အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၇
Zawgyi...

မႏၲလာဒီဂရီေကာလိပ္...

ေမာင္းလာေသာ ဆိုင္ကယ္ေလးအား ေက်ာင္းအဝင္ေပါက္ဘင္သို႔ ခ်ိဳးေကြ႕လိုက္စဥ္..

*Ringing*
ျမည္လာေသာ ဖုန္းသံေၾကာင့္ လမ္းေဘးသို႔ ခဏရပ္ထားလိုက္ၿပီး..

"ေအး စု ေျပာ"
"နင္ ဘယ္ေရာက္ေနၿပီလဲ"
"ငါ အဝင္ေပါက္ဘက္မွာ ေရာက္ေနၿပီ ဘာလို႔လဲ"
"ေၾသာ္ နင္ေရာက္ရင္ canteen ကိုလာခဲ့ေတာ့လို႔ ေျပာမလို႔ "
"canteen က ဘယ္ဆိုင္လဲ "
"ျမေ႐ႊမာ ပဲလာခဲ့ ထိုင္ေနၾကေနရာမွာပဲ"
"အိုေက ငါ့ဖို႔ ရွင္းရွင္းတုတ္ရိုက္ အရင္မွာထားေပး"
"ေအးပါဟဲ့ တကယ္ပဲ လူမလာေသးဘူး အစားကအရင္"
"ႀကိဳက္တာကိုး ဟားဟား"
"အာ့ဆို နင္လာခဲ့ေတာ့ ဒါပဲ"
"ေအး"

ထို႔ေနာက္ ဆိုင္ကယ္ေလးအား သခ်ၤာဒုတိယနွစ္အတန္းရွိရာ ေ႐ႊဘိုအေဆာင္ေဘးရွိ ဆိုင္ကယ္settingရွိရာသို႔ ေမာင္းဝင္လာခဲ့ေလသည္။ၿပီးေနာက္ ျမေ႐ႊမာဆိုင္ရွိရာသို႔...

ဆိုင္ရဲ႕ ေတာင္ဘက္ျခမ္း စကၠဴပန္းပင္မ်ားျဖင့္ အုပ္မိုးထားေသာေအာက္ရွိ ထိုင္ခံုမ်ားေလးမ်ားဆီသို႔ ဦးတည္သြားလိုက္ေလသည္။ထို႔ေနာက္ အုပ္စုဖြဲ႕ကာထိုင္ေနေသာ သူငယ္ခ်င္းမ်ားအနီးသို႔ သြားကာ ခံုတစ္လံုး ဆြဲထိုင္လိုက္ရင္းျဖင့္...

"ဟဲ့ ငါမွာထားတာ မရေသးဘူးလား"
"ရေတာ့မွာပါဟဲ့ ခဏပဲေစာင့္ရေတာ့မွာ.. ေဟာ ေျပာရင္းဆိုရင္း လာၿပီ"
"ရွင္းရွင္းတုတ္ရိုက္က ဘယ္ဝိုင္းကလဲေဟ့"
"ဦးေလး ဒီဘက္ဝိုင္းက"
"ေအး လာၿပီ"

ရွင္းရွင္းတုတ္ရိုက္ပန္းကန္ေရွ႕ေရာက္သည္နွင့္...

"ဦးေလး ငရုတ္ခ်ဥ္ေပးပါဦး"
"ထည့္ၿပီးသားေလ ငါ့တူမရဲ႕"
"မဟုတ္ဘူး ထပ္ၿပီးေပးဦး ဒါနဲ႔မရဘူး ဟီးဟီး"
"ေအး ေအး ခဏေစာင့္... ေဟ့ေကာင္ ငမိုးေရ ဒီကိုလာၿပီး ငရုတ္ခ်ဥ္လာပို႔လွည့္ဦး ငါဟိုဘက္ဝိုင္း သြားလိုက္ဦးမယ္"
"ဟုတ္ ဟုတ္ ဦးေလး"

ငမိုးဆိုသည့္ေကာင္ေလး ငရုတ္ခ်ဥ္သြားယူသည္နွင့္...

"ဟဲ့ ငါနင္တို႔ကိုေျပာစရာရွိတယ္ အထူးသျဖင့္ နင္ ေမႊး"
"ငါ့ကို ဘာလို႔လဲ"
"ဘာကမွာလဲ မနွစ္က နင့္ကိုႀကိဳက္ခဲ့တဲ့ နံ႔သာျဖဴ ဆိုတဲ့ေကာင္မေလးကို မွတ္မိလား"
"နံ႔သာျဖဴ ေၾသာ္ မွတ္မိၿပီ ဟို ေယာက်္ားလ်ာလိုေကာင္မေလးမို႔လား"
"ေအး ဟုတ္တယ္ ငါတို႔ပထနွစ္ေနာက္ဆံုးစာေမးပြဲေန႔က နင့္ကို ႀကိဳက္တယ္လို႔ေျပာသြားတာေလ"
"ေအးေလ အဲ့တာဘာျဖစ္လို႔လဲ"
"ဘာျဖစ္ရမွာလဲ နင္ျငင္းလိုက္ၿပီးေနာက္ပိုင္း သူ႔သတင္းဘာမွမၾကားရေတာ့ဘူးေလ"
"အင္းေလ "
"လြန္ခဲ့တဲ့ လေလာက္က သူ သူ႔ကိုယ္သူ သတ္ေသသြားတယ္တဲ့"
"ဟမ္"
"ဘာ"
"ဟဲ့ ဟုတ္လို႔လား "
ခုမွပင္ အစက ဝင္မေျပာဘဲ တိတ္ဆိတ္ေနၾကသူမ်ားကပါ လႈပ္လႈပ္ရွားရွား ျဖစ္လာၾကေလသည္။

"ငါကမဟုတ္ဘဲနဲ႔ေျပာပါ့မလား အဲ့သတင္း ငါ့သူငယ္ခ်င္းတစ္ေယာက္က ေျပာျပလို႔ သိခဲ့ရတာ သူအေဖနဲ႔ အဲ့အိမ္က လူႀကီးေတြက အခ်င္းခ်င္းသိၾကတယ္ေလ"
"နင့္ဟာက ေသေရာေသခ်ာရဲ႕လားဟယ္"
"ေၾသာ္ တကယ္ပါဆို"
"ဟယ္ အဲ့တာဆို စိတ္မေကာင္းလိုက္တာ"
"ငယ္ငယ္ေလးရွိေသးတဲ့ဟာကို"
"ဟဲ့ အဲ့တာ ငါ့ေၾကာင့္မ်ားလားဟင္"
"ဘယ္ကနင့္ေၾကာင့္ရမွာလဲ နင္နဲ႔ဘာဆိုင္လို႔လဲ"
"ေအးေလ အလြတ္ႀကီး"
"နင္က နင္မႀကိဳက္လို႔မႀကိဳက္ဘူး ေျပာတဲ့ဟာကို"
"ဒါေပမယ့္ ငါ့စိတ္ထဲမွာ တစ္မ်ိဳးႀကီးပဲ"
"ကဲပါ ထားလိုက္ေတာ့ ဟိုမယ္ နင့္ငရုတ္ခ်ဥ္လာေနၿပီ"
"ဟယ္ နာရီေလးဘာေလးလဲ ၾကည့္ၾကဦး ကိုးနာရီထိုးေတာ့မယ္ "
"အတန္းခ်ိန္က ကိုးနာရီခြဲမဟုတ္ဘူးလား"
"ဟုတ္ေပမယ့္ ဒီေန႔ေစာဝင္မယ္လို႔ ေျပာသြားတယ္ေလ"
"ဒါနဲ႔ ဘယ္သူ႔အခ်ိန္လဲ"
" ေဒၚဝင္းဝင္းၾကည္"
"ဟာ အဲ့တာဆို ျမန္ျမန္စား သူဝင္ၿပီးမွ ငါတိ့ဝင္ရင္ အခန္းေပါက္တင္ အိပ္ေနရလိမ့္မယ္  ဟဲ့ေမႊး နင္ျမန္ျမန္လုပ္"
"ေအး စားၿပီ စားၿပီ"
"ဟဲ့ ဟဲ့  ေျဖးေျဖးစားပါဟဲ့ အပူႀကီးကို ပါးစပ္ထဲ ဇြတ္သြင္းေနတာ"
"ေအးေလ နင့္ပါးစပ္ထဲ ေရခဲေသတၲာမ်ား ထည့္ထားသလား"
"ခြီး ဟားဟားဟား"
"ဟဲ့ ေလွာင္မေနၾကနဲ႔ ငါနင္တို႔ကို ျပန္မေျပာနိုင္ေသးဘူး"
"ေအးပါ နင္သာျမန္ျမန္စား"

ခဏအၾကာ..

"ဟဲ့ ၿပီးသြားၿပီးလား"
"ေအး ၿပီးၿပီ လုပ္ လုပ္ သြားမယ္"
"ေနပါဦးဟဲ့ ပိုက္ဆံရွင္းရဦးမွာ "
"ေၾသာ္ ေအး"
"ဦးေလး ဒီမွာပိုက္ဆံ စားပြဲေပၚပဲ ထားခဲ့ၿပီေနာ္"
"ေအး ေအး"

ၿပီးေနာက္ ေမႊးတို႔ သူငယ္ခ်င္း ေလးေယာက္ ေ႐ႊဘိုေဆာင္ ေအာက္ဆံုးထပ္သို႔ အျမန္နည္းျဖင့္ ပန္းကန္လံုးစီးကာ သုတ္ေျခတင္ေျပးရေလေတာ့သည္။


Unicode...


မန္တလာဒီဂရီကောလိပ်...

မောင်းလာသော ဆိုင်ကယ်လေးအား ကျောင်းအဝင်ပေါက်ဘင်သို့ ချိုးကွေ့လိုက်စဉ်..

*Ringing*
မြည်လာသော ဖုန်းသံကြောင့် လမ်းဘေးသို့ ခဏရပ်ထားလိုက်ပြီး..

"အေး စု ပြော"
"နင် ဘယ်ရောက်နေပြီလဲ"
"ငါ အဝင်ပေါက်ဘက်မှာ ရောက်နေပြီ ဘာလို့လဲ"
"သြော် နင်ရောက်ရင် canteen ကိုလာခဲ့တော့လို့ ပြောမလို့ "
"canteen က ဘယ်ဆိုင်လဲ "
"မြရွှေမာ ပဲလာခဲ့ ထိုင်နေကြနေရာမှာပဲ"
"အိုကေ ငါ့ဖို့ ရှင်းရှင်းတုတ်ရိုက် အရင်မှာထားပေး"
"အေးပါဟဲ့ တကယ်ပဲ လူမလာသေးဘူး အစားကအရင်"
"ကြိုက်တာကိုး ဟားဟား"
"အာ့ဆို နင်လာခဲ့တော့ ဒါပဲ"
"အေး"

ထို့နောက် ဆိုင်ကယ်လေးအား သင်္ချာဒုတိယနှစ်အတန်းရှိရာ ရွှေဘိုအဆောင်ဘေးရှိ ဆိုင်ကယ်settingရှိရာသို့ မောင်းဝင်လာခဲ့လေသည်။ပြီးနောက် မြရွှေမာဆိုင်ရှိရာသို့...

ဆိုင်ရဲ့ တောင်ဘက်ခြမ်း စက္ကူပန်းပင်များဖြင့် အုပ်မိုးထားသောအောက်ရှိ ထိုင်ခုံများလေးများဆီသို့ ဦးတည်သွားလိုက်လေသည်။ထို့နောက် အုပ်စုဖွဲ့ကာထိုင်နေသော သူငယ်ချင်းများအနီးသို့ သွားကာ ခုံတစ်လုံး ဆွဲထိုင်လိုက်ရင်းဖြင့်...

"ဟဲ့ ငါမှာထားတာ မရသေးဘူးလား"
"ရတော့မှာပါဟဲ့ ခဏပဲစောင့်ရတော့မှာ.. ဟော ပြောရင်းဆိုရင်း လာပြီ"
"ရှင်းရှင်းတုတ်ရိုက်က ဘယ်ဝိုင်းကလဲဟေ့"
"ဦးလေး ဒီဘက်ဝိုင်းက"
"အေး လာပြီ"

ရှင်းရှင်းတုတ်ရိုက်ပန်းကန်ရှေ့ရောက်သည်နှင့်...

"ဦးလေး ငရုတ်ချဉ်ပေးပါဦး"
"ထည့်ပြီးသားလေ ငါ့တူမရဲ့"
"မဟုတ်ဘူး ထပ်ပြီးပေးဦး ဒါနဲ့မရဘူး ဟီးဟီး"
"အေး အေး ခဏစောင့်... ဟေ့ကောင် ငမိုးရေ ဒီကိုလာပြီး ငရုတ်ချဉ်လာပို့လှည့်ဦး ငါဟိုဘက်ဝိုင်း သွားလိုက်ဦးမယ်"
"ဟုတ် ဟုတ် ဦးလေး"

ငမိုးဆိုသည့်ကောင်လေး ငရုတ်ချဉ်သွားယူသည်နှင့်...

"ဟဲ့ ငါနင်တို့ကိုပြောစရာရှိတယ် အထူးသဖြင့် နင် မွှေး"
"ငါ့ကို ဘာလို့လဲ"
"ဘာကမှာလဲ မနှစ်က နင့်ကိုကြိုက်ခဲ့တဲ့ နံ့သာဖြူ ဆိုတဲ့ကောင်မလေးကို မှတ်မိလား"
"နံ့သာဖြူ သြော် မှတ်မိပြီ ဟို ယောက်ျားလျာလိုကောင်မလေးမို့လား"
"အေး ဟုတ်တယ် ငါတို့ပထနှစ်နောက်ဆုံးစာမေးပွဲနေ့က နင့်ကို ကြိုက်တယ်လို့ပြောသွားတာလေ"
"အေးလေ အဲ့တာဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမှာလဲ နင်ငြင်းလိုက်ပြီးနောက်ပိုင်း သူ့သတင်းဘာမှမကြားရတော့ဘူးလေ"
"အင်းလေ "
"လွန်ခဲ့တဲ့ လလောက်က သူ သူ့ကိုယ်သူ သတ်သေသွားတယ်တဲ့"
"ဟမ်"
"ဘာ"
"ဟဲ့ ဟုတ်လို့လား "
ခုမှပင် အစက ဝင်မပြောဘဲ တိတ်ဆိတ်နေကြသူများကပါ လှုပ်လှုပ်ရှားရှား ဖြစ်လာကြလေသည်။

"ငါကမဟုတ်ဘဲနဲ့ပြောပါ့မလား အဲ့သတင်း ငါ့သူငယ်ချင်းတစ်ယောက်က ပြောပြလို့ သိခဲ့ရတာ သူအဖေနဲ့ အဲ့အိမ်က လူကြီးတွေက အချင်းချင်းသိကြတယ်လေ"
"နင့်ဟာက သေရောသေချာရဲ့လားဟယ်"
"သြော် တကယ်ပါဆို"
"ဟယ် အဲ့တာဆို စိတ်မကောင်းလိုက်တာ"
"ငယ်ငယ်လေးရှိသေးတဲ့ဟာကို"
"ဟဲ့ အဲ့တာ ငါ့ကြောင့်များလားဟင်"
"ဘယ်ကနင့်ကြောင့်ရမှာလဲ နင်နဲ့ဘာဆိုင်လို့လဲ"
"အေးလေ အလွတ်ကြီး"
"နင်က နင်မကြိုက်လို့မကြိုက်ဘူး ပြောတဲ့ဟာကို"
"ဒါပေမယ့် ငါ့စိတ်ထဲမှာ တစ်မျိုးကြီးပဲ"
"ကဲပါ ထားလိုက်တော့ ဟိုမယ် နင့်ငရုတ်ချဉ်လာနေပြီ"
"ဟယ် နာရီလေးဘာလေးလဲ ကြည့်ကြဦး ကိုးနာရီထိုးတော့မယ် "
"အတန်းချိန်က ကိုးနာရီခွဲမဟုတ်ဘူးလား"
"ဟုတ်ပေမယ့် ဒီနေ့စောဝင်မယ်လို့ ပြောသွားတယ်လေ"
"ဒါနဲ့ ဘယ်သူ့အချိန်လဲ ဒေါ်ဝင်းဝင်းကြည်"
"ဟာ အဲ့တာဆို မြန်မြန်စား သူဝင်ပြီးမှ ငါတိ့ဝင်ရင် အခန်းပေါက်တင် အိပ်နေရလိမ့်မယ်  ဟဲ့မွှေး နင်မြန်မြန်လုပ်"
"အေး စားပြီ စားပြီ"
"ဟဲ့ ဟဲ့  ဖြေးဖြေးစားပါဟဲ့ အပူကြီးကို ပါးစပ်ထဲ ဇွတ်သွင်းနေတာ"
"အေးလေ နင့်ပါးစပ်ထဲ ရေခဲသေတ္တာများ ထည့်ထားသလား"
"ခွီး ဟားဟားဟား"
"ဟဲ့ လှောင်မနေကြနဲ့ ငါနင်တို့ကို ပြန်မပြောနိုင်သေးဘူး"
"အေးပါ နင်သာမြန်မြန်စား"

ခဏအကြာ..

"ဟဲ့ ပြီးသွားပြီးလား"
"အေး ပြီးပြီ လုပ် လုပ် သွားမယ်"
"နေပါဦးဟဲ့ ပိုက်ဆံရှင်းရဦးမှာ "
"သြော် အေး"
"ဦးလေး ဒီမှာပိုက်ဆံ စားပွဲပေါ်ပဲ ထားခဲ့ပြီနော်"
"အေး အေး"

ပြီးနောက် မွှေးတို့ သူငယ်ချင်း လေးယောက် ရွှေဘိုဆောင် အောက်ဆုံးထပ်သို့ အမြန်နည်းဖြင့် ပန်းကန်လုံးစီးကာ သုတ်ခြေတင်ပြေးရလေတော့သည်။

© Kout Tay,
книга «ေႂကြ».
အပိုင္း-၈
Коментарі