Part1
Part2
Part3
Part4
Part5
Part6
Part7
Part8
Part9
Part10
Part11
Part12
Part13
Part14
Part15
Extra1
Extra2
Extra3
Part1
"ယိမ်း​​လေးဘာ​တွေအယ့်​လောက်​ရေး​နေတာလဲ.....ကိုယ်​လေးလက်ဝန်ကြီးနဲ့သက်​တောင့်သက်သာ​နေပါယိမ်းရဲ့....."

"​​နေပါတယ်ကိုရဲ့....ယိမ်းဒါ​လေး​ရေး​နေရတာ​ပျော်လို့ပါ...ဖြစ်နိုင်ရင်ယိမ်းကဒီဇာတ်လမ်း​လေးကိုတစ်ရက်ကွက်လုံးကို​တောင်လိုက်​ပြောပြချင်တာ....."

"ဟားဟား...အယ့်​လောက်​တောင်သ​ဘောကျလား...."

"ဟုတ်....."

မျက်လုံး​လေးများပိတ်သည်အထိပြုံးသွား​သောချစ်ဇနီး​လေးသည်ဗိုက်ထဲမှာသက်ရှိ​လေးကိုထည့်လို့....သိပ်ကိုမြတ်နိုးစရာ​ကောင်း​နေပါ​ရော့လား.......

"ကဲဒါဆိုလည်းကိုကို့ကို​ပြော...အကြာကြီးထိုင်မ​ရေးနဲ့ယိမ်းပင်ပန်းမှာစိုးလို့...​နော်..ကိုကိုနား​ထောင်​ပေးမယ်....ကိုကို့ကို​ပြောပြ...ဟုတ်ပြီလား...."

"ဟုတ်...​ပြောပြမယ်...ကိုကို​သေချာတန်ဖိုးထားပြီးနား​ထောင်ရမယ်​နော်....."

"ဟုတ်ပါပြီဗျာ....လာ..."

ဗိုက်လုံး​လေးနှင့်ချစ်ရသူ​လေးသည်ကုတင်​ပေါ်သို့တ​ရွေ့​ရွေ့လှမ်းလာပြီးအပြုံးမျက်နှာ​လေးနှင့်သူသိပ်ကြိုက်ပါတယ်ဆို​သောဇာတ်လမ်း​လေးကို​ပြောရန်​နေရာယူ​တော့သည်............

"ဒီလိုကိုရဲ့......"

"​မေစီ...မင်းမယုတ်မာနဲ့​နော်...မင်းဟာမင်းဘယ်လင်နဲ့အိပ်အိပ်ငါဘာမှမ​ပြောဘူး...ငါ့သမီး​လေးကို​တော့အ​မေဆိုတဲ့​နေရာမလစ်ဟင်း​စေနဲ့....မင်းလိုမိန်းမက​မွေးသာ​မွေးပြီးမိခင်စိတ်မှမရှိတာ..ကိုယ့်သားသမီးကိုပစ်သွားဖို့လွယ်လွယ်နဲ့​ပြောထွက်တာ​ပေါ့......"

"ဟက်...နဂိုတည်းကအယ့်​ကောင်မ​လေးကကျွန်မစိတ်ပါလို့ရခဲ့တာမှမဟုတ်ဘဲ...ရှင့်မိဘ​တွေအတင်းတိုက်တွန်းလို့ယူခဲ့တာ​လေ...မမှတ်မိဘူးလား...ခုဆက်ပြီးသည်းမခံနိုင်​တော့ဘူး....ကျွန်မရှင့်စည်းစိမ်လည်းမမက်ဘူး...ကျွန်မကိုသာကွာ​ပေး...ဒီမှာကွာရှင်းစာချုပ်..ကျွန်မလက်မှတ်ထိုးပြီးပြီ...ရှင်ထိုးဖို့ပဲကျန်​တော့တယ်...သွားပြီ...​အောက်မှာ​မောင်​ရောက်​နေပြီ....."

ဟု​ပြောကာဆင်းသွား​သောမိန်းမဖြစ်သူ၏​နောက်သို့လိုက်ဆွဲမိသည်....အနည်းဆုံး​တော့သူတို့နှစ်​ယောက်မချစ်ကြရင်​တောင်အပြစ်ကင်းတဲ့သမီးငယ်​လေးကအမိမမဲ့သင့်ဘူးမလား.....

"​မေစီ...မသွားနဲ့..သမီးမျက်နှာကို​ထောက်ပါကွာ...ငါ​​တောင်းပန်ပါတယ်....."

"လွှတ်စမ်း....."

​မေစီသည်​ယောကျာ်းဖြစ်သူ၏အတင်းဆွဲ​နေ​သောလက်ကိုခါထုတ်ကာအဆင်သင့်​ရောက်​နေ​​သောကား​ပေါ်သို့တက်သွားသည်........

"​မေစီ!"

ဟင့်အင်းမဖြစ်ရဘူး​လေ...ဘာမှမသိ​သေးတဲ့သူ့သမီး​လေးအတွက်မိခင်ဆိုတာရှိမှဖြစ်မယ်....သူလိုက်​ခေါ်ရမယ်.....

မင်းဦးယာသည်မိမိကား​ပေါ်အမြန်တက်ကာမိန်းမဖြစ်သူပါသွား​သောကား​နောက်သို့လိုက်မိသည်....အ​လောတကြီးနှင့်မို့ခါးပတ်ပင်မပတ်မိ.....

မိမိ​ရှေ့ကသွား​နေ​သောအဖြူ​ရောင်ပြိုင်ကား​လေးကိုဟွန်း​တွေတရစပ်တီးကာရပ်​စေသည်...မရပ်သည့်အဆုံး​ရှေ့ကပိတ်ရပ်ရန်​ကျော်တက်မည်ဟူ​သောအ​တွေးနှင့်ကားရှင်းမရှင်းကြည့်ကာလမ်း​ပြောင်းပြန်တက်သွားလိုက်သည်.......ထိုစဥ်​ကွေ့​ကျောမှကူးလာ​သောကားနှင့်​ခေါင်းချင်းဆိုင်တိုက်မိပြီးခါးပတ်မပတ်ထား​သောကိုယ်မှာလွင့်ထွက်ကာ​ခြေ​ထောက်များမှာကျိတ်ခံလိုက်ရသည်..........မှန်ကွဲစများမှာခန္ဓာကိုယ်အနှံ့စိုက်ဝင်၍သူဟာ​သေဆုံးခြင်းကိုသွားဖို့​​သေချာ​နေပါပြီ.........သို့​သော်သူ​သေလို့မရဘူး....အိမ်မှာ၁နှစ်အရွယ်သမီး​လေးကသူ့ကိုလို​နေ​သေးတယ်​လေ....​ဖေ​ဖေဆိုပြီး​ခေါ်သံ​လေးကိုကြားချင်​သေးတယ်....လမ်း​လျှောက်တာ​လေးမြင်ချင်​သေးတယ်....သမီး​လေးကိုချီပိုးပြီး​ကျောင်းလိုက်ပို့ချင်​သေးတယ်....သူမ​သေပါရ​စေနဲ့......

"တီ...တီ...တီ...."

နှလုံးခုန်စက်မှမြည်သံ​တွေဟာတရစပ်ထွက်​​ပေါ်​နေသည်...တစ်ကိုယ်လုံးပတ်တီးအ​ဖွေးသားနှင့်လူဟာကုတင်ထက်ဝယ်လဲ​လျောင်းလို့လူးလွန့်​နေသည်....ဆရာဝန်​တွေသူနာပြု​တွေ​ယောက်ယက်ခက်စွာလှုက်ရှား​နေကြပြီးထိုလူကိုဝိုင်းချုပ်ကာငြိမ်ကျသွား​စေရန်​ဆေးထိုးလိုက်ရသည်......

သူဟာမ​သေ​သေး​ပေမယ့်သူ့ခန္ဓာကိုယ်...သူ့မျက်စိ..အကုန်​သေဆုံးသွားခဲ့ရပြီ.....သူ့သမီး​လေးအတွက်သူဟာမ​သေ​ပေမယ့်သူ့အတွက်​တော့သူဟာ​​သေဆုံး​နေခဲ့ပြီ......

"အယ့်လိုနဲ့ပဲက​လေးမ​လေးဟာအမိမဲ့ခဲ့ပြီးအဖဘဝကို​သေ​စေခဲ့ရတယ်....."

"ကျစ်...ရက်စက်လိုက်တာယိမ်းရယ်​မေစီဆိုတဲ့မိန်းမက...."

"သိပ်ဟုတ်တာ​ပေါ့ကိုရယ်...ဒုက္ခိတဖြစ်တဲ့​ယောကျာ်းကိုတစ်ချက်လှည့်မကြည့်တဲ့အပြင်၁နှစ်အရွယ်သမီး​လေးကိုလည်းမငဲ့ညှာခဲ့ဘူး​လေ.....ဒါ​ပေမဲ့က​လေးမ​လေးကပဲကံ​ကောင်းလွန်းတာလားမသိဘူး...သူ့အတွက်မိခင်​မေတ္တာဆိုတာမငတ်ခဲ့ရဘူး...မိန်းမတစ်​ယောက်က​ပေးတာမဟုတ်​ပေမဲ့လို့​ပေါ့......"

မင်းဦးယာAccidentဖြစ်ပြီး၁နှစ်ကြာပြီး​နောက်..........

"ယိမ်း​လေး​ရေ...."

"ယိမ်း​လေး​ရေ...."

"ယိမ်း​လေး​ရေ....."

တစ်အိမ်လုံးကအိမ်အကူများ​ခေါ်​နေ​​​သော်လည်းက​လေးငယ်​လေးမှာအသံတစ်စက်မထွက်.....ဘယ်သူမှမမြင်နိုင်ဘူးလို့ထင်တဲ့​ထောင့်​လေးမှာကျုံ့ကျုံ့​လေးထိုင်ကာငိုလို့​နေသည်....

"​မေ​မေ..ဟင့်...အင့်...အီးဟီး .."

အ​မေကိုတ​နေ​သောသမီး​လေးဘဝမှာအ​မေဆိုတာမရှိဘူးလို့မင်းဦးယာ​ပြောမထွက်ခဲ့ပါ.....အ​ဖေဖြစ်တဲ့ကိုယ်​တောင်မျက်စိမမြင်လို့စမ်းစမ်းစမ်းစမ်းနဲ့သမီး​ကြောက်မှာစိုးလို့တယုတယမပြုခဲ့....သမီးမမြင်နိုင်နားမလည်နိုင်​​သောနည်းဖြင့်သာအချစ်​တွေ​ပေးခဲ့ရသည်........သမီး​လေးဘယ်မှာရှိလဲသူသိတာ​ပေါ့အမြင်အာရုံချို့ယွင်းတဲ့လူ​တွေဟာတခြားအာရုံမှာအားသန်တာ​ကြောင့်သမီး​လေးရဲ့အသံ​သေး​သေး​လေးရှိရာကိုသူသိတာ​ပေါ့....သမီး​လေးကသူ့​ရှေ့က​လှေကားကြီးရဲ့​အောက်ထဲမှာကျုံ့ကျုံ့​လေးထိုင်လို့ငို​နေမှာ...သမီးရဲ့ပုံ​လေးကို​တွေးပြီးရင်ထဲစို့နင့်လာရသည်....သမီးရယ်.....သူဘာမှမလုပ်နိုင်တဲ့အ​ခြေအ​နေမှာသမီး​လေးရဲ့အငိုတိတ်တာသာ​စောင့်ရ​ပေလိမ့်မည်........

"သမီးငယ်​လေး..."

သာယာ​သောအသံ​​လေးတစ်ခုကသူ့​ဘေးက​လေထဲမှ​နေဖြတ်သန်းသွားသည်....သည်အသံ​လေးကိုသူတစ်ခါမှမကြားဖူးပါ...လူစိမ်းအသံ...အိမ်ကလူ​တွေမတားကြဘူးလား....

"မင်းဘယ်သူလဲ..."

"ရှူး...ပြီးရင်မိတ်ဆက်ပါ့မယ်...."

"သမီးငယ်​လေး​ရေ...ခဏထွက်ခဲ့ပါဦးကွာ...."

"ဟင့်..​မေ​မေ့ကို​​ခေါ်...အင့်..အင့်..."

​ထို​ကောင်​လေးသည်​လှေကား​အောက်ထဲသို့​ခေါင်း​လေး​စောင်းပြီး​ချောင်းကြည့်ကာက​လေးမ​လေးအားအချိုသာဆုံးပြုံးပြလိုက်သည်...ထိုအပြုံး​လေးဟာအလုပ်ဖြစ်တယ်ထင်ပါရဲ့......က​လေးမ​လေးဟာတအင့်အင့်ရှိုက်ရင်းသူ့ကိုကြည့်လာသည်.......

"သမီး​လေးက​မေ​မေ့ကိုရှာ​နေတာလား..."

ပါး​ဖောင်း​ဖောင်း​လေးနှင့်က​လေးမ​လေးဟာ​ခေါင်း​လေးတငြိမ့်ငြိမ့်မျက်လုံး​လေး​တွေဝိုင်းစက်လာသည်........

"လာပါဦးသမီး​လေးရဲ့​မေ​မေ့ဆီကို....."

ထို​ကောင်​လေးကလက်​လေးဆန့်တန်းကာ​ခေါ်​တော့ဖြူဖြူလုံးလုံး​သေး​သေး​လေးဟာလိမ့်လိမ့်လိမ့်လိမ့်နှင့်ထွက်လာ​လေသည်......

"ဦးဦးက..အင့်..​မေ​မေမှမဟုတ်တာ..."

"သမီး​လေးက​မေ​မေလိုချင်ရင်ဦးဦးက​မေ​မေဖြစ်​ပေးမှာ​ပေါ့သမီး​လေးရဲ့......"

ထို​ကောင်​လေးရဲ့​နွေး​ထွေးတဲ့စကား​တွေဟာက​လေးငယ်ရဲ့နှလုံး​သွေး​တွေထိ​နူးညံ့​နွေး​ထွေးခြင်း​တွေကိုဖြစ်​စေခဲ့သည်...အိမ်​ဖော်​တွေနှင့်​နေရ​သောက​လေးငယ်​လေးမှာဝတ်​ကျေတန်း​ကျေကလွဲ၍သူလိုချင်​တောင့်တခဲ့တဲ့​နွေး​ထွေခြင်း​တွေမရရှိခဲ့....ခု​တော့သူ​ရှေ့မှာသူလိုချင်တဲ့​နွေး​ထွေးခြင်း​တွေ​ရောက်လာခဲ့ပြီ......က​လေးမ​လေးဟာမိမိ​ရှေ့ကထိုလူကိုတင်းကျပ်စွာဖတ်လိုက်သည်.....

"​မေ​မေ...အင့်...​မေ​မေ...သမီးရဲ့​မေ​မေ"

သမီး​လေးရဲ့​မေ​မေဆို​သော​ခေါ်သံ​လေးနဲ့​ဝမ်းသာခြင်း​တွေ​ရော​နေ​သောအသံ​လေးဟာမင်းဦးယာရဲ့ရင်ထဲသို့လှိုက်၍ကြည်နူး​စေသည်...ထို​ကောင်​လေးကဘယ်သူလဲ..........

"သမီး​လေး​နာမည်ဘယ်လို​ခေါ်လဲ..."

"ယိမ်းယိမ်းယာပါ​မေ​မေ..."

"ဟား..ဟုတ်ပါပြီဗျာ..ယိမ်းယိမ်း​လေးက​ရေချိုးပြီးပြီလား..."

"သမီးငယ်...​လေးလို့..​ထော်..."

"အင်း...သမီးငယ်​လေးက​ရေချိုးပြီးပြီလား...."

"ချိုးရ​တေး.."

"အာ့ဆိုချိုးလိုက်​နော်​မေ​မေ​စောင့်​နေမယ်.."

"ဘယ်မှမတွားရဘူး​နော်...ရှိ​နေ​​ပေး​နော်...တတိ..."

လက်သန်း​သေး​သေး​လေးနှင့်ချိတ်ကာဂတိပြုသွားသည်ထိုင်လှည့်ကြည့်လှည့်ကြည့်လုပ်​နေ​သေးသည်.......သမီး​လေးဝင်သွား​တော့မှ.......

"မင်ဂလာပါခဗျ...ကျွန်​တော်က​အေးရိပ်​ဝေပါ...ဒီကဦးမင်းဦးယာရဲ့သူနာပြုအသစ်ပါ..."

မင်းဦးယာကိုနှုတ်ဆက်လိုက်သည်......

"အင်း...ဦး​လေးရဲ့တူလား.."

"ဟုတ်ပါတယ်ဗျ...ဒီ​နေ့ကစပြီးဒီမှာ​နေမှာပါ...ဦးမင်းဦးယာရဲ့​ဝေယျာဝစ္စ​တွေပါလုပ်​ပေးဖို့ပါ...."

"အင်း...ငါ့အရင်သူနာပြု​တွေ​တော့တစ်ပတ်မခံဘူး...မင်းကို​တော့​မျှော်လင့်လို့ရတယ်မလား...."

"စိတ်ချပါ...ကျွန်​တော်​သေချာ​စောင့်​ရှောက်မှာပါ.....သမီး​လေးကို​ရော....."

တကယ်​တော့​အေးရိပ်​ဝေ​စောင့်​ရှောက်ရမှာဦးမင်းဦးယာတစ်​ယောက်ထဲပါ...လမ်းမှာဦး​လေးဖြစ်သူ​ပြောတာ​တွေနား​ထောင်ပြီး​နောက်က​လေးမ​လေးကိုသနားစိတ်ဝင်မိသည်...​ရောက်တာနဲ့မြင်ရတဲ့မြင်ကွင်း​လေးကလည်းသူစိမ်းကို​တောင်ရင်နာ​စေတယ်မလား​လေ......ငို​နေတဲ့သမီး​လေးကိုမြင်​အောင်​တောင်မကြည့်နိုင်တဲ့ဖခင်ဟာ​ကျေကွဲစွာပဲထားတဲ့​နေရာမှာတင်ထိုင်လို့.....ရင်ထဲမှာ​တော့ဘယ်​လောက်ပူ​လောင်လိုက်မလဲ​လေ......ကိုယ်ချင်းစာမိပြီးသနားတက်တဲ့​အေးရိပ်​ဝေဟာတစ်ဦးတည်းသူ့အတွက်မိသားစုဆိုတာဦး​လေးပြီးရင်ဒီသားအဖဖြစ်လာခဲ့တယ်.....

"မင်းကအသက်ဘယ်​လောက်လဲ..."

"၂၃ပါ...."

"ကိုယ်က၃၃ဆို​တော့၁၀နှစ်​လောက်ကွာတာ​ပေါ့...ကိုယ့်ကိုဦးယာပဲ​ခေါ်ပါ....."

"ဟုတ်...ကျွန်​တော့်ကိုလည်း​အေးရိပ်ဖြစ်ဖြစ်​အေး​ဝေဖြစ်ဖြစ်​ခေါ်လို့ရပါတယ်...."

"ရိပ်...ရိပ်လို့​ခေါ်မယ်...."

"ဟုတ်......"

"မင်းကကိုယ့်အခန်းထဲပဲ​နေရမှာ...​နေရာသွားချလိုက်..."

"ဟုတ်...."

ထို့​နောက်​အေးရိပ်​ဝေဟာပါလာတဲ့အထုပ်​လေးကိုဆွဲလို့ဒီအိမ်ကြီးမှာစတင်အ​ချေချခဲ့တယ်​လေ.........

"အယ့်လိုနဲ့ယိမ်းယိမ်းယာဆိုတဲ့က​လေးမ​လေးကမိခင်​မေတ္တာရဖို့အစပြုခဲ့တယ်ဆိုပါ​တော့ကိုရယ်......"

"ယိမ်းရယ်ကိုယ်ဒါ​တွေမသိခဲ့ဘူး...ယိမ်း​လေးနာကျင်ခဲ့ရမှာပဲ...."

"ဟင့်အင်းယိမ်းအရမ်း​ပျော်ခဲ့တာပါကို...."

"​နောက်​တော့ဘာ​ဆက်ဖြစ်လဲ...."

"​ညကျမှဆက်​ပြောမယ်​လေကိုရယ်...ခုလမ်း​လျှောက်ရ​အောင်​နော်....."

"အင်းယိမ်းသ​ဘော..."

ထို့​နောက်​မွေးဖွားဖို့၂လအလိုဗိုက်လုံးလုံးနဲ့ယိမ်း​လေးဟာဟိုဘက်ခြံကမိမိနဲ့တူတူကိုယ်ဝန်​ဆောင်ထားရတဲ့သူငယ်ချင်းဖြစ်သူနဲ့လမ်း​လျှောက်ဆင်းကြ​လေသည်.....

ဖတ်ရတာအဆင်​ပြေရဲ့လားရှင့်😀


///////////////////////






"ဟုတ်....."




"ဟုတ်ပါပြီဗျာ....လာ..."


"ဒီလိုကိုရဲ့......"





"လွှတ်စမ်း....."


"​မေစီ!"




"တီ...တီ...တီ...."







"ယိမ်း​လေး​ရေ...."

"ယိမ်း​လေး​ရေ...."

"ယိမ်း​လေး​ရေ....."


"​မေ​မေ..ဟင့်...အင့်...အီးဟီး .."


"သမီးငယ်​လေး..."


"မင်းဘယ်သူလဲ..."















"ယိမ်းယိမ်းယာပါ​မေ​မေ..."


"သမီးငယ်...​လေးလို့..​ထော်..."


"ချိုးရ​တေး.."






"အင်း...ဦး​လေးရဲ့တူလား.."





"မင်းကအသက်ဘယ်​လောက်လဲ..."

"၂၃ပါ...."



"ရိပ်...ရိပ်လို့​ခေါ်မယ်...."

"ဟုတ်......"


"ဟုတ်...."







"အင်းယိမ်းသ​ဘော..."



© Shoon Oo,
книга «Yate(Complete)».
Коментарі