01
02
03
04
05
06
07
08
09
10
02
Lesbian.........
သူမဟာ lesbian တဲ့လား။ မိန္းကေလးျဖစ္သည့္ သူမဟာ မိန္းကေလးေတြကိုသာ ရန္ခုန္သတဲ့။
မျဖစ္သင့္လိုက္တာမ်ား။

ဘယ္ေယာက္်ားေလးႏွင့္မွမတြဲသ၍ ကြၽန္ေတာ္စိတ္ခ်သည္။ သို႔ေသာ္ ေမရီသာ ဆိုသည့္ သူမဟာ မိန္းကေလးခ်စ္သူရွိေနသည္တဲ့။

'ဟက္! ဒါလည္းမရဘူး။ အခ်စ္က ဘယ္သူ႔အတြက္မွမဟုတ္သလို အခ်စ္က ကိုယ့္ရဲ႕အပိုင္'

'အလိုတူတာေတြ၊ မတူတာေတြ ကိုယ္နားမလည္သလို ျပန္မခ်စ္တာလည္း မသိခ်င္ဘူး။ အနည္းဆုံး ကိုယ္ဟာ မိန္းကေလးတစ္ေယာက္ထက္ေတာ့ သာမွာပါ'

ခုတင္ေပၚတြင္အိပ္ေပ်ာ္ေနသည့္ သူမဟာ ၿငိမ္သက္ၿပီးေအးခ်မ္းသည္။ အကယ္၍ ႏိုးလာခဲ့ရင္ေတာ့ လက္သည္းေသးေသးေလးေတြႏွင့္ ေၾကာင္တစ္ေကာင္လို ကုပ္ျခစ္ဦးေတာ့မည္။

'စိတ္ႀကီးတဲ့လူတစ္ေယာက္ကို ခ်စ္ရတာ လြယ္ကူတဲ့ကိစၥေတာ့ မဟုတ္ဘူးပဲ'

စားပြဲေပၚတင္ထားသည့္ ဖုန္းထံမွ ဘယ္ႏွႀကိမ္ေျမာက္ေခၚဆိုေနမွန္း မသိေတာ့ေသာ ေခၚဆိုသူအား သနားလာ၍ ဖုန္းအားေကာက္ယူသြားလိုက္သည္။

ဆႏၵရွိရာ႐ူးသြပ္ၿပီးလၽွင္ ရွင္းစရာရွိသည္ကို ရွင္းရဦးမည္။

................................................

"ဒါေတြကဘာလဲ ေမရီသာ"

နာမည္အျပည့္အစုံေခၚၿပီဆိုကတည္းက အေဖသိပ္ေဒါသထြက္ေနမွန္း ကြၽန္မသိလိုက္ၿပီ။ ေဝ့ဝဲၾကည့္လိုက္မိေတာ့ ငယ္ႏွင့္ကြၽန္မ၏ပုံမ်ားက စားပြဲေပၚတြင္ျပန္႔က်ဲလ်က္။

"အေဖ သိသြားၿပီပဲ"

"မသိရေအာင္ ငါေမြးထားတာေလ။ ေျပာပါဦး ဘာလို႔အဆန္းအျပားေတြ လုပ္ေနရတာလဲ"

"အဆန္းအျပားမဟုတ္ပါဘူး။ သူက သမီးခ်စ္သူ"

"ဟက္! ခ်စ္သူတဲ့လား။ ျဖတ္လိုက္။ အေဖသေဘာမတူဘူး။ သဘာဝမက်တာေတြ မလုပ္စမ္းနဲ႔။ သမီးအသက္က (၁၆)ႏွစ္လည္းမဟုတ္ဘူး​ေလ။ အေဖ အမ်ားႀကီးမေျပာရေစနဲ႔။"

စားပြဲထက္မွဓာတ္ပုံမ်ားအား တစ္ပုံခ်င္းစီ ျပန္စီယူလိုက္သည္။ ခိုးရိုက္တာေတာင္ view လွေအာင္ရိုက္ထားၾကေသးသည္။ ေသခ်ာေပါက္သိမ္းထားမွျဖစ္မည္ေလ။

ဓာတ္ပုံမ်ားအားကိုင္ၿပီး အေဖကိုၾကည့္မိေတာ့ အရာရာအား စိတ္ကုန္သြားသည့္မ်က္ႏွာႏွင့္။
ဆူေငါက္လိုက္လၽွင္လည္း အဆင္ေျပသလို၊ ေသာင္းက်န္းပစ္လၽွင္လည္း ကိစၥမရွိ။
အခုေတာ့ ေမရီ႕အား 'မိုက္ျပစ္ႀကီးလိုက္တာ' ဟူေသာ အၾကည့္မ်ိဳးႏွင့္သာ ၾကည့္ေနသတဲ့။

ေအာ္ဟစ္ေနတဲ့သူကို ျပန္ေျပာလို႔ေကာင္းေပမဲ့ ၿငိမ္သက္ေနတဲ့သူကို ဘယ္လိုတံု႔ျပန္ရမွာလဲ။

"သမီးအသက္ (၁၆)အ႐ြယ္မဟုတ္မွေတာ့ ေသခ်ာစဥ္းစားထားလို႔ေပါ့အေဖရဲ႕။ အေဖႀကိဳက္မွာမဟုတ္ဘူးဆိုတာလည္း သိတယ္။ ဒါေပမဲ့ ဒီလိုႀကီးစိတ္ပ်က္သြားမယ္လို႔ေတာ့ မထင္ခဲ့ဘူး"

စိတ္ပ်က္ေနသည့္ပုံစံမွ ေဒါသလႊမ္းလာေသာအေဖသည္ ေမရီ႕အားစိုက္ၾကည့္လာသည္။

"သၽွားျဖဴ.... အသက္က (၂၀)။ ေကာ္ဖီဆိုင္ေလးဖြင့္ထားတယ္။ လြန္ခဲ့တဲ့ေလး၊ငါးႏွစ္ေလာက္ကတည္းက မိဘေတြမရွိေတာ့ဘူး။ ဒါမဲ့ ေအးေအးေဆးေဆးရွိေနတဲ့သူ႔ဘဝကို သမီးက ခေလာက္ဆန္ေစခ်င္ေနတာလား"

"အေဖက ၿခိမ္းေျခာက္ေနတာလား"

"မဟုတ္ဘူး ေျပာျပတာ"

"သမီးက မကာကြယ္ႏိုင္ဘူးလို႔ အေဖထင္လား"

"ဒါဆို အခုသမီးက အေဖ့ကိုျပန္ေျပာေနတာလား"

"အမ္"

ရွင္းျပေနတာေလ။ သမီးက ရွင္းျပေနတာပါ....။
အူေၾကာင္ေၾကာင္ျဖစ္သြားေသာ ေမရီအားၾကည့္ရင္း အေဖက သေဘာတက်ထရယ္သည္။

"ဟားဟားဟား အေဖတစ္ေယာက္ကို ဘယ္လိုျပန္ေျပာရမလဲဆိုတာေတာင္ သိေနၿပီပဲ။ ေပါ့ေပါ့ပါးပါးေလး အဝတ္အစားလဲခဲ့။ သမီးအေမဆီသြားရေအာင္။"

ေျပာေျပာသြားသြားႏွင့္ပင္ အေဖက ေနရာမွာပင္မရွိေတာ့။

'အေမ့ဆီ...။ ဘယ္ဟာက အားနည္းခ်က္လဲဆိုတာ အေဖက ေကာင္းေကာင္းႀကီးသိေနတာပဲ။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အိပ္စက္ေနသည့္သူကို ေမရီဘယ္ေလာက္ဆိုးေၾကာင္း ေျပာျပၿပီး မ်က္ရည္ေတြဝဲျပန္ဦးမည္'

'ဟုတ္ၿပီ။ ခံႏိုင္ရည္ရွိေအာင္ ႀကိဳးစားၾကတာေပါ့။ Drama ေတြထဲကလို အသက္နဲ႔ၿခိမ္းေျခာက္ရေအာင္လည္း ဒို႔အေဖမွာ ႏွလုံးေရာဂါမွမရွိတာ။'

..........................................................

ပုံမွန္အတိုင္းၾကည့္ပါက အေဖက စိတ္မဆိုးေနသေယာင္။ သို႔ေသာ္ ေမရီသိသည္။ အေဖ့ပုံစံမွာ ေဒါသထြက္ေလ၊ ေအးစက္ေလျဖစ္သည္။
စိတ္မၾကည္သည့္အခ်ိန္တိုင္း ေအးစက္စြာျပံဳးေနတတ္ၿပီး ေပ်ာ္ေနပါကလည္း..... ။
ေျပာရပါက အေဖစိတ္ေပ်ာ္သည့္အေျခအေနကို မျမင္ဖူးသည္မွာ သိပ္ၾကာၿပီ။

'သူ႔ဘဝကို ခေလာက္ဆန္ေစခ်င္ေနတာလား'

ဆိုသည္မွာ အပိုေတာ့မဟုတ္။ သတိေပးစကားတစ္ခုသာ။

အေဖလည္းတစ္ေယာက္ပဲရွိသလို၊ ခ်စ္သူလည္း တစ္ေယာက္သာရွိသည္။
ႏွစ္ေယာက္ထဲမွ တစ္ေယာက္ေ႐ြးပါဆိုသည့္စကားအား ဘယ္သူ႔ဆီကမွ မၾကားပါရေစလား။

ငယ့္ေမြးေန႔။ ႀကိဳတင္ျပင္ဆင္ထားသည့္လက္ေဆာင္ဟာလည္း အခ်ိန္မီ မရရွိခဲ့။ လက္ေဆာင္မပါဘဲသြားေသာ္လည္း အခ်ိန္မေပးႏိုင္ခဲ့။ ငယ္.... မ,ဟာ သိပ္လြန္သြားျပန္ၿပီပဲ။

ဖုန္းဝင္လာသည္ေၾကာင့္ ၾကည့္လိုက္ေတာ့ ေခၚဆိုသူကား ေနမိႈင္း။ တကယ္ေတာ့ သူက ငယ့္ဖုန္းကိုေမၽွာ္ေနျခင္း။ တစ္ခုရွိ စိတ္မေကာင္းပဲျဖစ္သည့္ငယ္ဟာ ဘာျဖစ္ေနေန သူ႔အားဖုန္းမဆက္ခဲ့ေခ်။ တကယ္ဆို ဖုန္းဆက္ၿပီးေခၚပါက အခုဆိုရင္လည္း သူအေရာက္သြားမည္။
ႀကိတ္ၿပီးဝမ္းနည္းတတ္သည့္ ငယ့္စိတ္ကို သူဘယ္လိုမ်ား ျပင္ဆင္ေပးရပါ့။

သုံးႀကိမ္ေျမာက္ဝင္လာသည့္ ဖုန္းသံအား ေဒါသထြက္လာၿပီ။ မကိုင္ဘူးဆိုလည္း အသိတရားေလးရွိပါေတာ့လား။

"ေျပာ ဘာလဲ"

"ဖုန္းမကိုင္လို႔ စိတ္ပူသြားတာပဲ။ အခုဘယ္မွာလဲ။ မင္းအေဖေျပာတယ္ အိမ္မွာမရွိဘူးတဲ့"

"တိုက္ခန္းမွာ "

"ကိုယ္လာမယ္"

"မလာခဲ့နဲ႔ မိုးခ်ဳပ္ၿပီ"

႐ုတ္တရက္ဖုန္းခ်သြားကတည္းက သူလာေတာ့မယ္ဆိုတာ သိလိုက္ၿပီ။ အေဖႏွင့္စိတ္မၾကည္တိုင္း သူေရာက္လာေနက်ပင္။
သို႔ေသာ္ ယခုကား မိုးခ်ဳပ္ၿပီေလ။ သိပ္မသင့္ေတာ္ေပ။
ခဏၾကာေတာ့ သူေရာက္ျဖစ္ေအာင္ ေရာက္လာခဲ့ေသးသည္။
ထိုင္ခုံတြင္ေမးေထာက္ထိုင္​ေနၿပီး ပ်င္းရိေနပုံရသည့္ ေမရီအား ျမင္လိုက္သည္ႏွင့္ သေဘာေပါက္ၿပီးသား။ ဒါက အိမ္ႏွင့္အဆင္မေျပသည့္ပုံစံ။

"ဘာေတြျပႆနာတက္ၾကျပန္ၿပီလဲ။"

"ေနမိႈင္း! ငါေမးမယ္။ အကယ္၍ ငါက lesbian ဆို နင္ ငါ့ကို ဘယ္လိုျမင္လဲ"

အေတြးထဲေျမာေနေသာေမရီမွာ မ်က္ႏွာပ်က္သြားေသာ ေနမိႈင္းအား သတိပင္မထားမိဘဲ ဆက္ေျပာလို႔ေနသည္။

"နင္ကပါသေဘာမက်လည္း ကိစၥမရွိပါဘူး။ ငါ့အတြက္ ငယ္ရွိရင္ျဖစ္တယ္။"

"ငယ္က ဘယ္သူလဲ"

"ငါ့ခ်စ္သူ"

"ဘာ!!!!! ဘယ္တုန္းက ခ်စ္သူရွိသြားတာလဲ။ ဘာလို႔ ငါမသိတာလဲ"

"အေဖေတာင္အခုမွသိတာ နင္က ဘာလို႔သိခ်င္တာလဲ။ အရမ္းမေအာ္နဲ႔ နားၿငီးတယ္။ ငယ္ဆိုတာ မၾကာေတာ့တဲ့ႏွစ္မွာ ငါနဲ႔လက္တြဲမယ့္သူ။ ငါ့ရဲ႕ဘဝတစ္ျခမ္း။ အခုေတာ့ ဇနီးေကာင္းေလးမျဖစ္ခင္၊ သမီးေကာင္းေလးျဖစ္ေအာင္ ႀကိဳးစားရင္းနဲ႔ ငယ့္ကိုဆုံးရႈံးရေတာ့မလိုပဲ ဟူးး"

"ကိုယ့္ကို အခ်ိန္ခဏေပး"

႐ုတ္တရက္ႀကီးထထြက္သြားသူအား နားမလည္သေယာင္ၾကည့္ရင္း လွမ္းေျပာလိုက္သည္။

"ခဏေလးမဟုတ္ဘူး။ ျပန္မလာခဲ့နဲ႔ေတာ့"

ေနာက္ေက်ာေပးထားေသာ ေနမိႈင္း၏ေဒါသမ်က္ႏွာအား သူမ မျမင္မိသလို၊
ထိုသူေျပာေသာစကားသံတိုးတိုးကိုလည္း မၾကားမိလိုက္ေပ။

"မဟုတ္ဘူး ကိုယ္ေသခ်ာေပါက္ျပန္လာမွာ။ မင္းကို ဘယ္သူကရည္းစားထားခိုင္းလို႔လဲ။ ဇနီးေကာင္းတဲ့လား။"

အျပံဳးတစ္ခ်က္ႏွင့္အတူ ေမရီအား လွည့္ၾကည့္လိုက္ရင္း ေတြးလိုက္သည္။

'ဒါက ကိုယ့္အတြက္ျဖစ္သင့္တာ'

တယုတယသိမ္းထားသည့္အရာအား ခိုးယူခံလိုက္ရသည့္ခံစားခ်က္ကို မခံစားဖူးရင္ ဘယ္သူစာနာေပးတတ္ေလမလဲ။

ခပ္ျမန္ျမန္ထြက္သြားသည့္သူဟာ ျမန္ျမန္ဆန္ဆန္ပင္ျပန္ေရာက္လာသည္။ အေစာကေဒါသရိပ္တို႔အစား အျပံဳးတို႔ကအစားထိုးဝင္ေနလ်က္ရွိၿပီး လက္ထဲတြင္ အထုပ္မ်ားဆြဲလ်က္ ျပန္ေရာက္လာသည္။

"ညစာမစားရေသးဘူးထင္လို႔ သြားဝယ္တာ စားလိုက္"

စားပြဲေပၚမွ စားစရာမ်ားအားၾကည့္ရင္း စားခ်င္စိတ္ရွိမေနေပ။ ဝယ္လာသူကိုလည္း အားမနာခ်င္ေပ။

"မစားဘူး။ ဘယ္သူကဝယ္ခိုင္းလို႔လဲ။ ဘယ္သူက စိတ္မၾကည္ရင္ အစာစားလို႔လဲ"

"ဒါဆိုလည္း ေဖ်ာ္ရည္ဘူးေတာ့ေသာက္လိုက္။ အပ်င္းေျပ"

ကမ္းလာေသာဘူးအား ဆြဲယူရင္း ေသာက္လိုက္သည္။ ဒါေလာက္ေတာ့ ေသာက္လည္းျဖစ္သည္။ ကိစၥမရွိ။

"ဘယ္သူက ပ်င္းေနလို႔လဲ။ ခဏေလာက္စိတ္မၾကည္႐ုံပဲေလ။
နင္တိုက္လို႔ေသာက္တာေနာ္"

"အြန္း... ေသာက္ေလ။ ဒါနဲ႔ ... မင္းက ဘာလို႔ရည္းစားထားတာလဲ ေမရီ၊ သူက ကိုယ့္ထက္ေတာ္လို႔လား။ ကိုယ့္ထက္မ်ားေခ်ာေနလား။ မင္းအနားမွာ ကိုယ္ရွိေနတာမျမင္ဘူးလား။ တျခားသူကို ႀကိဳက္ဖို႔လိုအပ္လို႔လား။ ကိုယ္ကခြင့္ျပဳထားလို႔လား။"

ထိုမွအစျပဳ၍ ျပႆနာတက္ခဲ့ၾကသည္။ အဆုံးသတ္ကား အဆိုး႐ြားဆုံး၊ စိတ္ပ်က္စရာအေကာင္းဆုံးႏွင့္ စက္ဆုပ္႐ြံရွာဖြယ္ေကာင္းေသာ အရာေတြအထိ။ အိပ္မက္ဆိုးတစ္ခုသက္သက္မဟုတ္မွန္း ဦးေႏွာက္ကအသိေပးလာသည္ႏွင့္ မ်က္လုံးတို႔အား ဖြင့္လိုက္သည္။ စီးက်လာေသာမ်က္ရည္ပူေတြက ဘယ္အခ်ိန္ကတည္းက က်ဆင္းခ်င္ေနမွန္းမသိ။ တစ္စက္ႏွင့္တစ္စက္ အလုအယက္ခုန္ဆင္းေနၾကလ်က္....။

🥀 by J-moe-Z

ခ်စ္ျခင္း
ထိုေနာက္မွ အဆံုး႐ႈံးမခံႏိုင္ျခင္းတို႔က ထက္ၾကပ္မကြာပြဲထြက္လာသည့္ေနာက္ လူယုတ္မာဟု ေအာင္ျမင္စြာကင္ပြန္းတပ္ႏိုင္ခဲ့သည္။ သို႔ေသာ္ ေမၽွာ္လင့္ထားသည္ထက္ပိုေသာ အမုန္းတို႔က ရင္ကြဲေစရန္အလို႔ငွာ လံုေလာက္သည္ထက္ပိုသြားခဲ့ၿပီ။

"ေက်နပ္ေနတာလား။"

"ေမရီရယ္၊ ကိုယ္သိပ္ခ်စ္တာပါ။ မင္းဘက္ကသာလက္ခံခဲ့ရင္ ကိုယ္တို႔ဘဝက ပန္းခင္းလမ္းထက္ႏူးညံ့ေနမွာ။ မင္းက ဆူးတစ္ေခ်ာင္းလိုလုပ္ေနေတာ့ ဒီလိုေတြျဖစ္သြားရၿပီ။ ကိုယ္ေတာင္းပန္ပါတယ္၊ ဒီအေျခအေနေရာက္မွေတာ့ ကိုယ့္ကိုမျငင္းပါနဲ႔ေတာ့။"

"ေအး၊ ဟုတ္တယ္။ နင္ေျပာခ်င္သလိုပဲ၊ ပန္းတစ္ပြင့္က ဆူးတစ္ေခ်ာင္းျဖစ္မလာဘူးဆိုတာ ငါသိတယ္။ ဒါေပမဲ့ ဆူးရွိတဲ့ပန္းလိုေတာ့ ေနလို႔ရတယ္ဆိုတာ နင္သိဖို႔လိုတယ္။ အလြယ္ဆံုးဥပမာက ႏွင္းဆီေပါ့။ ပန္းမို႔ေႂကြသြားတယ္ဆိုရင္ေတာင္ ေႂကြသြားတဲ့ႏွင္းဆီဟိန္းသံက နင့္ရဲ႕ပ်က္ကိန္းျဖစ္ရမယ္ ေနမႈိင္း။ နင့္ကို ငါဘယ္ေတာ့မွ လက္မခံႏိုင္ဘူး။"

မ်က္ဝန္းမ်ားပြင့္၍ အသိစိတ္ကပ္သည္ဆိုလၽွင္ပင္ မ်က္ရည္မ်ားျပည့္လာရာမွ လၽွံက်လာကာ ငိုေႂကြးေနသည့္ေမရီသာကို ေနမႈိင္းထိုင္ၾကည့္ေနမိခဲ့သည္။ အမွန္ဆိုရလၽွင္ ေျပာရမည့္စကားဟူ၍လည္း ရွိမေနခဲ့။ ငို၍အားရမွ ေမရီသာထုတ္လာသည့္ေမးခြန္းကို ျပန္ေျဖမိသည္သာ။ သို႔ေသာ္ သူမ၏တံု႔ျပန္မႈတို႔သည္ ေနမႈိင္းေမၽွာ္လင့္ထားသကဲ့သို႔ ျဖစ္မလာခဲ့။

"မဟုတ္ဘူး ေမရီ၊ မျဖစ္ရဘူး။ မင္းနဲ႔ကိုယ္က ဒီအေျခအေနအထိေရာက္ၿပီးၿပီေလ။"

"အိုး ... rape လိုက္တာကိုေျပာတာလား။ အဲဒီေတာ့ ငါ့ခႏၶာကိုယ္ကိုပိုင္သြားသလား။ Video file, photos ဘာညာ ငါ့ကိုလာမေျပာနဲ႔ေနာ္။ မ႐ုန္းတိုင္းအလိုတူတယ္ထင္ရင္ ဘာတံု႔ျပန္မႈမွမရွိတာကိုလည္း ၾကည့္တတ္ၾကမွာပါ။ နင္ေထာင္ထဲဝင္ဖို႔သက္ေသ နင္ကိုယ္တိုင္ထုတ္ေပးသလိုမ်ိဳး ျဖစ္သြားမယ္။"

မ်က္ရည္မေျခာက္ေသးသည္မွာ မ်က္ဝန္းမ်ားတြင္သာျဖစ္လိမ့္မည္။ ဘဝတစ္ခုလံုးကို မ်က္ရည္ထဲေမၽွာပစ္မည့္အမ်ိဳးအစားတြင္ ေမရီသာမပါဝင္ခဲ့။ ဦးေႏွာက္သည္ကေတာ့ သူ႔အလုပ္ကိုတာဝန္ေက်ႏိုင္ရန္ အစြမ္းကုန္ႀကိဳးစားဆဲ။

"ေမရီ"

"ဒီလိုျဖစ္သြားရင္ နင့္ကိုယူလိမ့္မယ္လို႔ နင္ထင္ေနတာဆို သိပ္ပိန္းတယ္လို႔ပဲ ငါေျပာခ်င္တယ္။ ငါ့ဆႏၵမပါဘဲ နင္လိုခ်င္တာယူသြားတာကို ငါအရမ္းမုန္းတယ္။ နင့္ကို မုန္းတယ္ ေနမႈိင္း၊ အႏႈိင္းမဲ့ပဲ။ မခ်စ္မႏွစ္သက္သူနဲ႔ အတူတူေနထိုင္ရျခင္းကလည္း ဝဋ္ေႂကြးတစ္မ်ိဳးပဲမို႔ ငါကိုယ္ငါကေတာ့ အဲဒီဝဋ္မ်ိဳးခံစရာမရွိဘူးလို႔ သတ္မွတ္တယ္။"

"ကိုယ့္အခ်စ္ေတြ၊ ခံစားခ်က္ေတြ၊ ရင္ခုန္သံေတြကို မင္းဘာလို႔မသိရတာလဲ။"

"ငါ့ဘဝ၊ ငါ့သိကၡာ၊ ငါ့မာနေတြကို ႐ိုက္ခ်ိဳးခဲ့လို႔။"

"အဲဒီလိုမဟုတ္ဘူး ေမရီ။"

"နင့္ဘက္က ဘယ္ေလာက္ပဲ six လို႔ေျပာေျပာ၊ ငါ့ဘက္ကၾကည့္ရင္ nine ပဲ။"

"ကိုယ္တို႔အတူ ေဘးတိုက္ၾကည့္ရင္ ရွစ္လည္းျဖစ္ႏိုင္ပါတယ္။"

"ေနာက္တစ္ဖက္လွည့္ၾကည့္လို႔ ေနာက္တစ္မ်ိဳးေျပာင္းသြားမယ့္အထဲမွာ နင့္အတြက္အမုန္းေတြေတာ့ မပါခဲ့ဘူး။ ငါျပန္မယ္ ေနမႈိင္း။"

"မသြားရဘူး။"

"ငါက နင့္အပိုင္မဟုတ္ဘူး။"

"မင္း ..."

ေနမႈိင္းတစ္ေယာက္ မည္သည့္စကားမွမေျပာသာပါ။ ေမရီသာဆိုသည့္အမ်ိဳးသမီးေလးက အဆိပ္ရွိသည့္သတၱဝါဆိုသည္ကို သိခဲ့ပါသည္။ မိမိကိုယ္တိုင္လည္း သူ႔အဆိပ္မိခဲ့သည္။ ဤမၽွျပင္းထန္မည္ဟု ထင္မထားခဲ့႐ံုသာ။

......

'မ' က လွတယ္။
မိန္းကေလးတန္မဲ့ ခန္႔လည္းခန္႔တယ္၊ စမတ္လည္းက်တယ္။
ၾကည့္ေလ၊ ေကာ္ဖီခြက္ကိုယူလိုက္တဲ့ပံုစံကိုက ေငးၾကည့္ေနခ်င္စရာ။ အဲဒီခြက္ေလးကို ေသခ်ာသိမ္းသင့္ၿပီထင္တယ္။ ဒီေန႔ မရဲ႕ႏႈတ္ခမ္းနီက လိေမၼာ္ႏုႏုစိုစိုေလး။ မရဲ႕ေရွ႕ကေကာ္ဖီခြက္ေလးက အျဖဴစြတ္စြတ္မို႔ Lip shape printing is completed.

သၽွားျဖဴဖြင့္ထားသည့္ေကာ္ဖီဆိုင္သို႔ ဧည့္သည္အခ်ိဳ႕ႏွင့္အတူေရာက္လာေသာ သူမသည္ သိပ္ကိုျပည့္စံုလြန္းသည့္ Visual ႏွင့္ျဖစ္ေန၍ သၽွားျဖဴသတိထားမိခဲ့သည္။ အလုပ္ကိစၥစကားေျပာရန္ ဝင္လာဟန္ရွိၿပီး သီးသန္႔အကန္႔ေလးမ်ားႏွင့္ခြဲထားသည့္ ထပ္ခိုးရွိစားပြဲဝိုင္းေလးဝိုင္းမွ တစ္ကန္႔တြင္ သူမတို႔ထိုင္ခဲ့ၾကသည္။

ဆိုင္ကက်ယ္လြန္းသည္မဟုတ္၍ သီးသန္႔ခန္းမ်ားမထားႏိုင္ေသာ္လည္း service fees ပိုသည့္ သီးသန္႔ဝိုင္းေလးမ်ားထည့္ရန္ ေတြးမိခဲ့သည့္ မိမိကိုမိမိ ေက်းဇူးတင္သြားရသည္။ မ်က္ႏွာၾကက္ျမင့္လြန္းသည္ေၾကာင့္ ထပ္ခိုးလုပ္၍ အကန္႔ေလးကန္႔ခြဲကာ စားပြဲတစ္ဝိုင္းစီထည့္ေပးထားသည့္ ထို idea ေလးကို သူမကသေဘာက်သြားပံုရၿပီး တစ္ခါတစ္ရံတြင္ သူမတစ္ဦးတည္းလည္း ေအးေအးေဆးေဆးလာထိုင္တတ္သည္။ တစ္ခုေသာတနဂၤေႏြတစ္ရက္တြင္

"မွာထားတာရပါၿပီ မမ။ ၿပီးေတာ့ အခ်ိန္ေသးေသးေလးေပးႏိုင္လို႔မ်ား ဆိုင္အတြက္ေဝဖန္အၾကံျပဳစာေလး ဒီစာရြက္ေလးထဲမွာ နည္းနည္းျဖည့္ေပးမယ္ဆိုရင္ Promotion အစီအစဥ္ေလးလည္း ရွိပါတယ္ရွင့္။ အေႏွာင့္အယွက္မျဖစ္မွပါ မမ။"

"ဪ၊ ရတယ္။ ဒီေန႔ ကိုယ့္စိတ္အားေနတယ္။ ေပးေလ၊ ျဖည့္ၾကည့္တာေပါ့။"

"ေက်းဇူးတင္ပါတယ္ မမ။ ဒီမွာပါရွင့္။"

"စကားမစပ္၊ ဒီကညီမေလးက ဆိုင္ရွင္ထင္တယ္ေနာ္။"

"ရွင္၊ ဟုတ္ကဲ့။ ဘာလိုအပ္တာရွိလို႔လဲ မမ။"

"Private အရမ္းမဆန္ေပမဲ့ ထိုင္လို႔ေကာင္းတဲ့ဒီဝိုင္းေလးေတြကို သေဘာက်တယ္။ Nice idea."

Wow! ဒီတစ္ခဏက သၽွားျဖဴအတြက္ နာရီေတြခဏရပ္သြားသလိုပဲ။

ကိုယ့္ idea ကို ကိုယ္သေဘာက်ေနတဲ့သူဆီက ခ်ီးက်ဴးခံလိုက္ရတဲ့အခိုက္အတန္႔၊ လက္ညႇိဳးတစ္ေခ်ာင္းကို ဖ်တ္ခနဲေထာင္ၿပီး ဆတ္ခနဲတစ္ခ်က္လႈပ္ကာ Nice idea ဆိုၿပီး ျပံဳးလိုက္တဲ့အခိုက္အတန္႔၊ လက္သည္းခြံၾကည္ၾကည္ေလးေပၚ Nail Glow ထပ္ထားလို႔ ပန္းေရာင္ၾကည္ေတာက္ေတာက္ေလး ျဖစ္ေနတာရယ္၊ အျပံဳးၾကည္ၾကည္ေလးေတြရယ္၊ မရဲ႕မ်က္ႏွာၾကည္ၾကည္ေလးရယ္က သၽွားျဖဴဆိုတဲ့ေကာင္မေလးအတြက္ ေမွာ္ေဆးတစ္ခြက္ပဲ။ ေက်ာက္႐ုပ္ေလးကိုျဖစ္လို႔။

ဟုတ္ပါတယ္၊ သၽွားျဖဴက မကို ျမင္ရတဲ့အႀကိမ္ေရမမ်ားခင္ေလးမွာ ခ်စ္မိသြားခဲ့ၿပီ။

"ေက်းဇူးတင္ပါတယ္။ လိုအပ္တာရွိရင္ Touch the bells ပါေနာ္ မမ။"

"အိုေခ၊ အဲဒါေလးေတြလည္း မိုက္တယ္။"

"Thank you so much."

သၽွားျဖဴေျပာသည့္ ေခါင္းေလာင္းေလးေတြဆိုသည္မွာ Aeolian bells ကို ဆိုလိုလိုက္ျခင္းျဖစ္သည္။ ဖန္ပုလင္းတစ္ခုအား ေအာက္ဘက္နားျဖတ္ထားၿပီး အထဲမွေန၍ ဖန္ေခါင္းေလာင္းေလးမ်ားကို ႀကိဳးႏွင့္တြဲေလာင္းခ်ထားေသာ Wind chimes မ်ားက အေပၚထပ္စားပြဲတစ္ဝိုင္းစီ၏အေပၚတြင္ ခ်ိတ္ထားလ်က္။ ထိလိုက္၍ထြက္လာေသာအသံမွာ သာသာယာယာရွိၿပီး မည္သည့္ဝိုင္းမွေခၚသည္ကို လႈပ္ခတ္ေနမည့္ေခါင္းေလာင္းေလးမ်ားေၾကာင့္ သိရွိႏိုင္ေပသည္။ ဤသည္မွာလည္း သၽွားျဖဴ၏ idea တစ္ခုပင္။

ဆိုင္အတြက္ေဝဖန္အၾကံျပဳခ်က္မ်ားတြင္ ေမးခြန္းမ်ားကို စိတ္ဝင္တစားျဖည့္ေပးသည့္အခါ ျဖည့္ထားသည့္နံပါတ္အေရအတြက္အလိုက္ ယေန႔အတြက္က်သင့္ေငြကို ငါးရာခိုင္ႏႈန္းမွ ငါးဆယ္ရာခိုင္ႏႈန္းအထိ Discount ေပးျခင္းကိုလည္း စတင္ျပဳလုပ္ေနသည္မွာ ဒုတိယေန႔ျဖစ္သည္။

'Promotion ပါဆိုၿပီး မအတြက္ ဆိုင္ရွင္ေကာင္မေလးကို လက္ေဆာင္ယူသြားပါလို႔ ေျပာလိုက္ရ။'

မိမိအေတြးႏွင့္ပင္ သၽွားျဖဴတစ္ေယာက္ အူျမဴးေနမိသည္။

'အမေလးဟယ္၊ မိသၽွားေရ ... နင္က စပ္စလူးနတ္ပူးေနတယ္။ မက လံုးဝအၿငိမ္ဇယား၊ တည္ၿငိမ္သူႀကီး။ နင့္အစား ငါရင္ေလးတယ္။ အခ်ိဳးေတြျပင္ၿပီး ဣေျႏၵရရေနစမ္း။'

မိမိကိုယ္ကိုလည္း ဆံုးမေနရေသးသည္။ သၽွားျဖဴဆိုသည္မွာ ေခတ္မီ၍ငယ္ရြယ္သူျဖစ္ေသာေၾကာင့္ စိတ္ဝင္စားေနသည့္ေကာင္ေလးမ်ားလည္း ရွိပါသည္။ ထိုအထဲတြင္မွ ေရြးခ်ယ္သင့္သည့္၊ ေရြးခ်ယ္မည္ဆိုလၽွင္ ေရြးခ်ယ္ႏိုင္စရာ ေကာင္ငယ္ေလးမ်ားႏွင့္ အစ္ကိုႀကီးမ်ားရွိေနပါလ်က္ အဘယ္ေၾကာင့္ ရင္ခုန္သံ Key change သြားသည္ကို မသိေတာ့ပါ။

'မိသၽွားတို႔ရင္ခုန္သံက Female version သီးသန္႔ပါ။'

သၽွားျဖဴတစ္ေယာက္ ထိန္းေနရင္းမွပင္ဘရိတ္မမိေတာ့သည့္ သူမ၏စိတ္အစဥ္ကို ရယ္မိေတာ့သည္။ သူမေရာဂါသည္ 'မ'ဆိုသည့္နတ္ဘုရားမွသာ ကုစားႏိုင္မည္ျဖစ္လတၱံ႕။

ေန႔စဥ္ ေကာင္တာတြင္ထိုင္တတ္သည့္သၽွားျဖဴကို ဆိုင္ပိုင္ရွင္ဟု အလြယ္တကူတြက္ဆႏိုင္ေပမည္။ ယေန႔တြင္ေတာ့ ေကာင္တာတြင္ထိုင္ကာ ေငြရွင္းေပးရန္လည္းစိတ္မပါခဲ့။ သၽွားျဖဴမရွိလၽွင္ေကာင္တာကိုင္သည့္ အစ္ကိုကသာ လာေရာက္ကူညီေပးေနရသည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူတို႔၏ဆိုင္ရွင္မွာ သီးသန္႔ဝိုင္းအတြက္ စားပြဲထိုးသြားလုပ္ၿပီးေနာက္တြင္ စိတ္အေျခအေန မူမမွန္ေတာ့၍ပင္။ ဧည့္သည္တစ္ေယာက္ကို ေငြရွင္းေပးၿပီးေနာက္ ထိုအစ္ကိုက သၽွားျဖဴအနားသို႔တိုး၍

"Bossy, အေျခအေနေကာင္းရဲ႕လား။ အစ္ကိုတို႔ကို လခထုတ္ေပးၿပီးမွ ရူးေနာ္။"

ထိုအခါမွ သၽွားျဖဴက စူပုပ္ပုပ္မ်က္ႏွာ၊ မၾကည္ၾကည့္တို႔ႏွင့္အတူ

"ရူးသြားရင္ အစ္ကိုတို႔ေတြအိမ္ေတြမွာ တစ္လွည့္စီလိုက္ေနမွာပါေနာ္။"

"အမေလး Bossy ရယ္၊ မုန္႔ဖိုးနဲ႔တင္ မြဲရခ်ည္ရဲ႕ဗ်ာ။"

"အဟီး"

ထိုအစ္ကိုကိုသြားျဖဲျပၿပီး စိတ္ကူးမ်ားႏွင့္ဆက္႐ူးေနေသာ သၽွားျဖဴကို ေကာင္တာတြင္ျပန္ထိုင္ေနကတည္းက လွမ္းၾကည့္ၿပီး ျပံဳးေနသူတစ္ေယာက္လည္း ရွိပါ၏။

🥀 by Demon
23 Jan 2022

■■■ အပိုင္း (၃) ဆက္ရန္ ■■■

Lesbian.........
သူမဟာ lesbian တဲ့လား။ မိန်းကလေးဖြစ်သည့် သူမဟာ မိန်းကလေးတွေကိုသာ ရန်ခုန်သတဲ့။
မဖြစ်သင့်လိုက်တာများ။

ဘယ်ယောက်ျားလေးနှင့်မှမတွဲသ၍ ကျွန်တော်စိတ်ချသည်။ သို့သော် မေရီသာ ဆိုသည့် သူမဟာ မိန်းကလေးချစ်သူရှိနေသည်တဲ့။

'ဟက်! ဒါလည်းမရဘူး။ အချစ်က ဘယ်သူ့အတွက်မှမဟုတ်သလို အချစ်က ကိုယ့်ရဲ့အပိုင်'

'အလိုတူတာတွေ၊ မတူတာတွေ ကိုယ်နားမလည်သလို ပြန်မချစ်တာလည်း မသိချင်ဘူး။ အနည်းဆုံး ကိုယ်ဟာ မိန်းကလေးတစ်ယောက်ထက်တော့ သာမှာပါ'

ခုတင်ပေါ်တွင်အိပ်ပျော်နေသည့် သူမဟာ ငြိမ်သက်ပြီးအေးချမ်းသည်။ အကယ်၍ နိုးလာခဲ့ရင်တော့ လက်သည်းသေးသေးလေးတွေနှင့် ကြောင်တစ်ကောင်လို ကုပ်ခြစ်ဦးတော့မည်။

'စိတ်ကြီးတဲ့လူတစ်ယောက်ကို ချစ်ရတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူးပဲ'

စားပွဲပေါ်တင်ထားသည့် ဖုန်းထံမှ ဘယ်နှကြိမ်မြောက်ခေါ်ဆိုနေမှန်း မသိတော့သော ခေါ်ဆိုသူအား သနားလာ၍ ဖုန်းအားကောက်ယူသွားလိုက်သည်။

ဆန္ဒရှိရာရူးသွပ်ပြီးလျှင် ရှင်းစရာရှိသည်ကို ရှင်းရဦးမည်။

................................................

"ဒါတွေကဘာလဲ မေရီသာ"

နာမည်အပြည့်အစုံခေါ်ပြီဆိုကတည်းက အဖေသိပ်ဒေါသထွက်နေမှန်း ကျွန်မသိလိုက်ပြီ။ ဝေ့ဝဲကြည့်လိုက်မိတော့ ငယ်နှင့်ကျွန်မ၏ပုံများက စားပွဲပေါ်တွင်ပြန့်ကျဲလျက်။

"အဖေ သိသွားပြီပဲ"

"မသိရအောင် ငါမွေးထားတာလေ။ ပြောပါဦး၊ ဘာလို့အဆန်းအပြားတွေ လုပ်နေရတာလဲ"

"အဆန်းအပြားမဟုတ်ပါဘူး။ သူက သမီးချစ်သူ"

"ဟက်! ချစ်သူတဲ့လား။ ဖြတ်လိုက်။ အဖေသဘောမတူဘူး။ သဘာဝမကျတာတွေ မလုပ်စမ်းနဲ့။ သမီးအသက်က (၁၆)နှစ်လည်းမဟုတ်ဘူးလေ။ အဖေ အများကြီးမပြောရစေနဲ့။"

စားပွဲထက်မှဓာတ်ပုံများအား တစ်ပုံချင်းစီ ပြန်စီယူလိုက်သည်။ ခိုးရိုက်တာတောင် view လှအောင်ရိုက်ထားကြသေးသည်။ သေချာပေါက်သိမ်းထားမှဖြစ်မည်လေ။

ဓာတ်ပုံများအားကိုင်ပြီး အဖေကိုကြည့်မိတော့ အရာရာအား စိတ်ကုန်သွားသည့်မျက်နှာနှင့်။
ဆူငေါက်လိုက်လျှင်လည်း အဆင်ပြေသလို၊ သောင်းကျန်းပစ်လျှင်လည်း ကိစ္စမရှိ။
အခုတော့ မေရီ့အား 'မိုက်ပြစ်ကြီးလိုက်တာ' ဟူသော အကြည့်မျိုးနှင့်သာ ကြည့်နေသတဲ့။

အော်ဟစ်နေတဲ့သူကို ပြန်ပြောလို့ကောင်းပေမဲ့ ငြိမ်သက်နေတဲ့သူကို ဘယ်လိုတုံ့ပြန်ရမှာလဲ။

"သမီးအသက် (၁၆)အရွယ်မဟုတ်မှတော့ သေချာစဉ်းစားထားလို့ပေါ့အဖေရဲ့။ အဖေကြိုက်မှာမဟုတ်ဘူးဆိုတာလည်း သိတယ်။ ဒါပေမဲ့ ဒီလိုကြီးစိတ်ပျက်သွားမယ်လို့တော့ မထင်ခဲ့ဘူး"

စိတ်ပျက်နေသည့်ပုံစံမှ ဒေါသလွှမ်းလာသောအဖေသည် မေရီ့အားစိုက်ကြည့်လာသည်။

"သျှားဖြူ.... အသက်က (၂၀)။ ကော်ဖီဆိုင်လေးဖွင့်ထားတယ်။ လွန်ခဲ့တဲ့လေး၊ငါးနှစ်လောက်ကတည်းက မိဘတွေမရှိတော့ဘူး။ ဒါမဲ့ အေးအေးဆေးဆေးရှိနေတဲ့သူ့ဘဝကို သမီးက ခလောက်ဆန်စေချင်နေတာလား"

"အဖေက ခြိမ်းခြောက်နေတာလား"

"မဟုတ်ဘူး ပြောပြတာ"

"သမီးက မကာကွယ်နိုင်ဘူးလို့ အဖေထင်လား"

"ဒါဆို အခုသမီးက အဖေ့ကိုပြန်ပြောနေတာလား"

"အမ်"

ရှင်းပြနေတာလေ။ သမီးက ရှင်းပြနေတာပါ....။
အူကြောင်ကြောင်ဖြစ်သွားသော မေရီအားကြည့်ရင်း အဖေက သဘောတကျထရယ်သည်။

"ဟားဟားဟား အဖေတစ်ယောက်ကို ဘယ်လိုပြန်ပြောရမလဲဆိုတာတောင် သိနေပြီပဲ။ ပေါ့ပေါ့ပါးပါးလေး အဝတ်အစားလဲခဲ့။ သမီးအမေဆီသွားရအောင်။"

ပြောပြောသွားသွားနှင့်ပင် အဖေက နေရာမှာပင်မရှိတော့။

'အမေ့ဆီ...။ ဘယ်ဟာက အားနည်းချက်လဲဆိုတာ အဖေက ကောင်းကောင်းကြီးသိနေတာပဲ။ ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နေသည့်သူကို မေရီဘယ်လောက်ဆိုးကြောင်း ပြောပြပြီး မျက်ရည်တွေဝဲပြန်ဦးမည်'

'ဟုတ်ပြီ။ ခံနိုင်ရည်ရှိအောင် ကြိုးစားကြတာပေါ့။ Drama တွေထဲကလို အသက်နဲ့ခြိမ်းခြောက်ရအောင်လည်း ဒို့အဖေမှာ နှလုံးရောဂါမှမရှိတာ။'

..........................................................

ပုံမှန်အတိုင်းကြည့်ပါက အဖေက စိတ်မဆိုးနေသယောင်။ သို့သော် မေရီသိသည်။ အဖေ့ပုံစံမှာ ဒေါသထွက်လေ၊ အေးစက်လေဖြစ်သည်။
စိတ်မကြည်သည့်အချိန်တိုင်း အေးစက်စွာပြုံးနေတတ်ပြီး ပျော်နေပါကလည်း..... ။
ပြောရပါက အဖေစိတ်ပျော်သည့်အခြေအနေကို မမြင်ဖူးသည်မှာ သိပ်ကြာပြီ။

'သူ့ဘဝကို ခလောက်ဆန်စေချင်နေတာလား'

ဆိုသည်မှာ အပိုတော့မဟုတ်။ သတိပေးစကားတစ်ခုသာ။

အဖေလည်းတစ်ယောက်ပဲရှိသလို၊ ချစ်သူလည်း တစ်ယောက်သာရှိသည်။
နှစ်ယောက်ထဲမှ တစ်ယောက်ရွေးပါဆိုသည့်စကားအား ဘယ်သူ့ဆီကမှ မကြားပါရစေလား။

ငယ့်မွေးနေ့။ ကြိုတင်ပြင်ဆင်ထားသည့်လက်ဆောင်ဟာလည်း အချိန်မီ မရရှိခဲ့။ လက်ဆောင်မပါဘဲသွားသော်လည်း အချိန်မပေးနိုင်ခဲ့။ ငယ်.... မ,ဟာ သိပ်လွန်သွားပြန်ပြီပဲ။

ဖုန်းဝင်လာသည်ကြောင့် ကြည့်လိုက်တော့ ခေါ်ဆိုသူကား နေမှိုင်း။ တကယ်တော့ သူက ငယ့်ဖုန်းကိုမျှော်နေခြင်း။ တစ်ခုရှိ စိတ်မကောင်းပဲဖြစ်သည့်ငယ်ဟာ ဘာဖြစ်နေနေ သူ့အားဖုန်းမဆက်ခဲ့ချေ။ တကယ်ဆို ဖုန်းဆက်ပြီးခေါ်ပါက အခုဆိုရင်လည်း သူအရောက်သွားမည်။
ကြိတ်ပြီးဝမ်းနည်းတတ်သည့် ငယ့်စိတ်ကို သူဘယ်လိုများ ပြင်ဆင်ပေးရပါ့။

သုံးကြိမ်မြောက်ဝင်လာသည့် ဖုန်းသံအား ဒေါသထွက်လာပြီ။ မကိုင်ဘူးဆိုလည်း အသိတရားလေးရှိပါတော့လား။

"ပြော ဘာလဲ"

"ဖုန်းမကိုင်လို့ စိတ်ပူသွားတာပဲ။ အခုဘယ်မှာလဲ။ မင်းအဖေပြောတယ် အိမ်မှာမရှိဘူးတဲ့"

"တိုက်ခန်းမှာ "

"ကိုယ်လာမယ်"

"မလာခဲ့နဲ့ မိုးချုပ်ပြီ"

ရုတ်တရက်ဖုန်းချသွားကတည်းက သူလာတော့မယ်ဆိုတာ သိလိုက်ပြီ။ အဖေနှင့်စိတ်မကြည်တိုင်း သူရောက်လာနေကျပင်။
သို့သော် ယခုကား မိုးချုပ်ပြီလေ။ သိပ်မသင့်တော်ပေ။
ခဏကြာတော့ သူရောက်ဖြစ်အောင် ရောက်လာခဲ့သေးသည်။
ထိုင်ခုံတွင်မေးထောက်ထိုင်နေပြီး ပျင်းရိနေပုံရသည့် မေရီအား မြင်လိုက်သည်နှင့် သဘောပေါက်ပြီးသား။ ဒါက အိမ်နှင့်အဆင်မပြေသည့်ပုံစံ။

"ဘာတွေပြဿနာတက်ကြပြန်ပြီလဲ။"

"နေမှိုင်း! ငါမေးမယ်။ အကယ်၍ ငါက lesbian ဆို နင် ငါ့ကို ဘယ်လိုမြင်လဲ"

အတွေးထဲမြောနေသောမေရီမှာ မျက်နှာပျက်သွားသော နေမှိုင်းအား သတိပင်မထားမိဘဲ ဆက်ပြောလို့နေသည်။

"နင်ကပါသဘောမကျလည်း ကိစ္စမရှိပါဘူး။ ငါ့အတွက် ငယ်ရှိရင်ဖြစ်တယ်။"

"ငယ်က ဘယ်သူလဲ"

"ငါ့ချစ်သူ"

"ဘာ!!!!! ဘယ်တုန်းက ချစ်သူရှိသွားတာလဲ။ ဘာလို့ ငါမသိတာလဲ"

"အဖေတောင်အခုမှသိတာ နင်က ဘာလို့သိချင်တာလဲ။ အရမ်းမအော်နဲ့ နားငြီးတယ်။ ငယ်ဆိုတာ မကြာတော့တဲ့နှစ်မှာ ငါနဲ့လက်တွဲမယ့်သူ။ ငါ့ရဲ့ဘဝတစ်ခြမ်း။ အခုတော့ ဇနီးကောင်းလေးမဖြစ်ခင်၊ သမီးကောင်းလေးဖြစ်အောင် ကြိုးစားရင်းနဲ့ ငယ့်ကိုဆုံးရှုံးရတော့မလိုပဲ ဟူးး"

"ကိုယ့်ကို အချိန်ခဏပေး"

ရုတ်တရက်ကြီးထထွက်သွားသူအား နားမလည်သယောင်ကြည့်ရင်း လှမ်းပြောလိုက်သည်။

"ခဏလေးမဟုတ်ဘူး။ ပြန်မလာခဲ့နဲ့တော့"

နောက်ကျောပေးထားသော နေမှိုင်း၏ဒေါသမျက်နှာအား သူမ မမြင်မိသလို၊
ထိုသူပြောသောစကားသံတိုးတိုးကိုလည်း မကြားမိလိုက်ပေ။

"မဟုတ်ဘူး ကိုယ်သေချာပေါက်ပြန်လာမှာ။ မင်းကို ဘယ်သူကရည်းစားထားခိုင်းလို့လဲ။ ဇနီးကောင်းတဲ့လား။"

အပြုံးတစ်ချက်နှင့်အတူ မေရီအား လှည့်ကြည့်လိုက်ရင်း တွေးလိုက်သည်။

'ဒါက ကိုယ့်အတွက်ဖြစ်သင့်တာ'

တယုတယသိမ်းထားသည့်အရာအား ခိုးယူခံလိုက်ရသည့်ခံစားချက်ကို မခံစားဖူးရင် ဘယ်သူစာနာပေးတတ်လေမလဲ။

ခပ်မြန်မြန်ထွက်သွားသည့်သူဟာ မြန်မြန်ဆန်ဆန်ပင်ပြန်ရောက်လာသည်။ အစောကဒေါသရိပ်တို့အစား အပြုံးတို့ကအစားထိုးဝင်နေလျက်ရှိပြီး လက်ထဲတွင် အထုပ်များဆွဲလျက် ပြန်ရောက်လာသည်။

"ညစာမစားရသေးဘူးထင်လို့ သွားဝယ်တာ စားလိုက်"

စားပွဲပေါ်မှ စားစရာများအားကြည့်ရင်း စားချင်စိတ်ရှိမနေပေ။ ဝယ်လာသူကိုလည်း အားမနာချင်ပေ။

"မစားဘူး။ ဘယ်သူကဝယ်ခိုင်းလို့လဲ။ ဘယ်သူက စိတ်မကြည်ရင် အစာစားလို့လဲ"

"ဒါဆိုလည်း ဖျော်ရည်ဘူးတော့သောက်လိုက်။ အပျင်းပြေ"

ကမ်းလာသောဘူးအား ဆွဲယူရင်း သောက်လိုက်သည်။ ဒါလောက်တော့ သောက်လည်းဖြစ်သည်။ ကိစ္စမရှိ။

"ဘယ်သူက ပျင်းနေလို့လဲ။ ခဏလောက်စိတ်မကြည်ရုံပဲလေ။
နင်တိုက်လို့သောက်တာနော်"

"အွန်း... သောက်လေ။ ဒါနဲ့ ... မင်းက ဘာလို့ရည်းစားထားတာလဲ မေရီ၊ သူက ကိုယ့်ထက်တော်လို့လား။ ကိုယ့်ထက်များချောနေလား။ မင်းအနားမှာ ကိုယ်ရှိနေတာမမြင်ဘူးလား။ တခြားသူကို ကြိုက်ဖို့လိုအပ်လို့လား။ ကိုယ်ကခွင့်ပြုထားလို့လား။"

ထိုမှအစပြု၍ ပြဿနာတက်ခဲ့ကြသည်။ အဆုံးသတ်ကား အဆိုးရွားဆုံး၊ စိတ်ပျက်စရာအကောင်းဆုံးနှင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အရာတွေအထိ။ အိပ်မက်ဆိုးတစ်ခုသက်သက်မဟုတ်မှန်း ဦးနှောက်ကအသိပေးလာသည်နှင့် မျက်လုံးတို့အား ဖွင့်လိုက်သည်။ စီးကျလာသောမျက်ရည်ပူတွေက ဘယ်အချိန်ကတည်းက ကျဆင်းချင်နေမှန်းမသိ။ တစ်စက်နှင့်တစ်စက် အလုအယက်ခုန်ဆင်းနေကြလျက်....။

🥀 by J-moe-Z

ချစ်ခြင်း
ထိုနောက်မှ အဆုံးရှုံးမခံနိုင်ခြင်းတို့က ထက်ကြပ်မကွာပွဲထွက်လာသည့်နောက် လူယုတ်မာဟု အောင်မြင်စွာကင်ပွန်းတပ်နိုင်ခဲ့သည်။ သို့သော် မျှော်လင့်ထားသည်ထက်ပိုသော အမုန်းတို့က ရင်ကွဲစေရန်အလို့ငှာ လုံလောက်သည်ထက်ပိုသွားခဲ့ပြီ။

"ကျေနပ်နေတာလား။"

"မေရီရယ်၊ ကိုယ်သိပ်ချစ်တာပါ။ မင်းဘက်ကသာလက်ခံခဲ့ရင် ကိုယ်တို့ဘဝက ပန်းခင်းလမ်းထက်နူးညံ့နေမှာ။ မင်းက ဆူးတစ်ချောင်းလိုလုပ်နေတော့ ဒီလိုတွေဖြစ်သွားရပြီ။ ကိုယ်တောင်းပန်ပါတယ်၊ ဒီအခြေအနေရောက်မှတော့ ကိုယ့်ကိုမငြင်းပါနဲ့တော့။"

"အေး၊ ဟုတ်တယ်။ နင်ပြောချင်သလိုပဲ၊ ပန်းတစ်ပွင့်က ဆူးတစ်ချောင်းဖြစ်မလာဘူးဆိုတာ ငါသိတယ်။ ဒါပေမဲ့ ဆူးရှိတဲ့ပန်းလိုတော့ နေလို့ရတယ်ဆိုတာ နင်သိဖို့လိုတယ်။ အလွယ်ဆုံးဥပမာက နှင်းဆီပေါ့။ ပန်းမို့ကြွေသွားတယ်ဆိုရင်တောင် ကြွေသွားတဲ့နှင်းဆီဟိန်းသံက နင့်ရဲ့ပျက်ကိန်းဖြစ်ရမယ် နေမှိုင်း။ နင့်ကို ငါဘယ်တော့မှ လက်မခံနိုင်ဘူး။"

မျက်ဝန်းများပွင့်၍ အသိစိတ်ကပ်သည်ဆိုလျှင်ပင် မျက်ရည်များပြည့်လာရာမှ လျှံကျလာကာ ငိုကြွေးနေသည့်မေရီသာကို နေမှိုင်းထိုင်ကြည့်နေမိခဲ့သည်။ အမှန်ဆိုရလျှင် ပြောရမည့်စကားဟူ၍လည်း ရှိမနေခဲ့။ ငို၍အားရမှ မေရီသာထုတ်လာသည့်မေးခွန်းကို ပြန်ဖြေမိသည်သာ။ သို့သော် သူမ၏တုံ့ပြန်မှုတို့သည် နေမှိုင်းမျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့။

"မဟုတ်ဘူး မေရီ၊ မဖြစ်ရဘူး။ မင်းနဲ့ကိုယ်က ဒီအခြေအနေအထိရောက်ပြီးပြီလေ။"

"အိုး ... rape လိုက်တာကိုပြောတာလား။ အဲဒီတော့ ငါ့ခန္ဓာကိုယ်ကိုပိုင်သွားသလား။ Video file, photos ဘာညာ ငါ့ကိုလာမပြောနဲ့နော်။ မရုန်းတိုင်းအလိုတူတယ်ထင်ရင် ဘာတုံ့ပြန်မှုမှမရှိတာကိုလည်း ကြည့်တတ်ကြမှာပါ။ နင်ထောင်ထဲဝင်ဖို့သက်သေ နင်ကိုယ်တိုင်ထုတ်ပေးသလိုမျိုး ဖြစ်သွားမယ်။"

မျက်ရည်မခြောက်သေးသည်မှာ မျက်ဝန်းများတွင်သာဖြစ်လိမ့်မည်။ ဘဝတစ်ခုလုံးကို မျက်ရည်ထဲမျှောပစ်မည့်အမျိုးအစားတွင် မေရီသာမပါဝင်ခဲ့။ ဦးနှောက်သည်ကတော့ သူ့အလုပ်ကိုတာဝန်ကျေနိုင်ရန် အစွမ်းကုန်ကြိုးစားဆဲ။

"မေရီ"

"ဒီလိုဖြစ်သွားရင် နင့်ကိုယူလိမ့်မယ်လို့ နင်ထင်နေတာဆို သိပ်ပိန်းတယ်လို့ပဲ ငါပြောချင်တယ်။ ငါ့ဆန္ဒမပါဘဲ နင်လိုချင်တာယူသွားတာကို ငါအရမ်းမုန်းတယ်။ နင့်ကို မုန်းတယ် နေမှိုင်း၊ အနှိုင်းမဲ့ပဲ။ မချစ်မနှစ်သက်သူနဲ့ အတူတူနေထိုင်ရခြင်းကလည်း ဝဋ်ကြွေးတစ်မျိုးပဲမို့ ငါကိုယ်ငါကတော့ အဲဒီဝဋ်မျိုးခံစရာမရှိဘူးလို့ သတ်မှတ်တယ်။"

"ကိုယ့်အချစ်တွေ၊ ခံစားချက်တွေ၊ ရင်ခုန်သံတွေကို မင်းဘာလို့မသိရတာလဲ။"

"ငါ့ဘဝ၊ ငါ့သိက္ခာ၊ ငါ့မာနတွေကို ရိုက်ချိုးခဲ့လို့။"

"အဲဒီလိုမဟုတ်ဘူး မေရီ။"

"နင့်ဘက်က ဘယ်လောက်ပဲ six လို့ပြောပြော၊ ငါ့ဘက်ကကြည့်ရင် nine ပဲ။"

"ကိုယ်တို့အတူ ဘေးတိုက်ကြည့်ရင် ရှစ်လည်းဖြစ်နိုင်ပါတယ်။"

"နောက်တစ်ဖက်လှည့်ကြည့်လို့ နောက်တစ်မျိုးပြောင်းသွားမယ့်အထဲမှာ နင့်အတွက်အမုန်းတွေတော့ မပါခဲ့ဘူး။ ငါပြန်မယ် နေမှိုင်း။"

"မသွားရဘူး။"

"ငါက နင့်အပိုင်မဟုတ်ဘူး။"

"မင်း ..."

နေမှိုင်းတစ်ယောက် မည်သည့်စကားမှမပြောသာပါ။ မေရီသာဆိုသည့်အမျိုးသမီးလေးက အဆိပ်ရှိသည့်သတ္တဝါဆိုသည်ကို သိခဲ့ပါသည်။ မိမိကိုယ်တိုင်လည်း သူ့အဆိပ်မိခဲ့သည်။ ဤမျှပြင်းထန်မည်ဟု ထင်မထားခဲ့ရုံသာ။

......

'မ' က လှတယ်။
မိန်းကလေးတန်မဲ့ ခန့်လည်းခန့်တယ်၊ စမတ်လည်းကျတယ်။
ကြည့်လေ၊ ကော်ဖီခွက်ကိုယူလိုက်တဲ့ပုံစံကိုက ငေးကြည့်နေချင်စရာ။ အဲဒီခွက်လေးကို သေချာသိမ်းသင့်ပြီထင်တယ်။ ဒီနေ့ မရဲ့နှုတ်ခမ်းနီက လိမ္မော်နုနုစိုစိုလေး။ မရဲ့ရှေ့ကကော်ဖီခွက်လေးက အဖြူစွတ်စွတ်မို့ Lip shape printing is completed.

သျှားဖြူဖွင့်ထားသည့်ကော်ဖီဆိုင်သို့ ဧည့်သည်အချို့နှင့်အတူရောက်လာသော သူမသည် သိပ်ကိုပြည့်စုံလွန်းသည့် Visual နှင့်ဖြစ်နေ၍ သျှားဖြူသတိထားမိခဲ့သည်။ အလုပ်ကိစ္စစကားပြောရန် ဝင်လာဟန်ရှိပြီး သီးသန့်အကန့်လေးများနှင့်ခွဲထားသည့် ထပ်ခိုးရှိစားပွဲဝိုင်းလေးဝိုင်းမှ တစ်ကန့်တွင် သူမတို့ထိုင်ခဲ့ကြသည်။

ဆိုင်ကကျယ်လွန်းသည်မဟုတ်၍ သီးသန့်ခန်းများမထားနိုင်သော်လည်း service fees ပိုသည့် သီးသန့်ဝိုင်းလေးများထည့်ရန် တွေးမိခဲ့သည့် မိမိကိုမိမိ ကျေးဇူးတင်သွားရသည်။ မျက်နှာကြက်မြင့်လွန်းသည်ကြောင့် ထပ်ခိုးလုပ်၍ အကန့်လေးကန့်ခွဲကာ စားပွဲတစ်ဝိုင်းစီထည့်ပေးထားသည့် ထို idea လေးကို သူမကသဘောကျသွားပုံရပြီး တစ်ခါတစ်ရံတွင် သူမတစ်ဦးတည်းလည်း အေးအေးဆေးဆေးလာထိုင်တတ်သည်။ တစ်ခုသောတနင်္ဂနွေတစ်ရက်တွင်

"မှာထားတာရပါပြီ မမ။ ပြီးတော့ အချိန်သေးသေးလေးပေးနိုင်လို့များ ဆိုင်အတွက်ဝေဖန်အကြံပြုစာလေး ဒီစာရွက်လေးထဲမှာ နည်းနည်းဖြည့်ပေးမယ်ဆိုရင် Promotion အစီအစဉ်လေးလည်း ရှိပါတယ်ရှင့်။ အနှောင့်အယှက်မဖြစ်မှပါ မမ။"

"ဪ၊ ရတယ်။ ဒီနေ့ ကိုယ့်စိတ်အားနေတယ်။ ပေးလေ၊ ဖြည့်ကြည့်တာပေါ့။"

"ကျေးဇူးတင်ပါတယ် မမ။ ဒီမှာပါရှင့်။"

"စကားမစပ်၊ ဒီကညီမလေးက ဆိုင်ရှင်ထင်တယ်နော်။"

"ရှင်၊ ဟုတ်ကဲ့။ ဘာလိုအပ်တာရှိလို့လဲ မမ။"

"Private အရမ်းမဆန်ပေမဲ့ ထိုင်လို့ကောင်းတဲ့ဒီဝိုင်းလေးတွေကို သဘောကျတယ်။ Nice idea."

Wow! ဒီတစ်ခဏက သျှားဖြူအတွက် နာရီတွေခဏရပ်သွားသလိုပဲ။

ကိုယ့် idea ကို ကိုယ်သဘောကျနေတဲ့သူဆီက ချီးကျူးခံလိုက်ရတဲ့အခိုက်အတန့်၊ လက်ညှိုးတစ်ချောင်းကို ဖျတ်ခနဲထောင်ပြီး ဆတ်ခနဲတစ်ချက်လှုပ်ကာ Nice idea ဆိုပြီး ပြုံးလိုက်တဲ့အခိုက်အတန့်၊ လက်သည်းခွံကြည်ကြည်လေးပေါ် Nail Glow ထပ်ထားလို့ ပန်းရောင်ကြည်တောက်တောက်လေး ဖြစ်နေတာရယ်၊ အပြုံးကြည်ကြည်လေးတွေရယ်၊ မရဲ့မျက်နှာကြည်ကြည်လေးရယ်က သျှားဖြူဆိုတဲ့ကောင်မလေးအတွက် မှော်ဆေးတစ်ခွက်ပဲ။ ကျောက်ရုပ်လေးကိုဖြစ်လို့။

ဟုတ်ပါတယ်၊ သျှားဖြူက မကို မြင်ရတဲ့အကြိမ်ရေမများခင်လေးမှာ ချစ်မိသွားခဲ့ပြီ။

"ကျေးဇူးတင်ပါတယ်။ လိုအပ်တာရှိရင် Touch the bells ပါနော် မမ။"

"အိုခေ၊ အဲဒါလေးတွေလည်း မိုက်တယ်။"

"Thank you so much."

သျှားဖြူပြောသည့် ခေါင်းလောင်းလေးတွေဆိုသည်မှာ Aeolian bells ကို ဆိုလိုလိုက်ခြင်းဖြစ်သည်။ ဖန်ပုလင်းတစ်ခုအား အောက်ဘက်နားဖြတ်ထားပြီး အထဲမှနေ၍ ဖန်ခေါင်းလောင်းလေးများကို ကြိုးနှင့်တွဲလောင်းချထားသော Wind chimes များက အပေါ်ထပ်စားပွဲတစ်ဝိုင်းစီ၏အပေါ်တွင် ချိတ်ထားလျက်။ ထိလိုက်၍ထွက်လာသောအသံမှာ သာသာယာယာရှိပြီး မည်သည့်ဝိုင်းမှခေါ်သည်ကို လှုပ်ခတ်နေမည့်ခေါင်းလောင်းလေးများကြောင့် သိရှိနိုင်ပေသည်။ ဤသည်မှာလည်း သျှားဖြူ၏ idea တစ်ခုပင်။

ဆိုင်အတွက်ဝေဖန်အကြံပြုချက်များတွင် မေးခွန်းများကို စိတ်ဝင်တစားဖြည့်ပေးသည့်အခါ ဖြည့်ထားသည့်နံပါတ်အရေအတွက်အလိုက် ယနေ့အတွက်ကျသင့်ငွေကို ငါးရာခိုင်နှုန်းမှ ငါးဆယ်ရာခိုင်နှုန်းအထိ Discount ပေးခြင်းကိုလည်း စတင်ပြုလုပ်နေသည်မှာ ဒုတိယနေ့ဖြစ်သည်။

'Promotion ပါဆိုပြီး မအတွက် ဆိုင်ရှင်ကောင်မလေးကို လက်ဆောင်ယူသွားပါလို့ ပြောလိုက်ရ။'

မိမိအတွေးနှင့်ပင် သျှားဖြူတစ်ယောက် အူမြူးနေမိသည်။

'အမလေးဟယ်၊ မိသျှားရေ ... နင်က စပ်စလူးနတ်ပူးနေတယ်။ မက လုံးဝအငြိမ်ဇယား၊ တည်ငြိမ်သူကြီး။ နင့်အစား ငါရင်လေးတယ်။ အချိုးတွေပြင်ပြီး ဣန္ဒြေရရနေစမ်း။'

မိမိကိုယ်ကိုလည်း ဆုံးမနေရသေးသည်။ သျှားဖြူဆိုသည်မှာ ခေတ်မီ၍ငယ်ရွယ်သူဖြစ်သောကြောင့် စိတ်ဝင်စားနေသည့်ကောင်လေးများလည်း ရှိပါသည်။ ထိုအထဲတွင်မှ ရွေးချယ်သင့်သည့်၊ ရွေးချယ်မည်ဆိုလျှင် ရွေးချယ်နိုင်စရာ ကောင်ငယ်လေးများနှင့် အစ်ကိုကြီးများရှိနေပါလျက် အဘယ်ကြောင့် ရင်ခုန်သံ Key change သွားသည်ကို မသိတော့ပါ။

'မိသျှားတို့ရင်ခုန်သံက Female version သီးသန့်ပါ။'

သျှားဖြူတစ်ယောက် ထိန်းနေရင်းမှပင်ဘရိတ်မမိတော့သည့် သူမ၏စိတ်အစဉ်ကို ရယ်မိတော့သည်။ သူမရောဂါသည် 'မ'ဆိုသည့်နတ်ဘုရားမှသာ ကုစားနိုင်မည်ဖြစ်လတ္တံ့။

နေ့စဉ် ကောင်တာတွင်ထိုင်တတ်သည့်သျှားဖြူကို ဆိုင်ပိုင်ရှင်ဟု အလွယ်တကူတွက်ဆနိုင်ပေမည်။ ယနေ့တွင်တော့ ကောင်တာတွင်ထိုင်ကာ ငွေရှင်းပေးရန်လည်းစိတ်မပါခဲ့။ သျှားဖြူမရှိလျှင်ကောင်တာကိုင်သည့် အစ်ကိုကသာ လာရောက်ကူညီပေးနေရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ဆိုင်ရှင်မှာ သီးသန့်ဝိုင်းအတွက် စားပွဲထိုးသွားလုပ်ပြီးနောက်တွင် စိတ်အခြေအနေ မူမမှန်တော့၍ပင်။ ဧည့်သည်တစ်ယောက်ကို ငွေရှင်းပေးပြီးနောက် ထိုအစ်ကိုက သျှားဖြူအနားသို့တိုး၍

"Bossy, အခြေအနေကောင်းရဲ့လား။ အစ်ကိုတို့ကို လခထုတ်ပေးပြီးမှ ရူးနော်။"

ထိုအခါမှ သျှားဖြူက စူပုပ်ပုပ်မျက်နှာ၊ မကြည်ကြည့်တို့နှင့်အတူ

"ရူးသွားရင် အစ်ကိုတို့တွေအိမ်တွေမှာ တစ်လှည့်စီလိုက်နေမှာပါနော်။"

"အမလေး Bossy ရယ်၊ မုန့်ဖိုးနဲ့တင် မွဲရချည်ရဲ့ဗျာ။"

"အဟီး"

ထိုအစ်ကိုကိုသွားဖြဲပြပြီး စိတ်ကူးများနှင့်ဆက်ရူးနေသော သျှားဖြူကို ကောင်တာတွင်ပြန်ထိုင်နေကတည်းက လှမ်းကြည့်ပြီး ပြုံးနေသူတစ်ယောက်လည်း ရှိပါ၏။

🥀 by Demon
23 Jan 2022

■■■ အပိုင်း (၃) ဆက်ရန် ■■■
© Demon ,
книга «Rosy Ruin (ႏွင္းဆီေရာင္ ပ်က္ကိန္း / နှင်းဆီရောင် ပျက်ကိန်း)».
Коментарі