Chapter No 1 ( Nyo's Depression and Nyo's Motivated )
Chapter No 2 ( Nyo's Night Thought )
Chapter No 3 (Nyo's Missing Miss)
Chapter No 4 ( Nyo's I'll Let You Go )
Chapter No 5 ( Nyo's Someone )
Chapter No 6 ( Nyo's Not Belong )
Chapter No 7 (Nyo's UnSlept Night Of Rainny Season)
Chapter 7 (Nyo's Stranger)
Chapter 8 (Nyo's Midnight's Crazy Thoughts)
Chapter 9 (Nyo's Forget Me Not)
Chapter 10 (Nyo's Push or Pull)
Chapter 11 (Nyo's Discussion)
Chapter 12 (Nyo's Running Away)
Chapter 13 (Nyo's Selena)
Chapter 8 (Nyo's Midnight's Crazy Thoughts)
အခုတစ်လော ညဘက်တွေ မအိပ်ဖြစ်ဘူး
မနက်မိုးစင်စင်လင်းတဲ့ 7 နာရီလောက်မှ အိပ်ဖြစ်တယ် နေ့လည်ဘက်ကို 1 နာရီပြန်ထတယ်..
ထမင်းသုံးလုတ်လောက်စားပြီး ထပ်အိပ်တယ်
ညနေ5နာရီ ပြန်ထတယ်..

တစ်နေကုန်လုံး ကိုယ်ဘာအလုပ်မှမလုပ်ဖြစ်ပဲ
အချိန် တစ်လကျော်ကုန်ဆုံးလိုက်မိတယ်..
စိတ်ထဲမှာ မရေရာမှုတွေနဲ့
တစ်လကျော်တိတိ ထမင်းသုံးနပ်ပြည့်အောင်
စားတဲ့ရက်က တစ်ပတ်မပြည့်ဘူး..

လူဆိုတာက လုပ်နေကျဆိုရင် အကျင့်ဖြစ်တတ်တဲ့အမျိုးဆိုတော့ ကိုယ်ဒီလမှာ အိပ်တာကိုတောင်
တစ်​ဖြည်းဖြည်း ကြိုးစားပြီး ခပ်စောစော
ပြန်အိပ်နေရတယ်.. မဟုတ်ရင် တစ်ညလုံးအိပ်မရတော့ဘူး..

အစားကလည်း များများမစားတာကြာတော့
ခဏခဏ ထအန်မလိုတွေ ဖြစ်နေရောပဲ..

ဘာကြောင့်လဲ လို့ကိုယ်တွေးမိလိုက်တယ်.
အသဲကွဲလို့လား? တစ်စုံတစ်ယောက်ကို ဆုံးရှုံးလို့လား? အိမ်ပျောက်လို့လား? ကိုယ်အများကြီးတွေးမိပေမယ့် ကိုယ်က ဘာမှမဖြစ်ပဲနဲ့ကို. ဘာမှမလုပ်ဖြစ်တော့တာ..

နေ့တိုင်းကြိုးစားရမယ်လို့တွေးနေခဲ့ပေမယ့်
နေ့တိုင်းတော့ အပျင်းထူရင်း ​စိတ်ဓာတ်ကျရင်းဖြတ်သန်းနေခဲ့တာ..

Online Class တက်ရလို့ စာလုပ်ရမှာကို
သေလောက်အောင် ပျင်းနေပြီး အချိန်တိုင်း
ကိုယ့်ကိုကိုယ် စာမရလို့ စိတ်ညစ်နေခဲ့တာ..

အဆင်တွေပြေမနေလိုက်ပုံများ.
လူ့လောကနဲ့ ဝင်မဆန့်လိုက်ပုံများ..
ဟက်! ရူးမိုက်လိုက်ပုံများ...

17.12.2022


© က6လာင်ရှင် ,
книга «Nyo's Book».
Chapter 9 (Nyo's Forget Me Not)
Коментарі