Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-1
(Zawgyi)

ေဆာင္းရာသီ၏သေကၤတတစ္ခုျဖစ္ေသာ ႏွင္းစက္ေတြႏွင့္ စို႐ႊဲေနသည့္ျဖဴေဖ်ာ့ေဖ်ာ့ေကာင္ေလးတစ္ေယာက္ မို......
အသံမထြက္တတ္ေသးသည့္ ခံစားခ်က္ေတြနဲ႔ေတာင္ မိုဟာ သခင္ျဖစ္သူ၏ အမိန႔္ကို နာခံေနတုန္းပါ။ မႈန္ဝါးဝါးအတိတ္ေတြေၾကာင့္ ပထမဆုံးခ်စ္မိသူရဲ႕ အမုန္းတရားေတြေအာက္မွာ ေပါက္ဖြားလာတဲ့ ခံစားခ်က္ဟာ မႈိင္းညိဳ႕ေနခဲ့ၿပီ။ မိုဟာ သူ႔ရဲ႕ ရာသီဥတုေလးကို သူမပိုင္ပါဘူး။ မို လူမွန္းသိတတ္စအ႐ြယ္ကတည္းက ၿပီးျပည့္စုံတဲ့ ၾကယ္ေလးတစ္လုံးကို သူေငးေမာၾကည့္ရင္း အခ်ိန္ေတြကုန္ဆုံးခဲ့သည္။ ၾကယ္ေလးက သူ႔အတြက္ ထြန္းလင္းေနတာမဟုတ္မွန္းသိေပမယ့္ သူက ဒီၾကယ္ေလးရဲ႕ အေရာင္အဝါေအာက္မွာ သူကိုယ္သူေတာက္ပေနတယ္လို႔ ခံစားေနရတုန္းပါ။

"အန္ကယ္ သူ႔ကို အထဲျပန္ဝင္ခိုင္းလို႔ရၿပီ "

မွန္ျပတင္းေပါက္ကေန မိုဆိုတဲ့ ေကာင္ေလးတစ္ေယာက္ကိုၾကည့္ရင္း အေတြးမ်ားေနေသာ အိမ္ေတာ္ထိန္းဦးထြန္းတင္သည္ သခင္ေလးသက္တံ့၏ အမိန႔္သံၾကားသည္ႏွင့္ အိမ္မႀကီးတံခါးကို အျမန္ဖြင့္လိုက္ၿပီး ထီးတစ္လတ္ျဖင့္ ၿခံထဲဆင္းေျပးေတာ့သည္။

" မို မင္းကို မင္းအစ္ကိုေလးက အိမ္ေပၚတက္ေတာ့တဲ့ "

မွိတ္ထားေသာမ်က္ခြံမ်ားက ပြင့္လာေတာ့ မီးခိုးေရာင္မ်က္ဝန္းမ်ား၏အလွဟာ ဘာနဲ႔မွႏႈိင္းယွဥ္မရ။ ခ်မ္းေအးမႈေၾကာင့္ မို႔လက္ေခ်ာင္းျဖဴျဖဴေလးရွိ အေရျပားမ်ားက တြန႔္ေနၿပီ။ ရွပ္အျဖဴဟုယူဆရေသာ ဝါညစ္ညစ္အက်ႌပါးေလးက ျပင္ဦးလြင္၏ခ်မ္းေအးမႈကို မည္သို႔မွ်မခံႏိုင္၊ ခႏၶာကိုယ္ဟာ တဆတ္ဆတ္တုန္ရီေနၿပီျဖစ္၏။ ႏွဖူးေပၚဆင္းက်ေနသည့္ ဆံပင္ေအာက္ရွိ မ်က္သားေတြကလည္း ရဲေန၏။ ႏွာတံထင္းထင္းႏွင့္ မို႔မွာထူသေယာင္ရွိသည့္ ႏႈတ္ခမ္းတစ္စုံ ပိုင္ဆိုင္ထား၏။ မတ္တတ္ထရပ္လိုက္ေသာအခါ မ်က္ႏွာရွည္ရွည္ပါးပါးႏွင့္ မိုဟာအရပ္ကလည္း ၅'၈"ေလာက္ရွိ၏။ အိမ္ေတာ္ထိန္းေတာင္ ေမာ့ၾကည့္ရသည္ အထိ မိုဟာ အရပ္ရွည္ပါသည္။  မိုဟာ သန္မာသည့္အထဲပါသည့္ ေကာင္ေလးတစ္ေယာက္ပါ။ အိမ္ေတာ္ထိန္းကိုပင္ ဘာမွျပန္မေျပာသြားဘဲ အိမ္ထဲသို႔ေျခလွမ္းခပ္ျမန္ျမန္ျဖင့္ ဝင္သြားသည္။ အေနာက္ကေနလိုက္သြားေတာ့ မီးဖိုခန္းဘက္ကို အေျပးဝင္သြားေသာ ေကာင္ေလးကို ျမင္လိုက္ရ၏။

" အစ္ကိုေလး ကြၽန္ေတာ္ ညေနက"

"ေတာ္ၿပီ မင္းမေျပာနဲ႔ေတာ့ ေသာက္ေျခာက္ေကာင္ ငါနဲ႔ မ်က္ႏွာခ်င္းမဆိုင္မိေအာင္ေန "

မိုသည္ အစ္ကိုေလးစိတ္ေက်နပ္သည္အထိ ေတာင္းပန္ရန္အလို႔ငွာ ၾကမ္းျပင္ေပၚဒူးေထာက္ခ်လိုက္၏။

" အစ္ကိုေလး ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ကြၽန္ေတာ့္ကို အဲ့လိုေတာ့ မရက္စက္ပါနဲ႔ဗ်ာ"

သူ႔ဒူး၂ဖက္ကိုဖက္ထားေသာ မိုအား သက္တံ့ေသြးသည္ ကန္ထုတ္လိုက္၏။

"ေဟ်ာင့္ သြားလို႔ ေျပာေနတယ္ေလ ငါမင္းမ်က္ႏွာမျမင္ခ်င္ဘူး က်က္သေရတုန္းတယ္ "

အစ္ကိုေလး၏စကားမ်ားသည္ မို၏ ႏွလုံးသားကို အမ်ားႀကီးနာက်င္ေစသည္မို႔ မီးဖိုေခ်ာင္ခန္းထဲက ေျပးအထြက္အေပါက္ဝ၌ ဦးထြန္းနဲ႔ ထပ္ေတြ႕ျပန္သည္။ ဦးထြန္း၏အၾကည့္ေတြမွာ သူ႔အေပၚစိတ္မေကာင္းျဖစ္ဟန္ေတြအမ်ားႀကီးပါသည္။ သူအခုခ်ိန္ဘယ္သူ႔ကိုမွ ရင္မဆိုင္ရဲ၍ ထိုေနရာမွ အျမန္ေျပးထြက္ခဲ့သည္။

" သား သက္တံ့ ေကာင္ေလးက အခုဆို အေတာ္သနားဖို႔ေကာင္းေနပါၿပီကြာ "

ညအိပ္ဝတ္စုံၾကက္ေသြးေရာင္ကို ရင္ဘတ္ေတြဟၿပီးဝတ္ထားေသာ သက္တံ့ဟာ ဘီယာခြက္မွအၾကည့္မဖယ္ သူအနားမွာရွိေနသည္ကိုပင္ အဖက္မလုပ္။ အသားညိဳညိဳ၊ ရင္အုပ္က်ယ္က်ယ္ႏွင့္ သက္တံ့ေသြးဟာ ညိဳေခ်ာလို႔ေျပာ၍ ရေသာ လူငယ္ေလးပင္။ မိုႏွင့္ဆို အသက္၂ႏွစ္ေလာက္ပဲကြာေသာ္လည္း သက္တံ့က မိုထက္အရပ္အနည္းငယ္ျမင့္ၿပီး လူႀကီးတစ္ေယာက္ပုံစံဖမ္းတတ္ၿမဲ။ ကႀကီးပုံႏွဖူးက်ယ္က်ယ္ကို ထင္းေနေအာင္ ဆံပင္မ်ားအား သပ္တင္ထားသည္။

" အန္ကယ္လည္း ညနက္ေနၿပီေလ မအိပ္ေသးဘူးလား "

" အင္း အဲ့တာဆို အန္ကယ္သြားအိပ္ေတာ့မယ္ "

" အြန္း"

သူထသြားသည္အထိ ဘီယာခြက္ကိုသာ အာ႐ုံေရာက္ေနေသာ သက္တံ့ေသြးဟာ အၿမဲခံစားခ်က္မဲ့ေနခဲ့သည္။

မိဘႏွစ္ပါးဆုံးပါးသြားကတည္းက သက္တံ့သည္ ႏိုင္ငံျခားမွာ ေက်ာင္းသြားတက္ေနတဲ့ သူ႔ညီလေရာင္အတြက္ အလုပ္ေတြကို အဆက္မျပတ္လုပ္ေနခဲ့သည္။ သူ ၁၀ႏွစ္အ႐ြယ္မွာ ဖခင္ဟာ အမ်ိဳးသမီးတစ္ေယာက္ကို သနား၍ အိမ္အကူအျဖစ္ေခၚလာခဲ့၏။ အိမ္မွာ အေစခံေတြဟာ မေရမတြက္ႏိုင္ေအာင္ရွိပါသည္။ ဒီလို အိမ္ကိစၥေတြမွာ ပါဝင္မပတ္သတ္တတ္တဲ့ ဖခင္ဟာ အထူးအဆန္းအမ်ိဳးသမီးတစ္ေယာက္ကို ေခၚလာခဲ့သည့္ေန႔မွစ မိခင္ႏွင့္ အၿမဲတမ္းရန္ျဖစ္စကားမ်ားခဲ့သည္။ မိဘႏွစ္ေယာက္ကရန္ျဖစ္ေနၾကေတာ့ သားသမီးမ်ားကလည္း စိတ္ဆင္းရဲခဲ့ရသည္။ ေနာက္က် အဲ့မိန္းမနဲ႔ သူ႔ဖခင္ ေဖာက္ျပန္ေနတာကို သူ႔အေမရာ လက္ပူးလက္ၾကပ္မိခဲ့ခ်ိန္ ေဒါသႀကီးလြန္းသည့္သူ႔အေမဟာ ေယာက်္ားေရာ ေယာက်္ားႏွင့္ ေဖာက္ျပန္ေသာ အဲ့ဒီမိန္းမပါ သတ္ၿပီး ေထာင္ထဲဝင္သြားခဲ့သည္။

ထိုအခ်ိန္မွစ၍ သက္တံ့ဟာ သူတို႔မိသားစုကို ၿဖိဳခြဲခဲ့တဲ့ အဲ့ဒီမိန္းမကို ေသေလာက္ေအာင္မုန္းခဲ့သည္။ ကံတရားဟာ သူ႔ဘက္ကို မ်က္ႏွာသာေပးခဲ့၏။ အဲ့မိန္းမမွာ အျခားေယာက်္ားတစ္ေယာက္နဲ႔ ရထားတဲ့ သားတစ္ေယာက္က်န္ခဲ့သည္တဲ့။ ၾကားၾကားခ်င္း သက္တံ့က ထိုေကာင္ေလးကို တာဝန္ယူေပးမည္ဟုေျပာၿပီး ေမြးစားခဲ့သည္။ ထိုေကာင္ေလးကို သူႏွိပ္စက္ခဲ့သည္။ ထိုေကာင္ေလး၏အေမဆီမွ အေမြရထားတဲ့မီးခိုးေရာင္မ်က္ဝန္းေတြက သက္တံ့၏နာက်င္မႈေတြကို အခ်ိန္တိုင္းလိုလို ထိုးစြေပးေနခဲ့တာမို႔ သူ ဒီေကာင္ေလးကို မိန္းမယုတ္၏သားဟု အၿမဲေခၚခဲ့သည္။

သူႏွိပ္စက္ခဲ့သည္။ ငယ္ငယ္ကဆို ေက်ာကုန္းျဖဴျဖဴေပၚမွာ အရႈိးရာေတြ ထင္ေလာက္သည့္အထိ သူ႐ိုက္ႏွက္ခဲ့ဖူး၏။ သူ႔ႏွလုံးသားကို နာက်င္ေစခဲ့တဲ့ မိန္းမ၏သားကို နည္းမ်ိဳးစုံျဖင့္ ျပန္နာက်င္ေစခဲ့၏။

" မို မင္းကို ငါ ဘဝအဆက္ဆက္မုန္းေနဦးမွာ "

ဘီယာခြက္ကို လက္ကခ်ၿပီး ညေနက ထိုေကာင္ေလးႏႈတ္ခမ္းႏွင့္ ထိကပ္ခဲ့သည့္ သူ႔ႏႈတ္ခမ္းမ်ားကို နာနာက်င္က်င္ လက္ဖမိုးျဖင့္ ဖိသုတ္ခ်လိုက္သည္။

ညေနခင္းသူအိပ္ေနခ်ိန္ ထိုေကာင္ေလးက သူ႔အခန္းထဲဝင္လာၿပီး သူ႔ႏႈတ္ခမ္းေတြကို ဖိကပ္နမ္းသြားခဲ့သည္။ လူကမွိန္းေနတာမို႔ အသိကဝင္ေနခဲ့သည္။ ခ်က္ခ်င္းတြန္းထုတ္လိုက္ၿပီး ထိုေကာင္ေလးရဲ႕မ်က္ႏွာကို သုံးေလးခ်က္ေလာက္ ဆြဲထိုးလိုက္ၿပီး

"မင္း ဘာလုပ္တာလဲ "

" ဟို အစ္ကိုေလး ကြၽန္ေတာ္ "

"သြား အိမ္အျပင္မွာ ဒူးေထာက္ေန"

မ်က္ရည္အဝိုင္းသားႏွင့္ ေျပးထြက္သြားေသာ မို......
ညေရာက္လို႔သတိရၿပီး အိမ္ေအာက္ဆင္းၾကည့္မွ အိမ္အျပင္မွာ ဒူးေထာက္လ်က္သား ရွိေနေသးသည္။

ဘာအေၾကာင္းမွ ဆက္မေတြးခ်င္ေတာ့၍ မီးဖိုေဆာင္မီးကို ပိတ္လိုက္ၿပီး အခန္းထဲဝင္လာလိုက္သည္။

မိုလို႔ေခၚတဲ့ ကြၽန္ေတာ္က ခပ္ညံ့ညံ့ေကာင္ေလးတစ္ေယာက္ေပါ့။ အစ္ကိုေလးရဲ႕ကြၽန္တစ္ေယာက္အျဖစ္ ျဖစ္တည္ခဲ့တာဟာ ႏွစ္ေပါင္း၁၅ႏွစ္ေက်ာ္ခဲ့ၿပီ။ မိခင္ဆုံးၿပီးကတည္းက အေဒၚတစ္ေယာက္လက္ထဲမွာ ဘဝက ေပေတေလလြင့္ရင္း ရွင္သန္ေနခဲ့တာ။ ပညာမသင္ေပးႏိုင္ေပမယ့္ အေဒၚက ထမင္းေတာ့ေကြၽးထားခဲ့သည္။ လအနည္းငယ္ၾကာေတာ့ အစ္ကိုေလးက သူ႔ကို ေမြးစားခဲ့သည္။ဘြဲ႕ရသည္အထိ  ေက်ာင္းထားေပးခဲ့သည္။ ဒီအိမ္ကို စစေရာက္ျခင္းကဆို အသိအမွတ္ျပဳသူမရွိတဲ့ လြမ္းဆြတ္မႈေတြနဲ႔ အၿမဲတေစေလးလံရႈပ္ေထြးေနတဲ့ ေကာင္ေလးတစ္ေယာက္ပါပဲ။ အစ္ကိုေလးကို မျမင္ခင္အခ်ိန္ထိေပါ့။ အစ္ကိုေလးက သူ႔အတြက္  ဒုတိယအႀကိမ္အသက္ဆက္ရွင္ဖို႔ အေၾကာင္းျပခ်က္ေလးေလ။  အစ္ကိုေလးရဲ႕ အမုန္းေတြေအာက္မွာ ရွင္သန္ခဲ့တဲ့ သူ႔အခ်စ္ေတြေၾကာင့္ အကိုေလး သူ႔အေပၚ အႏိုင္က်င့္သမွ် ၊ ဆိုးသမွ်ကို သည္းခံေပးခဲ့သည္။ အသက္ဆက္ရွင္ေနရတဲ့အေၾကာင္းအရင္းက အစ္ကိုေလးမို႔ ေနာက္ဆုံးခ်ိန္ထိ ဒီလိုအႏိုင္က်င့္ခံရမႈေတြႏွင့္သာ ရွင္သန္သြားခ်င္ခဲ့သည္။ ညတိုင္းအစ္ကိုေလးအေၾကာင္းေတြးၿပီး အသည္းကြဲသီခ်င္းေတြ ခပ္တိုးတိုးညည္းဆိုရင္း အစ္ကိုေလးေပးသည့္ အထိအရွေတြနဲ႔ နာက်င္မႈေတြအား ျပန္ဆြေနခဲ့၏။

(Unicode)

ဆောင်းရာသီ၏သင်္ကေတတစ်ခုဖြစ်သော နှင်းစက်တွေနှင့် စိုရွှဲနေသည့်ဖြူဖျော့ဖျော့ကောင်လေးတစ်ယောက် မို......
အသံမထွက်တတ်သေးသည့် ခံစားချက်တွေနဲ့တောင် မိုဟာ သခင်ဖြစ်သူ၏ အမိန့်ကို နာခံနေတုန်းပါ။ မှုန်ဝါးဝါးအတိတ်တွေကြောင့် ပထမဆုံးချစ်မိသူရဲ့ အမုန်းတရားတွေအောက်မှာ ပေါက်ဖွားလာတဲ့ ခံစားချက်ဟာ မှိုင်းညို့နေခဲ့ပြီ။ မိုဟာ သူ့ရဲ့ ရာသီဥတုလေးကို သူမပိုင်ပါဘူး။ မို လူမှန်းသိတတ်စအရွယ်ကတည်းက ပြီးပြည့်စုံတဲ့ ကြယ်လေးတစ်လုံးကို သူငေးမောကြည့်ရင်း အချိန်တွေကုန်ဆုံးခဲ့သည်။ ကြယ်လေးက သူ့အတွက် ထွန်းလင်းနေတာမဟုတ်မှန်းသိပေမယ့် သူက ဒီကြယ်လေးရဲ့ အရောင်အဝါအောက်မှာ သူကိုယ်သူတောက်ပနေတယ်လို့ ခံစားနေရတုန်းပါ။

"အန်ကယ် သူ့ကို အထဲပြန်ဝင်ခိုင်းလို့ရပြီ "

မှန်ပြတင်းပေါက်ကနေ မိုဆိုတဲ့ ကောင်လေးတစ်ယောက်ကိုကြည့်ရင်း အတွေးများနေသော အိမ်တော်ထိန်းဦးထွန်းတင်သည် သခင်လေးသက်တံ့၏ အမိန့်သံကြားသည်နှင့် အိမ်မကြီးတံခါးကို အမြန်ဖွင့်လိုက်ပြီး ထီးတစ်လတ်ဖြင့် ခြံထဲဆင်းပြေးတော့သည်။

" မို မင်းကို မင်းအစ်ကိုလေးက အိမ်ပေါ်တက်တော့တဲ့ "

မှိတ်ထားသောမျက်ခွံများက ပွင့်လာတော့ မီးခိုးရောင်မျက်ဝန်းများ၏အလှဟာ ဘာနဲ့မှနှိုင်းယှဥ်မရ။ ချမ်းအေးမှုကြောင့် မို့လက်ချောင်းဖြူဖြူလေးရှိ အရေပြားများက တွန့်နေပြီ။ ရှပ်အဖြူဟုယူဆရသော ဝါညစ်ညစ်အင်္ကျီပါးလေးက ပြင်ဦးလွင်၏ချမ်းအေးမှုကို မည်သို့မျှမခံနိုင်၊ ခန္ဓာကိုယ်ဟာ တဆတ်ဆတ်တုန်ရီနေပြီဖြစ်၏။ နှဖူးပေါ်ဆင်းကျနေသည့် ဆံပင်အောက်ရှိ မျက်သားတွေကလည်း ရဲနေ၏။ နှာတံထင်းထင်းနှင့် မို့မှာထူသယောင်ရှိသည့် နှုတ်ခမ်းတစ်စုံ ပိုင်ဆိုင်ထား၏။ မတ်တတ်ထရပ်လိုက်သောအခါ မျက်နှာရှည်ရှည်ပါးပါးနှင့် မိုဟာအရပ်ကလည်း ၅'၈"လောက်ရှိ၏။ အိမ်တော်ထိန်းတောင် မော့ကြည့်ရသည် အထိ မိုဟာ အရပ်ရှည်ပါသည်။  မိုဟာ သန်မာသည့်အထဲပါသည့် ကောင်လေးတစ်ယောက်ပါ။ အိမ်တော်ထိန်းကိုပင် ဘာမှပြန်မပြောသွားဘဲ အိမ်ထဲသို့ခြေလှမ်းခပ်မြန်မြန်ဖြင့် ဝင်သွားသည်။ အနောက်ကနေလိုက်သွားတော့ မီးဖိုခန်းဘက်ကို အပြေးဝင်သွားသော ကောင်လေးကို မြင်လိုက်ရ၏။

" အစ်ကိုလေး ကျွန်တော် ညနေက"

"တော်ပြီ မင်းမပြောနဲ့တော့ သောက်ခြောက်ကောင် ငါနဲ့ မျက်နှာချင်းမဆိုင်မိအောင်နေ "

မိုသည် အစ်ကိုလေးစိတ်ကျေနပ်သည်အထိ တောင်းပန်ရန်အလို့ငှာ ကြမ်းပြင်ပေါ်ဒူးထောက်ချလိုက်၏။

" အစ်ကိုလေး ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကို အဲ့လိုတော့ မရက်စက်ပါနဲ့ဗျာ"

သူ့ဒူး၂ဖက်ကိုဖက်ထားသော မိုအား သက်တံ့သွေးသည် ကန်ထုတ်လိုက်၏။

"ဟျောင့် သွားလို့ ပြောနေတယ်လေ ငါမင်းမျက်နှာမမြင်ချင်ဘူး ကျက်သရေတုန်းတယ် "

အစ်ကိုလေး၏စကားများသည် မို၏ နှလုံးသားကို အများကြီးနာကျင်စေသည်မို့ မီးဖိုချောင်ခန်းထဲက ပြေးအထွက်အပေါက်ဝ၌ ဦးထွန်းနဲ့ ထပ်တွေ့ပြန်သည်။ ဦးထွန်း၏အကြည့်တွေမှာ သူ့အပေါ်စိတ်မကောင်းဖြစ်ဟန်တွေအများကြီးပါသည်။ သူအခုချိန်ဘယ်သူ့ကိုမှ ရင်မဆိုင်ရဲ၍ ထိုနေရာမှ အမြန်ပြေးထွက်ခဲ့သည်။

" သား သက်တံ့ ကောင်လေးက အခုဆို အတော်သနားဖို့ကောင်းနေပါပြီကွာ "

ညအိပ်ဝတ်စုံကြက်သွေးရောင်ကို ရင်ဘတ်တွေဟပြီးဝတ်ထားသော သက်တံ့ဟာ ဘီယာခွက်မှအကြည့်မဖယ် သူအနားမှာရှိနေသည်ကိုပင် အဖက်မလုပ်။ အသားညိုညို၊ ရင်အုပ်ကျယ်ကျယ်နှင့် သက်တံ့သွေးဟာ ညိုချောလို့ပြော၍ ရသော လူငယ်လေးပင်။ မိုနှင့်ဆို အသက်၂နှစ်လောက်ပဲကွာသော်လည်း သက်တံ့က မိုထက်အရပ်အနည်းငယ်မြင့်ပြီး လူကြီးတစ်ယောက်ပုံစံဖမ်းတတ်မြဲ။ ကကြီးပုံနှဖူးကျယ်ကျယ်ကို ထင်းနေအောင် ဆံပင်များအား သပ်တင်ထားသည်။

" အန်ကယ်လည်း ညနက်နေပြီလေ မအိပ်သေးဘူးလား "

" အင်း အဲ့တာဆို အန်ကယ်သွားအိပ်တော့မယ် "

" အွန်း"

သူထသွားသည်အထိ ဘီယာခွက်ကိုသာ အာရုံရောက်နေသော သက်တံ့သွေးဟာ အမြဲခံစားချက်မဲ့နေခဲ့သည်။

မိဘနှစ်ပါးဆုံးပါးသွားကတည်းက သက်တံ့သည် နိုင်ငံခြားမှာ ကျောင်းသွားတက်နေတဲ့ သူ့ညီလရောင်အတွက် အလုပ်တွေကို အဆက်မပြတ်လုပ်နေခဲ့သည်။ သူ ၁၀နှစ်အရွယ်မှာ ဖခင်ဟာ အမျိုးသမီးတစ်ယောက်ကို သနား၍ အိမ်အကူအဖြစ်ခေါ်လာခဲ့၏။ အိမ်မှာ အစေခံတွေဟာ မရေမတွက်နိုင်အောင်ရှိပါသည်။ ဒီလို အိမ်ကိစ္စတွေမှာ ပါဝင်မပတ်သတ်တတ်တဲ့ ဖခင်ဟာ အထူးအဆန်းအမျိုးသမီးတစ်ယောက်ကို ခေါ်လာခဲ့သည့်နေ့မှစ မိခင်နှင့် အမြဲတမ်းရန်ဖြစ်စကားများခဲ့သည်။ မိဘနှစ်ယောက်ကရန်ဖြစ်နေကြတော့ သားသမီးများကလည်း စိတ်ဆင်းရဲခဲ့ရသည်။ နောက်ကျ အဲ့မိန်းမနဲ့ သူ့ဖခင် ဖောက်ပြန်နေတာကို သူ့အမေရာ လက်ပူးလက်ကြပ်မိခဲ့ချိန် ဒေါသကြီးလွန်းသည့်သူ့အမေဟာ ယောကျ်ားရော ယောကျ်ားနှင့် ဖောက်ပြန်သော အဲ့ဒီမိန်းမပါ သတ်ပြီး ထောင်ထဲဝင်သွားခဲ့သည်။

ထိုအချိန်မှစ၍ သက်တံ့ဟာ သူတို့မိသားစုကို ဖြိုခွဲခဲ့တဲ့ အဲ့ဒီမိန်းမကို သေလောက်အောင်မုန်းခဲ့သည်။ ကံတရားဟာ သူ့ဘက်ကို မျက်နှာသာပေးခဲ့၏။ အဲ့မိန်းမမှာ အခြားယောကျ်ားတစ်ယောက်နဲ့ ရထားတဲ့ သားတစ်ယောက်ကျန်ခဲ့သည်တဲ့။ ကြားကြားချင်း သက်တံ့က ထိုကောင်လေးကို တာဝန်ယူပေးမည်ဟုပြောပြီး မွေးစားခဲ့သည်။ ထိုကောင်လေးကို သူနှိပ်စက်ခဲ့သည်။ ထိုကောင်လေး၏အမေဆီမှ အမွေရထားတဲ့မီးခိုးရောင်မျက်ဝန်းတွေက သက်တံ့၏နာကျင်မှုတွေကို အချိန်တိုင်းလိုလို ထိုးစွပေးနေခဲ့တာမို့ သူ ဒီကောင်လေးကို မိန်းမယုတ်၏သားဟု အမြဲခေါ်ခဲ့သည်။

သူနှိပ်စက်ခဲ့သည်။ ငယ်ငယ်ကဆို ကျောကုန်းဖြူဖြူပေါ်မှာ အရှိုးရာတွေ ထင်လောက်သည့်အထိ သူရိုက်နှက်ခဲ့ဖူး၏။ သူ့နှလုံးသားကို နာကျင်စေခဲ့တဲ့ မိန်းမ၏သားကို နည်းမျိုးစုံဖြင့် ပြန်နာကျင်စေခဲ့၏။

" မို မင်းကို ငါ ဘဝအဆက်ဆက်မုန်းနေဦးမှာ "

ဘီယာခွက်ကို လက်ကချပြီး ညနေက ထိုကောင်လေးနှုတ်ခမ်းနှင့် ထိကပ်ခဲ့သည့် သူ့နှုတ်ခမ်းများကို နာနာကျင်ကျင် လက်ဖမိုးဖြင့် ဖိသုတ်ချလိုက်သည်။

ညနေခင်းသူအိပ်နေချိန် ထိုကောင်လေးက သူ့အခန်းထဲဝင်လာပြီး သူ့နှုတ်ခမ်းတွေကို ဖိကပ်နမ်းသွားခဲ့သည်။ လူကမှိန်းနေတာမို့ အသိကဝင်နေခဲ့သည်။ ချက်ချင်းတွန်းထုတ်လိုက်ပြီး ထိုကောင်လေးရဲ့မျက်နှာကို သုံးလေးချက်လောက် ဆွဲထိုးလိုက်ပြီး

"မင်း ဘာလုပ်တာလဲ "

" ဟို အစ်ကိုလေး ကျွန်တော် "

"သွား အိမ်အပြင်မှာ ဒူးထောက်နေ"

မျက်ရည်အဝိုင်းသားနှင့် ပြေးထွက်သွားသော မို......
ညရောက်လို့သတိရပြီး အိမ်အောက်ဆင်းကြည့်မှ အိမ်အပြင်မှာ ဒူးထောက်လျက်သား ရှိနေသေးသည်။

ဘာအကြောင်းမှ ဆက်မတွေးချင်တော့၍ မီးဖိုဆောင်မီးကို ပိတ်လိုက်ပြီး အခန်းထဲဝင်လာလိုက်သည်။

မိုလို့ခေါ်တဲ့ ကျွန်တော်က ခပ်ညံ့ညံ့ကောင်လေးတစ်ယောက်ပေါ့။ အစ်ကိုလေးရဲ့ကျွန်တစ်ယောက်အဖြစ် ဖြစ်တည်ခဲ့တာဟာ နှစ်ပေါင်း၁၅နှစ်ကျော်ခဲ့ပြီ။ မိခင်ဆုံးပြီးကတည်းက အဒေါ်တစ်ယောက်လက်ထဲမှာ ဘဝက ပေတေလေလွင့်ရင်း ရှင်သန်နေခဲ့တာ။ ပညာမသင်ပေးနိုင်ပေမယ့် အဒေါ်က ထမင်းတော့ကျွေးထားခဲ့သည်။ လအနည်းငယ်ကြာတော့ အစ်ကိုလေးက သူ့ကို မွေးစားခဲ့သည်။ဘွဲ့ရသည်အထိ  ကျောင်းထားပေးခဲ့သည်။ ဒီအိမ်ကို စစရောက်ခြင်းကဆို အသိအမှတ်ပြုသူမရှိတဲ့ လွမ်းဆွတ်မှုတွေနဲ့ အမြဲတစေလေးလံရှုပ်ထွေးနေတဲ့ ကောင်လေးတစ်ယောက်ပါပဲ။ အစ်ကိုလေးကို မမြင်ခင်အချိန်ထိပေါ့။ အစ်ကိုလေးက သူ့အတွက်  ဒုတိယအကြိမ်အသက်ဆက်ရှင်ဖို့ အကြောင်းပြချက်လေးလေ။  အစ်ကိုလေးရဲ့ အမုန်းတွေအောက်မှာ ရှင်သန်ခဲ့တဲ့ သူ့အချစ်တွေကြောင့် အကိုလေး သူ့အပေါ် အနိုင်ကျင့်သမျှ ၊ ဆိုးသမျှကို သည်းခံပေးခဲ့သည်။ အသက်ဆက်ရှင်နေရတဲ့အကြောင်းအရင်းက အစ်ကိုလေးမို့ နောက်ဆုံးချိန်ထိ ဒီလိုအနိုင်ကျင့်ခံရမှုတွေနှင့်သာ ရှင်သန်သွားချင်ခဲ့သည်။ ညတိုင်းအစ်ကိုလေးအကြောင်းတွေးပြီး အသည်းကွဲသီချင်းတွေ ခပ်တိုးတိုးညည်းဆိုရင်း အစ်ကိုလေးပေးသည့် အထိအရှတွေနဲ့ နာကျင်မှုတွေအား ပြန်ဆွနေခဲ့၏။

© အမရာခွန်း (Ten),
книга «The Star Of Mo».
Коментарі