Part1
Part2
Part3
Part4
Part5
Part6
Part7
Part8
Part9
Part10
Part11
Part12
Part13
Part14
Part15
Extra1
Extra2
Extra3
Part8
မ​နေ့ည​လေးက​ပျော်ရွှင်စွာ​ဆော့ကစားရင်းအိပ်သွားတဲ့သမီး​လေးနဲ့ဦးယာကို​အေးရိပ်တစ်​ယောက်ဥာဥ့်နက်သည်အထိကြည့်​နေခဲ့မိသည်.....သူတို့သားအဖ​လေးနှစ်ဦးအတွက်သူလုပ်​ပေးနိုင်မည့်အရာကိုစဥ်းစားရင်း​ပေါ့.....

"ရွှတ်...​မောနင်းပါ​မေ​မေ"ညကအိပ်တာ​နောက်ကျတာ​ကြောင့်ခါတိုင်းလို​စော​စောမနိုး သမီး​လေးကပါး​ပေါ်သို့အာဘွားလာ​ပေးမှပင်နိုး​တော့သည်......

"​မောနင်းသမီး​လေး..."

"ရိပ်..အိပ်ချင်​သေးရင်အိပ်ဦး​လေ...သမီးနဲ့ကိုယ် ကြီး​မေကိုကူညီခိုင်းလိုက်မယ်..."

"မဟုတ်တာ...ရပါတယ်. ကျွန်​​တော်နိုးပြီ...လာသမီး​လေးမျက်နှာသွားသစ်ကြမယ်​​နော်.. ."

"ဟုတ်...."

"ဦးယာခဏ​စောင့်​​နော်.."

"အင်း....."

​အေးရိပ်သည်ယိမ်းယိမ်း​လေး၏လက်ကိုဆွဲကာ​ရေချ်ုးခန်းသို့​​ခေါ်သွားလိုက်ပြီးမျက်နှာသစ်သွားတိုက်လိုက်ကြ​လေသည်...

"သမီး​လေး.."

"ရှင့်"

"သမီး​လေးက​နောက်လဆိုမူကြိုတက်ရ​တော့မယ်​ပျော်လား...."

"မူကြိုကဘာလဲ​မေ​မေ"

"အင်း..မူကြိုဆိုတာသမီး​လေးကိုစာသင်​ပေးမယ့်​နေရာ​ပေါ့သမီး​လေးရဲ့....သူငယ်ချင်း​တွေ​ရောဆရာမ​တွေ​ရော​ပျော်စရာကြီး..."

"ဟုတ်လား...ယိမ်းယိမ်းတက်ချင်တယ်.."

"တက်ရမှာ​ပေါ့မီးမီးရဲ့....မီးမီး​လေးမူကြိုတက်ရင်​မေ​မေက​နေ့တိုင်းထမင်းဘူး​လေးနဲ့မုန့်​လေးနဲ့လည်းထည့်​ပေးဦးမှာ....ကြိုက်လား..."

"ကြိုက်တယ်..ခစ်ခစ်..."ယိမ်းယိမ်း​လေးသည်​အေးရိပ်နှင့်မူကြိုအ​ကြောင်း​တွေ​ပြောလျက်သ​ဘော​တွေကျကာနှစ်​ယောက်သား​ရေချိုးခန်းထဲမှာတခစ်ခစ်နှင့်....ခဏကြာ​တော့ယိမ်းယိမ်း​လေး​မျက်နှာသစ်ပြီး​အောက်သို့ဆင်းသွားကာဦးယာကိုကိုယ်လက်သန့်စင်​ပေးရန်ပြင်လိုက်သည်......

"ဦးယာ.."

"ဟင်.."

"ပသိုင်း​မွှေး​တွေနှုတ်ခမ်း​မွှေး​တွေရိတ်လိုက်ပါလား....."

"ကိုယ်...မရိတ်ဖြစ်တာ​တော်​တော်ကြာပြီ...မရိတ်ရဲဘူး...."

"ကျွန်​​တော်လုပ်​ပေးမှာ​ပေါ့ဦးယာရဲ့...ဦးယာကိုယ်တိုင်လုပ်စရာမလိုပါဘူး...ရိတ်မယ်မလား...ဟင်...."

"အင်း...ရိတ်​လေ..."

"ဟုတ်....."​ခွင့်ပြုချက်ရသည်နှင့်မုတ်ဆိတ်ရိတ်ဓါး​လေးကိုကိုင်ကာလိုအပ်တာ​တွေသုတ်လိမ်းပြီးစတင်ရိတ်​လေ​တော့သည်... ဓါးသွား​လေးရဲ့လှုပ်ရှားမှုနှင့်အတူလက်လေး၁စုံ၏နူးညံ့ကျွမ်းကျင်​သောလှုပ်ရှားမှု​လေးမှာလည်းသူ့မျက်နှာပြင်ထက်​ပြေးလွှားလို့.......နာမှာစိုး၍ဂရုတစိုက်ကိုင်တွယ်​နေသည့်ခံစားချက်​လေးက မင်းဦးယာ၏ရင်အစုံကိုသိမ့်သိမ့်တုန်​စေ​လေသည်.........

"ဦးယာပြီးပြီ...​ခန့်ညားသွားလိုက်တာ..."

"ဟုတ်လား..."

"အင်းမှန်ကြည့်ချင်လား...."

"မှန်?..ကိုယ်ကမြင်မှ.."

"ရှူး...မမြင်ရဘူးလို့​ပြောမလို့မလား...ဦးယာသာမြင်ချင်ရင်ကျွန်​တော်ကမြင်ရ​အောင်လုပ်​​ပေးမှာ​​ပေါ့ဦးယာရဲ့...လက်​ပေး..."ဟု​ပြောကာမင်းဦးယာရဲ့လက်ကိုကိုင်လျက်.....

"မျက်လုံးမှိတ်ထား​နော်"ဟုဆိုကာမင်းဦးယာ၏လက်ကိုသူ့မျက်နှာ​ပေါ်သို့ပြန်တင်လိုက်​လေသည်....

"ဒါ​လေးကဦးယာရဲ့မျက်ခုံး​လေး...ထူပြီးတန်း​နေတာပဲ​တွေ့လား...."

"အင်း...."

"ဒါ​လေးကမျက်လုံး​လေး...တစ်​နေရာထဲကိုပဲကြည့်​နေတက်​ပေမယ့်ကြည်ပြီး​တောက်​နေတာပဲ....အရမ်းကြည့်လို့​ကောင်းတာ....."

"........."

"ဒီမှာ​ဒါ​လေးကနှာ​ခေါင်း​လေး..ချွန်ပြီးစင်း​နေတာပဲ...​အောက်နည်းနည်းဆင်းလိုက်ရင်နှုတ်ခမ်း​လေး..ခပ်ထူထူ​လေး​နော်....ပြီးရင်​ဘေးပတ်ပတ်လည်ကိုစမ်းကြည်...အရင်လိုမုတ်ဆိတ်​တွေမရှိ​တော့ဘူး​​တွေ့လား...​ပြောင်ပြီး​ချော​​နေတာပဲ.....
​မြင်လား..ဦးယာဘယ်​လောက်ခန့်လဲ....."

"အင်း...မြင်ပါပြီ...."

"​သေချာမြင်ချင်ရင်တကယ်မြင်​အောင်ကြည့်သင့်တယ်...."

"............"

"ယိမ်းယိမ်း​လေးက​ပြောတယ်....သူမူကြိုတက်ရင်​ဖေ​ဖေကသူ့ကို​ကျောင်းလိုက်ပို့ရင်သိပ်​ကောင်းမှာပဲတဲ့....​ဖေ​ဖေ့ကို​​ကျောင်းဝတ်စုံ​လေးဝတ်ပြချင်တယ်တဲ့.....ဦးယာ​ရောသမီး​လေးကိုမမြင်ချင်ဘူးလား...ဟင်....."

"ကိုယ်...."

"ရပါတယ်...ဦးယာသ​ဘောပါ...သမီး​လေးက​နောက်လမှတက်မှာပဲဟာ...စဥ်းစားကြည့်​ပေါ့ဦးယာရဲ့​နော်..ဦးယာမှာအ​ခွင့်အ​ရေး​တွေအချိန်​တွေအများကြီးရှိပါတယ်...."

"အင်းပါ...​ကျေးဇူးပါရိပ်"

"​ကျေးဇူး​တွေမလိုပါဘူးဦးယာ...ကျွန်​​တော်ကဦးယာတို့ကိုအမြဲ​စောင့်​ရှောက်​ပေးမှာမို့​ကျေးဇူးတင်ရင်ကျန်းကျန်းမာမာ​နေ​ပေးရမယ်​နော်..တစ်​နေရာရာကအရမ်းနာရင်ကျွန်​တော့်ကို​ပြောရမယ်​နော်......"

"............."

"မနက်စာသွားစားရ​အောင်​နော်......"

"အင်း....."​ကျွန်​​တော်ဘယ်လိုလုပ်ရမလဲဦးယာ...ဦးယာကိုနာတာကိုကြိတ်မခံစားဘဲဖွင့်ဟလာတက်​အောင်ဘယ်လိုကြိုးစားရမလဲ.....ဖြည်းဖြည်းချင်း​လေးသွားကြတာ​ပေါ့ဦးယာ...ကျွန်​တော်ကရ​​အောင်ကယ်ထုတ်မှာမို့လို့.......

"​ဖေ​ဖေ...​မောနင်း...."ယိမ်းယိမ်း​လေးသည်ထုံးစံအတိုင်းဦးယာကိုမြင်သည်နှင့်ဝှီးချဲ​ပေါ်သို့ကုတ်တက်ကာပါး​တွေကိုနမ်း​လေသည်......

"​ဖေ​ဖေ...ဒီနားကဟာ​လေး​တွေ​ရော.."သူ့မ​လေး၏ဖခင်၏မျက်နှာကိုကြည့်လျက်​မေး​နေပါ​သောက​လေးငယ်သည်တအံ့တသြ​လေးနှင့်.....

"ရှိ​တော့ဘူးသမီး​လေးရဲ့.....အယ့်တာ​လေး​တွေကိုဖယ်လိုက်ပြီ....​ဖေ​ဖေကပိုကြည့်​ကောင်းသွားလားသမီး​လေး..."ဟု​အေးရိပ်က​မေး​​တော့...

"ဟုတ်...ယိမ်းယိမ်း​ဖေ​ဖေက​ချောသွားတယ်...."ဟုလက်မ​လေး​ထောင်လျက်ပြုံးရင်းပြန်​ဖြေ​သောက​လေးငယ်.....ဒီအပြုံး​လေး​တွေကိုမြင်ချင်တယ်မလားဦးယာ....

​​သေချာ​ပေါက်မြင်ချင်တာ​ပေါ့....မြင်ချင်လွန်းလို့​ရောက်​နေကြတဲ့ဒီ​နေရာ​လေး..၂ပတ်အကြာမှာချလိုက်တဲ့ဆုံးဖြတ်ချက်​လေးအတွက်ဖြစ်​ပေါ်လာတဲ့ဒီ​နေ့​လေး....​မှောင်ရီပျ်ုး​နေပြီဖြစ်တဲ့အချိန်​လေးဝယ်ဝမ်းသာလွန်းလို့ပြုံး​နေကြတဲ့သူတို့အပြုံး​တွေကထင်ရှားလို့......​ဆေးရုံကုတင်ထက်ကလူတစ်​ယောက်က​တော့တစ်​နေရာကိုသာမမြင်ရ​ပေမဲ့လည်း​​ငေး​နေဆဲ........

"သားယာ​လေး...​မေ​မေတို့ပြန်မယ်​နော်...မနက်ဖြန်မိုးလင်းတာနဲ့လာခဲ့မယ်​နော်...."

"ဟုတ်...."

"​ဖေ​ဖေကမနက်ဖြန်ကျရင်ယိမ်းယိမ်းကိုမြင်ရ​တော့မှာလားဟင်..."

"အင်း...​မနက်ဖြန်မဟုတ်ဘူး​နောက်သုံးရက်​လောက်မှမြင်ရမှာသမီး​လေးရဲ့...."

"ဪ...ဘာပဲဖြစ်ဖြစ်​ဖေ​ဖေမြင်ရရင်ယိမ်းယိမ်း​ပျော်တယ်....အားတင်းထား​နော်​ဖေ​ဖေ...."

"ဟုတ်ပါပြီဗျ..."စကား​တွေတက်လွန်း​​သောယိမ်းယိမ်း​လေးသည်ချစ်ဖွယ်စကား​လေး​တွေကိုသာဆိုတက်​လေသည်.. ....

"သားယာ​လေး...​မေ​မေတို့ပြန်​တော့မယ်​နော်.."

"ဟုတ်..."

"​အေးရိပ်..အန်တီတို့သွားမယ်​နော်သား​လေး....​ကျေးဇူးပါကွယ်..."

"ရပါတယ်အန်တီ...."ဦးယာ၏အ​ဖေနှင့်အ​မေသည်ယိမ်းယိမ်း​လေးကို​ခေါ်ကာအိမ်ပြန်သွားကြ​လေသည်...သမီး​လေးက​တော့​အေးရိပ်နှင့်တူတူမအိပ်ရ၍စူပုတ်ပုတ်​လေးဖြစ်​နေ​ပေမယ့်ဂျီမကျဘဲအသာတကြည်သာလိုက်သွား​လေ​သောအလိုက်သိလွန်း​သောသမီး​လေးပါ​လေ....အားလုံးပြန်သွားချိန်အခန်းထဲတွင်ဦးယာနှင့်သူသာကျန်ခဲ့​လေသည်.....

"ဦးယာ...စိတ်လှုပ်ရှား​နေလား..."

"နည်းနည်းပါ...."နည်းနည်းပါတဲ့လားဦးယာ....အသံ​တွေတောင်တုန်​နေခဲ့တာကိုနည်းနည်းပါတဲ့လား......ကုတင်​ခေါင်းရင်းကို​ကျောမှီကာထိုင်​နေ​သောဦးယာ၏အနားသို့သွားကာတင်​လေးလွှဲထိုင်လိုက်သည်.....

"ဦးယာ...ကျွန်​​တော့်​ရှေ့မှာဦးယာခံစားရတဲ့အတိုင်း​နေလို့ရပါတယ်....ဟန်​ဆောင်စရာမလိုပါဘူး....ဦးယာတစ်​ယောက်ထဲကြိတ်ခံ​နေရင်ပိုခံစားရမှာ​ပေါ့ဦးယာရဲ့....​နော်...."အမြဲတည်ငြိမ်​နေ​သောအသံ​အေး​အေး​လေးသည်သူလိုရာကိုအမြဲဆိုသလိုသိမ်းသွင်းနိုင်ပါ​လေသည်....

"ကိုယ်တကယ်ပဲအယ့်လို​နေခွင့်ရှိလား..."

"ရှိတာ​ပေါ့ဦးယာရယ်...ကျွန်​တော်တစ်​ယောက်လုံးရှိတာမို့ဦးယာခံစားရတဲ့အတိုင်းဖွင့်ထုတ်လိုက်ပါ...."

"​............."

"​ကြောက်တယ်...ကိုယ်အရမ်း​ကြောက်တယ်....ကိုယ့်ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းမဆိုကုသရင်​အောင်မြင်နိုင်​ချေက၅၀%ပဲရှိတာ....ကိုယ်သာတစ်ခုခုဖြစ်သွားခဲ့ရင်....မကုတာထက်ကုလိုက်မှလွဲသွားခဲ့ရင်...သမီး​လေးကိုထားခဲ့ရမှာသိပ်​ကြောက်တယ်.....ကိုယ့်ရဲ့​ခြေ​ထောက်​တွေလည်းအရမ်းနာကျင်တယ်ရိပ်....ကိုယ်မခံစားနိုင်ဘူး......ကိုယ်...."

​ပြောရင်းနဲ့​ခေါင်းငိုက်စိုက်ကျ၍ငိုရှိုက်လာ​သောဦးယာ.... အားတစ်စုံတစ်ရာဖြစ်​စေရန်​ကျောပြင်ကိုဖွဖွပုတ်၍ဖက်​ပေးထားမိသည်....ထိုအခါသူ၏ပုခုံးထက်​ခေါင်းတင်၍ငို​ကြွေး​လေ​သောဦးယာရယ်ပါ​လေ...ငိုပါ​စေမတား​တော့ပါ...ဒီမျက်ရည်​တွေကိုသူဘယ်​လောက်​တောင်သိမ်းဆည်းထားခဲ့ရမလဲ.. ......

"အဆင်​ပြေမှာပါဦးယာ...ကျွန်​တော်ယုံတယ်...ဦးယာက​သေချာ​ပေါက်ဖြတ်​ကျော်နိုင်မှာပါ.....ကျွန်​တော်ယုံတယ်​နော်...."

ယုံတာ​ပေါ့.. ​သေချာ​ပေါက်လုပ်နိုင်မှာပါဦးယာ...ယုံကြည်ပါတယ်ဆိုတဲ့စကား​လေးတစ်ခွန်း....အားငယ်​နေသူ...သိမ်ငယ်​နေသူ..ရှုံးနိမ့်​နေသူကိုဘယ်​လောက်​တောင်အားဖြစ်​စေလိုက်သလဲ​လေ....အရာရာမှာကျရုံး​နေတဲ့လူတစ်​ယောက်ကို"နင်အရမ်းညံ့တာပဲ၊အသုံးအကျဘူး၊အဖြစ်မရှိဘူး"ဆိုပြီးလက်​လျော့ဖို့ထိုးနှက်​နေမယ့်အစား"​သေချာ​ပေါက်လုပ်နိုင်မှာ​ပေါ့၊ငါယုံတယ်...နင်လုပ်နိုင်တယ်"ဆ်ုပြီးအား​ပေးကြည့်ပါလား....သူဟာ​သေချာ​ပေါက်ထိုယုံကြည်မှုကို​တောက်ပ​အောင်အ​ရောင်တင်​ပေးမှာပါ....မနက်ဖြန်မှာဦးယာဟာအားတင်းလို့သူ့ကိုယုံကြည်ပြီး​စောင့်​နေကြမယ့်သူ​တွေအတွက်သူ​သေချာ​ပေါက်ကိုကြိုးစားရင်းတိုက်ခိုက်လိမ့်မယ်.......

​ကျေးဇူးတင်ပါတယ်​အေးရိပ်​ဝေ...သမီး​လေးကကိုယ့်အတွက်တွန်းအား​လေးတစ်ခုဆိုရင်မင်းကအယ့်ဒီ့တွန်းအား​လေးကိုဖြစ်​အောင်လုပ်​စေမယ့်ခွန်အား​လေးပါ.....ကိုယ့်​ဘေးနားမှာရှိ​နေတဲ့တွန်းအားနဲ့ခွန်အား​လေးကိုစွဲကိုင်ပြီး​သေချာ​ပေါက်ပြန်လာခဲ့မှာပါ.......

မိုးလင်းအရုဏ်တက်ချိန်တွင်ဘီး​ရွေ့သံ​လေးနှင့်လူနာတင်လှည်း​လေး၁ခုသည်ခွဲခန်းထဲသို့ဝင်သွား​​လေသည်.....ထိုလှည်း​လေး​ပေါ်တွင်ပါသွား​သောလူသား​လေးသည်ချစ်ခြင်း​မေတ္တာ​လေးကိုလက်ကိုင်သွားလျက်...သူ့အတွက်​ပေးလိုက်ကြတဲ့​ကောင်း​သောဆု​လေး​တွေကိုနှလုံးသွင်းလျက်ငြိမ်သက်စွာ.......

ခွဲခန်းတံခါး​လေးနှစ်ချပ်ပိတ်သွားသည်နှင့်အပြင်တွင်ကျန်​နေခဲ့သူ​တွေမှာလည်းစိတ်​တွေပူကာခုံတန်း​လေး​တွေတင်ထိုင်လျက်.....အန္တရာယ်ရှိသည်ကိုမသိ​သောက​လေးငယ်​လေးသည်သူမရဲ့​ဖေ​ဖေဟာသူမ​လေးကိုမြင်နိုင်​တော့မယ်၊တူတူ​ဆော့​ပေးနိုင်​တော့မယ်၊ပုံပြင်​တွေဖတ်ပြ​တော့မယ်ဟူ​သောရိုးရှင်း​သောက​လေးအ​တွေး​လေးနှင့်ပြုံး​ပျော်လို့​ပေါ့.....ခွဲစိတ်ခန်းတွင်မီးနီ​လေးလင်းလာ​တာဟာဦးယာစတင်တိုက်ပွဲဝင်​နေပြီဆိုတဲ့အချက်ပြသင်​ကေတ​လေး​ပေါ့........မီး​လေးစိမ်းလာမည့်အချိန်ကို​စောင့်စားရင်းဘုရားစာ​တွေလည်းရွတ်ရင်း...ယုံယုံကြည်ကြည်နှင့် ပြန်လာ​ပေးမည့်သူကို​မျှော်​နေမိသည်........

၄နာရီကြာမြင့်ပြီး​နောက်စိမ်းသွား​သောမီး​လေးသည်​​အောင်မြင်ခြင်းရဲ့အချက်ပြမီး​လေးလို့သက်မှတ်လျက်ထွက်လာမည့်လူကို​မျှော်မိကြသည်.....​သေးငယ်​သောသမီး​လေးအပါအဝင်​ပေါ့ .....လူနာတင်လှည်း​ပေါ်တွင်မျက်လုံးကိုပတ်တီး​တွေစည်းလျက်ထွက်လာ​​သောဦးယာသည်ငြိမ်သက်စွာလဲ​လျောင်းလို့......အားလုံးရဲ့ဂရုဏာသက်ဖွယ်အကြည့်​​တွေက​မေ့​မျော​နေတဲ့သူထံတွင်.....ထိုစဥ်အကျီစ​လေးကိုလာဆွဲ​သောသမီး​လေးကမျက်ရည်​လေး​တွေဝဲလျက်​မော့ကြည့်လို့.....

"​မေ​မေ...​ဖေ​ဖေကယိမ်းယိမ်းကိုကြည့်​တော့မှာလား"တဲ့......

"ကြည့်မှာ​ပေါ့သမီး​လေးရဲ့....​နောက်​နေ့​တွေကစပြီး​ဖေ​ဖေကသမီး​လေးကိုချစ်လွန်းလို့အချိန်တိုင်းကြည့်​နေ​တော့မှာ"လို့ပြန်​ဖြေမိ​တော့လပြည့်ဝန်း​လေးလိုသမီး​လေးရဲ့မျက်နှာဝိုင်းဝိုင်းထက်ကနှုတ်ခမ်း​လေး​​တွေက​ကော့တက်လို့....က​လေးငယ်​လေးကလည်းသူ့အ​ဖေမျက်စိပြန်မြင်ဖို့​မျှော်လင့်​နေတယ်ထင်ပါရဲ့....."​ပျော်လိုက်တာ​မေ​မေရယ်တဲ့...."ဟုဆိုကာသူ့ဗိုက်ကိုမျက်နှာ​လေးအပ်လျက်ဖက်ကာငို​လေ​သောသမီးငယ်.....ဒီအရွယ်​လေးကဘာနားလည်မှာလဲဆိုပြီး​တွေးဖူးခဲ့ကြတယ်၊​ပြောဖူးခဲ့ကြတယ်​မလား....တကယ်​တော့သူတို့​လေး​​တွေဟာလည်းအရာရာကိုသူတို့နည်းသူတို့ဟန်နဲ့နားလည်တက်​နေတဲ့က​လေး​လေး​တွပါ...​အပြင်ပန်းမှာသာသေးငယ်​ပေမယ့်မဖွံ့ဖြိုး​သေး​ပေမယ့်သူတို့နှလုံးသား​လေး​တွေဟာမ​သေးငယ်ကြပါဘူး.....သူတို့​လေး​တွေ​ပျော်တက်တယ်၊ငိုတက်တယ်၊ခံစားတက်ကြတယ်...ယိမ်းယိမ်း​လေးလို​ပေါ့....လူကြီး​တွေကသာတစ်ခါတစ်​လေပြုံးတာ၊ငိုတာ​တွေကိုဟန်​ဆောင်ပြီးလုပ်တက်​ပေမယ့်က​လေးငယ်​လေး​တွေက​တော့နှလုံးသားကလာတဲ့အပြုအမူ​လေး​တွေကိုပဲလုပ်တက်ကြ​လေသည်​လေ.....

အယ့်ဒီလိုနဲ့ယိမ်းယိမ်းယာဆိုတဲ့က​လေးမ​လေးဟာလစ်ဟာ​နေတဲ့မိခင်​မေတ္တာကိုအပြည့်အဝရခဲ့ပြီးရင်ဒုတိယအ​နေနဲ့ဖခင်ရဲ့တယုတယနဲ့ချစ်ခင်ခြင်းနဲ့​မေတ္တာကိုပါရဖို့ဖြစ်လာခဲ့​လေတယ်............

"ယုံတယ်"
ရိုးရှင်းလှတဲ့စကား​လေးနှစ်ခွန်းပါပဲ
သို့​သော်ဦးယာလိုအရှုံးကိုသာကြိုလင့်​နေတက်သူ၊အရှုံး​ပေးတက်သူ၊လက်​လျှော့ချင်​နေကြတဲ့သူ​တွေအတွက်​တော့"အချိန်တန်ရင်ရှုံးမှာပဲ၊အသုံးမကျဘူး"စတဲ့စကား​တွေ​ပြော​နေမယ့်အစား...
"လုပ်နိုင်တယ်၊​အောင်မြင်မှာယုံကြည်တယ်"ဆိုပြီးအစားထိုးပြီး​ပြော​ပေးကြည့်လိုက်ပါ...သူ့အတွက်ယုံကြည်မှု​လေးတစ်ခုကိုတည်​ဆောက်​ပေးကြည့်ပါ...ကိုယ့်အတွက်လည်းမခက်ခဲသလိုသူ့အတွက်လည်းခွန်အားတစ်ခုဖြစ်​စေမှာပါ.......

က​လေး​လေး​တွေ.....
အပြင်သွားရင်လိုက်ချင်တယ်..ဟို​နေရာသွားတ​ကောက်​ကောက်၊ဒီ​နေရာသွားတစ်​ကောက်​ကောက်.....လိုက်ချင်ကြတယ်...လိုက်ပါ​စေ..သူတို့ချစ်တဲ့လူကြီး​နောက်လိုက်ချင်တာ..သူတို့​လေး​တွေအတွက်အသစ်အဆန်းဖြစ်တဲ့ပတ်ဝန်းကျင်​လေးကိုစူးစမ်း​ချင်ကြရှာတာ...ငိုယိုပြီး​တော့ကျန်မ​နေခဲ့ပါ​စေနဲ့သူတို့​လေး​တွေရဲ့အပြုအမူခံစားချက်​လေး​တွေဟာနှလုံးသားကဖြစ်တည်လာတာမို့သူတို့​လေး​တွေကိုဝမ်းမနည်းပါ​စေနဲ့..သူတို့​လေး​တွေရဲ့မျက်ရည်​​တွေဟာနှလုံးသားကထုတ်လွှတ်​ပေးလိုက်တာမို့....သူတို့​လေး​တွေဟာလည်းယိမ်းယိမ်း​လေးလို​ပျော်လွန်းလို့ငိုတက်သလို၊ဝမ်းနည်းလွန်းလို့လည်းငိုတက်ပါတယ်... ဖြူစင်တဲ့က​လေးငယ်​တွေကိုချုပ်ချယ်​နေကြမယ့်အစားစည်း​ဘောင်​လေးနဲ့လွတ်လပ်ခွင့်တစ်ခု​ပေးပြီးရယ်သံ​လေး​တွေဖန်တီးလိုက်စမ်းပါ.......ချစ်​ပေးပါ၊နားလည်​ပေးပါ၊အလှပဆုံးပုံသွင်းပြီးပျိုး​ထောင်​ပေးလိုက်ပါ....

ဖတ်ရတာအဆင်​ပြေရဲ့လားရှင့်💝

မ​နေ့ကပင်ပန်းသွားလို့မup​ပေးဖြစ်တာ​တောင်းပန်ပါတယ်ချစ်တူး​လေးတို့😔ဒီ​နေ့ရှည်ရှည်​လေးup​ပေးထားတယ်​နော်🥰🥰

ချစ်တယ်ရှင့်🙆‍♀️

//////////////////////////



"​မောနင်းသမီး​လေး..."



"ဟုတ်...."

"ဦးယာခဏ​စောင့်​​နော်.."

"အင်း....."

အေးရိပ်သည်ယိမ်းယိမ်း​လေး၏လက်ကိုဆွဲကာ​ရေခ်ျုးခန်းသို့​​ခေါ်သွားလိုက်ပြီးမျက်နှာသစ်သွားတိုက်လိုက်ကြ​လေသည်...

"သမီး​လေး.."

"ရှင့်"


"မူကြိုကဘာလဲ​မေ​မေ"





"ဦးယာ.."

"ဟင်.."




"အင်း...ရိတ်​လေ..."



"ဟုတ်လား..."


"မှန်?..ကိုယ်ကမြင်မှ.."




"အင်း...."


"........."


"အင်း...မြင်ပါပြီ...."


"............"


"ကိုယ်...."


"အင်းပါ...​ကျေးဇူးပါရိပ်"


"............."







သေချာ​ပေါက်မြင်ချင်တာ​ပေါ့....မြင်ချင်လွန်းလို့​ရောက်​နေကြတဲ့ဒီ​နေရာ​လေး..၂ပတ်အကြာမှာချလိုက်တဲ့ဆုံးဖြတ်ချက်​လေးအတွက်ဖြစ်​ပေါ်လာတဲ့ဒီ​နေ့​လေး....​မှောင်ရီပ်ျုး​နေပြီဖြစ်တဲ့အချိန်​လေးဝယ်ဝမ်းသာလွန်းလို့ပြုံး​နေကြတဲ့သူတို့အပြုံး​တွေကထင်ရှားလို့......​ဆေးရုံကုတင်ထက်ကလူတစ်​ယောက်က​တော့တစ်​နေရာကိုသာမမြင်ရ​ပေမဲ့လည်း​​ငေး​နေဆဲ........


"ဟုတ်...."






"ဟုတ်..."








"​............."








၎နာရီကြာမြင့်ပြီး​နောက်စိမ်းသွား​သောမီး​လေးသည်​​အောင်မြင်ခြင်းရဲ့အချက်ပြမီး​လေးလို့သက်မှတ်လျက်ထွက်လာမည့်လူကို​မျှော်မိကြသည်.....​သေးငယ်​သောသမီး​လေးအပါအဝင်​ပေါ့ .....လူနာတင်လှည်း​ပေါ်တွင်မျက်လုံးကိုပတ်တီး​တွေစည်းလျက်ထွက်လာ​​သောဦးယာသည်ငြိမ်သက်စွာလဲ​လျောင်းလို့......အားလုံးရဲ့ဂရုဏာသက်ဖွယ်အကြည့်​​တွေက​မေ့​မျော​နေတဲ့သူထံတွင်.....ထိုစဉ်အကျီစ​လေးကိုလာဆွဲ​သောသမီး​လေးကမျက်ရည်​လေး​တွေဝဲလျက်​မော့ကြည့်လို့.....




"ယုံတယ်"

က​လေး​လေး​တွေ.....


မ​နေ့ကပင်ပန်းသွားလို့မup​ပေးဖြစ်တာ​တောင်းပန်ပါတယ်ချစ်တူး​လေးတို့😔ဒီ​နေ့ရှည်ရှည်​လေuးp​ပေးထားတယ်​နော်🥰🥰

ချစ်တယ်ရှင့်🙆‍♀️

© Shoon Oo,
книга «Yate(Complete)».
Коментарі