အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၁၇
Zawgyi...

"အား!!!"

အခန္းငယ္တစ္ခုအတြင္းရွိ ကုတင္ေပၚ၌ လူးလြန္႔ေနရာမွ ထေအာ္လိုက္ေသာ ေကာင္ေလးတစ္ေယာက္။

'ဟား ဒီလူကဘာလဲ ဘာလို႔ငါ့ပါးကိုနမ္းသြားရတာလဲ သူ႔ခ်စ္သူလည္းမဟုတ္ဘဲနဲ႔ ငါ့ပါးကို ပိုင္းစိုးပိုင္နင္းနဲ႔ နမ္းသြားတယ္ စဥ္းစားလို႔ကိုမရေတာ့ဘူး ၿပီးေတာ့ အတန္းေရွ႕ႀကီးမွာ နမ္းသြားတာ သူမ်ားေတြျမင္ကုန္ရင္ဘယ္လိုလုပ္မလဲ အားးး ရွက္လိုက္တာေနာ္"

ထို႔ေနာက္ သူ႔ပါးနွစ္ဖက္မွာ အေငြ႕ပ်ံမတတ္ပူလာသျဖင့္ အိမ္ေပၚမွအျမန္ဆင္းကာ မီးဖိုခန္းအတြင္းရွိ ေရခဲေသတၲာထဲမွ ေရဗူးနွစ္ဗူးအား ထုတ္ကာ ပါးနွစ္ဖက္ကို ကပ္ထားလိုက္ေလသည္။

"ဟူးးး အခုမွပဲ နည္းနည္းသက္သာသြားသလို ရွိေတာ့တယ္"

ထိုစဥ္ မ်က္ဝန္းေထာင့္မွ တစ္စံုတစ္ေယာက္စိုက္ၾကည့္ေနသည္ကို ျမင္လိုက္ရေသာေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ မေမႊး။

တံခါးေဘာင္ကိုမွီရပ္ေနရာမွ သူ႔ဆီတည့္တည့္ေလ်ွာက္လာကာ သူမရဲ႕နဂိုေမွးေနေသာ မ်က္လံုးကုိပိုေမွးလိုက္ၿပီး သူ႔မ်က္နွာအားစိုက္ေနေလသည္။

"ဘာ ဘာလုပ္တာလဲ မေမႊး"
"နင္မွန္မွန္ေျပာစမ္း ဝႆန္ နင္တစ္ခုခုေတာ့တစ္ခုခုပဲ ဘာျဖစ္ေနတာလဲေျပာစမ္း"

ဝႆန္ သူ႔အားတရားခံစစ္သလို စစ္ေမးေနသည့္ မေမႊးအား

"ငါ ငါက ဘာလုပ္ေနလို႔လဲ"
"နင္ ေရခဲဗူးေတြနဲ႔ပါးကိုကပ္ေနတာေလ ေျပာစမ္း နင္မေအးဘူးလား"

ထိုအခါမွ သူသတိဝင္လာကာၾကည့္လိုက္ေတာ့ လက္ေတြပင္ ေအးလြန္းလို႔ ထံုက်ဥ္ေနေလၿပီ။

"အာ အဲ့တာက ဒီတိုင္း ေရ ေရဆာလာလို႔ ဟို ငါသြားေတာ့မယ္ သိလား"

ေမႊးအနားမွ အျမန္ေျပးထြက္ကာ အိမ္ေပၚသို႔အေျပးတက္လိုက္ေလသည္။ထပ္စစ္ရင္ ေပၚေတာ့မည့္အေျခအေနပင္။ေတာ္ၾကာ ရည္းစားေတာင္မထားလိုက္ရဘဲ ေယာက္်ားရသြားရင္ ဝႆန္တို႔ ရင္ထုမနာျဖစ္ရခ်ည္ရဲ႕။
_______________________

"ေမႊး ဒီခဏလာခဲ့ဦး"

ေက်ာင္းသြားရန္ ထြက္လာစဥ္ ဧည့္ခန္းထဲရွိ ေမေမကလွမ္းေခၚေသာေၾကာင့္ အနားသြားထိုင္လိုက္ေလသည္။

"ဘာေျပာမလို႔လဲ ေမေမ"

ေမေမသည္ သူမအားေမာ့ၾကည့္လာကာ

"သားငယ္နဲ႔ ေမာင္ခက္ထန္နဲ႔က ဘယ္လိုပတ္သတ္တာလဲ သမီး.. ေမာင္ခက္ထန္က သားငယ္ကို သူ႔ထက္ငယ္လို႔ ကေလးလို႔ ခ်စ္စနိုးေခၚတာကို ေမေမဘက္ကနားလည္ေပမယ့္ ပတ္ဝန္းက်င္ကေတာ့ အဲ့လိုမထင္ဘူးသမီး လိုရာဆြဲေတြးက်န္းမာေရးဆုိၿပီး သူတို႔ထင္ရာျမင္ရာေလ်ွာက္ေျပာၾကမွာပဲ ေနာက္ၿပီး သမီးအေဖအေၾကာင္းကို သမီးသိမွာပါ သူကေဟာေဟာဒိုင္းဒိုင္းသမား တစ္ခုခုဆို စိတ္ထက္ လက္ကအရင္ေရာက္တဲ့သူ ၿပီးေတာ့ ေဘးစကားေတြေၾကာင့္ ေနာက္ဆံုးနစ္နာတဲ့သူက သားငယ္ပဲျဖစ္လိမ့္မယ္ သမီး"

"ဟုတ္ကဲ့ေမေမ သမီးခက္ထန္ကိုေျပာလိုက္ပါ့မယ္"

"အင္းပါ ကဲ ဒါဆို ေက်ာင္းသြားေတာ့ေလ ေနာက္က်ေနဦးမယ္"

"ဟုတ္"

ေမႊး ေမေမ့အား ေခါင္းၿငိမ့္ျပကာ အနားမွထြက္လာခဲ့ေလသည္။
____________________

canteen ေရာက္ကတည္းက ေမႊးရဲ႕ ဆံုးမၾသဝါဒေတြၾကားမွာ နစ္မြန္းေနရတဲ့ခက္ထန္။ၾကာေတာ့စိတ္မရွည္လာေသာေၾကာင့္

"ကဲ ေမႊး နင္ေျပာခ်င္တာက လူႀကီးေတြေရွ႕မွာ ကေလးလို႔မေခၚဘဲ ဆင္ဆင္ျခင္ျခင္ေနဖို႔ပဲ မို႔လား အိုေက အိုေက ခုကစၿပီး သူနဲ႔နွစ္ကိုယ္ၾကားပဲေခၚမယ္ ခုေတာ့ ငါ့အသက္ဆီသြားလိုက္ဦးမယ္"

ဟုေျပာကာ ထိုင္ေနရာမွ အေျပးထြက္သြားေသာ ခက္ထန္အား ေမႊး အေနာက္မွေန၍ ေမတၲာေတြသာပို႔ေနမိေတာ့သည္။
__________________

အတန္းေရွ႕ေရာက္သည္နွင့္ သူ႔အသည္းကို ဟက္တက္ကြဲေအာင္ လုပ္လိုက္သည့္ေကာင္ေလး။

သူ႔အတန္းေဖာ္ မိန္းကေလးတစ္ေယာက္ကို မ်က္စိတစ္ဖက္ မွိတ္ျပလိုက္ေသာ ေကာင္ေလးေၾကာင့္ ခက္ထန္ ေအာ္သာငိုလိုက္ခ်င္ေတာ့သည္။

စိတ္မထိန္းနိုင္ေတာ့သည့္အဆံုး အတန္းထဲသို႔ ဝုန္းဒိုင္းက်ဲဝင္လာကာ ဝႆန္႔လက္အား ေဆာင့္ဆြဲၿပီး သန္႔စင္ခန္းဘက္သို႔ ထြက္လာခဲ့ေလသည္။

ဝႆန္ သူ႔ေရွ႕မွေကာင္မေလးအား မ်က္စိတစ္ဖက္မွိတ္ျပေနတုန္း ရုတ္တရက္ႀကီး တစ္စံုတစ္ေယာက္ရဲ႕ ေဆာင့္ဆြဲျခင္းကိုခံလိုက္ရသျဖင့္ ေယာင္ေယာင္နနနဲ႔ လိုက္ပါလာေလသည္။ေသခ်ာၾကည့္လိုက္မွ သူ႔အားဆြဲေခၚလာသူက ခက္ထန္ျဖစ္ေနတာေၾကာင့္ အနည္းငယ္မ်ွမသိမသာ ၿပံဳးလိုက္ေလသည္။

ခက္ထန္ သန္႔စင္ခန္းနားေရာက္သည္နွင့္ ဆြဲလာသည့္လက္အား ျဖဳတ္လုိက္ကာ ဝႆန္႔ပုခံုးအား တင္းက်ပ္စြာ ဆုပ္ကိုင္လိုက္ေလသည္။

"ဝႆန္ မင္း မင္း ကိုယ့္အခ်စ္ေတြကို နည္းနည္းေလာက္ အသိအမွတ္ျပဳေပးပါလားဟင္ တကယ္လို႔ အသိအမွတ္မျပဳနိုင္ရင္ေတာင္ မင္းကိုခ်စ္ေနတဲ့ ကိုယ့္ကို နည္းနည္းေလာက္ ျမင္ၾကည့္ေပးပါ့လား အဲ့လိုမွမဟုတ္ရင္လည္း ကိုယ့္အေပၚနည္းနည္းေလာက္ျဖစ္ျဖစ္ ခံစားခ်က္ေလးပါေပးပါ့လား ဟင္"

သူ႔အား မ်က္ရည္ဝိုင္းကာေတာင္းဆိုေနေသာလူႀကီးအား ဝႆန္အျမင္ကတ္ကတ္ျဖင့္

"ခံစားခ်က္ပါေစခ်င္ရင္ ခင္ဗ်ားကို ေခြးေျခနဲ႔ထုလိုက္မယ္ေလ ဒါမွ ခင္ဗ်ားနာသြားပါလားဆိုတဲ့  ခံစားခ်က္ပါသြားေအာင္ ဟြန္႔ အသက္ကျဖင့္ ဖင္ေဆာင့္ေနၿပီ အခုထိ မro တတ္ဘူး မ်က္ရည္ကထြက္လိုက္ေသး အာ့ေၾကာင့္လဲ ရည္းစားမရတာ ၾကည့္ပါဦး ရည္းစားစကားေျပာဖို႔ေခၚလာတဲ့ေနရာက သန္႔စင္ခန္းတဲ့ ခင္ဗ်ားတစ္ေယာက္ထဲသာ ဝေအာင္အနံ႔ရွဴၿပီးေနခဲ့ေတာ့ ကြၽန္ေတာ္ကေတာ့ သြားၿပီ "

သူ႔အား ေျပာကာ ေျပးထြက္သြားသည့္ေကာင္ေလးအား ေၾကာင္ေတာင္ေတာင္ၾကည့္ရင္း ခက္ထန္တစ္ေယာက္ သန္႔စင္ခန္းနားမွာ က်န္ခဲ့ေလရဲ႕။
____________________

Unicode...

"အား!!!"

အခန်းငယ်တစ်ခုအတွင်းရှိ ကုတင်ပေါ်၌ လူးလွန့်နေရာမှ ထအော်လိုက်သော ကောင်လေးတစ်ယောက်။

'ဟား ဒီလူကဘာလဲ ဘာလို့ငါ့ပါးကိုနမ်းသွားရတာလဲ သူ့ချစ်သူလည်းမဟုတ်ဘဲနဲ့ ငါ့ပါးကို ပိုင်းစိုးပိုင်နင်းနဲ့ နမ်းသွားတယ် စဉ်းစားလို့ကိုမရတော့ဘူး ပြီးတော့ အတန်းရှေ့ကြီးမှာ နမ်းသွားတာ သူများတွေမြင်ကုန်ရင်ဘယ်လိုလုပ်မလဲ အားးး ရှက်လိုက်တာနော်"

ထို့နောက် သူ့ပါးနှစ်ဖက်မှာ အငွေ့ပျံမတတ်ပူလာသဖြင့် အိမ်ပေါ်မှအမြန်ဆင်းကာ မီးဖိုခန်းအတွင်းရှိ ရေခဲသေတ္တာထဲမှ ရေဗူးနှစ်ဗူးအား ထုတ်ကာ ပါးနှစ်ဖက်ကို ကပ်ထားလိုက်လေသည်။

"ဟူးးး အခုမှပဲ နည်းနည်းသက်သာသွားသလို ရှိတော့တယ်"

ထိုစဉ် မျက်ဝန်းထောင့်မှ တစ်စုံတစ်ယောက်စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် လှည့်ကြည့်လိုက်တော့ မမွှေး။

တံခါးဘောင်ကိုမှီရပ်နေရာမှ သူ့ဆီတည့်တည့်လျှောက်လာကာ သူမရဲ့နဂိုမှေးနေသော မျက်လုံးကိုပိုမှေးလိုက်ပြီး သူ့မျက်နှာအားစိုက်နေလေသည်။

"ဘာ ဘာလုပ်တာလဲ မမွှေး"
"နင်မှန်မှန်ပြောစမ်း ဝဿန် နင်တစ်ခုခုတော့တစ်ခုခုပဲ ဘာဖြစ်နေတာလဲပြောစမ်း"

ဝဿန် သူ့အားတရားခံစစ်သလို စစ်မေးနေသည့် မမွှေးအား

"ငါ ငါက ဘာလုပ်နေလို့လဲ"
"နင် ရေခဲဗူးတွေနဲ့ပါးကိုကပ်နေတာလေ ပြောစမ်း နင်မအေးဘူးလား"

ထိုအခါမှ သူသတိဝင်လာကာကြည့်လိုက်တော့ လက်တွေပင် အေးလွန်းလို့ ထုံကျဉ်နေလေပြီ။

"အာ အဲ့တာက ဒီတိုင်း ရေ ရေဆာလာလို့ ဟို ငါသွားတော့မယ် သိလား"

မွှေးအနားမှ အမြန်ပြေးထွက်ကာ အိမ်ပေါ်သို့အပြေးတက်လိုက်လေသည်။ထပ်စစ်ရင် ပေါ်တော့မည့်အခြေအနေပင်။တော်ကြာ ရည်းစားတောင်မထားလိုက်ရဘဲ ယောက်ျားရသွားရင် ဝဿန်တို့ ရင်ထုမနာဖြစ်ရချည်ရဲ့။
_______________________

"မွှေး ဒီခဏလာခဲ့ဦး"

ကျောင်းသွားရန် ထွက်လာစဉ် ဧည့်ခန်းထဲရှိ မေမေကလှမ်းခေါ်သောကြောင့် အနားသွားထိုင်လိုက်လေသည်။

"ဘာပြောမလို့လဲ မေမေ"

မေမေသည် သူမအားမော့ကြည့်လာကာ

"သားငယ်နဲ့ မောင်ခက်ထန်နဲ့က ဘယ်လိုပတ်သတ်တာလဲ သမီး.. မောင်ခက်ထန်က သားငယ်ကို သူ့ထက်ငယ်လို့ ကလေးလို့ ချစ်စနိုးခေါ်တာကို မေမေဘက်ကနားလည်ပေမယ့် ပတ်ဝန်းကျင်ကတော့ အဲ့လိုမထင်ဘူးသမီး လိုရာဆွဲတွေးကျန်းမာရေးဆိုပြီး သူတို့ထင်ရာမြင်ရာလျှောက်ပြောကြမှာပဲ နောက်ပြီး သမီးအဖေအကြောင်းကို သမီးသိမှာပါ သူကဟောဟောဒိုင်းဒိုင်းသမား တစ်ခုခုဆို စိတ်ထက် လက်ကအရင်ရောက်တဲ့သူ ပြီးတော့ ဘေးစကားတွေကြောင့် နောက်ဆုံးနစ်နာတဲ့သူက သားငယ်ပဲဖြစ်လိမ့်မယ် သမီး"

"ဟုတ်ကဲ့မေမေ သမီးခက်ထန်ကိုပြောလိုက်ပါ့မယ်"

"အင်းပါ ကဲ ဒါဆို ကျောင်းသွားတော့လေ နောက်ကျနေဦးမယ်"

"ဟုတ်"

မွှေး မေမေ့အား ခေါင်းငြိမ့်ပြကာ အနားမှထွက်လာခဲ့လေသည်။
____________________

canteen ရောက်ကတည်းက မွှေးရဲ့ ဆုံးမသြဝါဒတွေကြားမှာ နစ်မွန်းနေရတဲ့ခက်ထန်။ကြာတော့စိတ်မရှည်လာသောကြောင့်

"ကဲ မွှေး နင်ပြောချင်တာက လူကြီးတွေရှေ့မှာ ကလေးလို့မခေါ်ဘဲ ဆင်ဆင်ခြင်ခြင်နေဖို့ပဲ မို့လား အိုကေ အိုကေ ခုကစပြီး သူနဲ့နှစ်ကိုယ်ကြားပဲခေါ်မယ် ခုတော့ ငါ့အသက်ဆီသွားလိုက်ဦးမယ်"

ဟုပြောကာ ထိုင်နေရာမှ အပြေးထွက်သွားသော ခက်ထန်အား မွှေး အနောက်မှနေ၍ မေတ္တာတွေသာပို့နေမိတော့သည်။
__________________

အတန်းရှေ့ရောက်သည်နှင့် သူ့အသည်းကို ဟက်တက်ကွဲအောင် လုပ်လိုက်သည့်ကောင်လေး။

သူ့အတန်းဖော် မိန်းကလေးတစ်ယောက်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သော ကောင်လေးကြောင့် ခက်ထန် အော်သာငိုလိုက်ချင်တော့သည်။

စိတ်မထိန်းနိုင်တော့သည့်အဆုံး အတန်းထဲသို့ ဝုန်းဒိုင်းကျဲဝင်လာကာ ဝဿန့်လက်အား ဆောင့်ဆွဲပြီး သန့်စင်ခန်းဘက်သို့ ထွက်လာခဲ့လေသည်။

ဝဿန် သူ့ရှေ့မှကောင်မလေးအား မျက်စိတစ်ဖက်မှိတ်ပြနေတုန်း ရုတ်တရက်ကြီး တစ်စုံတစ်ယောက်ရဲ့ ဆောင့်ဆွဲခြင်းကိုခံလိုက်ရသဖြင့် ယောင်ယောင်နနနဲ့ လိုက်ပါလာလေသည်။သေချာကြည့်လိုက်မှ သူ့အားဆွဲခေါ်လာသူက ခက်ထန်ဖြစ်နေတာကြောင့် အနည်းငယ်မျှမသိမသာ ပြုံးလိုက်လေသည်။

ခက်ထန် သန့်စင်ခန်းနားရောက်သည်နှင့် ဆွဲလာသည့်လက်အား ဖြုတ်လိုက်ကာ ဝဿန့်ပုခုံးအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

"ဝဿန် မင်း မင်း ကိုယ့်အချစ်တွေကို နည်းနည်းလောက် အသိအမှတ်ပြုပေးပါလားဟင် တကယ်လို့ အသိအမှတ်မပြုနိုင်ရင်တောင် မင်းကိုချစ်နေတဲ့ ကိုယ့်ကို နည်းနည်းလောက် မြင်ကြည့်ပေးပါ့လား အဲ့လိုမှမဟုတ်ရင်လည်း ကိုယ့်အပေါ်နည်းနည်းလောက်ဖြစ်ဖြစ် ခံစားချက်လေးပါပေးပါ့လား ဟင်"

သူ့အား မျက်ရည်ဝိုင်းကာတောင်းဆိုနေသောလူကြီးအား ဝဿန်အမြင်ကတ်ကတ်ဖြင့်

"ခံစားချက်ပါစေချင်ရင် ခင်ဗျားကို ခွေးခြေနဲ့ထုလိုက်မယ်လေ ဒါမှ ခင်ဗျားနာသွားပါလားဆိုတဲ့  ခံစားချက်ပါသွားအောင် ဟွန့် အသက်ကဖြင့် ဖင်ဆောင့်နေပြီ အခုထိ မro တတ်ဘူး မျက်ရည်ကထွက်လိုက်သေး အာ့ကြောင့်လဲ ရည်းစားမရတာ ကြည့်ပါဦး ရည်းစားစကားပြောဖို့ခေါ်လာတဲ့နေရာက သန့်စင်ခန်းတဲ့ ခင်ဗျားတစ်ယောက်ထဲသာ ဝအောင်အနံ့ရှူပြီးနေခဲ့တော့ ကျွန်တော်ကတော့ သွားပြီ "

သူ့အား ပြောကာ ပြေးထွက်သွားသည့်ကောင်လေးအား ကြောင်တောင်တောင်ကြည့်ရင်း ခက်ထန်တစ်ယောက် သန့်စင်ခန်းနားမှာ ကျန်ခဲ့လေရဲ့။
____________________

© Kout Tay,
книга «ေႂကြ».
အပိုင္း-၁၈
Коментарі