01
02
03
04
05
06
07
08
09
10
07
"မင္းရဲ႕ design ပိုင္းက ဘယ္ေတာ့ အၿပီးသတ္ႏိုင္မလဲ ေနမႈိင္း"

မ်က္ႏွာခ်င္းမဆိုင္တာၾကာသည့္ သားအဖႏွစ္ေယာက္၏ စကားဝိုင္းမွာ အလုပ္ကိစၥစကားတစ္ခြန္းႏွင့္ စေလသတဲ့။ ဒါေတြဟာ ေနသားေတာ့က်ေနပါၿပီ။

"ႏွစ္ပတ္အတြင္း ကြၽန္ေတာ္ အၿပီးသတ္ေတာ့မွာပါ။ အေဖေျပာသလိုပဲ အရည္အေသြးႏွစ္မ်ိဳးနဲ႔ လူတန္းစားႏွစ္မ်ိဳးအတြက္ အလွပဆုံးျဖစ္ေအာင္ ႀကိဳးစားထားပါတယ္။ ေဖေဖ့ဘက္ကေတာ့ ကြၽန္ေတာ္လိုခ်င္တဲ့ ေက်ာက္မ်က္အရည္အေသြးမ်ိဳးအတိုင္း ပုံေဖာ္ေပးရမယ္"

ေနမႈိင္းစကားေတြဟာ ေဖေဖ့အတြက္ ေလးနက္ဖြယ္မရွိေသးပုံပင္။ ေတြေတြေလးၾကည့္ေနၿပီး အရင္လို စကားျပန္မေျပာလာပုံအရ စိတ္အေျခအေန မေကာင္းဘူးထင္၏။

အေတာ္ၾကာစဥ္းစားၿပီးမွ ခက္ခက္ခဲခဲ စဥ္းစားေျပာဆိုလာသည္က ေနမႈိင္းအား ေၾကာင္သြားေစသည္။

"နည္းနည္းပိန္သြားတယ္။ အရင္ရက္ေတြက ဖ်ားေနလို႔အလုပ္မလာတာလား။"

႐ုတ္တရက္ ဂ႐ုတစိုက္ေမးလာသည္မို႔ ေနမႈိင္းမွာ စကားေတာင္ ထစ္ေတာ့မတတ္။

"ဗ်ာ.... ဟုတ္ အေဖ။ နည္းနည္းပါ။ ျပန္ေကာင္းသြားၿပီ။"

"အရင္ရက္က ရဲေတြနဲ႔ ေတြ႕ေသးတယ္ဆို။ ေနမႈိင္း... မူးယစ္ေဆးဆိုတဲ့အရာကို ေကာင္းေကာင္းမြန္မြန္ေရာ..သိရဲ႕လား"

ေအးစက္ၿပီးတစ္ခြန္းခ်င္းေျပာလာသည့္ ေဖေဖ့စကားေတြက ရင္ကို ဆူးႏွင့္စိုက္ခ်လိုက္သည့္အတိုင္း...။ အခုဆို ေဖေဖကပါ ေနမႈိင္းဆိုတဲ့ သူ႔ကို မယုံၾကည္ဘူးလား။

"ေဖေဖ ကြၽန္ေတာ့္ကို ဒီေလာက္ေလးေတာင္ မယုံၾကည္တာလား။ ကြၽန္ေတာ့္အေၾကာင္းကို ေဖေဖ မသိဘူးလား။"

ထစ္ခနဲဆို အ႐ြဲ႕ေျပာခ်င္လာသည့္စိတ္တို႔က ထိန္းမရေပ။ ဒါကပဲ သူႏွင့္အေဖ့ၾကားက ပဋိပကၡေတြထင္ပါရဲ႕။

"ေမ့သြားလို႔ ကြၽန္ေတာ့္ကို ဦးေလးပဲ ထိန္းေက်ာင္းခဲ့တာေလ။ ေဖေဖက ဘယ္သိမလဲ။"

"ျဖန္း!!!"

ေျပာလို႔အၿပီးတြင္ပဲ မိမိပါးတစ္ဖက္လုံး ပူထူလို႔သြားခဲ့ရသည္။ ျဖစ္ေနက်မို႔ မအံ့ၾသမိေတာ့ေပမဲ့ အခုမွသေဘာေပါက္လိုက္သည့္ အမွန္တရားတစ္ခုအတြက္ ကိုယ့္ကိုယ္ကိုယ္ ေလွာင္ရယ္ပစ္လိုက္ခ်င္မိသည္။

ၾကည့္ရတာက.... ဒီေလာကမွာ ငါ့စိတ္ကို ကိုယ္ခ်င္းစာၿပီး နားလည္ေပးႏိုင္မယ့္သူ တစ္ေယာက္မွ မရွိႏိုင္ေတာ့ဘူးထင္ပါရဲ႕......။

"မင္းရဲ႕ဦးေလးဆီကေန အတတ္ေကာင္းေတြ သင္သင္လာၿပီး ငါ့ဆီမွာ ဂ်ီတိုက္ျပမေနနဲ႔။ မင္းရဲ႕သတင္းဆိုးေတြက အဲ့ေကာင္လုပ္သလိုမ်ိဳး media ေတြကို ထိန္းခ်ဳပ္လိုက္တိုင္း ရမယ္ထင္ေနလား... ဟမ္!!!။ "

"မင္းရဲ႕ ေအာင္ျမင္မႈေတြ၊ ေဖာ္ေ႐ြမႈေတြ၊ အရည္အခ်င္းေတြကို ျပသမွ မင္းက အဲ့လို လူဆိုးမဟုတ္ဘူးဆိုတာကို သက္ေသျပလို႔ရမွာ။ ငါက... ငါ့သားက... ဒီ design ကိုေရးၿပီး၊ ဒီ project ကို တာဝန္ယူခဲ့ၿပီး ေအာင္ျမင္ခဲ့တယ္ဆိုတာ ေျပာျပခ်င္ခဲ့႐ုံ။ ေအာင္ျမင္တဲ့လူျဖစ္ခ်င္ရင္ သစၥာ၊ ေမတၱာ ဇာတ္သဘင္ေတြ ဖြဲ႕ႏြဲ႕လြန္းေနလို႔မရဘူးဆိုတာကို မင္းနားလည္စမ္းပါ... ေနမႈိင္း...။"

"ဟုတ္အေဖ။ ႏွစ္ပတ္အတြင္း ပုံၾကမ္းရေစရပါ့မယ္။"

ေဖေဖ့စာၾကည့္ခန္းမွထြက္ခဲ့လိုက္ေတာ့ တံခါးေဘးတြင္ ေမေမက ရပ္ေစာင့္လို႔ေနသည္။ မ်က္ရည္ေတြႏွင့္ ေမေမအား ဖက္ထားလိုက္သည္။

"ကြၽန္ေတာ္ နားဦးမယ္ ေမေမ။ ေမေမတကယ္ငိုလိုက္ရင္ေတာ့ ကြၽန္ေတာ္တကယ္ လူဆိုးျဖစ္ေတာ့မွာပဲ"

ေမေမ့အား ဖယ္ခြာလိုက္ၿပီး အခန္းထဲလာခဲ့လိုက္သည္။ ဆြဲလက္စ ပုံၾကမ္းေလးအားၾကည့္ရင္း ငိုရမေယာင္၊ ရယ္ရေတာ့မေယာင္။ အမွန္ေတာ့ ပထမ project မွာ ေမရီ႕အၾကံေပးခ်က္တခ်ိဳ႕ပါဝင္ၿပီး ေမရီ႕အတြက္ရည္႐ြယ္ထားသည့္ လက္ေဆာင္တစ္ခုပင္။

ငယ္စဥ္ကတည္းက ေမရီဟာ သူ႔အေပၚေကာင္းေပးခဲ့ၿပီး၊ အတူတူ ကစားေပးသည့္သူလည္းျဖစ္သည္။ ဝမ္းနည္းလြယ္သည့္ သူ႔စိတ္ကို ေျပာင္းလဲေပးၿပီး သူ႔ကိုလည္း ေပ်ာ္႐ႊင္ေစခဲ့သူျဖစ္သည္။ မိမိ၏ ထိုဂ်စ္ကန္ကန္အက်င့္သည္လည္း သူေပးထားသည့္ လက္ေဆာင္တစ္ခုေပ။

ေမရီဆိုသည့္ နတ္ဘုရားမတစ္ပါးကို ကိုးကြယ္ရင္း အသက္ရွင္ခဲ့တဲ့သူဟာ..... ပိုင္ဆိုင္ဖို႔ႀကိဳးစားမိတာ မွားသတဲ့။ ကိုယ္ေတာ့ အဲ့လိုမထင္ပါဘူး။ ေနာက္က်ရင္ေတာ့ ကိုယ္လည္း မင္းအမုန္းေတြနဲ႔ေနသားက်သြားႏိုင္တာမို႔...
မင္းသာ အနားမွာရွိမယ္ဆိုရင္.... မင္းရဲ႕အမုန္းေလာက္နဲ႔ေတာ့ စာကိုဖြဲ႕မေနေတာ့ဘူး.......။
................................................................................

တခ်ိဳ႕ေသာစာရင္းေတြကို စစ္ေနရင္း ေမရီ စိတ္တိုင္းမက်ျဖစ္လာသည္။ မ်က္ေမွာင္က်ဳံ႕လာသည့္ ေမရီ႕အေနအထားေၾကာင့္ ရိပ္က သတိေပးလာသည္။

"ကြၽန္ေတာ္တို႔ထုတ္ကုန္မွာ ျပႆနာရွိေနတယ္ မမေလး"

"အင္း။ ဘယ္နားကလဲ"

"ဒီလိုပါ မမေလးေျပာတဲ့အတိုင္း ပြဲေတာ္ရက္အတြင္းမွာ ကြၽန္ေတာ္တို႔ဘက္က ေရာင္းအားကို ႏွစ္ဆတိုးခဲ့ပါတယ္။ ပစၥည္းက ကုန္သြားေပမဲ့ ေစ်းကြက္မွာ ပ်ံ႕မသြားဘူးျဖစ္ေနတယ္ မမေလး"

"ဘာရယ္...."

ရိပ္ သတိေပးလာမွ သတိထားမိသည့္ ကိုယ့္ကိုယ္ကိုယ္ပင္ အံ့ၾသလို႔သြားသည္။ မဟုတ္မွ ငါက အေရးမပါတာေတြကို အခ်ိန္ေပးတာ မ်ားေနၿပီလား။ မွန္းရသေလာက္တြင္ တစ္စုံတစ္ေယာက္က ေမရီ႕လမ္းကိုဝင္ေလၽွာက္ခ်င္ေနၿပီး ေျခရာ၊လက္ရာလည္း ျပန္မသိမ္းခ်င္ခဲ့ေပ။

တစ္ခုခုကို လမ္းလႊဲခ်င္၍ ဦးေဆာင္လမ္းဆြယ္တာလား။ မဟုတ္မွ ေမရီ႕ကို ရန္စရဲေလာက္ေအာင္ ထိုသူက တကယ္ႀကီး တုံးအေနတာမ်ားလား။
ရန္သူကိုအထင္ေသးျခင္းဟာ ျပႆနာကို မကိုင္တြယ္ႏိုင္ျခင္းေၾကာင့္ ျဖစ္သည္တဲ့။ ဆိုေပမဲ့ ဘယ္ရည္႐ြယ္ခ်က္ႏွင့္ျဖစ္ေစ ေမရီသာ...ဆိုသည့္ သူ႔လမ္းကို လာရႈပ္ရဲပါက ေမရီကလည္း နင္းေျခလိုက္႐ုံသာရွိသည္။ ခက္ခဲေတြေဝေနစရာ အေၾကာင္းပင္မရွိ။

အရာရာအေသးစိတ္က်သည့္ ရိပ္ ဟာ ဘာမွမျပင္ဆင္ဘဲႏွင့္ေတာ့ တင္ျပမွာမဟုတ္ေပ။ ဒီရက္ေတြထဲ ေမရီ ပင္ပန္းေနတာကိုလည္း သူသတိထားမိသည္ထင္၏။

"အေသးစိတ္ စစ္ေဆးထားၿပီးသားလား ရိပ္။ အခုမွစၿပီး စစ္ေဆးရမွာလား"

"ဒါက ကြၽန္ေတာ္ စစ္ၾကည့္ၿပီးသေလာက္ မွတ္တမ္းပါ။ ကြၽန္ေတာ့္အထင္ေတာ့ တစ္ေယာက္ေယာက္က ကြၽန္ေတာ္တို႔ပစၥည္းကို ျပည္တြင္းကေန ျပည္ပကို ကူးခ်င္ပုံရတယ္။ မမေလး ဘယ္လိုဆႏၵရွိလဲဆိုတာ ၿပီးရင္ ကြၽန္ေတာ့္ကို ေျပာေပးလိုက္ပါ။ ကြၽန္ေတာ့္ကိုခြင့္ျပဳပါဦး"

ရိပ္ထားခဲ့သည့္စာရင္းေတြ စစ္ၾကည့္လိုက္ေတာ့ ထင္သည့္အတိုင္းပင္ ေရာင္းအားပိုင္းတြင္ေတာ့ အဆင္ေျပေနခဲ့သည္။ သို႔ေသာ္.... ႏွစ္ဆဆိုသည့္ ထိုေရာင္းအားမွာ လူေတြဆီ ေရာက္မသြားခဲ့ေခ်။

ဖ်တ္ခနဲစဥ္းစားလိုက္မိသည့္ ေနမႈိင္းဆီမွ ေဆးအမ်ိဳးအစားအသစ္။ မဟုတ္မွ ကုန္စည္အစားထိုးဖို႔ ႀကိဳးစားေနတာမ်ားလား...။ အ႐ူးမိုက္ဆုံး နည္းလမ္းနဲ႔ေလ။

Message သံေလးေၾကာင့္ ခ်က္ခ်င္း ဖုန္းကိုင္ၾကည့္လိုက္သည္။ အရင္တစ္ခါကိစၥေၾကာင့္ ငယ့္ရဲ႕ စာေတြ၊ ဖုန္းသံေလးေတြ မသိလိုက္မွာဆိုးတာေၾကာင့္ ringtone ေလးေတြ ငယ့္အတြက္ ေျပာင္းထားလိုက္သည္။

ငယ့္အတြက္ႀကိဳးစားေနရင္း ငယ့္ကိုဆုံးရႈံးလိုက္ရတဲ့ အျဖစ္မ်ိဳးေတာ့ ကိုယ္အျဖစ္မခံႏိုင္ဘူးေလ။

ႏွင္းဆီပန္းစည္းပုံေလးတစ္ခုျဖစ္ၿပီး ၾကည့္ရတာ သူ႔ဆိုင္တံခါးဝတြင္ ရိုက္ထားပုံရသည္။ ဒါေပမဲ့ ေနာက္ထပ္ေရာက္လာသည့္ စာတစ္ေစာင္ေၾကာင့္ ေမရီ ဖုန္းပင္လြတ္က်ေတာ့မတတ္။

"ႏွင္းဆီက ဆူးနဲ႔ဆို ပိုလွတယ္.. မ ရဲ႕။ ငယ္က ဆူးမစူးေအာင္ ကိုင္တတ္တာမို႔ ေနာက္ဆို ဆူးေတြကိုျဖဳတ္မပစ္ရဘူးေနာ္။ ပန္းေတြကို ငယ္ အရမ္းႀကိဳက္ပါတယ္။ ခ်စ္တယ္ မ"

သက္ျပင္းတစ္ခ်က္ရႈိက္လိုက္ၿပီး ဖုန္းအားခ်ထားလိုက္သည္။
ေဖ........ အေဖေတာ့ မဟုတ္ဘူးမလားဟင္။
ဒါဆို.......... ေနမႈိင္းမ်ားလား။

မဟုတ္ဘူး ငယ့္ကို သူမသိႏိုင္ေသးဘူး။ ဒါမွမဟုတ္ ဒီအတိုင္း ငယ့္ကိုႀကိဳက္ေနသည့္ တျခားတစ္ေယာက္မ်ားလား။

"ငယ္ ကေတာ့ မျဖစ္တာမို႔ ဘယ္သူ႔ကိုမဆို ခြင့္လႊတ္မေပးႏိုင္ဘူးေနာ္"

🥀 by J-moe-Z

"မမေလးစံုစမ္းခိုင္းတဲ့ကိစၥလို႔ ေျပာပါတယ္။"

ရိပ္ ယူလာေပးသည့္ဖုန္းကိုကိုင္လိုက္သည္တြင္ တစ္ဖက္မွ စံုစမ္းသိရသမၽွတို႔ကို ေျပာျပလာသည္။

"ရလာသမၽွ ပို႔လိုက္ပါ။"

ေနမႈိင္း club သြားသည့္ညက မူးယစ္ေဆးထည့္ေပးလိုက္ရန္အတြက္ ေမရီသာစီစဥ္ခဲ့သည္။ အေပ်ာ္မယ္ေလးက ေနမႈိင္း၏အိတ္အတြင္းသို႔ ထည့္ေပးလိုက္ေၾကာင္း အခိုင္အမာဆိုေသာ္လည္း စစ္ေဆးၾကသည့္တာဝန္ရွိသူတို႔မွာ ေနမႈိင္းထံတြင္ မည္သည့္ေဆးဝါးမွမေတြ႕လိုက္ၾကေပ။ ရဲကိုသတင္းေပးလိုက္သည့္ေမရီသာမွာ မည္သည့္ေနရာတြင္ မွားယြင္းသြားခဲ့သနည္းဟု စစ္ေဆးၾကည့္သည့္အခါ ေနမႈိင္းစစ္ေဆးမခံရမီ လူတစ္ဦးႏွင့္တိုက္မိၿပီး ထိုလူက ေနမႈိင္းခႏၶာကိုယ္ကိုလံုးေထြးကာ အိတ္တြင္းမွေဆးကို ႏႈိက္ယူသြားသည္ဟု ေမရီသာသံသယရွိလာ၍ ထိုလူကို စံုစမ္းေစခဲ့ျခင္းပင္။

"ရိပ္၊ သူ႔ကိုသိလား။"

"အဲဒါ Faceless. သူ႔ရဲ႕ ID အမွန္ကို ဘယ္သူမွမသိၾကဘူး။ အခုႏွစ္ပိုင္းမွာမွ သူေပၚလာၿပီး နာမည္ႀကီးေနတာ။ သူက သူ႔ကိုငွားသမၽွကိစၥတိုင္းကို သူလုပ္ႏိုင္ရင္ ေၾကးျဖတ္ၿပီးလုပ္ေပးတယ္။ ေနာက္ေၾကာင္းမက်န္ဖို႔ သူအာမခံတာေၾကာင့္ သူေျပာတဲ့ေၾကးအတိုင္းေပးရတယ္။ ဒါေပမဲ့ လူေတာ့သတ္မေပးဘူးတဲ့။"

"ေၾကးစားေပမဲ့ လူမသတ္ဘူးလို႔ ဆိုလိုတာလား။"

"အဲဒီလိုလည္းမဟုတ္ျပန္ဘူး မမေလး။ သူ႔ကိစၥမွာဝင္ရႈပ္လို႔ အျပန္အလွန္ၿငိၾကရင္ေတာ့ သတ္တဲ့အခါသတ္တယ္။ လူသတ္ေပးဖို႔သီးသန္႔ေတာ့ ငွားမရဘူး။"

"မဆိုးဘူးပဲ။ သူ႔ကို ဘယ္သူမွေသခ်ာမသိဘူးဆိုေတာ့ သူအစစ္ပါလို႔ ဘယ္လိုသိႏိုင္လဲ။"

"ၿမိဳ႕စြန္သခ်ႋဳင္းက သုဘရာဇာႀကီးဆီကေန ဆက္သြယ္လို႔ရတယ္တဲ့။"

"ဘယ္လို ... ထားပါ။ ဒါဆို အဲဒီသုဘရာဇာႀကီးမွာ အႏၲရာယ္မရွိဘူးလား။"

"လာထိသမၽွလူတိုင္း ပထမတစ္ေခါက္ ေဆးရံုေရာက္တယ္။ ဒုတိယတစ္ခါဆို အဲဒီသုဘရာဇာႀကီးပဲ ျမႇဳပ္ေပးလိုက္ရပါတယ္။"

"အိုး ... ငါ သေဘာက်သြားၿပီ။"

......

"ေနမႈိင္း၊ မင္း ေသခ်င္ေနတာလား။"

"ဘာျဖစ္လာျပန္ၿပီလဲ ဦးေလး။"

"မူးယစ္ေဆးကိစၥနဲ႔ နာမည္ပ်က္ၿပီးရင္းပ်က္ခ်င္ေနတာထင္တယ္။"

"လာျပန္ပါၿပီ။ ကၽြန္ေတာ္ ဘာမွမလုပ္ဘူး။"

"မူးယစ္ေဆးကိစၥ မင္းမလုပ္ေပမဲ့ မင္းလုပ္ထားတဲ့အမွားတစ္ခုေၾကာင့္ အခုလိုျဖစ္ေနတာေလ။"

"ကၽြန္ေတာ့္ဆီလည္း ဘာမွရွိမေနတာကို။"

"ေအး၊ အဲဒီလိုမရွိေအာင္ ရွင္းလိုက္ရတာေလ။"

"ဘာကိုလဲ။"

"ေတာ္ၿပီ၊ မင္းနဲ႔ေတာ့ ဒုကၡပဲ။ အခုရက္ပိုင္း အေနအထိုင္၊ အသြားအလာ ဆင္ျခင္စမ္း။ ျဖစ္ႏိုင္ရင္ အျပင္မွာ လတ္လ်ားလတ္လ်ားေလၽွာက္သြားတာေတြ မလုပ္နဲ႔။"

"ကၽြန္ေတာ္ ..."

"အထြန္႔မတက္နဲ႔။ အခု design ကိစၥလည္းရွိေသးတယ္မဟုတ္လား။ အဲဒီကိုပဲအာရံုစိုက္ၿပီး ေအးေဆးေနလိုက္။"

Design ကိစၥအတြက္ အာရံုစိုက္ရမည္က အမွန္ပင္ျဖစ္၍ ေနမႈိင္းဆက္မေျပာျဖစ္ေတာ့ပါ။ အမွန္တကယ္လည္း ႏွစ္ပတ္အတြင္း သူအားလပ္မည္မဟုတ္ေပ။ ေမရီ႕ကိုလြမ္းလၽွင္ပင္ ေျပးေတြ႕ႏိုင္ဦးမည္မဟုတ္။
ပို၍ဆိုးဝါးသည့္အမွန္တရားမွာ လြမ္းသည့္အခ်ိန္တိုင္း သြားေရာက္ေတြ႕ဆံုခြင့္သည္လည္း မရွိျခင္းပင္။
အခါးသက္ဆံုးသည္ကား ေတြ႕လိုက္သည့္အခ်ိန္တိုင္း မပ်က္မကြက္ဆိုသည့္ အမုန္းစကားမ်ား။

'ဘာျဖစ္ျဖစ္ ခ်စ္တယ္ ေမရီ။ သၽွားျဖဴဆိုတဲ့ အဲဒီေကာင္မေလး မင္းကိုခ်စ္တာထက္ ငါပိုခ်စ္ျပမယ္။'

......

ေမရီသာ၏အမုန္းခေနသည့္ ေနမႈိင္းကို ေဇာ္ရိန္မည္သို႔မၽွစိတ္မခ်ႏိုင္၍ ေစာင့္ၾကည့္ရန္ေစခိုင္းထားသည္က မွန္သြားခဲ့သည္။ ႀကီးႀကီးမားမားမဟုတ္ပါဘဲ ေသးငယ္ေသာကိစၥေလးမ်ားကိုဗဟိုျပဳ၍ ေနမႈိင္း၏အမည္ႏွင့္ ေနမႈိင္းတို႔သားအဖၾကားဆက္ဆံေရးကို ယိုင္နဲ႔ေစရန္ ၾကံေဆာင္ေနသည္လားဟု ေဇာ္ရိန္ေတြးမိသည္။

Club တြင္ ေနမႈိင္းအိတ္ထဲေဆးထည့္၍ ရဲကိုသတင္းေပးထားသည္ဟု သိရခ်ိန္တြင္ ႀကိဳတင္စီစဥ္ထားသည့္အတိုင္း လူလႊတ္၍ ေနမႈိင္းထံပါလာသည့္ မူးယစ္ေဆးကို ဖယ္ရွားေစခဲ့ရသည္။ ဤသည္ကိုမသိသည့္ ေနမႈိင္းဆိုသည့္ မလိမ္မိုးမလိမၼာေလးက ေဇာ္ရိန္သတိေပးသည္ကို ေခြးေပါက္ေလးမ်ား ရန္လုပ္သည့္အလား တစ္ခြန္းမက်န္ခံေျပာခ်င္ေနသည္က အသည္းေပါက္ဖြယ္။

အေတြးနယ္ခ်ဲ႕ေနသည့္ေဇာ္ရိန္၏ တဒီးဒီးတုန္ခါေနသည့္ဖုန္းက ေရွ႕မွစားပြဲေပၚတြင္ ဟိုသည္ရမ္းေန၏။ ျမင္ေနရသည့္နံပါတ္အရ မည္သူမည္ဝါျဖစ္သည္ကို သိေနသည့္အတြက္ ဖုန္းကိုသာ အဓိပၸါယ္မဲ့ေငးေနမိသည္။ စကားအပိုမေျပာခ်င္သည့္အခ်ိန္တြင္ အေႏွာင့္အယွက္တို႔ကပိုမ်ားတတ္သည္မွာ ရိုးရာမပ်က္။ တတိယအႀကိမ္တုန္ခါလာသည့္ဖုန္းကို ေဇာ္ရိန္ေကာက္ကိုင္လိုက္ၿပီး

"တစ္ခါေခၚလို႔မကိုင္ရင္ မသိလိုက္တာျဖစ္ႏိုင္တယ္။ ႏွစ္ခါေခၚလို႔မွမကိုင္ရင္ မအားတာျဖစ္ႏိုင္တယ္လို႔ မင္းမေတြးဘူးလား။"

"တတိယအႀကိမ္ေခၚလို႔မကိုင္ရင္ မကိုင္ခ်င္လို႔မကိုင္တာျဖစ္ႏိုင္မွန္းလည္း သိေနတယ္။ အခုမအားဘူးဆိုလည္း မအားဘူးလို႔ ေျပာလိုက္ပါလား။ "

"ဘာကိစၥရွိေနေသးလို႔လဲ။"

"မင္းရန္သူေတာ္ဘက္က ငါ့ကိုဆက္သြယ္ဖို႔ ႀကိဳးစားေနတယ္။"

"ဘာကိစၥလဲ။"

"ဘာကိစၥလဲလို႔သိရေအာင္ စကားေျပာၾကည့္လိုက္ရမလား။"

"အဲဒါ မင္းကိစၥ။"

"ဟုတ္ၿပီ။ ငါ့ကိစၥေလးမ်ား မင္းသိခ်င္မလားလို႔ သံေတာ္ဦးတင္တာပါ။"

"အေရးတႀကီးေျပာစရာမရွိရင္ ငါဖုန္းခ်ၿပီ။"

"မင္းရဲ႕ အေရးပါအရာေရာက္တဲ့ လူသားေလးကိစၥပဲ အေရးႀကီးတာလား။ ငါ ..."

အရည္မရ၊ အဖတ္မရသည့္ ထိုလူ၏စကားမ်ားကို ေဇာ္ရိန္နားမေထာင္ႏိုင္ေတာ့ပါ။ စိတ္ခ်ရသည့္လူဆိုသည့္ ေခါင္းစဥ္တစ္ခုတည္းႏွင့္ပင္ ပတ္သက္လိုက္ရျပန္ေသာ္လည္း အမႈိက္အခ်ိဳ႕ကကပ္ပါလာသည္။ ထိုလူကို လံုးဝမပတ္သက္ခ်င္ေတာ့ေသာ္လည္း သူ႔ထက္ပို၍စိတ္ခ်ရမည့္လူက မရွိသည့္အခါ ရြဲ႕လ်က္၊ ခနဲ႔လ်က္ေျပာလာမည့္ စကားတို႔ကို သည္းခံရေပေတာ့သည္။ တူဝရီးေတာ္စပ္သည္ဟူေသာ သတ္မွတ္ခ်က္ေအာက္တြင္ ေနမႈိင္းကိုမထိခိုက္ေစရန္ ကာကြယ္ႏိုင္ေရးသည္သာ ေဇာ္ရိန္ဆိုသည့္သူ႔အတြက္ အေရးႀကီးဆံုး။

......

"Charmy ... မဟုတ္ဘူးေလ။ ငါ ဘာအမွားလုပ္မိလို႔လဲ။"

"မင္းမမွားပါဘူး။ ငါ မင္းအတြက္ အခ်ိန္မေပးႏိုင္ေတာ့ဘူး။ အခ်ိန္မေပးျဖစ္တာလည္း ၾကာၿပီမဟုတ္လား။"

"ဟင့္အင္း၊ မေပးႏိုင္ရင္မေပးနဲ႔။ ဒါေပမဲ့ ငါ့အနားကေန ထြက္မသြားပါနဲ႔ကြာ။ ငါ မင္းမရွိရင္ မေနတတ္ဘူးေလ။"

"ငါေျပာတာ ေသခ်ာနားေထာင္စမ္းပါ။"

"နားမေထာင္ႏိုင္ဘူး။ အဲဒီကေလးတစ္ေကာင္ေရာက္လာတာ ငါ့အတြက္ၿဂိဳဟ္ဆိုးဝင္တာ။ ငါ အဲဒီကေလးကို သတ္ပစ္မွာေနာ္ Charmy."

သူကၿခိမ္းေျခာက္ရံုသာရွိေသးေသာ္လည္း သူ၏ Charmy ဆိုေသာလူသားက သူ႔လည္ပင္းကို ေမာင္းျပန္ဓားႏွင့္ေထာက္ၿပီးေနခဲ့ၿပီ။

"ေသာက္ရူးမထနဲ႔ သူရဇၨ။ မင္းနဲ႔ငါက တြဲေနတယ္ဆိုတာလည္း ႏွစ္ေယာက္လံုးအထီးက်န္ေနလို႔ အခ်င္းခ်င္းအေဖာ္လုပ္ေပးႏိုင္ရံုပဲ။ ခ်စ္လြန္းလို႔မွမဟုတ္ၾကပဲ။ ဘာေတြကို အသည္းအသန္ျဖစ္ေနတာလဲ။"

"အဟား ... ငါကေတာ့ မင္းကို ..."

ဓားကိုင္ထားသည့္လက္ကို ျပန္ရုတ္လိုက္ၿပီး စကားျဖတ္ေျပာသည္က

"ေတာ္စမ္းပါ။ ခ်စ္တယ္ေျပာဦးမွာလား။ မင္းခ်စ္တယ္ဆိုတာ သူငယ္ခ်င္းလို၊ ညီအစ္ကိုလိုပါပဲ။ မင္းတစ္ခုခုလိုအပ္တိုင္း၊ တစ္ခုခုအခက္အခဲျဖစ္တိုင္း ငါတတ္ႏိုင္သမၽွကူညီခဲ့တယ္။ ဒါကလည္း ငါမင္းကို သံေယာဇဥ္ရွိလို႔။ ဒါကို မင္းဘက္က အေရာင္ပါတဲ့အခ်စ္တစ္ခုလို ပံုသြင္းခဲ့တာ။ ငါတို႔ႏွစ္ေယာက္လံုး ဘယ္လိုပံုစံမ်ိဳးနဲ႔ခ်စ္ၾကတာလဲဆိုတာ မင္းလည္းသိပါတယ္။"

"ဟင့္အင္း၊ ငါမသိဘူး။ သိလည္းမသိခ်င္ဘူး။ မင္း ငါ့ကို ထားမသြားရဘူး။ငါ့မွာ မင္းပဲရွိတာ။"

"ငါက မင္းနဲ႔ အဆက္အသြယ္ျဖတ္သြားမွာလည္း မဟုတ္ဘူးေလကြာ။"

"မင္းက ငါ့အပိုင္။ မဟုတ္ဘူး၊ ငါက မင္းအပိုင္ကြာ။ မင္းျဖတ္သြားၿပီးရင္ ငါ့ကိုပစ္ထားေတာ့မွာ။ အဲဒီလိုမလုပ္ရဘူး။"

သူရဇၨ အသည္းအသန္တားပါေသာ္လည္း ေက်ာခိုင္းသြားသည့္သူကို တားႏိုင္မည့္လမ္းမျမင္ပါ။

"မင္း ငါ့ကို သတ္သြား။"

လက္ကိုဆြဲ၍ ျပန္မသိမ္းရေသးသည့္ဓားကို သူ၏လက္ႏွင့္အတူဆြဲယူကာ ေမာင္းဖြင့္လိုက္ၿပီး ကိုယ့္လည္ပင္းကိုယ္ခ်ိန္ထားသည့္ သူရဇၨ။

"ငါ့ကို အဲဒီအခ်ိဳးေတြ ထပ္မခ်ိဳးနဲ႔ေတာ့။"

ထိုစကားႏွင့္အတူ သူရဇၨ၏လည္မ်ိဳတြင္ ေသြးတို႔စြန္းထင္သြားသည္။

ေျမေပၚဒူးေထာက္က်န္ခဲ့သည့္ သူရဇၨဆိုသူေကာင္ေလးက သူ၏လည္ပင္းကိုသူကိုင္လ်က္ အံ့အားသင့္ကာ ေက်ာက္ရုပ္သဖြယ္က်န္ရစ္သည္။ သူ၏ Charmy ဆိုသူေကာင္ေလးသည္က ေက်ာခိုင္းလွည့္ထြက္သြားေလၿပီ။

......

"မင္းမွန္ပါတယ္။ ငါတို႔သံေယာဇဥ္က အျဖဴထည္သက္သက္ပဲ ျဖစ္ပါလိမ့္မယ္။ ဒါေပမဲ့ ငါကေတာ့ မင္းမရွိဘဲမေနႏိုင္ခဲ့တာ အမွန္ပဲ။"

ထိုအခ်ိန္မွစ၍ စိတ္ထင္တိုင္းရမ္းကားဆိုးသြမ္းတတ္သည့္ လူငယ္တစ္ဦးအျဖစ္ သူရဇၨ၏ဘဝ ေရွ႕ဆက္ခဲ့သည္။ တားျမစ္မည့္သူက ရွိမေနေတာ့ၿပီ။ တစ္ေကာင္ႂကြက္ျဖစ္၍ ေနာက္လွည့္ၾကည့္လၽွင္ပင္ ကိုယ္တိုင္၏အရိပ္ သို႔မဟုတ္ ေျခရာသာျမင္ရေပလိမ့္မည္။ ထို႔ေနာက္တြင္ေတာ့ မလိုခ်င္၍စြန္႔ပစ္သြားသူရွိရာအရပ္သို႔ သူတိုးဝင္လိုက္သည္။ သူ၏ Charmy ဆိုသည္မွာ အမည္ႏွင့္မလိုက္ဖက္စြာပင္ ဒုစရိုက္လုပ္ငန္းမ်ားတြင္လည္း က်င္လည္တတ္သည္မဟုတ္ပါလား။

"အခုေတာ့ မင္းကိုယ္တိုင္က ငါ့အကူအညီကိုျပန္ယူေနရၿပီေလ။ အဲဒီကေလးအတြက္ျဖစ္ေနတာေတာ့ ငါကံဆိုးတာေပါ့။ ဒါေပမဲ့ အရင္ကလို ငါ ရင္မနာတတ္ေတာ့ဘူး။ ငါ့အကူအညီတိုင္းအတြက္ ထံုးစံအတိုင္း မင္းဆီကေန တန္ရာတန္ေၾကးေတာ့ျပန္ယူရမွာေပါ့။"

🥀 by Demon
9 May 2023

■■■ အပိုင္း (၈) ဆက္ရန္ ■■■

"မင်းရဲ့ design ပိုင်းက ဘယ်တော့ အပြီးသတ်နိုင်မလဲ နေမှိုင်း"

မျက်နှာချင်းမဆိုင်တာကြာသည့် သားအဖနှစ်ယောက်၏ စကားဝိုင်းမှာ အလုပ်ကိစ္စစကားတစ်ခွန်းနှင့် စလေသတဲ့။ ဒါတွေဟာ နေသားတော့ကျနေပါပြီ။

"နှစ်ပတ်အတွင်း ကျွန်တော် အပြီးသတ်တော့မှာပါ။ အဖေပြောသလိုပဲ အရည်အသွေးနှစ်မျိုးနဲ့ လူတန်းစားနှစ်မျိုးအတွက် အလှပဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ဖေဖေ့ဘက်ကတော့ ကျွန်တော်လိုချင်တဲ့ ကျောက်မျက်အရည်အသွေးမျိုးအတိုင်း ပုံဖော်ပေးရမယ်"

နေမှိုင်းစကားတွေဟာ ဖေဖေ့အတွက် လေးနက်ဖွယ်မရှိသေးပုံပင်။ တွေတွေလေးကြည့်နေပြီး အရင်လို စကားပြန်မပြောလာပုံအရ စိတ်အခြေအနေ မကောင်းဘူးထင်၏။

အတော်ကြာစဉ်းစားပြီးမှ ခက်ခက်ခဲခဲ စဉ်းစားပြောဆိုလာသည်က နေမှိုင်းအား ကြောင်သွားစေသည်။

"နည်းနည်းပိန်သွားတယ်။ အရင်ရက်တွေက ဖျားနေလို့အလုပ်မလာတာလား။"

ရုတ်တရက် ဂရုတစိုက်မေးလာသည်မို့ နေမှိုင်းမှာ စကားတောင် ထစ်တော့မတတ်။

"ဗျာ.... ဟုတ် အဖေ။ နည်းနည်းပါ။ ပြန်ကောင်းသွားပြီ။"

"အရင်ရက်က ရဲတွေနဲ့ တွေ့သေးတယ်ဆို။ နေမှိုင်း... မူးယစ်ဆေးဆိုတဲ့အရာကို ကောင်းကောင်းမွန်မွန်ရော..သိရဲ့လား"

အေးစက်ပြီးတစ်ခွန်းချင်းပြောလာသည့် ဖေဖေ့စကားတွေက ရင်ကို ဆူးနှင့်စိုက်ချလိုက်သည့်အတိုင်း...။ အခုဆို ဖေဖေကပါ နေမှိုင်းဆိုတဲ့ သူ့ကို မယုံကြည်ဘူးလား။

"ဖေဖေ ကျွန်တော့်ကို ဒီလောက်လေးတောင် မယုံကြည်တာလား။ ကျွန်တော့်အကြောင်းကို ဖေဖေ မသိဘူးလား။"

ထစ်ခနဲဆို အရွဲ့ပြောချင်လာသည့်စိတ်တို့က ထိန်းမရပေ။ ဒါကပဲ သူနှင့်အဖေ့ကြားက ပဋိပက္ခတွေထင်ပါရဲ့။

"မေ့သွားလို့ ကျွန်တော့်ကို ဦးလေးပဲ ထိန်းကျောင်းခဲ့တာလေ။ ဖေဖေက ဘယ်သိမလဲ။"

"ဖြန်း!!!"

ပြောလို့အပြီးတွင်ပဲ မိမိပါးတစ်ဖက်လုံး ပူထူလို့သွားခဲ့ရသည်။ ဖြစ်နေကျမို့ မအံ့သြမိတော့ပေမဲ့ အခုမှသဘောပေါက်လိုက်သည့် အမှန်တရားတစ်ခုအတွက် ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်ပစ်လိုက်ချင်မိသည်။

ကြည့်ရတာက.... ဒီလောကမှာ ငါ့စိတ်ကို ကိုယ်ချင်းစာပြီး နားလည်ပေးနိုင်မယ့်သူ တစ်ယောက်မှ မရှိနိုင်တော့ဘူးထင်ပါရဲ့......။

"မင်းရဲ့ဦးလေးဆီကနေ အတတ်ကောင်းတွေ သင်သင်လာပြီး ငါ့ဆီမှာ ဂျီတိုက်ပြမနေနဲ့။ မင်းရဲ့သတင်းဆိုးတွေက အဲ့ကောင်လုပ်သလိုမျိုး media တွေကို ထိန်းချုပ်လိုက်တိုင်း ရမယ်ထင်နေလား... ဟမ်!!!။ "

"မင်းရဲ့ အောင်မြင်မှုတွေ၊ ဖော်ရွေမှုတွေ၊ အရည်အချင်းတွေကို ပြသမှ မင်းက အဲ့လို လူဆိုးမဟုတ်ဘူးဆိုတာကို သက်သေပြလို့ရမှာ။ ငါက... ငါ့သားက... ဒီ design ကိုရေးပြီး၊ ဒီ project ကို တာဝန်ယူခဲ့ပြီး အောင်မြင်ခဲ့တယ်ဆိုတာ ပြောပြချင်ခဲ့ရုံ။ အောင်မြင်တဲ့လူဖြစ်ချင်ရင် သစ္စာ၊ မေတ္တာ ဇာတ်သဘင်တွေ ဖွဲ့နွဲ့လွန်းနေလို့မရဘူးဆိုတာကို မင်းနားလည်စမ်းပါ... နေမှိုင်း...။"

"ဟုတ်အဖေ။ နှစ်ပတ်အတွင်း ပုံကြမ်းရစေရပါ့မယ်။"

ဖေဖေ့စာကြည့်ခန်းမှထွက်ခဲ့လိုက်တော့ တံခါးဘေးတွင် မေမေက ရပ်စောင့်လို့နေသည်။ မျက်ရည်တွေနှင့် မေမေအား ဖက်ထားလိုက်သည်။

"ကျွန်တော် နားဦးမယ် မေမေ။ မေမေတကယ်ငိုလိုက်ရင်တော့ ကျွန်တော်တကယ် လူဆိုးဖြစ်တော့မှာပဲ"

မေမေ့အား ဖယ်ခွာလိုက်ပြီး အခန်းထဲလာခဲ့လိုက်သည်။ ဆွဲလက်စ ပုံကြမ်းလေးအားကြည့်ရင်း ငိုရမယောင်၊ ရယ်ရတော့မယောင်။ အမှန်တော့ ပထမ project မှာ မေရီ့အကြံပေးချက်တချို့ပါဝင်ပြီး မေရီ့အတွက်ရည်ရွယ်ထားသည့် လက်ဆောင်တစ်ခုပင်။

ငယ်စဉ်ကတည်းက မေရီဟာ သူ့အပေါ်ကောင်းပေးခဲ့ပြီး၊ အတူတူ ကစားပေးသည့်သူလည်းဖြစ်သည်။ ဝမ်းနည်းလွယ်သည့် သူ့စိတ်ကို ပြောင်းလဲပေးပြီး သူ့ကိုလည်း ပျော်ရွှင်စေခဲ့သူဖြစ်သည်။ မိမိ၏ ထိုဂျစ်ကန်ကန်အကျင့်သည်လည်း သူပေးထားသည့် လက်ဆောင်တစ်ခုပေ။

မေရီဆိုသည့် နတ်ဘုရားမတစ်ပါးကို ကိုးကွယ်ရင်း အသက်ရှင်ခဲ့တဲ့သူဟာ..... ပိုင်ဆိုင်ဖို့ကြိုးစားမိတာ မှားသတဲ့။ ကိုယ်တော့ အဲ့လိုမထင်ပါဘူး။ နောက်ကျရင်တော့ ကိုယ်လည်း မင်းအမုန်းတွေနဲ့နေသားကျသွားနိုင်တာမို့...
မင်းသာ အနားမှာရှိမယ်ဆိုရင်.... မင်းရဲ့အမုန်းလောက်နဲ့တော့ စာကိုဖွဲ့မနေတော့ဘူး.......။
................................................................................

တချို့သောစာရင်းတွေကို စစ်နေရင်း မေရီ စိတ်တိုင်းမကျဖြစ်လာသည်။ မျက်မှောင်ကျုံ့လာသည့် မေရီ့အနေအထားကြောင့် ရိပ်က သတိပေးလာသည်။

"ကျွန်တော်တို့ထုတ်ကုန်မှာ ပြဿနာရှိနေတယ် မမလေး"

"အင်း။ ဘယ်နားကလဲ"

"ဒီလိုပါ မမလေးပြောတဲ့အတိုင်း ပွဲတော်ရက်အတွင်းမှာ ကျွန်တော်တို့ဘက်က ရောင်းအားကို နှစ်ဆတိုးခဲ့ပါတယ်။ ပစ္စည်းက ကုန်သွားပေမဲ့ ဈေးကွက်မှာ ပျံ့မသွားဘူးဖြစ်နေတယ် မမလေး"

"ဘာရယ်...."

ရိပ် သတိပေးလာမှ သတိထားမိသည့် ကိုယ့်ကိုယ်ကိုယ်ပင် အံ့သြလို့သွားသည်။ မဟုတ်မှ ငါက အရေးမပါတာတွေကို အချိန်ပေးတာ များနေပြီလား။ မှန်းရသလောက်တွင် တစ်စုံတစ်ယောက်က မေရီ့လမ်းကိုဝင်လျှောက်ချင်နေပြီး ခြေရာ၊လက်ရာလည်း ပြန်မသိမ်းချင်ခဲ့ပေ။

တစ်ခုခုကို လမ်းလွှဲချင်၍ ဦးဆောင်လမ်းဆွယ်တာလား။ မဟုတ်မှ မေရီ့ကို ရန်စရဲလောက်အောင် ထိုသူက တကယ်ကြီး တုံးအနေတာများလား။
ရန်သူကိုအထင်သေးခြင်းဟာ ပြဿနာကို မကိုင်တွယ်နိုင်ခြင်းကြောင့် ဖြစ်သည်တဲ့။ ဆိုပေမဲ့ ဘယ်ရည်ရွယ်ချက်နှင့်ဖြစ်စေ မေရီသာ...ဆိုသည့် သူ့လမ်းကို လာရှုပ်ရဲပါက မေရီကလည်း နင်းခြေလိုက်ရုံသာရှိသည်။ ခက်ခဲတွေဝေနေစရာ အကြောင်းပင်မရှိ။

အရာရာအသေးစိတ်ကျသည့် ရိပ် ဟာ ဘာမှမပြင်ဆင်ဘဲနှင့်တော့ တင်ပြမှာမဟုတ်ပေ။ ဒီရက်တွေထဲ မေရီ ပင်ပန်းနေတာကိုလည်း သူသတိထားမိသည်ထင်၏။

"အသေးစိတ် စစ်ဆေးထားပြီးသားလား ရိပ်။ အခုမှစပြီး စစ်ဆေးရမှာလား"

"ဒါက ကျွန်တော် စစ်ကြည့်ပြီးသလောက် မှတ်တမ်းပါ။ ကျွန်တော့်အထင်တော့ တစ်ယောက်ယောက်က ကျွန်တော်တို့ပစ္စည်းကို ပြည်တွင်းကနေ ပြည်ပကို ကူးချင်ပုံရတယ်။ မမလေး ဘယ်လိုဆန္ဒရှိလဲဆိုတာ ပြီးရင် ကျွန်တော့်ကို ပြောပေးလိုက်ပါ။ ကျွန်တော့်ကိုခွင့်ပြုပါဦး"

ရိပ်ထားခဲ့သည့်စာရင်းတွေ စစ်ကြည့်လိုက်တော့ ထင်သည့်အတိုင်းပင် ရောင်းအားပိုင်းတွင်တော့ အဆင်ပြေနေခဲ့သည်။ သို့သော်.... နှစ်ဆဆိုသည့် ထိုရောင်းအားမှာ လူတွေဆီ ရောက်မသွားခဲ့ချေ။

ဖျတ်ခနဲစဉ်းစားလိုက်မိသည့် နေမှိုင်းဆီမှ ဆေးအမျိုးအစားအသစ်။ မဟုတ်မှ ကုန်စည်အစားထိုးဖို့ ကြိုးစားနေတာများလား...။ အရူးမိုက်ဆုံး နည်းလမ်းနဲ့လေ။

Message သံလေးကြောင့် ချက်ချင်း ဖုန်းကိုင်ကြည့်လိုက်သည်။ အရင်တစ်ခါကိစ္စကြောင့် ငယ့်ရဲ့ စာတွေ၊ ဖုန်းသံလေးတွေ မသိလိုက်မှာဆိုးတာကြောင့် ringtone လေးတွေ ငယ့်အတွက် ပြောင်းထားလိုက်သည်။

ငယ့်အတွက်ကြိုးစားနေရင်း ငယ့်ကိုဆုံးရှုံးလိုက်ရတဲ့ အဖြစ်မျိုးတော့ ကိုယ်အဖြစ်မခံနိုင်ဘူးလေ။

နှင်းဆီပန်းစည်းပုံလေးတစ်ခုဖြစ်ပြီး ကြည့်ရတာ သူ့ဆိုင်တံခါးဝတွင် ရိုက်ထားပုံရသည်။ ဒါပေမဲ့ နောက်ထပ်ရောက်လာသည့် စာတစ်စောင်ကြောင့် မေရီ ဖုန်းပင်လွတ်ကျတော့မတတ်။

"နှင်းဆီက ဆူးနဲ့ဆို ပိုလှတယ်.. မ ရဲ့။ ငယ်က ဆူးမစူးအောင် ကိုင်တတ်တာမို့ နောက်ဆို ဆူးတွေကိုဖြုတ်မပစ်ရဘူးနော်။ ပန်းတွေကို ငယ် အရမ်းကြိုက်ပါတယ်။ ချစ်တယ် မ"

သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး ဖုန်းအားချထားလိုက်သည်။
ဖေ........ အဖေတော့ မဟုတ်ဘူးမလားဟင်။
ဒါဆို.......... နေမှိုင်းများလား။

မဟုတ်ဘူး ငယ့်ကို သူမသိနိုင်သေးဘူး။ ဒါမှမဟုတ် ဒီအတိုင်း ငယ့်ကိုကြိုက်နေသည့် တခြားတစ်ယောက်များလား။

"ငယ် ကတော့ မဖြစ်တာမို့ ဘယ်သူ့ကိုမဆို ခွင့်လွှတ်မပေးနိုင်ဘူးနော်"

🥀 by J-moe-Z

"မမလေးစုံစမ်းခိုင်းတဲ့ကိစ္စလို့ ပြောပါတယ်။"

ရိပ် ယူလာပေးသည့်ဖုန်းကိုကိုင်လိုက်သည်တွင် တစ်ဖက်မှ စုံစမ်းသိရသမျှတို့ကို ပြောပြလာသည်။

"ရလာသမျှ ပို့လိုက်ပါ။"

နေမှိုင်း club သွားသည့်ညက မူးယစ်ဆေးထည့်ပေးလိုက်ရန်အတွက် မေရီသာစီစဉ်ခဲ့သည်။ အပျော်မယ်လေးက နေမှိုင်း၏အိတ်အတွင်းသို့ ထည့်ပေးလိုက်ကြောင်း အခိုင်အမာဆိုသော်လည်း စစ်ဆေးကြသည့်တာဝန်ရှိသူတို့မှာ နေမှိုင်းထံတွင် မည်သည့်ဆေးဝါးမှမတွေ့လိုက်ကြပေ။ ရဲကိုသတင်းပေးလိုက်သည့်မေရီသာမှာ မည်သည့်နေရာတွင် မှားယွင်းသွားခဲ့သနည်းဟု စစ်ဆေးကြည့်သည့်အခါ နေမှိုင်းစစ်ဆေးမခံရမီ လူတစ်ဦးနှင့်တိုက်မိပြီး ထိုလူက နေမှိုင်းခန္ဓာကိုယ်ကိုလုံးထွေးကာ အိတ်တွင်းမှဆေးကို နှိုက်ယူသွားသည်ဟု မေရီသာသံသယရှိလာ၍ ထိုလူကို စုံစမ်းစေခဲ့ခြင်းပင်။

"ရိပ်၊ သူ့ကိုသိလား။"

"အဲဒါ Faceless. သူ့ရဲ့ ID အမှန်ကို ဘယ်သူမှမသိကြဘူး။ အခုနှစ်ပိုင်းမှာမှ သူပေါ်လာပြီး နာမည်ကြီးနေတာ။ သူက သူ့ကိုငှားသမျှကိစ္စတိုင်းကို သူလုပ်နိုင်ရင် ကြေးဖြတ်ပြီးလုပ်ပေးတယ်။ နောက်ကြောင်းမကျန်ဖို့ သူအာမခံတာကြောင့် သူပြောတဲ့ကြေးအတိုင်းပေးရတယ်။ ဒါပေမဲ့ လူတော့သတ်မပေးဘူးတဲ့။"

"ကြေးစားပေမဲ့ လူမသတ်ဘူးလို့ ဆိုလိုတာလား။"

"အဲဒီလိုလည်းမဟုတ်ပြန်ဘူး မမလေး။ သူ့ကိစ္စမှာဝင်ရှုပ်လို့ အပြန်အလှန်ငြိကြရင်တော့ သတ်တဲ့အခါသတ်တယ်။ လူသတ်ပေးဖို့သီးသန့်တော့ ငှားမရဘူး။"

"မဆိုးဘူးပဲ။ သူ့ကို ဘယ်သူမှသေချာမသိဘူးဆိုတော့ သူအစစ်ပါလို့ ဘယ်လိုသိနိုင်လဲ။"

"မြို့စွန်သချႋုင်းက သုဘရာဇာကြီးဆီကနေ ဆက်သွယ်လို့ရတယ်တဲ့။"

"ဘယ်လို ... ထားပါ။ ဒါဆို အဲဒီသုဘရာဇာကြီးမှာ အန္တရာယ်မရှိဘူးလား။"

"လာထိသမျှလူတိုင်း ပထမတစ်ခေါက် ဆေးရုံရောက်တယ်။ ဒုတိယတစ်ခါဆို အဲဒီသုဘရာဇာကြီးပဲ မြှုပ်ပေးလိုက်ရပါတယ်။"

"အိုး ... ငါ သဘောကျသွားပြီ။"

......

"နေမှိုင်း၊ မင်း သေချင်နေတာလား။"

"ဘာဖြစ်လာပြန်ပြီလဲ ဦးလေး။"

"မူးယစ်ဆေးကိစ္စနဲ့ နာမည်ပျက်ပြီးရင်းပျက်ချင်နေတာထင်တယ်။"

"လာပြန်ပါပြီ။ ကျွန်တော် ဘာမှမလုပ်ဘူး။"

"မူးယစ်ဆေးကိစ္စ မင်းမလုပ်ပေမဲ့ မင်းလုပ်ထားတဲ့အမှားတစ်ခုကြောင့် အခုလိုဖြစ်နေတာလေ။"

"ကျွန်တော့်ဆီလည်း ဘာမှရှိမနေတာကို။"

"အေး၊ အဲဒီလိုမရှိအောင် ရှင်းလိုက်ရတာလေ။"

"ဘာကိုလဲ။"

"တော်ပြီ၊ မင်းနဲ့တော့ ဒုက္ခပဲ။ အခုရက်ပိုင်း အနေအထိုင်၊ အသွားအလာ ဆင်ခြင်စမ်း။ ဖြစ်နိုင်ရင် အပြင်မှာ လတ်လျားလတ်လျားလျှောက်သွားတာတွေ မလုပ်နဲ့။"

"ကျွန်တော် ..."

"အထွန့်မတက်နဲ့။ အခု design ကိစ္စလည်းရှိသေးတယ်မဟုတ်လား။ အဲဒီကိုပဲအာရုံစိုက်ပြီး အေးဆေးနေလိုက်။"

Design ကိစ္စအတွက် အာရုံစိုက်ရမည်က အမှန်ပင်ဖြစ်၍ နေမှိုင်းဆက်မပြောဖြစ်တော့ပါ။ အမှန်တကယ်လည်း နှစ်ပတ်အတွင်း သူအားလပ်မည်မဟုတ်ပေ။ မေရီ့ကိုလွမ်းလျှင်ပင် ပြေးတွေ့နိုင်ဦးမည်မဟုတ်။
ပို၍ဆိုးဝါးသည့်အမှန်တရားမှာ လွမ်းသည့်အချိန်တိုင်း သွားရောက်တွေ့ဆုံခွင့်သည်လည်း မရှိခြင်းပင်။
အခါးသက်ဆုံးသည်ကား တွေ့လိုက်သည့်အချိန်တိုင်း မပျက်မကွက်ဆိုသည့် အမုန်းစကားများ။

'ဘာဖြစ်ဖြစ် ချစ်တယ် မေရီ။ သျှားဖြူဆိုတဲ့ အဲဒီကောင်မလေး မင်းကိုချစ်တာထက် ငါပိုချစ်ပြမယ်။'

......

မေရီသာ၏အမုန်းခနေသည့် နေမှိုင်းကို ဇော်ရိန်မည်သို့မျှစိတ်မချနိုင်၍ စောင့်ကြည့်ရန်စေခိုင်းထားသည်က မှန်သွားခဲ့သည်။ ကြီးကြီးမားမားမဟုတ်ပါဘဲ သေးငယ်သောကိစ္စလေးများကိုဗဟိုပြု၍ နေမှိုင်း၏အမည်နှင့် နေမှိုင်းတို့သားအဖကြားဆက်ဆံရေးကို ယိုင်နဲ့စေရန် ကြံဆောင်နေသည်လားဟု ဇော်ရိန်တွေးမိသည်။

Club တွင် နေမှိုင်းအိတ်ထဲဆေးထည့်၍ ရဲကိုသတင်းပေးထားသည်ဟု သိရချိန်တွင် ကြိုတင်စီစဉ်ထားသည့်အတိုင်း လူလွှတ်၍ နေမှိုင်းထံပါလာသည့် မူးယစ်ဆေးကို ဖယ်ရှားစေခဲ့ရသည်။ ဤသည်ကိုမသိသည့် နေမှိုင်းဆိုသည့် မလိမ်မိုးမလိမ္မာလေးက ဇော်ရိန်သတိပေးသည်ကို ခွေးပေါက်လေးများ ရန်လုပ်သည့်အလား တစ်ခွန်းမကျန်ခံပြောချင်နေသည်က အသည်းပေါက်ဖွယ်။

အတွေးနယ်ချဲ့နေသည့်ဇော်ရိန်၏ တဒီးဒီးတုန်ခါနေသည့်ဖုန်းက ရှေ့မှစားပွဲပေါ်တွင် ဟိုသည်ရမ်းနေ၏။ မြင်နေရသည့်နံပါတ်အရ မည်သူမည်ဝါဖြစ်သည်ကို သိနေသည့်အတွက် ဖုန်းကိုသာ အဓိပ္ပါယ်မဲ့ငေးနေမိသည်။ စကားအပိုမပြောချင်သည့်အချိန်တွင် အနှောင့်အယှက်တို့ကပိုများတတ်သည်မှာ ရိုးရာမပျက်။ တတိယအကြိမ်တုန်ခါလာသည့်ဖုန်းကို ဇော်ရိန်ကောက်ကိုင်လိုက်ပြီး

"တစ်ခါခေါ်လို့မကိုင်ရင် မသိလိုက်တာဖြစ်နိုင်တယ်။ နှစ်ခါခေါ်လို့မှမကိုင်ရင် မအားတာဖြစ်နိုင်တယ်လို့ မင်းမတွေးဘူးလား။"

"တတိယအကြိမ်ခေါ်လို့မကိုင်ရင် မကိုင်ချင်လို့မကိုင်တာဖြစ်နိုင်မှန်းလည်း သိနေတယ်။ အခုမအားဘူးဆိုလည်း မအားဘူးလို့ ပြောလိုက်ပါလား။ "

"ဘာကိစ္စရှိနေသေးလို့လဲ။"

"မင်းရန်သူတော်ဘက်က ငါ့ကိုဆက်သွယ်ဖို့ ကြိုးစားနေတယ်။"

"ဘာကိစ္စလဲ။"

"ဘာကိစ္စလဲလို့သိရအောင် စကားပြောကြည့်လိုက်ရမလား။"

"အဲဒါ မင်းကိစ္စ။"

"ဟုတ်ပြီ။ ငါ့ကိစ္စလေးများ မင်းသိချင်မလားလို့ သံတော်ဦးတင်တာပါ။"

"အရေးတကြီးပြောစရာမရှိရင် ငါဖုန်းချပြီ။"

"မင်းရဲ့ အရေးပါအရာရောက်တဲ့ လူသားလေးကိစ္စပဲ အရေးကြီးတာလား။ ငါ ..."

အရည်မရ၊ အဖတ်မရသည့် ထိုလူ၏စကားများကို ဇော်ရိန်နားမထောင်နိုင်တော့ပါ။ စိတ်ချရသည့်လူဆိုသည့် ခေါင်းစဉ်တစ်ခုတည်းနှင့်ပင် ပတ်သက်လိုက်ရပြန်သော်လည်း အမှိုက်အချို့ကကပ်ပါလာသည်။ ထိုလူကို လုံးဝမပတ်သက်ချင်တော့သော်လည်း သူ့ထက်ပို၍စိတ်ချရမည့်လူက မရှိသည့်အခါ ရွဲ့လျက်၊ ခနဲ့လျက်ပြောလာမည့် စကားတို့ကို သည်းခံရပေတော့သည်။ တူဝရီးတော်စပ်သည်ဟူသော သတ်မှတ်ချက်အောက်တွင် နေမှိုင်းကိုမထိခိုက်စေရန် ကာကွယ်နိုင်ရေးသည်သာ ဇော်ရိန်ဆိုသည့်သူ့အတွက် အရေးကြီးဆုံး။

......

"Charmy ... မဟုတ်ဘူးလေ။ ငါ ဘာအမှားလုပ်မိလို့လဲ။"

"မင်းမမှားပါဘူး။ ငါ မင်းအတွက် အချိန်မပေးနိုင်တော့ဘူး။ အချိန်မပေးဖြစ်တာလည်း ကြာပြီမဟုတ်လား။"

"ဟင့်အင်း၊ မပေးနိုင်ရင်မပေးနဲ့။ ဒါပေမဲ့ ငါ့အနားကနေ ထွက်မသွားပါနဲ့ကွာ။ ငါ မင်းမရှိရင် မနေတတ်ဘူးလေ။"

"ငါပြောတာ သေချာနားထောင်စမ်းပါ။"

"နားမထောင်နိုင်ဘူး။ အဲဒီကလေးတစ်ကောင်ရောက်လာတာ ငါ့အတွက်ဂြိုဟ်ဆိုးဝင်တာ။ ငါ အဲဒီကလေးကို သတ်ပစ်မှာနော် Charmy."

သူကခြိမ်းခြောက်ရုံသာရှိသေးသော်လည်း သူ၏ Charmy ဆိုသောလူသားက သူ့လည်ပင်းကို မောင်းပြန်ဓားနှင့်ထောက်ပြီးနေခဲ့ပြီ။

"သောက်ရူးမထနဲ့ သူရဇ္ဇ။ မင်းနဲ့ငါက တွဲနေတယ်ဆိုတာလည်း နှစ်ယောက်လုံးအထီးကျန်နေလို့ အချင်းချင်းအဖော်လုပ်ပေးနိုင်ရုံပဲ။ ချစ်လွန်းလို့မှမဟုတ်ကြပဲ။ ဘာတွေကို အသည်းအသန်ဖြစ်နေတာလဲ။"

"အဟား ... ငါကတော့ မင်းကို ..."

ဓားကိုင်ထားသည့်လက်ကို ပြန်ရုတ်လိုက်ပြီး စကားဖြတ်ပြောသည်က

"တော်စမ်းပါ။ ချစ်တယ်ပြောဦးမှာလား။ မင်းချစ်တယ်ဆိုတာ သူငယ်ချင်းလို၊ ညီအစ်ကိုလိုပါပဲ။ မင်းတစ်ခုခုလိုအပ်တိုင်း၊ တစ်ခုခုအခက်အခဲဖြစ်တိုင်း ငါတတ်နိုင်သမျှကူညီခဲ့တယ်။ ဒါကလည်း ငါမင်းကို သံယောဇဉ်ရှိလို့။ ဒါကို မင်းဘက်က အရောင်ပါတဲ့အချစ်တစ်ခုလို ပုံသွင်းခဲ့တာ။ ငါတို့နှစ်ယောက်လုံး ဘယ်လိုပုံစံမျိုးနဲ့ချစ်ကြတာလဲဆိုတာ မင်းလည်းသိပါတယ်။"

"ဟင့်အင်း၊ ငါမသိဘူး။ သိလည်းမသိချင်ဘူး။ မင်း ငါ့ကို ထားမသွားရဘူး။ငါ့မှာ မင်းပဲရှိတာ။"

"ငါက မင်းနဲ့ အဆက်အသွယ်ဖြတ်သွားမှာလည်း မဟုတ်ဘူးလေကွာ။"

"မင်းက ငါ့အပိုင်။ မဟုတ်ဘူး၊ ငါက မင်းအပိုင်ကွာ။ မင်းဖြတ်သွားပြီးရင် ငါ့ကိုပစ်ထားတော့မှာ။ အဲဒီလိုမလုပ်ရဘူး။"

သူရဇ္ဇ အသည်းအသန်တားပါသော်လည်း ကျောခိုင်းသွားသည့်သူကို တားနိုင်မည့်လမ်းမမြင်ပါ။

"မင်း ငါ့ကို သတ်သွား။"

လက်ကိုဆွဲ၍ ပြန်မသိမ်းရသေးသည့်ဓားကို သူ၏လက်နှင့်အတူဆွဲယူကာ မောင်းဖွင့်လိုက်ပြီး ကိုယ့်လည်ပင်းကိုယ်ချိန်ထားသည့် သူရဇ္ဇ။

"ငါ့ကို အဲဒီအချိုးတွေ ထပ်မချိုးနဲ့တော့။"

ထိုစကားနှင့်အတူ သူရဇ္ဇ၏လည်မျိုတွင် သွေးတို့စွန်းထင်သွားသည်။

မြေပေါ်ဒူးထောက်ကျန်ခဲ့သည့် သူရဇ္ဇဆိုသူကောင်လေးက သူ၏လည်ပင်းကိုသူကိုင်လျက် အံ့အားသင့်ကာ ကျောက်ရုပ်သဖွယ်ကျန်ရစ်သည်။ သူ၏ Charmy ဆိုသူကောင်လေးသည်က ကျောခိုင်းလှည့်ထွက်သွားလေပြီ။

......

"မင်းမှန်ပါတယ်။ ငါတို့သံယောဇဉ်က အဖြူထည်သက်သက်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ငါကတော့ မင်းမရှိဘဲမနေနိုင်ခဲ့တာ အမှန်ပဲ။"

ထိုအချိန်မှစ၍ စိတ်ထင်တိုင်းရမ်းကားဆိုးသွမ်းတတ်သည့် လူငယ်တစ်ဦးအဖြစ် သူရဇ္ဇ၏ဘဝ ရှေ့ဆက်ခဲ့သည်။ တားမြစ်မည့်သူက ရှိမနေတော့ပြီ။ တစ်ကောင်ကြွက်ဖြစ်၍ နောက်လှည့်ကြည့်လျှင်ပင် ကိုယ်တိုင်၏အရိပ် သို့မဟုတ် ခြေရာသာမြင်ရပေလိမ့်မည်။ ထို့နောက်တွင်တော့ မလိုချင်၍စွန့်ပစ်သွားသူရှိရာအရပ်သို့ သူတိုးဝင်လိုက်သည်။ သူ၏ Charmy ဆိုသည်မှာ အမည်နှင့်မလိုက်ဖက်စွာပင် ဒုစရိုက်လုပ်ငန်းများတွင်လည်း ကျင်လည်တတ်သည်မဟုတ်ပါလား။

"အခုတော့ မင်းကိုယ်တိုင်က ငါ့အကူအညီကိုပြန်ယူနေရပြီလေ။ အဲဒီကလေးအတွက်ဖြစ်နေတာတော့ ငါကံဆိုးတာပေါ့။ ဒါပေမဲ့ အရင်ကလို ငါ ရင်မနာတတ်တော့ဘူး။ ငါ့အကူအညီတိုင်းအတွက် ထုံးစံအတိုင်း မင်းဆီကနေ တန်ရာတန်ကြေးတော့ပြန်ယူရမှာပေါ့။"

🥀 by Demon
9 May 2023

■■■ အပိုင်း (၈) ဆက်ရန် ■■■
© Demon ,
книга «Rosy Ruin (ႏွင္းဆီေရာင္ ပ်က္ကိန္း / နှင်းဆီရောင် ပျက်ကိန်း)».
Коментарі