Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-3
(Zawgyi)

မနက္၈နာရီျဖစ္ေနၿပီ။ အစ္ကိုေလးက  အခုခ်ိန္ထိေအာက္ထပ္လည္း မဆင္းလာေသး၍ မိုအေတာ္စိတ္ပူေနမိသည္။ ညကေသာက္ထားသည့္အရွိန္ေၾကာင့္ မထႏိုင္ေသးဟန္ရွိ၏။ ေနျမင့္မွႏိုးလာလွ်င္ ေခါင္းပိုၿပီးမူးေတာ့မည္။ ညကအစ္ကိုေလးေပးလိုက္သည့္ ေခါင္းမွဒဏ္ရာက ၃ခ်က္ခ်ဳပ္လိုက္ရသည္။ ခုခ်ိန္ထိေခါင္းကပတ္တီးမျဖည္ရေသး။

မိုသည္ သံပုရာရည္ခြက္ကိုကိုင္ၿပီး အစ္ကိုေလးအခန္း၏တံခါးဝမွာရပ္ေနတာ အေတာ္ပင္ၾကာေနၿပီျဖစ္၏။ သူဝင္သြားလွ်င္ အစ္ကိုေလးပိုၿပီးစိတ္ရႈပ္သြားေလမလား။ မျဖစ္ေသးပါဘူး။ အစ္ကိုေလးအိပ္ေပ်ာ္ေနခ်ိန္မွာ အခန္းထဲဝင္ၿပီး သံပုရာရည္ခြက္ထားခဲ့လိုက္လွ်င္ ပိုအဆင္ေျပမည္။ အခန္းတံခါးကို အနည္းငယ္တြန္းဖြင့္ၿပီး အခန္းထဲသို႔ ေခါင္းျပဴၾကည့္လိုက္ၿပီးမွ သူမ်ားစြာေနာင္တရသြားသည္။ အစ္ကိုေလးက ႏိုးေနၿပီျဖစ္၏။ ကုတင္ေအာက္ကို ေျခေထာက္ခ်၍ အခန္းထဲသို႔ ေခါင္းျပဴၾကည့္လာေသာမို႔ကိုျမင္သြားၿပီး စူးစိုက္ၾကည့္ျခင္းကို ခံရ၏။

"ဟို အစ္ကိုေလး ကြၽန္ေတာ္ေလ ဟို"

"ထားခဲ့ "

"ဗ်ာ"

"ငါ့အတြက္လာပို႔တာမလား ထားခဲ့လို႔ မင္းကိုေျပာေနတာ "

"ဟုတ္ ဟုတ္ကဲ့"

"သြားေတာ့ေလ ဘာရပ္ၾကည့္ေနတာလဲ "

"ဟို အစ္ကိုေလးေခါင္းက မူးေနေသးလား "

"ရတယ္ "

သူထြက္သြားခါနီး အစ္ကိုေလးက သူ႔ေခါင္းမွ ပတ္တီးကို တစ္ခ်က္လွမ္းၾကည့္၏။ သူလည္း အခန္းတံခါးကို ျပန္ပိတ္လိုက္ၿပီးမွ စိတ္ေအးသြားရသည္။
အစ္ကိုေလးက ဒီေန႔သူ႔ကုမၸဏီကို မသြားဘူးထင္တယ္။ သူလည္းအိမ္ေအာက္ထပ္ျပန္ဆင္းလာေတာ့ ဧည့္ခန္း၌ မာယာခ်ိဳေရာက္ေနသည္ကို ေတြ႕ရသည္။ မာယာခ်ိဳက အိမ္ကို ဒီလိုပဲ ဝင္ထြက္သြားလာေနက်ပါ။ မာယာခ်ိဳဟာ အလွဂုဏ္ျဖင့္ ေမာက္မာေနေသာ မိန္းကေလးတစ္ေယာက္ျဖစ္၏။

သူလည္း မာယာခ်ိဳႏွင့္ မ်က္ႏွာခ်င္းမဆိုင္ခ်င္၍ မီးဖိုေဆာင္ဘက္ကို ကူးသြားမည္အျပဳ.....

"ဟဲ့ ဟိုေကာင္ နင္ငါ့ကိုမျမင္ဘူးလား "

"အင္း ျမင္တယ္ေလ "

ဒီအိမ္ကလူမွလြဲလွ်င္ မိုဟာ အစ္ကိုေလးႏွင့္မည္သို႔ပတ္သတ္သည္ျဖစ္ေစ ေအာက္က်ၿပီးဆက္ဆံေလ့မရွိ။ မာယာခ်ိဳ႕ကိုလည္း ထိုနည္းတူပါ။

"ျမင္ရဲ႕သားနဲ႔ ငါ့ကို ဘာလို႔ေက်ာ္သြားတာလဲ "

"နင္ နဲ႔ငါ ဘာေျပာစရာရွိလို႔လဲ "

"အမယ္ အေစခံေကာင္ကမ်ား ရာရာစစ ငါ့ကို နင္ေတြငါေတြနဲ႔ ျပန္ေျပာေနေသးတယ္..... နင္ အခုခ်ိန္ထိေခါင္းထဲမွာ မမွတ္ထားေသးဘူးလား ဟမ္..  တစ္ခ်ိန္ ငါက ဒီအိမ္ရဲ႕ မေဟသီ ျဖစ္လာမဲ့သူ.... နင္က အေစခံ အေစခံဆိုတာ သခင္ကို ေလးစားရမယ္မွန္းေတာ့ နင္သိသင့္ပါတယ္ "

မို၏ဆုပ္ထားေသာ လက္သီးမ်ား တင္းခနဲ ျဖစ္သြား၏။ သူျပန္ေျပာမည္အျပဳ....

" ခ်ိဳ ဘာျဖစ္ေနတာလဲ "

အေပၚထပ္မွ အစ္ကိုေလးက သံပုရာရည္ခြက္ကိုကိုင္ၿပီး ဆင္းလာသည္။

"မို မင္း ခ်ိဳ႕ကို ဘာေတြ ျပန္ေျပာေနတာလဲ "

အစ္ကိုေလးသည္ သူမဘက္က ကာၿပီး မို႔ကို လွည့္ဆူေတာ့သည္။

" အမေလး ေသြးရယ္ ခ်ိဳ႕ကိုေလ အဲ့ေကာင္က တစ္ခြန္းမက်န္ျပန္ပက္ေနတာ.... ခ်ိဳျဖင့္ အံ့ၾသလြန္းလို႔....ေသြး သူ႔ကို ငယ္ငယ္ကတည္းက ေစာင့္ေရွာက္ထားတဲ့ေက်းဇူးကိုမွမေထာက္ ေသြးရဲ႕ ဇနီးေလာင္းကို ျပန္ေျပာေနတာ.... ေသြး ဒီတိုင္းရပ္ၾကည့္ေနေတာ့မွာလား..."

မယာခ်ိဳ၏ဗေလာင္းဗလဲ စကားတို႔ကို မို႔မွာ နားေထာင္ေနရင္း ေဒါသကပိုထြက္လာၿပီး မယာခ်ိဳ႕ကိုသာ မ်က္ေထာင့္နီျဖင့္ စိုက္ၾကည့္ေနမိသည္။ အစိကိုေလးကလည္း မို႔မ်က္ဝန္းမ်ားကို စိုက္ၾကည့္ေနသည္။ မို၏ႏႈတ္ခမ္းေထာင့္က ညိဳေနတဲ့ေနရာႏွင့္ မို႔ေခါင္းေပၚမွပတ္တီးကိုလည္း ျပန္ၾကည့္လိုက္ၿပီး သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။

"မို မင္းၿခံထဲက ပန္းပင္ေတြေရသြားေလာင္းေတာ့ "

အစ္ကိုေလး၏စကားေၾကာင့္ မိုေရာ မာယာခ်ိဳပါ အံ့ၾသေသာအၾကည့္ျဖင့္ အစ္ကိုေလးကို ျပန္ၾကည့္မိသည္။ မယာခ်ိဳႏွင့္ သူ ျပႆနာတက္တိုင္း အစ္ကိုေလးက မို႔ကို လက္သီးျဖင့္ထိုးလွ်င္ထိုး မဟုတ္လွ်င္ တစ္ေနကုန္ဒူးေထာက္ခိုင္းတတ္ေသာ္လည္း ယခုမူ မို႔ကို ဘာအျပစ္မွ မေပးလိုက္ဘဲ ၿခံထဲသို႔ပထုတ္လိုက္ျခင္းပင္။ မယာခ်ိဳက အစ္ကိုေလးကိုေရာမို႔ကိုပါ မေက်နပ္ျခင္းမ်ားစြာျဖင့္ ၾကည့္သည္။

မိုသည္ ၿခံထဲသို႔ အျမန္ဆင္းေျပးသြားလိုက္ၿပီး ပန္းပင္မ်ားၾကား၌ ေျပးလႊားခုံေပါက္ေနမိ၏။ အစ္ကိုေလးဘက္မွ သူ႔အေပၚ ပထမဦးဆုံးအႀကိမ္ခြင့္လႊတ္ေပးျခင္း ျဖစ္၏။

"မို ေကာင္ေလး ဘာေတြ ဒီေလာက္ေပ်ာ္ေနတာလဲကြယ္ "

ၿခံေစာင့္ဘဘဝင္းအသံၾကားမွ သူေပ်ာ္ေနတာကို ရပ္လိုက္ၿပီး

" ဘဘဝင္း ႏွင္းဆီနီေတြက ဒီႏွစ္ပိုပြင့္သလိုပဲေနာ္ သားခူးၿပီး ဘုရားပန္းအိုးထိုးလိုက္ရင္ မေကာင္းဘူးလား "

"ေကာင္းသားပဲ သား ခူးသြားလိုက္ ေရာ့ ကတ္ေၾကး သတိထားၿပီးခူးေနာ္ အဆူးေတြရွိတယ္ "

"ဘဘဝင္းရယ္ ႏွင္းဆီပါဆို အဆူးပါတာ ဆန္းသလား ႏွင္းဆီဆိုတာနဲ႔ သူ႔မွာအဆူးနဲ႔လို႔ ေျပးျမင္ၾကတာပဲေလ ႏွင္းဆီဆိုတာ အဆူးပါမွ ျပည့္စုံတာမဟုတ္ဘူးလား "

"ေအးပါကြာ ခူးမွာသာ ခူးစမ္းပါ ေအာ္ မင္းအစ္ကိုေလးအခန္းထဲလည္း တစ္ပြင့္သြားထိုးေပးလိုက္ မင္းအစ္ကိုေလးက ငယ္ငယ္ထဲက ဒီႏွင္းဆီနီေတြကို သိပ္ျမတ္ႏိုးတာကြ "

"ဟုတ္ကဲ့ ကြၽန္ေတာ္ သြားထိုးေပးလိုက္ပါ့မယ္"

ႏွင္းဆီနီေတြကို တစ္ေပြ႕တစ္ပိုက္ႀကီးခူးလိုက္ၿပီး အိမ္ထဲရွိ ေနရာအႏွံ႔က ပန္းအိုးမ်ားကို လိုက္ထိုးလိုက္သည္။

ေနာက္ဆုံးသက္သက္ဖယ္ထားသည့္ ႏွင္းဆီဖူး၃ပြင့္ကိုေတာ့ အစ္ကိုေလးအခန္းထဲ သြားထိုးေပးရမည္။ အစ္ကိုေလးက သူ႔အခန္းထဲမွာပဲ ရွိေနပုံရ၏။ ဒါဆို မယာခ်ိဳကရာ အစ္ကိုေလးအခန္းထဲမွာပဲလား။ ဘယ္လိုပဲ ဇနီးေလာင္းျဖစ္ပါေစဦး ေယာက်္ားေလးတစ္ေယာက္၏ အခန္းထဲကို မဝင္သင့္ပါ။

ေအာ္ သူကဒီလိုဝင္ေျပာခြင့္မရွိပါဘူးေလ။ အိမ္ေပၚထပ္ကို တက္လာေသာ သူ႔ေျခလွမ္းမ်ားက ပိုမိုသြက္လာၿပီး အစ္ကိုေလးအခန္းကို ဖြင့္မည္လုပ္ၿပီးမွ ဟိုမေန႔က အစ္ကိုေလးပန္းအိုးကို ခြဲလိုက္မွန္းသတိရသြားသည္။

"ေဟာ ဟုတ္သားပဲ အစ္ကိုေလးအခန္းထဲမွာ ပန္းအိုးက မရွိေတာ့ဘူးေလ "

ဒီပန္းေတြကို ဘယ္မွာသြားထိုးရမွာလဲဟု ေတြးေနရင္း အစ္ကိုေလးစာၾကည့္ခန္းထဲက ပန္းအိုးအလြတ္ေလးကို သြားသတိရမိသည္။ စာၾကည့္ခန္းေရွ႕ေရာက္ေတာ့ တံခါးက ခပ္ဟဟပြင့္ေနသည္။ အစ္ကိုေလးက အခန္းထဲဝင္ၿပီး တံခါးျပန္မပိတ္သြားဘူးထင္ပါရဲ႕။

အခန္းဝကေန အေျခအေနအကဲခတ္မိေတာ့ စာၾကည့္စားပြဲေပၚမွာ တက္ထိုင္ေနေသာ မယာခ်ိဳႏွင့္ မတ္တတ္ရပ္ၿပီး  မာယာခ်ိဳ၏ လည္ပင္းကို နမ္းေနေသာ အစ္ကိုေလး......
ျမင္ေနရေသာျမင္ကြင္းေၾကာင့္ လက္ထဲက ပန္းသုံးပြင့္ကို လက္ျဖင့္ တင္းတင္းညႇစ္မိေတာ့  ႏွင္းဆီဆူးက သူ႔လက္ဖဝါးမ်ားကို စိုက္သည္။ ေသြးအစက္ေလးမ်ားက ၾကမ္းျပင္ေပၚမွာ တစ္ေပါက္ေပါက္ မ်က္ရည္မ်ားကလည္း ၾကမ္းျပင္ေပၚတစ္ေပါက္ေပါက္ ဆက္မၾကည့္ႏိုင္ေတာ့၍ လက္ထဲက ပန္းပြင့္ေလးမ်ားကို ပစ္ခ်ၿပီး အိမ္ေအာက္ထပ္သို႔ ဆင္းေျပးခဲ့သည္။

အခန္းဝမွအသံေၾကာင့္ ခ်ိဳ႕ဆြဲႀကိဳးက ခ်ိတ္ကိုတပ္ေပးေနရင္း သက္တံ့အေနာက္လွည့္ၾကည့္မိသည္။ ခ်ိဳက ဆံပင္ႏွင့္ဆြဲႀကိဳးၿငိေနလို႔ ကူညီေပးပါဦးဟု ေတာင္းဆိုသျဖင့္ မျငင္းသာ၍ ကူညီေပးရသည္။ အခန္းဝကိုထြက္လာေတာ့ တံခါးနားမွာက်ေနေသာ ႏွင္းဆီ၃ပြင့္ႏွင့္အတူ အနီးအနားမွ ေသြးစက္မ်ား...... ၊ အေျခအေနကို သက္တံ့သေဘာေပါက္လိုက္ၿပီ။

ႏွင္းဆီပန္းေတြကို ေကာက္လိုက္ၿပီး အခန္းထဲျပန္ဝင္လာေတာ့ ခ်ိဳက သူ႔ကို ဘာျဖစ္တာလဲဟု ၾကည့္ေနသည္။ ပန္းရဲ႕အဆူးမ်ားမွာ ေသြးစက္မ်ားႏွင့္.....
ပန္းကို မေဆးေတာ့ဘဲ ပန္းအိုးျဖဴျဖဴထဲကို ထိုးစိုက္လိုက္သည္။

ဒီေန႔ ကုမၸဏီ shareကိစၥတိုင္ပင္မလို႔ ခ်ိဳ႕ကို အိမ္ေခၚထားရသည္။ ခ်ိဳက ဒီကိစၥေတြမွာ ရင္ႏွီးကြၽမ္းဝင္သည္။ အခ်ိတ္အဆက္လည္းေကာင္းသည္။ အလုပ္ကိစၥေျပာေနရင္း ခုံေပၚရွိပန္းအိုးမွ ႏွင္းဆီပန္းအနီေတြဆီ အၾကည့္ေရာက္မိသည္။

ေန႔ခင္းထမင္းစားခ်ိန္မို႔ ခ်ိဳႏွင့္သူ ထမင္းစားဝိုင္းကို ေရာက္လာေတာ့ ထိုေကာင္ေလးက စားပြဲဝိုင္းေဘးမွာ ရပ္ေနရာက သူတို႔ကို တစ္ခ်က္လွမ္းၾကည့္ၿပီး ထမင္းမ်ားကိုပန္ကန္ထဲခူးထည့္ေနသည္။ ေကာ္ဇြန္းခြက္ကို ကိုင္ထားေသာ ညာလက္မွာ ပတ္တီးျဖဴျဖဴေဖြးေဖြးက ရွိေန၏။ ဒီေကာင္ေလး၌ သူေပးတဲ့ ဒဏ္ရာေတြက တစ္စႏွင့္တစ္စ ပိုမ်ားလာသည္။

မီးခိုေရာင္မ်က္ဝန္းမ်ားႏွင့္ နီရဲေနေသာ မ်က္သားမ်ားက မၾကာေသးခင္ထိ ငိုထားေၾကာင္းအထင္းသား.....။ ဒီေကာင္ေလးက သူ႔အေပၚမ႐ိုးသားတဲ့စိတ္ဝင္ေနသည္တဲ့။ သူဒီေလာက္ႏွိပ္စက္တာေတာင္ သူ႔အေပၚခံစားခ်က္ရွိသည္တဲ့။ သူကိုယ္တိုင္ကလည္း ေယာက်္ားခ်င္းစိတ္ဝင္စားတတ္သူမဟုတ္၍ ဒီလိုေယာက်္ားခ်င္းအခ်စ္ကို စိတ္ကစားေနသည္ဟုသာထင္မိသည္။ သူႏွင့္ ခ်ိဳထမင္းဝိုင္းကို ဝင္ထိုင္ေတာ့ မိုကမီးဖိုေဆာင္အျပင္ဘက္ကို ထြက္သြားသည္။ သူထမင္းစားလွ်င္အနားမွာ အၿမဲရွိေနေပးတတ္ေသာ မိုက ဒီတစ္ခါ ႀကီးႀကီးရွိေန၍ သူေနေပးစရာမလိုဘူးဆိုသည့္ သေဘာ။ စားေနတဲ့ ထမင္းက ဘာအရသာမွ မရွိေတာ့။

"ႀကီးႀကီး ဒီေန႔ ဟင္းဘယ္သူခ်က္တာလဲ "

"ရွင္..... ခ်က္ေနက်အတိုင္းပဲေလ မိုနဲ႔ ႀကီးႀကီးအတူ ခ်က္တာေပါ့ ဘာလို႔လဲ သားသက္တံ့ ဒီေန႔စားမေကာင္းဘူးလား "

"ဆားထည့္မခ်က္ၾကဘူးလား ဒီေန႔ အေတာ္ေပါ့ေနတယ္ "

ႀကီးႀကီးကေတာ့ သူ႔ကို နားမလည္ႏိုင္၊ ေၾကာင္ၾကည့္ေန၏။ ေနပါေစဦး။ ခ်ိဳ ျပန္သြားမွ မို႔ကို ေခၚၿပီး ပညာေပးရမည္။

(Unicode)

မနက်၈နာရီဖြစ်နေပြီ။ အစ်ကိုလေးက  အခုချိန်ထိအောက်ထပ်လည်း မဆင်းလာသေး၍ မိုအတော်စိတ်ပူနေမိသည်။ ညကသောက်ထားသည့်အရှိန်ကြောင့် မထနိုင်သေးဟန်ရှိ၏။ နေမြင့်မှနိုးလာလျှင် ခေါင်းပိုပြီးမူးတော့မည်။ ညကအစ်ကိုလေးပေးလိုက်သည့် ခေါင်းမှဒဏ်ရာက ၃ချက်ချုပ်လိုက်ရသည်။ ခုချိန်ထိခေါင်းကပတ်တီးမဖြည်ရသေး။

မိုသည် သံပုရာရည်ခွက်ကိုကိုင်ပြီး အစ်ကိုလေးအခန်း၏တံခါးဝမှာရပ်နေတာ အတော်ပင်ကြာနေပြီဖြစ်၏။ သူဝင်သွားလျှင် အစ်ကိုလေးပိုပြီးစိတ်ရှုပ်သွားလေမလား။ မဖြစ်သေးပါဘူး။ အစ်ကိုလေးအိပ်ပျော်နေချိန်မှာ အခန်းထဲဝင်ပြီး သံပုရာရည်ခွက်ထားခဲ့လိုက်လျှင် ပိုအဆင်ပြေမည်။ အခန်းတံခါးကို အနည်းငယ်တွန်းဖွင့်ပြီး အခန်းထဲသို့ ခေါင်းပြူကြည့်လိုက်ပြီးမှ သူများစွာနောင်တရသွားသည်။ အစ်ကိုလေးက နိုးနေပြီဖြစ်၏။ ကုတင်အောက်ကို ခြေထောက်ချ၍ အခန်းထဲသို့ ခေါင်းပြူကြည့်လာသောမို့ကိုမြင်သွားပြီး စူးစိုက်ကြည့်ခြင်းကို ခံရ၏။

"ဟို အစ်ကိုလေး ကျွန်တော်လေ ဟို"

"ထားခဲ့ "

"ဗျာ"

"ငါ့အတွက်လာပို့တာမလား ထားခဲ့လို့ မင်းကိုပြောနေတာ "

"ဟုတ် ဟုတ်ကဲ့"

"သွားတော့လေ ဘာရပ်ကြည့်နေတာလဲ "

"ဟို အစ်ကိုလေးခေါင်းက မူးနေသေးလား "

"ရတယ် "

သူထွက်သွားခါနီး အစ်ကိုလေးက သူ့ခေါင်းမှ ပတ်တီးကို တစ်ချက်လှမ်းကြည့်၏။ သူလည်း အခန်းတံခါးကို ပြန်ပိတ်လိုက်ပြီးမှ စိတ်အေးသွားရသည်။
အစ်ကိုလေးက ဒီနေ့သူ့ကုမ္ပဏီကို မသွားဘူးထင်တယ်။ သူလည်းအိမ်အောက်ထပ်ပြန်ဆင်းလာတော့ ဧည့်ခန်း၌ မာယာချိုရောက်နေသည်ကို တွေ့ရသည်။ မာယာချိုက အိမ်ကို ဒီလိုပဲ ဝင်ထွက်သွားလာနေကျပါ။ မာယာချိုဟာ အလှဂုဏ်ဖြင့် မောက်မာနေသော မိန်းကလေးတစ်ယောက်ဖြစ်၏။

သူလည်း မာယာချိုနှင့် မျက်နှာချင်းမဆိုင်ချင်၍ မီးဖိုဆောင်ဘက်ကို ကူးသွားမည်အပြု.....

"ဟဲ့ ဟိုကောင် နင်ငါ့ကိုမမြင်ဘူးလား "

"အင်း မြင်တယ်လေ "

ဒီအိမ်ကလူမှလွဲလျှင် မိုဟာ အစ်ကိုလေးနှင့်မည်သို့ပတ်သတ်သည်ဖြစ်စေ အောက်ကျပြီးဆက်ဆံလေ့မရှိ။ မာယာချို့ကိုလည်း ထိုနည်းတူပါ။

"မြင်ရဲ့သားနဲ့ ငါ့ကို ဘာလို့ကျော်သွားတာလဲ "

"နင် နဲ့ငါ ဘာပြောစရာရှိလို့လဲ "

"အမယ် အစေခံကောင်ကများ ရာရာစစ ငါ့ကို နင်တွေငါတွေနဲ့ ပြန်ပြောနေသေးတယ်..... နင် အခုချိန်ထိခေါင်းထဲမှာ မမှတ်ထားသေးဘူးလား ဟမ်..  တစ်ချိန် ငါက ဒီအိမ်ရဲ့ မဟေသီ ဖြစ်လာမဲ့သူ.... နင်က အစေခံ အစေခံဆိုတာ သခင်ကို လေးစားရမယ်မှန်းတော့ နင်သိသင့်ပါတယ် "

မို၏ဆုပ်ထားသော လက်သီးများ တင်းခနဲ ဖြစ်သွား၏။ သူပြန်ပြောမည်အပြု....

" ချို ဘာဖြစ်နေတာလဲ "

အပေါ်ထပ်မှ အစ်ကိုလေးက သံပုရာရည်ခွက်ကိုကိုင်ပြီး ဆင်းလာသည်။

"မို မင်း ချို့ကို ဘာတွေ ပြန်ပြောနေတာလဲ "

အစ်ကိုလေးသည် သူမဘက်က ကာပြီး မို့ကို လှည့်ဆူတော့သည်။

" အမလေး သွေးရယ် ချို့ကိုလေ အဲ့ကောင်က တစ်ခွန်းမကျန်ပြန်ပက်နေတာ.... ချိုဖြင့် အံ့သြလွန်းလို့....သွေး သူ့ကို ငယ်ငယ်ကတည်းက စောင့်ရှောက်ထားတဲ့ကျေးဇူးကိုမှမထောက် သွေးရဲ့ ဇနီးလောင်းကို ပြန်ပြောနေတာ.... သွေး ဒီတိုင်းရပ်ကြည့်နေတော့မှာလား..."

မယာချို၏ဗလောင်းဗလဲ စကားတို့ကို မို့မှာ နားထောင်နေရင်း ဒေါသကပိုထွက်လာပြီး မယာချို့ကိုသာ မျက်ထောင့်နီဖြင့် စိုက်ကြည့်နေမိသည်။ အစိကိုလေးကလည်း မို့မျက်ဝန်းများကို စိုက်ကြည့်နေသည်။ မို၏နှုတ်ခမ်းထောင့်က ညိုနေတဲ့နေရာနှင့် မို့ခေါင်းပေါ်မှပတ်တီးကိုလည်း ပြန်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

"မို မင်းခြံထဲက ပန်းပင်တွေရေသွားလောင်းတော့ "

အစ်ကိုလေး၏စကားကြောင့် မိုရော မာယာချိုပါ အံ့သြသောအကြည့်ဖြင့် အစ်ကိုလေးကို ပြန်ကြည့်မိသည်။ မယာချိုနှင့် သူ ပြဿနာတက်တိုင်း အစ်ကိုလေးက မို့ကို လက်သီးဖြင့်ထိုးလျှင်ထိုး မဟုတ်လျှင် တစ်နေကုန်ဒူးထောက်ခိုင်းတတ်သော်လည်း ယခုမူ မို့ကို ဘာအပြစ်မှ မပေးလိုက်ဘဲ ခြံထဲသို့ပထုတ်လိုက်ခြင်းပင်။ မယာချိုက အစ်ကိုလေးကိုရောမို့ကိုပါ မကျေနပ်ခြင်းများစွာဖြင့် ကြည့်သည်။

မိုသည် ခြံထဲသို့ အမြန်ဆင်းပြေးသွားလိုက်ပြီး ပန်းပင်များကြား၌ ပြေးလွှားခုံပေါက်နေမိ၏။ အစ်ကိုလေးဘက်မှ သူ့အပေါ် ပထမဦးဆုံးအကြိမ်ခွင့်လွှတ်ပေးခြင်း ဖြစ်၏။

"မို ကောင်လေး ဘာတွေ ဒီလောက်ပျော်နေတာလဲကွယ် "

ခြံစောင့်ဘဘဝင်းအသံကြားမှ သူပျော်နေတာကို ရပ်လိုက်ပြီး

" ဘဘဝင်း နှင်းဆီနီတွေက ဒီနှစ်ပိုပွင့်သလိုပဲနော် သားခူးပြီး ဘုရားပန်းအိုးထိုးလိုက်ရင် မကောင်းဘူးလား "

"ကောင်းသားပဲ သား ခူးသွားလိုက် ရော့ ကတ်ကြေး သတိထားပြီးခူးနော် အဆူးတွေရှိတယ် "

"ဘဘဝင်းရယ် နှင်းဆီပါဆို အဆူးပါတာ ဆန်းသလား နှင်းဆီဆိုတာနဲ့ သူ့မှာအဆူးနဲ့လို့ ပြေးမြင်ကြတာပဲလေ နှင်းဆီဆိုတာ အဆူးပါမှ ပြည့်စုံတာမဟုတ်ဘူးလား "

"အေးပါကွာ ခူးမှာသာ ခူးစမ်းပါ အော် မင်းအစ်ကိုလေးအခန်းထဲလည်း တစ်ပွင့်သွားထိုးပေးလိုက် မင်းအစ်ကိုလေးက ငယ်ငယ်ထဲက ဒီနှင်းဆီနီတွေကို သိပ်မြတ်နိုးတာကွ "

"ဟုတ်ကဲ့ ကျွန်တော် သွားထိုးပေးလိုက်ပါ့မယ်"

နှင်းဆီနီတွေကို တစ်ပွေ့တစ်ပိုက်ကြီးခူးလိုက်ပြီး အိမ်ထဲရှိ နေရာအနှံ့က ပန်းအိုးများကို လိုက်ထိုးလိုက်သည်။

နောက်ဆုံးသက်သက်ဖယ်ထားသည့် နှင်းဆီဖူး၃ပွင့်ကိုတော့ အစ်ကိုလေးအခန်းထဲ သွားထိုးပေးရမည်။ အစ်ကိုလေးက သူ့အခန်းထဲမှာပဲ ရှိနေပုံရ၏။ ဒါဆို မယာချိုကရာ အစ်ကိုလေးအခန်းထဲမှာပဲလား။ ဘယ်လိုပဲ ဇနီးလောင်းဖြစ်ပါစေဦး ယောကျ်ားလေးတစ်ယောက်၏ အခန်းထဲကို မဝင်သင့်ပါ။

အော် သူကဒီလိုဝင်ပြောခွင့်မရှိပါဘူးလေ။ အိမ်ပေါ်ထပ်ကို တက်လာသော သူ့ခြေလှမ်းများက ပိုမိုသွက်လာပြီး အစ်ကိုလေးအခန်းကို ဖွင့်မည်လုပ်ပြီးမှ ဟိုမနေ့က အစ်ကိုလေးပန်းအိုးကို ခွဲလိုက်မှန်းသတိရသွားသည်။

"ဟော ဟုတ်သားပဲ အစ်ကိုလေးအခန်းထဲမှာ ပန်းအိုးက မရှိတော့ဘူးလေ "

ဒီပန်းတွေကို ဘယ်မှာသွားထိုးရမှာလဲဟု တွေးနေရင်း အစ်ကိုလေးစာကြည့်ခန်းထဲက ပန်းအိုးအလွတ်လေးကို သွားသတိရမိသည်။ စာကြည့်ခန်းရှေ့ရောက်တော့ တံခါးက ခပ်ဟဟပွင့်နေသည်။ အစ်ကိုလေးက အခန်းထဲဝင်ပြီး တံခါးပြန်မပိတ်သွားဘူးထင်ပါရဲ့။

အခန်းဝကနေ အခြေအနေအကဲခတ်မိတော့ စာကြည့်စားပွဲပေါ်မှာ တက်ထိုင်နေသော မယာချိုနှင့် မတ်တတ်ရပ်ပြီး  မာယာချို၏ လည်ပင်းကို နမ်းနေသော အစ်ကိုလေး......
မြင်နေရသောမြင်ကွင်းကြောင့် လက်ထဲက ပန်းသုံးပွင့်ကို လက်ဖြင့် တင်းတင်းညှစ်မိတော့  နှင်းဆီဆူးက သူ့လက်ဖဝါးများကို စိုက်သည်။ သွေးအစက်လေးများက ကြမ်းပြင်ပေါ်မှာ တစ်ပေါက်ပေါက် မျက်ရည်များကလည်း ကြမ်းပြင်ပေါ်တစ်ပေါက်ပေါက် ဆက်မကြည့်နိုင်တော့၍ လက်ထဲက ပန်းပွင့်လေးများကို ပစ်ချပြီး အိမ်အောက်ထပ်သို့ ဆင်းပြေးခဲ့သည်။

အခန်းဝမှအသံကြောင့် ချို့ဆွဲကြိုးက ချိတ်ကိုတပ်ပေးနေရင်း သက်တံ့အနောက်လှည့်ကြည့်မိသည်။ ချိုက ဆံပင်နှင့်ဆွဲကြိုးငြိနေလို့ ကူညီပေးပါဦးဟု တောင်းဆိုသဖြင့် မငြင်းသာ၍ ကူညီပေးရသည်။ အခန်းဝကိုထွက်လာတော့ တံခါးနားမှာကျနေသော နှင်းဆီ၃ပွင့်နှင့်အတူ အနီးအနားမှ သွေးစက်များ...... ၊ အခြေအနေကို သက်တံ့သဘောပေါက်လိုက်ပြီ။

နှင်းဆီပန်းတွေကို ကောက်လိုက်ပြီး အခန်းထဲပြန်ဝင်လာတော့ ချိုက သူ့ကို ဘာဖြစ်တာလဲဟု ကြည့်နေသည်။ ပန်းရဲ့အဆူးများမှာ သွေးစက်များနှင့်.....
ပန်းကို မဆေးတော့ဘဲ ပန်းအိုးဖြူဖြူထဲကို ထိုးစိုက်လိုက်သည်။

ဒီနေ့ ကုမ္ပဏီ shareကိစ္စတိုင်ပင်မလို့ ချို့ကို အိမ်ခေါ်ထားရသည်။ ချိုက ဒီကိစ္စတွေမှာ ရင်နှီးကျွမ်းဝင်သည်။ အချိတ်အဆက်လည်းကောင်းသည်။ အလုပ်ကိစ္စပြောနေရင်း ခုံပေါ်ရှိပန်းအိုးမှ နှင်းဆီပန်းအနီတွေဆီ အကြည့်ရောက်မိသည်။

နေ့ခင်းထမင်းစားချိန်မို့ ချိုနှင့်သူ ထမင်းစားဝိုင်းကို ရောက်လာတော့ ထိုကောင်လေးက စားပွဲဝိုင်းဘေးမှာ ရပ်နေရာက သူတို့ကို တစ်ချက်လှမ်းကြည့်ပြီး ထမင်းများကိုပန်ကန်ထဲခူးထည့်နေသည်။ ကော်ဇွန်းခွက်ကို ကိုင်ထားသော ညာလက်မှာ ပတ်တီးဖြူဖြူဖွေးဖွေးက ရှိနေ၏။ ဒီကောင်လေး၌ သူပေးတဲ့ ဒဏ်ရာတွေက တစ်စနှင့်တစ်စ ပိုများလာသည်။

မီးခိုရောင်မျက်ဝန်းများနှင့် နီရဲနေသော မျက်သားများက မကြာသေးခင်ထိ ငိုထားကြောင်းအထင်းသား.....။ ဒီကောင်လေးက သူ့အပေါ်မရိုးသားတဲ့စိတ်ဝင်နေသည်တဲ့။ သူဒီလောက်နှိပ်စက်တာတောင် သူ့အပေါ်ခံစားချက်ရှိသည်တဲ့။ သူကိုယ်တိုင်ကလည်း ယောကျ်ားချင်းစိတ်ဝင်စားတတ်သူမဟုတ်၍ ဒီလိုယောကျ်ားချင်းအချစ်ကို စိတ်ကစားနေသည်ဟုသာထင်မိသည်။ သူနှင့် ချိုထမင်းဝိုင်းကို ဝင်ထိုင်တော့ မိုကမီးဖိုဆောင်အပြင်ဘက်ကို ထွက်သွားသည်။ သူထမင်းစားလျှင်အနားမှာ အမြဲရှိနေပေးတတ်သော မိုက ဒီတစ်ခါ ကြီးကြီးရှိနေ၍ သူနေပေးစရာမလိုဘူးဆိုသည့် သဘော။ စားနေတဲ့ ထမင်းက ဘာအရသာမှ မရှိတော့။

"ကြီးကြီး ဒီနေ့ ဟင်းဘယ်သူချက်တာလဲ "

"ရှင်..... ချက်နေကျအတိုင်းပဲလေ မိုနဲ့ ကြီးကြီးအတူ ချက်တာပေါ့ ဘာလို့လဲ သားသက်တံ့ ဒီနေ့စားမကောင်းဘူးလား "

"ဆားထည့်မချက်ကြဘူးလား ဒီနေ့ အတော်ပေါ့နေတယ် "

ကြီးကြီးကတော့ သူ့ကို နားမလည်နိုင်၊ ကြောင်ကြည့်နေ၏။ နေပါစေဦး။ ချို ပြန်သွားမှ မို့ကို ခေါ်ပြီး ပညာပေးရမည်။

© အမရာခွန်း (Ten),
книга «The Star Of Mo».
Коментарі