Chapter No 1 ( Nyo's Depression and Nyo's Motivated )
Chapter No 2 ( Nyo's Night Thought )
Chapter No 3 (Nyo's Missing Miss)
Chapter No 4 ( Nyo's I'll Let You Go )
Chapter No 5 ( Nyo's Someone )
Chapter No 6 ( Nyo's Not Belong )
Chapter No 7 (Nyo's UnSlept Night Of Rainny Season)
Chapter 7 (Nyo's Stranger)
Chapter 8 (Nyo's Midnight's Crazy Thoughts)
Chapter 9 (Nyo's Forget Me Not)
Chapter 10 (Nyo's Push or Pull)
Chapter 11 (Nyo's Discussion)
Chapter 12 (Nyo's Running Away)
Chapter 13 (Nyo's Selena)
Chapter 13 (Nyo's Selena)
ညတိုင်းကို 3 နာရီကျော်မှ အိပ်တယ်
မနက်တိုင်းကို 12 နာရီကျော်မှ ထတယ်
တစ်နေ့လုံးကို ထမင်းတစ်နပ်ပဲစားပြီးတော့
တစ်နေကုန် ဂိမ်းဆော့နေတယ်..

Youtube မှာသီချင်းနားထောင်ရင်း
Facebook မှာ Live Streamကြည့်ရင်း
Telegram မှာ Webtoon ဖတ်ရင်းနဲ့ပဲ
အချိန်တွေကုန်စေတယ်...

ဒီရက်ပိုင်း သိပ်မပျော်ဘူး
အဲ့အမျိုးသားလေးကိုလည်း စိတ်တိုင်းမကျနေဘူး
ကိုယ့်ဘက်ကသာ လိုလိုလားလားနဲ့ ဆွဲမထားမိရင်
ချက်ချင်းထွက်ပြေးသွားမယ့် အမျိုးသားလေးကို
ဇွတ်ဆွဲထားရင်းနဲ့ပဲ ပျော်ရွှင်ချင်ယောင်ဆောင်နေခဲ့တာ..။

အဆင်မပြေဘူးလို့ ညည်းငြူရတာကိုတောင်
သူများအထင်သေးမယ်လို့ တွေးပြီး
ဒေါသထွက်နေတဲ့မိန်းမပါ..
ထူးထူးခြားခြား အမျိုးသားလေးတစ်ယောက်ကိုတော့ စိတ်တိုင်းမကျမိပုံများ ကိုယ်နဲ့လားလားမှ မဆိုင်..။

Japanစာကို မလုပ်ချင်ဘူး. ။
ဘာလို့မလုပ်ချင်တာလဲ?
မရလို့ မလုပ်ချင်တာပေါ့..။
ဒါဆိုဘာလို့မရတာလဲ?
မလုပ်လို့ပေါ့..။

ရှင်းနေတဲ့အဖြေရယ်.
ဆက်မလုပ်တဲ့ကိုယ်ရယ်နဲ့
ဘယ်လိုတောင် နှစ်ပါးသွားညီအောင်ကနိုင်သလဲ
သိတောင် မသိနိုင်တော့ဘူး

အများကြီးတွေးမိတယ် သိလား?

အိမ်ကနေထွက်ပြေးလိုက်ရင်ကောင်းမလား?
Cigarettes တွေ အများကြီးဝယ်သောက်ရင်ကောင်းမလား?
ကော်ဖီခါးခါးလေးဖျော်သောက်ရင်ကောင်းမလား?

နောက်ဆုံးတော့ ကိုယ်ဟာ ကိုယ်ပါပဲ..။
Cigarettes တွေပဲဖွာဖွာ
ကော်ဖီခါးခါးပဲသောက်သောက်
ဆံပင်အတိုပဲ ညှပ်ညှပ်
ကိုယ်ဟာကိုယ်ပါပဲ..
ဘာမှမပြောင်းလဲသွားတာကို သိပြီးတဲ့နောက်မှာတော့
ငိုရုံပဲရှိတော့တာပေါ့

ထုံးစံအတိုင်း အခန်းတံခါးလုံအောင်ပိတ်ရင်း  ..
Air Con ကို လျော့ဖွင့်ရင်း..
အသားကုန် အော်ငိုရုံပဲပေါ့..

24.2.2023 to 24.3.2023
© က6လာင်ရှင် ,
книга «Nyo's Book».
Коментарі