အပိုင်း-၈
Zawgyi...
"ဟုတ် မေမေ"
"ဟုတ်တယ်နော် မေမေ"
"မေမေ!!!!"
"ဘာလို့လဲသားရဲ့"
Unicode...
ကျောင်းပိတ်ရက်တစ်ရက်..
ဧည့်ခန်းထဲ၌ ထို်င်ကာ TV မှာလာနေသော Skynet Hadaya Channel ရဲ့ များတို့နဲ့ ဟားမယ် အစီအစဉ်အား မွှေးထိုင်ကြည့်နေစဉ် အနားသို့ လာထိုင်ပါသော မေမေ။
"မေမေ အဲ့အခြောက်တွေကို ဘယ်လိုမြင်လဲဟင်"
"အခြောက်လို့မပြောရဘူး သမီးရဲ့ အရမ်းရိုင်းတယ် အဲ့လို့ပဲ အရူးလို့မပြောရဘူး စိတ်မနှံ့တဲ့လူလို့ပြောရတယ်"
"ဟုတ် မေမေ"
"ဘယ်လိုမြင်လဲဆိုရင် အင်းးး ကံကြမ္မာကိုပဲ အပြစ်တင်ရတော့မှာပေါ့ သူတို့လဲ ဒီလိုမျိုး လူတကာအနှိမ်ခံဘဝကြီးမှာ ဘယ်နေချင်ပါ့မလဲ မှားယွင်းပြီးပေးထားတဲ့ ကံကြမ္မာကြီးကြောင့်သာပေါ့"
"ဟို မေမေကရော သူတို့ကိုသနားလားဟင်"
"သနားလားဆိုတော့လည်း သနားမိတာပေါ့ အဲ့တာထက်ပိုပြီး စာနာမိတယ်"
ထိုစဉ် အစီအစဉ်ထဲမှ အျစ်အကြောင်းမေးသည့်အခါ ပြန်ဖြေလိုက်သည့် စကားက
"အချစ်နဲ့ ပတ်သတ်ရင်ကတော့ နာကျင်ရတာပေါ့ ကိုယ့်ချစ်သူက နောက်ဆုံးမှာ ကိုယ့်ကိုမရွေးချယ်ဘဲ မိန်းမယူသွားတော့ နှလုံးသားတွေ ကွဲကြေသွားသလိုပဲ အဲ့တာကြောင့် အခုဆို ယောက်ျားတွေကို ရှောင်တယ် နာကြည်းမိလို့"
တစ်ခဏမျှ မေမေသည် အာရုံစိုက်နားထောင်ပြီးနောက်..
"အင်းးး ကိုယ်တွေတောင် ကိုယ်ချစ်ရတဲ့သူက ပြန်မချစ်ရင် အရမ်းခံစားရတာ သူတို့သာဆို ဘယ်လောက်တောင် ခံစားရပြီး နာကျင်နေလိုက်မလဲ"
"မေမေ မေမေကရော သူတို့တွေကို ဆုတောင်းမှားလို့ ဒီဘဝမှာ အခုလိုမျိုးဖြစ်တာလို့ ထင်လား"
"ဟင့်အင်း ဆုတောင်းမှားလို့ လို့မသတ်မှတ်ပါဘူး လူသားတိုင်း ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ရှိကြတာပဲ သူတို့ကိုယ်တိုင်က ဒီလိုဘဝမျိုးကိုကြိုက်နှစ်သက်ရင် လက်ခံပေးရမှာ မေမေတို့တာဝန်ပဲလေ ဘာမှ အပြစ်ပြောစရာလဲမလိုဘူး တကယ်တမ်းတွေးကြည့်ရင် သူတို့တွေက အရမ်းသတ္တိရှိတာပဲ အချို့လူတွေက ကိုယ့်စိတ်ကိုသိရက်နဲ့ မသိချင်ယောင်ဆောင်ပြီး ဖုံးကွယ်ထားကြတယ် သူတို့ကတော့ ပေါ်ပေါ်တင်တင်ပဲ လုပ်ရဲရင် ခံရဲရမယ်ဆိုတာမျိုး သူတို့လက်ခံထားတဲ့ ဘဝကို ဘေးလူတွေ ဘယ်လိုပဲ ဟားတိုက်ရယ်မော လှောင်ပြောင်နေပါစေ လွယ်လွယ်နဲ့ အရှုံးမပေး ၊လက်မလျော့ကြဘူး ဘယ်လောက်ဂုဏ်ယူစရာကောင်းလိုက်လဲ"
"ဟုတ်တယ်နော် မေမေ"
"ဒါကြောင့် မေ့သမီးလေးကလဲ သူတို့ကို မရှုံ့ချရဘူးနော်"
"သမီးက သူတို့ရဲ့ဘက်တော်သားပါ မေမေရဲ့"
မေမေက သူမအားပြုံး၍ကြည့်နေစဉ် အိမ်ထဲသို့ အပြေးတစ်ပိုင်းဝင်လာပါသော ဝက်ကောင်လုံးကင်။
"မေမေ!!!!"
"အောင်မလေး ဝက်ကောင်ရဲ့ ဘာလို့ ဒီလောက်အော်နေရတာလဲ ငါ့နားစည်တွေတော့ ကွဲပါပြီ"
"ဟုတ်သား သားရယ် ဘာလို့တအားအော်နေရတာလဲ"
"အော်မှာပေါ့ မေမေကလဲ မေမေ့သမီးလုပ်ပုံကိုကြည့်ဦး"
"ဘာလို့လဲသားရဲ့"
"ဘာကမှာလဲ မေမေ့သမီး သားစက်ဘီးကို ခဏငှားပြီး လမ်းထိပ်က မုန့်ဆိုင်သွားတာ စက်ဘီးချိန်းကျတော့ ပြန်တပ်မပေးဘဲ လမ်းဘေးက အမှိုက်ပုံနား ဒီတိုင်းထားခဲ့တယ် ခုအမှိုက်ကောက်သမားက သားစက်ဘီးကြီး ယူပြီးပြန်တော့မှာ သားက သားဟာလို့ပြောတာကို ပြန်မပေးဘူး အဲ့တာပြန်လိုက်တောင်းပေး အီး ဟီး..."
"ငါ့မောင်လေး ပြေးလာရတာနဲ့ ခုပြောရတာနဲ့ မောနေရောပေါ့ ရော့ရေလေးသောက်လိုက်ဦး"
မွှေးသည် သောက်ရေအိုးစဉ်မှာ ရေအားအလျင်အမြန်ခပ်ကာ တိုက်လိုက်လေသည်။ဝဿန်လည်း အမှန်ပင်မောလာတာကြောင့် မငြင်းနိုင်ပဲ တဂွတ်ဂွတ်ဖြင့် မော့ချလိုက်လေသည်။ပြီးနောက်
"မေမေ မေမေ့သမီးကို လိုက်တောင်းခိုင်းလိုက်ရ"
"ဘာလဲ နင့်အတွက် ယောက်ျားလား"
"ယောက်ျားဆိုရင်တော့ ငါ့အတွက်မဟုတ်ဘူး နင့်အတွက်ပဲ"
"ကဲပါသမီးရယ် စမနေနဲ့ သွား လိုက်သွားလိုက်ဦး"
"နင် ငါ့စက်ဘီးကို ချိန်းပါပြန်တပ်ပေး"
"ချိန်းတော့မတပ်ပေးနိုင်ပါဘူး ငါ့လက်တွေ မဲကုန်ရင် ဘယ်လိုလုပ်မလဲ"
"မဲရင် ရေဆေးပေါ့ နင်စီးလို့ဖြစာတာလား ငါစီးလို့ဖြစ်တာလား ပြော"
"ကဲ မွှေး ဒါသမီးအပြစ်နော်"
မေမေ့အသံအဆုံး မွှေးတစ်ယောက် ဆောင့်ကြီးအောင့်ကြီးဖြင့် ဝဿန့်အား
"နင်မှတ်ထား ငါ့အလှည့်ရောင်ရင်ကတော့ နင့်ကို ယောက်ျားပေးစားပြီး ကုတင်ပေါ်က မဆင်းရအောင်ကို လုပ်ပစ်မယ်"
ဒေါ်ထားမေမှာလည်း ရန်ဖြစ်ရင်းထွက်သွားသော မောင်နှမနှစ်ယောက်အားကြည့်ရင်း ခေါင်းတစ်ခါခါဖြင့်
"ငါ ဘယ်လိုဟာလေးတွေမွေးထားမိပါလိမ့်"