Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-7
(Zawgyi)

ေလယာဥ္ကြင္း၌ ခရီးသြားမည့္သူမ်ားႏွင့္ ျပင္ပမွျပန္လာေသာသူမ်ားကို ႀကိဳရန္ေစာင့္ေနသူမ်ားကမနည္း။ ထိုအထဲတြင္ မိုးျပာေရာင္ရွပ္ပြပြအက်ႌကို ၾကယ္သီးႏွစ္လုံးမွ်ျဖဳတ္ၿပီး အနက္ေရာင္jean pantsႏွင့္တြဲဖက္ဝတ္ဆင္ထားသည့္ အစ္ကိုေလး၏အသြင္က မိုရဲ႕မ်က္လုံးထဲ၌ အလြန္လူငယ္ဆန္ေနသည္။ ဒီေန႔ လေရာင္ျပန္လာမည္ဆို၍ အစ္ကိုေလးက သူ႔အလုပ္မ်ားကို ဖ်က္ၿပီး ေလဆိပ္အထိလာႀကိဳျခင္းျဖစ္၏။အစ္ကိုေလးက  မို႔ကိုလည္း ေလဆိပ္ကို ေခၚလာခဲ့သည္။

ဒါဟာ ပထမဦးဆုံးခ်ိန္ အစ္ကိုေလးႏွင့္ အျပင္ထြက္ဖူးျခင္းလို႔ မိုကေျပာရင္ ခင္ဗ်ားတို႔ယုံမလားေတာ့မသိဘူး။ ဒါေပမဲ့ ကြၽန္ေတာ္မလိမ္ပါဘူး။ ဒါကြၽန္ေတာ့္ခ်စ္ရသူနဲ႔ အမ်ားသူတကာေရွ႕သြားဖူးျခင္းပါ။ လူအမ်ားၾကားမွာ အစ္ကိုေလးသည္ သူ႔ညီကို ႀကိဳးစားရွာေနခဲ့၏။ မိုသည္လည္း ထိုနည္းတူ လေရာင္ကို ဝိုင္းရွာေပးေနသည္။သူတို႔ရွာေနရင္း အေႏြးထည္ေခါင္းစြပ္ႏွင့္ Maskတပ္ထားေသာအရပ္ရွည္ရွည္ႏွင့္ေကာင္ေလးတစ္ေယာက္က အစ္ကိုေလးအနားကို ကပ္လာၿပီး အစ္ကိုေလးကို ​ဆြဲဖက္လိုက္၏။

" ဟာ လေရာင္ ငါ့ညီက အရပ္ႀကီးရွည္လာတာကြာ "

အစ္ကိုေလးကေျပာမွ ထိုေကာင္ေလးကိုလေရာင္မွန္း မို မွတ္မိသည္။ လေရာင္က အစ္ကိုေလးႏွင့္မတိမ္းမယိမ္းကို အရပ္ကရွည္လာသည္။ လေရာင္သည္ မို႔ထက္ ငယ္ေသာေကာင္ေလးတစ္ေယာက္ျဖစ္၏။ လေရာင္က အစ္ကိုေလးကို ဖက္ထားရာမွခြာလိုက္ၿပီး အေနာက္က မို႔ကိုတစ္ခ်က္ၾကည့္၍ ဆို၏။

"ဟာ မင္းက မိုမလား..."

မို႔ကို ရယ္ျပၿပီး ေျပးဖက္လာေတာ့ မိုကလည္းအရပ္ရွည္သူတစ္ဦးျဖစ္၍ လေရာင္ႏွင့္ တန္းတူေလာက္နီးပါးရွိသည္။ အစ္ကိုေလးက မို႔ကို မ်က္ေမွာင္ကုတ္ၿပီးၾကည့္ေန၏။ လေရာင္ကလည္း မို႔ကို လႊတ္မေပးေသး။ လေရာင္က အစ္ကိုေလးကို ေက်ာခိုင္းထားသည္မို႔ အစ္ကိုေလး၏မ်က္ႏွာသြင္ျပင္ကို မျမင္။ မိုကသာ ျမင္ရၿပီး တုတ္တုတ္မွ်မလႈပ္ရဲ။ ဒါေတာင္ လေရာင္က မို႔ကိုလႊတ္ေပးၿပီးသည့္တိုင္ မို႔ပါးႏွစ္ဖက္အား သူ႔လက္ဖဝါးမ်ားျဖင့္အုပ္ၿပီး မို႔ေခါင္းကို ခါယမ္းေနသည္။ မသိလွ်င္ မိုက ကေလးလို။ သူတို႔ႏွစ္ေယာက္ကိုၾကည့္ေနေသာ အစ္ကိုေလး၏မ်က္ႏွာက လိုတာထက္ပိုမာလာၿပီ ျဖစ္၏။

"မိုက အရင္ကထက္အသားေတြျဖဴလာၿပီေနာ္....ဖိလစ္ပိုင္က ေစာ္ေလးေတြထက္ေတာင္ မိုက ပိုလွေနသလိုပဲ... ဟုတ္တယ္မလားကိုႀကီး "

လေရာင္က မို႔မ်က္ႏွာကိုကိုင္ထားရင္း အစ္ကိုေလးဘက္ကို ေခါင္းလွည့္ေမးသည္။

"လေရာင္ သြားရေအာင္ ကားေစာင့္ေနတာၾကာၿပီ "

အစ္ကိုေလးက သူတို႔ႏွစ္ေယာက္ကို ခ်န္ထားခဲ့ၿပီး ကားထားရာေနရာသို႔ ထြက္သြား၏။

" လာ ျပန္ရေအာင္ မို "

လေရာင္ကလည္း မို႔လက္ကိုဆြဲေခၚၿပီး အစ္ကိုေလးေနာက္ အမီလိုက္သည္။ အစ္ကိုေလးက သူ႔ကို လေရာင္ႏွင့္ ကင္းကင္းေနဖို႔ မွာထားသည္ကို သူကအခုေတာ့ အမွားလုပ္လိုက္မိၿပီ။ အစ္ကိုေလးက သူ႔ကိုအစကတည္းကမွ တစ္မ်ိဳးတစ္မည္ထင္ခ်င္ေနရသည့္အထဲ လေရာင္က သူ႔ကိုဒီလိုလာလုပ္ေတာ့ အစ္ကိုေလးကပိုၿပီး စိတ္ကြက္သြားၿပီေပါ့။

ကားေပၚေရာက္ေတာ့လည္း လေရာင္က အစ္ကိုေလးကိုေခါင္းခန္းမွာ သြားထိုင္ခိုင္းၿပီး မို႔ကို သူႏွင့္အေနာက္မွာ ထိုင္ခိုင္းသည္။ အခုခ်ိန္ထိ မို႔လက္ေတြကို မလႊတ္ေပးေသး။ကားထြက္သြားသည္အထိ မို႔လက္ေတြကို ေပါင္ေပၚတင္ၿပီး ဆုပ္ကိုင္ထားတုန္း။ အစ္ကိုေလးက အေရွ႕မွန္မွ မ်က္ခုံးမ်ားတြန႔္ခ်ိဳးၿပီး မို႔ကိုၾကည့္ေနသည္။ လေရာင္ကေတာ့ မသိရွာ ၿပဳံးေပ်ာ္လို႔။ မို႔မွာ ဒီညီအစ္ကိုႏွစ္ေယာက္ၾကားထဲ ေပ်ာက္ကြယ္သြားခ်င္မိေတာ့သည္။

"ကြၽန္ေတာ္ထြက္သြားတဲ့ ၅ႏွစ္အတြင္း ျပင္ဦးလြင္ၿမိဳ႕ႀကီးက အရင္အတိုင္းပဲဗ်ာ.... ဘာမွမေျပာင္းလဲဘူး.... ေျပာင္းလဲသြားတာကေတာ့ ထြက္သြားတဲ့ ကြၽန္ေတာ္အေတာ္ေခ်ာလာတာပဲ ဟီးဟီးး "

သူေျပာလိုက္သည့္စကားကို အစ္ကိုေလးကလည္း ဘာမွဝင္မေထာက္၊ မရယ္မို႔လို႔ လေရာင္ကတိတ္ဆိတ္ေနသည့္ကားေပၚက အေျခအေနေၾကာင့္ မိုႏွင့္ အစ္ကိုေလးကို တစ္လွည့္စီၾကည့္၏။ အစ္ကိုေလးမ်က္လုံးမ်ားက လေရာင္ဆုပ္ကိုင္ထားေသာလက္ေပၚမွာ မိုကလည္း လက္ကို နည္းနည္း႐ုန္းလိုက္ေတာ့ လေရာင္က သူကိုင္ထားမိေသာမို႔လက္ကို သတိထားမိသြား၍ အသာတၾကည္လႊတ္ေျပာၿပီး ေျပာလာ၏။

" မို႔ လက္ေလးေတြက ႏူးညံ့ၿပီး ကိုင္လို႔ေကာင္းလို႔ ငါေယာင္ၿပီး ကိုင္ထားမိတာပါ sorry  "

"ရပါတယ္ လေရာင္" 

မိုဟိုဘက္နည္းနည္းတိုးထိုင္လိုက္ၿပီး မွန္ျပတင္းေပါက္အျပင္ဘက္က ရႈခင္းေတြကို ေငးေမာၾကည့္ရႈရင္း လိုက္ပါလာခဲ့သည္။

အိမ္ေရာက္ေတာ့လည္း အစ္ကိုေလးက စကားသိပ္မေျပာ

" ညီ ခရီးေဝးက ျပန္လာတာဆိုေတာ့ သြားနားေတာ့ ညက်မွ ေအးေဆးစကားေျပာရတာေပါ့...."

"ဟုတ္ကဲ့ ကိုႀကီး"

"မို ငါ့အခန္းထဲလိုက္ခဲ့ပါလား... မင္းကို ငါျပစရာရွိတယ္..."

"ဟို ငါလုပ္စရာရွိေသးတယ္...."

"ညီ မို႔ကို ကိုႀကီးခိုင္းစရာရွိတယ္။ ညီ ဒီေန႔ေတာ့ နားလိုက္ပါ။"
ေျပာၿပီး အစ္ကိုေလးက သူ႔အခန္းထဲတန္းဝင္သြားသည္။

လေရာင္ကေတာ့ မို႔ကို မ်က္ႏွာငယ္ႏွင့္ ဆူပုတ္ၿပီး ၾကည့္ေနသည္။ မိုလည္း လေရာင္ကိုၿပဳံးျပၿပီး အစ္ကိုေလး အခန္းထဲကို ဝင္သြားလိုက္သည္။

" အစ္ကိုေလး ကြၽန္ေတာ့္ကို"

မို ဆက္ေျပာမည့္စကားမ်ားေလထဲမွာပင္ ေပ်ာက္သြားသည္။ မို အခ်ိန္မွားဝင္လာမိျပန္ၿပီႏွင့္ တူသည္။ အစ္ကိုေလးက သူ႔အက်ႌမ်ားကိုခြၽတ္ေနရာမွ မို႔အသံၾကား၍ လွည့္ၾကည့္လာသည္။ မို ျပန္ထြက္သြားရေကာင္းႏိုးစဥ္းစားေနမိသည္။ ေယာက်ာ္းတစ္ေယာက္က တျခားေယာက်ာ္းတစ္ေယာက္ေရွ႕မွာ အဝတ္အစားလဲတာဟာ ဆန္းတဲ့အလုပ္မဟုတ္ေပမယ့္ သူက အစ္ကိုေလးအေပၚမွာ႐ိုးသားသူမဟုတ္ေၾကာင္း အစ္ကိုေလးကလည္း သိရွိထားသူျဖစ္၏။ ဟိုတစ္ခါ အရက္မူးတဲ့ ညကေတာင္ အက်ႌၾကယ္သီးခြၽတ္ေပးတာကို အထင္လြဲၿပီး ဆြဲထိုးခံလိုက္ရေသးသည္ မဟုတ္လား။

"ဘာရပ္လုပ္ေနတာလဲ...   အနားလာေလ ဘာေျပာမလို႔လဲ.....  ဘာလဲ ငါအက်ႌလဲတာ လာၾကည့္တာလား...."

" အာ မဟုတ္ဘူး.... အစ္ကိုေလး ကြၽန္ေတာ့္ကို ခိုင္းစရာရွိတယ္ဆိုလို႔ "

"ေအာ္ အဲ့တာက လေရာင္ေရွ႕မို႔ေျပာလိုက္တာေလ..... မဟုတ္ရင္ မင္း ငါ့ညီအနားက မခြာေတာ့ဘူးမဟုတ္လား "

"ဗ်ာ အဲ့လိုမဟုတ္ပါဘူး ကြၽန္ေတာ္ အစ္ကိုေလးေျပာသလို သူနဲ႔ကင္းကင္းရွင္းရွင္းေနတာပဲေလ။ သူကသာ ကြၽန္ေတာ့္ကို "

"မင္းေျပာခ်င္တာက ငါ့ညီကပဲ မင္းကို လိုက္ကပ္ေနတယ္လို႔ ဆိုလိုခ်င္တာလား..."

"အဲ့လိုလည္း မဟုတ္ပါဘူး "

"ထားေတာ့... ထားေတာ့... ေနာက္တစ္ခါ မင္းကို သူ႔အနားမွာ ထပ္မေတြ႕ခ်င္ဘူးေနာ္ "

"ဟုတ္ကဲ့... ကြၽန္ေတာ္ အတတ္ႏိုင္ဆုံးေရွာင္ပါ့မယ္ "

"အင္း"

သူအစ္ကိုေလးအခန္းထဲမွအထြက္ လေရာင္က အစ္ကိုေလးအခန္းဝမွာ မတ္တတ္ရပ္ေနတာ ေတြ႕ရသည္။ ေစာနအစ္ကိုေလးႏွင့္သူတို႔၏​စကားသံမ်ားကို လေရာင္ၾကားသြားၿပီလားမသိပါ။ လေရာင္က အစ္ကိုေလး အခန္းထဲဝင္သြားသည္။

ညေနစာ ထမင္းဝိုင္းတြင္လည္း တိတ္ဆိတ္ေနခဲ့သည္။ လေရာင္က အစ္ကိုေလးေဘးနား၌ ကပ္ရပ္ေနေသာ မို႔ကို တစ္ခ်က္တစ္ခ်က္ေမာ့ၾကည့္ေန၍ အစ္ကိုေလးကလည္း လေရာင္၏မ်က္ဝန္းမ်ားကို အကဲခတ္ေန၏။

" မို ထမင္း တစ္ခါတည္းဝင္စားလိုက္ပါလား"

"ဟင့္အင္း ငါမဆာေသးဘူး "

"အင္း အဲ့တာဆို ငါ့ကို ဒီပုစြန္ထုပ္ႀကီးေတြ အခြံခြာေပး ေရာ့ ဒီမွာလာထိုင္"

ေဘးနားက ခုံကို ပုတ္ျပၿပီး ေျပာေနေသာလေရာင္ေၾကာင့္ မိုအက်ပ္႐ိုက္ျပန္ၿပီ။ မသြားလို႔လည္းမေကာင္း၊ သြားျပန္ရင္လည္း အစ္ကိုေလးက သူ႔ကို ဆူဦးမည္။

"ညီ မင္းက ဖိလစ္ပိုင္ထိ ဘြဲ႕သြားယူလာၿပီး ပုစြန္ေလးေတာင္မခြာတတ္ဘူးလားကြာ "

"ဟာ ကိုႀကီးကလည္း ေက်ာင္းမွာ ပုစြန္ခြာတဲ့ သင္ခန္းစာမွ မသင္ဘဲ "

"မို မင္းလုပ္စရာရွိတာသြားလုပ္ေတာ့ ညီ မင္းလည္း ကိုယ့္ ပုစြန္ကိုယ္ခြာ"

အစ္ကိုေလးက ဝင္ေျပာေတာ့မွ သူလည္း ၾကားထဲက အသက္ရႉေခ်ာင္ရၿပီး အစ္ကိုေလးတို႔နားမွထြက္သြားလိုက္သည္။

(Unicode)

လေယာဉ်ကွင်း၌ ခရီးသွားမည့်သူများနှင့် ပြင်ပမှပြန်လာသောသူများကို ကြိုရန်စောင့်နေသူများကမနည်း။ ထိုအထဲတွင် မိုးပြာရောင်ရှပ်ပွပွအင်္ကျီကို ကြယ်သီးနှစ်လုံးမျှဖြုတ်ပြီး အနက်ရောင်jean pantsနှင့်တွဲဖက်ဝတ်ဆင်ထားသည့် အစ်ကိုလေး၏အသွင်က မိုရဲ့မျက်လုံးထဲ၌ အလွန်လူငယ်ဆန်နေသည်။ ဒီနေ့ လရောင်ပြန်လာမည်ဆို၍ အစ်ကိုလေးက သူ့အလုပ်များကို ဖျက်ပြီး လေဆိပ်အထိလာကြိုခြင်းဖြစ်၏။အစ်ကိုလေးက  မို့ကိုလည်း လေဆိပ်ကို ခေါ်လာခဲ့သည်။

ဒါဟာ ပထမဦးဆုံးချိန် အစ်ကိုလေးနှင့် အပြင်ထွက်ဖူးခြင်းလို့ မိုကပြောရင် ခင်ဗျားတို့ယုံမလားတော့မသိဘူး။ ဒါပေမဲ့ ကျွန်တော်မလိမ်ပါဘူး။ ဒါကျွန်တော့်ချစ်ရသူနဲ့ အများသူတကာရှေ့သွားဖူးခြင်းပါ။ လူအများကြားမှာ အစ်ကိုလေးသည် သူ့ညီကို ကြိုးစားရှာနေခဲ့၏။ မိုသည်လည်း ထိုနည်းတူ လရောင်ကို ဝိုင်းရှာပေးနေသည်။သူတို့ရှာနေရင်း အနွေးထည်ခေါင်းစွပ်နှင့် Maskတပ်ထားသောအရပ်ရှည်ရှည်နှင့်ကောင်လေးတစ်ယောက်က အစ်ကိုလေးအနားကို ကပ်လာပြီး အစ်ကိုလေးကို ​ဆွဲဖက်လိုက်၏။

" ဟာ လရောင် ငါ့ညီက အရပ်ကြီးရှည်လာတာကွာ "

အစ်ကိုလေးကပြောမှ ထိုကောင်လေးကိုလရောင်မှန်း မို မှတ်မိသည်။ လရောင်က အစ်ကိုလေးနှင့်မတိမ်းမယိမ်းကို အရပ်ကရှည်လာသည်။ လရောင်သည် မို့ထက် ငယ်သောကောင်လေးတစ်ယောက်ဖြစ်၏။ လရောင်က အစ်ကိုလေးကို ဖက်ထားရာမှခွာလိုက်ပြီး အနောက်က မို့ကိုတစ်ချက်ကြည့်၍ ဆို၏။

"ဟာ မင်းက မိုမလား..."

မို့ကို ရယ်ပြပြီး ပြေးဖက်လာတော့ မိုကလည်းအရပ်ရှည်သူတစ်ဦးဖြစ်၍ လရောင်နှင့် တန်းတူလောက်နီးပါးရှိသည်။ အစ်ကိုလေးက မို့ကို မျက်မှောင်ကုတ်ပြီးကြည့်နေ၏။ လရောင်ကလည်း မို့ကို လွှတ်မပေးသေး။ လရောင်က အစ်ကိုလေးကို ကျောခိုင်းထားသည်မို့ အစ်ကိုလေး၏မျက်နှာသွင်ပြင်ကို မမြင်။ မိုကသာ မြင်ရပြီး တုတ်တုတ်မျှမလှုပ်ရဲ။ ဒါတောင် လရောင်က မို့ကိုလွှတ်ပေးပြီးသည့်တိုင် မို့ပါးနှစ်ဖက်အား သူ့လက်ဖဝါးများဖြင့်အုပ်ပြီး မို့ခေါင်းကို ခါယမ်းနေသည်။ မသိလျှင် မိုက ကလေးလို။ သူတို့နှစ်ယောက်ကိုကြည့်နေသော အစ်ကိုလေး၏မျက်နှာက လိုတာထက်ပိုမာလာပြီ ဖြစ်၏။

"မိုက အရင်ကထက်အသားတွေဖြူလာပြီနော်....ဖိလစ်ပိုင်က စော်လေးတွေထက်တောင် မိုက ပိုလှနေသလိုပဲ... ဟုတ်တယ်မလားကိုကြီး "

လရောင်က မို့မျက်နှာကိုကိုင်ထားရင်း အစ်ကိုလေးဘက်ကို ခေါင်းလှည့်မေးသည်။

"လရောင် သွားရအောင် ကားစောင့်နေတာကြာပြီ "

အစ်ကိုလေးက သူတို့နှစ်ယောက်ကို ချန်ထားခဲ့ပြီး ကားထားရာနေရာသို့ ထွက်သွား၏။

" လာ ပြန်ရအောင် မို "

လရောင်ကလည်း မို့လက်ကိုဆွဲခေါ်ပြီး အစ်ကိုလေးနောက် အမီလိုက်သည်။ အစ်ကိုလေးက သူ့ကို လရောင်နှင့် ကင်းကင်းနေဖို့ မှာထားသည်ကို သူကအခုတော့ အမှားလုပ်လိုက်မိပြီ။ အစ်ကိုလေးက သူ့ကိုအစကတည်းကမှ တစ်မျိုးတစ်မည်ထင်ချင်နေရသည့်အထဲ လရောင်က သူ့ကိုဒီလိုလာလုပ်တော့ အစ်ကိုလေးကပိုပြီး စိတ်ကွက်သွားပြီပေါ့။

ကားပေါ်ရောက်တော့လည်း လရောင်က အစ်ကိုလေးကိုခေါင်းခန်းမှာ သွားထိုင်ခိုင်းပြီး မို့ကို သူနှင့်အနောက်မှာ ထိုင်ခိုင်းသည်။ အခုချိန်ထိ မို့လက်တွေကို မလွှတ်ပေးသေး။ကားထွက်သွားသည်အထိ မို့လက်တွေကို ပေါင်ပေါ်တင်ပြီး ဆုပ်ကိုင်ထားတုန်း။ အစ်ကိုလေးက အရှေ့မှန်မှ မျက်ခုံးများတွန့်ချိုးပြီး မို့ကိုကြည့်နေသည်။ လရောင်ကတော့ မသိရှာ ပြုံးပျော်လို့။ မို့မှာ ဒီညီအစ်ကိုနှစ်ယောက်ကြားထဲ ပျောက်ကွယ်သွားချင်မိတော့သည်။

"ကျွန်တော်ထွက်သွားတဲ့ ၅နှစ်အတွင်း ပြင်ဦးလွင်မြို့ကြီးက အရင်အတိုင်းပဲဗျာ.... ဘာမှမပြောင်းလဲဘူး.... ပြောင်းလဲသွားတာကတော့ ထွက်သွားတဲ့ ကျွန်တော်အတော်ချောလာတာပဲ ဟီးဟီးး "

သူပြောလိုက်သည့်စကားကို အစ်ကိုလေးကလည်း ဘာမှဝင်မထောက်၊ မရယ်မို့လို့ လရောင်ကတိတ်ဆိတ်နေသည့်ကားပေါ်က အခြေအနေကြောင့် မိုနှင့် အစ်ကိုလေးကို တစ်လှည့်စီကြည့်၏။ အစ်ကိုလေးမျက်လုံးများက လရောင်ဆုပ်ကိုင်ထားသောလက်ပေါ်မှာ မိုကလည်း လက်ကို နည်းနည်းရုန်းလိုက်တော့ လရောင်က သူကိုင်ထားမိသောမို့လက်ကို သတိထားမိသွား၍ အသာတကြည်လွှတ်ပြောပြီး ပြောလာ၏။

" မို့ လက်လေးတွေက နူးညံ့ပြီး ကိုင်လို့ကောင်းလို့ ငါယောင်ပြီး ကိုင်ထားမိတာပါ sorry  "

"ရပါတယ် လရောင်" 

မိုဟိုဘက်နည်းနည်းတိုးထိုင်လိုက်ပြီး မှန်ပြတင်းပေါက်အပြင်ဘက်က ရှုခင်းတွေကို ငေးမောကြည့်ရှုရင်း လိုက်ပါလာခဲ့သည်။

အိမ်ရောက်တော့လည်း အစ်ကိုလေးက စကားသိပ်မပြော

" ညီ ခရီးဝေးက ပြန်လာတာဆိုတော့ သွားနားတော့ ညကျမှ အေးဆေးစကားပြောရတာပေါ့...."

"ဟုတ်ကဲ့ ကိုကြီး"

"မို ငါ့အခန်းထဲလိုက်ခဲ့ပါလား... မင်းကို ငါပြစရာရှိတယ်..."

"ဟို ငါလုပ်စရာရှိသေးတယ်...."

"ညီ မို့ကို ကိုကြီးခိုင်းစရာရှိတယ်။ ညီ ဒီနေ့တော့ နားလိုက်ပါ။"
ပြောပြီး အစ်ကိုလေးက သူ့အခန်းထဲတန်းဝင်သွားသည်။

လရောင်ကတော့ မို့ကို မျက်နှာငယ်နှင့် ဆူပုတ်ပြီး ကြည့်နေသည်။ မိုလည်း လရောင်ကိုပြုံးပြပြီး အစ်ကိုလေး အခန်းထဲကို ဝင်သွားလိုက်သည်။

" အစ်ကိုလေး ကျွန်တော့်ကို"

မို ဆက်ပြောမည့်စကားများလေထဲမှာပင် ပျောက်သွားသည်။ မို အချိန်မှားဝင်လာမိပြန်ပြီနှင့် တူသည်။ အစ်ကိုလေးက သူ့အင်္ကျီများကိုချွတ်နေရာမှ မို့အသံကြား၍ လှည့်ကြည့်လာသည်။ မို ပြန်ထွက်သွားရကောင်းနိုးစဉ်းစားနေမိသည်။ ယောကျာ်းတစ်ယောက်က တခြားယောကျာ်းတစ်ယောက်ရှေ့မှာ အဝတ်အစားလဲတာဟာ ဆန်းတဲ့အလုပ်မဟုတ်ပေမယ့် သူက အစ်ကိုလေးအပေါ်မှာရိုးသားသူမဟုတ်ကြောင်း အစ်ကိုလေးကလည်း သိရှိထားသူဖြစ်၏။ ဟိုတစ်ခါ အရက်မူးတဲ့ ညကတောင် အင်္ကျီကြယ်သီးချွတ်ပေးတာကို အထင်လွဲပြီး ဆွဲထိုးခံလိုက်ရသေးသည် မဟုတ်လား။

"ဘာရပ်လုပ်နေတာလဲ...   အနားလာလေ ဘာပြောမလို့လဲ.....  ဘာလဲ ငါအင်္ကျီလဲတာ လာကြည့်တာလား...."

" အာ မဟုတ်ဘူး.... အစ်ကိုလေး ကျွန်တော့်ကို ခိုင်းစရာရှိတယ်ဆိုလို့ "

"အော် အဲ့တာက လရောင်ရှေ့မို့ပြောလိုက်တာလေ..... မဟုတ်ရင် မင်း ငါ့ညီအနားက မခွာတော့ဘူးမဟုတ်လား "

"ဗျာ အဲ့လိုမဟုတ်ပါဘူး ကျွန်တော် အစ်ကိုလေးပြောသလို သူနဲ့ကင်းကင်းရှင်းရှင်းနေတာပဲလေ။ သူကသာ ကျွန်တော့်ကို "

"မင်းပြောချင်တာက ငါ့ညီကပဲ မင်းကို လိုက်ကပ်နေတယ်လို့ ဆိုလိုချင်တာလား..."

"အဲ့လိုလည်း မဟုတ်ပါဘူး "

"ထားတော့... ထားတော့... နောက်တစ်ခါ မင်းကို သူ့အနားမှာ ထပ်မတွေ့ချင်ဘူးနော် "

"ဟုတ်ကဲ့... ကျွန်တော် အတတ်နိုင်ဆုံးရှောင်ပါ့မယ် "

"အင်း"

သူအစ်ကိုလေးအခန်းထဲမှအထွက် လရောင်က အစ်ကိုလေးအခန်းဝမှာ မတ်တတ်ရပ်နေတာ တွေ့ရသည်။ စောနအစ်ကိုလေးနှင့်သူတို့၏​စကားသံများကို လရောင်ကြားသွားပြီလားမသိပါ။ လရောင်က အစ်ကိုလေး အခန်းထဲဝင်သွားသည်။

ညနေစာ ထမင်းဝိုင်းတွင်လည်း တိတ်ဆိတ်နေခဲ့သည်။ လရောင်က အစ်ကိုလေးဘေးနား၌ ကပ်ရပ်နေသော မို့ကို တစ်ချက်တစ်ချက်မော့ကြည့်နေ၍ အစ်ကိုလေးကလည်း လရောင်၏မျက်ဝန်းများကို အကဲခတ်နေ၏။

" မို ထမင်း တစ်ခါတည်းဝင်စားလိုက်ပါလား"

"ဟင့်အင်း ငါမဆာသေးဘူး "

"အင်း အဲ့တာဆို ငါ့ကို ဒီပုစွန်ထုပ်ကြီးတွေ အခွံခွာပေး ရော့ ဒီမှာလာထိုင်"

ဘေးနားက ခုံကို ပုတ်ပြပြီး ပြောနေသောလရောင်ကြောင့် မိုအကျပ်ရိုက်ပြန်ပြီ။ မသွားလို့လည်းမကောင်း၊ သွားပြန်ရင်လည်း အစ်ကိုလေးက သူ့ကို ဆူဦးမည်။

"ညီ မင်းက ဖိလစ်ပိုင်ထိ ဘွဲ့သွားယူလာပြီး ပုစွန်လေးတောင်မခွာတတ်ဘူးလားကွာ "

"ဟာ ကိုကြီးကလည်း ကျောင်းမှာ ပုစွန်ခွာတဲ့ သင်ခန်းစာမှ မသင်ဘဲ "

"မို မင်းလုပ်စရာရှိတာသွားလုပ်တော့ ညီ မင်းလည်း ကိုယ့် ပုစွန်ကိုယ်ခွာ"

အစ်ကိုလေးက ဝင်ပြောတော့မှ သူလည်း ကြားထဲက အသက်ရှူချောင်ရပြီး အစ်ကိုလေးတို့နားမှထွက်သွားလိုက်သည်။

© အမရာခွန်း (Ten),
книга «The Star Of Mo».
Коментарі