Part1
Part2
Part3
Part4
Part5
Part6
Part7
Part8
Part9
Part10
Part11
Part12
Part13
Part14
Part15
Extra1
Extra2
Extra3
Extra2
မနက်ခင်းရဲ့အလင်း​ရောင်ခြည်​လေးနဲ့အတူချစ်ရသူရဲ့မျက်နှာကိုမြင်ရတာဟာဘယ်​လောက်​တောင်​ကောင်းလိုက်သလဲ​လေ.......

အိပ်​​မောကျ​နေတဲ့​အေးရိပ်ရဲ့မျက်နှာ​လေးကိုအုပ်မိုးကိုင်ကာတဝကြီးကြည့်ပြီးနဖူး​လေးကိုထိလိုက်ခွာလိုက်နှင့်အကြိမ်ကြိမ်လုပ်လျှက်အနမ်း​ပေးမိသည်....လုံးလုံး​ကောင်းကျိုး​ကြောင့်သူ၏ရိပ်သည်အရင်လို​စော​စောမထနိုင်​တော့...လုံးလုံးကလည်းလသားအရွယ်တည်းကယိမ်း​လေးလက်နဲ့​အေးရိပ်လက်ထဲသာလိုက်သည်...၁နှစ်အရွယ်​ရောက်​တော့​အေးရိပ်ကိုသာတကပ်ကပ်နှင့်.....မင်းဦးယာလည်းမုန့်လုခံလိုက်ရသလိုပင်...သိပ်ချစ်ရ​သောသူကိုသိပ်ချစ်ရ​သောသူကလုယူသွားတဲ့ခံစားချက်........

ဒါ​တောင်ဒီ​နေ့လုံးလုံးကပုခက်ထဲမှာအိပ်လို့ခုလိုမျိုးသူ့ချစ်ရသူကိုရင်ခွင်ထဲ​ထွေး​ပွေ့ခွင့်ရခြင်းသာ...နို့မို့ဆိုလုံးလုံးက​နေ့​နေ့ညည​အေးရိပ်လက်ထဲတွင်သာ......

ထို့​နောက်မိမိလက်​ပေါ်အိပ်​မောကျ​နေတဲ့​ကောင်​လေး၏ပါး​လေးနှစ်ဖက်ကိုလက်​လေးနှင့်ညှစ်လိုက်ကာဆူထွက်လာ​သောနှုတ်ခမ်းရဲရဲ​လေးကိုခပ်ဖွဖွနမ်းလိုက်သည်...ချစ်ချင်​ပေမယ့်လည်းရိပ်​လေးကို​တော့အိပ်​ရေးမပျက်​စေလို.....

"ဦးယာ..."

"အင်း..နိုးပြီလားရိပ်..."

"ဟုတ်..."

"မျက်နှာသစ်ရ​အောင်...ကိုယ်ချီရမလား...ညကအရမ်းပင်ပန်းမှာ​ပေါ့..."

"မပင်ပန်းပါဘူးဦးယာရဲ့..."

"အင်းပါကိုယ်​တွေလက်​တွေနာရင်​ပြော​​နော်...လုံးလုံးကိုထိန်းရတာလွယ်တာမဟုတ်ဘူး...."

"ဟုတ်ကဲ့ပါဦးယာရဲ့...လုံး​လေး​ရောမနိုး​သေးဘူးလား..."

"အင်း.."

​အေးရိပ်အိပ်ရာမှထကာကုတင်​ဘေးကလုံးလုံးရဲ့ပုခက်ကုတင်​လေးကိုသွားကြည့်​တော့လုံးလုံး​လေးသည်ဖင်လုံး​လေးကို​နောက်ပစ်လို့လက်​လေးတစ်ဖက်ကိုပါးစပ်ထဲစုပ်ကာကျန်လက်တစ်ဖက်ကိုလည်းလက်သီး​လေးစုပ်၍ဖွက်ပြီးအိပ်​နေ​လေသည်....​ခေါင်းအုံးကိုအားရပါးရ ပါးအပ်ပြီးအိပ်​နေတာ​ကြောင့်နှုတ်ခမ်း​လေးကစူထွက်လို့...........

"အဟင်း..."လုံးလုံးရဲ့အိပ်​နေပုံ​လေးကို​အေးရိပ်အသည်းယားတာ​ကြောင့်ရယ်မိသည်.....

"​ချောလိုက်တာကိုယ့်ရဲ့ရိပ်ငယ်​လေးက..."

"အာ..ဦးယာကလည်း..မျက်နှာသွားမသစ်​သေးဘူးလား...."

"မျက်နှာသစ်ချိန်က၁၀မိနစ်​လောက်​တောင်ကြာတာကိုကိုယ်ကတစ်​ယောက်တည်းသွားသစ်စရာလား...ကိုယ့်ရဲ့ရိပ်ငယ်​လေးနဲ့၁၀မိနစ်​တောင်​ဝေး​နေရမှာ​ပေါ့..."

မင်းဦးယာ၏စကားကို​အေးရိပ်ကသ​ဘောတကျရယ်လျက်ပိုရန်​ကောဆိုတဲ့အကြည့်​လေးနဲ့ကြည့်​လေသည်.....

"လာ..သွားသစ်ကြမယ်..."

"အင်း...."

​အေးရိပ်နှင့်မင်းဦးယာမျက်နှာသစ်ပြီးထွက်လာ​တော့လုံးစိန်မှာတအဲ့အဲ့နှင့်အသံ​ပေးလျက်မျက်လုံး​လေးပြူးလို့နိုး​နေ​လေပြီ.......

"လုံးလုံး​လေး​ရေ...နိုးပြီလားဗျ..."

"ရိပ်ရိပ်...."

"ဗျာ့...ရိပ်ရိပ်ရဲ့လုံးလုံး​လေးနိုးပြီလား..."

​အေးရိပ်သည်လုံးလုံး​လေးကိုပုခက်ထဲမှထုတ်၍ချီ​မြှောက်ကာစ​တော့တခစ်ခစ်နှင့်ပါလာ​လေသည်....လုံးလုံး​လေးသည်​အေးရိပ်ကိုရိပ်ရိပ်လို့​​ခေါ်ပြီးမင်းဦးယာကိုယာယာလို့​ခေါ်တက်​လေသည်.......

(၁နှစ်ကစကားမ​ပြောတက်​သေးပါဘူး​​နော်လုံးလုံး​လေးရဲ့အသံ​လေးကိုမပီတဲ့က​လေး​လေသံ​လေးလိုပဲဖတ်​ပေးပါ​​နော်...အသံထွက်တယ်ဆိုရုံ​လေး..ပီပီသသကြီးမဟုတ်ဘဲနဲ့)

လုံးလုံး​လေးရဲ့ရယ်​နေပုံ​လေးကို​အေးရိပ်အသည်းယားတာ​ကြောင့်ပါး​တွေကိုနမ်းပစ်လိုက်သည်....လုံးလုံး​လေးသည်ဝပြီးအဆစ်က​လေး​တွေပင်ထွက်ကာတစ်တုတ်​နေသည်....နုနယ်လွန်း​သောအသားအရည်​ကြောင့်ပါး​လေး​တွေကရဲတွတ်လို့...မျက်လုံး​လေးကပြူးပြူး​လေးနဲ့သိပ်ကိုချစ်ဖို့​ကောင်းလှသည်...တစ်အိမ်လုံးရဲ့အသည်းအသက်က​လေး​ပေါ့.....

"ဗိုက်ဆာပြီလားလုံးလုံး​လေး...အူးမွ..အူးမွ..အူးမွ...."

"ခစ်ခစ်...ခစ်ခစ်..."

"ရီ​နေတာလား...လာပြီ​​​နော်..အူးမွ...အူးမွ..."

"ဟီးဟီး..ခစ်ခစ်..."

ပုခတ်နားတွင်တစ်တီတူးလို့ချစ်ကြည်နူး​နေကြ​သောနှစ်​ယောက်သည်မင်းဦးယာအပါအဝင်တစ်​လောကလုံးကို​မေ့သွားသလိုပင်.....​အေးရိပ်ဆီကmorning kiss​​​လေးကိုသူ​တောင်မရရ​သေးဘူး...လုံးလုံးကရသွားပြီတဲ့လား...အလျှင်အမြန်ပင်​အေးရိပ်နဲ့လုံးလုံးနားသွားလိုက်ခါလုံးလုံး​လေးကို​ပြောင်းချီလိုက်သည်...

"ယာယာ.."

"ဦးယာ...ဘာလို့လဲ..."

"ပါးကိုခြင်ကိုက်သွားလို့..."

"ဟင်..ဟုတ်လား...တအားယားလာလို့လား...ခဏ​လေး​နော်ထုံး​လေးသုတ်​ပေးမယ်..."

"ဟင့်အင်း..ရတယ်..တံ​တွေး​လေးသုတ်လိုက်ရင်ရတယ်..."

"ဒါ​ပေမဲ့..."

"အင့်..ကိုယ့်ကိုတံ​တွေးပဲသုတ်​ပေး..."

​အေးရိပ်​ရှေ့သို့ကိုယ်ကိုကိုင်းကာပါးထိုး​ပေးလာ​သောမင်းဦးယာ​ကြောင့်​အေးရိပ်ရယ်လိုက်မိသည်...သူ၏ဦးယာသည်မိုးလင်းတိုင်းအနမ်းလိုချင်လို့ပါးကိုအမြဲအ​ကောင်ကိုက်တက်သည်.....

"အင်း..ကျွန်​​တော့်ဦးယာပါး​လေးရဲ​နေပါလား...ဒီခြင်​တော်​တော်ဆိုးတာပဲ...ရွှတ်...ရွှတ်...ရပြီလားခဗျ..."

"အင်း..နဲနဲ​တော့သက်သာပြီ..."

"ဟားဟား...ဟုတ်ပါပြီဦးလူလည်ရယ်..."

"ကိုယ်ကလည်တာမဟုတ်ပါဘူးရိပ်ရဲ့...ကိုယ်ကမိုးလင်း​​တော့လုံးလုံး​လေးကိုထိန်းနိုင်​အောင်ကိုယ့်ခွန်အား​လေးဆီကအား​ဆေးယူတာ..."

"ဟားဟား...ဟုတ်ပါပြီ...."

လုံးလုံး​လေးမှာ​တော့မင်းဦးယာလက်​ပေါ်တွင်ငြိမ်၍တစ်တီတူးတို့နှစ်​ယောက်ကိုကြည့်​နေ​လေသည်.......

လုံးလုံး​လေးသည်မနက်စာစားပြီးသည်နှင့်အားရှိသွားပြီဖြစ်ရာသူ့အတွက်ဝယ်​ပေးထား​သော​လေး​ထောင့်​ဖော့ပြားထဲတွင်စတင်ကဲ​လေ​တော့သည်.....အရုပ်​တွေကြား​မှောက်ယက်​လေးချ​ပေးထားရင်လက်ဝတုတ်​လေးနှစ်ဖက်ကို​​ဖော့ပြား​ပေါ်သို့​ထောက်ကာအားပြုလျက်ဖင်​လေးကုန်းပြီးထချင်​သေးသည်....ထလို့မရမှသာအရုပ်​တွေနှင့်နပန်းလုံးရင်း​ခြေကုန်လက်ပန်းကျသည်အထိ​ဆော့တက်သည်....​အေးရိပ်နှင့်မင်းဦးယာမှာလည်းတစ်​နေ့လုံးလုံးလုံးကိုထိန်းရင်းည​နေဆိုလုံးလုံး​လေးကိုမင်းဦးယာရင်ဘတ်မှာက​လေးလွယ်ကြိုး​လေးနှင့်ပိုက်၍လမ်း​လျှောက်ထွက်ကြသည်....​ပြန်​ရောက်လျှင်လည်းလုံးလုံး​လေးသည်ယိမ်းယိမ်း​လေးတို့နှင့်ခဏသာ​နေ၍​အေးရိပ်လက်ထဲသို့သာပြန်ပါလာပြန်သည်......

"လုံးလုံးကဒီ​နေ့ပုခင်ထဲအိပ်​​နော်...လိမ္မာတယ်..."

"အမ်..ဖူး..အမ်ဖူး..."

"အိပ်ပါ..မနက်ဖြန်ကျရင်ယာယာကလုံးလုံးအကြိုက်​အချို​တွေ​ကျွေးမယ်​လေ..ဒီ​နေ့​တော့ပုခက်​လေးထဲအိပ်​​နော်...​နော်.."

"အဟင့်...အူဝါး..."

ဤသည်မှာ​တော့​အေးရိပ်​ရေချိုးခန်းဝင်​နေတုန်းလုံးလုံးကိုပုခက်ထဲတွင်အိပ်ရန်ဆွဲ​ဆောင်​နေ​သောမင်းဦးယာပင်....လုံးလုံး​လေးရဲ့ငိုသံ​ကြောင့်​အေးရိပ်မှာ​ပြေးထွက်လာ​လေသည်.....

"ဦးယာ..လုံးလုံး​လေးဘာဖြစ်လို့လဲ...."

"ဘာမှမဖြစိပါဘူး...."

"ကျွန်​တော်ပြီး​တော့မယ်​နော်ခဏ​လေး.."

"အင်း"

​အေးရိပ်သည်အဝတ်အစား​လေးယူကာ​ရေချိုးခန်းထဲပြန်ဝင်သွား​လေသည်....

"အိပ်..အိပ်..ဒီမှာပဲအိပ်ဟုတ်ပြီလား..ရှင်ဘုရင်​လေး...."

"ခစ်ခစ်..."

"ဒါမျိုးကျရယ်တယ်...သူများချစ်ခြင်းကိုခွဲတဲ့လုံးလုံး...."

"ခစ်ခစ်...ခိခိ..."

"​ဟော..ခုကျ​တော့လည်းရယ်လို့ပါလား..."

"သူလိုချင်တာရသွားပြီ​လေ..."

"သူကဘာလိုချင်လို့လဲဦးယာရဲ့...."

"ကိုယ်တို့ချစ်ခြင်းကိုခွဲ​ချင်နေတာ ....လုံးဆိုး​လေး"ဟု​ပြောလျက်​အေးရိပ်နှင့်လုံးလုံးကို​ကျော​ပေးကာအိပ်သွား​သောဦးယာ.......တခစ်ခစ်လုပ်​နေ​သောလုံးလုံး​လေးကို​ကုတင်​ပေါ်မှလိမ့်ကျမှာစိုး၍​ဖက်လုံး​လေးနှင့်ကာ​ပေးကာဦးယာဘက်သို့သွားပြီးငုတ်တုတ်​လေးထိုင်ချလိုက်သည်...

"ဦးယာ..."

"........."

"ဦးယာလို့..."

"အင်း.."

"စိတ်ဆိုး​နေတာလား...လုံးလုံး​လေးကက​လေးဆို​တော့ဘယ်သိမလဲဦးယာရဲ့....သူချစ်တဲ့သူနဲ့အိပ်ချင်ရှာမှာ​ပေါ့....."

"ကိုယ်နားလည်ပါတယ်..ဒါ​ပေမဲ့ခုကဒီတစ်ည​လေးပဲဟာ..."

"ဦးယာကလည်း..."

"ကိုယ်မကြိုက်တာဘာလဲလို့​မေး..."

"အင်း...ဦးယာမကြိုက်တာဘာလဲ.."

"ကိုယ်မကြိုက်တာမင်းနဲ့ကိုယ့်ကြားကအကွာအ​ဝေး....ကိုယ်နဲ့မင်းကြားမှာ​သေး​သေး​လေး​တောင်မကွာ​ဝေး​စေချင်ဘူး...."

"ဦးယာကလည်း..."

"အယ့်တာ​ကြောင့်ဒီတစ်ညပဲ​လေ​​နော်..ဒီတစ်ညပဲကိုယ့်ရဲ့ရိပ်ငယ်​လေးကိုဖက်အိပ်ပါရ​စေလို့...."

"ဦးယာရယ်က​လေးကျလို့...."လုံးလုံး​လေးနှင့်အပြိုင်ဂျစ်တိုက်​နေ​သောမင်းဦးယာ၏ပုံစံသည်တကယ့်က​လေးဆိုး​လေးလို....​အေးရိပ်၏အမြင်တွင်​တော့ချစ်ဖို့​ကောင်းလှသည်....ပြီးရင်လည်းလုံးလုံးကိုချစ်တာသူ့အပြင်နှစ်​ယောက်မရှိ...အပြင်သွားလို့များလုံးလုံးကပစ္စည်းတစ်ခုကိုလက်ညှိုးထိုးကြည့်ချက်ချင်းကို​ကောက်ဝယ်​ပေးတာ...လုံးလုံးတစ်ခုခုဖြစ်ရင်လည်းသူပါဖြစ်သလိုတမှိုင်တ​တွေ​တွေနှင့်......ဦးယာသည်လူကြီးဆန်လျှင်သိပ်ခန့်ညားသလိုက​လေးဆန်လျှင်လည်းသိပ်ချစ်ဖို့​​ကောင်းပြန်သည်.....

"ဒါဆိုဒီလိုလုပ်လုံးလုံး​လေးအိပ်​ပျော်သွားရင်ပုခက်ထဲ​ရွှေ့လိုက်မယ်​လေ​နော်..."

"အင်း..အာ့ဆိုမြန်မြန်သိပ်ရ​အောင်...."

"ဟား..ဟား..ဟုတ်ပါပြီဗျာ..."

တစ်​နေကုန်ကဲထား​သောလုံးလုံး​လေးသည်ကြာကြာမသိပ်ရပါ...ခဏ​လေးနဲ့အိပ်​ပျော်သွား​လေသည်....

"ကဲ...အိပ်သွားပါပြီခဗျာ..."

"ဟူး...လာပါဦးကိုယ့်ခွန်အား​လေး...ကိုယ်အားယူရဦးမယ်..."ဟု​ပြောလျက်လက်ကိုဆန့်တန်းကာ​ခေါ်​နေ​သောဦးယာ...​အေးရိပ်လည်းတုံ့ဆိုင်းမ​နေပဲမင်းဦးယာ၏ရင်ခွင်ထဲသို့တိုးဝင်လိုက်​လေသည်......

"ဦးယာ..."

"ဗျာ့..."

"စိတ်ချမ်းသာပြီလား..."

"ခုလည်းကိုယ်ကစိတ်မဆင်းရဲပါဘူးရိပ်ရဲ့..."

"ဟုတ်ပါပြီဗျာ..."

"ရိပ်ငယ်"

"ဗျာ.."

"​စောနကိုယ်မကြိုက်တာကို​မေးတယ်​လေ...ခုကိုယ်ဘာကြိုက်လဲ​​မေးပါဦးလား.."

"အင်း...ကျွန်​တော့်ရဲ့ဦးယာဘာကြိုက်လဲခဗျ.."

"ကိုယ့်ကိုကြည့်တဲ့မင်းမျက်လုံး​လေး​တွေကိုကြိုက်တယ်...ကိုယ့်အတွက်ဖြစ်လာတဲ့မင်းအပြုံး​လေး​တွေကိုကြိုက်တယ်...​ဟောဒီ့ပါး​လေး​ပေါ်ကမှဲ့နက်က​လေးကိုကြိုက်တယ်...ပြီး​တော့မင်းရင်ခွင်​လေးထဲမှာဝင်​နေရတာကြိုက်တယ်၊ပြီး​တော့မင်းကိုကိုယ့်ရင်ခွင်ထဲ​ထွေး​ပွေထားရတာကြိုက်တယ်...ကိုယ့်ရဲ့ရိပ်ငယ်​လေးနဲ့ပတ်သတ်တာအကုန်ကြိုက်တယ်...."

"........"

"သိရဲ့လားရိပ်ငယ်​လေး..."

"........."​အေးရိပ်မှာမျက်နှာ​လေးရဲကာပြုံး​နေရုံမှတစ်ပါးမည်သည့်စကားမှပင်မဆိုနိုင်​တော့ပါ..ဦးယာသည်​ခြွေလွန်း​နေသည်မို့......

"ဪ..ပြီး​တော့ကျန်​သေးတယ်...ပြွတ်စ်..ဒီနှုတ်ခမ်းရဲရဲ​လေးကိုတစ်သက်လုံးပိုင်ရတာလည်းကြိုက်တယ်....ချစ်တယ်​နော်ကိုယ့်ခွန်အား​လေး..."

"အင်း...ကျွန်​တော်လည်းချစ်တယ်ဦးယာ.."

"ထာဝရထက်တစ်ရက်ပိုချစ်တယ်လို့မ​ပြော​တော့ဘူး​​နော်ရိပ်ငယ်...​နေ့တိုင်း​နေ့တိုင်းထာဝရအတွက်အချစ်​တွေပုံ​ပေးထားတာမို့...."

"ဦးယာ..."

"ဟင်..."

"ဘာလို့စကား​တွေဒီ​လောက်တက်​နေရတာလဲ..."

"ကိုယ်ကစကားတက်တာမဟုတ်ပါဘူး...ကိုယ့်ရိပ်ငယ်​လေးကိုမြင်ရင်စကား​တွေကအလိုလိုထွက်ကျလာတာ..."

"အဟင်း...ဟုတ်ပါပြီလူကြီးရယ်...အိပ်ရ​အောင်..​တော်ကြာလုံးလုံး​လေးနိုးလာမှဖြင့်..."

"Good night kiss"

"ပြွတ်စ်...ကျွန်​တော့်ရဲ့ဦးယာအိမ်မက်လှလှ​လေးမက်ပါ​စေ​နော်..."

"အင်းကိုယ့်ရဲ့ရိပ်ငယ်​လေးလည်းအိမ်မက်ထဲမှာကိုယ့်ကိုထည့်မက်​နော်..."

"ဟုတ်..."

မင်းဦးယာ၏လက်သည်​အေးရိပ်၏လည်ပင်း​လေး​အောက်က​နေလျှိုဝင်ကာအ​ပေါ်မှလည်း​နောက်လက်တစ်ဖက်နှင့်ဖက်၍ရင်ခွင်ထဲမှာ​ထွေး​ပွေ့ထားရင်းနဖူးပြင်​လေးကိုနှုတ်ခမ်း​လေးနဲ့ကပ်လိုက်သည်..ထို့​နောက်မျက်လုံး​လေးများမှိတ်ကာအလှဆုံးအိမ်မက်ကမ္ဘာထဲသို့သွားရန်အိပ်စက်ခြင်းဆီသို့............လုံးလုံး​လေးကလည်းသူ့အိမ်မက်ထဲမှာယာယာနဲ့ရိပ်ရိပ်ကို​နှောင့်ယှက်​နေ​လောက်​ရော​ပေါ့..........

ရွှန်းရဲ့အတူး​လေးတို့လည်းအိမ်မက်လှလှမက်ကြပါ​စေ​နော်.....

ဖတ်ရတာ​ရောအဆင်​ပြေရဲ့လားရှင့်❤
​ခေါင်းထဲ​ပေါ်ရင်​ပေါ်သ​လောက်extra​လေး​တွေ​ရေး​ပေးမယ်​နော်...ခု​တော့ဒီ​လောက်နဲ့​ကျေနပ်​တော့​​​နော်အတူး​လေးတို့....ချစ်တယ်ကွယ်😘🥰

//////////////////////////////////





"ဦးယာ..."

"အင်း..နိုးပြီလားရိပ်..."

"ဟုတ်..."





"အင်း.."







"လာ..သွားသစ်ကြမယ်..."

"အင်း...."



"ရိပ်ရိပ်...."






"ခစ်ခစ်...ခစ်ခစ်..."


"ဟီးဟီး..ခစ်ခစ်..."


"ယာယာ.."

"ဦးယာ...ဘာလို့လဲ..."




"ဒါ​ပေမဲ့..."







"ဟားဟား...ဟုတ်ပါပြီ...."




"အမ်..ဖူး..အမ်ဖူး..."


"အဟင့်...အူဝါး..."



"ဘာမှမဖြစိပါဘူး...."


"အင်း"



"ခစ်ခစ်..."


"ခစ်ခစ်...ခိခိ..."





"ဦးယာ..."

"........."

"ဦးယာလို့..."

"အင်း.."



"ဦးယာကလည်း..."




"ဦးယာကလည်း..."





"ဟား..ဟား..ဟုတ်ပါပြီဗျာ..."


"ကဲ...အိပ်သွားပါပြီခဗျာ..."


"ဦးယာ..."

"ဗျာ့..."

"စိတ်ချမ်းသာပြီလား..."


"ဟုတ်ပါပြီဗျာ..."

"ရိပ်ငယ်"

"ဗျာ.."




"........"

"သိရဲ့လားရိပ်ငယ်​လေး..."





"ဦးယာ..."

"ဟင်..."




"Good night kiss"



"ဟုတ်..."





© Shoon Oo,
книга «Yate(Complete)».
Коментарі