Part1
Part2
Part3
Part4
Part5
Part6
Part7
Part8
Part9
Part10
Part11
Part12
Part13
Part14
Part15
Extra1
Extra2
Extra3
Part15
မြန်မာနိုင်ငံရဲ့​ဆောင်းတွင်းဆိုတာရန်ကုန်လို​နေရာမျိုးမှာနှင်းရယ်လို့​တော့မကျ​ပေမယ့်မြူ​တွေဆိုင်းကာ​ဝေ​နေခဲ့တယ်....

ဒီလိုအချိန်​ရောက်တိုင်းသရက်ပင်​​အောက်ကထိုင်ခုံတန်း​လေးမှာအ​နွေးထည်​လေးဝတ်ဦးထုပ်​လေး​ဆောင်းပြီးမျက်ရည်​လေး​တွေဝဲ​နေရှာ​သောအမျိုးသား​လေးတစ်ဦးဟာအပြင်သို့​မျှော်ရင်းတစ်စုံတစ်​ယောက်ကို​စောင့်​နေတက်​လေတယ်....​အေးစက်​နေတဲ့လက်အစုံကိုအ​နွေးဓါတ်ရ​အောင်ပွတ်ရင်း​ချေရင်းအကျီအိပ်ကပ်​လေးထဲထိုးထည့်လိုက်​လေသည်.... ထို့​နောက်နှုတ်မှလည်း"ဦးယာ​သေချာ​ပေါက်ပြန်လာမှာမလား"တဲ့ဆိုပြီး​ရေရွတ်​နေတက်တယ်.......ဒီ​လိုဆောင်းတွင်းဆိုထိုလူသား​လေးသည် မြူ​တွေရှင်းပြီး​နေ​ရောင်ပွင့်လာသည်အထိ ခုံတန်း​လေးတွင်ထိုင်​နေတက်သည်​လေ..........

"​ဖေငယ်"

"မီး​လေး..."

"​အေးကအေးနဲ့​ဖေငယ်ရယ်...အပြင်မှာထိုင်​နေပြန်ပြီ......"

"ခဏပါသမီး​လေးရဲ့....လာလည်ကြတာမလား....လာအပြင်မှာ​အေးတယ်အိမ်ထဲသွားကြမယ်​နော်...."

"ဟုတ်..."

ယိမ်းယိမ်းတစ်​ယောက်သူမသိပ်ချစ်ရ​သော​ဖေငယ်ကိုကြည့်ကာမျက်ရည်​လေး​တွေရစ်ဝဲလာရသည်...တကယ်ဆိုသူတို့နဲ့ဘာမှမဆိုင်တဲ့သူစိမ်းဖြစ်ပါရက်နဲ့​ဖေငယ်သည်သူ့ရဲ့ဘဝတစ်​လျှောက်လုံးနီးပါးကိုယိမ်းယိမ်းတို့ထံမြှုပ်နှံခဲ့သည်...သို့​သော်သိပ်ချစ်ဖို့​ကောင်းတဲ့​ဖေငယ်သည်ယိမ်းယိမ်းငယ်ငယ်ကချစ်ခဲ့ရသည့်အတိုင်းမ​ပြောင်းလဲ​သေး​ပေ....အရင်ကထက်ပိုပြီးတည်ငြိမ်လာတာ​လေးကလွဲလို့​ပေါ့.....

"မ​ပေါ့မပါးနဲ့ဘာလို့လာရတာလဲက​လေးရယ်....​ဖေငယ့်ကို​ခေါ်လိုက်တာမဟုတ်ဘူး..."

"ယိမ်းယိမ်းကအဆင်​ပြေပါတယ်​ဖေငယ်ရဲ့....ဒီလကုန်ရင်​​တော့ဆေးရုံကြိုတက်​တော့မယ်...."

"ဟုတ်ပါပြီဗျာ...ခုတစ်​လောတအားကန်​​သေးလား"

"မကန်​တော့ဘူး...ဟီးဟီး...ယိမ်းယိမ်းကလုံးလုံးကို​သေချာဆုံးမထားတယ်..."

"ဟားဟား..ဟုတ်ပါပြီဗျာ...."သူ့ဗိုက်​လေးသူပွတ်ကာရယ်ကျဲကျဲ​ပြော​နေ​သောယိမ်းယိမ်း​လေးသည်သိပ်ကိုချစ်ဖို့​ကောင်း​နေပြန်ပါသည်...

"​ဖေငယ်​ဆောင်းကုန်ရင်ပြန်လာမယ်မလား...."

"အင်း..ပြန်လာမှာပါက​လေးရဲ့...."

ယိမ်းယိမ်းကိုယ်ဝန်စရတည်းကသွားရလာရလွယ်​စေရန်​ဆေးရုံနှင့်နီး​သောတိုက်ခန်းတွင်​မြေညီထပ်၌​ပြောင်း​နေကြ​လေသည်.....​အေးရိပ်​ရောယိမ်းယိမ်းတို့လင်မယားပါ​ပြောင်း​နေကြပြီး​အေးရိပ်က​တော့​ဆောင်းတွင်း​လေးမို့သူ့တစ်​ယောက်​သောသူကို​စောင့်ရန်ဒီအိမ်တွင်ခဏပြန်လာ​နေ​လေသည်.....

"ဖိုးနဲ့ဖွားဆီ​ရော​ရောက်ဖြစ်​သေးလား..."

"တစ်​လောက​ရောက်​သေးတယ်...ဖိုးနဲ့ဖွားကလည်း​ဖေ့ကို​မျှော်​နေတုန်းပဲ...​ဖေကလည်းဖိုးနဲ့ဖွားကို​တောင်အဆက်အသွယ်မလုပ်ဘူး....တကယ်ပဲအဆင်​ရော​ပြေရဲ့လားမသိပါဘူး​ဖေငယ်ရယ်....."

"​ပြေပါတယ်သမီး​လေးရဲ့....​သေချာ​ပေါက်အဆင်​ပြေမှာပါ....​ဖေငယ်တို့ကစိတ်ရှည်ရှည်နဲ့​စောင့်ကြမယ်​လေ​နော်..."

"ဟုတ်..."

ထို​နေ့​လေးကလည်းသူ​စောင့်​နေခဲ့ရတဲ့ဦးယာဟာပြန်မလာခဲ့ပါ...ယိမ်းယိမ်းတို့နဲ့အချိန်ဖြူန်းပြီးသာထို​နေ့​လေးကိုကုန်ဆုံးဖြစ်၏........

"ဒီ​ဆောင်းတွင်း​တောင်ကုန်​တော့မယ်​နော်ဦးယာ..ဘယ်​တွေခရီးလွန်​နေတာလဲ....ကျွန်​တော်ဆက်​စောင့်​နေ​သေးတယ်ဦးယာရဲ့......ဦးယာ​တောင်အဖိုးဖြစ်​တော့မယ်သိလား...ဦးယာကအဖိုးဖြစ်ဖို့​စောဦးမယ်ထင်တယ်​နော်....​ယိမ်းယိမ်း​လေးကို​သေချာမ​ပေးနိုင်ခဲ့တဲ့အချစ်​တွေ​မြေး​လေးကို​တော့​ပေးရမယ်မလားဦးယာ...ကျွန်​တော့်အသက်​တောင်၃ဂဏန်းထိပ်စီး​ပြောင်းသွားပြီ..ဦးယာလည်း၄ဂဏန်းထိပ်စီး​ပြောင်း​လောက်​ရော​​ပေါ့​နော်...လုံးလုံး​လေးက​တော့အရမ်းခန့်တဲ့ဦးယာကိုအဖိုး​တော်ရမှာဆို​တော့​ပျော်​နေ​တော့မှာပဲ...ဘယ်​တွေ​ရောက်​နေလဲဦးယာ...."

တဖြည်းဖြည်းတိမ်ဝင်လာ​သောအသံ​လေးသည်ငိုသံစွတ်လာ​လေပြီ....ဝရန်တာ​လေးမှာထွက်ကာဘယ်သူမှမကြားနိုင်တဲ့စကား​တွေကိုသူတစ်​ယောက်ထဲ​ပြော​နေမိခဲ့သည်....

ညတစ်ညကိုကုန်ဆုံးလို့မနက်ခင်း​လေးကိုပြန်လည်​ရောက်ရှိချိန်တွင်​အေးရိပ်သည်သူ့ဝတ္တရား​လေးအတိုင်းခုံတန်း​​လေးတွင်ထိုင်​နေပြန်သည်...​ဆောင်းတွင်ကအ​အေးကြီးမဟုတ်​သော်လည်းငြိမ်သက်စွာထိုင်​နေ​သောသူ့အတွက်​တော့​အေးလွန်း​နေခဲ့သည်....သည်လို​ဆောင်းတွင်းမျိုးကိုသူ၅နှစ်တိုင်ဖြတ်​​ကျော်ခဲ့ပြီးပြီ....​နောက်ထပ်​ရောဘယ်​လောက်ထပ်ဖြတ်​​ကျော်ရဦးမှာလဲ​လေ.....

ထို​နေ့ကလည်းသူထုံးစံအတိုင်း​စောင့်ခဲ့ပါတယ်...ဦးယာပြန်မလာခဲ့ပါ.....

"ဟယ်လို..."

"ဟယ်လို​ဖေငယ်..."

"အင်းယိမ်း​လေး​ပြော​လေက​လေး..."

"​ဖေငယ်​နေ​ကောင်းရဲ့လား..."

"​ကောင်းပါတယ်...ယိမ်း​​လေး​ရော..​နေ​ကောင်းရဲ့လား...လုံးလုံး​လေးကန်​သေးလား..."

"တအား​တော့မကန်​တော့ပါဘူး​ဖေငယ်ရဲ့...​ဖေငယ်အတွက်သတင်း​ကောင်းရှိတယ်...."

"သတင်း​ကောင်း..?"

"ဟုတ်..."

"ဘာများလဲဗျ.."

"မနက်ဖြန်​ပြောမယ်..ဟီးဟီး..."

"ဟုတ်ပါပြီ...."

"ဒါပဲ​​နော်​ဖေငယ်...ဂရုစိုက်​နော်.."

"ဟုတ်ပါပြီဗျာ...ဒါပဲ​နော်က​လေး..."

"ဟုတ်..."

ဖုန်း​လေးကျသွားသည်နှင့်​အေးရိပ်​ဝေပြုံးလိုက်မိသည်...ဘာသတင်း​ကောင်းမို့ယိမ်းယိမ်း​လေး​ပျော်​နေသည်မသိဖုန်းထဲကအသံ​လေးသည်ရွှင်ပြလို့.......

မနက်ဖြန်ယိမ်းယိမ်း​လေးတို့လာမည်ဆိုတာ​ကြောင့်သူလည်းပဲမုန့်လုပ်​​ကျွေးရ​အောင်ည​နေခင်း​လေးတွင်​စျေးဝယ်ထွက်လိုက်​လေသည်......ထို​နေ့က​တော့အိမ်သန့်ရှင်း​ရေးလုပ်၊မုန့်လုပ်​ကျွေးရန်ပြင်ဆင်နှင့်​အေးရိပ်​ဝေမှာဦးယာကို​တောင်ပြည့်ပြည့်ဝဝမလွမ်းခဲ့ရပါ...........

​နေ့သစ်တစ်ဖန်အစပြုချိန်တွင်​တော့​အေးရိပ်မှာထုံးစံမပျက်ခုံတန်း​လေးတွင်​စောင့်ဆိုင်းပြန်သည်....သည်​နေ့ကျမှာအချမ်းပို​နေလိုက်တာ...​ဆောင်းကုန်​တော့မှာမို့နှုတ်ဆက်တဲ့အ​နေနဲ့အသားကုန်​အေး​ပေး​နေသလား​အောက်​မေ့ရ​လေသည်...

မြူ​တွေဆိုင်း​နေတဲ့လမ်းမထက်ကိုပဲ ခြံထဲမှလှမ်း​ငေး​နေမိသည်...အကယ်၍ဦးယာသာပြန်လာရင်ကားနဲ့ပြန်လာမှာလား...လမ်း​လျှောက်ပြန်လာမှာလားစိတ်ကူးယဥ်ကြည့်ရင်း​ပေါ့.....ဒီလို​​နေ့တိုင်း​စောင့်ရလို့မငြီး​ငွေ့ဘူးလားလို့​မေးကြရင်သူလုံးဝမငြီး​ငွေ့ခဲ့ဖူးပါဘူး...တစ်ရက်​လေး​တောင်​စောင့်ရတာကိုမငြီး​ငွေ့ခဲ့ဖူးဘူး....ဦးယာရဲ့အိမ်ပြန်လမ်း​လေးကို​မျှော်ရတာသိပ်​ပျော်ရသည်မို့...........

ထိုစဥ်အိပ်ကပ်ထဲမှဖုန်း​လေးရဲ့မြည်သံ​ကြောင့်ကြည့်လိုက်​တော့ယိမ်းယိမ်း​လေး....

"ဟယ်လို..."

"​ဖေငယ်...သတင်း​ကောင်း​ရောက်ပြီလား..."

"သတင်း​ကောင်း..?"

"ဟုတ်...ယိမ်းယိမ်းသတင်း​ကောင်းပါးလိုက်တယ်​ရောက်လား...."

"​​ရောက်ပါပြီ..."​အေးရိပ်ရဲ့​ဖြေသံမဟုတ်​သောအသံသည်​နောက်မှထွက်လာ​လေသည်......ထိုအချိန်ယိမ်းယိမ်းရဲ့ဖုန်းမှာလည်းကျသွား​လေပြီ......

"ဦး!..."

"ဦးယာ....."

ဟုတ်ပါရဲ့...ဦးယာမှဦးယာစစ်စစ်ပါ...သူ့ကိုမတ်တပ်ရပ်ကြည့်​နေ​လေသည်...ပြုံးလို့...အရင်လိုပိန်မ​နေ​တော့ဘဲ​တွေ့ကာစကလို​တောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့ကျန်းမာတဲ့လူတစ်​ယောက်အဖြစ်နဲ့......

"ကိုယ်တို့ပြန်​တွေ့ကြပြန်ပြီ​နော်ရိပ်...."ဟု​ပြောကာ​အေးရိပ်ထံသို့လက်ကိုဆန့်တန်း​​ပေး​လေသည်.....

"လာပါဦး...ကိုယ့်ကိုမနှုတ်ဆက်​တော့ဘူးလား..."

"နှုတ်ဆက်ရမှာ​ပေါ့ဦးယာရယ်"ဟု​ပြောလျက်မင်းဦးယာ၏ရင်ခွင်ထဲသို့​ပြေးဝင်မိသည်...​နွေး​ထွေးသွားလိုက်တာ.....အရင်တုန်းကမသိသာခဲ့​ပေမယ့်ခုလိုကျဦးယာဟာသိပ်ကိုအရပ်ရှည်တာပဲ...........တလိမ့်လိမ့်နှင့်ကျ​နေ​သောမျက်ရည်များကိုမင်းဦးယာဟာလက်ဖဝါးပြင်​နွေး​နွေး​လေးနှင့်ပွတ်ဆွဲ၍သုတ်​ပေးရှာသည်.....ရင်ခွင်ထဲမှ​ခေါင်း​လေး​မော့ကာကြည့်​နေရှာ​သော​ကောင်​လေးသည်လွန်ခဲ့တဲ့၅နှစ်ကလိုသိပ်ကိုချစ်ဖို့​ကောင်းသည်...အငိုမျက်လုံး​လေးနဲ့အပြုံးမျက်နှာ​လေးနှင့်ရိပ်ဟာသိပ်​အေးချမ်းသည်......

"​ပြောပါဦး..ခု​ရောကိုယ့်ကို​စောင့်​ရှောက်​ပေးဦးမှာလား...."

"​စောင့်​​​ရှောက်​ပေးဦးမှာ​ပေါ့ဦးယာ.."

"တစ်သက်လုံးအတွက်ဆိုရင်​ကော..."

"တစ်သက်လုံးအတွက်ဆိုရင်​တောင်မငြီးမငြူနဲ့​စောင့်​ရှောက်​ပါ့မယ်...."

"မြတ်နိုးလိုက်ရတာရိပ်ငယ်​လေးရယ်...ကိုယ့်အတွက်အမြဲခွန်အားဖြစ်ခဲ့​ပေးလို့​ကျေးဇူးတင်ပါတယ်ကိုယ့်ရဲ့အားအင်​​လေးရယ်..."

​မော့ကြည့်​နေဆဲမျက်နှာ​လေးကို​စေ့​စေ့ကြည့်ပြီး​ပြော​တော့အသိအမှတ်ပြုဟန်ပြုံးလို့ရင်ခွင်ထဲ​ခေါင်းတိုးဝင်လာ​လေသည်.....

"အပြင်မှာအရမ်း​အေးတာကိုဘာလို့အမြဲ​စောင့်​နေခဲ့တာလဲ...."

"အပြင်မှာ​အေး​ပေမယ့်ဦးယာပြန်လာတာကို​စောင့်​နေတယ်ဆိုတဲ့စိတ်​လေးက​နွေး​ထွေးလွန်း​တော့အ​အေးဒဏ်က​တောင်တိုးမဝင်​တော့လို့​ပေါ့ဦးယာရယ်...."

"ဟုတ်ပါပြီ...အရမ်းကြာသွားခဲ့လို့​တောင်းပန်ပါတယ်​နော်ရိပ်..."

"ဟင့်အင်း..မလိုပါဘူး...ဦးယာဂတိတည်တာနဲ့တင်​​ကျေနပ်ပါပြီ..."

"ရိပ်..."

"ဗျာ..."

"အရမ်းပင်ပန်းခဲ့ရပြီ​နော်..."

"မဟုတ်တာ..နည်းနည်းမှမပင်ပန်းခဲ့ပါဘူးဦးယာ...."

"အိမ်ထဲဝင်ရ​အောင်​နော်ကိုယ့်ရဲ့ရိပ်ငယ်​လေး....."

"ဟုတ်...."

ချစ်စကား​တွေကိုတရစပ်မဆို​နေခဲ့ကြ​သော်လည်းတစ်​ယောက်ကိုတစ်​ယောက်လွတ်သွားမှာစိုးသည့်အလားမင်းဦးယာကလည်း​အေးရိပ်ပုခုံးကိုတင်းကျပ်စွာဆုပ်ကိုင်ရင်း​အေးရိပ်ကလည်းမင်းဦးယာရဲ့ခါးကိုတင်းတင်းကျပ်ကျပ်ဖက်ထားရင်း........

"Surprise!!"

"ဟင်..."

အိမ်ထဲသို့ဝင်လိုက်သည်နှင့်အိမ်ထဲတွင်ယိမ်းယိမ်းတို့လင်မယား​ရော..​ဒေါက်တာမြတ်သူ​ရော...ဖိုးနဲ့ဖွား​ရောကြီး​မေနဲ့ဦး​လေးပါ​ရောက်​နေကြ​လေသည်......

ဖိုးတို့ဖွားတို့မှာအသက်၆၀စွန်းစွန်းအရွယ်​​ရောက်​နေပြီဖြစ်ပြီး​သော်လည်းသားကို​မျှော်ကာပြန်လာရင်အရင်လို​ထွေး​ပွေ့နိုင်ကြ​ရေးအတွက်ကျန်းမာ​ရေးကိုအထူးဂရုစိုက်ခဲ့ကြတာ​ကြောင့်အသက်အရွယ်ထက်ပင်နုပျို​နေသ​ယောင်ထင်ရ​လေသည်.....အားလုံးရဲ့အပြုံးမျက်နှာ​လေး​တွေဟာလန်းဆန်းလို့....

"ဘယ်တုန်းက​ရောက်​နေကြတာလဲ..."

"​ဟီးဟီး..စောနတည်းက..."

"အယ်..အိမ်​ရှေ့မှာမ​တွေ့မိဘူး..."

"​နောက်​ပေါက်ကခိုးဝင်လာကြတာ​ဖေငယ်ကိုSurpriseလုပ်ရ​​အောင်..."

ယိမ်းယိမ်း​လေးရဲ့စကားအဆုံးမှာ​​အေးရိပ်ပြုံးလိုက်မိသည်...စိတ်လိုလက်ရ...အားပါးတရ.....

ထို​နေ့​လေးကထိုအိမ်​လေးထဲမှာဝမ်းနည်းခြင်း​တွေလုံးဝကင်းစင်သွား​သောရယ်သံ​လေး​တွေလွှမ်းလျက်.....​ပျော်ရွှင်ခြင်း၊ကြည်နူးခြင်း၊ပီတိ​တွေဖြင့်သာလွှမ်းခြုံလျက်ချစ်ရိပ်မြုံ​လေးဟာ​​ပြည့်စုံသွား​လေပြီ........

"ဦးယာ...."

"အင်း...ဒီ​နေ့လူ​တွေစုံသွား​တော့ပင်ပန်း​နေ​တော့မှာပဲ..."

"မပင်ပန်းပါဘူးဦးယာရဲ့....ဦးယာကမ​နေ့တည်းကဘာလို့လာမ​တွေ့ခဲ့တာလဲ..."

"​တွေ့ချင်တာ​ပေါ့.. မ​နေ့ကသမီးကရိပ်ဆီဖုန်းဆက်​တော့ကိုယ်​ရောက်​နေပြီ..မင်းအသံကြားထဲက​ပြေးလာချင်ခဲ့တာ...သမီးကခုမသွားပါနဲ့​တော့...သူ့ရဲ့​ဖေငယ်မိုးလင်းတိုင်းဝမ်းနည်း​နေရတာကို​သေချာမြင်​အောင်ကြည့်ရမယ်ဆိုပြီးမနက်မှသွားခိုင်းလို့...."

"ယိမ်း​လေးက​တော့လုပ်ပြီ"

"ဟင့်အင်း...သမီး​ပြောတာမှန်ပါတယ်...ကိုယ်က​​တော်​တော်ဆိုးခဲ့တာပဲ​နော်...မင်းကို၅နှစ်ကြီးများ​တောင်​စောင့်ခိုင်းမိတာ...."

"မဆိုးပါဘူးဦးယာရဲ့....ဦးယာကဆက်ဆက်ပြန်လာခဲ့တာပဲ...ဒီလိုကျန်းကျန်းမာမာပြန်လာ​ပေးတာနဲ့တင်ကျွန်​​တော်ကျေနပ်ပြီ..."

"ရိပ်...ကိုယ့်နားလာပါဦး...."

ကုတင်​ပေါ်တွင်ထိုင်​နေ​သောဦးယာသည်လက်ကိုဆန့်တန်း၍သူ့အား​ခေါ်​လေသည်.....ဦးယာ၏​​ဘေးတွင်ဝင်ထိုင်လိုက်​တော့ယုယစွာ​ထွေး​ပွေ့လာခဲ့သည် .....

"မင်းကကိုယ့်ရဲ့အလင်း​ရောင်​လေး...အိမ်မက်နဲ့​​မျှော်လင့်ချက်ဆိုတာမနက်ဖြန်အတွက်အလင်း​ရောင်လို့​ပြောကြတယ်သိလား....လွန်ခဲ့တဲ့၅နှစ်အတွင်းမှာကိုယ်မင်းတို့ရဲ့သတင်း​တွေကိုမြတ်သူဆီကပြန်ကြားရပါတယ်....မင်း​စောင့်​နေတယ်ဆိုတဲ့အ​ကြောင်းကိုသိရ​တော့ကိုယ်အရမ်း​​ပျော်မိတယ်သိလား....ကိုယ်ရဲ့အိမ်မက်ကမင်း၊ကိုယ့်ရဲ့​မျှော်လင့်ချက်ကမင်း၊ကိုယ့်ရဲ့မနက်ဖြန်အတွက်အလင်း​ရောင်ကလည်းမင်း....မင်းရှိ​နေတယ်ဆိုတဲ့စိတ်နဲ့ကိုယ်ကြိုးစားရှင်သန်ခဲ့တာ....ကိုယ့်ရဲ့မနက်ဖြန်တိုင်းမှာမင်းရှိ​နေမယ်ဆိုတဲ့စိတ်နဲ့.....မင်းက​ဝေး​နေတာ​တောင်ကိုယ့်ကိုအားဖြစ်​စေခဲ့တာပဲ....."

မင်းဦးယာ၏စကားဆုံး​တော့​အေးရိပ်​ဝေဟာလှပစွာပြုံး​လေသည်...ထိုအပြုံး​လေးသည် မင်းဦးယာမျက်လုံး​တွေပြန်မြင်ရတုန်းက၊​အေးရိပ်​ဝေဆိုတဲ့လူသား​လေးကိုပထမဆုံးမြင်​​တွေ့ခဲ့ရတုန်းကလိုအပြုံး​လေး...ကြည်လင်တယ်၊​တောက်ပတယ်၊​အေးချမ်းတယ်.........

"ကိုယ်တို့အနားယူကြ​တော့မလား..."

"ဟုတ်..."

"ဒီ​နေ့​တော့ကိုယ်နဲ့အနီးဆုံးမှာ​နေ​​​ပေးနော်...ကိုယ့်ရင်ခုန်သံကိုနား​ထောင်​ပေး"

"နား​ထောင်​ပေးပါ့မယ်ဦးယာ..."

ထို့​နောက်နှစ်ဦးသားကုတင်ထက်ဝယ်လဲ​လျောင်းရင်းမင်းဦးယာသည်လည်း​အေးရိပ်ကိုသူ့နှလုံးသားထဲမထည့်ရုံတမယ်သာဖက်ထား​လေသည်......

"ဒီ​နေ့ည​တော့ကျွန်​တော်အိပ်​တောင်​ပျော်ပါ့မလားမသိဘူး..."

"ကိုယ်ကအိပ်​ပျော်​အောင်ကူညီမှာ​ပေါ့....မျက်လုံး​လေးမှိတ်ထား...ကိုယ်​ပြောချင်တဲ့စကား​တွေကိုသီချင်း​လေးနဲ့​ပြောပြမယ်...နား​ထောင်​နေ​နော်ရိပ်ငယ်..."

"ဟုတ်"



    🎶  အပြုံးနဲ့​မှေးစက်​တော့ချစ်သူ​ရေ
       ထပ်ပြီး​တော့မ​​ဝေး​တော့ဘူး
   ငြိမ်းချမ်းလှပတဲ့ကိုယ့်အချစ်များစွာယူ

အလွမ်းများ​ကြောင့်ကျခဲ့တဲ့မျက်ရည်​တွေ
         ဒီအချိန်မှာတိတ်လိုက်​တော့
   
    ​​မျှော်လင့်ခဲ့ရတဲ့အချစ်ည​လေး
          အတူ​တူရောက်ရှိခဲ့​ပေါ့...
          အတူရောက်ရှိခဲ့​ပေါ့.....

          အပြာ​ရောင်အချစ်ည
         မင်းလှမ်းကြည့်လိုက်စမ်း
မိုး​ကောင်းကင်ထက်များတဲ့တို့အချစ်များ

    ကြယ်စင်အားလုံးထက်လင်းတဲ့တို့      အချစ်များ
      အပြာ​ရောင်အချစ်ညကမ္ဘာမှာ.....

     သီချင်း​လေးနဲ့​ချော့သိပ်ချင်တယ်
           ဒီရင်မှာအိပ်စက်​တော့
  ​ပျောက်ဆုံးမသွား​တော့မဲ့အချစ်ည​လေး
         ထာဝရသိမ်းထားလိုက်​တော့
             သိမ်းထားလိုက်​တော့

            အပြာ​ရောင်အချစ်ည
        မင်းလှမ်းကြညိ့လိုက်စမ်း
           မိုး​ကောင်းကင်ထက်
           များတဲ့တို့အချစ်များ
        
         ကြယ်စင်အားလုံးထက်
          လင်းတဲ့တို့အချစ်များ
      အပြာ​ရောင်အချစ်ညကမ္ဘာမှာ🎶

သံစဥ်မပါပါဘဲနှစ်ကိုယ်ကြားရုံသာဆို​နေ​သောမင်းဦးယာ၏သီချင်းသံ​လေးဟာထိုအခန်း​လေးထဲသာယာစွာလွင့်ပျံ့လို့.......

သီချင်း​လေးအဆုံးမှာအိပ်​ပျော်သွားတဲ့​ကောင်​လေးရဲ့နဖူးပြင်​လေးထက်ပထမဆုံးအကြိမ်ယုယစွာအနမ်း​​ချွေမိသည်...

"အရမ်းကိုပင်ပန်းခဲ့ရပြီ
ကိုယ့်ရဲ့ရိပ်ငယ်​လေး
ခုကစပြီးကိုယ့်ရင်ခွင်မှာပဲ
အပြုံး​လေးနဲ့​မှေးစက်တော့​နော်
ကိုယ်တို့ဘယ်​တော့မှမ​ဝေးကြ​တော့ဘူး​နော်
မင်းဘဝ​လေးလုံခြုံ​အောင်ခုကစပြီးကိုယ်က​နွေး​ထွေးမှုအပြည့်နဲ့တန်ဖိုးထား​ပေးပါ့မယ်........
ကိုယ့်ရဲ့အလင်း​ရောင်​လေး၊ကိုယ့်ရဲ့ခွန်အား​လေး၊ကိုယ့်ရဲ့မနက်ဖြန်​လေးတစ်သက်လုံးအတွက်မင်းကိုကိုယ်​​​စောင့်​ရှောက်ပါ့မယ်
ရိပ်ငယ်.........."

အိပ်​​မောကျ​နေပြီဖြစ်​သောမျက်နှာ​လေးကို​စေ့​စေ့ကြည့်ရင်းလက်ဖဝါး​နွေး​နွေးနှင့်ပါးပြင်​လေးထက်ပွတ်သပ်​ပေးရင်း...စကားဆိုမိခဲ့သည်........

မဖိတ်​ခေါ်ပါဘဲနဲ့ဝင်လာခဲ့တဲ့အထူးဧည့်သည်​လေး
​နွေး​ထွေးမှု​တွေနဲ့အတူ​မေတ္တာ​တွေကိုပါသယ်​ဆောင်လာခဲ့တယ်
အဖိုးမဖြတ်နိုင်တဲ့သံ​ယောဇဥ်​တွေကိုပြသ​ပေးခဲ့တယ်
အလှပဆုံးဖြစ်တည်မှု​လေးကိုရင်နှင့်အမျှပျိုး​ပေးခဲ့တယ်
အိမ်ရှင်​တွေဟာလည်းထိုဧည့်သည်​လေးကိုမနှင်ရက်ခဲ့သလို
ဧည့်သည်​လေးဟာလည်း​နွေး​ထွေးကြင်နာမှု​တွေကိုဆက်လက်တည့်တံ့​အောင်ထိန်းသိမ်း​ပေးခဲ့တယ်

သိပ်ကိုမြတ်နိုးရတဲ့ဧည့်သည်​လေး​ရေ
မင်း​ဖန်တီး​ပေးတဲ့အရိပ်​လေးက
​အေးချမ်းလွန်းလို့
ထာဝရအတွက်ခိုလှုံပါရ​စေ​တော့ကွယ်

ပြီးပါပြီ.......☆Yate☆

//////////////////////////////////

ျမန္မာႏိုင္ငံရဲ႕​ေဆာင္းတြင္းဆိုတာရန္ကုန္လို​ေနရာမ်ိဳးမွာႏွင္းရယ္လို႔​ေတာ့မက်​ေပမယ့္ျမဴ​ေတြဆိုင္းကာ​ေဝ​ေနခဲ့တယ္....

ဒီလိုအခ်ိန္​ေရာက္တိုင္းသရက္ပင္​​ေအာက္ကထိုင္ခုံတန္း​ေလးမွာအ​ေႏြးထည္​ေလးဝတ္ဦးထုပ္​ေလး​ေဆာင္းၿပီးမ်က္ရည္​ေလး​ေတြဝဲ​ေနရွာ​ေသာအမ်ိဳးသား​ေလးတစ္ဦးဟာအျပင္သို႔​ေမွ်ာ္ရင္းတစ္စုံတစ္​ေယာက္ကို​ေစာင့္​ေနတက္​ေလတယ္....​ေအးစက္​ေနတဲ့လက္အစုံကိုအ​ေႏြးဓါတ္ရ​ေအာင္ပြတ္ရင္း​ေခ်ရင္းအက်ီအိပ္ကပ္​ေလးထဲထိုးထည့္လိုက္​ေလသည္.... ထို႔​ေနာက္ႏႈတ္မွလည္း"ဦးယာ​ေသခ်ာ​ေပါက္ျပန္လာမွာမလား"တဲ့ဆိုၿပီး​ေရ႐ြတ္​ေနတက္တယ္.......ဒီ​လိုေဆာင္းတြင္းဆိုထိုလူသား​ေလးသည္ ျမဴ​ေတြရွင္းၿပီး​ေန​ေရာင္ပြင့္လာသည္အထိ ခုံတန္း​ေလးတြင္ထိုင္​ေနတက္သည္​ေလ..........

"​ေဖငယ္"

"မီး​ေလး..."

"​ေအးကေအးနဲ႔​ေဖငယ္ရယ္...အျပင္မွာထိုင္​ေနျပန္ၿပီ......"

"ခဏပါသမီး​ေလးရဲ႕....လာလည္ၾကတာမလား....လာအျပင္မွာ​ေအးတယ္အိမ္ထဲသြားၾကမယ္​ေနာ္...."

"ဟုတ္..."

ယိမ္းယိမ္းတစ္​ေယာက္သူမသိပ္ခ်စ္ရ​ေသာ​ေဖငယ္ကိုၾကည့္ကာမ်က္ရည္​ေလး​ေတြရစ္ဝဲလာရသည္...တကယ္ဆိုသူတို႔နဲ႔ဘာမွမဆိုင္တဲ့သူစိမ္းျဖစ္ပါရက္နဲ႔​ေဖငယ္သည္သူ႔ရဲ႕ဘဝတစ္​ေလွ်ာက္လုံးနီးပါးကိုယိမ္းယိမ္းတို႔ထံျမႇဳပ္ႏွံခဲ့သည္...သို႔​ေသာ္သိပ္ခ်စ္ဖို႔​ေကာင္းတဲ့​ေဖငယ္သည္ယိမ္းယိမ္းငယ္ငယ္ကခ်စ္ခဲ့ရသည့္အတိုင္းမ​ေျပာင္းလဲ​ေသး​ေပ....အရင္ကထက္ပိုၿပီးတည္ၿငိမ္လာတာ​ေလးကလြဲလို႔​ေပါ့.....

"မ​ေပါ့မပါးနဲ႔ဘာလို႔လာရတာလဲက​ေလးရယ္....​ေဖငယ့္ကို​ေခၚလိုက္တာမဟုတ္ဘူး..."

"ယိမ္းယိမ္းကအဆင္​ေျပပါတယ္​ေဖငယ္ရဲ႕....ဒီလကုန္ရင္​​ေတာ့ေဆး႐ုံႀကိဳတက္​ေတာ့မယ္...."

"ဟုတ္ပါၿပီဗ်ာ...ခုတစ္​ေလာတအားကန္​​ေသးလား"

"မကန္​ေတာ့ဘူး...ဟီးဟီး...ယိမ္းယိမ္းကလုံးလုံးကို​ေသခ်ာဆုံးမထားတယ္..."

"ဟားဟား..ဟုတ္ပါၿပီဗ်ာ...."သူ႔ဗိုက္​ေလးသူပြတ္ကာရယ္က်ဲက်ဲ​ေျပာ​ေန​ေသာယိမ္းယိမ္း​ေလးသည္သိပ္ကိုခ်စ္ဖို႔​ေကာင္း​ေနျပန္ပါသည္...

"​ေဖငယ္​ေဆာင္းကုန္ရင္ျပန္လာမယ္မလား...."

"အင္း..ျပန္လာမွာပါက​ေလးရဲ႕...."

ယိမ္းယိမ္းကိုယ္ဝန္စရတည္းကသြားရလာရလြယ္​ေစရန္​ေဆး႐ုံႏွင့္နီး​ေသာတိုက္ခန္းတြင္​ေျမညီထပ္၌​ေျပာင္း​ေနၾက​ေလသည္.....​ေအးရိပ္​ေရာယိမ္းယိမ္းတို႔လင္မယားပါ​ေျပာင္း​ေနၾကၿပီး​ေအးရိပ္က​ေတာ့​ေဆာင္းတြင္း​ေလးမို႔သူ႔တစ္​ေယာက္​ေသာသူကို​ေစာင့္ရန္ဒီအိမ္တြင္ခဏျပန္လာ​ေန​ေလသည္.....

"ဖိုးနဲ႔ဖြားဆီ​ေရာ​ေရာက္ျဖစ္​ေသးလား..."

"တစ္​ေလာက​ေရာက္​ေသးတယ္...ဖိုးနဲ႔ဖြားကလည္း​ေဖ့ကို​ေမွ်ာ္​ေနတုန္းပဲ...​ေဖကလည္းဖိုးနဲ႔ဖြားကို​ေတာင္အဆက္အသြယ္မလုပ္ဘူး....တကယ္ပဲအဆင္​ေရာ​ေျပရဲ႕လားမသိပါဘူး​ေဖငယ္ရယ္....."

"​ေျပပါတယ္သမီး​ေလးရဲ႕....​ေသခ်ာ​ေပါက္အဆင္​ေျပမွာပါ....​ေဖငယ္တို႔ကစိတ္ရွည္ရွည္နဲ႔​ေစာင့္ၾကမယ္​ေလ​ေနာ္..."

"ဟုတ္..."

ထို​ေန႔​ေလးကလည္းသူ​ေစာင့္​ေနခဲ့ရတဲ့ဦးယာဟာျပန္မလာခဲ့ပါ...ယိမ္းယိမ္းတို႔နဲ႔အခ်ိန္ျဖဴန္းၿပီးသာထို​ေန႔​ေလးကိုကုန္ဆုံးျဖစ္၏........

"ဒီ​ေဆာင္းတြင္း​ေတာင္ကုန္​ေတာ့မယ္​ေနာ္ဦးယာ..ဘယ္​ေတြခရီးလြန္​ေနတာလဲ....ကြၽန္​ေတာ္ဆက္​ေစာင့္​ေန​ေသးတယ္ဦးယာရဲ႕......ဦးယာ​ေတာင္အဖိုးျဖစ္​ေတာ့မယ္သိလား...ဦးယာကအဖိုးျဖစ္ဖို႔​ေစာဦးမယ္ထင္တယ္​ေနာ္....​ယိမ္းယိမ္း​ေလးကို​ေသခ်ာမ​ေပးႏိုင္ခဲ့တဲ့အခ်စ္​ေတြ​ေျမး​ေလးကို​ေတာ့​ေပးရမယ္မလားဦးယာ...ကြၽန္​ေတာ့္အသက္​ေတာင္၃ဂဏန္းထိပ္စီး​ေျပာင္းသြားၿပီ..ဦးယာလည္း၄ဂဏန္းထိပ္စီး​ေျပာင္း​ေလာက္​ေရာ​​ေပါ့​ေနာ္...လုံးလုံး​ေလးက​ေတာ့အရမ္းခန္႔တဲ့ဦးယာကိုအဖိုး​ေတာ္ရမွာဆို​ေတာ့​ေပ်ာ္​ေန​ေတာ့မွာပဲ...ဘယ္​ေတြ​ေရာက္​ေနလဲဦးယာ...."

တျဖည္းျဖည္းတိမ္ဝင္လာ​ေသာအသံ​ေလးသည္ငိုသံစြတ္လာ​ေလၿပီ....ဝရန္တာ​ေလးမွာထြက္ကာဘယ္သူမွမၾကားႏိုင္တဲ့စကား​ေတြကိုသူတစ္​ေယာက္ထဲ​ေျပာ​ေနမိခဲ့သည္....

ညတစ္ညကိုကုန္ဆုံးလို႔မနက္ခင္း​ေလးကိုျပန္လည္​ေရာက္ရွိခ်ိန္တြင္​ေအးရိပ္သည္သူ႔ဝတၱရား​ေလးအတိုင္းခုံတန္း​​ေလးတြင္ထိုင္​ေနျပန္သည္...​ေဆာင္းတြင္ကအ​ေအးႀကီးမဟုတ္​ေသာ္လည္းၿငိမ္သက္စြာထိုင္​ေန​ေသာသူ႔အတြက္​ေတာ့​ေအးလြန္း​ေနခဲ့သည္....သည္လို​ေဆာင္းတြင္းမ်ိဳးကိုသူ၅ႏွစ္တိုင္ျဖတ္​​ေက်ာ္ခဲ့ၿပီးၿပီ....​ေနာက္ထပ္​ေရာဘယ္​ေလာက္ထပ္ျဖတ္​​ေက်ာ္ရဦးမွာလဲ​ေလ.....

ထို​ေန႔ကလည္းသူထုံးစံအတိုင္း​ေစာင့္ခဲ့ပါတယ္...ဦးယာျပန္မလာခဲ့ပါ.....

"ဟယ္လို..."

"ဟယ္လို​ေဖငယ္..."

"အင္းယိမ္း​ေလး​ေျပာ​ေလက​ေလး..."

"​ေဖငယ္​ေန​ေကာင္းရဲ႕လား..."

"​ေကာင္းပါတယ္...ယိမ္း​​ေလး​ေရာ..​ေန​ေကာင္းရဲ႕လား...လုံးလုံး​ေလးကန္​ေသးလား..."

"တအား​ေတာ့မကန္​ေတာ့ပါဘူး​ေဖငယ္ရဲ႕...​ေဖငယ္အတြက္သတင္း​ေကာင္းရွိတယ္...."

"သတင္း​ေကာင္း..?"

"ဟုတ္..."

"ဘာမ်ားလဲဗ်.."

"မနက္ျဖန္​ေျပာမယ္..ဟီးဟီး..."

"ဟုတ္ပါၿပီ...."

"ဒါပဲ​​ေနာ္​ေဖငယ္...ဂ႐ုစိုက္​ေနာ္.."

"ဟုတ္ပါၿပီဗ်ာ...ဒါပဲ​ေနာ္က​ေလး..."

"ဟုတ္..."

ဖုန္း​ေလးက်သြားသည္ႏွင့္​ေအးရိပ္​ေဝၿပဳံးလိုက္မိသည္...ဘာသတင္း​ေကာင္းမို႔ယိမ္းယိမ္း​ေလး​ေပ်ာ္​ေနသည္မသိဖုန္းထဲကအသံ​ေလးသည္႐ႊင္ျပလို႔.......

မနက္ျဖန္ယိမ္းယိမ္း​ေလးတို႔လာမည္ဆိုတာ​ေၾကာင့္သူလည္းပဲမုန္႔လုပ္​​ေကြၽးရ​ေအာင္ည​ေနခင္း​ေလးတြင္​ေစ်းဝယ္ထြက္လိုက္​ေလသည္......ထို​ေန႔က​ေတာ့အိမ္သန္႔ရွင္း​ေရးလုပ္၊မုန္႔လုပ္​ေကြၽးရန္ျပင္ဆင္ႏွင့္​ေအးရိပ္​ေဝမွာဦးယာကို​ေတာင္ျပည့္ျပည့္ဝဝမလြမ္းခဲ့ရပါ...........

​ေန႔သစ္တစ္ဖန္အစျပဳခ်ိန္တြင္​ေတာ့​ေအးရိပ္မွာထုံးစံမပ်က္ခုံတန္း​ေလးတြင္​ေစာင့္ဆိုင္းျပန္သည္....သည္​ေန႔က်မွာအခ်မ္းပို​ေနလိုက္တာ...​ေဆာင္းကုန္​ေတာ့မွာမို႔ႏႈတ္ဆက္တဲ့အ​ေနနဲ႔အသားကုန္​ေအး​ေပး​ေနသလား​ေအာက္​ေမ့ရ​ေလသည္...

ျမဴ​ေတြဆိုင္း​ေနတဲ့လမ္းမထက္ကိုပဲ ၿခံထဲမွလွမ္း​ေငး​ေနမိသည္...အကယ္၍ဦးယာသာျပန္လာရင္ကားနဲ႔ျပန္လာမွာလား...လမ္း​ေလွ်ာက္ျပန္လာမွာလားစိတ္ကူးယဥ္ၾကည့္ရင္း​ေပါ့.....ဒီလို​​ေန႔တိုင္း​ေစာင့္ရလို႔မၿငီး​ေငြ႕ဘူးလားလို႔​ေမးၾကရင္သူလုံးဝမၿငီး​ေငြ႕ခဲ့ဖူးပါဘူး...တစ္ရက္​ေလး​ေတာင္​ေစာင့္ရတာကိုမၿငီး​ေငြ႕ခဲ့ဖူးဘူး....ဦးယာရဲ႕အိမ္ျပန္လမ္း​ေလးကို​ေမွ်ာ္ရတာသိပ္​ေပ်ာ္ရသည္မို႔...........

ထိုစဥ္အိပ္ကပ္ထဲမွဖုန္း​ေလးရဲ႕ျမည္သံ​ေၾကာင့္ၾကည့္လိုက္​ေတာ့ယိမ္းယိမ္း​ေလး....

"ဟယ္လို..."

"​ေဖငယ္...သတင္း​ေကာင္း​ေရာက္ၿပီလား..."

"သတင္း​ေကာင္း..?"

"ဟုတ္...ယိမ္းယိမ္းသတင္း​ေကာင္းပါးလိုက္တယ္​ေရာက္လား...."

"​​ေရာက္ပါၿပီ..."​ေအးရိပ္ရဲ႕​ေျဖသံမဟုတ္​ေသာအသံသည္​ေနာက္မွထြက္လာ​ေလသည္......ထိုအခ်ိန္ယိမ္းယိမ္းရဲ႕ဖုန္းမွာလည္းက်သြား​ေလၿပီ......

"ဦး!..."

"ဦးယာ....."

ဟုတ္ပါရဲ႕...ဦးယာမွဦးယာစစ္စစ္ပါ...သူ႔ကိုမတ္တပ္ရပ္ၾကည့္​ေန​ေလသည္...ၿပဳံးလို႔...အရင္လိုပိန္မ​ေန​ေတာ့ဘဲ​ေတြ႕ကာစကလို​ေတာင့္တင္းတဲ့ခႏၶာကိုယ္နဲ႔က်န္းမာတဲ့လူတစ္​ေယာက္အျဖစ္နဲ႔......

"ကိုယ္တို႔ျပန္​ေတြ႕ၾကျပန္ၿပီ​ေနာ္ရိပ္...."ဟု​ေျပာကာ​ေအးရိပ္ထံသို႔လက္ကိုဆန္႔တန္း​​ေပး​ေလသည္.....

"လာပါဦး...ကိုယ့္ကိုမႏႈတ္ဆက္​ေတာ့ဘူးလား..."

"ႏႈတ္ဆက္ရမွာ​ေပါ့ဦးယာရယ္"ဟု​ေျပာလ်က္မင္းဦးယာ၏ရင္ခြင္ထဲသို႔​ေျပးဝင္မိသည္...​ေႏြး​ေထြးသြားလိုက္တာ.....အရင္တုန္းကမသိသာခဲ့​ေပမယ့္ခုလိုက်ဦးယာဟာသိပ္ကိုအရပ္ရွည္တာပဲ...........တလိမ့္လိမ့္ႏွင့္က်​ေန​ေသာမ်က္ရည္မ်ားကိုမင္းဦးယာဟာလက္ဖဝါးျပင္​ေႏြး​ေႏြး​ေလးႏွင့္ပြတ္ဆြဲ၍သုတ္​ေပးရွာသည္.....ရင္ခြင္ထဲမွ​ေခါင္း​ေလး​ေမာ့ကာၾကည့္​ေနရွာ​ေသာ​ေကာင္​ေလးသည္လြန္ခဲ့တဲ့၅ႏွစ္ကလိုသိပ္ကိုခ်စ္ဖို႔​ေကာင္းသည္...အငိုမ်က္လုံး​ေလးနဲ႔အၿပဳံးမ်က္ႏွာ​ေလးႏွင့္ရိပ္ဟာသိပ္​ေအးခ်မ္းသည္......

"​ေျပာပါဦး..ခု​ေရာကိုယ့္ကို​ေစာင့္​ေရွာက္​ေပးဦးမွာလား...."

"​ေစာင့္​​​ေရွာက္​ေပးဦးမွာ​ေပါ့ဦးယာ.."

"တစ္သက္လုံးအတြက္ဆိုရင္​ေကာ..."

"တစ္သက္လုံးအတြက္ဆိုရင္​ေတာင္မၿငီးမျငဴနဲ႔​ေစာင့္​ေရွာက္​ပါ့မယ္...."

"ျမတ္ႏိုးလိုက္ရတာရိပ္ငယ္​ေလးရယ္...ကိုယ့္အတြက္အၿမဲခြန္အားျဖစ္ခဲ့​ေပးလို႔​ေက်းဇူးတင္ပါတယ္ကိုယ့္ရဲ႕အားအင္​​ေလးရယ္..."

​ေမာ့ၾကည့္​ေနဆဲမ်က္ႏွာ​ေလးကို​ေစ့​ေစ့ၾကည့္ၿပီး​ေျပာ​ေတာ့အသိအမွတ္ျပဳဟန္ၿပဳံးလို႔ရင္ခြင္ထဲ​ေခါင္းတိုးဝင္လာ​ေလသည္.....

"အျပင္မွာအရမ္း​ေအးတာကိုဘာလို႔အၿမဲ​ေစာင့္​ေနခဲ့တာလဲ...."

"အျပင္မွာ​ေအး​ေပမယ့္ဦးယာျပန္လာတာကို​ေစာင့္​ေနတယ္ဆိုတဲ့စိတ္​ေလးက​ေႏြး​ေထြးလြန္း​ေတာ့အ​ေအးဒဏ္က​ေတာင္တိုးမဝင္​ေတာ့လို႔​ေပါ့ဦးယာရယ္...."

"ဟုတ္ပါၿပီ...အရမ္းၾကာသြားခဲ့လို႔​ေတာင္းပန္ပါတယ္​ေနာ္ရိပ္..."

"ဟင့္အင္း..မလိုပါဘူး...ဦးယာဂတိတည္တာနဲ႔တင္​​ေက်နပ္ပါၿပီ..."

"ရိပ္..."

"ဗ်ာ..."

"အရမ္းပင္ပန္းခဲ့ရၿပီ​ေနာ္..."

"မဟုတ္တာ..နည္းနည္းမွမပင္ပန္းခဲ့ပါဘူးဦးယာ...."

"အိမ္ထဲဝင္ရ​ေအာင္​ေနာ္ကိုယ့္ရဲ႕ရိပ္ငယ္​ေလး....."

"ဟုတ္...."

ခ်စ္စကား​ေတြကိုတရစပ္မဆို​ေနခဲ့ၾက​ေသာ္လည္းတစ္​ေယာက္ကိုတစ္​ေယာက္လြတ္သြားမွာစိုးသည့္အလားမင္းဦးယာကလည္း​ေအးရိပ္ပုခုံးကိုတင္းက်ပ္စြာဆုပ္ကိုင္ရင္း​ေအးရိပ္ကလည္းမင္းဦးယာရဲ႕ခါးကိုတင္းတင္းက်ပ္က်ပ္ဖက္ထားရင္း........

"Surprise!!"

"ဟင္..."

အိမ္ထဲသို႔ဝင္လိုက္သည္ႏွင့္အိမ္ထဲတြင္ယိမ္းယိမ္းတို႔လင္မယား​ေရာ..​ေဒါက္တာျမတ္သူ​ေရာ...ဖိုးနဲ႔ဖြား​ေရာႀကီး​ေမနဲ႔ဦး​ေလးပါ​ေရာက္​ေနၾက​ေလသည္......

ဖိုးတို႔ဖြားတို႔မွာအသက္၆၀စြန္းစြန္းအ႐ြယ္​​ေရာက္​ေနၿပီျဖစ္ၿပီး​ေသာ္လည္းသားကို​ေမွ်ာ္ကာျပန္လာရင္အရင္လို​ေထြး​ေပြ႕ႏိုင္ၾက​ေရးအတြက္က်န္းမာ​ေရးကိုအထူးဂ႐ုစိုက္ခဲ့ၾကတာ​ေၾကာင့္အသက္အ႐ြယ္ထက္ပင္ႏုပ်ိဳ​ေနသ​ေယာင္ထင္ရ​ေလသည္.....အားလုံးရဲ႕အၿပဳံးမ်က္ႏွာ​ေလး​ေတြဟာလန္းဆန္းလို႔....

"ဘယ္တုန္းက​ေရာက္​ေနၾကတာလဲ..."

"​ဟီးဟီး..ေစာနတည္းက..."

"အယ္..အိမ္​ေရွ႕မွာမ​ေတြ႕မိဘူး..."

"​ေနာက္​ေပါက္ကခိုးဝင္လာၾကတာ​ေဖငယ္ကိုSurpriseလုပ္ရ​​ေအာင္..."

ယိမ္းယိမ္း​ေလးရဲ႕စကားအဆုံးမွာ​​ေအးရိပ္ၿပဳံးလိုက္မိသည္...စိတ္လိုလက္ရ...အားပါးတရ.....

ထို​ေန႔​ေလးကထိုအိမ္​ေလးထဲမွာဝမ္းနည္းျခင္း​ေတြလုံးဝကင္းစင္သြား​ေသာရယ္သံ​ေလး​ေတြလႊမ္းလ်က္.....​ေပ်ာ္႐ႊင္ျခင္း၊ၾကည္ႏူးျခင္း၊ပီတိ​ေတြျဖင့္သာလႊမ္းၿခဳံလ်က္ခ်စ္ရိပ္ၿမဳံ​ေလးဟာ​​ျပည့္စုံသြား​ေလၿပီ........

"ဦးယာ...."

"အင္း...ဒီ​ေန႔လူ​ေတြစုံသြား​ေတာ့ပင္ပန္း​ေန​ေတာ့မွာပဲ..."

"မပင္ပန္းပါဘူးဦးယာရဲ႕....ဦးယာကမ​ေန႔တည္းကဘာလို႔လာမ​ေတြ႕ခဲ့တာလဲ..."

"​ေတြ႕ခ်င္တာ​ေပါ့.. မ​ေန႔ကသမီးကရိပ္ဆီဖုန္းဆက္​ေတာ့ကိုယ္​ေရာက္​ေနၿပီ..မင္းအသံၾကားထဲက​ေျပးလာခ်င္ခဲ့တာ...သမီးကခုမသြားပါနဲ႔​ေတာ့...သူ႔ရဲ႕​ေဖငယ္မိုးလင္းတိုင္းဝမ္းနည္း​ေနရတာကို​ေသခ်ာျမင္​ေအာင္ၾကည့္ရမယ္ဆိုၿပီးမနက္မွသြားခိုင္းလို႔...."

"ယိမ္း​ေလးက​ေတာ့လုပ္ၿပီ"

"ဟင့္အင္း...သမီး​ေျပာတာမွန္ပါတယ္...ကိုယ္က​​ေတာ္​ေတာ္ဆိုးခဲ့တာပဲ​ေနာ္...မင္းကို၅ႏွစ္ႀကီးမ်ား​ေတာင္​ေစာင့္ခိုင္းမိတာ...."

"မဆိုးပါဘူးဦးယာရဲ႕....ဦးယာကဆက္ဆက္ျပန္လာခဲ့တာပဲ...ဒီလိုက်န္းက်န္းမာမာျပန္လာ​ေပးတာနဲ႔တင္ကြၽန္​​ေတာ္ေက်နပ္ၿပီ..."

"ရိပ္...ကိုယ့္နားလာပါဦး...."

ကုတင္​ေပၚတြင္ထိုင္​ေန​ေသာဦးယာသည္လက္ကိုဆန္႔တန္း၍သူ႔အား​ေခၚ​ေလသည္.....ဦးယာ၏​​ေဘးတြင္ဝင္ထိုင္လိုက္​ေတာ့ယုယစြာ​ေထြး​ေပြ႕လာခဲ့သည္ .....

"မင္းကကိုယ့္ရဲ႕အလင္း​ေရာင္​ေလး...အိမ္မက္နဲ႔​​ေမွ်ာ္လင့္ခ်က္ဆိုတာမနက္ျဖန္အတြက္အလင္း​ေရာင္လို႔​ေျပာၾကတယ္သိလား....လြန္ခဲ့တဲ့၅ႏွစ္အတြင္းမွာကိုယ္မင္းတို႔ရဲ႕သတင္း​ေတြကိုျမတ္သူဆီကျပန္ၾကားရပါတယ္....မင္း​ေစာင့္​ေနတယ္ဆိုတဲ့အ​ေၾကာင္းကိုသိရ​ေတာ့ကိုယ္အရမ္း​​ေပ်ာ္မိတယ္သိလား....ကိုယ္ရဲ႕အိမ္မက္ကမင္း၊ကိုယ့္ရဲ႕​ေမွ်ာ္လင့္ခ်က္ကမင္း၊ကိုယ့္ရဲ႕မနက္ျဖန္အတြက္အလင္း​ေရာင္ကလည္းမင္း....မင္းရွိ​ေနတယ္ဆိုတဲ့စိတ္နဲ႔ကိုယ္ႀကိဳးစားရွင္သန္ခဲ့တာ....ကိုယ့္ရဲ႕မနက္ျဖန္တိုင္းမွာမင္းရွိ​ေနမယ္ဆိုတဲ့စိတ္နဲ႔.....မင္းက​ေဝး​ေနတာ​ေတာင္ကိုယ့္ကိုအားျဖစ္​ေစခဲ့တာပဲ....."

မင္းဦးယာ၏စကားဆုံး​ေတာ့​ေအးရိပ္​ေဝဟာလွပစြာၿပဳံး​ေလသည္...ထိုအၿပဳံး​ေလးသည္ မင္းဦးယာမ်က္လုံး​ေတြျပန္ျမင္ရတုန္းက၊​ေအးရိပ္​ေဝဆိုတဲ့လူသား​ေလးကိုပထမဆုံးျမင္​​ေတြ႕ခဲ့ရတုန္းကလိုအၿပဳံး​ေလး...ၾကည္လင္တယ္၊​ေတာက္ပတယ္၊​ေအးခ်မ္းတယ္.........

"ကိုယ္တို႔အနားယူၾက​ေတာ့မလား..."

"ဟုတ္..."

"ဒီ​ေန႔​ေတာ့ကိုယ္နဲ႔အနီးဆုံးမွာ​ေန​​​ေပးေနာ္...ကိုယ့္ရင္ခုန္သံကိုနား​ေထာင္​ေပး"

"နား​ေထာင္​ေပးပါ့မယ္ဦးယာ..."

ထို႔​ေနာက္ႏွစ္ဦးသားကုတင္ထက္ဝယ္လဲ​ေလ်ာင္းရင္းမင္းဦးယာသည္လည္း​ေအးရိပ္ကိုသူ႔ႏွလုံးသားထဲမထည့္႐ုံတမယ္သာဖက္ထား​ေလသည္......

"ဒီ​ေန႔ည​ေတာ့ကြၽန္​ေတာ္အိပ္​ေတာင္​ေပ်ာ္ပါ့မလားမသိဘူး..."

"ကိုယ္ကအိပ္​ေပ်ာ္​ေအာင္ကူညီမွာ​ေပါ့....မ်က္လုံး​ေလးမွိတ္ထား...ကိုယ္​ေျပာခ်င္တဲ့စကား​ေတြကိုသီခ်င္း​ေလးနဲ႔​ေျပာျပမယ္...နား​ေထာင္​ေန​ေနာ္ရိပ္ငယ္..."

"ဟုတ္"



    🎶  အၿပဳံးနဲ႔​ေမွးစက္​ေတာ့ခ်စ္သူ​ေရ
       ထပ္ၿပီး​ေတာ့မ​​ေဝး​ေတာ့ဘူး
   ၿငိမ္းခ်မ္းလွပတဲ့ကိုယ့္အခ်စ္မ်ားစြာယူ

အလြမ္းမ်ား​ေၾကာင့္က်ခဲ့တဲ့မ်က္ရည္​ေတြ
         ဒီအခ်ိန္မွာတိတ္လိုက္​ေတာ့
   
    ​​ေမွ်ာ္လင့္ခဲ့ရတဲ့အခ်စ္ည​ေလး
          အတူ​တူေရာက္ရွိခဲ့​ေပါ့...
          အတူေရာက္ရွိခဲ့​ေပါ့.....

          အျပာ​ေရာင္အခ်စ္ည
         မင္းလွမ္းၾကည့္လိုက္စမ္း
မိုး​ေကာင္းကင္ထက္မ်ားတဲ့တို႔အခ်စ္မ်ား

    ၾကယ္စင္အားလုံးထက္လင္းတဲ့တို႔      အခ်စ္မ်ား
      အျပာ​ေရာင္အခ်စ္ညကမာၻမွာ.....

     သီခ်င္း​ေလးနဲ႔​ေခ်ာ့သိပ္ခ်င္တယ္
           ဒီရင္မွာအိပ္စက္​ေတာ့
  ​ေပ်ာက္ဆုံးမသြား​ေတာ့မဲ့အခ်စ္ည​ေလး
         ထာဝရသိမ္းထားလိုက္​ေတာ့
             သိမ္းထားလိုက္​ေတာ့

            အျပာ​ေရာင္အခ်စ္ည
        မင္းလွမ္းၾကညိ့လိုက္စမ္း
           မိုး​ေကာင္းကင္ထက္
           မ်ားတဲ့တို႔အခ်စ္မ်ား
        
         ၾကယ္စင္အားလုံးထက္
          လင္းတဲ့တို႔အခ်စ္မ်ား
      အျပာ​ေရာင္အခ်စ္ညကမာၻမွာ🎶

သံစဥ္မပါပါဘဲႏွစ္ကိုယ္ၾကား႐ုံသာဆို​ေန​ေသာမင္းဦးယာ၏သီခ်င္းသံ​ေလးဟာထိုအခန္း​ေလးထဲသာယာစြာလြင့္ပ်ံ႕လို႔.......

သီခ်င္း​ေလးအဆုံးမွာအိပ္​ေပ်ာ္သြားတဲ့​ေကာင္​ေလးရဲ႕နဖူးျပင္​ေလးထက္ပထမဆုံးအႀကိမ္ယုယစြာအနမ္း​​ေခြၽမိသည္...

"အရမ္းကိုပင္ပန္းခဲ့ရၿပီ
ကိုယ့္ရဲ႕ရိပ္ငယ္​ေလး
ခုကစၿပီးကိုယ့္ရင္ခြင္မွာပဲ
အၿပဳံး​ေလးနဲ႔​ေမွးစက္ေတာ့​ေနာ္
ကိုယ္တို႔ဘယ္​ေတာ့မွမ​ေဝးၾက​ေတာ့ဘူး​ေနာ္
မင္းဘဝ​ေလးလုံၿခဳံ​ေအာင္ခုကစၿပီးကိုယ္က​ေႏြး​ေထြးမႈအျပည့္နဲ႔တန္ဖိုးထား​ေပးပါ့မယ္........
ကိုယ့္ရဲ႕အလင္း​ေရာင္​ေလး၊ကိုယ့္ရဲ႕ခြန္အား​ေလး၊ကိုယ့္ရဲ႕မနက္ျဖန္​ေလးတစ္သက္လုံးအတြက္မင္းကိုကိုယ္​​​ေစာင့္​ေရွာက္ပါ့မယ္
ရိပ္ငယ္.........."

အိပ္​​ေမာက်​ေနၿပီျဖစ္​ေသာမ်က္ႏွာ​ေလးကို​ေစ့​ေစ့ၾကည့္ရင္းလက္ဖဝါး​ေႏြး​ေႏြးႏွင့္ပါးျပင္​ေလးထက္ပြတ္သပ္​ေပးရင္း...စကားဆိုမိခဲ့သည္........

မဖိတ္​ေခၚပါဘဲနဲ႔ဝင္လာခဲ့တဲ့အထူးဧည့္သည္​ေလး
​ေႏြး​ေထြးမႈ​ေတြနဲ႔အတူ​ေမတၱာ​ေတြကိုပါသယ္​ေဆာင္လာခဲ့တယ္
အဖိုးမျဖတ္ႏိုင္တဲ့သံ​ေယာဇဥ္​ေတြကိုျပသ​ေပးခဲ့တယ္
အလွပဆုံးျဖစ္တည္မႈ​ေလးကိုရင္ႏွင့္အမွ်ပ်ိဳး​ေပးခဲ့တယ္
အိမ္ရွင္​ေတြဟာလည္းထိုဧည့္သည္​ေလးကိုမႏွင္ရက္ခဲ့သလို
ဧည့္သည္​ေလးဟာလည္း​ေႏြး​ေထြးၾကင္နာမႈ​ေတြကိုဆက္လက္တည့္တံ့​ေအာင္ထိန္းသိမ္း​ေပးခဲ့တယ္

သိပ္ကိုျမတ္ႏိုးရတဲ့ဧည့္သည္​ေလး​ေရ
မင္း​ဖန္တီး​ေပးတဲ့အရိပ္​ေလးက
​ေအးခ်မ္းလြန္းလို႔
ထာဝရအတြက္ခိုလႈံပါရ​ေစ​ေတာ့ကြယ္

ၿပီးပါၿပီ.......☆Yate☆


© Shoon Oo,
книга «Yate(Complete)».
Коментарі