Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-4
(Zawgyi)

ညေန၄နာရီခ်ိဳျပန္သြားေတာ့ အန္ကယ္မွတစ္ဆင့္ မို႔ကို အခန္းထဲ ေခၚခိုင္းလိုက္သည္။

ေဒါက္.... ေဒါက္....

"အခန္းတံခါးက ေစ့ထားတာ ဝင္ခဲ့လို႔ရတယ္ "

အခန္းထဲကိုဝင္လာၿပီး သူ႔ေရွ႕မွာ ေတာင့္ေတာင့္ႀကီး မတ္တတ္ရပ္ေနေသာ မို....။သူေမာ့ၾကည့္လိုက္ေတာ့ မီးခိုးေရာင္မ်က္လုံးေတြ၏အၾကည့္က သူ႔ေျခဖမိုးေပၚမွာ ရွိေန၏။

" ေန႔ခင္းက မင္း ငါ့ကို ဘာအခ်ိဳးခ်ိဳးတာလဲ "

"ဗ်ာ"

မိုသည္ ထိုစကားေၾကာင့္ သူ႔မ်က္လုံးမ်ားအား အလန႔္တၾကားေမာ့ၾကည့္၏။

"ငါထမင္းစားေနတဲ့အခ်ိန္ ငါ့အနားမွာရပ္ေနဖို႔ မင္းကို ငါမေျပာထားဘူးလား "

"ေအာ္ ဟုတ္ကဲ့ပါ အစ္ကိုေလး ကြၽန္ေတာ္မွားသြားပါတယ္ ေနာက္တစ္ခါ အဲ့လို မျဖစ္ေစရပါဘူး "

"အဲ့ေတာ့ ဒီတစ္ခါကိစၥကို ငါက မင္းကို ခြင့္လႊတ္ေပးလိုက္ရမယ္လို႔ ဆိုလိုတာလား "

"ဗ်ာ.... ဟို "

"ေတာ္ေတာ့ ထားလိုက္ေတာ့ "

မို၏ေျဖရွင္းခ်က္ကို နားမေထာင္ခ်င္ေတာ့၍ လက္ကာျပကာတားလိုက္သည္။

"ေနာက္တစ္ခါအဲ့လိုမျဖစ္ေစနဲ႔ ငါ မင္းမ်က္ႏွာမျမင္ခ်င္ေတာ့ဘူး မင္း ငါ့အခန္းထဲက ထြက္သြားလို႔ရၿပီ "

မိုသည္ သူေမာင္းထုတ္လိုက္ေတာ့ အခန္းထဲမွ ေခါင္းငိုက္စိုက္၍ ျပန္ထြက္သြားသည္။

အစ္ကိုေလးက သူ႔အေပၚဘယ္အခ်ိန္မွ အျမင္ၾကည္မွာလဲ။ အစ္ကိုေလးရဲ႕ ခြင့္လႊတ္မႈကိုရဖို႔ သူရက္ေပါင္းမ်ားစြာ ေစာင့္ေနခဲ့ၿပီးၿပီ။ အစ္ကိုေလးက အနာေပးလိုက္ ေဆးေပးလိုက္လုပ္ေနသလိုပဲ။ ဒီဒဏ္ရာေတြထဲကလည္း နည္းနည္းမွေတာင္ သူ႐ုန္းမထြက္ခ်င္ပါဘူး။ အနားမွာေခၚထားၿပီး ေသရာပါမယ့္ ဒဏ္ရာေတြေပးေနတာက စြန႔္လႊတ္ခံရတာထက္ သူ႔အတြက္ပိုၿပီး နာက်င္မႈသက္သာေစသည္။ သူ႔အေပၚ ႀကိဳးရွည္ရွည္လွန္ထားေပးလို႔ အစ္ကိုေလးကို သူတကယ္ေက်းဇူးတင္မိသည္။

" မို သား အိမ္ေအာက္မွာ သားသူငယ္ခ်င္းေတြေရာက္ေနတယ္ "

"ဗ်ာ.... "

"ဟုတ္တယ္ သူငယ္ခ်င္းေတြေစာင့္ေနတယ္ ျမန္ျမန္သြားလိုက္ဦး"

"ဟုတ္ကဲ့ ဦးေလးထြန္း"

အစ္ကိုေလးအခန္းထဲမွအထြက္ ဦးေလးထြန္း၏စကားေၾကာင့္ သူေပ်ာ္သြားမိၿပီး အိမ္ေအာက္ထပ္ကိုေျပးဆင္းသြားလိုက္သည္။

"ဟာ ၿငိမ္းအိတို႔ ဘယ္ကေန ဘယ္လိုေရာက္လာၾကတာလဲ "

" ေတာ္ပါ ေကာင္စုတ္ နင္ငါတို႔ကို ပလစ္ထားၿပီးေတာ့ ငါတို႔က နင့္ဆီလိုက္လာရတာေလ "

ၿငိမ္းအိတို႔ မိန္းကေလး၄ေယာက္အဖြဲ႕သည္ ေက်ာင္း၌ သူႏွင့္ေပါင္းေဖာ္ေပါင္းဖက္ပါ။ တကၠသိုလ္ေက်ာင္းသားစျဖစ္သည္အထိ သူ႔မွာ ထူးထူးျခားျခား သူငယ္ခ်င္းဟူ၍မရွိ။ အစ္ကိုေလးကလည္း အေပါင္းအသင္းမ်ားတာ မႀကိဳက္၍ သူကလည္း မည္သူ႔ကိုမွမေခၚမေျပာ။ ေနာက္ပိုင္းက်ေတာ့ ၿငိမ္းအိတို႔ အဖြဲ႕က အတင္းလိုက္ေရာ၍ ရင္းႏွီးသြားၾကသည္။ ၿငိမ္းအိတို႔ကလည္း သူ႔ဘဝႏွင့္ သူ႔ခံစားခ်က္မ်ားကို သိထားၿပီး နားလည္လက္ခံေပးၾကသူမ်ားျဖစ္၍ သူ႔အတြက္ တကယ့္ကို သူငယ္ခ်င္းေကာင္းမ်ားျဖစ္ၾက၏။

"ေအးဟုတ္တယ္ အခုငါတို႔လာတာအေၾကာင္းရွိတယ္ "

အသံၾသၾသႏွင့္ သင္းသင္းကေတာ့ မို႔ကို အႏိုင္က်င့္ေနက်ပါ။

" ေအးဘာကိစၥလဲ။"

"နင္ငါတို႔နဲ႔ အလုပ္အတူတူမလုပ္ခ်င္ဘူးလားလို႔ "

"ေဟ"

"ေအး ေဟမေနနဲ႔ နင္ခုခ်ိန္ထိ အလုပ္မရွိေသးဘူးမလား ေနာက္၃လေနရင္ အလုပ္ဝင္ဖို႔ တစ္ခါထဲသြားေလွ်ာက္ထားမယ္ဟာ ၾကားထဲမွာ သင္တန္းတက္ၾကမယ္ေလ အလုပ္ရေတာ့ ငါတို႔အခ်ိန္ကိုက္ကြက္တိျဖစ္တာေပါ့ "

အလုပ္ဆိုေတာ့ သင္းသင္းေျပာတာမွန္သည္။ သူ႔မွာအလုပ္မရွိ။ ဘြဲ႕ရၿပီးေတာ့ သူ႔ကို အစ္ကိုေလးကလည္း ျပင္ပအလုပ္လုပ္ဖို႔ မတိုက္တြန္း။ မို႔ အလုပ္က အစ္ကိုေလးအနားမွာေနၿပီး အကိုေလးကို ျပဳစုေစာင့္ေရွာက္ရတာက အလုပ္ျဖစ္ေန၏။

"နင္တို႔ေျပာတာမွန္ေပမယ့္ ငါ့မွာ ကိုယ္ပိုင္ဆုံးျဖတ္ခြင့္မွမရွိတာဟ ငါ့အစ္ကိုေလးကို ခြင့္ေတာင္းရဦးမွာ ေနာက္ၿပီး ငါအိမ္မွာမရွိရင္ အစ္ကိုေလးရဲ႕အလုပ္ေတြကို လုပ္ေပးမဲ့သူမရွိဘူး "

"အမေလးဟယ္ ေအးပါ နင့္ေက်းဇူးရွင္ႀကီးကိုသာရေအာင္ခြင့္ေတာင္း အေျခအေနထူးရင္ ငါတို႔ကို ဖုန္းလွမ္းဆက္လိုက္ၾကားလား ငါတို႔သြားၿပီ bye bye"

"ေအးပါ ငါ့သူငယ္ခ်င္းေတြကို ဘာမွေတာင္မေကြၽးလိုက္ရဘူး "

"အခုမွ လုပ္မေနနဲ႔ ငါတို႔ကို အိမ္ေရွ႕ထိလိုက္ပို႔ "

"ဟီးဟီး "

မို ၿငိမ္းအိတို႔ကို အိမ္ေရွ႕ထိလိုက္ပို႔ၿပီး  အိမ္ထဲျပန္ဝင္လာေတာ့ အေပၚထပ္ကေန မတ္တတ္ရပ္ၿပီး မိုတို႔ကို ၾကည့္ေနသည့္ အစ္ကိုေလးေၾကာင့္ မို ေက်ာပင္ခ်မ္းသြားသည္။

~~~~~~~~

ေဒါက္.... ေဒါက္....

" ဟာ အစ္ကိုေလး"

ည၁၂နာရီခ်ိန္တြင္ မို႔အခန္းတံခါးအား လာေခါက္သံေၾကာင့္ မို အခန္းတံခါးကို ဖြင့္ေပးလိုက္ေတာ့ အခန္းဝ၌ရပ္ၿပီး သူ႔အားစိုက္ၾကည့္ေနသည့္ အစ္ကိုေလးကို ေတြ႕ရ၏။ ဒီအခ်ိန္ႀကီးထူးထူးဆန္းဆန္းအစ္ကိုေလးက သူ႔အခန္းေရွ႕ကို ေရာက္လာသည္တဲ့။

" မင္း အခန္းထဲမွာ ဘာရွိလို႔ ပိတ္ရပ္ေနတာလဲ "

"ဗ်ာ..."

"ငါဝင္လို႔မရဘူးလား "

"ဟို မဟုတ္ပါဘူး ရတယ္အစ္ကိုေလး ဝင္ပါ "

သူဖယ္ေပးလိုက္ေတာ့ သူ႔အခန္းထဲကိုဝင္သြားၿပီး ေကာ္ေဇာေပၚ၌ တစ္ေယာက္အိပ္ရန္သာခင္းထားသည့္ ဖ်ာထက္ရွိ သူခင္းထားေသာအိပ္ရာခင္းေပၚ၌ တင္ပ်ဥ္ေခြထိုင္ေနသည္။ လြန္ခဲ့သည့္ ၁၅ႏွစ္အတြင္း အစ္ကိုေလးဟာ သူရွိရာအခန္းကို သူ႔ကို႐ိုက္ခ်ိန္မွလြဲ၍ က်န္သည့္အခ်ိန္မလာတတ္ပါ။ အစ္ကိုေလးက ေဘးဘက္နရံေတြကို ေဝ့ဝဲၾကည့္ၿပီးေနာက္ သူ႔ေခါင္းအုံးေဘး၌ခ်ထားေသာ ဓာတ္ပုံကိုေကာက္ယူလိုက္၏။

" ဟင္ အစ္ကိုေလး" 

အစ္ကိုေလးေကာက္ယူလိုက္သည့္ပုံကို အစ္ကိုေလးလက္ထဲမွ သူအျမန္ဆြဲယူလိုက္သည္။

"အဲ့တာ ဘာလဲ"

"မဟုတ္ဘူး...အဲ့တာကေလ..."

"ဘာလို႔ ငါ့ပုံက မင္းဆီေရာက္ေနရတာလဲလို႔! "

အစ္ကိုေလးအသံက တျဖည္းျဖည္းမာလာ၍ မို တင္ပ်ဥ္ေခြထိုင္ေနေသာ အစ္ကိုေလးေရွ႕၌ဒူးေထာက္လိုက္ၿပီး ႏႈတ္ခမ္းသားမ်ားက တုန္လာ၏။

" ထားေတာ့ ငါလာရင္းကိစၥကို ေျပာမယ္ "

"ဟုတ္ကဲ့"

"ညေနက ေကာင္မေလးေတြက မင္းနဲ႔ ဘယ္လိုပတ္သတ္လဲ "

"ဗ်ာ ကြၽန္ေတာ့္သူငယ္ခ်င္းေတြပါ "

"ေသခ်ာလား "

"ဟုတ္ေသခ်ာပါတယ္ "

ဤအေျခအေနမွာ အေမျဖစ္သူမွ သားျဖစ္သူကို ေကာင္မေလးႏွင့္အတူ တြဲျမင္မိ၍ စစ္ေဆးေမးျမန္းေနသကဲ့သို႔ ျဖစ္ေန၏။

"ထားပါေလ ဘယ္သူေတြပဲျဖစ္ျဖစ္ ငါနဲ႔ ဘာမွမဆိုင္ပါဘူး  ဒါမဲ့ သူတို႔က ဘာကိစၥနဲ႔ ေရာက္လာၾကတာလဲ "

"ဟို အလုပ္ "

"အလုပ္ ဘာအလုပ္လဲ "

" အလုပ္အတူလုပ္ၾကဖို႔ အဲ့တာ သင္တန္းတက္ဖို႔ "

"ဟင္ မတက္ရဘူး ငါခြင့္မျပဳႏိုင္ဘူး "

"ဗ်ာ"

"မင္းက အိမ္မွာပဲ ငါ့ကြၽန္လုပ္ရမယ္ အျပင္ထြက္စရာအေၾကာင္းမရွိဘူး။ ရွင္းလား  "

"ဟုတ္ကဲ့... အစ္ကိုေလး သေဘာပါပဲ...အစ္ကိုေလးမလုပ္နဲ႔ဆို ကြၽန္ေတာ္မလုပ္ပါဘူး "

"ေအးၿပီးတာပဲ အိပ္ေတာ့ ငါသြားေတာ့မယ္ "

"ဟုတ္ကဲ့"

အခန္းထဲမွထြက္ခါနီး မို႔ကို အေနာက္ျပန္လွည့္ၾကည့္လိုက္ၿပီးမွ

"မင္း ကြန္ပ်ဴတာကိုင္တာသင္ခ်င္ရင္ ေနာက္ေန႔ငါအိမ္ကို ဆရာေခၚေပးမယ္ "

ထိုစကားေျပာၿပီး အခန္းတံခါးကို အသံက်ယ္က်ယ္ျဖင့္ ေစာင့္ပိတ္၍ ထြက္သြား၏။ အခန္းထဲ၌ က်န္ခဲ့ေသာ မို႔မွာ အသက္ရႉပင္မွားသြားၿပီလားဟု ကိုယ့္ကိုယ္ကို ထင္မိ၏။

အလုပ္မလုပ္ခိုင္းေတာ့ မႈိင္က်သြားသည့္ မီးခိုးေရာင္မ်က္ဝန္းမ်ားေၾကာင့္ ကြန္ပ်ဴတာသင္ေပးဖို႔ ဆရာေခၚေပးမည္ဟု မိမိကိုယ္တိုင္မရည္႐ြယ္ပါဘဲ ႏႈတ္မွထြက္မိသည္။ ညေနက ေကာင္မေလးေတြ ေျပာစကားကို တစ္စတစ္စၾကားေနရေသာေၾကာင့္ အေျခအေနကို နည္းနည္းေတာ့ က်က္စားမိသား။ အျပင္ေလာကကို အလုပ္ထြက္မလုပ္ေစခ်င္ အစကတည္းက တုန္းအအပုံစံမို႔ အလုပ္လုပ္လွ်င္ ျပႆနာသယ္လာမွာစိုး၍ မလုပ္ခိုင္းရျခင္း။ အနားမွာေခၚထားၿပီးသာ ႏွိပ္စက္ခ်င္သည္။ အလုပ္ အရမ္းလုပ္ခ်င္လာလွ်င္လည္း သူ႔အလုပ္ကိုသာ ဝိုင္းကူခိုင္းလိုက္မည္ဟု ရည္႐ြယ္ၿပီး ကြန္ပ်ဴတာဆရာတစ္ေယာက္ငွားေပးလိုက္သည္။

(Unicode)

ညနေ၄နာရီချိုပြန်သွားတော့ အန်ကယ်မှတစ်ဆင့် မို့ကို အခန်းထဲ ခေါ်ခိုင်းလိုက်သည်။

ဒေါက်.... ဒေါက်....

"အခန်းတံခါးက စေ့ထားတာ ဝင်ခဲ့လို့ရတယ် "

အခန်းထဲကိုဝင်လာပြီး သူ့ရှေ့မှာ တောင့်တောင့်ကြီး မတ်တတ်ရပ်နေသော မို....။သူမော့ကြည့်လိုက်တော့ မီးခိုးရောင်မျက်လုံးတွေ၏အကြည့်က သူ့ခြေဖမိုးပေါ်မှာ ရှိနေ၏။

" နေ့ခင်းက မင်း ငါ့ကို ဘာအချိုးချိုးတာလဲ "

"ဗျာ"

မိုသည် ထိုစကားကြောင့် သူ့မျက်လုံးများအား အလန့်တကြားမော့ကြည့်၏။

"ငါထမင်းစားနေတဲ့အချိန် ငါ့အနားမှာရပ်နေဖို့ မင်းကို ငါမပြောထားဘူးလား "

"အော် ဟုတ်ကဲ့ပါ အစ်ကိုလေး ကျွန်တော်မှားသွားပါတယ် နောက်တစ်ခါ အဲ့လို မဖြစ်စေရပါဘူး "

"အဲ့တော့ ဒီတစ်ခါကိစ္စကို ငါက မင်းကို ခွင့်လွှတ်ပေးလိုက်ရမယ်လို့ ဆိုလိုတာလား "

"ဗျာ.... ဟို "

"တော်တော့ ထားလိုက်တော့ "

မို၏ဖြေရှင်းချက်ကို နားမထောင်ချင်တော့၍ လက်ကာပြကာတားလိုက်သည်။

"နောက်တစ်ခါအဲ့လိုမဖြစ်စေနဲ့ ငါ မင်းမျက်နှာမမြင်ချင်တော့ဘူး မင်း ငါ့အခန်းထဲက ထွက်သွားလို့ရပြီ "

မိုသည် သူမောင်းထုတ်လိုက်တော့ အခန်းထဲမှ ခေါင်းငိုက်စိုက်၍ ပြန်ထွက်သွားသည်။

အစ်ကိုလေးက သူ့အပေါ်ဘယ်အချိန်မှ အမြင်ကြည်မှာလဲ။ အစ်ကိုလေးရဲ့ ခွင့်လွှတ်မှုကိုရဖို့ သူရက်ပေါင်းများစွာ စောင့်နေခဲ့ပြီးပြီ။ အစ်ကိုလေးက အနာပေးလိုက် ဆေးပေးလိုက်လုပ်နေသလိုပဲ။ ဒီဒဏ်ရာတွေထဲကလည်း နည်းနည်းမှတောင် သူရုန်းမထွက်ချင်ပါဘူး။ အနားမှာခေါ်ထားပြီး သေရာပါမယ့် ဒဏ်ရာတွေပေးနေတာက စွန့်လွှတ်ခံရတာထက် သူ့အတွက်ပိုပြီး နာကျင်မှုသက်သာစေသည်။ သူ့အပေါ် ကြိုးရှည်ရှည်လှန်ထားပေးလို့ အစ်ကိုလေးကို သူတကယ်ကျေးဇူးတင်မိသည်။

" မို သား အိမ်အောက်မှာ သားသူငယ်ချင်းတွေရောက်နေတယ် "

"ဗျာ.... "

"ဟုတ်တယ် သူငယ်ချင်းတွေစောင့်နေတယ် မြန်မြန်သွားလိုက်ဦး"

"ဟုတ်ကဲ့ ဦးလေးထွန်း"

အစ်ကိုလေးအခန်းထဲမှအထွက် ဦးလေးထွန်း၏စကားကြောင့် သူပျော်သွားမိပြီး အိမ်အောက်ထပ်ကိုပြေးဆင်းသွားလိုက်သည်။

"ဟာ ငြိမ်းအိတို့ ဘယ်ကနေ ဘယ်လိုရောက်လာကြတာလဲ "

" တော်ပါ ကောင်စုတ် နင်ငါတို့ကို ပလစ်ထားပြီးတော့ ငါတို့က နင့်ဆီလိုက်လာရတာလေ "

ငြိမ်းအိတို့ မိန်းကလေး၄ယောက်အဖွဲ့သည် ကျောင်း၌ သူနှင့်ပေါင်းဖော်ပေါင်းဖက်ပါ။ တက္ကသိုလ်ကျောင်းသားစဖြစ်သည်အထိ သူ့မှာ ထူးထူးခြားခြား သူငယ်ချင်းဟူ၍မရှိ။ အစ်ကိုလေးကလည်း အပေါင်းအသင်းများတာ မကြိုက်၍ သူကလည်း မည်သူ့ကိုမှမခေါ်မပြော။ နောက်ပိုင်းကျတော့ ငြိမ်းအိတို့ အဖွဲ့က အတင်းလိုက်ရော၍ ရင်းနှီးသွားကြသည်။ ငြိမ်းအိတို့ကလည်း သူ့ဘဝနှင့် သူ့ခံစားချက်များကို သိထားပြီး နားလည်လက်ခံပေးကြသူများဖြစ်၍ သူ့အတွက် တကယ့်ကို သူငယ်ချင်းကောင်းများဖြစ်ကြ၏။

"အေးဟုတ်တယ် အခုငါတို့လာတာအကြောင်းရှိတယ် "

အသံသြသြနှင့် သင်းသင်းကတော့ မို့ကို အနိုင်ကျင့်နေကျပါ။

" အေးဘာကိစ္စလဲ။"

"နင်ငါတို့နဲ့ အလုပ်အတူတူမလုပ်ချင်ဘူးလားလို့ "

"ဟေ"

"အေး ဟေမနေနဲ့ နင်ခုချိန်ထိ အလုပ်မရှိသေးဘူးမလား နောက်၃လနေရင် အလုပ်ဝင်ဖို့ တစ်ခါထဲသွားလျှောက်ထားမယ်ဟာ ကြားထဲမှာ သင်တန်းတက်ကြမယ်လေ အလုပ်ရတော့ ငါတို့အချိန်ကိုက်ကွက်တိဖြစ်တာပေါ့ "

အလုပ်ဆိုတော့ သင်းသင်းပြောတာမှန်သည်။ သူ့မှာအလုပ်မရှိ။ ဘွဲ့ရပြီးတော့ သူ့ကို အစ်ကိုလေးကလည်း ပြင်ပအလုပ်လုပ်ဖို့ မတိုက်တွန်း။ မို့ အလုပ်က အစ်ကိုလေးအနားမှာနေပြီး အကိုလေးကို ပြုစုစောင့်ရှောက်ရတာက အလုပ်ဖြစ်နေ၏။

"နင်တို့ပြောတာမှန်ပေမယ့် ငါ့မှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မှမရှိတာဟ ငါ့အစ်ကိုလေးကို ခွင့်တောင်းရဦးမှာ နောက်ပြီး ငါအိမ်မှာမရှိရင် အစ်ကိုလေးရဲ့အလုပ်တွေကို လုပ်ပေးမဲ့သူမရှိဘူး "

"အမလေးဟယ် အေးပါ နင့်ကျေးဇူးရှင်ကြီးကိုသာရအောင်ခွင့်တောင်း အခြေအနေထူးရင် ငါတို့ကို ဖုန်းလှမ်းဆက်လိုက်ကြားလား ငါတို့သွားပြီ bye bye"

"အေးပါ ငါ့သူငယ်ချင်းတွေကို ဘာမှတောင်မကျွေးလိုက်ရဘူး "

"အခုမှ လုပ်မနေနဲ့ ငါတို့ကို အိမ်ရှေ့ထိလိုက်ပို့ "

"ဟီးဟီး "

မို ငြိမ်းအိတို့ကို အိမ်ရှေ့ထိလိုက်ပို့ပြီး  အိမ်ထဲပြန်ဝင်လာတော့ အပေါ်ထပ်ကနေ မတ်တတ်ရပ်ပြီး မိုတို့ကို ကြည့်နေသည့် အစ်ကိုလေးကြောင့် မို ကျောပင်ချမ်းသွားသည်။

~~~~~~~~

ဒေါက်.... ဒေါက်....

" ဟာ အစ်ကိုလေး"

ည၁၂နာရီချိန်တွင် မို့အခန်းတံခါးအား လာခေါက်သံကြောင့် မို အခန်းတံခါးကို ဖွင့်ပေးလိုက်တော့ အခန်းဝ၌ရပ်ပြီး သူ့အားစိုက်ကြည့်နေသည့် အစ်ကိုလေးကို တွေ့ရ၏။ ဒီအချိန်ကြီးထူးထူးဆန်းဆန်းအစ်ကိုလေးက သူ့အခန်းရှေ့ကို ရောက်လာသည်တဲ့။

" မင်း အခန်းထဲမှာ ဘာရှိလို့ ပိတ်ရပ်နေတာလဲ "

"ဗျာ..."

"ငါဝင်လို့မရဘူးလား "

"ဟို မဟုတ်ပါဘူး ရတယ်အစ်ကိုလေး ဝင်ပါ "

သူဖယ်ပေးလိုက်တော့ သူ့အခန်းထဲကိုဝင်သွားပြီး ကော်ဇောပေါ်၌ တစ်ယောက်အိပ်ရန်သာခင်းထားသည့် ဖျာထက်ရှိ သူခင်းထားသောအိပ်ရာခင်းပေါ်၌ တင်ပျဉ်ခွေထိုင်နေသည်။ လွန်ခဲ့သည့် ၁၅နှစ်အတွင်း အစ်ကိုလေးဟာ သူရှိရာအခန်းကို သူ့ကိုရိုက်ချိန်မှလွဲ၍ ကျန်သည့်အချိန်မလာတတ်ပါ။ အစ်ကိုလေးက ဘေးဘက်နရံတွေကို ဝေ့ဝဲကြည့်ပြီးနောက် သူ့ခေါင်းအုံးဘေး၌ချထားသော ဓာတ်ပုံကိုကောက်ယူလိုက်၏။

" ဟင် အစ်ကိုလေး" 

အစ်ကိုလေးကောက်ယူလိုက်သည့်ပုံကို အစ်ကိုလေးလက်ထဲမှ သူအမြန်ဆွဲယူလိုက်သည်။

"အဲ့တာ ဘာလဲ"

"မဟုတ်ဘူး...အဲ့တာကလေ..."

"ဘာလို့ ငါ့ပုံက မင်းဆီရောက်နေရတာလဲလို့! "

အစ်ကိုလေးအသံက တဖြည်းဖြည်းမာလာ၍ မို တင်ပျဉ်ခွေထိုင်နေသော အစ်ကိုလေးရှေ့၌ဒူးထောက်လိုက်ပြီး နှုတ်ခမ်းသားများက တုန်လာ၏။

" ထားတော့ ငါလာရင်းကိစ္စကို ပြောမယ် "

"ဟုတ်ကဲ့"

"ညနေက ကောင်မလေးတွေက မင်းနဲ့ ဘယ်လိုပတ်သတ်လဲ "

"ဗျာ ကျွန်တော့်သူငယ်ချင်းတွေပါ "

"သေချာလား "

"ဟုတ်သေချာပါတယ် "

ဤအခြေအနေမှာ အမေဖြစ်သူမှ သားဖြစ်သူကို ကောင်မလေးနှင့်အတူ တွဲမြင်မိ၍ စစ်ဆေးမေးမြန်းနေသကဲ့သို့ ဖြစ်နေ၏။

"ထားပါလေ ဘယ်သူတွေပဲဖြစ်ဖြစ် ငါနဲ့ ဘာမှမဆိုင်ပါဘူး  ဒါမဲ့ သူတို့က ဘာကိစ္စနဲ့ ရောက်လာကြတာလဲ "

"ဟို အလုပ် "

"အလုပ် ဘာအလုပ်လဲ "

" အလုပ်အတူလုပ်ကြဖို့ အဲ့တာ သင်တန်းတက်ဖို့ "

"ဟင် မတက်ရဘူး ငါခွင့်မပြုနိုင်ဘူး "

"ဗျာ"

"မင်းက အိမ်မှာပဲ ငါ့ကျွန်လုပ်ရမယ် အပြင်ထွက်စရာအကြောင်းမရှိဘူး။ ရှင်းလား  "

"ဟုတ်ကဲ့... အစ်ကိုလေး သဘောပါပဲ...အစ်ကိုလေးမလုပ်နဲ့ဆို ကျွန်တော်မလုပ်ပါဘူး "

"အေးပြီးတာပဲ အိပ်တော့ ငါသွားတော့မယ် "

"ဟုတ်ကဲ့"

အခန်းထဲမှထွက်ခါနီး မို့ကို အနောက်ပြန်လှည့်ကြည့်လိုက်ပြီးမှ

"မင်း ကွန်ပျူတာကိုင်တာသင်ချင်ရင် နောက်နေ့ငါအိမ်ကို ဆရာခေါ်ပေးမယ် "

ထိုစကားပြောပြီး အခန်းတံခါးကို အသံကျယ်ကျယ်ဖြင့် စောင့်ပိတ်၍ ထွက်သွား၏။ အခန်းထဲ၌ ကျန်ခဲ့သော မို့မှာ အသက်ရှူပင်မှားသွားပြီလားဟု ကိုယ့်ကိုယ်ကို ထင်မိ၏။

အလုပ်မလုပ်ခိုင်းတော့ မှိုင်ကျသွားသည့် မီးခိုးရောင်မျက်ဝန်းများကြောင့် ကွန်ပျူတာသင်ပေးဖို့ ဆရာခေါ်ပေးမည်ဟု မိမိကိုယ်တိုင်မရည်ရွယ်ပါဘဲ နှုတ်မှထွက်မိသည်။ ညနေက ကောင်မလေးတွေ ပြောစကားကို တစ်စတစ်စကြားနေရသောကြောင့် အခြေအနေကို နည်းနည်းတော့ ကျက်စားမိသား။ အပြင်လောကကို အလုပ်ထွက်မလုပ်စေချင် အစကတည်းက တုန်းအအပုံစံမို့ အလုပ်လုပ်လျှင် ပြဿနာသယ်လာမှာစိုး၍ မလုပ်ခိုင်းရခြင်း။ အနားမှာခေါ်ထားပြီးသာ နှိပ်စက်ချင်သည်။ အလုပ် အရမ်းလုပ်ချင်လာလျှင်လည်း သူ့အလုပ်ကိုသာ ဝိုင်းကူခိုင်းလိုက်မည်ဟု ရည်ရွယ်ပြီး ကွန်ပျူတာဆရာတစ်ယောက်ငှားပေးလိုက်သည်။

© အမရာခွန်း (Ten),
книга «The Star Of Mo».
Коментарі