Chapter No 1 ( Nyo's Depression and Nyo's Motivated )
Chapter No 2 ( Nyo's Night Thought )
Chapter No 3 (Nyo's Missing Miss)
Chapter No 4 ( Nyo's I'll Let You Go )
Chapter No 5 ( Nyo's Someone )
Chapter No 6 ( Nyo's Not Belong )
Chapter No 7 (Nyo's UnSlept Night Of Rainny Season)
Chapter 7 (Nyo's Stranger)
Chapter 8 (Nyo's Midnight's Crazy Thoughts)
Chapter 9 (Nyo's Forget Me Not)
Chapter 10 (Nyo's Push or Pull)
Chapter 11 (Nyo's Discussion)
Chapter 12 (Nyo's Running Away)
Chapter 13 (Nyo's Selena)
Chapter No 1 ( Nyo's Depression and Nyo's Motivated )
အခုတစ်လော စိတ်အခြေအနေ သိပ်မကောင်းလို့
မင်းကို အများကြီး သတိရနေမိတယ်..

စိတ်အခြေအနေမကောင်းဘူး ဆိုတာထက်
ညဘက်တွေရောက်ရင် အကြောင်းပြချက်
ရေရေရာရာမရှိပဲ အလိုလိုနေရင်းကို
မျက်ရည်တွေကျလာတာမျိုး.. တွေ
ဖြစ်တဲ့ အကြိမ်ရေ တစ်ဖြည်းဖြည်း စိပ်လာတယ်..

Insomnia ကြောင့် မနက်လေးငါးနာရီမှ
အိပ်လို့ပျော်ပြီး နေ့လည်ဘက်တွေ ပြန်မအိပ်ဖြစ်တော့ လူက နေလို့ထိုင်လို့လည်း သိပ်မကောင်းချင်​ပြန်ဘူး

ထမင်းကိုလည်း မှန်မှန်မစားဖြစ်ပဲ
အမြဲ ကော်ဖီနဲ့ အအေးတွေပဲ သောက်ဖြစ်နေတာကိုလည်း ကိုယ့်ကိုကိုယ် သတိထားမိပါရဲ့

အမြဲ နားကြပ် တပ်မိနေတဲ့ အတွက်
အကြားအာရုံက တဖြည်းဖြည်းလျော့လာပြန်
သေးတယ်.. အရင်က ဆရာဝန်နဲ့ ပြပြီး
စစ်ထားတဲ့ စာရွက်ထဲက လိုင်းလေးတွေထက် ပိုကျနေပြီလို့တော့ ခန့်မှန်းမိသား..

လူတွေကိုလည်း မယုံကြည်နိုင်တော့ပြန်ဘူး
Traumaဖြစ်တော့မလားပါပဲ..

အစာအိမ်က ငယ်ငယ်ကထဲက ပြဿနာ ရှိတာ.
အမြဲ အပူအစပ်မစားရဘူး အအေးမသောက်ရဘူး ကော်ဖီမသောက်ရဘူး ခေါက်ဆွဲပြုတ်မစားရဘူးလို့ ဆရာဝန်က မှာထားတာ.
ဒီနေ့ စားလိုက်မိပြန်တော့ ဗိုက်က အဆင်မပြေပြန်ဘူး အောင့်တက်လာလိုက် ပြန်အဆင်ပြေသွားလိုက်နဲ့..

စောက်ရူးဘဝပါဗျာ
ဖြစ်ချင်တာတွေ မဖြစ်ပေမယ့်
ဖြစ်ချင်တာဖြစ် ဆိုပြီးတော့ ပစ်မထားမိပြန်ဘူး

မင်း ဆိုတဲ့ ငါ နားခိုတဲ့ နေရာလေး ရှိနေလို့

မင်း နဲ့ ပတ်သက်သမျှ အရာရာတိုင်းက ချိုမြိန်တယ် နွေးထွေးတယ် လှပတယ်.

ရိုးရိုးရှင်းရှင်း ချစ်တယ် ဆိုတဲ့ စကားလုံးလေးကိုတောင် မင်းပြောလာတဲ့အခါ နှလုံးအိမ်ငယ်က
ခပ်သိမ့်သိမ့်နဲ့

လောကကြီးမှာ ချစ်ခြင်းမေတ္တာ တွေ များစွာရှိရက်နဲ့ Screen တစ်ဖက်ခြမ်းက မင်းကိုမှ
မေတ္တာတွေ ပုံအပ်ပြီး ပေးမိတဲ့ ငါ့ ရဲ့ ကံကောင်းခြင်းလို့ ဆိုရလေမလား?

မင်း ကို ချစ်မိတဲ့ ငါ့မှာ ပျော်ရွှင်စရာ အကြောင်းပြချက်တွေ တပွေ့တပိုက်နဲ့..

မင်း နာမည်လေး တ လိုက်မိရုံနဲ့
ငါ့ရဲ့ ပင်ပန်းမှုတွေ အဆင်မပြေမှုတွေ
အကုန်လုံး မရှိတော့ပြန်ဘူး

အခုတစ်လော မင်းအကြောင်းသိပ်မတွေးမိလို့
ထင်ပါရဲ့ ငါ့မှာအဆင်မပြေခြင်းများစွာနဲ့..

နောက်ပိုင်းဆို မင်း မျက်နှာလေးကိုပဲ
ငေးကြည့်တော့မယ်

မင်း သိ ပါ တယ်

ငါက မင်း တစ်ယောက်ထဲ အတွက်
ရှင်သန်နေတာကိုပေါ့

25.8.2021
© က6လာင်ရှင် ,
книга «Nyo's Book».
Chapter No 2 ( Nyo's Night Thought )
Коментарі