အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း_၂၂
အပိုင္း_၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း_၂၂
Zawgyi...

"ကေလးေလး"

စာေမးပြဲအခန္းေရ႔ွထိုင္ေစာင့္ေနစဉ္ ၾကားလိုက္ရသၫ့္အသံေၾကာင့္ ဝႆန္ ေရဘူးေလးကိုဖြင့္ေသာက္ေနရာမွ မ်က္ႏွာကို ရႈံ႔မဲ့လိုက္ေလသည္။

'ေပၚလာပါၿပီ အရင္ရက္ေတြတုန္းက ဘယ္သြားေသေနမွန္း မသိတဲ့သူႀကီး ဟြန႔္'

"ဘာလဲ"

ဝႆန္ ခက္ထန္အား ေဘာက္ဆတ္ဆတ္ေမးလိုက္ေလသည္။

"ဟို စာေမးပြဲေျဖႏိုင္ပါေစလို႔ လာေျပာတာ"

ဝႆန္ ႏႈတ္ခမ္းအားမဲ့လ်က္..

" ခင္ဗ်ား လာမေျပာလဲ ကြၽန္ေတာ္က ေျဖႏိုင္ၿပီးသား"

"ကေလးကလဲကြာ ကိုယ့္ကိုဆို အကန္ေတြခ်ည္းပဲေျပာတယ္ ဘယ္ေတာ့မွအေကာင္းေျပာတယ္လို႔ကို မရိွဘူး"

ခက္ထန္ မ်က္ႏွာငယ္ပံုစံျဖင့္ ေခါင္းငံု႔ထားလိုက္ေလသည္။

"ခင္ဗ်ားကေရာ အေကာင္းေျပာခ်င္စရာလား အရင္ရက္ေတြက ခင္ဗ်ား ကြၽန္ေတာ့္ဆီမလာဘဲ ဘယ္ေကာင္မေလးဆီသြားေနတာလဲ ဟမ္ ေျပာေလ"

ခက္ထန္ ၿပံဳးစစျဖင့္ ေခါင္းေမာ့ၾကၫ့္လာကာ..

"ဘာလဲ ကေလးက ကိုယ့္ကို လြမ္းေနတယ္ေပါ့ေလ ဟုတ္လား"

"ဘယ္ ဘယ္သူက လြမ္းတယ္ေျပာလို႔လဲ ဒီ ဒီတိုင္း.. ဟား ေတာ္ၿပီ ဝင္ေတာ့မယ္"

*ဒိန္း*

ေျပာရင္းဆိုရင္း ရွက္ရမ္းရမ္းကာ ေနာက္လွၫ့္ေျပးသၫ့္ေကာင္ေလးက သူ႔ေဘးက အုတ္တိုင္နဲ႔ နဖူးနဲ႔ ဝင္ေဆာင့္ပါေတာ့သည္။

"အား.. ေသပါၿပီ"

"အဲ့တာ ခင္ဗ်ားေၾကာင့္.. ကဲဟာ ကဲဟာ"

*ဘုန္း.. ဘုန္း*

ကိုယ့္ဘာသာကိုယ္ဝင္တိုက္တာကို ခက္ထန္ေၾကာင့္ဟုဆိုကာ သူ႔လက္ထဲက လြယ္အိတ္ျဖင့္ ခက္ထန္ေက်ာအား တစ္ဘုန္းဘုန္းရိုက္ေနတဲ့ေကာင္ေလး။

"ဟာ ကိုယ္နဲ႔ဘာဆိုင္လို႔လဲ ကေလးဟာ ကေလးဝင္တိုက္မိတာေလ"

"မသိဘူး ဆိုင္တယ္"

ေျပာၿပီး ႏႈတ္ခမ္းဆူကာ လက္တစ္ဖက္က နဖူးကိုဖိလ်က္ျဖင့္ စာေမးပြဲခန္းထဲဝင္သြားသၫ့္ေကာင္ေလးေၾကာင့္ ခက္ထန္မွာ အခ်စ္ေတြတိုးရျပန္သည္။

___________________

"ခင္ဗ်ားဟာေလ တကယ္ေစတနာနဲ႔မတန္ဘူးသိလား"

"ဘာလို႔လဲ ကေလးရဲ့"

"ခင္ဗ်ားကို မလာပါနဲ႔ မသြားပါနဲ႔ဆိုတာကို ဘာလို႔ခဏတိုင္း ေျပာေနရတာလဲ"

"ဟာ ကေလးကလဲ ကိုယ့္တို႔လဲ စာေမးပြဲေတြၿပီးသြားေတာ့ လြတ္လြတ္လပ္လပ္သြားခ်င္လာခ်င္တာေပါ့လို႔"

"အဲ့ဒီ လြတ္လြတ္လပ္လပ္သြားခ်င္တာကေန လူ႔ဘဝနဲ႔ပါ လြတ္လပ္သြားမွာစိုးလို႔ ေျပာေနတာ ဘာမွကိုမသိဘူး အဘိုးႀကီး"

ခက္ထန္တို႔တစ္ေတြ စာေမးပြဲလဲၿပီး၊ ေက်ာင္းလဲၿပီးၿပီ ျဖစ္တာေၾကာင့္ အလုပ္ေတြမလုပ္ရေသးသၫ့္ အခုလိုကာလေလးမွာ သူငယ္ခ်င္းေတြစံုစံုညီညီ လြတ္လြတ္လပ္လပ္ ေလ်ွာက္သြားၾကရန္ တိုင္ပင္ထားၾကသည္။

ေက်ာင္းပိတ္သၫ့္အခ်ိန္ႏွင့္အညီ ေရႊစာရံဘုရားပြဲလည္း က်င္းပဆဲျဖစ္သၫ့္အတြက္ အရင္ဆံုး ဘုရားသြားၾကရန္ ျဖစ္သည္။သို႔ေသာ္လည္း သူ႔ကို မသြားေစခ်င္သၫ့္ေကာင္ေလးေၾကာင့္ ခက္ထန္ ညစ္ေနရသည္။

"ကဲ ဒါဆို ကိုယ့္ကို ဘာေၾကာင့္လဲဆိုတဲ့ ေျဖရွင္းခ်က္ေတာ့ေပးေလကြာ"

ကႀကိဳး သူ႔ၾကက္ေတြကို အစာေကြၽးေနရင္းမွ အလိုမက်သၫ့္ပံုျဖင့္ လွၫ့္ၾကၫ့္လာေလသည္။

"ခင္ဗ်ားကို တစ္ခုခုျဖစ္မွာစိုးလို႔ေျပာေနတာ.. အနီးအနားကလူေတြက ဘာမွမျဖစ္ေပမယ့္ ခင္ဗ်ားတို႔လို တစ္ျခားအရပ္ကလာတဲ့သူ တစ္ေယာက္ ႏွစ္ေယာက္ေလာက္ကေတာ့ တစ္ႏွစ္တစ္ႀကိမ္ အဲ့ျမစ္ထဲမွာ မူးရူးၿပီး ေသသြားၾကတာၾကၫ့္ပဲ အာ့ေၾကာင့္ အဲ့ထဲခင္ဗ်ားပါမွာစိုးလို႔ေျပာေနတာ ေနာက္ၿပီး ရြာကိုခဏတိုင္းမလာခဲ့နဲ႔"

"ဟာ ကေလးရာ ကေလးရိွတဲ့ဆီကိုေတာ့ ကိုယ္လာပါရေစ ဒါေတာ့ မပိတ္ပင္ပါနဲ႔လားကြာ"

"ခင္ဗ်ားဟာေလ"

ဝႆန္ မ်က္ခံုးႏွစ္ဖက္အား တြန႔္ခ်ိဳးလ်က္ျဖင့္ ခက္ထန္အား လွၫ့္ၾကၫ့္လိုက္သည္။

"ခင္ဗ်ား ကြၽန္ေတာ္တို႔ရြာအေၾကာင္း ဘာသိလို႔လဲ ခင္ဗ်ားသိတာ ဘူး ဖို႔ပဲသိတာမို႔လား"

"အဟီး.. ကေလးကလဲ ဒါကေတာ့ ကိုယ္က ကေလးမို႔လို႔ ဘူး တာပါ.. စိတ္ခ် ကေလးမဟုတ္ဘဲ တစ္ျခားသူဆို ေယာင္လို႔ေတာင္မဘူး ဘူး သိလား"

ဝႆန္ ခက္ထန္အား မ်က္ေစာင္းရြယ္လိုက္ေလသည္။

"အဲ့ ဘူး တာ အသာထား.. ကြၽန္ေတာ္တို႔ရြာက ေျမာင္းက ၃ ႏွစ္တစ္ႀကိမ္လူစားတယ္"

"ဘ ဘ ဘာ!"

ခက္ထန္ မ်က္လံုးမ်ားျပဴးကာ ဝႆန႔္အား အလန႔္တၾကားၾကၫ့္မိသည္။ၿပီးမွ ၿပီတီတီမ်က္ႏွာျဖင့္..

"ကေလးရယ္ ေနာက္စရာရွားလို႔ ကိုယ့္ကိုမွ အဟက္"

ေလွာင္ရယ္ျပလာသၫ့္ ခက္ထန္အား ဝႆန္စိတ္မရွည္ေတာ့။ကိုယ္ကေတာ့ သူ႔အတြက္စိုးရိမ္လို႔ေျပာတာကို သူကေတာ့ စေနာက္တယ္ထင္ေနသည္။

"ကြၽန္ေတာ့္ရုပ္က စေနတဲ့ပံုျဖစ္ေနလို႔လား"

ဝႆန္ သူ႔မ်က္ႏွာသူ လက္ၫွိုးထိုးကာ ေျပာလိုက္ေလသည္။

ထိုအခါမွ ခက္ထန္မ်က္ႏွာ တည္သြားၿပီး

"တ တကယ္ ေျပာေနတာလား"

"ဟုတ္တယ္.. ဒါက ရြာခံေတြပဲသိၾကတာ ရြာေျမာင္းက ကိုယ့္ရြာခံမဟုတ္တဲ့သူဆို စားတတ္တယ္ အာ့ေၾကာင့္ ကြၽန္ေတာ္တို႔ရြာက ၃ ႏွစ္တစ္ႀကိမ္ ေခြးအေသ၊ ဝက္အေသေတြကို ေျမာင္းထဲ ပစ္ေကြၽးရတယ္ အဲ့လိုမဟုတ္ဘဲ မေကြၽးတဲ့ႏွစ္ဆို ေျမာင္းထဲမွာပဲ လူေသတတ္တယ္ အာ့ေၾကာင့္ ေျပာေနတာ မေတာ္တဆ ခင္ဗ်ား ျဖစ္သြားမွာစိုးလို႔ ေျပာေနရတာ တကယ္ပဲ သူ႔စေနတယ္မ်ား ထင္ေနလား မသိဘူး"

"အာ့ဆို ခု ကေလးက ကိုယ့္အတြက္ စိတ္ပူေပးေနတာေပါ့ေလ.. ကိုယ္တစ္ခုခုျဖစ္သြားမွာကို စိုးရိမ္တယ္ေပါ့ေလ ဟုတ္လား"

"ဒါေပါ့.. အဲ"

"ဟား ကိုယ္ေသေပ်ာ္ပါပီ ကေလးရာ"

ေျပာရင္းဆိုရင္း ခက္ထန္ ဝႆန႔္အား လွမ္းဖက္လိုက္ေလသည္။

"ဟာ ခင္ဗ်ား ဘာလုပ္.. လႊတ္စမ္း ဖယ္ အဲ့လက္ကို"

"ဟင့္အင္း လႊတ္ဘူး လႊတ္ဘူး ေသတာေတာင္ မလႊတ္ဘူး"

သူ႔အားဖက္ကာ မ်က္လံုးႀကီးမိွတ္၊ ႏႈတ္ခမ္းႀကီးဆူကာ မလႊတ္ဘူး ေအာ္ေနသၫ့္ ခက္ထန္ေခါင္းအား စိတ္တိုတိုျဖင့္ ဝႆန္ သူ႔လက္ထဲက ၾကက္အစာခြက္ျဖင့္ ေခါက္လိုက္ေလသည္။

"ကဲဟာ မလႊတ္ခ်င္ဦး"

*ဂြက္*

"ေအာင္မေလး ေသပါၿပီ ကေလးရယ္"

ဝႆန္ေခါက္လိုက္သၫ့္ေနရာက ခက္ထန္ရဲ့ဂ်ိဳေစာင္းျဖစ္သၫ့္အျပင္ အစာခြက္မွာလည္း စတီးခြက္ျဖစ္တာေၾကာင့္ ခက္ထန္မွာ နာလို႔ပင္မၿပီးေတာ့။

"ေနာက္တစ္ခါ ဖက္ခ်င္ေသးလား"

ဝႆန္ ၾကက္အစာခြက္အား ေျမႇာက္ကာ ေမးလိုက္သည္။

"ဟင့္အင္း"

ခက္ထန္ ၾကက္အစာခြက္ကို ၾကၫ့္ရင္း မ်က္ႏွာကိုမဲ့ကာ ေခါင္းတြင္တြင္ခါမိသည္။

"ေနာက္တစ္ခါ ဒီ့ထက္ပိုဆိုးမယ္မွတ္ ဟြန႔္"

သူ႔ကိုႀကိမ္းပီးထြက္သြားသူအား ခက္ထန္စိတ္မဆိုးရက္။ကိုယ္က ခ်စ္မိေနတာကိုး။

'ေၾသာ္ ငါ့ဘဝလဲ ဝဋ္ႀကီးခ်က္က 9+ ပါလား'

သူ႔အေတြးေတြကိုသာ ဝႆန္သိၾကၫ့္ပါလား ထပ္အေခါက္ခဲရမွာ ႀကိမ္းေသပင္။

Tbc...

---------------------
ေပၚေတာ္မူလာပါၿပီ😸💜
___________________

Unicode...

"ကလေးလေး"

စာမေးပွဲအခန်းရှေ့ထိုင်စောင့်နေစဉ် ကြားလိုက်ရသည့်အသံကြောင့် ဝဿန် ရေဘူးလေးကိုဖွင့်သောက်နေရာမှ မျက်နှာကို ရှုံ့မဲ့လိုက်လေသည်။

'ပေါ်လာပါပြီ အရင်ရက်တွေတုန်းက ဘယ်သွားသေနေမှန်း မသိတဲ့သူကြီး ဟွန့်'

"ဘာလဲ"

ဝဿန် ခက်ထန်အား ဘောက်ဆတ်ဆတ်မေးလိုက်လေသည်။

"ဟို စာမေးပွဲဖြေနိုင်ပါစေလို့ လာပြောတာ"

ဝဿန် နှုတ်ခမ်းအားမဲ့လျက်..

" ခင်ဗျား လာမပြောလဲ ကျွန်တော်က ဖြေနိုင်ပြီးသား"

"ကလေးကလဲကွာ ကိုယ့်ကိုဆို အကန်တွေချည်းပဲပြောတယ် ဘယ်တော့မှအကောင်းပြောတယ်လို့ကို မရှိဘူး"

ခက်ထန် မျက်နှာငယ်ပုံစံဖြင့် ခေါင်းငုံ့ထားလိုက်လေသည်။

"ခင်ဗျားကရော အကောင်းပြောချင်စရာလား အရင်ရက်တွေက ခင်ဗျား ကျွန်တော့်ဆီမလာဘဲ ဘယ်ကောင်မလေးဆီသွားနေတာလဲ ဟမ် ပြောလေ"

ခက်ထန် ပြုံးစစဖြင့် ခေါင်းမော့ကြည့်လာကာ..

"ဘာလဲ ကလေးက ကိုယ့်ကို လွမ်းနေတယ်ပေါ့လေ ဟုတ်လား"

"ဘယ် ဘယ်သူက လွမ်းတယ်ပြောလို့လဲ ဒီ ဒီတိုင်း.. ဟား တော်ပြီ ဝင်တော့မယ်"

*ဒိန်း*

ပြောရင်းဆိုရင်း ရှက်ရမ်းရမ်းကာ နောက်လှည့်ပြေးသည့်ကောင်လေးက သူ့ဘေးက အုတ်တိုင်နဲ့ နဖူးနဲ့ ဝင်ဆောင့်ပါတော့သည်။

"အား.. သေပါပြီ"

"အဲ့တာ ခင်ဗျားကြောင့်.. ကဲဟာ ကဲဟာ"

*ဘုန်း.. ဘုန်း*

ကိုယ့်ဘာသာကိုယ်ဝင်တိုက်တာကို ခက်ထန်ကြောင့်ဟုဆိုကာ သူ့လက်ထဲက လွယ်အိတ်ဖြင့် ခက်ထန်ကျောအား တစ်ဘုန်းဘုန်းရိုက်နေတဲ့ကောင်လေး။

"ဟာ ကိုယ်နဲ့ဘာဆိုင်လို့လဲ ကလေးဟာ ကလေးဝင်တိုက်မိတာလေ"

"မသိဘူး ဆိုင်တယ်"

ပြောပြီး နှုတ်ခမ်းဆူကာ လက်တစ်ဖက်က နဖူးကိုဖိလျက်ဖြင့် စာမေးပွဲခန်းထဲဝင်သွားသည့်ကောင်လေးကြောင့် ခက်ထန်မှာ အချစ်တွေတိုးရပြန်သည်။

___________________

"ခင်ဗျားဟာလေ တကယ်စေတနာနဲ့မတန်ဘူးသိလား"

"ဘာလို့လဲ ကလေးရဲ့"

"ခင်ဗျားကို မလာပါနဲ့ မသွားပါနဲ့ဆိုတာကို ဘာလို့ခဏတိုင်း ပြောနေရတာလဲ"

"ဟာ ကလေးကလဲ ကိုယ့်တို့လဲ စာမေးပွဲတွေပြီးသွားတော့ လွတ်လွတ်လပ်လပ်သွားချင်လာချင်တာပေါ့လို့"

"အဲ့ဒီ လွတ်လွတ်လပ်လပ်သွားချင်တာကနေ လူ့ဘဝနဲ့ပါ လွတ်လပ်သွားမှာစိုးလို့ ပြောနေတာ ဘာမှကိုမသိဘူး အဘိုးကြီး"

ခက်ထန်တို့တစ်တွေ စာမေးပွဲလဲပြီး၊ ကျောင်းလဲပြီးပြီ ဖြစ်တာကြောင့် အလုပ်တွေမလုပ်ရသေးသည့် အခုလိုကာလလေးမှာ သူငယ်ချင်းတွေစုံစုံညီညီ လွတ်လွတ်လပ်လပ် လျှောက်သွားကြရန် တိုင်ပင်ထားကြသည်။

ကျောင်းပိတ်သည့်အချိန်နှင့်အညီ ရွှေစာရံဘုရားပွဲလည်း ကျင်းပဆဲဖြစ်သည့်အတွက် အရင်ဆုံး ဘုရားသွားကြရန် ဖြစ်သည်။သို့သော်လည်း သူ့ကို မသွားစေချင်သည့်ကောင်လေးကြောင့် ခက်ထန် ညစ်နေရသည်။

"ကဲ ဒါဆို ကိုယ့်ကို ဘာကြောင့်လဲဆိုတဲ့ ဖြေရှင်းချက်တော့ပေးလေကွာ"

ကကြိုး သူ့ကြက်တွေကို အစာကျွေးနေရင်းမှ အလိုမကျသည့်ပုံဖြင့် လှည့်ကြည့်လာလေသည်။

"ခင်ဗျားကို တစ်ခုခုဖြစ်မှာစိုးလို့ပြောနေတာ.. အနီးအနားကလူတွေက ဘာမှမဖြစ်ပေမယ့် ခင်ဗျားတို့လို တစ်ခြားအရပ်ကလာတဲ့သူ တစ်ယောက် နှစ်ယောက်လောက်ကတော့ တစ်နှစ်တစ်ကြိမ် အဲ့မြစ်ထဲမှာ မူးရူးပြီး သေသွားကြတာကြည့်ပဲ အာ့ကြောင့် အဲ့ထဲခင်ဗျားပါမှာစိုးလို့ပြောနေတာ နောက်ပြီး ရွာကိုခဏတိုင်းမလာခဲ့နဲ့"

"ဟာ ကလေးရာ ကလေးရှိတဲ့ဆီကိုတော့ ကိုယ်လာပါရစေ ဒါတော့ မပိတ်ပင်ပါနဲ့လားကွာ"

"ခင်ဗျားဟာလေ"

ဝဿန် မျက်ခုံးနှစ်ဖက်အား တွန့်ချိုးလျက်ဖြင့် ခက်ထန်အား လှည့်ကြည့်လိုက်သည်။

"ခင်ဗျား ကျွန်တော်တို့ရွာအကြောင်း ဘာသိလို့လဲ ခင်ဗျားသိတာ ဘူး ဖို့ပဲသိတာမို့လား"

"အဟီး.. ကလေးကလဲ ဒါကတော့ ကိုယ်က ကလေးမို့လို့ ဘူး တာပါ.. စိတ်ချ ကလေးမဟုတ်ဘဲ တစ်ခြားသူဆို ယောင်လို့တောင်မဘူး ဘူး သိလား"

ဝဿန် ခက်ထန်အား မျက်စောင်းရွယ်လိုက်လေသည်။

"အဲ့ ဘူး တာ အသာထား.. ကျွန်တော်တို့ရွာက မြောင်းက ၃ နှစ်တစ်ကြိမ်လူစားတယ်"

"ဘ ဘ ဘာ!"

ခက်ထန် မျက်လုံးများပြူးကာ ဝဿန့်အား အလန့်တကြားကြည့်မိသည်။ပြီးမှ ပြီတီတီမျက်နှာဖြင့်..

"ကလေးရယ် နောက်စရာရှားလို့ ကိုယ့်ကိုမှ အဟက်"

လှောင်ရယ်ပြလာသည့် ခက်ထန်အား ဝဿန်စိတ်မရှည်တော့။ကိုယ်ကတော့ သူ့အတွက်စိုးရိမ်လို့ပြောတာကို သူကတော့ စနောက်တယ်ထင်နေသည်။

"ကျွန်တော့်ရုပ်က စနေတဲ့ပုံဖြစ်နေလို့လား"

ဝဿန် သူ့မျက်နှာသူ လက်ညှိုးထိုးကာ ပြောလိုက်လေသည်။

ထိုအခါမှ ခက်ထန်မျက်နှာ တည်သွားပြီး

"တ တကယ် ပြောနေတာလား"

"ဟုတ်တယ်.. ဒါက ရွာခံတွေပဲသိကြတာ ရွာမြောင်းက ကိုယ့်ရွာခံမဟုတ်တဲ့သူဆို စားတတ်တယ် အာ့ကြောင့် ကျွန်တော်တို့ရွာက ၃ နှစ်တစ်ကြိမ် ခွေးအသေ၊ ဝက်အသေတွေကို မြောင်းထဲ ပစ်ကျွေးရတယ် အဲ့လိုမဟုတ်ဘဲ မကျွေးတဲ့နှစ်ဆို မြောင်းထဲမှာပဲ လူသေတတ်တယ် အာ့ကြောင့် ပြောနေတာ မတော်တဆ ခင်ဗျား ဖြစ်သွားမှာစိုးလို့ ပြောနေရတာ တကယ်ပဲ သူ့စနေတယ်များ ထင်နေလား မသိဘူး"

"အာ့ဆို ခု ကလေးက ကိုယ့်အတွက် စိတ်ပူပေးနေတာပေါ့လေ.. ကိုယ်တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်တယ်ပေါ့လေ ဟုတ်လား"

"ဒါပေါ့.. အဲ"

"ဟား ကိုယ်သေပျော်ပါပီ ကလေးရာ"

ပြောရင်းဆိုရင်း ခက်ထန် ဝဿန့်အား လှမ်းဖက်လိုက်လေသည်။

"ဟာ ခင်ဗျား ဘာလုပ်.. လွှတ်စမ်း ဖယ် အဲ့လက်ကို"

"ဟင့်အင်း လွှတ်ဘူး လွှတ်ဘူး သေတာတောင် မလွှတ်ဘူး"

သူ့အားဖက်ကာ မျက်လုံးကြီးမှိတ်၊ နှုတ်ခမ်းကြီးဆူကာ မလွှတ်ဘူး အော်နေသည့် ခက်ထန်ခေါင်းအား စိတ်တိုတိုဖြင့် ဝဿန် သူ့လက်ထဲက ကြက်အစာခွက်ဖြင့် ခေါက်လိုက်လေသည်။

"ကဲဟာ မလွှတ်ချင်ဦး"

*ဂွက်*

"အောင်မလေး သေပါပြီ ကလေးရယ်"

ဝဿန်ခေါက်လိုက်သည့်နေရာက ခက်ထန်ရဲ့ဂျိုစောင်းဖြစ်သည့်အပြင် အစာခွက်မှာလည်း စတီးခွက်ဖြစ်တာကြောင့် ခက်ထန်မှာ နာလို့ပင်မပြီးတော့။

"နောက်တစ်ခါ ဖက်ချင်သေးလား"

ဝဿန် ကြက်အစာခွက်အား မြှောက်ကာ မေးလိုက်သည်။

"ဟင့်အင်း"

ခက်ထန် ကြက်အစာခွက်ကို ကြည့်ရင်း မျက်နှာကိုမဲ့ကာ ခေါင်းတွင်တွင်ခါမိသည်။

"နောက်တစ်ခါ ဒီ့ထက်ပိုဆိုးမယ်မှတ် ဟွန့်"

သူ့ကိုကြိမ်းပီးထွက်သွားသူအား ခက်ထန်စိတ်မဆိုးရက်။ကိုယ်က ချစ်မိနေတာကိုး။

'သြော် ငါ့ဘဝလဲ ဝဋ်ကြီးချက်က 9+ ပါလား'

သူ့အတွေးတွေကိုသာ ဝဿန်သိကြည့်ပါလား ထပ်အခေါက်ခဲရမှာ ကြိမ်းသေပင်။

Tbc...

---------------------
ပေါ်တော်မူလာပါပြီ😸💜
____________________

© Kout Tay,
книга «ေႂကြ».
အပိုင္း_၂၃
Коментарі