Chapter No 1 ( Nyo's Depression and Nyo's Motivated )
Chapter No 2 ( Nyo's Night Thought )
Chapter No 3 (Nyo's Missing Miss)
Chapter No 4 ( Nyo's I'll Let You Go )
Chapter No 5 ( Nyo's Someone )
Chapter No 6 ( Nyo's Not Belong )
Chapter No 7 (Nyo's UnSlept Night Of Rainny Season)
Chapter 7 (Nyo's Stranger)
Chapter 8 (Nyo's Midnight's Crazy Thoughts)
Chapter 9 (Nyo's Forget Me Not)
Chapter 10 (Nyo's Push or Pull)
Chapter 11 (Nyo's Discussion)
Chapter 12 (Nyo's Running Away)
Chapter 13 (Nyo's Selena)
Chapter No 4 ( Nyo's I'll Let You Go )
သေချာတာတစ်ခုကတော့
ငါ က မင်း ကို လက်လျော့လိုက်ဖို့
ကြိုးစားနေတယ် ဆိုတာပါပဲ

မင်း ကတော့ သိချင်သိပါလေစ
ဒါပေမယ့် ငါက အချိန်တိုင်း စိတ်ထိခိုက်မှုများစွာနဲ့ မင်း ကို လက်လျော့ဖို့ အကြိမ်ကြိမ်ကြိုးစားနေဆဲပဲ

မအောင်မြင်သေးပေမယ့် ငါ အတည်ကြိုးစားနေပါတယ် အသည်းအသန်ကြိုးစားပြီးတဲ့နောက် အောင်မြင်ကောင်း အောင်မြင်သွားလိမ့်မယ်

အေး မင်း ကိုလက်လျော့နိုင်လိုက်တဲ့
တစ်နေ့တော့ ငါရဲ့ အရာရာတိုင်းမှာ
မင်း ဆိုတဲ့ ဖြစ်တည်မှုဟာ ဆက်ပြီး
အရေးပါတော့မှာ မဟုတ်ဘူး

ငါ့ ရဲ့ မှတ်ဉာဏ်ထဲမှာ မင်း ရှိနေပေမယ့်
အရင်ကလို အရာမရောက်တော့ဘူး

ငါ့ ရဲ့ ပစ္စည်းတွေမှာ မင်း ရဲ့ သက်ရောက်မှု
မကင်းတဲ့ အရာတွေဟာလည်း အရင်ကလောက် တန်ဖိုးရှိမှာ မဟုတ်တော့ဘူး

ငါ့ ရဲ့ ခပ်တိုတို ဆံနွယ်တွေ အတွက်လည်း
ပယောဂ မကင်းတဲ့ မင်း မို့လို့ .
ဆံပင်အရှည်လေး | လက်သည်းအရှည်လေးနဲ့
ငါ့ ကို မြင်တဲ့အခါ သူစိမ်းတစ်ယောက်လို ဆက်ဆံနိုင်ပါစေ

လမ်းတွေ့ရင် တစ်ယောက်တစ်မျက်နှာ
ငေးမကြည့်ကြေး ..။ အ​မြင့်ကိုရောက်တဲ့အခါ တစ်ယောက်ကိုတစ်ယောက် သတိမရ​ကြကြေး..။လမ်းဆုံးရောက်တဲ့အခါ တစ်ယောက်နာမည်
တစ်ယောက် မတကြကြေး..။

မင်း ဆိုတဲ့ ဖြစ်တည်မှုလေး ငါ့ ရဲ့ဘဝမှာ
မရှိခဲ့ဖူးကြေး။ မင်း အတွက်လည်း ငါ ဆိုတဲဲ့ ဖြစ်တည်မှုလေး မင်းဘဝမှာ မရှိခဲ့ဖူးကြေး။

17.9.2021
© က6လာင်ရှင် ,
книга «Nyo's Book».
Chapter No 5 ( Nyo's Someone )
Коментарі