EP(1)(Z+U)
Ep(2)(Z+U)
Ep(3)(Z+U)
Ep(2)(Z+U)
Zawgyi

Ting....Ting..(ႏိုးစက္ျမည္သံ)

မနက္ေစာေစာစီးစီးႏိုးစက္ျမည္သံေၾကာင့္ေကာင္ေလးတစ္ေယာက္အိပ္ခ်င္မူးတူးႏွင့္ထ ထိုင္ကာႏိုးစက္ကိုလွမ္းပတ္လိုက္
သည္။

မေန႔ကသရဲမတစ္ေယာက္ရဲ႕လက္ခ်က္ေၾကာင့္သူေကာင္းေကာင္းမအိပ္ရ။သရဲမကသူ႔ကိုသစၥာေဖာက္ၿပီးေနာက္တစ္
ေယာက္နဲ႔တြဲေနတဲ့သူ႔EXကိုလက္စားေခ်ေပးရန္လာေျပာေနျခင္းျဖစ္သည္။

ဒါဟာလဲသူအျမဲတမ္းၾကံဳေတြ႔ေနရတဲ့ျပသာနာတစ္ခုပါဘဲ။ဘာလို႔လဲဆိုေတာ့သူ႔မွာသာမာန္လူေတြမျမင္ႏိုင္တဲ့ပရေလာကသားမွန္သမ်ွကိုျမင္ေနရျခင္းျဖစ္သည္။

ထို႔ေနာက္ထိုေကာင္ေလးလဲသဘက္တစ္ထည္ယူကာေရခ်ိဳးခန္းသို႔သာဝင္လာခဲ့သည္။ေရခ်ိဳးၿပီးေနာက္ထို​ေကာင္ေလးလဲ
႐ႈပ္အျဖဴနဲ႔ေဘာင္းဘီအမဲကိုလိုက္ဘက္စြာတြဲဝတ္ၿပီးေရခဲေသတၱာထဲကၾကက္ဥေပါင္မုန္႔တစ္ခုကိုကိုက္ၿပီးသူအျမဲလြယ္ေနၾကေက်ာပိုးအိပ္ကိုလြယ္ၿပီးအခန္းျပင္ထြက္လာခဲ့သည္။

ေလွကားနားေရာက္ေတာ့တိုက္ခန္းပိုင္ရွင္အန္တီႀကီးကသူ႔ကိုျပံဳးျပကာ

"ေအာ္...ႏႈိင္းအလုပ္သြားေတာ့မလို႔လား''

"ဟုတ္အန္တီ''

"ေအးကြယ္...ေကာင္းေကာင္းသြားေနာ္''

"ဟုတ္ကဲ့ပါအန္တီ..''

ထို႔ေနာက္ႏိႈင္းလဲထိုအန္တီႏွင့္စကားျဖတ္ၿပီးေအာက္ထပ္ကိုသာဆင္းလာလိုက္သည္။တိုက္ခန္းေ႐ွ႕ေရာက္ေတာ့ႏိႈင္း
သက္ျပင္းခ်မိသည္။

က်ေနာ္အမုန္းဆံုးအရာကိုေျပာပါဆိုရင္က်ေနာ္ကားလမ္းေတြကိုအမုန္းဆံုးပါ။ဘာျဖစ္လို႔လဲဆိုေတာ့လမ္းေတြမွာကားတိုက္
ၿပီးမကြၽတ္မလြတ္တဲ့သူေတြမ်ားတယ္။က်ေနာ္လမ္းေလ်ွာက္
ေနရင္သူတို႔ကိုျမင္ရဲ႕သားနဲ႔မျမင္ခ်င္ဟန္ေဆာင္ရတယ္။

က်ေနာ္သူတို႔ကိုျမင္မုန္းသိရင္သူတို႔ကက်ေနာ္အေနာက္ကိုလိုက္ၾကတယ္။ၿပီးေတာ့က်ေနာ့္ကိုကလဲ့စားေခ်ေပးဖို႔ေျပာၾက
တယ္။တခ်ိဳ႕က်ေတာ့သူတို႔ကိုအမ်ွေဝေပးဖို႔ေတာင္းဆိုၾက
တယ္။က်ခ်ိဳ႕ၾကေတာ့လဲလိုက္ေႏွာက္ယွက္တတ္တယ္။

မနက္ေစာေစာသူမ်ားအျမင္ေတြမွာကားလမ္းက႐ွင္းေနေပမဲ့ႏႈိင္းရဲ႕အျမင္မွာေတာ့ထိုကားလမ္းဟာဝိညဥ္မ်ားႏွင့္ျပည့္ႏွက္ေနေလသည္။

ႏႈိင္းလြယ္လာတဲ့လြယ္အိပ္ႀကိဳးကိုသာက်စ္က်စ္ဆုပ္ကိုင္လိုက္သည္။ထို႔ေနာက္အေ႐ွ႕တည့္တည့္ကိုသာၾကည့္ၿပီး
ဆက္ေလ်ွာက္လာခဲ့သည္။

ႏိႈင္လမ္းေလ်ွာက္လာသည္ကိုျပဴးၾကည့္ေနတဲ့ထိုဝိညဥ္ေတြေၾကာင့္ႏိႈင္းခပ္ျမန္ျမန္သာေလ်ွာက္လာခဲ့သည္။ႏႈိင္းပံုစံကိုၾကည့္ကာထိုလမ္းတြင္မကြၽတ္မလြတ္ျဖစ္ေနတဲ့ဝိညဥ္ေတြကတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၾကၿပီး

"သူကငါတို႔ကိုျမင္ရတာလား''

"ဟုတ္တယ္ဒီေကာင္ေလးငါတို႔ကိုျမင္ရတယ္''

"ဒီေကာင္ေလးဆီကငါအနံတစ္ခုခုရေနတယ္''

"ငါသူ႔ေနာက္ကိုလိုက္သြားမယ္''

အေနာက္မွၾကားရတဲ့သရဲစကားသံေတြကိုလ်စ္လ်ဴ႐ႈ့ကာYBSမွတ္တိုင္သို႔အျမန္ေရာက္ရန္ႏိႈင္းဆုေတာင္းမိသည္။

ႏိႈင္းYBSမွတ္တိုင္ေရာက္ေတာ့ကားကအဆင္သင့္ရပ္ေနတာေၾကာင့္ႏိႈင္းလဲကားေပၚတတ္လိုက္သည္။ကားေပၚကလူ
မ်ားေတာ့ထိုင္ခံုမ႐ွိေတာ့တာေၾကာင့္ႏႈိင္းလဲလက္ကိုင္တန္းကို
သာကိုင္ျပီးစီးလာလိုက္သည္။

ႏိႈင္းမတ္တပ္ရက္ေနရငး္တစ္ေယာက္ေယာက္ကိုစိုက္ၾကည့္သလိုခံစားရတာေၾကာင့္ႏႈိင္းလဲပတ္ဝန္းက်င္ကိုမသိမသာအကဲခတ္ၾကည့္လိုက္ေတာ့ကားရဲ႕ေနာက္ခံုတြင္ထိုင္တဲ့သူကႏႈိင္းကိုစိုက္ၾကည့္ေနေလသည္။

ေခါင္းမွာလဲေသြးေတြစီးက်ေနတာေၾကာင့္ႏႈိင္းလဲအျမန္ပင္မျမင္သလိုျပန္ေနလိုက္ေတာ့ထိုလူကမေက်နပ္စြာႏိႈင္းကိုစိုက္ၾကည့္ေနရင္းျဖင့္

"မင္းငါ့ကိုျမင္ရတယ္ဆိုတာငါသိတယ္ေနာ္''

ထိုလူဆီကထြက္လာတဲ့အသံကိုႏႈိင္းၾကားေပမဲ့မၾကားခ်င္သာဟန္ေဆာင္လိုက္သည္။သူေျပာတဲ့စကားကိုႏိႈင္းၾကားရမွန္သိလ်ွင္သူႏိႈင္းေနာက္ကိုတ
ေကာက္ေကာက္လိုက္ေနေတာ့မည္ျဖစ္ေသာေၾကာင့္ႏိႈင္းမၾကားခ်င္ဟန္ေဆာင္လိုက္သည္။

ထို႔ေနာက္ထိုလူသည္ႏိႈင္းသူ႔ရဲ႕စကားကိုမၾကားခ်င္ဟန္ေဆာင္တာကိုမေက်နပ္ေသာေၾကာင့္သူထိုင္ေနရာကေနႏိႈင္းေဘးနားေရာက္လာၿပီးႏႈိင္းကိုျပဴးၿပီးၾကည့္ေနေလသည္။

"မင္းတကယ္ငါ့ကိုမျမင္ရဘူးလားကြ''

ထိုသို႔ဆိုၿပီးႏႈိင္းေ႐ွ႕တည့္တည့္တြင္လ်ွာထုတ္ျပၿပီးႏိႈင္းကိုအမ်ိဳးမ်ိဳးေႏွာက္ယွက္ေနေလသည္။ႏိႈင္းကသူ႔ကိုဂ႐ုမစိုက္ေသာ
ေၾကာင့္သူကမေက်မနပ္ျဖစ္ကာ

"မင္းငါ့ကိုျမင္ရတယ္လို႔ငါခံစားရတယ္ကြ...မင္းငါ့ကိုညာလို႔မရဘူး''

ႏႈိင္းစိတ္ထဲတြင္ေတာ့ေ႐ွ႕မွတ္တိုင္ျမန္ျမန္ေရာက္ဖိုသာဆုေတာင္းမိသည္။မဟုတ္ရင္ႏိႈင္းဒီသရဲနဲ႔ရန္ျဖစ္ရေတာ့မည္။ႏိႈင္းသူ႔ကိုမျမင္ျခင္ဟန္ေဆာင္ထားတာကိုသိေတာ့ ႏႈိင္းကိုအမ်ိဳးမ်ိဳးေႏွာက္ယွက္ေနေလသည္။

ေ႐ွ႕မွတ္တိုင္ေရာက္သည္ႏွင့္ႏိႈင္းလဲအျမန္ပင္ကားေပၚကဆင္းေတာ့သည္ထို႔ေနာက္ႏႈိင္းလဲသူအလုပ္လုပ္ေနတဲ့ ့Blue Day Cafe သို႔သာအျမန္လာခဲ့လိုက္သည္။

ႏႈိင္းဆိုင္ထဲေရာက္ေတာ့အလုပ္အတူတူလုပ္တဲ့ေမယြန္းကႏိႈင္ကိုေတြ႔ေသည္ႏွင့္ေပ်ာ္ရြင္သြားကာ

"ႏိႈင္းေရာက္လာၿပီးလား...ျမန္ျမန္လာအခုငါနင့္ကိုေမ်ာ္ေနတာဒီမွာငါတစ္ေယာက္တည္းမႏိုင္ဘူး ေဇယ်ာ ခြင့္ယူထားလို႔''

"ေအေအခဏေလး..ငါအဝတ္သြားလဲပီးျပန္လာခဲ့မယ္''

ထို႔ေနာက္ႏႈိင္းလဲအဝတ္လဲခန္းထဲဝင္လိုက္ၿပီးဆိုင္ရဲဝန္ထမ္းဝတ္စံု႐ွပ္အျပာစင္းႏွင့္ေဘာင္းဘီအမဲကိုဝတ္လိုက္ၿပီးေကာင္တာဘက္ကိုျပန္လာခဲ့သည္။

ႏိႈင္းရဲ႕ေနစဥ္ဘဝကေန႔တိုင္းဒီcoffeeဆိုင္မွာသာကုန္ဆံုးေလ့႐ွိသည္။အျပင္ထြက္ရတာသိပ္မႀကိဳက္တဲ့ႏိႈင္းအတြက္တ
ေန႔တေန႔ဒီcoffeeဆိုင္ႏွင့္ႏႈိင္းေနတဲ့အေဆာင္ကိုသာအသြားအျပန္လုပ္ေနသည္။

ႏိႈင္းအလုပ္လုပ္ေနရင္းကေနဆိုင္ရဲ႕အဝင္တံခါးေ႐ွ႕တြင္ရပ္ကာႏိႈင္းကိုျပံဳးၾကည့္ေနတဲ့ခုနတုန္းကYBSကားေပၚမွာေတြ႔ရတဲ့သရဲေၾကာင့္ႏႈိင္းလန္႔သြားသည္။

ႏိႈင္းလန္႔သြားသည္ကိုလည္ၿပီးထိုသရဲကႏိႈင္းကိုလက္ေထာင္ျပၿပီးဆိုင္ထဲသို႔ဝင္လာေလသည္။ႏိႈင္းေခြၽးျပန္သြားရသည္။ဒီသရဲဒီအထိလိုက္လာလိမ့္မယ္လိုႏိႈင္းလဲမထင္ထားတာေၾကာင့္ႏိႈင္းလန္႔သြားမိသည္။

ထိုသရဲကေတာ့ႏိႈင္းကိုၾကည့္ပံုမေပၚခံုတစ္ခံုမွာဝင္ထိုင္ၿပီးဆိုင္ကလူေတြကိုသာလိုက္ၾကည့္ေနေလသည္။ဒီသရဲလူေတြကိုဘာမွမလုပ္ဖို႔သာႏိႈင္းဆုေတာင္းမိသည္။မဟုတ္ရင္ႏိႈင္းလဲဘာလုပ္ရမွန္းမသိေတာ့ေပ။

ဆိုင္ကလူပါးသြားေတာ့မွႏိႈင္းလဲေသာက္ၿပီးသားခြက္ေတြကိုလိုက္သိမ္းၿပီးစားပြဲခံုေတြကိုလဲသုတ္လိုက္သည္။ထို႔ေနာက္ေမယြန္းသည္ပန္းကန္ေဆးေနတဲ့ႏိႈင္းအနားကိုလာကာ

"ႏိႈင္း..''

"ဟင္...ဘာလဲ''

"နင္သိလားဟဲ့...အဲ့ေ႐ွ႕ကပန္းခ်ီးကားကိုလဲလူေတာ္ေတာ္မ်ားမ်ားေမးၾကတယ္ဘယ္သူဆြဲတာလဲတဲ့''

ေမယြန္းစကားေၾကာင့္ႏိႈင္းပန္းကန္ေဆးေနရင္းျဖစ္ပင္အေနာက္ကိုလွည့္ၾကည့္လိုက္သည္။

နံရံတြင္ခ်ိတ္ဆြဲထားတဲ့ထိုကမ္းေျခပံုပန္းခ်ီကားသည္ေတာ္ေတာ္ကိုလွသည္။

"နင့္လက္ရာေလးကမိုက္သားဘဲဟ...နင္ပန္းခ်ီဆြဲေရာင္းပါလားငါပံုပါဆြဲေပးေလ''

"နင့္ပံုဆြဲေပးဆိုငါဆြဲေပးမယ္ဒါေပမဲ့ငါဆြဲပီးမေရာင္းခ်င္ဘူး..
ငါကဒီအတိုင္းအေပ်ာ္သေဘာဘဲဆြဲတာသင္တန္းေတြလဲတတ္ထားတဲ့သူမွမဟုတ္တာ''

ႏိႈင္းေျပာရင္းျဖစ္ပင္ေဆးၿပီးသားပန္းကန္ကိုသူ႔ေနရာတြင္ေမာက္ထားလိုက္သည္။ေမယြန္းကေတာ့ႏိႈင္းေျပာသည္ကိုေခါင္းတၿငိမ့္ၿငိမ့္လုပ္ျပီးက်န္တဲ့စားပြဲခံုေပၚကခြက္ေတြကိ္ုသာလိုက္သိမ္းလိုက္သည္။

ႏိႈင္းလဲလုပ္စရာ႐ွိတာလုပ္ၿပီးၿပီးဆိုေသာေၾကာင့္ခုနတုန္းကဆိုင္ထဲဝင္လာတဲ့ထိုသရဲကိုမေတြ႔ေတာ့ေၾကာင့္ႏိႈင္းမသိမသာလိုက္ၾကည့္ေတာ့

"မင္းငါ့ကိုလိုက္႐ွာေနတာလား''

ထိုအသံနဲ႔အတူထိုသရဲကေစာက္ထိုးႀကီးျဖင့္ႏိႈင္းေ႐ွ႕႐ုတ္တရက္ေပၚလာတာေၾကာင့္ႏိႈင္းလဲလန္႔ကာဖင္ထိုင္ရက္လွဲက်သြားသည္။

"အား......''

ႏႈိင္းေအာ္သံေၾကာင္ေမယြန္းသည္လဲႏိႈင္းဆီအျမန္လာကာ

"ႏိႈင္းဘာျဖစ္တာလဲ႐ုတ္တရက္ႀကီးထေအာ္တာလန္႔လိုက္တာ..''

ေမယြန္းထိုသို႔ေျပာၿပီးႏိႈင္းကိုတြဲထူသည္။ႏိႈင္းလဲေမယြန္းကိုမခ်ိဳမခ်ဥ္ျပန္ျပံဳးျပလိုက္ၿပီး

"ဟဲ..ဟဲ...ဘာမွမျဖစ္ပါဘူးခုနတုန္းကငါ့ေ႐ွ႕မွာတစ္ခုခုျပဳတ္က်လာလို႔''

ႏိႈင္းေျပာေတာ့ေမယြန္းသည္ႏိႈင္းကိုမ်က္ေမွာင္က်ံဳ႕ၾကည့္ကာ

"ဘာျပဳတ္က်တာလဲခုနကငါဘာမွမေတြ႔ပါဘူးႏိႈင္းရယ္''

"ဟုတ္လား..အာ့ဆိုငါစိတ္ထင္လို႔ဘဲေနမွာပါ''

ႏႈိင္းထိုသို႔ေျပာၿပီးေမယြန္းကိုျပံဳးျပလိုက္ေတာ့မွေမယြန္းလဲသက္ျပင္းခ်ကာသူ႔အလုပ္ကိုသာသူျပန္ဆက္လုပ္ေနသည္။
ထိုသရဲကေတာ့ႏိႈင္းကိုေၾကာင္ၾကည့္ေနလ်က္။ေမယြန္းထြက္သြားမွႏႈိင္းလဲထိုသရဲကိုစိုက္ၾကည့္လိုက္ေတာ့
ထိုသရဲကအျပစ္႐ွိသူတစ္ေယာက္လိုႏိႈင္းကိုျပံဳးျပ႐ွာသည္။

"Sorryပါကြာငါမင္းကိုလန္႔ေအာင္တမင္လုပ္တာမဟုတ္ပါဘူးကြ..မင္းကငါ့ကိုျမင္ရက္သားနဲ႔မျမင္ခ်င္ဟန္ေဆာင္ေနေတာ့ငါလဲဘယ္လိုလုပ္ရမွန္းသိ္လို႔..''

ႏႈိင္းသည္သူေျပာတာကိုဂ႐ုမစိုက္ဘဲလုပ္စရာ႐ွိတာကိုသာဆက္လုပ္ေနသည္။ထို႔ေနာက္ႏိႈင္းေ႐ွ႕တြင္ေကာင္မေလးတစ္ေယာက္ကေရာက္လာတာေၾကာင့္ႏႈိင္းလဲထို Customerေကာင္မေလးအား
ျပံဳးျပလိုက္သည္။

"မိန္းကေလးေတြနဲ႔က်မင္းမ်က္ႏွာကျပံဳးၿဖီးေနတာဘဲေနာ္''

ထိုသရဲကမေက်မနပ္နဲ႔ႏႈိင္းကိုေျပာေနတာေၾကာင့္ႏႈိင္းသည္ထိုသရဲကိုမ်က္ေစာင္းတစ္ခ်က္ထိုးလြတ္ၿပီးေ႐ွ႕ကေကာင္မ
ေလးကိုျပန္ျပံဳးျပကာ

"ဘာမ်ားသံုးေဆာင္ခ်င္လဲမသိဘူးဗ်''

"Americanoတစ္ခြက္နဲ႔ ေခ်ာကလက္ကိတ္ေပးပါအကို''

"ဟုတ္ကဲ့ဗ်အဲ့တာဆိုခံုဝိုင္းမွာခဏထိုင္ေစာင့္ေပးပါဗ်က်ေနာ္လာပို႔ေပးပါမယ္''

"ဟုတ္''

ထို႔ေနာက္ထိုေကာင္မေလးသည္ႏိႈင္းကိုျပံဳးျပၿပီးေ႐ွ႕ကခံုဝိုင္းတြင္သြားထိုင္လိုက္သည္။ႏိႈင္းလဲထိုေကာင္မေလးမွာတဲ့
Americanoကိုသာေဖ်ာ္ေပးဖို႔လုပ္လိုက္သည္။

YBSကားေပၚတြင္ေတြ႔ခဲ့သည့္သရဲကေတာ့ႏိႈင္းကိုသာဆက္
ၾကည့္ေနသည္။ႏိႈင္းေဘးနားကေနစကားတတြတ္တြတ္ေျပာ
ၿပီးႏိႈင္းလုပ္သမ်ွကိုၾကည့္ေနေလသည္။

"မင္းငါ့စကားကိုခဏေလာက္ဂ႐ုစိုက္ေပးလို႔မရဘူးလားကြ.မင္းငါ့ကိုျမင္တယ္ ငါေျပာသမ်ွမင္းၾကားရတယ္ဆိုတာငါသိၿပီး
သား...အာ့ေၾကာင့္မင္းဟန္ေဆာင္ေနလဲဘာမွမထူးပါဘူးကြာ
...ငါေျပာတာၾကားရဲ႕လားေဟ်ာင့္''

ႏႈိင္းသည္ေဘးနားကေနသာလိကာလိုစကားမ်ားေနတဲ့ထိုသရဲေျကာင့္စိတ္ထဲတြဲေတာ့

*ဒီေကာင္စကားမ်ားလို႔အေမာ့ဆို႔ၿပီးေသတာလားမသိဘူး*

"အေမာဆို႔ၿပီးေသတာမဟုတ္ပါဘူးကြ''

ႏႈိင္းစိတ္ထဲကေျပာတဲ့စကားကိုသူကျပန္ေျဖေပးေနတာေၾကာင့္ႏိႈင္းသည္အလုပ္လုပ္ေနရင္းကေနသူ႔ကိုအလန္႔တၾကားလွည့္ၾကည့္ေတာ့သူကႏိႈင္းကိုျပံဳးျပၿပီး

"အံျသ သြားတာလား''

သူထိုသို႔ေျပာေတာ့ႏိႈင္းသည္ဘာမွျပန္မေျပာဘဲေခ်ာကလက္ကိတ္နဲ႔Americanoကိုသာဗန္းတစ္ခုထဲထည့္ၿပီးခုနတုန္းကCustomerေကာင္မေလးထိုင္တဲ့ခံုဝိုင္းတြင္သာသြားခ်လိုက္သည္။

ထိုသရဲကေတာ့ေကာင္တာေ႐ွ႕ကခံုတြင္ထိုင္ကာ

"မင္းဘဲငါ့ကိုမျမင္ခ်င္ဟန္ေဆာင္ႏိုင္မလားငါဘဲေျပာႏိုင္မလားဆိုတာၾကည့္ရတာေပါ့ကြာ''

ထိုသို႔ဆိုၿပီးထိုသရဲကေပကပ္ကပ္နဲ႔ေကာက္တာေ႐ွ႕မွာသာထိုင္ၿပီးခြက္ေတြကိုလိုက္ကိုင္ေနတာေၾကာင့္ႏိႈင္းလဲဘယ္သူမွမေတြ႔ခင္ပင္ေကာင္တာဘက္ကိုအျမန္ျပန္လာကာထိုသရဲလက္ထဲကခြက္ေတြကိုျပန္လုၿပီးစားပြဲေပၚျပန္တင္လိုက္သည္။ထို႔ေနာက္ႏိႈင္းသည္သြားကိုစိကာသြားၾကားသံျဖင့္

"မင္းၿငိမ္ၿငိမ္ေနလို႔မရဘူးလား..''

ႏိႈင္းေျပာေတာ့ထိုသရဲကႏိႈင္းကိုျပံဳးျပကာ

"Ok Okၿငိမ္ၿငိမ္ေနဆိုလဲၿငိမ္ၿငိမ္ေနပါမယ့္ကြ''

"တစ္ခုမွထိဖို႔မစဥ္းစားနဲ႔မင္းပါးစပ္လဲပတ္ထားငါနားညီးတယ္''

ႏိႈင္းေျပာလိုက္ေတာ့ထိုသရဲသူ႔ပါးစပ္ကိုသူ႔လက္ျဖင့္အုပ္ကာေခါင္းၿငိမ့္ျပသည္။

"ႏိႈင္း..''

ေမယြန္းေခၚသံေၾကာင့္ႏိႈင္းလည္းထိုသရဲကိုစိုက္ၾကည့္ေနရာကေနေမယြန္းဘက္ျပန္လွည့္ၿပီးဘာလဲဆိုတဲ့သေဘာျဖင့္ေခါင္းဆတ္ျပလိုက္တာေၾကာင့္ေမယြန္းသည္ႏိႈင္းဆီေလ်ွာက္လာကာ

"ငါခ်ိန္းထားတာ႐ွိလို႔နင္တစ္ေယာက္တည္းျဖစ္ပါ့မလား1နာရီက်ရင္ေတာ့ လင္းခ လာမယ္ေဇယ်ာကေတာ့မအား လို႔ဒီေန႔မလာဘူးေျပာထားတယ္နင္တစ္ေယာက္တည္းဆိုအဆင္ေျပပါ့မလား''

"ရပါတယ္ဘာမွမျဖစ္ဘူး နင္သြားစရာ႐ွိတာသြားလိုက္ေလ''

"အာ့ဆိုငါသြားၿပီးေနာ္''

"Omm''

ႏႈိင္း ေမယြန္းကိုျပံဳးျပၿပီးျပန္ေျဖလိုက္သည္။ေမယြန္းလဲဝန္ထမ္းအဝတ္ကိုလွဲပီးအျပင္ထြက္သြားေတာ့သည္။

*****************************************
အပိုင္းကေတာ့နည္းနည္းတိုတယ္ေနာ္ပ်င္းစရာႀကီးျဖစ္ေနမွာဆိုးလို႔..:)

Unicoad

Ting....Ting..(နိုးစက်မြည်သံ)

မနက်စောစောစီးစီးနိုးစက်မြည်သံကြောင့်ကောင်လေးတစ်ယောက်အိပ်ချင်မူးတူးနှင့်ထ ထိုင်ကာနိုးစက်ကိုလှမ်းပတ်လိုက်
သည်။

မနေ့ကသရဲမတစ်ယောက်ရဲ့လက်ချက်ကြောင့်သူကောင်းကောင်းမအိပ်ရ။သရဲမကသူ့ကိုသစ္စာဖောက်ပြီးနောက်တစ်
ယောက်နဲ့တွဲနေတဲ့သူ့EXကိုလက်စားချေပေးရန်လာပြောနေခြင်းဖြစ်သည်။

ဒါဟာလဲသူအမြဲတမ်းကြုံတွေ့နေရတဲ့ပြသာနာတစ်ခုပါဘဲ။ဘာလို့လဲဆိုတော့သူ့မှာသာမာန်လူတွေမမြင်နိုင်တဲ့ပရလောကသားမှန်သမျှကိုမြင်နေရခြင်းဖြစ်သည်။

ထို့နောက်ထိုကောင်လေးလဲသဘက်တစ်ထည်ယူကာရေချိုးခန်းသို့သာဝင်လာခဲ့သည်။ရေချိုးပြီးနောက်ထိုကောင်လေးလဲ
ရှုပ်အဖြူနဲ့ဘောင်းဘီအမဲကိုလိုက်ဘက်စွာတွဲဝတ်ပြီးရေခဲသေတ္တာထဲကကြက်ဥပေါင်မုန့်တစ်ခုကိုကိုက်ပြီးသူအမြဲလွယ်နေကြကျောပိုးအိပ်ကိုလွယ်ပြီးအခန်းပြင်ထွက်လာခဲ့သည်။

လှေကားနားရောက်တော့တိုက်ခန်းပိုင်ရှင်အန်တီကြီးကသူ့ကိုပြုံးပြကာ

"အော်...နှိုင်းအလုပ်သွားတော့မလို့လား''

"ဟုတ်အန်တီ''

"အေးကွယ်...ကောင်းကောင်းသွားနော်''

"ဟုတ်ကဲ့ပါအန်တီ..''

ထို့နောက်နှိုင်းလဲထိုအန်တီနှင့်စကားဖြတ်ပြီးအောက်ထပ်ကိုသာဆင်းလာလိုက်သည်။တိုက်ခန်းရှေ့ရောက်တော့နှိုင်း
သက်ပြင်းချမိသည်။

ကျနော်အမုန်းဆုံးအရာကိုပြောပါဆိုရင်ကျနော်ကားလမ်းတွေကိုအမုန်းဆုံးပါ။ဘာဖြစ်လို့လဲဆိုတော့လမ်းတွေမှာကားတိုက်
ပြီးမကျွတ်မလွတ်တဲ့သူတွေများတယ်။ကျနော်လမ်းလျှောက်
နေရင်သူတို့ကိုမြင်ရဲ့သားနဲ့မမြင်ချင်ဟန်ဆောင်ရတယ်။

ကျနော်သူတို့ကိုမြင်မုန်းသိရင်သူတို့ကကျနော်အနောက်ကိုလိုက်ကြတယ်။ပြီးတော့ကျနော့်ကိုကလဲ့စားချေပေးဖို့ပြောကြ
တယ်။တချို့ကျတော့သူတို့ကိုအမျှဝေပေးဖို့တောင်းဆိုကြ
တယ်။ကျချို့ကြတော့လဲလိုက်နှောက်ယှက်တတ်တယ်။

မနက်စောစောသူများအမြင်တွေမှာကားလမ်းကရှင်းနေပေမဲ့နှိုင်းရဲ့အမြင်မှာတော့ထိုကားလမ်းဟာဝိညဉ်များနှင့်ပြည့်နှက်နေလေသည်။

နှိုင်းလွယ်လာတဲ့လွယ်အိပ်ကြိုးကိုသာကျစ်ကျစ်ဆုပ်ကိုင်လိုက်သည်။ထို့နောက်အရှေ့တည့်တည့်ကိုသာကြည့်ပြီး
ဆက်လျှောက်လာခဲ့သည်။

နှိုင်လမ်းလျှောက်လာသည်ကိုပြူးကြည့်နေတဲ့ထိုဝိညဉ်တွေကြောင့်နှိုင်းခပ်မြန်မြန်သာလျှောက်လာခဲ့သည်။နှိုင်းပုံစံကိုကြည့်ကာထိုလမ်းတွင်မကျွတ်မလွတ်ဖြစ်နေတဲ့ဝိညဉ်တွေကတစ်ယောက်ကိုတစ်ယောက်ကြည့်ကြပြီး

"သူကငါတို့ကိုမြင်ရတာလား''

"ဟုတ်တယ်ဒီကောင်လေးငါတို့ကိုမြင်ရတယ်''

"ဒီကောင်လေးဆီကငါအနံတစ်ခုခုရနေတယ်''

"ငါသူ့နောက်ကိုလိုက်သွားမယ်''

အနောက်မှကြားရတဲ့သရဲစကားသံတွေကိုလျစ်လျူရှု့ကာYBSမှတ်တိုင်သို့အမြန်ရောက်ရန်နှိုင်းဆုတောင်းမိသည်။

နှိုင်းYBSမှတ်တိုင်ရောက်တော့ကားကအဆင်သင့်ရပ်နေတာကြောင့်နှိုင်းလဲကားပေါ်တတ်လိုက်သည်။ကားပေါ်ကလူ
များတော့ထိုင်ခုံမရှိတော့တာကြောင့်နှိုင်းလဲလက်ကိုင်တန်းကို
သာကိုင်ပြီးစီးလာလိုက်သည်။

နှိုင်းမတ်တပ်ရက်နေရငး်တစ်ယောက်ယောက်ကိုစိုက်ကြည့်သလိုခံစားရတာကြောင့်နှိုင်းလဲပတ်ဝန်းကျင်ကိုမသိမသာအကဲခတ်ကြည့်လိုက်တော့ကားရဲ့နောက်ခုံတွင်ထိုင်တဲ့သူကနှိုင်းကိုစိုက်ကြည့်နေလေသည်။

ခေါင်းမှာလဲသွေးတွေစီးကျနေတာကြောင့်နှိုင်းလဲအမြန်ပင်မမြင်သလိုပြန်နေလိုက်တော့ထိုလူကမကျေနပ်စွာနှိုင်းကိုစိုက်ကြည့်နေရင်းဖြင့်

"မင်းငါ့ကိုမြင်ရတယ်ဆိုတာငါသိတယ်နော်''

ထိုလူဆီကထွက်လာတဲ့အသံကိုနှိုင်းကြားပေမဲ့မကြားချင်သာဟန်ဆောင်လိုက်သည်။သူပြောတဲ့စကားကိုနှိုင်းကြားရမှန်သိလျှင်သူနှိုင်းနောက်ကိုတ
ကောက်ကောက်လိုက်နေတော့မည်ဖြစ်သောကြောင့်နှိုင်းမကြားချင်ဟန်ဆောင်လိုက်သည်။

ထို့နောက်ထိုလူသည်နှိုင်းသူ့ရဲ့စကားကိုမကြားချင်ဟန်ဆောင်တာကိုမကျေနပ်သောကြောင့်သူထိုင်နေရာကနေနှိုင်းဘေးနားရောက်လာပြီးနှိုင်းကိုပြူးပြီးကြည့်နေလေသည်။

"မင်းတကယ်ငါ့ကိုမမြင်ရဘူးလားကွ''

ထိုသို့ဆိုပြီးနှိုင်းရှေ့တည့်တည့်တွင်လျှာထုတ်ပြပြီးနှိုင်းကိုအမျိုးမျိုးနှောက်ယှက်နေလေသည်။နှိုင်းကသူ့ကိုဂရုမစိုက်သော
ကြောင့်သူကမကျေမနပ်ဖြစ်ကာ

"မင်းငါ့ကိုမြင်ရတယ်လို့ငါခံစားရတယ်ကွ...မင်းငါ့ကိုညာလို့မရဘူး''

နှိုင်းစိတ်ထဲတွင်တော့ရှေ့မှတ်တိုင်မြန်မြန်ရောက်ဖိုသာဆုတောင်းမိသည်။မဟုတ်ရင်နှိုင်းဒီသရဲနဲ့ရန်ဖြစ်ရတော့မည်။နှိုင်းသူ့ကိုမမြင်ခြင်ဟန်ဆောင်ထားတာကိုသိတော့ နှိုင်းကိုအမျိုးမျိုးနှောက်ယှက်နေလေသည်။

ရှေ့မှတ်တိုင်ရောက်သည်နှင့်နှိုင်းလဲအမြန်ပင်ကားပေါ်ကဆင်းတော့သည်ထို့နောက်နှိုင်းလဲသူအလုပ်လုပ်နေတဲ့ ့Blue Day Cafe သို့သာအမြန်လာခဲ့လိုက်သည်။

နှိုင်းဆိုင်ထဲရောက်တော့အလုပ်အတူတူလုပ်တဲ့မေယွန်းကနှိုင်ကိုတွေ့သေည်နှင့်ပျော်ရွင်သွားကာ

"နှိုင်းရောက်လာပြီးလား...မြန်မြန်လာအခုငါနင့်ကိုမျော်နေတာဒီမှာငါတစ်ယောက်တည်းမနိုင်ဘူး ဇေယျာ ခွင့်ယူထားလို့''

"အေအေခဏလေး..ငါအဝတ်သွားလဲပီးပြန်လာခဲ့မယ်''

ထို့နောက်နှိုင်းလဲအဝတ်လဲခန်းထဲဝင်လိုက်ပြီးဆိုင်ရဲဝန်ထမ်းဝတ်စုံရှပ်အပြာစင်းနှင့်ဘောင်းဘီအမဲကိုဝတ်လိုက်ပြီးကောင်တာဘက်ကိုပြန်လာခဲ့သည်။

နှိုင်းရဲ့နေစဉ်ဘဝကနေ့တိုင်းဒီcoffeeဆိုင်မှာသာကုန်ဆုံးလေ့ရှိသည်။အပြင်ထွက်ရတာသိပ်မကြိုက်တဲ့နှိုင်းအတွက်တ
နေ့တနေ့ဒီcoffeeဆိုင်နှင့်နှိုင်းနေတဲ့အဆောင်ကိုသာအသွားအပြန်လုပ်နေသည်။

နှိုင်းအလုပ်လုပ်နေရင်းကနေဆိုင်ရဲ့အဝင်တံခါးရှေ့တွင်ရပ်ကာနှိုင်းကိုပြုံးကြည့်နေတဲ့ခုနတုန်းကYBSကားပေါ်မှာတွေ့ရတဲ့သရဲကြောင့်နှိုင်းလန့်သွားသည်။

နှိုင်းလန့်သွားသည်ကိုလည်ပြီးထိုသရဲကနှိုင်းကိုလက်ထောင်ပြပြီးဆိုင်ထဲသို့ဝင်လာလေသည်။နှိုင်းချွေးပြန်သွားရသည်။ဒီသရဲဒီအထိလိုက်လာလိမ့်မယ်လိုနှိုင်းလဲမထင်ထားတာကြောင့်နှိုင်းလန့်သွားမိသည်။

ထိုသရဲကတော့နှိုင်းကိုကြည့်ပုံမပေါ်ခုံတစ်ခုံမှာဝင်ထိုင်ပြီးဆိုင်ကလူတွေကိုသာလိုက်ကြည့်နေလေသည်။ဒီသရဲလူတွေကိုဘာမှမလုပ်ဖို့သာနှိုင်းဆုတောင်းမိသည်။မဟုတ်ရင်နှိုင်းလဲဘာလုပ်ရမှန်းမသိတော့ပေ။

ဆိုင်ကလူပါးသွားတော့မှနှိုင်းလဲသောက်ပြီးသားခွက်တွေကိုလိုက်သိမ်းပြီးစားပွဲခုံတွေကိုလဲသုတ်လိုက်သည်။ထို့နောက်မေယွန်းသည်ပန်းကန်ဆေးနေတဲ့နှိုင်းအနားကိုလာကာ

"နှိုင်း..''

"ဟင်...ဘာလဲ''

"နင်သိလားဟဲ့...အဲ့ရှေ့ကပန်းချီးကားကိုလဲလူတော်တော်များများမေးကြတယ်ဘယ်သူဆွဲတာလဲတဲ့''

မေယွန်းစကားကြောင့်နှိုင်းပန်းကန်ဆေးနေရင်းဖြစ်ပင်အနောက်ကိုလှည့်ကြည့်လိုက်သည်။

နံရံတွင်ချိတ်ဆွဲထားတဲ့ထိုကမ်းခြေပုံပန်းချီကားသည်တော်တော်ကိုလှသည်။

"နင့်လက်ရာလေးကမိုက်သားဘဲဟ...နင်ပန်းချီဆွဲရောင်းပါလားငါပုံပါဆွဲပေးလေ''

"နင့်ပုံဆွဲပေးဆိုငါဆွဲပေးမယ်ဒါပေမဲ့ငါဆွဲပီးမရောင်းချင်ဘူး..
ငါကဒီအတိုင်းအပျော်သဘောဘဲဆွဲတာသင်တန်းတွေလဲတတ်ထားတဲ့သူမှမဟုတ်တာ''

နှိုင်းပြောရင်းဖြစ်ပင်ဆေးပြီးသားပန်းကန်ကိုသူ့နေရာတွင်မောက်ထားလိုက်သည်။မေယွန်းကတော့နှိုင်းပြောသည်ကိုခေါင်းတငြိမ့်ငြိမ့်လုပ်ပြီးကျန်တဲ့စားပွဲခုံပေါ်ကခွက်တွေကိ်ုသာလိုက်သိမ်းလိုက်သည်။

နှိုင်းလဲလုပ်စရာရှိတာလုပ်ပြီးပြီးဆိုသောကြောင့်ခုနတုန်းကဆိုင်ထဲဝင်လာတဲ့ထိုသရဲကိုမတွေ့တော့ကြောင့်နှိုင်းမသိမသာလိုက်ကြည့်တော့

"မင်းငါ့ကိုလိုက်ရှာနေတာလား''

ထိုအသံနဲ့အတူထိုသရဲကစောက်ထိုးကြီးဖြင့်နှိုင်းရှေ့ရုတ်တရက်ပေါ်လာတာကြောင့်နှိုင်းလဲလန့်ကာဖင်ထိုင်ရက်လှဲကျသွားသည်။

"အား......''

နှိုင်းအော်သံကြောင်မေယွန်းသည်လဲနှိုင်းဆီအမြန်လာကာ

"နှိုင်းဘာဖြစ်တာလဲရုတ်တရက်ကြီးထအော်တာလန့်လိုက်တာ..''

မေယွန်းထိုသို့ပြောပြီးနှိုင်းကိုတွဲထူသည်။နှိုင်းလဲမေယွန်းကိုမချိုမချဉ်ပြန်ပြုံးပြလိုက်ပြီး

"ဟဲ..ဟဲ...ဘာမှမဖြစ်ပါဘူးခုနတုန်းကငါ့ရှေ့မှာတစ်ခုခုပြုတ်ကျလာလို့''

နှိုင်းပြောတော့မေယွန်းသည်နှိုင်းကိုမျက်မှောင်ကျုံ့ကြည့်ကာ

"ဘာပြုတ်ကျတာလဲခုနကငါဘာမှမတွေ့ပါဘူးနှိုင်းရယ်''

"ဟုတ္လား..အာ့ဆိုငါစိတ်ထင်လို့ဘဲနေမှာပါ''

နှိုင်းထိုသို့ပြောပြီးမေယွန်းကိုပြုံးပြလိုက်တော့မှမေယွန်းလဲသက်ပြင်းချကာသူ့အလုပ်ကိုသာသူပြန်ဆက်လုပ်နေသည်။
ထိုသရဲကတော့နှိုင်းကိုကြောင်ကြည့်နေလျက်။မေယွန်းထွက်သွားမှနှိုင်းလဲထိုသရဲကိုစိုက်ကြည့်လိုက်တော့
ထိုသရဲကအပြစ်ရှိသူတစ်ယောက်လိုနှိုင်းကိုပြုံးပြရှာသည်။

"Sorryပါကွာငါမင်းကိုလန့်အောင်တမင်လုပ်တာမဟုတ်ပါဘူးကွ..မင်းကငါ့ကိုမြင်ရက်သားနဲ့မမြင်ချင်ဟန်ဆောင်နေတော့ငါလဲဘယ်လိုလုပ်ရမှန်းသိ်လို့..''

နှိုင်းသည်သူပြောတာကိုဂရုမစိုက်ဘဲလုပ်စရာရှိတာကိုသာဆက်လုပ်နေသည်။ထို့နောက်နှိုင်းရှေ့တွင်ကောင်မလေးတစ်ယောက်ကရောက်လာတာကြောင့်နှိုင်းလဲထို Customerကောင်မလေးအား
ပြုံးပြလိုက်သည်။

"မိန်းကလေးတွေနဲ့ကျမင်းမျက်နှာကပြုံးဖြီးနေတာဘဲနော်''

ထိုသရဲကမကျေမနပ်နဲ့နှိုင်းကိုပြောနေတာကြောင့်နှိုင်းသည်ထိုသရဲကိုမျက်စောင်းတစ်ချက်ထိုးလွတ်ပြီးရှေ့ကကောင်မ
လေးကိုပြန်ပြုံးပြကာ

"ဘာများသုံးဆောင်ချင်လဲမသိဘူးဗျ''

"Americanoတစ်ခွက်နဲ့ ချောကလက်ကိတ်ပေးပါအကို''

"ဟုတ်ကဲ့ဗျအဲ့တာဆိုခုံဝိုင်းမှာခဏထိုင်စောင့်ပေးပါဗျကျနော်လာပို့ပေးပါမယ်''

"ဟုတ်''

ထို့နောက်ထိုကောင်မလေးသည်နှိုင်းကိုပြုံးပြပြီးရှေ့ကခုံဝိုင်းတွင်သွားထိုင်လိုက်သည်။နှိုင်းလဲထိုကောင်မလေးမှာတဲ့
Americanoကိုသာဖျော်ပေးဖို့လုပ်လိုက်သည်။

YBSကားပေါ်တွင်တွေ့ခဲ့သည့်သရဲကတော့နှိုင်းကိုသာဆက်
ကြည့်နေသည်။နှိုင်းဘေးနားကနေစကားတတွတ်တွတ်ပြော
ပြီးနှိုင်းလုပ်သမျှကိုကြည့်နေလေသည်။

"မင်းငါ့စကားကိုခဏလောက်ဂရုစိုက်ပေးလို့မရဘူးလားကွ.မင်းငါ့ကိုမြင်တယ် ငါပြောသမျှမင်းကြားရတယ်ဆိုတာငါသိပြီး
သား...အာ့ကြောင့်မင်းဟန်ဆောင်နေလဲဘာမှမထူးပါဘူးကွာ
...ငါပြောတာကြားရဲ့လားဟျောင့်''

နှိုင်းသည်ဘေးနားကနေသာလိကာလိုစကားများနေတဲ့ထိုသရဲကြောင့်စိတ်ထဲတွဲတော့

*ဒီကောင်စကားများလို့အမော့ဆို့ပြီးသေတာလားမသိဘူး*

"အမောဆို့ပြီးသေတာမဟုတ်ပါဘူးကွ''

နှိုင်းစိတ်ထဲကပြောတဲ့စကားကိုသူကပြန်ဖြေပေးနေတာကြောင့်နှိုင်းသည်အလုပ်လုပ်နေရင်းကနေသူ့ကိုအလန့်တကြားလှည့်ကြည့်တော့သူကနှိုင်းကိုပြုံးပြပြီး

"အံသြ သြားတာလား''

သူထိုသို့ပြောတော့နှိုင်းသည်ဘာမှပြန်မပြောဘဲချောကလက်ကိတ်နဲ့Americanoကိုသာဗန်းတစ်ခုထဲထည့်ပြီးခုနတုန်းကCustomerကောင်မလေးထိုင်တဲ့ခုံဝိုင်းတွင်သာသွားချလိုက်သည်။

ထိုသရဲကတော့ကောင်တာရှေ့ကခုံတွင်ထိုင်ကာ

"မင်းဘဲငါ့ကိုမမြင်ချင်ဟန်ဆောင်နိုင်မလားငါဘဲပြောနိုင်မလားဆိုတာကြည့်ရတာပေါ့ကွာ''

ထိုသို့ဆိုပြီးထိုသရဲကပေကပ်ကပ်နဲ့ကောက်တာရှေ့မှာသာထိုင်ပြီးခွက်တွေကိုလိုက်ကိုင်နေတာကြောင့်နှိုင်းလဲဘယ်သူမှမတွေ့ခင်ပင်ကောင်တာဘက်ကိုအမြန်ပြန်လာကာထိုသရဲလက်ထဲကခွက်တွေကိုပြန်လုပြီးစားပွဲပေါ်ပြန်တင်လိုက်သည်။ထို့နောက်နှိုင်းသည်သွားကိုစိကာသွားကြားသံဖြင့်

"မင်းငြိမ်ငြိမ်နေလို့မရဘူးလား..''

နှိုင်းပြောတော့ထိုသရဲကနှိုင်းကိုပြုံးပြကာ

"Ok Okငြိမ်ငြိမ်နေဆိုလဲငြိမ်ငြိမ်နေပါမယ့်ကွ''

"တစ်ခုမှထိဖို့မစဉ်းစားနဲ့မင်းပါးစပ်လဲပတ်ထားငါနားညီးတယ်''

နှိုင်းပြောလိုက်တော့ထိုသရဲသူ့ပါးစပ်ကိုသူ့လက်ဖြင့်အုပ်ကာခေါင်းငြိမ့်ပြသည်။

"နှိုင်း..''

မေယွန်းခေါ်သံကြောင့်နှိုင်းလည်းထိုသရဲကိုစိုက်ကြည့်နေရာကနေမေယွန်းဘက်ပြန်လှည့်ပြီးဘာလဲဆိုတဲ့သဘောဖြင့်ခေါင်းဆတ်ပြလိုက်တာကြောင့်မေယွန်းသည်နှိုင်းဆီလျှောက်လာကာ

"ငါချိန်းထားတာရှိလို့နင်တစ်ယောက်တည်းဖြစ်ပါ့မလား1နာရီကျရင်တော့ လင်းခ လာမယ်ဇေယျာကတော့မအား လို့ဒီနေ့မလာဘူးပြောထားတယ်နင်တစ်ယောက်တည်းဆိုအဆင်ပြေပါ့မလား''

"ရပါတယ္ဘာမွမျဖစ္ဘူး နင်သွားစရာရှိတာသွားလိုက်လေ''

"အာ့ဆိုငါသွားပြီးနော်''

"Omm''

နှိုင်း မေယွန်းကိုပြုံးပြပြီးပြန်ဖြေလိုက်သည်။မေယွန်းလဲဝန်ထမ်းအဝတ်ကိုလှဲပီးအပြင်ထွက်သွားတော့သည်။

*****************************************
အပိုင်းကတော့နည်းနည်းတိုတယ်နော်ပျင်းစရာကြီးဖြစ်နေမှာဆိုးလို့..:)

© Nann Yi Yi Thann,
книга «The Haunted House».
Коментарі