Zay
@Zay_306
I like myself. So I don't care anymore.
Вірші Всі
ကိုယ်ပေးတဲ့အကြံ
မင်းဘာလိုချင်ချင် ကိုယ်ပေးဖို့ အဆင့်သင့်ရယ်။ ကိုယ့်အသက်တောင်ပေးရပေးရ။ ဒါမယ့် လမ်းတော့မခွဲပေးနိုင်ဘူး။ ဒီတစ်ခုတော့လိုက်မလျော့ပေးနိုင်ဘူး အချစ်ရယ်။ တကယ်လို့များ မုန်းတယ်လို့ မင်းပြောလိုက်ရင်တော့ ကိုယ် နေရာမှာကို ရင်ကွဲသေလောက်တယ်ထင်ပါရဲ့။ အဲအချိန်ဆိုရင်တော့ လမ်းခွဲပေးနိုင်လောက်တယ်။ သေခြင်းတရားနဲ့ပေါ့။ အင်း... ကိုယ့်သေခြင်းလေ။
1
0
335
သေတမ်းစာ
သို့ အချစ် နေရောကောင်းရဲ့လား။ အင်း...... ဟိုတစ်ခါက ငါ စျေးကို သွားတော့ မင်းကိုတွေ့လိုက်သေးတယ်။ မင်းကတော့ မြင်မယ်မထင်ဘူး။ မင်းရဲ့ဘယ်ဘက်လက်မောင်းလေးကိုဆုပ်ကိုင်ထားတဲ့ မိန်းကလေးကို ပြုံးပြနေလို့လေ။ မင်းပျော်နေတာသိရတော့ ငါဝမ်းသာပါတယ်။ အဲ့တုန်းက ငါ့ရဲ့ နှုတ်ဆက်အပြုံးကို မင်းအတွက် ပေးလိုက်သေးတယ်။ မင်းမသိဘူးမဟုတ်လား။ ဒီစာကို ဖတ်နေတဲ့အချိန်မှာ ငါ မရှိလောက်တော့ဘူးဆိုတာ မင်းသိရင် ငိုနေမလား၊ ဝမ်းနည်းနေမလား၊ ဒါမှမဟုတ် ပျော်နေမလားဟင်။ ငါ မသိရလောက်တော့ဘူးပေါ့။ မင်းအတွက် ငါရဲ့နာကျင်နေတဲ့ အသည်းနှလုံးကို ထားခဲ့ရတာ ငါ စိတ်မကောင်းပါဘူး။ မင်းပြောခဲ့တဲ့အတိုင်း ငါသေမှလက်လွတ်နိုင်မယ်ဆိုတာလေ။ ခုငါလက်လွတ်နိုင်ပြီ။ နှုတ်ဆက်ပါတယ်......အချစ်။
9
0
362
စိတ္တဇအချစ်
မင်းလေးကို ဘယ်သူ့လက်ထဲ မထည့်ပေးချင်ဘူး။ အို.....ကိုပြောလိုက်တဲ့အတိုင်းပဲ။ မင်းရဲ့ အစိတ်အပိုင်း အားလုံးကို ကိုထည့်သိမ်းလိုက်ပြီ။ သေတ္တာတစ်လုံးထဲကိုပေါ့။ ကို သတိရတဲ့အခါတိုင်း ထုတ်ကြည့်မိတဲ့အခါ မင်းက ရှိနေတုန်းပဲ။ ကိုဆန္ဒအတိုင်း မင်းက ကို့နားမှာရှိနေတယ်။ ကို ဘယ်လောက်တောင်ပျော်လိုက်လဲ။ အာ...တစ်ခုရှိတာက မင်းမကြားနိုင်တော့တာတစ်ခုပဲ။ ဒါမယ့်လည်း ရပါတယ်။ မင်းရှိနေရင် ရပြီ။ မင်းလုံးဝ မထင်ထားတဲ့ ကို့ရဲ့အချစ်တွေကို မင်းဘယ်လိုများ ဝေဖန်မလဲ ကိုသိပ်သိချင်လိုက်တာ။ ကို့ရဲ့အချစ်တွေက အင်း....... စိတ္တဇဆန်တယ်လို့များ မင်းပြောလိမ့်မလား။ အင်း...... ပြောလောက်တယ်မလားဟင်။
3
0
146