01
02
03
04
05
06
07
08
09
10
01
ေပ်ာ္႐ႊင္စြာရယ္ေမာေနသည့္ လူတစ္ဦးထံ၌ နာက်င္စရာမည္မၽွေလာက္ သိုဝွက္ထားသနည္း။ ဝမ္းနည္းစြာ တိတ္တဆိတ္ငိုေႂကြးျခင္းဟာ တစ္စုံတစ္ဦး ကို လာေရာက္ေခ်ာ့ျမဴေစလိုျခင္းပင္ မဟုတ္လား။

ေမွာင္မဲေနသည့္အခန္းထဲတြင္ တိုးသဲ့သဲ့ငို႐ႈိက္သံတစ္ခုသာ ႀကီးစိုးလ်က္ရွိသည္။
ဝမ္းနည္းျခင္း၊ သိမ္ငယ္ျခင္းတို႔ ေရာယွက္ေနသည့္ ငိုသံမ်ားဟာ က်ယ္ေလာင္စြာထြက္လာဖို႔လည္း မဝံ့ရဲခဲ့။

*ေတာက္*

မီးဖြင့္သံႏွင့္အတူ တစ္ခန္းလုံးလင္းထိန္သြားသည္ေၾကာင့္ ႐ုတ္တရက္ မ်က္လုံးမွိတ္ပစ္လိုက္မိသည္။

'ဘယ္သူမီးဖြင့္လိုက္တာလဲ'

အလင္းေရာင္ႏွင့္ ေနသားက်ေအာင္ႀကိဳးစားၿပီး မ်က္လုံးဖြင့္ကာ တရားခံအား ရွာၾကည့္လိုက္သည္။ တံခါးဝတြင္ ေၾကာင္ေၾကာင္ေလးရပ္ၾကည့္ေနသူကား ...

"မ!!!! "

တအံတၾသေခၚမိလိုက္ေတာ့ မိမိိပုံစံအားၾကည့္ရင္း မ,က သေဘာတက် ရယ္လို႔ေနသည္။

"လာ ဒီကိုလာခဲ့ငယ္"

မ ,ဆိုေသာ လူသားဟာ သၽွားကိုငိုေစႏိုင္ၿပီး အျပံဳးတစ္ခ်က္နဲ႔လည္း ေခ်ာ့ႏိုင္ေလရဲ႕။
ေဟာ၊ အခုလည္း အမိန္႔ေတြနဲ႔ သူကပဲေခၚေနျပန္ၿပီ။
သိပ္လည္းစိတ္မၾကည္ေသးသည္မို႔ ႏႈတ္ခမ္းဆူဆူျဖင့္ ထသြားလိုက္သည္။

အနားေရာက္ေတာ့ မ်က္ႏွာေပၚမွ မ်က္ရည္စလက္က်န္တို႔အား တယုတယသုတ္ေပးရင္း လူကိုစိုက္ၾကည့္ေနသည္က ကိုယ္ကပဲ အျပစ္ရွိေနသေယာင္။

"ေျပာပါဦး ဘာလို႔မ်ားငိုေနသလဲ ငယ္"

"မ မလာေတာ့ဘူး ထင္လို႔ေလဘယ္အခ်ိန္ပဲရွိေနၿပီလဲ အခုက။ မနက္ဆယ္နာရီေတာင္ရွိေတာ့မယ္ ဟြန္႔"

ေခါင္းငုံ႔ၿပီးေျဖသည့္မိမိအား သေဘာမက်ဟန္ျဖင့္ ေမးမွဆြဲေမာ့ၿပီး မ်က္လုံးခ်င္းအၾကည့္ဆုံေစသည္။ စူးရွသည့္အၾကည့္တို႔အား ရင္မဆိုင္ရဲသလို အၾကည့္လႊဲမိေတာ့ ရရွိလိုက္သည္က တစ္စကၠန္႔စာအနမ္းေႏြးေႏြးတစ္ခု။

"ေနာက္ကို အဲ့လို အၾကည့္မလႊဲသြားနဲ႔။ အကယ္၍ မ က ေနာက္က်တယ္ဆို ငယ္က ဖုန္းဆက္လို႔ရတယ္။ စိတ္ဆိုးလို႔လည္းရတယ္။ ဒါေပမဲ့ မငိုရဘူး။ ဟုတ္ၿပီလား"

"ဟုတ္"

သိေနသားပဲ၊ အရည္ေပ်ာ္ေအာင္ အေျပာေတြနဲ႔ေခ်ာ့ေတာ့မယ္ဆိုတာ။

အဟိ

မိမိအား လက္မွဆြဲေခၚသြားရင္း ထိုင္ခုံမွာထိုင္ေစၿပီး ဘယ္ကေပၚလာမွန္း သတိမထားမိသည့္ cake ပုံးကား စားပြဲေပၚတြင္ အက်အနရွိေနလ်က္။

"ဘာေတြရယ္ေနျပန္တာလဲ။ လာခဲ့ cake ယူခဲ့တယ္။ အသက္ႏွစ္ဆယ္ျပည့္မွာ ေပ်ာ္႐ႊင္ပါေစ"

"cake? သၽွားအတြက္လား။ မ က ေမ့ေနတာမဟုတ္ဘူးလား။ မေမ့ဘူးေပါ့။ အဲ့လိုလား"

အူေၾကာင္ေၾကာင္မိမိပုံစံက မအတြက္ ရယ္စရာမ်ားျဖစ္ေနသလား။ အခုေလးတင္ မ ရယ္တာ ႏွစ္ႀကိမ္ရွိေနၿပီျဖစ္သည္။

"အ႐ူးေလး ဘယ္လိုလုပ္ေမ့ရဲမွာလဲ။ အေသအခ်ာေလး မွတ္ထားရတာပါရွင့္။
လာ ဖေယာင္းတိုင္ထြန္း"

"ႏွစ္ဆယ္ျပည့္ဆိုေတာ့ အတိုင္ႏွစ္ဆယ္ထြန္းရမွ ေက်နပ္မယ္ "

"ကေလးလား မင္းက "

ေခါင္းေပၚေရာက္လာသည့္ မ လက္အားဖမ္းဆုပ္ၿပီး ဝဲဘက္ရင္အံုေပၚတင္ၿပီး မကို ေစ့ေစ့ၾကည့္လိုက္သည္။

"အြန္း ကေလးေလး ။မရဲ႕ ကေလးေလး"

"ဟက္!"

ခ်ိဳ​ၿမိန္တယ္လို႔ခံစားရတဲ့အခါ လူႏွစ္ဦးမွာ အျပံဳးကိုယ္စီနဲ႔ေပါ့။ သူျပံဳးတာကိုယ့္ေၾကာင့္ျဖစ္ၿပီး ကိုယ္ျပံဳးရယ္တာဟာ သူ႔အတြက္။
ရယ္သံတို႔အားေႏွာင့္ယွက္ရန္အတြက္ ဖုန္းသံက်ယ္က်ယ္ထြက္လို႔လာသည္။

"ငယ္! မ ဖုန္းေျပာလိုက္ဦးမယ္ေနာ္"

"ဟုတ္"

ခဏထသြားၿပီး ဖုန္းေျပာေနသည္က အဆင္ေျပဟန္မတူ။ ေသခ်ာသည္က ဒီလိုေန႔မ်ိဳးမွာေတာင္ မ က အားလပ္ေသးမယ္မထင္ဘူး။

"ငယ္ေရ၊ မ ေလ အိမ္ျပန္ရမယ္။ မရဲ႕အေဖက အေရးတႀကီးေခၚေနလို႔။ ရမလား ငယ္"

ဖုန္းခ်ၿပီးသည္ႏွင့္ေမးလာသည္က မိမိအထင္ႏွင့္တစ္ထပ္တည္းပင္။ မရဘူးေျပာရင္ေရာ သူက မသြားဘူးတဲ့လား။ အေျပာခ်ိဳခ်ိဳေတြႏွင့္သာ
ႏွစ္သိမ့္ၿပီး သြားလိုက္ျပန္ဦးမည္။ သြားမွာခ်င္းအတူတူ သၽွားတို႔ စကားမမ်ားၾကသည္က ပိုေကာင္းသည္။
ထို႔ေၾကာင့္ အျပံဳးတစ္ပြင့္ႏွင့္ပဲ မ အား ႏႈတ္ဆက္လိုက္သည္။

သေဘာထားႀကီးပါသည္ေပါ့....။

........................................................

'ဘာအတြက္မ်ား အေဖေဒါသထြက္သလဲ။ ဘာလို႔ခ်က္ခ်င္း အိမ္ျပန္လာဖို႔လိုသလဲ'

စဥ္းစားၾကည့္ေသာ္လည္း အေၾကာင္းအရင္းကားရွာမရေပ။ အလုပ္မ်ားလည္း အဆင္ေျပေနသည္။ ေမ့ေနသည္မ်ိဳး တစ္ခုခုလည္းမရွိ။
အရာရာေထာင့္ေစ့သည့္ကိုယ္ဟာ ဘာေတြမ်ား အမွားလုပ္ထားမိသလဲ။
မဟုတ္မွ ငယ့္အေၾကာင္းကို သိသြားခဲ့ၿပီလား။
မသကၤာစိတ္ျဖင့္ ေဘးနားကကားေမာင္းေနသည့္ မိမိလက္ေထာက္အား
ၾကည့္မိေတာ့လည္း မလႈပ္မယွက္။

ငယ္..... သူမဟာ ငယ္႐ြယ္လြန္းေသးသည္။ အသက္အ႐ြယ္ကား လူငယ္အ႐ြယ္ရွိလၽွင္ေတာင္ သူမ၏စိတ္အသက္မွာ ကေလးသာသာ။

ေနာက္က်တတ္သည့္ကိုယ့္အေၾကာင္း သိေနတာေတာင္ ငိုေနတတ္သည့္သူ။ ဘယ္လိုမ်ား ခရီးၾကမ္းတစ္ခုကို အတူေခၚသြားရပါလိမ့္။
အကယ္၍မ်ား.... မိသားစုကသာေႏွာင့္ယွက္ခဲ့ရင္ ကိုယ္.. မင္းကို လႊတ္မခ်ေပးဖို႔ အတၱဆန္ဆန္ေတာင္းဆိုခ်င္လိုက္တာ....။

ေရွ႕ျပန္ၾကည့္မိလိုက္မွ ရဲမ်ားစစ္ေဆးေနသည္ကို သတိထားမိသည္။
ကား၊ ဆိုင္ကယ္ အားလုံးအားစစ္ေဆးေနသည္မို႔ တန္းစီၿပီး တစ္စီးခ်င္းစီသြားေနရသည္။

'ဘာလဲ၊ ဘာေတြ အနံ႔ခံမိသြားျပန္ၿပီလဲ။ ဟက္! စိတ္ဝင္စားစရာေလးေတြ လာေတာ့မွာပဲ'

"ရိပ္၊ ဒီကို ဖုန္းခဏေပး"

ေဘးမွဖုန္းလွမ္းေတာင္းရင္း camera ျဖင့္ လူတစ္ဦးထံ အေသအခ်ာခ်ိန္႐ြယ္ထားလိုက္သည္။

ဘယ္သူက ငါးလဲဆိုတာ ကိုယ့္အတြက္မွန္းရလြယ္ပါတယ္။ ပိုက္ကြန္ေတာင္ အဆင္သင့္ျဖန္႔ထားေသးသည္ေလ။

အိတ္လြယ္ထားေသာအမ်ိဳးသမီးအနားတြင္ ရပ္ေနေသာလူ၏ပုံစံကား မၿငိမ္မသက္။
မသိမသာျဖင့္ ထိုအမ်ိဳးသမီးအိတ္ထဲသို႔ အထုပ္တစ္ထုပ္ထည့္လိုက္ၿပီးမွ ခပ္ခြာခြာေနလိုက္ျပန္သည္။

"ဟက္ ေပ်ာ္စရာမေကာင္းဘူး"

အမိအရရိုက္ယူလိုက္ေသာ ဓာတ္ပုံအား ၾကည့္ၿပီး ဖုန္းအားျပန္ပစ္ေပးလိုက္သည္။

"အဲ့လူကို ထပ္ၿပီးေဆးမေရာင္းနဲ႔။ နစ္နာသူမိသားစုကို ဂ႐ုစိုက္ေပးလိုက္။ အေစာကလူ ကူကယ္ရာမရတဲ့အေျခအေနကို လိုခ်င္တယ္ "

"ဟုတ္"

ကားေပၚတြင္ လူႏွစ္ဦးရွိေသာ္လည္း တစ္ဦးကား စက္႐ုပ္ကဲ့သို႔။ တစ္ဦးကား စိတ္အေျခအေနေကာင္းမေန။ စိတ္ရႈပ္စရာမ်ားေလေလ ဝတ္ထားသည့္ ျမန္မာဝတ္စုံက စိတ္က်ဥ္းက်ပ္ေစေလေလ။

"ေခါင္းကိုက္လာလို႔ နည္းနည္းအိပ္မယ္။ ေရာက္ရင္ႏႈိး"

ရိပ္အားမွာလိုက္ၿပီး မ်က္လုံးတို႔မွိတ္လိုက္သည္။ တခ်ိဳ႕ေသာျမင္ကြင္းတို႔အား ၾကည့္ခ်င္စိတ္တို႔ရွိမေနခဲ့ေပ။

မူးယစ္ေဆး....။ အကယ္၍မ်ား ထိုအမ်ိဳးသမီးက မူးယစ္ေဆးမႈနဲ႔ ေထာင္က်သြားခဲ့ရင္ေရာ။
သူမဟုတ္ေၾကာင္း ဘယ္ေလာက္ျငင္းေလမလဲ။ မွားယြင္းစြပ္စြဲခံရေၾကာင္း ရွင္းျပေလမလဲ။
ဘယ္သူကေရာ... သူမေျပာသည္ကို ယုံၾကမလဲ။ သူမကိုယ္သူမ ကယ္ဖို႔အစြမ္းအစ ရွိမလား။ မရွိဘူးလား။

တစ္ပါးသူကိုဒုကၡပစ္ေပးလိုက္သည့္ ထိုလူကေရာ၊ ေနာင္တရႏိုင္မလား။ အျပစ္ရွိစိတ္တို႔ရွိေနမလား။ အိမ္မွာ သူမရွိပါက မျဖစ္လို႔မ်ားလား။
ဆိုပါက ထိုအမ်ိဳးသမီးတြင္ေရာ မိသားစုရွိမေနလို႔လား။

ထားပါေတာ့......။ အရာအားလုံးကို ေခါင္းထဲထည့္ထားဖို႔ ငါ့ေခါင္းဟာ အမႈိက္ပုံးတစ္ခု ဟုတ္မေနခဲ့ဘူး။

မိမိကိုယ္တိုင္ေတာင္ ျပႆနာတစ္စုံတစ္ရာ ေစာင့္ႀကိဳေနမည့္အိမ္ကို ဝမ္းပမ္းတသာ ျပန္ေနခဲ့သည္မဟုတ္လား။

🥀 by J-moe-Z

ကၽြန္ေတာ့္အျမင္အရေျပာရရင္
အခ်စ္ဆိုတာ အရည္တစ္ခုနဲ႔တူတယ္။

အရည္ရဲ႕ပံုသ႑ာန္ကို သူ႔ကိုထည့္တဲ့ခြက္က သတ္မွတ္ေပးတယ္။
ရယူျခင္းလို႔သတ္မွတ္ရင္ အခ်စ္ကရယူျခင္းပဲ။
သိမ္းပိုက္ျခင္းလို႔သတ္မွတ္ရင္ အခ်စ္ဆိုတာ သိမ္းပိုက္ျခင္း။
တစ္ဖက္က အလိုတူျခင္း၊ မတူျခင္းကို ထည့္စဥ္းစားတတ္တာကေတာ့ ဆင္ျခင္တံုတရားနဲ႔ သက္ဆိုင္မလား။

ကၽြန္ေတာ္ကေတာ့ ႏွလံုးသားမွာျပည့္သြားလို႔ ဦးေႏွာက္မွာဗလာျဖစ္ေနတဲ့ သဲနာရီနဲ႔တူတယ္။

.....

ရည္ရြယ္ခ်က္ရွိရွိမလုပ္ေသာ္ျငား သူ႔မ်က္ဝန္းတစ္ဝင့္သည္ ကၽြန္ေတာ့္စကၡဳအာ႐ံုကိုထိ၏။
လိုလိုလားလားမဟုတ္ေသာ္ျငား သူ႔အသံခပ္လြင့္လြင့္သည္ ကၽြန္ေတာ့္ေသာတအာ႐ံုသို႔ ရိုက္ခတ္၏။
သူ႔အနားတိုးကပ္မိစဥ္တြင္ကား သူ႔သင္းရနံ႔တစ္ပြင့္သည္ ကၽြန္ေတာ့္ဂႏၶအာ႐ံုထံ ေရာက္ရွိလာ၏။

အာ႐ံုငါးပါးအနက္မွ က်န္ႏွစ္ပါးသည္ အႏုတ္လကၡဏာဆန္ေသာ္ျငား ကၽြန္ေတာ့္အဖို႔မွာ ႏွစ္သက္ဖြယ္ရာတစ္မ်ိဳးပင္။
သူ၏လက္ႏုႏုက ကၽြန္ေတာ့္ပါးေပၚေရာက္လာသည့္ ခပ္ျပင္းျပင္းအထိအေတြ႕အာ႐ံုတြင္ ညႇီစို႔ငံက်ိေသာရသာ႐ံုကို ကၽြန္ေတာ္ခံစားမိပါ၏။

"ေအာက္တန္းစား"

သူ႔စကား မွန္ေပသည္။ ကၽြန္ေတာ္ မျငင္းမိပါ။ မၾကာမီအခ်ိန္အတြင္းျဖစ္ေပၚလာမည့္ အျပဳအမူမ်ားအတြက္ရည္ရြယ္၍ သူ႔စကားကို မေခ်ပခဲ့ပါ။ ကၽြန္ေတာ္ၾကည့္ေနစဥ္မွာပင္ သူ၏လႈပ္ရွားမႈမ်ားက ေႏွးေကြးေလးလံလာခဲ့ၿပီ။ အမွန္တကယ္ဤသို႔ျဖစ္ရမည္မွာ လြန္ခဲ့ေသာငါးမိနစ္ခန္႔ကပင္ျဖစ္သည္။ သူသည္ကေတာ့ သူ၏ခႏၶာကိုယ္ကိုထိန္းခ်ဳပ္၍ ကၽြန္ေတာ့္ကိုခုခံေနခဲ့သည္။ ယခုတြင္ေတာ့ အခ်ည္းႏွီးသာျဖစ္သြားေလၿပီ။

"အခ်စ္က အစစအရာရာသိပ္ေတာ္တာပဲ။ ဒီလူကိုျပဳစားလိုက္တဲ့ေနရာမွာေတာ့ တစ္ဖက္ကမ္းခတ္ေပါ့။ အိပ္မက္ေတြေပးခဲ့ၿပီး ဘာလို႔မ်ားလႈပ္ႏႈိးလိုက္တာလဲ။ အဲဒီအိပ္မက္ေလးေတြကို ကိုယ္ျပန္မက္ခ်င္ေသးတယ္၊ မင္းနဲ႔အတူတူေလ။"

အိပ္မက္ေတြသည္ လက္ေတြ႕မဆန္ေၾကာင္း ကၽြန္ေတာ္သိသည္။ သို႔ေသာ္ ထိုအိပ္မက္မ်ားကို လက္ေတြ႕အျဖစ္ဖန္တီးရန္ ကၽြန္ေတာ္ႀကိဳးစားခဲ့ၿပီးၿပီ။
သူႏွင့္အတူလွမ္းမည့္အိပ္မက္လမ္းကို ကၽြန္ေတာ့္အတၱတစ္ခုႏွင့္သာ စတင္လိုက္သည္။ ေက်နပ္ျခင္း၊ ေပ်ာ္ရႊင္ျခင္း၊ လြင့္ေမ်ာခံစားမႈတို႔ေၾကာင့္ သူ၏ခံစားခ်က္မ်ားကို မျမင္ႏိုင္ေတာ့ပါ။ ကၽြန္ေတာ့္သာယာမႈတြင္သာ စိတ္လိုလက္ရစီးဝင္လိုက္မိသည္။
အခ်စ္တစ္ခုႏွင့္အမုန္းတစ္ခုတို႔ ထိပ္တိုက္ဆံုသည့္ပြဲတြင္ မတရားမႈမ်ားအႏိုင္ရ၍ အမုန္းတရားမ်ား ႀကီးထြားပါေစေတာ့။

......

အခ်စ္ဆိုတာ သိမ္ေမြ႕တယ္၊ ႏူးညံ့တယ္။
တစ္ခါတစ္ရံအတၱဆန္ေပမဲ့ အခ်စ္မွာ ယုတ္ညံ့မႈမပါဘူးလို႔ ထင္ပါတယ္။

သက္ရွိသက္မဲ့ဘာကိုမဆို ကိုယ္သေဘာက်မိတယ္ဆိုရင္ ပ်က္စီးသြားမွာကိုေၾကာက္တတ္ၾကတယ္။
ဆံုး႐ႈံးမသြားရေအာင္ ကာကြယ္ခ်င္ၾကတယ္။
အခ်စ္ခံရတာကို လူတိုင္း(နီးပါး)ႀကိဳက္ၾကေပမဲ့ အမ်ားအားျဖင့္ေတာ့ သိမ္ေမြ႕ႏူးညံ့ျခင္းနဲ႔ပဲ ယွဥ္တြဲေနပါလိမ့္မယ္။

တခ်ိဳ႕အခ်စ္ေတြကေတာ့ ဆူးေတြရွိတတ္လို႔ ကိုင္တြယ္ရမလြယ္တဲ့ ႏွင္းဆီေတြနဲ႔တူတယ္။

.....

ကိုယ့္ကိုခ်စ္လာပါေစေတာ့ရယ္ဟု မည္သည့္အခ်ိန္တြင္မွ မရည္ရြယ္ခဲ့ဖူးပါ။ သူတစ္ေယာက္တည္းသာခံစား၍ သူတစ္ဦးတည္းသာသတ္မွတ္လိုက္သည့္ ထိုအခ်စ္သည္ တစ္ဖက္သတ္ဆန္လြန္းလွေပသည္။ အခ်စ္ႏွင့္ပတ္သက္လၽွင္ ဖြင့္ဟသူႏွင့္ၾကားနာသူ လားရာမတူသည့္အခါ တစ္ဦးတစ္ေယာက္သည္ကေတာ့ နာက်င္ရမည္ကို လူတိုင္းသိႏိုင္ၾကသည္ ... ထိုသူတစ္ဦးမွအပ။

ဤမၽွေလာက္သတိလက္လြတ္ႏိုင္ျခင္းမ်ိဳး မိမိဘဝတြင္ ျဖစ္ခဲလွသည္။ တစ္ႀကိမ္တစ္ခါသတိမကပ္မိခ်ိန္တြင္ ဘဝတစ္ခုလံုးေျဗာင္းဆန္ရေတာ့မည္။ မႏွစ္ၿမိဳ႕ျခင္းကို အဓိပၸါယ္ဖြင့္ရလၽွင္ ေဆာ့ခ်င္ေနသည့္ကေလးတစ္ေယာက္ကို အတင္းအဓမၼအိပ္ခိုင္းျခင္းႏွင့္လည္း မတူညီပါ။ စာေမးပြဲမေျဖမီညတြင္ စာမရေသးသည့္အခ်ိန္ အိပ္ခ်င္လာသည့္ခံစားခ်က္ႏွင့္လည္း မတိုက္ဆိုင္ခဲ့။ မိမိမလုပ္သည့္အျပစ္ကို စြပ္စြဲခံရၿပီး ေျဖရွင္းမရသည္ႏွင့္လည္း ထပ္တူမက်ႏိုင္။

"ေအာက္တန္းစား"

မႏွစ္ၿမိဳ႕ျခင္း၊ ရြံရွာျခင္း၊ မုန္းတီးျခင္း၊ စသည့္ အဆိုးျမင္ျခင္းေပါင္းမ်ားစြာႏွင့္ ႏႈတ္ျဖင့္သာမက လက္ျဖင့္ပါခုခံလိုက္သည္။ ဤသည္က မိမိတြင္က်န္ရွိေသာ ေနာက္ဆံုးအင္အားဟု သိလိုက္ရခ်ိန္တြင္ အခ်ိန္ေတြကိုသာ ေနာက္ျပန္လွည့္ခ်င္မိေတာ့သည္။ ဤကဲ့သို႔စိတ္ကူးယဥ္ဆန္ျခင္းမ်ိဳးကို မည္သည့္အခါတြင္မွ သေဘာမက်ေသာ္လည္း ယခုတြင္ေတာ့ စိတ္ကူးမိပါသည္။ အခ်ိန္မ်ားကိုေနာက္ျပန္လွည့္၍ ထိုလူယုတ္မာႏွင့္မဆံုျဖစ္ရန္ ျပင္ဆင္လိုက္ခ်င္ပါသည္။

ရူးေၾကာင္ေၾကာင္တစ္ဖက္သတ္အေတြးတို႔ကို တတြတ္တြတ္ေရရြတ္ေနသည့္ ထိုလူသည္ မေကာင္းဆိုးဝါးတစ္ေကာင္ က်ိန္စာတိုက္ေနသည္ႏွင့္ပင္ တူေလ၏။ သူ၏အေတြး၊ သူ၏ဆံုးျဖတ္ခ်က္၊ သူ၏အျပဳအမူမ်ား ေအာင္ျမင္ျခင္းေနာက္တြင္ ခႏၶာကိုယ္မွနာက်င္မႈထက္ အတြင္းအဇၩတၱမွ ထိခိုက္ခံစားရမႈက အဆံုးမဲ့ပင္။

မိမိ၏အရွက္တရား၊ ဂုဏ္သိကၡာ၊ မာန၊ အလံုးစံုေသာဘဝတည္ေဆာက္မႈတို႔ကို ထိပါးခံလိုက္ရသည္က ဘဝလမ္းဆံုးမွေခ်ာက္ကမ္းပါးအစြန္းတြင္ ခပ္ယဲ့ယဲ့ရပ္ေနရသကဲ့သို႔ ေမၽွာ္လင့္ခ်က္မဲ့လြန္းလွသည္။ တန္ဖိုးထားျမတ္ႏိုးစရာတစ္ခု ကိုယ္တိုင္၏ေပါ့ေလ်ာ့မႈေၾကာင့္ ပ်က္စီးသြားသည္မွာ ေျဖဆည္မရႏိုင္ပါ။ ထိုထပ္ပိုသည္က ဖ်က္ဆီးခဲ့သူမွာ ရန္သူလည္းမဟုတ္သည့္အျပင္ ရင္းႏွီးေနသည့္သူျဖစ္၍ ပို၍ပင္မုန္းတီးမိသည္။
ႏူးညံ့သိမ္ေမြ႕ျခင္းတစ္ခုကို အသြင္ယူ၍ ယုတ္ညံ့ျခင္းအမႈကို က်ဴးလြန္ခဲ့ျခင္းပင္။

.....

Homosexualiy

လက္သင့္မခံႏိုင္တဲ့သူေတြက ရြံရွာစရာတစ္ခု၊ ေလွာင္ေျပာင္စရာတစ္ခု၊ ႐ႈံ႕ခ်စရာတစ္ခုလို သတ္မွတ္လိုက္ၾကတယ္။ လူလူခ်င္းခ်စ္တာတို႔၊ အခ်စ္မွာ လိင္သတ္မွတ္ခ်က္မရွိဘူးတို႔ ဘာဘာညာညာ ၾကားေနက်စကားေတြကို မေျပာခ်င္ေတာ့ပါဘူး။
ကိုယ့္ရဲ႕ sexual orientation (လိင္စိတ္တိမ္းညြတ္မႈ)က ဒီလိုသဘာဝမက်တာမ်ိဳးျဖစ္လာတဲ့အခါ ဝဋ္ေႂကြးဆိုရင္လည္း ေက်ေအာင္ဆပ္လိုက္မယ္။ မွားယြင္းမႈဆိုရင္လည္း ျပင္မရေတာ့ရင္ မွားတဲ့အေၾကာင္းဝန္ခံလိုက္မယ္။ ဘာလို႔လဲဆိုေတာ့ ကိုယ္တိုင္ရဲ႕လူသားသဘာဝက ဒီလိုျဖစ္တည္လာလို႔ပါပဲ။

ဆန္႔က်င္ျငင္းခုန္လိုစိတ္မရွိဘဲ လူ႔အဖြဲ႕အစည္းရဲ႕သတ္မွတ္ခ်က္ကို သူ႔ေနရာနဲ႔သူထားလိုက္ၿပီး ကိုယ့္စိတ္ခံစားခ်က္အတိုင္း ဆက္ေလၽွာက္လွမ္းမယ္။ ကိုယ့္ဘဝ၊ ကိုယ့္ဆံုးျဖတ္ခ်က္ကို ကိုယ္ပိုင္တာမို႔။

.....

ဒီလိုမ်ိဳး လိင္တူပတ္သက္မႈကို႐ႈံ႕ခ်ေနသူက ဆန္႔က်င္ဘက္လိင္အေပၚ လိင္မႈေဖာက္ျပားမႈတစ္ခုကို က်ဴးလြန္ခဲ့မယ္ဆိုပါစို႔။ ဒီလိုလူေတြကေရာ ရြံစရာမေကာင္းေပဘူးလား။ ဒီကိစၥကိုေရာ သဘာဝမို႔ျဖစ္တာလို႔ သတ္မွတ္လိုက္မွာလား။ တစ္ဖက္ကျမႇဴဆြယ္လို႔ျဖစ္ရတာလို႔ေရာ အျပစ္တင္ၾကဦးမွာလား။

လိင္တူျဖစ္ျဖစ္၊ လိင္ကြဲျဖစ္ျဖစ္ အလိုတူလို႔ေပါင္းသင္းၾကျခင္းမွာ ဘယ္လိုလူေတြမို႔ လိင္စိတ္ပိုထႂကြတယ္ဆိုတာမ်ိဳး ရွိေလသလား။
အလိုမတူဘဲ က်ဴးလြန္ျခင္းကို ခ်စ္လြန္းလို႔ျဖစ္သြားတာပါလို႔ ေခါင္းစဥ္တပ္ႏိုင္ပါသလား။

ခြင့္လႊတ္ႏိုင္တယ္ဆိုရင္ ကိုယ့္လာကိုက္တဲ့ျခင္ကို မသတ္မိေအာင္အရင္ႀကိဳးစားႏိုင္ပါေစ။

🥀 by Demon
16 Jan 2022

■■■ အပိုင္း (၂) ဆက္ရန္ ■■■

ပျော်ရွှင်စွာရယ်မောနေသည့် လူတစ်ဦးထံ၌ နာကျင်စရာမည်မျှလောက် သိုဝှက်ထားသနည်း။ ဝမ်းနည်းစွာ တိတ်တဆိတ်ငိုကြွေးခြင်းဟာ တစ်စုံတစ်ဦး ကို လာရောက်ချော့မြူစေလိုခြင်းပင် မဟုတ်လား။

မှောင်မဲနေသည့်အခန်းထဲတွင် တိုးသဲ့သဲ့ငိုရှိုက်သံတစ်ခုသာ ကြီးစိုးလျက်ရှိသည်။
ဝမ်းနည်းခြင်း၊ သိမ်ငယ်ခြင်းတို့ ရောယှက်နေသည့် ငိုသံများဟာ ကျယ်လောင်စွာထွက်လာဖို့လည်း မဝံ့ရဲခဲ့။

*တောက်*

မီးဖွင့်သံနှင့်အတူ တစ်ခန်းလုံးလင်းထိန်သွားသည်ကြောင့် ရုတ်တရက် မျက်လုံးမှိတ်ပစ်လိုက်မိသည်။

'ဘယ်သူမီးဖွင့်လိုက်တာလဲ'

အလင်းရောင်နှင့် နေသားကျအောင်ကြိုးစားပြီး မျက်လုံးဖွင့်ကာ တရားခံအား ရှာကြည့်လိုက်သည်။ တံခါးဝတွင် ကြောင်ကြောင်လေးရပ်ကြည့်နေသူကား ...

"မ!!!! "

တအံတသြခေါ်မိလိုက်တော့ မိမိပုံစံအားကြည့်ရင်း မ,က သဘောတကျ ရယ်လို့နေသည်။

"လာ ဒီကိုလာခဲ့ငယ်"

မ ,ဆိုသော လူသားဟာ သျှားကိုငိုစေနိုင်ပြီး အပြုံးတစ်ချက်နဲ့လည်း ချော့နိုင်လေရဲ့။
ဟော၊ အခုလည်း အမိန့်တွေနဲ့ သူကပဲခေါ်နေပြန်ပြီ။
သိပ်လည်းစိတ်မကြည်သေးသည်မို့ နှုတ်ခမ်းဆူဆူဖြင့် ထသွားလိုက်သည်။

အနားရောက်တော့ မျက်နှာပေါ်မှ မျက်ရည်စလက်ကျန်တို့အား တယုတယသုတ်ပေးရင်း လူကိုစိုက်ကြည့်နေသည်က ကိုယ်ကပဲ အပြစ်ရှိနေသယောင်။

"ပြောပါဦး ဘာလို့များငိုနေသလဲ ငယ်"

"မ မလာတော့ဘူး ထင်လို့လေ။ ဘယ်အချိန်ပဲရှိနေပြီလဲ အခုက။ မနက်ဆယ်နာရီတောင်ရှိတော့မယ် ဟွန့်"

ခေါင်းငုံ့ပြီးဖြေသည့်မိမိအား သဘောမကျဟန်ဖြင့် မေးမှဆွဲမော့ပြီး မျက်လုံးချင်းအကြည့်ဆုံစေသည်။ စူးရှသည့်အကြည့်တို့အား ရင်မဆိုင်ရဲသလို အကြည့်လွှဲမိတော့ ရရှိလိုက်သည်က တစ်စက္ကန့်စာအနမ်းနွေးနွေးတစ်ခု။

"နောက်ကို အဲ့လို အကြည့်မလွှဲသွားနဲ့။ အကယ်၍ မ က နောက်ကျတယ်ဆို ငယ်က ဖုန်းဆက်လို့ရတယ်။ စိတ်ဆိုးလို့လည်းရတယ်။ ဒါပေမဲ့ မငိုရဘူး။ ဟုတ်ပြီလား"

"ဟုတ်"

သိနေသားပဲ၊ အရည်ပျော်အောင် အပြောတွေနဲ့ချော့တော့မယ်ဆိုတာ။

အဟိ

မိမိအား လက်မှဆွဲခေါ်သွားရင်း ထိုင်ခုံမှာထိုင်စေပြီး ဘယ်ကပေါ်လာမှန်း သတိမထားမိသည့် cake ပုံးကား စားပွဲပေါ်တွင် အကျအနရှိနေလျက်။

"ဘာတွေရယ်နေပြန်တာလဲ။ လာခဲ့ cake ယူခဲ့တယ်။ အသက်နှစ်ဆယ်ပြည့်မှာ ပျော်ရွှင်ပါစေ"

"cake? သျှားအတွက်လား။ မ က မေ့နေတာမဟုတ်ဘူးလား။ မမေ့ဘူးပေါ့။ အဲ့လိုလား"

အူကြောင်ကြောင်မိမိပုံစံက မအတွက် ရယ်စရာများဖြစ်နေသလား။ အခုလေးတင် မ ရယ်တာ နှစ်ကြိမ်ရှိနေပြီဖြစ်သည်။

"အရူးလေး ဘယ်လိုလုပ်မေ့ရဲမှာလဲ။ အသေအချာလေး မှတ်ထားရတာပါရှင့်။
လာ ဖယောင်းတိုင်ထွန်း"

"နှစ်ဆယ်ပြည့်ဆိုတော့ အတိုင်နှစ်ဆယ်ထွန်းရမှ ကျေနပ်မယ် "

"ကလေးလား မင်းက "

ခေါင်းပေါ်ရောက်လာသည့် မ လက်အားဖမ်းဆုပ်ပြီး ဝဲဘက်ရင်အုံပေါ်တင်ပြီး မကို စေ့စေ့ကြည့်လိုက်သည်။

"အွန်း ကလေးလေး ။မရဲ့ ကလေးလေး"

"ဟက်!"

ချိုမြိန်တယ်လို့ခံစားရတဲ့အခါ လူနှစ်ဦးမှာ အပြုံးကိုယ်စီနဲ့ပေါ့။ သူပြုံးတာကိုယ့်ကြောင့်ဖြစ်ပြီး ကိုယ်ပြုံးရယ်တာဟာ သူ့အတွက်။
ရယ်သံတို့အားနှောင့်ယှက်ရန်အတွက် ဖုန်းသံကျယ်ကျယ်ထွက်လို့လာသည်။

"ငယ်! မ ဖုန်းပြောလိုက်ဦးမယ်နော်"

"ဟုတ်"

ခဏထသွားပြီး ဖုန်းပြောနေသည်က အဆင်ပြေဟန်မတူ။ သေချာသည်က ဒီလိုနေ့မျိုးမှာတောင် မ က အားလပ်သေးမယ်မထင်ဘူး။

"ငယ်ရေ၊ မ လေ အိမ်ပြန်ရမယ်။ မရဲ့အဖေက အရေးတကြီးခေါ်နေလို့။ ရမလား ငယ်"

ဖုန်းချပြီးသည်နှင့်မေးလာသည်က မိမိအထင်နှင့်တစ်ထပ်တည်းပင်။ မရဘူးပြောရင်ရော သူက မသွားဘူးတဲ့လား။ အပြောချိုချိုတွေနှင့်သာ
နှစ်သိမ့်ပြီး သွားလိုက်ပြန်ဦးမည်။ သွားမှာချင်းအတူတူ သျှားတို့ စကားမများကြသည်က ပိုကောင်းသည်။
ထို့ကြောင့် အပြုံးတစ်ပွင့်နှင့်ပဲ မ အား နှုတ်ဆက်လိုက်သည်။

သဘောထားကြီးပါသည်ပေါ့....။

........................................................

'ဘာအတွက်များ အဖေဒေါသထွက်သလဲ။ ဘာလို့ချက်ချင်း အိမ်ပြန်လာဖို့လိုသလဲ'

စဉ်းစားကြည့်သော်လည်း အကြောင်းအရင်းကားရှာမရပေ။ အလုပ်များလည်း အဆင်ပြေနေသည်။ မေ့နေသည်မျိုး တစ်ခုခုလည်းမရှိ။
အရာရာထောင့်စေ့သည့်ကိုယ်ဟာ ဘာတွေများ အမှားလုပ်ထားမိသလဲ။
မဟုတ်မှ ငယ့်အကြောင်းကို သိသွားခဲ့ပြီလား။
မသင်္ကာစိတ်ဖြင့် ဘေးနားကကားမောင်းနေသည့် မိမိလက်ထောက်အား
ကြည့်မိတော့လည်း မလှုပ်မယှက်။

ငယ်..... သူမဟာ ငယ်ရွယ်လွန်းသေးသည်။ အသက်အရွယ်ကား လူငယ်အရွယ်ရှိလျှင်တောင် သူမ၏စိတ်အသက်မှာ ကလေးသာသာ။

နောက်ကျတတ်သည့်ကိုယ့်အကြောင်း သိနေတာတောင် ငိုနေတတ်သည့်သူ။ ဘယ်လိုများ ခရီးကြမ်းတစ်ခုကို အတူခေါ်သွားရပါလိမ့်။
အကယ်၍များ.... မိသားစုကသာနှောင့်ယှက်ခဲ့ရင် ကိုယ်.. မင်းကို လွှတ်မချပေးဖို့ အတ္တဆန်ဆန်တောင်းဆိုချင်လိုက်တာ....။

ရှေ့ပြန်ကြည့်မိလိုက်မှ ရဲများစစ်ဆေးနေသည်ကို သတိထားမိသည်။
ကား၊ ဆိုင်ကယ် အားလုံးအားစစ်ဆေးနေသည်မို့ တန်းစီပြီး တစ်စီးချင်းစီသွားနေရသည်။

'ဘာလဲ၊ ဘာတွေ အနံ့ခံမိသွားပြန်ပြီလဲ။ ဟက်! စိတ်ဝင်စားစရာလေးတွေ လာတော့မှာပဲ'

"ရိပ်၊ ဒီကို ဖုန်းခဏပေး"

ဘေးမှဖုန်းလှမ်းတောင်းရင်း camera ဖြင့် လူတစ်ဦးထံ အသေအချာချိန်ရွယ်ထားလိုက်သည်။

ဘယ်သူက ငါးလဲဆိုတာ ကိုယ့်အတွက်မှန်းရလွယ်ပါတယ်။ ပိုက်ကွန်တောင် အဆင်သင့်ဖြန့်ထားသေးသည်လေ။

အိတ်လွယ်ထားသောအမျိုးသမီးအနားတွင် ရပ်နေသောလူ၏ပုံစံကား မငြိမ်မသက်။
မသိမသာဖြင့် ထိုအမျိုးသမီးအိတ်ထဲသို့ အထုပ်တစ်ထုပ်ထည့်လိုက်ပြီးမှ ခပ်ခွာခွာနေလိုက်ပြန်သည်။

"ဟက် ပျော်စရာမကောင်းဘူး"

အမိအရရိုက်ယူလိုက်သော ဓာတ်ပုံအား ကြည့်ပြီး ဖုန်းအားပြန်ပစ်ပေးလိုက်သည်။

"အဲ့လူကို ထပ်ပြီးဆေးမရောင်းနဲ့။ နစ်နာသူမိသားစုကို ဂရုစိုက်ပေးလိုက်။ အစောကလူ ကူကယ်ရာမရတဲ့အခြေအနေကို လိုချင်တယ် "

"ဟုတ်"

ကားပေါ်တွင် လူနှစ်ဦးရှိသော်လည်း တစ်ဦးကား စက်ရုပ်ကဲ့သို့။ တစ်ဦးကား စိတ်အခြေအနေကောင်းမနေ။ စိတ်ရှုပ်စရာများလေလေ ဝတ်ထားသည့် မြန်မာဝတ်စုံက စိတ်ကျဉ်းကျပ်စေလေလေ။

"ခေါင်းကိုက်လာလို့ နည်းနည်းအိပ်မယ်။ ရောက်ရင်နှိုး"

ရိပ်အားမှာလိုက်ပြီး မျက်လုံးတို့မှိတ်လိုက်သည်။ တချို့သောမြင်ကွင်းတို့အား ကြည့်ချင်စိတ်တို့ရှိမနေခဲ့ပေ။

မူးယစ်ဆေး....။ အကယ်၍များ ထိုအမျိုးသမီးက မူးယစ်ဆေးမှုနဲ့ ထောင်ကျသွားခဲ့ရင်ရော။
သူမဟုတ်ကြောင်း ဘယ်လောက်ငြင်းလေမလဲ။ မှားယွင်းစွပ်စွဲခံရကြောင်း ရှင်းပြလေမလဲ။
ဘယ်သူကရော... သူမပြောသည်ကို ယုံကြမလဲ။ သူမကိုယ်သူမ ကယ်ဖို့အစွမ်းအစ ရှိမလား။ မရှိဘူးလား။

တစ်ပါးသူကိုဒုက္ခပစ်ပေးလိုက်သည့် ထိုလူကရော၊ နောင်တရနိုင်မလား။ အပြစ်ရှိစိတ်တို့ရှိနေမလား။ အိမ်မှာ သူမရှိပါက မဖြစ်လို့များလား။
ဆိုပါက ထိုအမျိုးသမီးတွင်ရော မိသားစုရှိမနေလို့လား။

ထားပါတော့......။ အရာအားလုံးကို ခေါင်းထဲထည့်ထားဖို့ ငါ့ခေါင်းဟာ အမှိုက်ပုံးတစ်ခု ဟုတ်မနေခဲ့ဘူး။

မိမိကိုယ်တိုင်တောင် ပြဿနာတစ်စုံတစ်ရာ စောင့်ကြိုနေမည့်အိမ်ကို ဝမ်းပမ်းတသာ ပြန်နေခဲ့သည်မဟုတ်လား။

🥀 J-moe-Z

ကျွန်တော့်အမြင်အရပြောရရင်
အချစ်ဆိုတာ အရည်တစ်ခုနဲ့တူတယ်။

အရည်ရဲ့ပုံသဏ္ဍာန်ကို သူ့ကိုထည့်တဲ့ခွက်က သတ်မှတ်ပေးတယ်။
ရယူခြင်းလို့သတ်မှတ်ရင် အချစ်ကရယူခြင်းပဲ။
သိမ်းပိုက်ခြင်းလို့သတ်မှတ်ရင် အချစ်ဆိုတာ သိမ်းပိုက်ခြင်း။
တစ်ဖက်က အလိုတူခြင်း၊ မတူခြင်းကို ထည့်စဉ်းစားတတ်တာကတော့ ဆင်ခြင်တုံတရားနဲ့ သက်ဆိုင်မလား။

ကျွန်တော်ကတော့ နှလုံးသားမှာပြည့်သွားလို့ ဦးနှောက်မှာဗလာဖြစ်နေတဲ့ သဲနာရီနဲ့တူတယ်။

.....

ရည်ရွယ်ချက်ရှိရှိမလုပ်သော်ငြား သူ့မျက်ဝန်းတစ်ဝင့်သည် ကျွန်တော့်စက္ခုအာရုံကိုထိ၏။
လိုလိုလားလားမဟုတ်သော်ငြား သူ့အသံခပ်လွင့်လွင့်သည် ကျွန်တော့်သောတအာရုံသို့ ရိုက်ခတ်၏။
သူ့အနားတိုးကပ်မိစဉ်တွင်ကား သူ့သင်းရနံ့တစ်ပွင့်သည် ကျွန်တော့်ဂန္ဓအာရုံထံ ရောက်ရှိလာ၏။

အာရုံငါးပါးအနက်မှ ကျန်နှစ်ပါးသည် အနုတ်လက္ခဏာဆန်သော်ငြား ကျွန်တော့်အဖို့မှာ နှစ်သက်ဖွယ်ရာတစ်မျိုးပင်။
သူ၏လက်နုနုက ကျွန်တော့်ပါးပေါ်ရောက်လာသည့် ခပ်ပြင်းပြင်းအထိအတွေ့အာရုံတွင် ညှီစို့ငံကျိသောရသာရုံကို ကျွန်တော်ခံစားမိပါ၏။

"အောက်တန်းစား"

သူ့စကား မှန်ပေသည်။ ကျွန်တော် မငြင်းမိပါ။ မကြာမီအချိန်အတွင်းဖြစ်ပေါ်လာမည့် အပြုအမူများအတွက်ရည်ရွယ်၍ သူ့စကားကို မချေပခဲ့ပါ။ ကျွန်တော်ကြည့်နေစဉ်မှာပင် သူ၏လှုပ်ရှားမှုများက နှေးကွေးလေးလံလာခဲ့ပြီ။ အမှန်တကယ်ဤသို့ဖြစ်ရမည်မှာ လွန်ခဲ့သောငါးမိနစ်ခန့်ကပင်ဖြစ်သည်။ သူသည်ကတော့ သူ၏ခန္ဓာကိုယ်ကိုထိန်းချုပ်၍ ကျွန်တော့်ကိုခုခံနေခဲ့သည်။ ယခုတွင်တော့ အချည်းနှီးသာဖြစ်သွားလေပြီ။

"အချစ်က အစစအရာရာသိပ်တော်တာပဲ။ ဒီလူကိုပြုစားလိုက်တဲ့နေရာမှာတော့ တစ်ဖက်ကမ်းခတ်ပေါ့။ အိပ်မက်တွေပေးခဲ့ပြီး ဘာလို့များလှုပ်နှိုးလိုက်တာလဲ။ အဲဒီအိပ်မက်လေးတွေကို ကိုယ်ပြန်မက်ချင်သေးတယ်၊ မင်းနဲ့အတူတူလေ။"

အိပ်မက်တွေသည် လက်တွေ့မဆန်ကြောင်း ကျွန်တော်သိသည်။ သို့သော် ထိုအိပ်မက်များကို လက်တွေ့အဖြစ်ဖန်တီးရန် ကျွန်တော်ကြိုးစားခဲ့ပြီးပြီ။
သူနှင့်အတူလှမ်းမည့်အိပ်မက်လမ်းကို ကျွန်တော့်အတ္တတစ်ခုနှင့်သာ စတင်လိုက်သည်။ ကျေနပ်ခြင်း၊ ပျော်ရွှင်ခြင်း၊ လွင့်မျောခံစားမှုတို့ကြောင့် သူ၏ခံစားချက်များကို မမြင်နိုင်တော့ပါ။ ကျွန်တော့်သာယာမှုတွင်သာ စိတ်လိုလက်ရစီးဝင်လိုက်မိသည်။
အချစ်တစ်ခုနှင့်အမုန်းတစ်ခုတို့ ထိပ်တိုက်ဆုံသည့်ပွဲတွင် မတရားမှုများအနိုင်ရ၍ အမုန်းတရားများ ကြီးထွားပါစေတော့။

......

အချစ်ဆိုတာ သိမ်မွေ့တယ်၊ နူးညံ့တယ်။
တစ်ခါတစ်ရံအတ္တဆန်ပေမဲ့ အချစ်မှာ ယုတ်ညံ့မှုမပါဘူးလို့ ထင်ပါတယ်။

သက်ရှိသက်မဲ့ဘာကိုမဆို ကိုယ်သဘောကျမိတယ်ဆိုရင် ပျက်စီးသွားမှာကိုကြောက်တတ်ကြတယ်။
ဆုံးရှုံးမသွားရအောင် ကာကွယ်ချင်ကြတယ်။
အချစ်ခံရတာကို လူတိုင်း(နီးပါး)ကြိုက်ကြပေမဲ့ အများအားဖြင့်တော့ သိမ်မွေ့နူးညံ့ခြင်းနဲ့ပဲ ယှဉ်တွဲနေပါလိမ့်မယ်။

တချို့အချစ်တွေကတော့ ဆူးတွေရှိတတ်လို့ ကိုင်တွယ်ရမလွယ်တဲ့ နှင်းဆီတွေနဲ့တူတယ်။

.....

ကိုယ့်ကိုချစ်လာပါစေတော့ရယ်ဟု မည်သည့်အချိန်တွင်မှ မရည်ရွယ်ခဲ့ဖူးပါ။ သူတစ်ယောက်တည်းသာခံစား၍ သူတစ်ဦးတည်းသာသတ်မှတ်လိုက်သည့် ထိုအချစ်သည် တစ်ဖက်သတ်ဆန်လွန်းလှပေသည်။ အချစ်နှင့်ပတ်သက်လျှင် ဖွင့်ဟသူနှင့်ကြားနာသူ လားရာမတူသည့်အခါ တစ်ဦးတစ်ယောက်သည်ကတော့ နာကျင်ရမည်ကို လူတိုင်းသိနိုင်ကြသည် ... ထိုသူတစ်ဦးမှအပ။

ဤမျှလောက်သတိလက်လွတ်နိုင်ခြင်းမျိုး မိမိဘဝတွင် ဖြစ်ခဲလှသည်။ တစ်ကြိမ်တစ်ခါသတိမကပ်မိချိန်တွင် ဘဝတစ်ခုလုံးဗြောင်းဆန်ရတော့မည်။ မနှစ်မြို့ခြင်းကို အဓိပ္ပါယ်ဖွင့်ရလျှင် ဆော့ချင်နေသည့်ကလေးတစ်ယောက်ကို အတင်းအဓမ္မအိပ်ခိုင်းခြင်းနှင့်လည်း မတူညီပါ။ စာမေးပွဲမဖြေမီညတွင် စာမရသေးသည့်အချိန် အိပ်ချင်လာသည့်ခံစားချက်နှင့်လည်း မတိုက်ဆိုင်ခဲ့။ မိမိမလုပ်သည့်အပြစ်ကို စွပ်စွဲခံရပြီး ဖြေရှင်းမရသည်နှင့်လည်း ထပ်တူမကျနိုင်။

"အောက်တန်းစား"

မနှစ်မြို့ခြင်း၊ ရွံရှာခြင်း၊ မုန်းတီးခြင်း၊ စသည့် အဆိုးမြင်ခြင်းပေါင်းများစွာနှင့် နှုတ်ဖြင့်သာမက လက်ဖြင့်ပါခုခံလိုက်သည်။ ဤသည်က မိမိတွင်ကျန်ရှိသော နောက်ဆုံးအင်အားဟု သိလိုက်ရချိန်တွင် အချိန်တွေကိုသာ နောက်ပြန်လှည့်ချင်မိတော့သည်။ ဤကဲ့သို့စိတ်ကူးယဉ်ဆန်ခြင်းမျိုးကို မည်သည့်အခါတွင်မှ သဘောမကျသော်လည်း ယခုတွင်တော့ စိတ်ကူးမိပါသည်။ အချိန်များကိုနောက်ပြန်လှည့်၍ ထိုလူယုတ်မာနှင့်မဆုံဖြစ်ရန် ပြင်ဆင်လိုက်ချင်ပါသည်။

ရူးကြောင်ကြောင်တစ်ဖက်သတ်အတွေးတို့ကို တတွတ်တွတ်ရေရွတ်နေသည့် ထိုလူသည် မကောင်းဆိုးဝါးတစ်ကောင် ကျိန်စာတိုက်နေသည်နှင့်ပင် တူလေ၏။ သူ၏အတွေး၊ သူ၏ဆုံးဖြတ်ချက်၊ သူ၏အပြုအမူများ အောင်မြင်ခြင်းနောက်တွင် ခန္ဓာကိုယ်မှနာကျင်မှုထက် အတွင်းအဇ္ဈတ္တမှ ထိခိုက်ခံစားရမှုက အဆုံးမဲ့ပင်။

မိမိ၏အရှက်တရား၊ ဂုဏ်သိက္ခာ၊ မာန၊ အလုံးစုံသောဘဝတည်ဆောက်မှုတို့ကို ထိပါးခံလိုက်ရသည်က ဘဝလမ်းဆုံးမှချောက်ကမ်းပါးအစွန်းတွင် ခပ်ယဲ့ယဲ့ရပ်နေရသကဲ့သို့ မျှော်လင့်ချက်မဲ့လွန်းလှသည်။ တန်ဖိုးထားမြတ်နိုးစရာတစ်ခု ကိုယ်တိုင်၏ပေါ့လျော့မှုကြောင့် ပျက်စီးသွားသည်မှာ ဖြေဆည်မရနိုင်ပါ။ ထိုထပ်ပိုသည်က ဖျက်ဆီးခဲ့သူမှာ ရန်သူလည်းမဟုတ်သည့်အပြင် ရင်းနှီးနေသည့်သူဖြစ်၍ ပို၍ပင်မုန်းတီးမိသည်။
နူးညံ့သိမ်မွေ့ခြင်းတစ်ခုကို အသွင်ယူ၍ ယုတ်ညံ့ခြင်းအမှုကို ကျူးလွန်ခဲ့ခြင်းပင်။

.....

Homosexualiy

လက်သင့်မခံနိုင်တဲ့သူတွေက ရွံရှာစရာတစ်ခု၊ လှောင်ပြောင်စရာတစ်ခု၊ ရှုံ့ချစရာတစ်ခုလို သတ်မှတ်လိုက်ကြတယ်။ လူလူချင်းချစ်တာတို့၊ အချစ်မှာ လိင်သတ်မှတ်ချက်မရှိဘူးတို့ ဘာဘာညာညာ ကြားနေကျစကားတွေကို မပြောချင်တော့ပါဘူး။
ကိုယ့်ရဲ့ sexual orientation (လိင်စိတ်တိမ်းညွတ်မှု)က ဒီလိုသဘာဝမကျတာမျိုးဖြစ်လာတဲ့အခါ ဝဋ်ကြွေးဆိုရင်လည်း ကျေအောင်ဆပ်လိုက်မယ်။ မှားယွင်းမှုဆိုရင်လည်း ပြင်မရတော့ရင် မှားတဲ့အကြောင်းဝန်ခံလိုက်မယ်။ ဘာလို့လဲဆိုတော့ ကိုယ်တိုင်ရဲ့လူသားသဘာဝက ဒီလိုဖြစ်တည်လာလို့ပါပဲ။

ဆန့်ကျင်ငြင်းခုန်လိုစိတ်မရှိဘဲ လူ့အဖွဲ့အစည်းရဲ့သတ်မှတ်ချက်ကို သူ့နေရာနဲ့သူထားလိုက်ပြီး ကိုယ့်စိတ်ခံစားချက်အတိုင်း ဆက်လျှောက်လှမ်းမယ်။ ကိုယ့်ဘဝ၊ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ပိုင်တာမို့။

.....

ဒီလိုမျိုး လိင်တူပတ်သက်မှုကိုရှုံ့ချနေသူက ဆန့်ကျင်ဘက်လိင်အပေါ် လိင်မှုဖောက်ပြားမှုတစ်ခုကို ကျူးလွန်ခဲ့မယ်ဆိုပါစို့။ ဒီလိုလူတွေကရော ရွံစရာမကောင်းပေဘူးလား။ ဒီကိစ္စကိုရော သဘာဝမို့ဖြစ်တာလို့ သတ်မှတ်လိုက်မှာလား။ တစ်ဖက်ကမြှူဆွယ်လို့ဖြစ်ရတာလို့ရော အပြစ်တင်ကြဦးမှာလား။

လိင်တူဖြစ်ဖြစ်၊ လိင်ကွဲဖြစ်ဖြစ် အလိုတူလို့ပေါင်းသင်းကြခြင်းမှာ ဘယ်လိုလူတွေမို့ လိင်စိတ်ပိုထကြွတယ်ဆိုတာမျိုး ရှိလေသလား။
အလိုမတူဘဲ ကျူးလွန်ခြင်းကို ချစ်လွန်းလို့ဖြစ်သွားတာပါလို့ ခေါင်းစဉ်တပ်နိုင်ပါသလား။

ခွင့်လွှတ်နိုင်တယ်ဆိုရင် ကိုယ့်လာကိုက်တဲ့ခြင်ကို မသတ်မိအောင်အရင်ကြိုးစားနိုင်ပါစေ။

🥀 by Demon
16 Jan 2022

■■■ အပိုင်း (၂) ဆက်ရန် ■■■
© Demon ,
книга «Rosy Ruin (ႏွင္းဆီေရာင္ ပ်က္ကိန္း / နှင်းဆီရောင် ပျက်ကိန်း)».
Коментарі