Emily
@wang_yibo
Вірші Всі
First Love (or) True Love
တဘဝလုံးမှာ အကို့ကိုပဲ နှစ်နှစ်ကာကာချစ်ခဲ့မိတာမို့ အကိုကလွဲပြီးဘယ်သူ့ကိုမှ ချစ်တတ်တော့မယ်မထင်ဘူး အချစ်စစ်ဆိုတာ တသက်မှာတခါပဲ ရှိတယ်တဲ့ ကျွန်တော်အဲ့တခါကိုကြုံဖူးသွားပြီ ထင်ပါတယ် မလှပတဲ့ အဆုံးသတ်ခြင်းတွေနဲ့ပေါ့ 🖤Emily🖤
3
1
268
နာကျင်ခြင်းရဲ့အစ
အကိုသိလား ကျွန်တော့ကိုနာကျင်စေချင်ရင်လေ ဓားတွေ တုတ်တေ မလိုပါဘူး အလွန်ဆုံးစကားပြောဖို့တောင်မလိုဘူး တခုပဲ တခုကပဲကျွန်တော့ကိုနာကျင်စေနိုင်တာ ဉပမာ ကျွန်တော့ဆီမှာမဖြစ်ထွန်းခဲ့တဲ့အကို့အပြုံးလေးတွေ ကျွန်တော်မရခဲ့ဖူးတဲ့ဂရုစိုက်မှုလေးတွေ အကို သူမကိုပေးတဲ့ reactလေးတွေကအစ ကျွန်တော်ကနာကျင်နေရတာ သူမမွေးနေ့မှာ အကိုဘုရားကိုလိုက်ပို့တုန်းကဆိုရင်ကျွန်တော့်လက်မှာဓားခြစ်ရာအပြည့်နဲ့ပေါ့ အကိုပြောဖူးတယ်လေ ကလေးကိုနာကျင်အောင်လုပ်တဲ့လူရှိရင် ကိုယ့်ကိုပြော ကိုယ် ကိုယ်တိုင်သွားပြီး သူ့ကို ထိုးမှာတဲ့ အခုကျွန်တော်ကဘာပြောရတော့မှာလဲ အဲ့ဒီလူကအကိုကိုယ်တိုင်ပဲဖြစ်နေတယ်ဆိုတာ ဒါကြောင့်အရင်တုန်းက အကို့ရဲ့အချစ်ဆုံးဆိုတဲ့ကောင်မလေးကို နာကျင်အောင်မလုပ်ပါနဲ့တော့ ကျွန်တော့ရဲ့နာကျင်မှုတွေက အကိုဆီကပဲစသလို ချစ်ခြငင်းမေတ္တာတွေကလည်းအကို့ဆီမှာပဲအဆုံးသတ်တယ် ချစ်ရတဲ့Emily🖤
1
0
238
Memories of You
အစ်ကိုသိလား ကျွန်တော့လေ ဒီနေ့ကျွန်တော်တို့နှစ်ယောက်စတွေ့ခဲ့တဲ့ ခုံတန်းလေးဆီကိုသွားခဲ့သေးတယ် ကျွန်တော်မှတ်မိပါသေးတယ် အဲ့ခုံတန်းလေးမှာ အစ်ကိုပြောခဲ့တဲ့စကားတွေကို‌ေရာ ကျွန်တော်ပန်းရောင်မကြိုက်ဘူးလို့ပြောလို့ အံဩသွားတဲ့ အကို့မျက်ဝန်းတွေကိုရောပေါ့ အရင်က ကျွန်တော်နဲ့အစ်ကို့ရဲ့ ဘုံနေရာလေးက အခုတော့ပျော်ရွှင်ဖို့မကောင်းတော့ပဲ ခြောက်သွေ့နေတယ် ဘယ်သူမှလဲမရှိတော့ဘူး ဟက် ကျွန်တော့ကမ္ဘာလိုပဲပေါ့ အစ်ကိုသိလား ကျွန်တော် အခုပန်းရောင်လေးတွေကိုလည်းချစ်တတ်နေပြီ အကိုအရမ်းကြိုက်တဲ့ထောပတ်သီးဖျော်ရည်ကိုလည်းကျွန်တော် သောက်တတ်နေပြီ သောက်ပြီးရင်ပျို့တက်လာတာကလွဲလို့ပေါ့ တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် အကို့ကိုကျွန်တော်တယောက်တည်းပဲ အပိုင်သိမ်းထားချင်တာ ဒါမဲ့မဖြစ်နိုင်ဘူးမလား အစ်ကိုလဲအဲ့နေရာလေးကိုရောက်ရင် ကျွန်တော့ကို နည်းနည်းလေးတော့သတိရပေးမယ်မဟုတ်လား မဖြစ်နိုင်ပေမယ့်လည်း မျော်လင့်နေမိဆဲပဲ အကို့ရဲ့တခါကEmily🖤
2
0
273