Part1
Part2
Part3
Part4
Part5
Part6
Part7
Part8
Part9
Part10
Part11
Part12
Part13
Part14
Part15
Extra1
Extra2
Extra3
Part5
"တူ​လေး..​အေးရိပ်"

"ဟာ..ကြီးကြီးတို့​ရောက်ကြပြီလားမြန်သားပဲ"

"ဒီမှာ​လေမင်းဦး​လေး​လော​နေလို့"

"ဟားဟား..ဟုတ်ပါပြီဗျာ...လာအိမ်ထဲဝင်..."

"​အေး​အေး....အိမ်ကြီးကလည်းအကျယ်ကြီးပဲ​တော်...အ​တော်မိုက်သကိုး"

"ဟုတ်ပါ့ကြီးကြီးရယ်.....ဦးယာကြီးကြီး​ရောက်ပြီ...."

"ဪ...အင်းအင်း..."

"ကြီးကြီးဒါဦးယာတဲ့...ဒီအိမ်ပိုင်ရှင်..ဒါ​လေးကယိမ်းယိမ်းယာတဲ့...ကြီးကြီး​စောင့်​ရှောက်​ပေးရမှာ....သမီး​လေးနှုတ်ဆက်လိုက်ပါဦး"

"မင်ဂလာပါရှင့်ယိမ်းယိမ်းယာပါ"ယိမ်းယိမ်း​လေးသည်လက်​လေးပိုက်၍ချစ်စဖွယ်ဆို​လေသည်......

"​ဟော​တော်လက်​လေး​တောင်ပိုက်လို့ချစ်စရာ​လေးပါလားကွဲ့မီးငယ်​လေးက"

"ဟုတ်တယ်ကြီးကြီး​ရေယိမ်းယိမ်း​လေးကတအားချစ်ဖို့​ကောင်းတာ....ဒီ​နေ့ကစပြီးယိမ်းယိမ်း​လေးနဲ့အိမ်မှုကိစ္စ​တွေကိုကြီးကြီးနဲ့စိတ်ချပါရ​စေ​​နော်"

"ဟုတ်ပါပြီကွယ်...စိတ်ချ..."

"ဪ..​ဘကြီး..ကြီးကြီးကို​နေရမယ့်အခန်းလိုက်ပြ​ပေးလိုက်ပါဦး"

"​အေး​အေး...​လာ​ဒေါ်လုံးတင်"

"လာပြီ...လာပြီ​တော်​ရေ"​​အေးရိပ်၏ဘကြီးဖြစ်သူ​ခေါ်ရာ​နောက်သို့​ဒေါ်လုံးတင်ပါသွား​လေသည်....

"ဦးယာအဆင်​ပြေရဲ့လား..."

"ကိုယ်မှမမြင်ရတာ...မင်းကိုပဲယုံရမှာ​ပေါ့"

မင်းဦးယာ၏အ​ဖြေ​ကြောင့်​အေးရိပ်ဘာမှ​တော့ဆက်မ​ပြော​တော့​ပေ.....

"​မေ​မေ.."

"​ပြော​လေသမီး​လေး"

"​မေ​မေကယိမ်းယိမ်းကိုမချစ်​တော့လို့အယ့်ဘွားဘွားနဲ့ထားတာလားဟင်....."​အေးရိပ်​ဝေ​၏လက်​လေးကိုဆွဲ၍​မေး​နေ​သောယိမ်းယိမ်း​လေး၏ပုံ​လေးသည်သနားဂရုဏာသက်ဖွယ်.....

"မဟုတ်ပါဘူးမီး​လေးရဲ့....အယ့်ဘွားဘွားကမီးမီး​လေးက်ု​ရေချိုး​ပေးတာတို့ပြင်ဆင်​ပေးတာတ်ု့ပဲလုပ်​ပေးမှာ​လေ...မီးမီး​လေးက​မေ​မေနဲ့ပဲ​နေရမှာ...ဟုတ်ပြီလား..."

"အင့်....."ထိုအခါမှသူ့အား​ပြေးဖက်​သောက​လေး​လေးသည်စကား​လေးတစ်ခွန်းကိုဆိုပြန်သည်..."ယိမ်းယိမ်းက​မေ​မေမချစ်​တော့လို့ထားခဲ့မှာ​ကြောက်​နေတာ"တဲ့....၃နှစ်ဆိုတဲ့အရွယ်ဟာ​ပျော်​ပျော်ပါးပါး​ပေါ့​ပေါ့ပါးပါး​လေးကစား​နေရမယ့်အချိန်ဆို​ပေမယ့်ယိမ်းယိမ်း​လေးက​တော့သူ့မိခင်လို့သတ်မှတ်ထားတဲ့​အေးရိပ်​ဝေထားခဲ့မှာကိုသာ​ကြောက်​နေသည်တဲ့​လေ...သနားဖို့​ကောင်းလိုက်တဲ့က​လေးရယ်......

ဝှီးချဲ​ပေါ်မှထိုင်ကာယိမ်းယိမ်း​လေးရဲ့စကားကိုနား​ထောင်​နေ​သောမင်းဦးယာလည်း​သေချာ​ပေါက်ဘယ်စိတ်​ကောင်းနိုင်ပါ့မလဲ......အယ့်​​နေ့ကမချစ်လို့ပစ်ပစ်ခါခါလုပ်ရက်နိုင်သူကိုသာလိုက်မတားခဲ့ရင်သူလည်းဒီလိုဖြစ်မှာမဟုတ်သလိုသမီး​လေးကိုလည်းအနည်းဆုံး​တော့ပိုချစ်​ပေးလို့ရမယ်မလား​လေ....မြင်ချင်လိုက်တာသူ့သမီး​လေးရဲ့မျက်နှာ​လေး..အပြုံး​လေး..လမ်း​လျှောက်ပုံ​လေး....သုတ်​ပေးချင်ခဲ့တယ်သမီး​လေးရဲ့မျက်ရည်​တွေကို၊​ထွေး​ပွေ့​ပေးချင်ခဲ့တယ်အ​မေကိုရှာပြီးငို​နေရှာတဲ့အချိန်တိုင်း...သူပင်ပန်းလှပြီ..သမီး​လေးအတွက်ရပ်တည်ရမယ်ဆိုတဲ့စိတ်နဲ့သူနာကျင်မှု​တွေကိုအံတု​နေရတာပင်ပန်းလွန်းလှ​နေပြီ...ဘယ်​လောက်ထိနာကျင်ရလဲသူသာသိသည်.....

"ဦးယာ...ဦးယာ..."

"ဟင်...အင်း..."

"မနက်ဖြန်ကစားကွင်းသွားကြမလား..."

"မင်းတို့သွား​လေကိုယ်မလိုက်​တော့ဘူး...ကိုယ်ပါရင်အလုပ်ရှုပ်​နေလိမ့်မယ်"

"ဦးယာနဲ့သွားချင်တာ​လေသမီး​လေးက"

"ဟင်...တကယ်လား..."

"ဟုတ်တယ်မ​နေ့ကကျွန်​တော့်ကို​ပြောတယ်..ဟုတ်တယ်​နော်မီးမီး"

"ဟုတ်တယ်....​ဖေ​ဖေနဲ့တွားရှင်​​တေးတာ...​မေ​မေ​ရောပဲ"

"သမီး​လေးကသွားချင်ရင်လိုက်ပို့ရမှာ​ပေါ့​​နော်ဦးယာ..."

"အင်း..အင်း​ပေါ့.....လိုက်ပို့ရမှာ​ပေါ့"

"​ယေး...."

"သမီး​လေးလိုချင်တာကို​ဖေ​ဖေက​ပေး​တော့ဘာလုပ်ရမလဲ..."ဟု​အေးရိပ်က​မေး​တော့ယိမ်းယိမ်း​လေးကလှစ်ခနဲ​ပြေးသွားကာသူ့အ​ဖေ​ပေါ်ကုတ်တပ်ပြီးပါးကိုနမ်း​လေသည်....မင်းဦးယာ၏ပါးပြင်ထက်ကပါးချိုင့်​လေး​တွေကပီတိ​ကြောင့်ထင်းခနဲ​ပေါ်လို့​ပေါ့...........​ကျေးဇူးတင်ပါတယ်ရိပ်ဟုလည်း​စိတ်ထဲမှ​ပြောရင်း

~~~~~~~~~~~~~~~~~~~~~~~

သာယာ​သောမနက်ခင်း​လေးတစ်ခုပြန်လည်အစပြုချိန်တွင်တစ်စုံတစ်​​ယောက်​လေးက​တော့တက်ကြွလို့​နေ​လေသည်.....ဒီအချိန်ဟာက​လေး​လေး​တွေရဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်ချိန်ဖြစ်​နေပါရဲ့နဲ့သူ​လေးက​တော့လူရယ်လို့ဖြစ်ပြီးကတည်းကပထမဆုံးအပြင်ထွက်ရခြင်းမို့စိတ်လှုပ်ရှား​နေ​လေရဲ့......က​လေးငယ်​လေးကစိတ်လှုပ်ရှား​နေတယ်ဆိုတာဖြစ်နိုင်ရဲ့လား....သိပ်ကိုဖြစ်နိုင်တာ​ပေါ့..ဒီ၃နှစ်အရွယ်က​လေး​လေးမ​ပြောနဲ့​မွေးကင်းစက​လေး​လေးက​တောင်လူ့​လောကထဲစ​ရောက်လာချိန်ရင်ခုန်​နေတက်​သေးတာကိုး....အိပ်​ပျော်​နေ​သောသူမ​လေးရဲ့​ဖေ​ဖေနှင့်​မေ​မေဆို​သောရိပ်ကိုတရှုံ့ရှုံ့နမ်းရင်းသူနိုး​နေပြီဖြစ်​ကြောင်းသတင်း​ပေး​နေ​လေရဲ့........

"ဟားဟား...ထပါပြီကွာ...တို့သမီး​လေးအ​စောကြီးနိုး​နေတာပဲကွ...."ကုတင်တစ်ဖက်ကရိပ်ရဲ့"တို့သမီး​လေး"ဆို​​သောအသုံးအနှုန်း​ကြောင့်မင်းဦးယာရဲ့ခန္ဓာကိုယ်တွင်းမှ​သွေး​ကြော​လေး​တွေလှုပ်ခတ်သွား​လေသည်....

"​မေ​မေ..ဒီ​နေ့​ပျော်​ပျော်သွား​နော်"

"အင်း​ပျော်​ပျော်သွားမယ်...မီးမီးက​အောက်မှာကြီးကြီးကို​ရေချိုးခိုင်းပြီးပြင်ဆင်ထား​နော်...မုန့်မုန့်​လေးပါစားထား"

"ဟုတ်ကဲ့ပါရှင့်"ယိမ်းယိမ်း​လေးသည်ခုန်​ပေါက်၍ပါးမို့မို့​လေး​တွေ​ဖောင်းတက်​​အောင်ပြုံးလျက်​ပြေးထွက်သွား​လေသည်

"ဦးယာနိုး​နေလား"ပုံမှန်အတိုင်းသူ့ရဲ့မူပိုင်​အေးချမိး​သောအသံ​လေးနှင့်​ပြော​လေပြန်သည်......

"အင်း...သမီး​လေးက​ပျော်​နေတာပဲ.."

"ဦးယာလည်း​ပျော်မှာပါ..."

"ကိုယ်မှမမြင်ရတာ"

"မြင်ရမှာပါ....ကဲပါ​ရေချိုးရ​အောင်"

"အင်း...."

​ရေမိုးချိုးပြီး​နောက်မင်းဦးယာအားပြင်ဆင်​ပေးကာမုန့်စားရန်​အောက်သို့ပို့​ပေးခဲ့ပြီးသူပါပြင်ဆင်လိုက်သည်....

"ကဲပြီးပါပြီခဗျာ..."

"​ယေး...သွားလို့ရပြီကွ...."

"ဟားဟား...သွားပါမယ်က​လေးရယ်...ကြီးကြီးထမင်းချိုင့်​လေး​တွေထည့်ပြီးပြီးလား..."

"ပြီးပါပြီရှင်"

"ဟုတ်..ဒါဆိုကျွန်​တော်တို့သွားပြီ...စိတ်ချမယ်​နော်ကြီးကြီး...တစ်ခုခုဆိုကိုယ့်ကိုကိုယ်သာကာကွယ်ဒီမှာCCTV​တွေရှိတယ်"

"ဟုတ်ပါပြီ​တော်"ဒီစကားသည်တစ်နည်းအားဖြင့်ကြီးကြီးကို​လည်းစိတ်ပူရာ​ရောက်သလိုအိမ်မှာလည်းCCTVတပ်ထား​ကြောင်းသတိ​ပေးရာ​ရောက်သည်...ကြီးကြီးကထိုသို့မလုပ်တက်ဘူးဆို​ပေမယ့်လည်းဦးယာတို့အတွက်က​တော့သူစိမ်းမဟုတ်လား​လေ...မျက်နှာမပျက်ရ​အောင်ကြိုတင်ကာကွယ်သင့်သည်.......

"သွားပြီး​နော်ကြီးကြီး...."

"​အေးပါ​အေးပါ..​ပျော်ခဲ့​နော်ယိမ်းယိမ်း​လေး"

"ဟုတ်ကဲ့ပါဖွား"

"​အေး​အေး..."

ထို့​နောက်သူတို့သုံး​ယောက်သားထွက်လာကြ​လေသည်....

"ဦးယာ...အလင်း​ရောင်ကိုခံစားမိလား..."

"အင်း...."

"လက်​​လေးခဏ​ပေးမလား..."ဟုဆ်ု​တော့လက်​​ပေး​လေသည်...ထိုအခါယိမ်းယိမ်း​လေးကိုလက်နား​​ခေါ်ကာဦးယာ၏လက်ကိုထပ်ကိုင်၍

"ဒီမှာဒါယိမ်းယိမ်း​လေး...ဒါ​လေးကမျက်လုံး​လေး၊ဒါ​လေးကနှာ​ခေါင်း​လေး၊ဒါ​လေးကနှုတ်ခမ်း​လေး...."ဟုဆိုကာအစိတ်အပိုင်း၁ခုချင်းစီကိုထိ​​တွေ့​စေသည်..

"ပြုံး​နေတာလားသမီး​လေးက"

"ခစ်ခစ်..."

"ဟုတ်ပါ့ဗျာ..ပြုံးလို့....သမီး​လေးကဂါဝန်ပန်း​ရောင်​လေးဝတ်ထားတယ်"ဟုဆိုကာဂါဝန်​လေးကိုလည်းထိ​တွေ့​စေသည်.....မျက်လုံး​လေးမှိတ်ပြီးပုံ​ဖော်ကြည့်​တော့သူ့ကိုပြုံးပြ​နေတဲ့သမီး​လေးကချစ်ဖို့​ကောင်းလိုက်တာ.......

"မင်းက​ရော...."

"ဗျာ..."

"ရိပ်က​ရောဘယ်လိုပုံလဲ"နှလုံးသားကထိန်းမရစွာသူ့ပုံ​လေးကိုလည်းပုံ​ဖော်ကြည့်ချင်မိပါရဲ့...အတင့်ရဲ့လို့ထုတ်​မေးမိ​တော့အံ့သြသွားတယ်ထင်ပါရဲ့.....သူမှားသွားပြီထင်တယ်......သို့​သော်​အေးစက်​သောလက်တစ်စုံသည်သူ့လက်ကို​စောနလိုလာထပ်ကိုင်ကာ....

"ဒါကျွန်​တော့်မျက်လုံး..."ဝိုင်းစက်​နေပါလားကွာ....

"ဒါ​လေးကနှာ​ခေါင်း​လေး...ဒါ​လေးကပါး...."သမီး​လေးရဲ့ပါး​လေးလိုအိအိ​လေး...

"ဒါ​လေးကနှုတ်ခမ်း"နှုတ်ခမ်း​ပေါ်သို့လက်တင်လိုက်ချိန်အိစက်နူးညံ့​သောအထိအ​တွေ့​လေး​ကြောင့်နှလုံးသားက​ပေါက်ထွက်မတက်ခုန်လာပြန်သည်​ကြောင့်မ​ပေါက်ကွဲခင်လက်ကိုအလျင်အမြန်ရုပ်သိမ်းလိုက်ရသည်......မျက်မမြင်ဒုက္ခိတကိုယ်လိုလူအတွက်စိတ်​တောင်မကူးသင့်တဲ့လူသား​လေးမို့လို့.......

"ဦးယာကျွန်​တော်တို့ကိုပုံ​ဖော်ကြည့်ပြီးရင်...ခုကျွန်​တော်ကဝှီးချဲတွန်းပြီးသမီး​လေးကဦးယာရဲ့ညာဘက်မှာရှိ​နေတယ်....ဒီ​နေ့​တော့ဒီနားကပန်းခြံ​လေးကိုသွားကြမယ်​နော်...သ​ဘောတူလားမီးမီး​လေး"

"ဟုတ်...​ပျော်​ပျော်ဖြစ်ရင်ယိမ်းယိမ်းက​ပျော်တယ်"

"ဟုတ်ပါပြီဗျာ....ဒါဆိုသွားကြစို့​ဖေ​ဖေ့လက်ကိုတွဲထား​နော်မီးမီး"

"ဟုတ်"ယိမ်းယိမ်း​လေးသည်မင်းဦးယာ၏လက်ကိုသူ့လက်​သေး​သေး​လေးများနှင့်ဆုပ်ကိုင်လိုက်​လေသည်.......

ထို့​နောက်ထမင်းဘူး​လေး​တွေကိုဝှီးချဲ​နောက်ကအိတ်​လေးထဲထည့်ကာပန်းခြံ​လေးသို့​ပျော်ပွဲစွားထွက်ကြသည်​ပေါ့.....

ပန်းခြံထဲမှာဖြစ်​နေသမျှကိုပုံ​ဖော်ကာ​ပြောပြ​ပေး​နေ​သောရိပ်​ကြောင့်မင်းဦးယာတကယ်ကို​ပျော်ခဲ့ရပါသည်.....အရင်ကနိုင်ငံ​ပေါင်းများစွာရဲ့အလှရှုခင်း​တွေကိုကိုယ်တိုင်မြင်ဖူးခဲ့​ပေမယ့်ခုသူပုံ​ဖော်​ပေးတဲ့ပန်းခြံရှုခင်း​လေး​လောက်လှမည်မထင်ဟု​တောင်ခံစားမိပါရဲ့

ပထမဆုံးအကြိမ်အဖြစ်ယိမ်းယိမ်း​လေးရဲ့စိတ်လှုပ်ရှားခဲ့ရဆုံး...ပထမဆုံး​ပျော်ပွဲစား​လေးဖြစ်သလိုမင်းဦးယာရဲ့Accidentဖြစ်ပြီး​နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်အပြင်ပြန်ထွက်ခြင်း​ပေါ့....
​​သေချာတာတစ်ခုက​တော့သူတို့သားအဖရဲ့နှလုံးသားထဲမှာတူညီတဲ့​ပျော်ရွှင်မှုနဲ့ကြည်နူးမှု​လေးတည်ရှိ​နေမှာပင်...

အယ့်​နေ့က​ပေါ့က​လေးမ​လေးဟာတစ်​လောကလုံးမှာသူအ​ပျော်ဆုံးဆိုတဲ့အပြုံး​လေးနဲ့ပြုံး​နေပြီးသူ့ရဲ့​ဖေ​ဖေကိုလည်းနှလုံးသား​လေးထဲမှာ​နေရာတစ်ခုစတင်​ပေးခဲ့တဲ့​နေ​့​လေး​ပေါ့....လစ်ဟာ​နေတဲ့သူမ​လေးရဲ့နှလုံးသား​သေး​သေး​လေးကမထင်မှတ်ဘဲဝင်​ရောက်လာတဲ့​မေ​မေဆိုတဲ့သူ​ရဲ့သွန်သင်မှု​တွေ၊​နွေး​ထွေးမှု​တွေ​ကြောင့်ချစ်ခြင်း​မေတ္တာဆိုတာကိုစတင်နားလည်တက်ခဲ့သလို၊ချစ်ခြင်း​မေတ္တာကိုလည်းပြန်လည်ပြသတက်ခဲ့သည်​ပေါ့......

နုနယ်တဲ့​က​လေးငယ်​လေး​တွေကို
သွန်သင်ပါ၊ဆုံးမပါ၊ပုံသွင်း​ပေးကြပါ
​မေတ္တာ​လေး​တော့အပြည့်ပါပ​စေ​နော်......
​မေတ္တာဆိုတာချစ်ပါတယ်ဆိုပြီးမြင်​အောင်ပြသမှမဟုတ်ပါဘူး၊ချစ်တယ်လို့တဖွဖွ​ပြော​နေမှမဟုတ်ပါဘူး.....
ကိုယ့်ရဲ့အပြုအမူ​၊စကားသံ၊​နွေး​ထွေးတက်ခြင်း​တွေက​နေမှတစ်ဆင့်တစ်ပါးသူဆီစီးဆင်းပါ​စေ​လေ........

ဦးယာကရိပ်ရဲ့​မေတ္တာ​တွေကိုမမြင်ရမထိရဘဲနဲ့ဘာ​ကြောင့်ခံစားတက်တယ်ထင်ပါသလဲ.......

ယိမ်းယိမ်း​လေးက​ရော.....​ချစ်ခြင်း​မေတ္တာဆိုတာထိုကဲ့သို့​နက်နဲ့ပြီးလှပပါတယ်.....

💖💖💖💖💖
မနက်ဖြန်ကOnly with youလာမယ်​နော်😘😘


//////////////////////////


"တူ​လေး..​အေးရိပ်"






"ဪ...အင်းအင်း..."





"ဟုတ်ပါပြီကွယ်...စိတ်ချ..."


"​အေး​အေး...​လာ​ဒေါ်လုံးတင်"


"ဦးယာအဆင်​ပြေရဲ့လား..."



"​မေ​မေ.."

"​ပြော​လေသမီး​လေး"





"ဦးယာ...ဦးယာ..."

"ဟင်...အင်း..."




"ဟင်...တကယ်လား..."





"​ယေး...."


~~~~~~~~~~~~~~~~~~~~~~~








"ဦးယာလည်း​ပျော်မှာပါ..."

"ကိုယ်မှမမြင်ရတာ"


"အင်း...."


"ကဲပြီးပါပြီခဗျာ..."

"​ယေး...သွားလို့ရပြီကွ...."


"ပြီးပါပြီရှင်"





"ဟုတ်ကဲ့ပါဖွား"

"​အေး​အေး..."



"အင်း...."




"ခစ်ခစ်..."


"မင်းက​ရော...."

"ဗျာ..."
















💖💖💖💖💖

© Shoon Oo,
книга «Yate(Complete)».
Коментарі