက္တစ္ေယာက္ရွာရမွာ။ ေသခ်ာေျပာ။"

"မလုပ္ေတာ့ဘူး။ ေရာ့၊ ဒါ အစ္မကိုေပးေပး။ ကၽြန္ေတာ္လက္ဖြဲ႕တာ။"

သတို႔သမီးေခါင္းမွပဝါစတြင္တပ္ရန္ သရဖူအေသးေလးတြင္ စိန္ပြင့္တို႔က တလက္လက္ေတာက္ေနေတာ့သည္။ ထိုသရဖူေလးကို မည္သည့္ထုတ္ပိုးမႈမွမပါဘဲ လက္ကကိုင္လာၿပီးေပးသည့္ ေဇာ္ရိန္ဆိုသည့္ထိုလူသားေလးက မႈိင္းေဝတို႔မိသားစုႏွင့္ စီးပြားဖက္မိသားစုမွ တစ္ဦးတည္းေသာသားေလး။ တစ္ဦးတည္းေသာသားခ်င္း ေပါင္းမိၾကသည့္ မႈိင္းေဝႏွင့္ေဇာ္ရိန္မွာ ေသြးသားမေတာ္စပ္ေသာ္လည္း ညီအစ္ကိုတမၽွပင္။

"ဘယ္ကယူလာတာလဲ။"

"အန္တီထုတ္တဲ့ဒီဇိုင္းအသစ္ဆိုလို႔ ဒီဇိုင္းမထြက္ခင္ကတည္းက ႀကိဳဝယ္လိုက္တာ။ အခု ရၿပီဆိုလို႔ တစ္ခါတည္းယူလာတာ။"

မႈိင္းေဝ ရယ္မိေတာ့သည္။ ေဇာ္ရိန္ေျပာသည့္ အန္တီဆိုသည္မွာ မႈိင္းေဝ၏မိခင္ကို ရည္ညႊန္းျခင္းပင္။ ေယာကၡမထုတ္သည့္ဒီဇိုင္းကို ေခၽြးမေလာင္းအားေပးရန္ ေဇာ္ရိန္မည္သို႔ေတြးမိေလသနည္း။ ထို႔အျပင္ ဒီဇိုင္းမထြက္မီကပင္ ႀကိဳဝယ္သည္ဟုလည္းပါေသး၏။ ယခုလည္း ဒီဇိုင္းေခၚျပသည္ကို ထုတ္ပိုးသည္ပင္မေစာင့္ဘဲ ယူခ်လာျပန္သည့္ေဇာ္ရိန္မွာ တစ္ဇြတ္ထိုးေကာင္ေလးတစ္ေယာက္။

"မရယ္နဲ႔။ အဲဒီစိန္က အေဖ့ဆီကေကာင္းေပ့ဆိုတဲ့အပြင့္ေတြထဲက ယူလာတာ။"

သရဖူထိပ္မွ အရည္အေသြးသန္႔သန္႔စိန္ပြင့္ႀကီးႀကီးတစ္ပြင့္ကို လက္ညႇိဳးညႊန္ကာေျပာျပန္၍ မႈိင္းေဝခမ်ာ ဗိုက္ႏွိပ္ေနရေလၿပီ။

"မင္း ... မင္းေတာ့ အကုန္အက်ေတြမ်ားေတာ့မွာပဲ။"

"အလကားရတယ္ထင္လား။ ကၽြန္ေတာ့္တစ္လစာမုန္႔ဖိုးနဲ႔ အေဖ့ဆီကဝယ္လာတာ။ အန္တီကေတာ့ က်န္တဲ့ပစၥည္းဖိုးမေပးနဲ႔၊ ဒီဇိုင္းခပဲရွင္းပါတဲ့။"

ေက်ာင္းတက္ေနဆဲေဇာ္ရိန္၏ တစ္လစာမုန္႔ဖိုးဆိုသည္မွာ နည္းလွသည့္ပမာဏမဟုတ္သကဲ့သို႔ Chic Stone ၏ ပင္တိုင္ဒီဇိုင္နာ fee သည္လည္း မနည္းလွသည့္အတြက္

"ေအးပါ၊ အဲဒါ မင္းဘာသာ မင္းအစ္မကိုေပးေလ။"

"ဒီတိုင္းယူခ်လာတာ ဒီတိုင္းေပးလို႔မေကာင္းဘူးေလဗ်ာ။ အစ္ကို႔ဘာသာ ၾကည့္ေကာင္းသလို ထုတ္ပိုးေပးလိုက္ေတာ့။ ကၽြန္ေတာ္ အခု အျပင္သြားရဦးမယ္။ ေနာက္မွေတြ႕မယ္ေနာ္။"

......

"Congratulations!"

"ေဟ့ေကာင္၊ တိုးတိုး။ ဒါ ေဆးရံု။"

"အဟဲ၊ ကေလးေလးက ခ်စ္စရာေလး။ သားသားေရ၊ ကိုကို႔ကိုေသခ်ာမွတ္ထားေနာ္။"

"ဘာကိုကိုလဲကြ။ ဦးဦးေလာက္ေတာ့ထားလိုက္။"

"ဘာဦးဦးလဲဗ်ာ။ ကၽြန္ေတာ္ခုမွ ငယ္ေသးတာကို။ မိန္းမေတာင္မရေသးဘူး။"

"ဟား ဟား"

ဦးမႈိင္းေဝ၊ ေဒၚျမတ္သဇင္တို႔၏ သားဦးေလးေကာင္းျမတ္ေဝကို ေမြးဖြားၿပီးခ်ိန္တြင္ ေဇာ္ရိန္တစ္ေယာက္ ဦးေလးရာထူးတိုးခဲ့ေလသည္။ ထိုအေၾကာင္းကို သူငယ္ခ်င္းတစ္ေယာက္အား ေဖာက္သည္ခ်ေနသည့္ ေဇာ္ရိန္မွာ အပူအပင္မရွိေသးသည့္လူငယ္တစ္ဦးပင္။

"မင္းသိလား။ ကေလးေလးက နီတာရဲေလးနဲ႔ ခ်စ္စရာေလး။ ဒါနဲ႔ပဲ ငါ့မွာ ဦးေလးဆိုတာႀကီးကို လက္ခံလိုက္ရေရာကြာ။"

"ေဇာ္ရိန္"

"ေျပာ"

"မင္း ကေလးခ်စ္တတ္တာလား။"

"အဲဒီလိုရယ္ေတာ့ ငါမသိဘူးေလ။ ကေလးေတြကေတာ့ ခ်စ္ဖို႔ေကာင္းတယ္။"

"မင္းရဲ႕ကိုယ္ပိုင္မိသားစုမွာ ဇနီးရယ္၊ သားသမီးရယ္နဲ႔လို႔ မင္းေတြးဖူးလား။"

"ဟင္"

အတည္ေပါက္ေမးလာသည့္ သူငယ္ခ်င္းျဖစ္သူကို ေဇာ္ရိန္ေသခ်ာၾကည့္မိေလသည္။ သိခ်င္ေနဟန္မ်က္ဝန္းမ်ားက ထူးျခားစြာတည္ၿငိမ္လ်က္။ ထိုေမးခြန္းကို ေဇာ္ရိန္ေတြးၾကည့္လိုက္သည့္အခါ

"ငါ ... မိန္းကေလးတစ္ေယာက္နဲ႔ ဘဝတစ္ခုထူေထာင္ဖို႔လား။"

"အင္း"

ေဇာ္ရိန္ေတြးမရေပ။ မိန္းကေလးမ်ား ေခ်ာသည္လွသည္ကို ေဇာ္ရိန္ခံစားတတ္သည္။ သူငယ္ခ်င္းအေနႏွင့္ အေနနီးသည့္မိန္းကေလးမ်ားရွိသည္။ သို႔ေသာ္ ေဇာ္ရိန္ႏွင့္ ခ်စ္သူရည္းစားျဖစ္လို၍ ေရလာေျမာင္းေပးလုပ္လာလၽွင္ ေဇာ္ရိန္ေရွာင္မိေတာ့သည္။

"ဟင့္အင္း၊ ငါ ... ေတြးၾကည့္လို႔မရဘူး။ ဟာ၊ ငါ့ဘာသာ ေအးေဆးေနတာကို မျမင္ခ်င္ေတာ့ဘူးလား သူရဇၨ။"

"ဪ၊ မင္းအစ္ကိုကေလးအေၾကာင္း ေျပာေနလို႔ အေၾကာင္းတိုက္ဆိုင္လို႔ ေမးၾကည့္တာေလ။"

"မေတြးခ်င္ဘူး။ လြတ္လြတ္လပ္လပ္ပဲေနခ်င္တယ္။"

'မေတြးခ်င္ရင္ တစ္သက္လံုးမေတြးနဲ႔ Charmy.'

သူရဇၨ၏အေတြးကို ထိုစဥ္က ေဇာ္ရိန္မသိခဲ့ပါ။

......

"အစ္ကို ... အေဖနဲ႔ဦးေလး ..."

မႈိင္းေဝေခါင္းညိတ္ျပသည့္အခါ ေဇာ္ရိန္ၿငိ္မ္က်သြားသည္။ မႈိင္းေဝႏွင့္ေဇာ္ရိန္၏ ဖခင္ႏွစ္ဦးတို႔ ေက်ာက္တြင္းသို႔သြားရာလမ္းတြင္ ကားလမ္းေခ်ာ္တိမ္းေမွာက္၍ ႏွစ္ဦးစလံုးဆံုးပါးခဲ့သည္ဟူေသာ သတင္းက အေဖတစ္ခုသားတစ္ခုသာရွိသည့္ ေဇာ္ရိန္႔ကို shock ရေစသည္။

"ေဇာ္ရိန္၊ ေဇာ္ရိန္ ... ေဟ့ ... သတိထားေလ။ ငိုခ်င္ရင္ငိုခ်လိုက္ကြာ၊ ငိုခ်လိုက္ ငါ့ညီ။ ဘာပဲေျပာေျပာ မင္းမွာ ဒီအစ္ကိုတစ္ေယာက္လံုးရွိပါေသးတယ္။"

......

"ေဇာ္ရိန္၊ မင္း ငိုလိုက္ရင္ ပိုမသက္သာဘူးလား။ ျပန္ၿပီးလည္း အဖက္ဆယ္မရေတာ့တာေတြကို လက္ခံလိုက္တာက မင္းအတြက္အသက္သာဆံုးပဲ သူငယ္ခ်င္း။"

သတင္းၾကားစဥ္မွစ၍ တိတ္ဆိတ္သြားသည့္ေဇာ္ရိန္ကို သူရဇၨအားေပးေနမိသည္။

"မင္းသိလား။ ဆံုးရႈံးမႈနဲ႔ ရႈံးနိမ့္မႈကို လက္ခံသြားႏိုင္တဲ့လူကသာ အသစ္ျပန္စဖို႔လမ္းစရႏိုင္တာ။ ျပန္ၿပီးတည္ေဆာက္ဖို႔အတြက္ ပ်က္စီးမႈကို လက္ခံႏိုင္ရမယ္ ေဇာ္ရိန္။"

ေဇာ္ရိန္ၿငိမ္ေနရာမွ ပထမဆံုးအႀကိမ္လႈပ္ရွားလာသည္။ သူရဇၨကိုၾကည့္ကာ

"မင္း ဘယ္လိုလက္ခံႏိုင္သြားသလဲ။"

တစ္ေကာင္ႂကြက္သူရဇၨက ရယ္လိုက္ၿပီး

"ငါလက္မခံႏိုင္တုန္းက ငါ့ဘဝကိုအဆံုးသတ္ဖို႔ ႀကိဳးစားခဲ့ဖူးတာေလ။ တကယ္ေတြးၾကည့္ေတာ့ ငါသိတတ္ကတည္းက ငါ့မွာ ဘာပိုင္ဆိုင္မႈမွမရွိလို႔ ဆံုး႐ႈံးစရာမရွိဘူးေလကြာ။"

'ငါလက္ခံႏိုင္သြားတာ မင္းေၾကာင့္ပဲ။ အခုေတာ့ ပိုင္ဆိုင္ခ်င္တာရွိလာလို႔ ဆံုး႐ႈံးရမွာ ေၾကာက္တတ္လာၿပီ။'

သူရဇၨ၏အေတြးတိုင္းကို ေဇာ္ရိန္မသိေသးသည့္အခ်ိန္တြင္ပင္ သူငယ္ခ်င္းသံေယာဇဥ္တို႔က တစ္စစႏွင့္ ထုထည္ထူထပ္ကာ အေရာင္ေျပာင္းေနေလၿပီ။

......

"ဟင့္အင္း၊ မသြားပါနဲ႔။ ဘာလို႔ ႏိုင္ငံျခားကိုသြားမွလဲ။ ဒီမွာလည္း မင္းအေနအထားနဲ႔ ဘယ္ပညာကိုျဖစ္ျဖစ္ အေကာင္းဆံုးဆိုတဲ့ေနရာမွာ သင္ႏိုင္တယ္ေလ။"

"အဓိကက ငါ စိတ္ေျပလက္ေပ်ာက္ထြက္သြားခ်င္တာ။ ၿပီးရင္ေတာ့ ငါ ငါ့အေဖလုပ္ငန္းကို လႊဲယူမွျဖစ္မယ္။ အစ္ကိုတို႔ကူညီတယ္ဆိုတာ တစ္သက္လံုးမျဖစ္ႏိုင္ဘူး။ အစ္ကို႔ေမေမကလည္း ဦးေလးစိတ္နဲ႔က်န္းမာေရးမေကာင္းဘူး။ ငါ အရင္လိုေနလို႔မရေတာ့ဘူး။"

"အဲဒါေတြအကုန္လံုးကို ဒီမွာပဲလုပ္လို႔ရတယ္ေလ ေဇာ္ရိန္ရာ။"

"ငါ နည္းနည္းေတာ့ အခ်ိန္ယူၿပီး ဒီေနရာနဲ႔ ..."

"အဲဒီအခ်ိန္က ဘယ္ေလာက္လဲ။ ငါ့ကိုအတိအက်ေျပာ။"

"..........."

"မေျပာႏိုင္ဘူးမဟုတ္လား။ မရဘူး၊ မင္းမသြားရဘူး။ ငါ မင္းနဲ႔မခြဲႏိုင္ဘူး။ ငါဘာလိုလို မင္းဘက္ကျဖည့္ေပးခဲ့တယ္။ ငါအေဖာ္မဲ့ေနတဲ့အခ်ိန္ မင္းေရာက္လာတယ္။ ငါအထီးက်န္ေနတဲ့အခ်ိန္ မင္းကအနားမွာရွိေပးခဲ့တယ္။ ငါ့ဘဝကို အဆံုးသတ္ေတာ့မယ့္အခ်ိန္ မင္းက ငါ့အနာဂတ္ကိုလာေပးခဲ့တာ။ ငါ့ကိုအသက္ျပန္သြင္းၿပီး၊ ေမၽွာ္လင့္ခ်က္ေတြထည့္ေပးၿပီး၊ ငါ့ရင္ခုန္သံကို ႏႈိးလိုက္ၿပီးမွ ဘာလို႔ ငါ့နားကထြက္သြားမွာလဲ။ မသြားပါနဲ႔ကြာ။

မင္းနာက်င္ေနတာ၊ မင္းအထီးက်န္ေနတာ၊ မင္းခံစားရသမၽွကို ငါကနားလည္ၿပီးသားပါ။ မင္းမြန္းၾကပ္ရင္ ငါ့ကို ရင္ဖြင့္လို႔ရတယ္၊ ငါလည္းထပ္တူခံစားေပးမယ္။ မင္းနာက်င္ရင္ ငါ့အေပၚေပါက္ကြဲလို႔ရတယ္၊ ငါလည္းထပ္တူနာက်င္ေပးမယ္။ ဒါေပမဲ့ ငါတို႔အတူရွိေနရင္ ငါတို႔ အထီးမက်န္ေတာ့ဘူးေလ။ ငါ မင္းကိုခ်စ္တယ္။ ငါ မင္းကို သူငယ္ခ်င္းလို၊ ညီအစ္ကိုလိုထက္ ပိုခ်စ္တယ္။ ငါ့ကိုမထားခဲ့ပါနဲ႔။"

ေဇာ္ရိန္ ထင္မထားခဲ့ပါ။
ကိုယ့္ကိုကိုယ္သတ္ေသေတာ့မည့္ ရြယ္တူေကာင္ေလးတစ္ေယာက္ကို သူဆြဲေခၚလာခဲ့မိၿပီး လိုအပ္သည္တို႔ကို ကူညီေပးခဲ့မိသည္မွာ လူတစ္ဦးကိုအသက္မေသေစခ်င္ရံု၊ သက္တူရြယ္တူျဖစ္၍ မိမိအေတြးႏွင့္အတူ သူ႔ကိုလည္း အဆင္ေျပေစခ်င္မိရံုႏွင့္ ေဇာ္ရိန္အတြက္လည္း အပန္းမႀကီးသည့္ကိစၥမ်ားျဖစ္သည့္ အိမ္မွအလုပ္သမားမ်ားႏွင့္အတူ ေနစရာစီစဥ္ေပးျခင္းႏွင့္ ရပ္တန္႔ေနသည့္သူ၏ပညာေရးကို ေရွ႕ဆက္ေစခဲ့ရံုပင္။

အထက္တန္းၿပီးသည္ႏွင့္ ေဇာ္ရိန္၏အိမ္မွထြက္၍ အျပင္တြင္အေဆာင္ေနကာ ေဇာ္ရိန္တို႔မိသားစုအလုပ္တြင္ဆက္လုပ္ရင္း ေက်ာင္းဆက္တက္သည့္ သူငယ္ခ်င္းျဖစ္သူ သူရဇၨကို ေဇာ္ရိန္အစစအရာရာကူညီခဲ့သည္မွာ ခင္တြယ္မိသည့္ သံေယာဇဥ္အျဖဴထည္သက္သက္သာ။

"ငါ ... ငါ အဲဒီလိုေတာ့ ..."

"မရဘူးလား။ မင္းလည္း မိန္းကေလးေတြကို မတြဲႏိုင္တာ ငါသိၿပီးၿပီ။ အဲဒါကိုသိရတာ ငါဘယ္ေလာက္ေပ်ာ္ခဲ့ရလဲသိလား။ ငါ့ကို ျပန္မခ်စ္ႏိုင္ေသးရင္ေတာင္ ငါ့ကို မင္းအနားေနခြင့္ေပးပါ Charmy."

"Charmy?"

"အင္း၊ မင္းက ငါ့အတြက္ ခ်စ္ဖို႔ေကာင္းတဲ့ညႇိဳ႕ဓာတ္တစ္ခုပဲ။ ငါ မင္းကို မခ်စ္ဘဲမေနႏိုင္ေတာ့ဘူး။ ငါ့ကို လက္ခံပါေနာ္။ ငါနဲ႔အတူ မင္းရဲ႕အထီးက်န္တာေတြ၊ ဝမ္းနည္းပူေဆြးစရာေတြကို ဖယ္ထုတ္ၾကရေအာင္ေလ။"

"ငါ ..."

"စိတ္မပါဘဲ ခ်စ္တယ္လို႔ေျပာစရာမလိုပါဘူး။ ငါ့ကို မင္းအနားေပးေနရံုနဲ႔ ရပါၿပီ။"

ေဇာ္ရိန္ေခါင္းညိတ္မိသည္က သူရဇၨအတြက္ တစ္သက္လံုးစာကတိကဝတ္တစ္ခုဟု မွတ္ယူလိုက္သည့္ေနာက္တြင္ သူတို႔၏ခ်စ္သူရည္းစားဘဝကို စတင္ခဲ့မိလိုက္ေလသည္။

🥀 by Demon

■■■ အပိုင္း (၁၀) ဆက္ရန္ ■■■


"ငါဘယ်လောက်ထိ ဒေါသထွက်နေလဲဆိုတာကို မင်းသိရင် ပြင်နေတဲ့စားပွဲဝိုင်းကို သိမ်းလိုက်တော့"

ဇော်ရိန်ရဲ့စကားကြောင့် ပြင်ဆင်ပေးနေသည့် သူရဇ္ဇမှာ မျက်ခုံးတစ်ချက်တွန့်မိသည်။ ကြိုးစားပြင်ဆင်ခဲ့ရတာမို့ တစ်ချက်တည်းနဲ့ မှောက်လှန်ပစ်မယ့်စားပွဲဝိုင်းကိုတော့ မမြင်ချင်ခဲ့ပေ။
မစားဘူးဆိုလည်း မစားဘူးပေါ့။ လူရောက်လာဖို့က ပိုအရေးကြီးတာပဲလေ။
စိတ်ဆိုးပြီး ထပြန်သွားမှဖြင့် ခက်ချည်ရဲ့။

ဟက်!

ဒေါသထွက်လွယ်၊ ပေါက်ကွဲလွယ်တဲ့ သူက ဟိုကလေးအတွက်ဆိုရင်တော့ သူ့ဒေါသတွေကို မြိုသိပ်နေရတာ ရယ်စရာတော့ကောင်းသားကွ Charmy ရ။
ဒီလောကမှာတော့ လက်ကလေးဒဏ်ရာရတာက အသေးအဖွဲလေး မဟုတ်လား။
သူ့ကလေးအတွက်မှ ကမ္ဘာကြီးပျက်နေတဲ့ charmy ပုံစံကို... ကိုယ်တစ်ယောက်တည်းမြင်နေရတာ ဂုဏ်ယူသင့်နေပြီလား။

"တစ်ဝိုင်းလောက် အတူစားပေးရုံပဲလေ charmy. သိပ်ပြီး တွန့်တိုမနေပါနဲ့"

သူရဇ္ဇအသံက နားထဲကိုဝင်လာပေမဲ့ ကြားလိုက်တာမျိုးလည်း မဟုတ်ပေ။
ကိုယ့်အတွေးနဲ့ကိုယ်မို့ မလိုအပ်တဲ့အသံကို ဘေးဖယ်ထားလိုက်ရုံ။

မေရီသာ ဆန္ဒရှိပါက ထို accident တွင် နေမှိုင်း အသက်မရှင်နိုင်ချေ။
အတတ်နိုင်ဆုံး စောင့်ကြည့်ခဲ့သည်ကတောင် ကိုယ်က သတိလက်လွတ်ဖြစ်သွားခဲ့သေးတယ်။ အဓိကတရားခံကတော့ စပါကတီကို အေးဆေးစားနေနိုင်သေးသည်။

သူရဇ္ဇအားကြည့်ပြီး ဇော်ရိန် ပို၍ခေါင်းရှုပ်လာသည်။

"မနေ့က ဆေးတွေပြန်ပါသွားတယ်ဆို "

"အွန်း။ ပါသွားတယ်လေ။ မေရီတောင်မပါလာဘူး။ သူ့ဘယ်လက်ရုံးနဲ့တင်ပွဲသိမ်းပဲ။ ပြောကြည့် ဒီလောက်ဆို ငါက မင်းပေးတဲ့တာဝန်ကို ကျေအောင်လုပ်ခဲ့ပြီလား။"

ဘာမှပြန်မဖြေလာသည့် လူတစ်ယောက်ကို စကားပြောရသည်က အတိတ်ကို သတိရစေသည်။ အလင်းရောင်အောက်တွင် ရှင်သန်ကြသည့် ထိုလူတို့အတွက်တော့ အမှောင်တစ်ဖက်ခြမ်းဖြစ်ပေးမည့် အရိပ်တစ်ခုကို လိုအပ်ကြစမြဲ။
သို့ပေမဲ့  ထိုအရိပ်ကို သူတို့က တန်ဖိုးထားခြင်းမရှိကြသလို အချိန်မရွေးလည်း စွန့်ပစ်နိုင်ကြသေးတယ်။ ငါ့မှာတော့ မင်းကို စိတ်နာရမလို ချစ်ရမလိုပါပဲကွာ... Charmy ရာ။

ဒါမှမဟုတ် စိတ်ကို မနာနိုင်တာများလား Charmy.

"plan B ကို ဘယ်တော့စမှာလဲ။ "

"နောက်အပတ်"

နီးကပ်လွန်းသည့်အချိန်ကြောင့် သူရဇ္ဇ မျက်မှောင်ကျုံ့လိုက်မိသည်။ စားချင်စိတ်လည်း ရှိမနေတော့တာမို့ အကုန်ပြန်သိမ်းဆည်းလိုက်တော့သည်။

ဒီနေ့တော့ ငါလိုချင်တဲ့အဖြေကိုရအောင်ယူမယ် Charmy. ငါမင်းအတွက် ပြတ်သားသင့်ပြီ။

"တစ်ခုတော့သတိပေးချင်တယ် Charmy. မေရီဆိုတဲ့ ကောင်မလေးက တစ်ကြိမ်ပဲ မင်းလှည့်စားလို့ရမှာနော်။ ပြီးတော့ ဟိုလူအိုကြီး သတိကပ်သွားတာနဲ့ မင်းခြေရာတွေ ပေါ်သွားနိုင်တယ်။
ဒါ ကစားပွဲမဟုတ်ဘူးနော် Charmy. မင်းဘဝနဲ့ရင်းပြီး အဲ့ကောင်ကို ကာကွယ်နေရအောင် သူကမင်းရဲ့သားမဟုတ်ဘူးကွ"

စကားအဆုံးတွင် တစ်လျှောက်လုံးမျက်နှာလွှဲထားသည့် ဇော်ရိန်က သူရဇ္ဇထံသို့ အကြည့်တစ်ချက်ပေးသနားလေ၏။

"ငါ့ဘဝနဲ့ပဲ ရင်းရင်း၊ ငါ့အသက်နဲ့ပဲ ရင်းရင်း အဲ့ဒါငါ့ကိစ္စ။ သူ့ရဲ့ accident ကိစ္စက မင်းရဲ့လစ်ဟင်းမှုမကင်းဘူးဆိုတာ မင်းသိရင် ငါ့စိတ်ကိုလာမဆွနဲ့။"

"ငါဖုန်းဆက်ခဲ့သားပဲ Charmy. မင်းပဲ အဖက်မလုပ်ခဲ့တာ။ နောက်ဆို ငါ့ဖုန်း call တွေကို ချပစ်ချင်ရင်လည်း မင်းပြန်စဉ်းစားပေါ့ Charmy"

"ငါပြန်မယ်။ မင်းဒဏ်ရာကို ဆေးထည့်ဖို့မမေ့နဲ့။ ကိုယ့်ကိုယ်ကိုယ်မှ ဂရုမစိုက်ရင် မင်းပဲနေမကောင်းဖြစ်မှာ။ မင်းလည်း ကလေးမဟုတ်တော့ဘဲနဲ့ မပြောရစမ်းနဲ့"

ပြန်သွားတဲ့လူက ပြန်သွားပြီဆိုပေမဲ့ သူရဇ္ဇမှာတော့ ပြုံးလို့မပြီးနိုင်သေးချေ။ ဒဏ်ရာတွေက သူ့အတွက်မထူးဆန်းပေမဲ့ တစ်ယောက်သောသူ စိတ်ပူပေးသွားတာမို့ ပျောက်တောင်မပျောက်ချင်တော့ဘူး။

..................................................................................

"အခု ဘယ်မှာလဲ နေမှိုင်း"

"ကျွန်တော်အိမ်မှာ။ လက်က ပတ်တီးမဖြည်ရမချင်း အိမ်ထဲကမထွက်ဖို့ အဖေမှာသွားတယ်။"

"အင်း ဂရုစိုက်ဦး။ ဆေးသောက်ပြီးပြီလား။"

"မသောက်ချင်ဘူး။ ဦးလေးတိုက်တဲ့ ဆန်ပြုတ်စားချင်တယ်"

"စားချင်ရင် ငါ့အိမ်လာပေါ့ကွ"

"ဖေဖေကမှ အပြင်မထွက်ခိုင်းပါဘူးဆို။ တော်ပြီ ဆေးလည်းမသောက်ဘူး၊ ထမင်းလည်းမစားဘူး။ ဦးလေးလည်း လာမခေါ်နဲ့"

စကားမပြတ်ခင် ဖုန်းချသွားပုံက သေချာသည် ဒီကလေး စိတ်ကောက်သွားပြီ။ အပြင်ထွက်ပြီး လျှောက်မွှေနေမှာထက်စာရင် အိမ်မှာဆို ပိုစိတ်ချတယ်လေ။ ဒါက သူ့ကို အပြင်ထုတ်ခိုင်းနေတဲ့ အကွက်ဟောင်းတွေမို့ ကျေနပ်အောင် စိတ်ကောက်ပါစေဦး။

သူရဇ္ဇဆီမှအပြန် အကို့ဆီကဖုန်းဝင်လာခဲ့သည်။ ထင်သည့်အတိုင်း ဦးမှိုင်းဝေဆိုသည့်သူက နေမှိုင်းကို ဂရုမစိုက်တာမျိုးတော့ မဟုတ်ချေ။

အိမ်ပြန်ရောက်တော့ အကိုက စောင့်နှင့်နေပြီ။

"ငါက မအားရုံမအားတာပါ ဇော်ရိန်။ ငါ့သားကို ငါဂရုမစိုက်ဘူးလို့ထင်အောင် မင်းသိပ်မလုပ်ပါနဲ့လား။"

"ဒါက တွေ့တွေ့ချင်းနှုတ်ဆက်ရမယ့် စကားလား အကိုရ။ ဘာပဲဖြစ်ဖြစ် အကို့ထက်စာရင် ကျွန်တော်က အားတယ်လေ။"

မတည့်တာလည်းမဟုတ်သလို ချစ်ခင်နေတာလည်းမဟုတ်တော့သည့် ဆက်ဆံရေးတစ်ခုမှာ စကားပြောဆိုရခက်ခဲသည်။ အထူးသဖြင့် အကိုနှင့် စကားပြောရသည်က ပိုခက်သည်။

"ငါသတိမထားမိတာမဟုတ်ဘူး ဇော်ရိန်။ ဒီရက်တွေထဲမှာ သူတစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်နေတာ ငါသိတယ်။ မင်းပြောကြည့် ငါ့သားဘာဖြစ်ထားတာလဲ"

မျက်တောင်တစ်ချက်မခတ်ဘဲ စိုက်ကြည့်နေခြင်းမှာ ဇော်ရိန့်မျက်ဝန်းထဲမှ အမှန်တရားကိုရှာဖွေနေခြင်း။ ဒါတွေက သူ့လို အသက် (၃၈)နှစ်အရွယ် လူတစ်ယောက်အတွက်တော့ ခက်ခဲနေတာမျိုးမဟုတ်ပေ။ အေးစက်နေသည့် လေထုတစ်ခုကို ဇော်ရိန်ကပဲ အပြုံးတစ်ခုနှင့်ချေဖျက်လိုက်သည်။

"အကိုစိတ်ချ။ ကျွန်တော့်ကြောင့်နဲ့တော့ နေမှိုင်းကို ဒုက္ခအဖြစ်မခံပါဘူး။"

"ဒါဆို ငါ့သားက ဘာဖြစ်နေတာလဲ။"

ဖြေရခက်သည့်မေးခွန်းကို တုံးတိကြီးမေးချနိုင်သည့်သူကို တကယ်ပဲ ချီးကျူးမိသည်။ အကိုကတော့ အကိုပါပဲ။ မျက်နှာကိုထောက်ထားပြီး ညှာတာတာမျိုး တကယ်မရှိချေ။

"ကျွန်တော်လည်း စုံစမ်းတုန်းပါ။ ကျွန်တော့်ဘက်ကလာငြိစွန်းတာမျိုး ဖြစ်ခဲ့ရင်လည်း ကျွန်တော် သေချာပေါက် နေမှိုင်းကိုထိခိုက်တာမျိုး မဖြစ်စေရပါဘူး"

"ဒါနဲ့ သူ့ကိုစုံစမ်းပေးပါဦး။ ပန်းမြတ်ဝေနဲ့တွဲနေတယ်ထင်တယ်။ ပန်းမြတ်က ငယ်သေးတယ်။ သူ့အနားကလူကို သူခွဲခြားတတ်မှာ မဟုတ်ဘူး"

အကိုထုတ်ပေးသည့်ပုံတွေကို ကြည့်မိလိုက်တော့ ပန်းမြတ်နှင့်အတူ ကောင်လေးတစ်ယောက်။ ထိုကောင်လေးအား သူရင်းနှီးနေသလိုထင်မိပေမဲ့ မှတ်မိနေတာမျိုးလည်း မဟုတ်ပေ။
ဒါပေမဲ့ သူစဉ်းစားနေတာကပဲ အကို့ကို တစ်မျိုးထင်စေနိုင်တာကြောင့် မြန်မြန်ပြန်ဖြေပေးလိုက်သည်။

"သိရရင် အကို့ကို အကြောင်းကြားမယ်လေ။ သိပ်မကြာစေရပါဘူး။"

🥀 by J-moe-Z

မှိုင်းဝေနှင့် မြတ်သဇင်ဆိုသည်မှာ ရွှေကိုရွှေချင်းထပ်၊ ဂုဏ်ကိုဂုဏ်ချင်းထပ်၍ နှစ်ဖက်အသိုင်းအဝိုင်းမှ အကြီးအကျယ်ချီးမြှောက်ကာ ရွှေလမ်းငွေလမ်းဖောက်ခဲ့ကြသည့် မိသားစုနှစ်ခု၏ဆက်ခံသူများပင်။

"အစ်ကို၊ အစ်ကို။"

"ပြော၊ ဇော်ရိန်။ ဘာဖြစ်လာတာလဲ။"

"ကျွန်တော် သတို့သားအရံမလုပ်ဘူးနော်။"

"ဟောဗျာ၊ မင်းပဲ သတို့သားအရံလုပ်မယ်ဆိုလို့ အစ်ကိုစီစဉ်ပေးထားတာလေ။"

"မလုပ်တော့ဘူး။ အဲဒီသတို့သမီးအရံတွေနဲ့ မတွဲချင်ဘူးဗျ။"

"ဟေ၊ ဖြစ်ရပြန်ပြီ။ တကယ်မလုပ်ဘူးလား။ သေချာပြီဆို နောက်တစ်ယောက်ရှာရမှာ။ သေချာပြော။"

"မလုပ်တော့ဘူး။ ရော့၊ ဒါ အစ်မကိုပေးပေး။ ကျွန်တော်လက်ဖွဲ့တာ။"

သတို့သမီးခေါင်းမှပဝါစတွင်တပ်ရန် သရဖူအသေးလေးတွင် စိန်ပွင့်တို့က တလက်လက်တောက်နေတော့သည်။ ထိုသရဖူလေးကို မည်သည့်ထုတ်ပိုးမှုမှမပါဘဲ လက်ကကိုင်လာပြီးပေးသည့် ဇော်ရိန်ဆိုသည့်ထိုလူသားလေးက မှိုင်းဝေတို့မိသားစုနှင့် စီးပွားဖက်မိသားစုမှ တစ်ဦးတည်းသောသားလေး။ တစ်ဦးတည်းသောသားချင်း ပေါင်းမိကြသည့် မှိုင်းဝေနှင့်ဇော်ရိန်မှာ သွေးသားမတော်စပ်သော်လည်း ညီအစ်ကိုတမျှပင်။

"ဘယ်ကယူလာတာလဲ။"

"အန်တီထုတ်တဲ့ဒီဇိုင်းအသစ်ဆိုလို့ ဒီဇိုင်းမထွက်ခင်ကတည်းက ကြိုဝယ်လိုက်တာ။ အခု ရပြီဆိုလို့ တစ်ခါတည်းယူလာတာ။"

မှိုင်းဝေ ရယ်မိတော့သည်။ ဇော်ရိန်ပြောသည့် အန်တီဆိုသည်မှာ မှိုင်းဝေ၏မိခင်ကို ရည်ညွှန်းခြင်းပင်။ ယောက္ခမထုတ်သည့်ဒီဇိုင်းကို ချွေးမလောင်းအားပေးရန် ဇော်ရိန်မည်သို့တွေးမိလေသနည်း။ ထို့အပြင် ဒီဇိုင်းမထွက်မီကပင် ကြိုဝယ်သည်ဟုလည်းပါသေး၏။ ယခုလည်း ဒီဇိုင်းခေါ်ပြသည်ကို ထုတ်ပိုးသည်ပင်မစောင့်ဘဲ ယူချလာပြန်သည့်ဇော်ရိန်မှာ တစ်ဇွတ်ထိုးကောင်လေးတစ်ယောက်။

"မရယ်နဲ့။ အဲဒီစိန်က အဖေ့ဆီကကောင်းပေ့ဆိုတဲ့အပွင့်တွေထဲက ယူလာတာ။"

သရဖူထိပ်မှ အရည်အသွေးသန့်သန့်စိန်ပွင့်ကြီးကြီးတစ်ပွင့်ကို လက်ညှိုးညွှန်ကာပြောပြန်၍ မှိုင်းဝေခမျာ ဗိုက်နှိပ်နေရလေပြီ။

"မင်း ... မင်းတော့ အကုန်အကျတွေများတော့မှာပဲ။"

"အလကားရတယ်ထင်လား။ ကျွန်တော့်တစ်လစာမုန့်ဖိုးနဲ့ အဖေ့ဆီကဝယ်လာတာ။ အန်တီကတော့ ကျန်တဲ့ပစ္စည်းဖိုးမပေးနဲ့၊ ဒီဇိုင်းခပဲရှင်းပါတဲ့။"

ကျောင်းတက်နေဆဲဇော်ရိန်၏ တစ်လစာမုန့်ဖိုးဆိုသည်မှာ နည်းလှသည့်ပမာဏမဟုတ်သကဲ့သို့ Chic Stone ၏ ပင်တိုင်ဒီဇိုင်နာ fee သည်လည်း မနည်းလှသည့်အတွက်

"အေးပါ၊ အဲဒါ မင်းဘာသာ မင်းအစ်မကိုပေးလေ။"

"ဒီတိုင်းယူချလာတာ ဒီတိုင်းပေးလို့မကောင်းဘူးလေဗျာ။ အစ်ကို့ဘာသာ ကြည့်ကောင်းသလို ထုတ်ပိုးပေးလိုက်တော့။ ကျွန်တော် အခု အပြင်သွားရဦးမယ်။ နောက်မှတွေ့မယ်နော်။"

......

"Congratulations!"

"ဟေ့ကောင်၊ တိုးတိုး။ ဒါ ဆေးရုံ။"

"အဟဲ၊ ကလေးလေးက ချစ်စရာလေး။ သားသားရေ၊ ကိုကို့ကိုသေချာမှတ်ထားနော်။"

"ဘာကိုကိုလဲကွ။ ဦးဦးလောက်တော့ထားလိုက်။"

"ဘာဦးဦးလဲဗျာ။ ကျွန်တော်ခုမှ ငယ်သေးတာကို။ မိန်းမတောင်မရသေးဘူး။"

"ဟား ဟား"

ဦးမှိုင်းဝေ၊ ဒေါ်မြတ်သဇင်တို့၏ သားဦးလေးကောင်းမြတ်ဝေကို မွေးဖွားပြီးချိန်တွင် ဇော်ရိန်တစ်ယောက် ဦးလေးရာထူးတိုးခဲ့လေသည်။ ထိုအကြောင်းကို သူငယ်ချင်းတစ်ယောက်အား ဖောက်သည်ချနေသည့် ဇော်ရိန်မှာ အပူအပင်မရှိသေးသည့်လူငယ်တစ်ဦးပင်။

"မင်းသိလား။ ကလေးလေးက နီတာရဲလေးနဲ့ ချစ်စရာလေး။ ဒါနဲ့ပဲ ငါ့မှာ ဦးလေးဆိုတာကြီးကို လက်ခံလိုက်ရရောကွာ။"

"ဇော်ရိန်"

"ပြော"

"မင်း ကလေးချစ်တတ်တာလား။"

"အဲဒီလိုရယ်တော့ ငါမသိဘူးလေ။ ကလေးတွေကတော့ ချစ်ဖို့ကောင်းတယ်။"

"မင်းရဲ့ကိုယ်ပိုင်မိသားစုမှာ ဇနီးရယ်၊ သားသမီးရယ်နဲ့လို့ မင်းတွေးဖူးလား။"

"ဟင်"

အတည်ပေါက်မေးလာသည့် သူငယ်ချင်းဖြစ်သူကို ဇော်ရိန်သေချာကြည့်မိလေသည်။ သိချင်နေဟန်မျက်ဝန်းများက ထူးခြားစွာတည်ငြိမ်လျက်။ ထိုမေးခွန်းကို ဇော်ရိန်တွေးကြည့်လိုက်သည့်အခါ

"ငါ ... မိန်းကလေးတစ်ယောက်နဲ့ ဘဝတစ်ခုထူထောင်ဖို့လား။"

"အင်း"

ဇော်ရိန်တွေးမရပေ။ မိန်းကလေးများ ချောသည်လှသည်ကို ဇော်ရိန်ခံစားတတ်သည်။ သူငယ်ချင်းအနေနှင့် အနေနီးသည့်မိန်းကလေးများရှိသည်။ သို့သော် ဇော်ရိန်နှင့် ချစ်သူရည်းစားဖြစ်လို၍ ရေလာမြောင်းပေးလုပ်လာလျှင် ဇော်ရိန်ရှောင်မိတော့သည်။

"ဟင့်အင်း၊ ငါ ... တွေးကြည့်လို့မရဘူး။ ဟာ၊ ငါ့ဘာသာ အေးဆေးနေတာကို မမြင်ချင်တော့ဘူးလား သူရဇ္ဇ။"

"ဪ၊ မင်းအစ်ကိုကလေးအကြောင်း ပြောနေလို့ အကြောင်းတိုက်ဆိုင်လို့ မေးကြည့်တာလေ။"

"မတွေးချင်ဘူး။ လွတ်လွတ်လပ်လပ်ပဲနေချင်တယ်။"

'မတွေးချင်ရင် တစ်သက်လုံးမတွေးနဲ့ Charmy.'

သူရဇ္ဇ၏အတွေးကို ထိုစဉ်က ဇော်ရိန်မသိခဲ့ပါ။

......

"အစ်ကို ... အဖေနဲ့ဦးလေး ..."

မှိုင်းဝေခေါင်းညိတ်ပြသည့်အခါ ဇော်ရိန်ငြိမ်ကျသွားသည်။ မှိုင်းဝေနှင့်ဇော်ရိန်၏ ဖခင်နှစ်ဦးတို့ ကျောက်တွင်းသို့သွားရာလမ်းတွင် ကားလမ်းချော်တိမ်းမှောက်၍ နှစ်ဦးစလုံးဆုံးပါးခဲ့သည်ဟူသော သတင်းက အဖေတစ်ခုသားတစ်ခုသာရှိသည့် ဇော်ရိန့်ကို shock ရစေသည်။

"ဇော်ရိန်၊ ဇော်ရိန် ... ဟေ့ ... သတိထားလေ။ ငိုချင်ရင်ငိုချလိုက်ကွာ၊ ငိုချလိုက် ငါ့ညီ။ ဘာပဲပြောပြော မင်းမှာ ဒီအစ်ကိုတစ်ယောက်လုံးရှိပါသေးတယ်။"

......

"ဇော်ရိန်၊ မင်း ငိုလိုက်ရင် ပိုမသက်သာဘူးလား။ ပြန်ပြီးလည်း အဖက်ဆယ်မရတော့တာတွေကို လက်ခံလိုက်တာက မင်းအတွက်အသက်သာဆုံးပဲ သူငယ်ချင်း။"

သတင်းကြားစဉ်မှစ၍ တိတ်ဆိတ်သွားသည့်ဇော်ရိန်ကို သူရဇ္ဇအားပေးနေမိသည်။

"မင်းသိလား။ ဆုံးရှုံးမှုနဲ့ ရှုံးနိမ့်မှုကို လက်ခံသွားနိုင်တဲ့လူကသာ အသစ်ပြန်စဖို့လမ်းစရနိုင်တာ။ ပြန်ပြီးတည်ဆောက်ဖို့အတွက် ပျက်စီးမှုကို လက်ခံနိုင်ရမယ် ဇော်ရိန်။"

ဇော်ရိန်ငြိမ်နေရာမှ ပထမဆုံးအကြိမ်လှုပ်ရှားလာသည်။ သူရဇ္ဇကိုကြည့်ကာ

"မင်း ဘယ်လိုလက်ခံနိုင်သွားသလဲ။"

တစ်ကောင်ကြွက်သူရဇ္ဇက ရယ်လိုက်ပြီး

"ငါလက်မခံနိုင်တုန်းက ငါ့ဘဝကိုအဆုံးသတ်ဖို့ ကြိုးစားခဲ့ဖူးတာလေ။ တကယ်တွေးကြည့်တော့ ငါသိတတ်ကတည်းက ငါ့မှာ ဘာပိုင်ဆိုင်မှုမှမရှိလို့ ဆုံးရှုံးစရာမရှိဘူးလေကွာ။"

'ငါလက်ခံနိုင်သွားတာ မင်းကြောင့်ပဲ။ အခုတော့ ပိုင်ဆိုင်ချင်တာရှိလာလို့ ဆုံးရှုံးရမှာ ကြောက်တတ်လာပြီ။'

သူရဇ္ဇ၏အတွေးတိုင်းကို ဇော်ရိန်မသိသေးသည့်အချိန်တွင်ပင် သူငယ်ချင်းသံယောဇဉ်တို့က တစ်စစနှင့် ထုထည်ထူထပ်ကာ အရောင်ပြောင်းနေလေပြီ။

......

"ဟင့်အင်း၊ မသွားပါနဲ့။ ဘာလို့ နိုင်ငံခြားကိုသွားမှလဲ။ ဒီမှာလည်း မင်းအနေအထားနဲ့ ဘယ်ပညာကိုဖြစ်ဖြစ် အကောင်းဆုံးဆိုတဲ့နေရာမှာ သင်နိုင်တယ်လေ။"

"အဓိကက ငါ စိတ်ပြေလက်ပျောက်ထွက်သွားချင်တာ။ ပြီးရင်တော့ ငါ ငါ့အဖေလုပ်ငန်းကို လွှဲယူမှဖြစ်မယ်။ အစ်ကိုတို့ကူညီတယ်ဆိုတာ တစ်သက်လုံးမဖြစ်နိုင်ဘူး။ အစ်ကို့မေမေကလည်း ဦးလေးစိတ်နဲ့ကျန်းမာရေးမကောင်းဘူး။ ငါ အရင်လိုနေလို့မရတော့ဘူး။"

"အဲဒါတွေအကုန်လုံးကို ဒီမှာပဲလုပ်လို့ရတယ်လေ ဇော်ရိန်ရာ။"

"ငါ နည်းနည်းတော့ အချိန်ယူပြီး ဒီနေရာနဲ့ ..."

"အဲဒီအချိန်က ဘယ်လောက်လဲ။ ငါ့ကိုအတိအကျပြော။"

"..........."

"မပြောနိုင်ဘူးမဟုတ်လား။ မရဘူး၊ မင်းမသွားရဘူး။ ငါ မင်းနဲ့မခွဲနိုင်ဘူး။ ငါဘာလိုလို မင်းဘက်ကဖြည့်ပေးခဲ့တယ်။ ငါအဖော်မဲ့နေတဲ့အချိန် မင်းရောက်လာတယ်။ ငါအထီးကျန်နေတဲ့အချိန် မင်းကအနားမှာရှိပေးခဲ့တယ်။ ငါ့ဘဝကို အဆုံးသတ်တော့မယ့်အချိန် မင်းက ငါ့အနာဂတ်ကိုလာပေးခဲ့တာ။ ငါ့ကိုအသက်ပြန်သွင်းပြီး၊ မျှော်လင့်ချက်တွေထည့်ပေးပြီး၊ ငါ့ရင်ခုန်သံကို နှိုးလိုက်ပြီးမှ ဘာလို့ ငါ့နားကထွက်သွားမှာလဲ။ မသွားပါနဲ့ကွာ။

မင်းနာကျင်နေတာ၊ မင်းအထီးကျန်နေတာ၊ မင်းခံစားရသမျှကို ငါကနားလည်ပြီးသားပါ။ မင်းမွန်းကြပ်ရင် ငါ့ကို ရင်ဖွင့်လို့ရတယ်၊ ငါလည်းထပ်တူခံစားပေးမယ်။ မင်းနာကျင်ရင် ငါ့အပေါ်ပေါက်ကွဲလို့ရတယ်၊ ငါလည်းထပ်တူနာကျင်ပေးမယ်။ ဒါပေမဲ့ ငါတို့အတူရှိနေရင် ငါတို့ အထီးမကျန်တော့ဘူးလေ။ ငါ မင်းကိုချစ်တယ်။ ငါ မင်းကို သူငယ်ချင်းလို၊ ညီအစ်ကိုလိုထက် ပိုချစ်တယ်။ ငါ့ကိုမထားခဲ့ပါနဲ့။"

ဇော်ရိန် ထင်မထားခဲ့ပါ။
ကိုယ့်ကိုကိုယ်သတ်သေတော့မည့် ရွယ်တူကောင်လေးတစ်ယောက်ကို သူဆွဲခေါ်လာခဲ့မိပြီး လိုအပ်သည်တို့ကို ကူညီပေးခဲ့မိသည်မှာ လူတစ်ဦးကိုအသက်မသေစေချင်ရုံ၊ သက်တူရွယ်တူဖြစ်၍ မိမိအတွေးနှင့်အတူ သူ့ကိုလည်း အဆင်ပြေစေချင်မိရုံနှင့် ဇော်ရိန်အတွက်လည်း အပန်းမကြီးသည့်ကိစ္စများဖြစ်သည့် အိမ်မှအလုပ်သမားများနှင့်အတူ နေစရာစီစဉ်ပေးခြင်းနှင့် ရပ်တန့်နေသည့်သူ၏ပညာရေးကို ရှေ့ဆက်စေခဲ့ရုံပင်။

အထက်တန်းပြီးသည်နှင့် ဇော်ရိန်၏အိမ်မှထွက်၍ အပြင်တွင်အဆောင်နေကာ ဇော်ရိန်တို့မိသားစုအလုပ်တွင်ဆက်လုပ်ရင်း ကျောင်းဆက်တက်သည့် သူငယ်ချင်းဖြစ်သူ သူရဇ္ဇကို ဇော်ရိန်အစစအရာရာကူညီခဲ့သည်မှာ ခင်တွယ်မိသည့် သံယောဇဉ်အဖြူထည်သက်သက်သာ။

"ငါ ... ငါ အဲဒီလိုတော့ ..."

"မရဘူးလား။ မင်းလည်း မိန်းကလေးတွေကို မတွဲနိုင်တာ ငါသိပြီးပြီ။ အဲဒါကိုသိရတာ ငါဘယ်လောက်ပျော်ခဲ့ရလဲသိလား။ ငါ့ကို ပြန်မချစ်နိုင်သေးရင်တောင် ငါ့ကို မင်းအနားနေခွင့်ပေးပါ Charmy."

"Charmy?"

"အင်း၊ မင်းက ငါ့အတွက် ချစ်ဖို့ကောင်းတဲ့ညှို့ဓာတ်တစ်ခုပဲ။ ငါ မင်းကို မချစ်ဘဲမနေနိုင်တော့ဘူး။ ငါ့ကို လက်ခံပါနော်။ ငါနဲ့အတူ မင်းရဲ့အထီးကျန်တာတွေ၊ ဝမ်းနည်းပူဆွေးစရာတွေကို ဖယ်ထုတ်ကြရအောင်လေ။"

"ငါ ..."

"စိတ်မပါဘဲ ချစ်တယ်လို့ပြောစရာမလိုပါဘူး။ ငါ့ကို မင်းအနားပေးနေရုံနဲ့ ရပါပြီ။"

ဇော်ရိန်ခေါင်းညိတ်မိသည်က သူရဇ္ဇအတွက် တစ်သက်လုံးစာကတိကဝတ်တစ်ခုဟု မှတ်ယူလိုက်သည့်နောက်တွင် သူတို့၏ချစ်သူရည်းစားဘဝကို စတင်ခဲ့မိလိုက်လေသည်။

🥀 by Demon

■■■ အပိုင်း (၁၀) ဆက်ရန် ■■■
© Demon ,
книга «Rosy Ruin (ႏွင္းဆီေရာင္ ပ်က္ကိန္း / နှင်းဆီရောင် ပျက်ကိန်း)».
Коментарі