Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_5
Unicode

ဝူဝူအောက်ထပ်ကိုပြေးဆင်းလာပြီး ဖြူသွယ်တို့ရှိတဲ့မီးဖိုချောင်ထဲကိုဝင်လာခဲ့သည်။ငရုတ်သီးထိုင်ထောင်းနေတဲ့ဖြူသွယ်နားသွားပြီး လက်ကိုဆွဲကာ။

"မမ အပေါ်ထပ်ကိုယေ ဟို‌ေဒါ်‌ေဒါ်တက်သွားယယ်"

"အပေါ်ထပ်ကို သူကဘာသွားလုပ်တာလဲ"

ဝူဝူပြောတဲ့စကားကိုဖြူသွယ်နဲ့အန်တီခင် သေချာစဉ်းစားကြည့်နေကြသည်။ဝူဝူကလိမ်မပြောတတ်တော့ သူဒီလိုပြောတာအကြောင်းတစ်ခုခုရှိမှန်းသိကြသည်။

"ဖေဖေ့ အိပ်ရာပေါ်မှာထိုင်ယယ် ဖေဖေ့နာရီတွေကိုယဲ ကိုင်ကြည့်နေတာ ဝူဝူညင်ယယ်"

"သူဘာလို့ဒီလိုလုပ်ရတာလဲ အန်တီခင် ခုနကလည်း‌ေလ အဲ့အဒေါ်ကြီးကြည့်ရတာသိပ်ပြီးမူမမှန်သလိုဘဲ ဝူဝူအော်ပြီးပြောကတည်းက သမီးနည်းနည်းတော့စိတ်ထင့်နေတာ"

အန်တီခင် ကြက်သားဟင်းချက်နေရာကနေမီးကိုပိတ်ပြီး ဖြူသွယ်တို့နားကိုလာကာ။

"ဒါဆိုလည်း ထိုင်မနေနဲ့လေ ထထ တော်ကြာငါတို့အိမ်ကပစ္စည်းတွေသူ့ဆီပါသွားလို့မဖြစ်ဘူး ပြီးတော့ဂျွန်ကလည်း သူ့ပစ္စည်းတွေကိုင်တာကိုမကြိုက်ဘူးလေ"

"ဟုတ်တယ် ကြီးမေပြောတာမှန်တယ်"

ြဖူသွယ်ငရုတ်သီးထောင်းနေရာကနေထ လက်ဆေးပြီး ဝူဝူနဲ့အပေါ်ထပ်ကိုခြေသံမကြားရအောင် တိတ်တိတ်ကလေးတက်လာသည်။အန်တီခင်က‌ေတာ့ အနောက်က။

ဂျွန့်အခန်း‌ေရှ့ကိုရောက်တော့ အထဲကိုမဝင်သေးဘဲ ထိုအဒေါ်ကြီးဘာလုပ်နေသလဲဆိုတာကို တံခါးရွက်နောက်ကနေကွယ်ပြီး ကုန်းကုန်းကုန်းကုန်းနှင့် အကဲခတ်ကြည့်‌ေနကြသည်။

အခန်းထဲကအဒေါ်ကြီးကတော့ ဂျွန့်ရဲ့ခုတင်နားမှာရှိတဲ့ နာရီထည့်တဲ့အံ့ဆွဲတွေကိုမွှေနှောက်ပြီး သူ့အပေါ်အကျီအောက်က အတွင်းဝတ်မှာပါတဲ့အိတ်ကပ်ထဲကို နာရီတစ်လုံးပြီးတစ်လုံး‌ေကာက်ထည့်နေသည်။

ဂျွန်ကတခြားလက်စွပ်တို့ဘာတို့ဝတ်လေ့ဝတ်‌ထသူ့မှာမရှိဘူး။ဒါပေမယ့် နာရီကိုတော့ ပုံစံမျိုးစုံ၊ဒီဇိုင်းမျိုးစုံကိုဈေး‌ေတာ်တော်ကြီးကြီးပေးပြီးဝယ်စုထားတတ်သည်။နာရီဘောင်ပတ်ပတ်လည်မှာ စိန်တွေစီထားတဲ့ Rolex နာရီ လေးငါးဆယ်လုံးကို ဘူးတစ်ခုစီနဲ့ထည့်ပြီး စားပွဲရဲ့အံဆွဲအကန့်တိုင်းမှာ သပ်သပ်ရပ်ရပ်စီထားသည်။ဘယ်လောက်တောင်များလည်းဆိုရင် နာရီရောင်းတဲ့ဆိုင်တောင် ဂျွန်စုထားတဲ့နာရီ‌ေလာက်ရှိမှာမဟုတ်ဘူး။

ထိုနာရီများကိုအစစ်ဟုတ်မဟုတ် သွားနဲ့ကိုက်ပြီးစမ်းကြည့်လိုက်၊မျက်လုံးတစ်ဖက်မှိတ်ပြီး ဘေးမှာစီထားတဲ့စိန်လုံးတွေကို မျက်လုံးနားခွာလိုက်၊ကပ်လိုက်နဲ့လုပ်ကြည့်နေတဲ့ အဒေါ်ကြီး။သူဒီကိုရည်ရွယ်ချက်ရှိရှိနဲ့ အလုပ်လာလျှောက်သည်မှာအသေအချာ။

ဖြူသွယ်အဒေါ်ကြီးကိုကြည့်ပြီး ‌စိတ်တွေတိုလာသည်။ကြောင်သူတော်ကြွက်သူခိုးဆိုတာဒါမျိုးကိုပြောတာ။မသိရင်သူဘဲ ဘာမှနားမလည်တဲ့သူလိုလို၊ဘာလိုလိုနဲ့ ခုကျတော့ သူများပစ္စည်းတွေကိုတောင်‌ေအး‌ေအး‌ေဆး‌ေဆးခိုးနေပြီ။

"အန်တီခင်သမီးတို့ အခန်းထဲဝင်သွားကြမလား"

ကြားရရုံလောက် လေသံတိုးတိုးလေးနှင့်ဖြူသွယ်အန်တီခင်ကိုလှည့်ပြောသည်။အဲ့အချိန်မှာ ဝူဝူ လေးဖက်ထောက်ပြီး အခန်းထဲဝင်သွားတာကို ဖြူသွယ်တို့မသိလိုက်။

"မဝင်လို့တော့မဖြစ်ဘူးဖြူသွယ် ဂျွန်ကသူ့ပစ္စည်းတွေဆိုရင် တီခင်တို့ထိတာတောင်မကြိုက်တာ ဒီလိုသူစိမ်းတစ်ယောက်က ထိနေတာသာသိကြည့်ပါလား မိုးမီးလောင်သွားလိမ့်မယ်"

အန်တီခင်နဲ့ဖြူသွယ် တိုးတိုးတိုးတိုးနဲ့ပြောနေကြစဉ် ဝူဝူအဒေါ်ကြီးရဲ့ထဘီစကိုဆွဲကာလှုပ်ယမ်းတော့။

"ဟမ် ဒီကလေး နင်ဘာလုပ်တာလဲ သွား..သွားစမ်း ငါဒီမှာအလုပ်ရှုပ်နေတာမမြင်ဘူးလား"

ဖြူသွယ်အန်တီခင်နဲ့စကားပြောအပြီး ရှေ့ကိုပြန်လှည့်လာတော့ဝူဝူမရှိ‌‌ေပ။အဲ့တာနဲ့ အခန်းထဲကိုလှမ်းကြည့်လိုက်တော့။

"အဒေါ် ကလေးကိုဘာလုပ်တာလဲ တော်တော်လွန်နေပြီနော် သူများပစ္စည်းခိုးတာတောင်အားမရသေးလို့ ကလေးကိုပါအော်ရလား ကလေးမှာဘာအပြစ်ရှိလို့လဲ"

ဖြူသွယ်ခပ်သွက်သွက်‌ေပြးလာပြီး မျက်ရည်စမ်းတမ်းစမ်းတမ်းဖြစ်နေတဲ့ ဝူဝူ့ကိုချီကာ အဒေါ်ကြီးကိုအော်ထည့်လိုက်သည်။

"မ..မလုပ် ခိုးတာမဟုတ်ပါဘူး"

"ဒီလောက်လက်ပူးလက်ကြပ်မိနေတာတောင် အစ်မကငြင်းချင်နေသေးတယ်ပေါ့"

အန်တီခင်လည်း ဝူဝူ့ကိုထိလာတော့ မနေနိုင်မထိုင်နိုင် ဝင်ပြောရတာပဲ။

"ဘယ်မှာခိုးလို့လဲ မခိုးပါဘူး"

လက်မှာကိုင်ထားစဲဖြစ်တဲ့နာရီကိုပစ်ချပြီး အတွင်းဝတ်ထဲထည့်ထားတဲ့နာရီတွေပြုတ်ကျမှာစိုးတာကြောင့် လက်နှစ်ဖက်နဲ့ဗိုက်ကိုဖိထားကာ အပေါက်ဝမှာပိတ်နေတဲ့အန်တီခင်ကိုတွန်းပြီး အပေါက်ဝကနေပြေးထွက်သည်။

"ဘယ်ကိုပြေးမလို့လဲ မပြေးနဲ့"

အောက်ထပ်ပြေးဆင်းသွားတဲ့ အဒေါ်ကြီးနောက်ကို အန်တီခင်နဲ့ဖြူသွယ်ကလေးတစ်ဖက်နဲ့ ပြေးလိုက်ကြသည်။

"ဒါ..ဘာလုပ်တာလဲ!"

ထိုအချိန် အိမ်ထဲကိုဝင်လာသည့် ဂျွန်တို့နှစ်ယောက်နှင့်တည့်တည့်ကိုတိုးမှပဲ ကံဆိုးမှသွားရာ မိုးလိုက်လို့ရွာဆိုတဲ့စကားပုံက အဲ့အဒေါ်ကြီးနဲ့ကွက်တိဖြစ်သွားသည်။

ပုံစံမူမမှန်တဲ့ ကလေးထိန်းပြေးဆင်းလာတာကိုမြင်တော့ ဂျွန်နည်းနည်းတော့တုန်လှုပ်သွားတယ်။သူ့သားတစ်ခုခုဖြစ်မှာစိုးတဲ့စိတ်နဲ့။

ကိုမင်းအိုင်ဒီတစ်ခါတော့ အလိုက်တသိနဲ့အိမ်တံခါးကိုဆွဲပိတ်ပြီး လက်နှစ်ချောင်းဆန့်ကာသူ့ခန္ဓာကိုယ်ကြီးကောင်ကြီးမားနဲ့ ထွက်ပေါက်ကိုပိတ်ရပ်ထားသည်။

"ဟမ်!"

အဒေါ်ကြီး သွေးပျက်သွားပုံရသည်။ဗိုက်ကိုဖိထားတဲ့လက်တွေတုန်နေပြီး အထဲမှာထည့်ထားတဲ့နာရီသုံးလုံးထဲက တစ်လုံးအောက်ကိုပြုတ်ကျလာသည်။ဂျွန်လည်း ခန့်မှန်းမိသွားပြီး။

"ပိုင်ရှင်မသိဘဲနဲ့ယူရင် ပြစ်မှုမြောက်တယ်ဆိုတာသိလား"

"အဒေါ်"

ဂျွန်အေးစက်စက်နဲ့တစ်ခွန်းပြောလိုက်ချိန် နောက်ကနေပြေးဆင်းလာတဲ့ အန်တီခင်တို့ပါ‌သူ့နောက်ကိုရောက်လာကြ‌တော့ ပြေးပေါက်ပျောက်သွားသည်ကို အဒေါ်ကြီးကောင်းကောင်းသဘောပေါက်သွားကာ။

"အဒေါ်မှားသွားပါတယ် တောင်းပန်ပါတယ် ရဲလက်ကိုတော့မအပ်ပါနဲ့နော်"

အဒေါ်ကြီး အသံအိမ်တွေမတည်ငြိမ်။ဂျွန့်နားကိုကပ်သွားပြီး ဒူးထောက်ထိုင်ချကာ ဂျွန့်ခြေထောက်ကိုကိုင်လျက်တောင်းပန်နေ၏။

"လက်တွေ၊ခြေထောက်တွေအ‌ေကာင်းတိုင်းရှိရဲ့သားနဲ့ ရိုးရိုးသားသားမလုပ်စားဘဲ ဘာလို့ဒီလိုလုပ်နေရတာလဲ အခုဒီလိုလုပ်ရပ်မျိုးလုပ်တော့ အရှက်မကွဲဘူးလား ကိုယ်ပဲမနစ်နာသွားဘူးလား အဒေါ်ဒီအသက်အရွယ်ပဲရောက်နေပြီ ကောင်းကောင်းမွန်မွန်နေလို့ရနေပြီပဲ"

ဂျွန့်လေသံက ကလေးတစ်ယောက်ကိုဆူနေသလို။

"တောင်းပန်ပါတယ် အဒေါ်တကယ်ကိုတောင်းပန်ပါတယ် အ‌ေဒါ့်ရဲ့လောဘကြောင့် ဒီလိုအမှားမျိုးလုပ်မိသွားတာပါ နောက်မဖြစ်စေရပါဘူး ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ"

မျက်ရည်တွေတစ်ပေါက်ပေါက်ကျပြီးတရှုပ်ရှုပ်နှင့်ငိုကာပြောသည်။

ဂျွန်ကသူ့ပစ္စည်းတွေထိတာမကြိုက်ပေမယ့် အမှားလုပ်ခဲ့တဲ့အခါပြန်ဝန်ခံရင်တော့ သူခွင့်လွှတ်ပေးတတ်သည်။

"လူဆိုတာကိုယ့်အမှားကိုဝန်ခံရဲရင် ဘဝကအဆင်ပြေသွားမှာပါ ဒါပေမယ့်..."

ဂျွန်စကားပြောနေရင်းရပ်သွားတာကြောင့် အဒေါ်ကြီးမျက်နှာငယ်နဲ့ခေါင်းမော့လာသည်။

"အဒေါ်ကျွန်တော့်သားကိုငိုအောင်လုပ်တဲ့အတွက်တော့ ပြန်ပေးဆပ်ရမယ် ဘယ်လိုလဲ အဒေါ်လုပ်နိုင်လား"

ဂျွန်ကကျန်တာတွေကိုမသိပေမယ့် ဝူဝူ့မျက်နှာကြည့်လိုက်ရုံနဲ့တင် ကလေးဘာဖြစ်နေလဲဆိုတာသူအကုန်ရိပ်မိသည်။ဒါက သားအဖနှစ်ယောက်ကြားမှာရှိတဲ့ ဆက်နွှယ်မှု။

"လုပ်..လုပ်နိုင်ပါတယ်"

"ကောင်းပြီ ဒါဆိုရင် တစ်သက်လုံးဒီလိုထပ်မလုပ်ပါဘူးဆိုတဲ့ကတိကိုအ‌ေဒါ်ပေးရမယ် ကျွန်တော့်နောက်ကွယ်မှာလုပ်ရင်ကျွန်တော်မသိဘူးဆိုရင်တောင် အဒေါ် ့ရဲ့စိတ်ကိုတော့လိမ်လို့မရဘူးနော် အချိန်မှီပါသေးတယ်အဒေါ်သေချာပြန်စဉ်းစားကြည့်ပါ"

အဒေါ်ကြီးခေါင်းပြန်ငုံ့သွားပြီး သူ့အမှားတွေကိုပြန်သုံးသပ်ကြည့်သည်။လူဆိုတာအမှားနဲ့မကင်းပေမယ့် မှားမှန်းသိရက်သားနဲ့တော့ ရှေ့ဆက်တိုးဖို့မသင့်တော်ဘူးဆိုတာ အဒေါ်ကြီးလည်းသဘောပေါက်သွားပုံပေါ်သည်။

"မင်းတို့အဒေါ် ့ကိုရဲလက်အပ်မယ်ဆိုရင်လည်း အဒေါ်လက်ခံပါမယ် နောက်ဘယ်တော့မှထပ်မလုပ်တော့ပါဘူးလို့အ‌ေဒါ်ကတိပေးပါတယ်"

"ဒီလိုမှပေါ့အဒေါ်ရယ် အဒေါ့်ရဲ့ကျန်ရှိနေတဲ့သက်တမ်းကိုအကျိုးရှိရှိအသုံးချလိုက်ပါ ကျွန်တော်ရဲလက်မအပ်တော့ပါဘူး ဒါပေမယ့်အလုပ်တော့ဆက်မခန့်တော့ဘူးနော်"

အမှန်ဆို ဒီလိုအရာမျိုးကအချုပ်ထဲဆွဲသွင်းလိုက်လို့ရပေမယ့် အဒေါ်ကြီးက သူ့အမေအရွယ်ဖြစ်နေတဲ့အတွက်ကြောင့် ဂျွန်မလုပ်ရက်ဘူး။ဂျွန်သူ့အမေနဲ့ခွဲရသလို ဒီအဒေါ်ကြီးအဖမ်းခံရရင် ကျန်နေခဲ့မယ့်မိသားစုဝင်တွေကိုငဲ့ပြီး သူကျေအေးဖို့ဆုံးဖြတ်လိုက်သည်။

"ကျေး..ကျေးဇူးတင်ပါတယ်သားရယ် အဒေါ်မှားခဲ့တာတွေကိုပြန်သုံးသပ်ပြ‌ီးနေပါ့မယ် ဒါဆိုအဒေါ် ့ကိုသွားခွင့်ပြုပါ"

"ရပါတယ် သွားပါ"

အဒေါ်ကြီးအနောက်ကိုပြန်လှည့်ပြီး သူ့အိတ်ထဲမှာထည့်ထားတဲ့ နာရီနှစ်လုံးကိုထုတ်၊အောက်ပြုတ်ကျသွားတဲ့နာရီကိုကောက်ပြီး အန်တီခင်လက်ထဲထည့်ပေးသည်။ပြီးနောက် ဝူဝူ့ကိုချီထားတဲ့ြဖူသွယ့်အနားကိုလာကာ ဝူဝူ့လက်ကိုအသာအယာထိကိုင်ပြီးပြုံးလျက်။

"ကလေးကိုလည်း အဒေါ်တောင်းပန်ပါတယ် ငွေကြေးအခက်အခဲဖြစ်နေခဲ့တာကြောင့် အမှားအမှန်ကိုသေချာမခွဲနိုင်တော့ဘဲ က‌ေလးအပေါ်ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမိတဲ့အတွက်တောင်းပန်ပါတယ်နော်"

ဝမ်းနည်းနေတဲ့မျက်ဝန်းတွေကြောင့် ဝူဝူစကားတစ်ခွန်းပြောလာသည်။

"ငိုနဲ့ယေ ဝူဝူယဲငိုတော့ဘူး"

မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာပြောလာတဲ့ဝူဝူ့စကားကြောင့် အဒေါ်ကြီးမျက်ရည်လည်လာသည်။က‌ေလးဆိုတာဖြူစင်တယ်‌ေလ။အ‌ေရာင်မစွန်း‌ေသးတဲ့အဖြူထည်‌ေလး‌ေတွက ဒီအချိန်မှာပုံ‌ေဖာ်လို့အကောင်းဆုံး။

တဒင်္ဂအတွင်းမှာပေါ်လာခဲ့တဲ့ စိတ်ခံစားချက်‌ေတွကိုခုမှပဲ နောင်တရလာခဲ့သည်။ကလေးတစ်ယောက်ကတောင်ခွင့်လွှတ်ပေးနိုင်တာ သူဘာလို့ပေးတဲ့ကတိကိုမတည်နိုင်ရမှာလဲ။

အဒေါ်ကြီးသူ့အထုပ်သူဆွဲပြီး‌အပေါက်ဝကိုသွားတော့ ကိုမင်းအိုင်တံခါးကိုအသာတကြည်နှင့်ဖွင့်ပေးသည်။မျက်ရည်တွေအကုန်သုတ်ပြီး နောင်တတွေတ‌စ်ပွေ့တစ်ပိုက်နဲ့ လာရာလမ်းအတိုင်းပြန်လှည့်သွားခဲ့သည်။

"ကိုကြီးဂျွန်ရယ် ဒီလိုလွယ်လွယ်နဲ့ခွင့်လွှတ်ပေးလိုက်ရလား"

"သားဖေ့ဖေ့ဆီလာ..."

ဖြူသွယ်မေးတာမဖြေ‌ေသးဘဲ ကလေးကိုလှမ်းတောင်းတာကြောင့် ဂျွန့်ဆီကိုခေါ်လာကာပေါင်ပေါ်တင်ပေးလိုက်တော့။

"သူကအမေအရွယ်လေဖြူသွယ်ရဲ့ ရိုင်းရိုင်းပြောလို့မဖြစ်ဘူး လူတိုင်းကအမှားတွေလုပ်ခဲ့ဖူးပါတယ် များတာနဲ့နည်းတာပဲရှိတာ ကြီးတဲ့အမှုငယ်စေ၊ငယ်တဲ့အမှုပပျောက်စေဆိုတဲ့ဆိုရိုးစကားရှိတယ်လေ ကိုဂျွန်ကအဲ့စကားနဲ့အညီလုပ်ပေးလိုက်ရုံပါ"

"ဂျွန်လုပ်လိုက်တာမှန်ပါတယ် ပစ္စည်းတွေလည်းမပါသွားတဲ့အပြင် ကလေးလည်းဘာမှမဖြစ်ဘူးဆိုတော့ဒီလောက်နဲ့ပြီးသွားတာပဲကောင်းပါတယ်"

အန်တီခင်နဲ့ဂျွန်ပြောတဲ့စကားကို ဖြူသွယ်လက်ခံလိုက်ပါသည်။နောက်ဒါမျိုးထပ်မဖြစ်အောင် သတိကလေးတော့ကပ်ဖို့လိုအပ်ကြောင်း သင်ခန်းစာတစ်ခုရလိုက်သလိုပေါ့။

___________________

တသွင်သွင်စီးနေတဲ့‌ေရတွေ‌အပေါ်မှာထိုးထားတဲ့တံတားတစ်စင်းက ဒီနေ့ကျမှဖြတ်သွားဖြတ်လာ ကားတစ်စီးပင်မရှိ။အရာရာဟာတိတ်ဆိတ်ငြိမ်သက်လျက်။

တိမ်တိုက်တွေမရှိတဲ့ကောင်းကင်မှာ နေမင်းတစ်စင်းဘယ်ဆီကိုများရောက်လို့နေသလဲ။ထွက်လာတော့မည်လား။ပုန်းခိုနေသည်လား။အမေးတစ်ခုရှိပေမယ့် အဖြေကပေါ်မလာ။‌ေရထဲမှာရှိ‌ေနတဲ့ဒီ‌ေကာင်‌ေလးကုိရော ကမ္ဘာမြေကြီးကလွှတ်ချသွားတော့မှာလား။

တိမ်စိုင်ရေထဲပြုတ်ကျသွားတော့ ဦးမာန်ထက်ဘယ်ကိုပျောက်လို့သွားမှန်းမသိ အရိပ်တောင်မမြင်လိုက်ရ။တိမ်စိုင်က‌ေတာ့ အေးခဲနေတဲ့ရေခဲပြင်လိုနက်နဲတဲ့‌ေရထဲမှာ။

"ဟာ ရေထဲမှာ လူတစ်ယောက်"

ထိုအချိန်တံတားဘောင်ဘေးကပ်လျှောက်လာတဲ့ လူ‌နှစ်ယောက်ထဲကတစ်ယောက် တိမ်စိုင့်ကိုမြင်သွားပြီး လွယ်ထားတဲ့အိတ်ကိုပစ်ချကာ မဆိုင်းမတွရေကန်ထဲခုန်ချလိုက်သည်။

သူနဲ့အဖော်ပါလာတဲ့လူလည်း တံတားအောက်ဘက်ကိုသွားလို့ရတဲ့လမ်းထဲပြေးသွားကာ ကူပြီးဆယ်ပေးသည်။

တိမ်စိုင့်ကိုကမ်းပေါ်တင်ကာ ရင်ဘတ်ကို လက်နဲ့အကြိမ်ကြိမ်ဖိလိုက်‌ေတာ့ ပါးစပ်ထဲကနေရေတွေထွက်လာပြီး နှလုံးပြန်ခုန်လာသည်။သို့သော် သတိတော့မဝင်လာ။

"တော်ပါသေးရဲ့ မသေသေးလို့ ငါတို့ဘာလုပ်ကြမလဲဆေးရုံပုိ့ရမလား"

ရေထဲခုန်ဆင်းတဲ့လူက ကျန်တဲ့တစ်ယောက်ကိုမေးတော့။အဲ့လူ တိမ်စိုင်လွယ်ထားတဲ့အိတ်ကိုဖွင့်ကြည့်သည်။

"ဒီမှာဖုန်းပဲ ဖွင့်လို့ရ‌ေသးလားကြည့်လိုက်အုံးမယ် ဟာ..ပွင့်တယ် ပွင့်တယ်"

ရေနစ်တာမကြာသေးလို့ထင်တယ် အိတ်ထဲကဖုန်းက ရေမဝင်သေးဘဲ power ဖွင့်လို့ရသည်။Lock မခတ်ထားတာကြောင့် ဖုန်းနံပါတ်တွေမှတ်ထားတဲ့စီကိုကြည့်ရင်း ထိပ်ဆုံးနေရာမှာရှိနေသော ကလေးဆိုသည့်ဖုန်းကိုနှိပ်ကာခေါ်လိုက်သည်။

_______________

သွေးမရှိတော့သလိုခဲတောင့်နေတဲ့ကိုယ်ခန္ဓာက တဖြည်းဖြည်းနွေးလာတဲ့ဓာတ်ကြောင့် တိမ်စိုင်မျက်လုံးပွင့်လာသည်။တစ်ခါမှမမြင်ဖူးတဲ့အခန်းထဲမှာသူလှဲ‌ေနတာ‌ေတွ့‌ေတာ့။

"ငါဘယ်ရောက်နေတာလဲ အ.. ငါ့လက်မောင်းပေါ်မှာဘာပိနေတာလဲ"

‌လေးလံကာ မလို့မရတဲ့လက်မောင်းကိုသူကြည့်လိုက်တော့။

"ကလေးလေး!"

တိမ်စိုင်လုံးဝရှော့ခ်ရသွားသည်။ဘယ်ရောက်နေမှန်းမသိတဲ့အပြင် ဘယ်ကမှန်းမသိတဲ့ကလေးတစ်ယောက်က သူ့ကိုဖက်ပြီး လက်မောင်းပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာ။

ကလေးနိုးသွားမှာစိုးတာကြောင့် တုတ်တုတ်မလှုပ်ဘဲဆက်ပြီး‌ေတာင့်ခံ‌ေနရန်ဆုံးဖြတ်လိုက်သည်။အခန်းထဲကိုမျက်လုံးနဲ့‌ေဝ့ကြည့်တော့ သူ့ကိုနောက်ခိုင်းထားတဲ့‌ေကျာပြင်ကျယ်တစ်ခု။

"မင်း နိုးလာပြီလား"

တိမ်စိုင် စူးစူးစိုက်စိုက်နဲ့ကြည့်နေချိန်မှာ သူငေးနေတဲ့ကျောပြင်ကသက်ဝင်လှုပ်ရှားပြီးလှည့်လာကာ သူ့မျက်လုံးနဲ့အကြည့်ချင်းဆုံသွားသည်။

အဲ့အကြည့်ကရင်းနှီးခဲ့ဖူးတဲ့အကြည့်တစ်ခုနဲ့ခပ်ဆင်ဆင်။

ပတ်ဝန်းကျင်အသစ်ကြောင့်စိတ်လှုပ်ရှားနေတာပဲလား သူ့ကြောင့်ပဲလား‌ဆိုတာတော့မသိ တဒုတ်ဒုတ်ခုန်လာတဲ့ အသည်းနှလုံးလေး။

မဟုတ်မှလွဲရော သူများဖြစ်နေမလား။

==================

Zawgyi

ဝူဝူေအာက္ထပ္ကိုေျပးဆင္းလာၿပီး ျဖဴသြယ္တို႔ရွိတဲ့မီးဖိုေခ်ာင္ထဲကိုဝင္လာခဲ့သည္။င႐ုတ္သီးထိုင္ေထာင္းေနတဲ့ျဖဴသြယ္နားသြားၿပီး လက္ကိုဆြဲကာ။

"မမ အေပၚထပ္ကိုေယ ဟို‌ေဒၚ‌ေဒၚတက္သြားယယ္"

"အေပၚထပ္ကို သူကဘာသြားလုပ္တာလဲ"

ဝူဝူေျပာတဲ့စကားကိုျဖဴသြယ္နဲ႔အန္တီခင္ ေသခ်ာစဥ္းစားၾကည့္ေနၾကသည္။ဝူဝူကလိမ္မေျပာတတ္ေတာ့ သူဒီလိုေျပာတာအေၾကာင္းတစ္ခုခုရွိမွန္းသိၾကသည္။

"ေဖေဖ့ အိပ္ရာေပၚမွာထိုင္ယယ္ ေဖေဖ့နာရီေတြကိုယဲ ကိုင္ၾကည့္ေနတာ ဝူဝူညင္ယယ္"

"သူဘာလို႔ဒီလိုလုပ္ရတာလဲ အန္တီခင္ ခုနကလည္း‌ေလ အဲ့အေဒၚႀကီးၾကည့္ရတာသိပ္ၿပီးမူမမွန္သလိုဘဲ ဝူဝူေအာ္ၿပီးေျပာကတည္းက သမီးနည္းနည္းေတာ့စိတ္ထင့္ေနတာ"

အန္တီခင္ ၾကက္သားဟင္းခ်က္ေနရာကေနမီးကိုပိတ္ၿပီး ျဖဴသြယ္တို႔နားကိုလာကာ။

"ဒါဆိုလည္း ထိုင္မေနနဲ႔ေလ ထထ ေတာ္ၾကာငါတို႔အိမ္ကပစၥည္းေတြသူ႔ဆီပါသြားလို႔မျဖစ္ဘူး ၿပီးေတာ့ဂၽြန္ကလည္း သူ႔ပစၥည္းေတြကိုင္တာကိုမႀကိဳက္ဘူးေလ"

"ဟုတ္တယ္ ႀကီးေမေျပာတာမွန္တယ္"

ျဖူသြယ္င႐ုတ္သီးေထာင္းေနရာကေနထ လက္ေဆးၿပီး ဝူဝူနဲ႔အေပၚထပ္ကိုေျခသံမၾကားရေအာင္ တိတ္တိတ္ကေလးတက္လာသည္။အန္တီခင္က‌ေတာ့ အေနာက္က။

ဂၽြန႔္အခန္း‌ေရွ႕ကိုေရာက္ေတာ့ အထဲကိုမဝင္ေသးဘဲ ထိုအေဒၚႀကီးဘာလုပ္ေနသလဲဆိုတာကို တံခါးရြက္ေနာက္ကေနကြယ္ၿပီး ကုန္းကုန္းကုန္းကုန္းႏွင့္ အကဲခတ္ၾကည့္‌ေနၾကသည္။

အခန္းထဲကအေဒၚႀကီးကေတာ့ ဂၽြန႔္ရဲ့ခုတင္နားမွာရွိတဲ့ နာရီထည့္တဲ့အံ့ဆြဲေတြကိုေမႊေႏွာက္ၿပီး သူ႔အေပၚအက်ီေအာက္က အတြင္းဝတ္မွာပါတဲ့အိတ္ကပ္ထဲကို နာရီတစ္လုံးၿပီးတစ္လုံး‌ေကာက္ထည့္ေနသည္။

ဂၽြန္ကတျခားလက္စြပ္တို႔ဘာတို႔ဝတ္ေလ့ဝတ္‌ထသူ႔မွာမရွိဘူး။ဒါေပမယ့္ နာရီကိုေတာ့ ပုံစံမ်ိဳးစုံ၊ဒီဇိုင္းမ်ိဳးစုံကိုေဈး‌ေတာ္ေတာ္ႀကီးႀကီးေပးၿပီးဝယ္စုထားတတ္သည္။နာရီေဘာင္ပတ္ပတ္လည္မွာ စိန္ေတြစီထားတဲ့ Rolex နာရီ ေလးငါးဆယ္လုံးကို ဘူးတစ္ခုစီနဲ႔ထည့္ၿပီး စားပြဲရဲ့အံဆြဲအကန႔္တိုင္းမွာ သပ္သပ္ရပ္ရပ္စီထားသည္။ဘယ္ေလာက္ေတာင္မ်ားလည္းဆိုရင္ နာရီေရာင္းတဲ့ဆိုင္ေတာင္ ဂၽြန္စုထားတဲ့နာရီ‌ေလာက္ရွိမွာမဟုတ္ဘူး။

ထိုနာရီမ်ားကိုအစစ္ဟုတ္မဟုတ္ သြားနဲ႔ကိုက္ၿပီးစမ္းၾကည့္လိုက္၊မ်က္လုံးတစ္ဖက္မွိတ္ၿပီး ေဘးမွာစီထားတဲ့စိန္လုံးေတြကို မ်က္လုံးနားခြာလိုက္၊ကပ္လိုက္နဲ႔လုပ္ၾကည့္ေနတဲ့ အေဒၚႀကီး။သူဒီကိုရည္ရြယ္ခ်က္ရွိရွိနဲ႔ အလုပ္လာေလၽွာက္သည္မွာအေသအခ်ာ။

ျဖဴသြယ္အေဒၚႀကီးကိုၾကည့္ၿပီး ‌စိတ္ေတြတိုလာသည္။ေၾကာင္သူေတာ္ႂကြက္သူခိုးဆိုတာဒါမ်ိဳးကိုေျပာတာ။မသိရင္သူဘဲ ဘာမွနားမလည္တဲ့သူလိုလို၊ဘာလိုလိုနဲ႔ ခုက်ေတာ့ သူမ်ားပစၥည္းေတြကိုေတာင္‌ေအး‌ေအး‌ေဆး‌ေဆးခိုးေနၿပီ။

"အန္တီခင္သမီးတို႔ အခန္းထဲဝင္သြားၾကမလား"

ၾကားရ႐ုံေလာက္ ေလသံတိုးတိုးေလးႏွင့္ျဖဴသြယ္အန္တီခင္ကိုလွည့္ေျပာသည္။အဲ့အခ်ိန္မွာ ဝူဝူ ေလးဖက္ေထာက္ၿပီး အခန္းထဲဝင္သြားတာကို ျဖဴသြယ္တို႔မသိလိုက္။

"မဝင္လို႔ေတာ့မျဖစ္ဘူးျဖဴသြယ္ ဂၽြန္ကသူ႔ပစၥည္းေတြဆိုရင္ တီခင္တို႔ထိတာေတာင္မႀကိဳက္တာ ဒီလိုသူစိမ္းတစ္ေယာက္က ထိေနတာသာသိၾကည့္ပါလား မိုးမီးေလာင္သြားလိမ့္မယ္"

အန္တီခင္နဲ႔ျဖဴသြယ္ တိုးတိုးတိုးတိုးနဲ႔ေျပာေနၾကစဥ္ ဝူဝူအေဒၚႀကီးရဲ့ထဘီစကိုဆြဲကာလွုပ္ယမ္းေတာ့။

"ဟမ္ ဒီကေလး နင္ဘာလုပ္တာလဲ သြား..သြားစမ္း ငါဒီမွာအလုပ္ရွုပ္ေနတာမျမင္ဘူးလား"

ျဖဴသြယ္အန္တီခင္နဲ႔စကားေျပာအၿပီး ေရွ႕ကိုျပန္လွည့္လာေတာ့ဝူဝူမရွိ‌‌ေပ။အဲ့တာနဲ႔ အခန္းထဲကိုလွမ္းၾကည့္လိုက္ေတာ့။

"အေဒၚ ကေလးကိုဘာလုပ္တာလဲ ေတာ္ေတာ္လြန္ေနၿပီေနာ္ သူမ်ားပစၥည္းခိုးတာေတာင္အားမရေသးလို႔ ကေလးကိုပါေအာ္ရလား ကေလးမွာဘာအျပစ္ရွိလို႔လဲ"

ျဖဴသြယ္ခပ္သြက္သြက္‌ေျပးလာၿပီး မ်က္ရည္စမ္းတမ္းစမ္းတမ္းျဖစ္ေနတဲ့ ဝူဝူ႔ကိုခ်ီကာ အေဒၚႀကီးကိုေအာ္ထည့္လိုက္သည္။

"မ..မလုပ္ ခိုးတာမဟုတ္ပါဘူး"

"ဒီေလာက္လက္ပူးလက္ၾကပ္မိေနတာေတာင္ အစ္မကျငင္းခ်င္ေနေသးတယ္ေပါ့"

အန္တီခင္လည္း ဝူဝူ႔ကိုထိလာေတာ့ မေနနိုင္မထိုင္နိုင္ ဝင္ေျပာရတာပဲ။

"ဘယ္မွာခိုးလို႔လဲ မခိုးပါဘူး"

လက္မွာကိုင္ထားစဲျဖစ္တဲ့နာရီကိုပစ္ခ်ၿပီး အတြင္းဝတ္ထဲထည့္ထားတဲ့နာရီေတြျပဳတ္က်မွာစိုးတာေၾကာင့္ လက္ႏွစ္ဖက္နဲ႔ဗိုက္ကိုဖိထားကာ အေပါက္ဝမွာပိတ္ေနတဲ့အန္တီခင္ကိုတြန္းၿပီး အေပါက္ဝကေနေျပးထြက္သည္။

"ဘယ္ကိုေျပးမလို႔လဲ မေျပးနဲ႔"

ေအာက္ထပ္ေျပးဆင္းသြားတဲ့ အေဒၚႀကီးေနာက္ကို အန္တီခင္နဲ႔ျဖဴသြယ္ကေလးတစ္ဖက္နဲ႔ ေျပးလိုက္ၾကသည္။

"ဒါ..ဘာလုပ္တာလဲ!"

ထိုအခ်ိန္ အိမ္ထဲကိုဝင္လာသည့္ ဂၽြန္တို႔ႏွစ္ေယာက္ႏွင့္တည့္တည့္ကိုတိုးမွပဲ ကံဆိုးမွသြားရာ မိုးလိုက္လို႔ရြာဆိုတဲ့စကားပုံက အဲ့အေဒၚႀကီးနဲ႔ကြက္တိျဖစ္သြားသည္။

ပုံစံမူမမွန္တဲ့ ကေလးထိန္းေျပးဆင္းလာတာကိုျမင္ေတာ့ ဂၽြန္နည္းနည္းေတာ့တုန္လွုပ္သြားတယ္။သူ႔သားတစ္ခုခုျဖစ္မွာစိုးတဲ့စိတ္နဲ႔။

ကိုမင္းအိုင္ဒီတစ္ခါေတာ့ အလိုက္တသိနဲ႔အိမ္တံခါးကိုဆြဲပိတ္ၿပီး လက္ႏွစ္ေခ်ာင္းဆန႔္ကာသူ႔ခႏၶာကိုယ္ႀကီးေကာင္ႀကီးမားနဲ႔ ထြက္ေပါက္ကိုပိတ္ရပ္ထားသည္။

"ဟမ္!"

အေဒၚႀကီး ေသြးပ်က္သြားပုံရသည္။ဗိုက္ကိုဖိထားတဲ့လက္ေတြတုန္ေနၿပီး အထဲမွာထည့္ထားတဲ့နာရီသုံးလုံးထဲက တစ္လုံးေအာက္ကိုျပဳတ္က်လာသည္။ဂၽြန္လည္း ခန႔္မွန္းမိသြားၿပီး။

"ပိုင္ရွင္မသိဘဲနဲ႔ယူရင္ ျပစ္မွုေျမာက္တယ္ဆိုတာသိလား"

"အေဒၚ"

ဂၽြန္ေအးစက္စက္နဲ႔တစ္ခြန္းေျပာလိုက္ခ်ိန္ ေနာက္ကေနေျပးဆင္းလာတဲ့ အန္တီခင္တို႔ပါ‌သူ႔ေနာက္ကိုေရာက္လာၾက‌ေတာ့ ေျပးေပါက္ေပ်ာက္သြားသည္ကို အေဒၚႀကီးေကာင္းေကာင္းသေဘာေပါက္သြားကာ။

"အေဒၚမွားသြားပါတယ္ ေတာင္းပန္ပါတယ္ ရဲလက္ကိုေတာ့မအပ္ပါနဲ႔ေနာ္"

အေဒၚႀကီး အသံအိမ္ေတြမတည္ၿငိမ္။ဂၽြန႔္နားကိုကပ္သြားၿပီး ဒူးေထာက္ထိုင္ခ်ကာ ဂၽြန႔္ေျခေထာက္ကိုကိုင္လ်က္ေတာင္းပန္ေန၏။

"လက္ေတြ၊ေျခေထာက္ေတြအ‌ေကာင္းတိုင္းရွိရဲ့သားနဲ႔ ရိုးရိုးသားသားမလုပ္စားဘဲ ဘာလို႔ဒီလိုလုပ္ေနရတာလဲ အခုဒီလိုလုပ္ရပ္မ်ိဳးလုပ္ေတာ့ အရွက္မကြဲဘူးလား ကိုယ္ပဲမနစ္နာသြားဘူးလား အေဒၚဒီအသက္အရြယ္ပဲေရာက္ေနၿပီ ေကာင္းေကာင္းမြန္မြန္ေနလို႔ရေနၿပီပဲ"

ဂၽြန႔္ေလသံက ကေလးတစ္ေယာက္ကိုဆူေနသလို။

"ေတာင္းပန္ပါတယ္ အေဒၚတကယ္ကိုေတာင္းပန္ပါတယ္ အ‌ေဒၚ့ရဲ့ေလာဘေၾကာင့္ ဒီလိုအမွားမ်ိဳးလုပ္မိသြားတာပါ ေနာက္မျဖစ္ေစရပါဘူး ေက်းဇူးျပဳၿပီးခြင့္လႊတ္ေပးပါ"

မ်က္ရည္ေတြတစ္ေပါက္ေပါက္က်ၿပီးတရွုပ္ရွုပ္ႏွင့္ငိုကာေျပာသည္။

ဂၽြန္ကသူ႔ပစၥည္းေတြထိတာမႀကိဳက္ေပမယ့္ အမွားလုပ္ခဲ့တဲ့အခါျပန္ဝန္ခံရင္ေတာ့ သူခြင့္လႊတ္ေပးတတ္သည္။

"လူဆိုတာကိုယ့္အမွားကိုဝန္ခံရဲရင္ ဘဝကအဆင္ေျပသြားမွာပါ ဒါေပမယ့္..."

ဂၽြန္စကားေျပာေနရင္းရပ္သြားတာေၾကာင့္ အေဒၚႀကီးမ်က္ႏွာငယ္နဲ႔ေခါင္းေမာ့လာသည္။

"အေဒၚကၽြန္ေတာ့္သားကိုငိုေအာင္လုပ္တဲ့အတြက္ေတာ့ ျပန္ေပးဆပ္ရမယ္ ဘယ္လိုလဲ အေဒၚလုပ္နိုင္လား"

ဂၽြန္ကက်န္တာေတြကိုမသိေပမယ့္ ဝူဝူ႔မ်က္ႏွာၾကည့္လိုက္႐ုံနဲ႔တင္ ကေလးဘာျဖစ္ေနလဲဆိုတာသူအကုန္ရိပ္မိသည္။ဒါက သားအဖႏွစ္ေယာက္ၾကားမွာရွိတဲ့ ဆက္ႏႊယ္မွု။

"လုပ္..လုပ္နိုင္ပါတယ္"

"ေကာင္းၿပီ ဒါဆိုရင္ တစ္သက္လုံးဒီလိုထပ္မလုပ္ပါဘူးဆိုတဲ့ကတိကိုအ‌ေဒၚေပးရမယ္ ကၽြန္ေတာ့္ေနာက္ကြယ္မွာလုပ္ရင္ကၽြန္ေတာ္မသိဘူးဆိုရင္ေတာင္ အေဒၚ ့ရဲ့စိတ္ကိုေတာ့လိမ္လို႔မရဘူးေနာ္ အခ်ိန္မွီပါေသးတယ္အေဒၚေသခ်ာျပန္စဥ္းစားၾကည့္ပါ"

အေဒၚႀကီးေခါင္းျပန္ငုံ႔သြားၿပီး သူ႔အမွားေတြကိုျပန္သုံးသပ္ၾကည့္သည္။လူဆိုတာအမွားနဲ႔မကင္းေပမယ့္ မွားမွန္းသိရက္သားနဲ႔ေတာ့ ေရွ႕ဆက္တိုးဖို႔မသင့္ေတာ္ဘူးဆိုတာ အေဒၚႀကီးလည္းသေဘာေပါက္သြားပုံေပၚသည္။

"မင္းတို႔အေဒၚ ့ကိုရဲလက္အပ္မယ္ဆိုရင္လည္း အေဒၚလက္ခံပါမယ္ ေနာက္ဘယ္ေတာ့မွထပ္မလုပ္ေတာ့ပါဘူးလို႔အ‌ေဒၚကတိေပးပါတယ္"

"ဒီလိုမွေပါ့အေဒၚရယ္ အေဒၚ့ရဲ့က်န္ရွိေနတဲ့သက္တမ္းကိုအက်ိဳးရွိရွိအသုံးခ်လိုက္ပါ ကၽြန္ေတာ္ရဲလက္မအပ္ေတာ့ပါဘူး ဒါေပမယ့္အလုပ္ေတာ့ဆက္မခန႔္ေတာ့ဘူးေနာ္"

အမွန္ဆို ဒီလိုအရာမ်ိဳးကအခ်ဳပ္ထဲဆြဲသြင္းလိုက္လို႔ရေပမယ့္ အေဒၚႀကီးက သူ႔အေမအရြယ္ျဖစ္ေနတဲ့အတြက္ေၾကာင့္ ဂၽြန္မလုပ္ရက္ဘူး။ဂၽြန္သူ႔အေမနဲ႔ခြဲရသလို ဒီအေဒၚႀကီးအဖမ္းခံရရင္ က်န္ေနခဲ့မယ့္မိသားစုဝင္ေတြကိုငဲ့ၿပီး သူေက်ေအးဖို႔ဆုံးျဖတ္လိုက္သည္။

"ေက်း..ေက်းဇူးတင္ပါတယ္သားရယ္ အေဒၚမွားခဲ့တာေတြကိုျပန္သုံးသပ္ျပ‌ီးေနပါ့မယ္ ဒါဆိုအေဒၚ ့ကိုသြားခြင့္ျပဳပါ"

"ရပါတယ္ သြားပါ"

အေဒၚႀကီးအေနာက္ကိုျပန္လွည့္ၿပီး သူ႔အိတ္ထဲမွာထည့္ထားတဲ့ နာရီႏွစ္လုံးကိုထုတ္၊ေအာက္ျပဳတ္က်သြားတဲ့နာရီကိုေကာက္ၿပီး အန္တီခင္လက္ထဲထည့္ေပးသည္။ၿပီးေနာက္ ဝူဝူ႔ကိုခ်ီထားတဲ့ျဖူသြယ့္အနားကိုလာကာ ဝူဝူ႔လက္ကိုအသာအယာထိကိုင္ၿပီးျပဳံးလ်က္။

"ကေလးကိုလည္း အေဒၚေတာင္းပန္ပါတယ္ ေငြေၾကးအခက္အခဲျဖစ္ေနခဲ့တာေၾကာင့္ အမွားအမွန္ကိုေသခ်ာမခြဲနိုင္ေတာ့ဘဲ က‌ေလးအေပၚၾကမ္းၾကမ္းတမ္းတမ္းဆက္ဆံမိတဲ့အတြက္ေတာင္းပန္ပါတယ္ေနာ္"

ဝမ္းနည္းေနတဲ့မ်က္ဝန္းေတြေၾကာင့္ ဝူဝူစကားတစ္ခြန္းေျပာလာသည္။

"ငိုနဲ႔ေယ ဝူဝူယဲငိုေတာ့ဘူး"

မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္ကာေျပာလာတဲ့ဝူဝူ႔စကားေၾကာင့္ အေဒၚႀကီးမ်က္ရည္လည္လာသည္။က‌ေလးဆိုတာျဖဴစင္တယ္‌ေလ။အ‌ေရာင္မစြန္း‌ေသးတဲ့အျဖဴထည္‌ေလး‌ေတြက ဒီအခ်ိန္မွာပုံ‌ေဖာ္လို႔အေကာင္းဆုံး။

တဒဂၤအတြင္းမွာေပၚလာခဲ့တဲ့ စိတ္ခံစားခ်က္‌ေတြကိုခုမွပဲ ေနာင္တရလာခဲ့သည္။ကေလးတစ္ေယာက္ကေတာင္ခြင့္လႊတ္ေပးနိုင္တာ သူဘာလို႔ေပးတဲ့ကတိကိုမတည္နိုင္ရမွာလဲ။

အေဒၚႀကီးသူ႔အထုပ္သူဆြဲၿပီး‌အေပါက္ဝကိုသြားေတာ့ ကိုမင္းအိုင္တံခါးကိုအသာတၾကည္ႏွင့္ဖြင့္ေပးသည္။မ်က္ရည္ေတြအကုန္သုတ္ၿပီး ေနာင္တေတြတ‌စ္ေပြ႕တစ္ပိုက္နဲ႔ လာရာလမ္းအတိုင္းျပန္လွည့္သြားခဲ့သည္။

"ကိုႀကီးဂၽြန္ရယ္ ဒီလိုလြယ္လြယ္နဲ႔ခြင့္လႊတ္ေပးလိုက္ရလား"

"သားေဖ့ေဖ့ဆီလာ..."

ျဖဴသြယ္ေမးတာမေျဖ‌ေသးဘဲ ကေလးကိုလွမ္းေတာင္းတာေၾကာင့္ ဂၽြန႔္ဆီကိုေခၚလာကာေပါင္ေပၚတင္ေပးလိုက္ေတာ့။

"သူကအေမအရြယ္ေလျဖဴသြယ္ရဲ့ ရိုင္းရိုင္းေျပာလို႔မျဖစ္ဘူး လူတိုင္းကအမွားေတြလုပ္ခဲ့ဖူးပါတယ္ မ်ားတာနဲ႔နည္းတာပဲရွိတာ ႀကီးတဲ့အမွုငယ္ေစ၊ငယ္တဲ့အမွုပေပ်ာက္ေစဆိုတဲ့ဆိုရိုးစကားရွိတယ္ေလ ကိုဂၽြန္ကအဲ့စကားနဲ႔အညီလုပ္ေပးလိုက္႐ုံပါ"

"ဂၽြန္လုပ္လိုက္တာမွန္ပါတယ္ ပစၥည္းေတြလည္းမပါသြားတဲ့အျပင္ ကေလးလည္းဘာမွမျဖစ္ဘူးဆိုေတာ့ဒီေလာက္နဲ႔ၿပီးသြားတာပဲေကာင္းပါတယ္"

အန္တီခင္နဲ႔ဂၽြန္ေျပာတဲ့စကားကို ျဖဴသြယ္လက္ခံလိုက္ပါသည္။ေနာက္ဒါမ်ိဳးထပ္မျဖစ္ေအာင္ သတိကေလးေတာ့ကပ္ဖို႔လိုအပ္ေၾကာင္း သင္ခန္းစာတစ္ခုရလိုက္သလိုေပါ့။

___________________

တသြင္သြင္စီးေနတဲ့‌ေရေတြ‌အေပၚမွာထိုးထားတဲ့တံတားတစ္စင္းက ဒီေန႔က်မွျဖတ္သြားျဖတ္လာ ကားတစ္စီးပင္မရွိ။အရာရာဟာတိတ္ဆိတ္ၿငိမ္သက္လ်က္။

တိမ္တိုက္ေတြမရွိတဲ့ေကာင္းကင္မွာ ေနမင္းတစ္စင္းဘယ္ဆီကိုမ်ားေရာက္လို႔ေနသလဲ။ထြက္လာေတာ့မည္လား။ပုန္းခိုေနသည္လား။အေမးတစ္ခုရွိေပမယ့္ အေျဖကေပၚမလာ။‌ေရထဲမွာရွိ‌ေနတဲ့ဒီ‌ေကာင္‌ေလးကုိေရာ ကမၻာေျမႀကီးကလႊတ္ခ်သြားေတာ့မွာလား။

တိမ္စိုင္ေရထဲျပဳတ္က်သြားေတာ့ ဦးမာန္ထက္ဘယ္ကိုေပ်ာက္လို႔သြားမွန္းမသိ အရိပ္ေတာင္မျမင္လိုက္ရ။တိမ္စိုင္က‌ေတာ့ ေအးခဲေနတဲ့ေရခဲျပင္လိုနက္နဲတဲ့‌ေရထဲမွာ။

"ဟာ ေရထဲမွာ လူတစ္ေယာက္"

ထိုအခ်ိန္တံတားေဘာင္ေဘးကပ္ေလၽွာက္လာတဲ့ လူ‌ႏွစ္ေယာက္ထဲကတစ္ေယာက္ တိမ္စိုင့္ကိုျမင္သြားၿပီး လြယ္ထားတဲ့အိတ္ကိုပစ္ခ်ကာ မဆိုင္းမတြေရကန္ထဲခုန္ခ်လိုက္သည္။

သူနဲ႔အေဖာ္ပါလာတဲ့လူလည္း တံတားေအာက္ဘက္ကိုသြားလို႔ရတဲ့လမ္းထဲေျပးသြားကာ ကူၿပီးဆယ္ေပးသည္။

တိမ္စိုင့္ကိုကမ္းေပၚတင္ကာ ရင္ဘတ္ကို လက္နဲ႔အႀကိမ္ႀကိမ္ဖိလိုက္‌ေတာ့ ပါးစပ္ထဲကေနေရေတြထြက္လာၿပီး ႏွလုံးျပန္ခုန္လာသည္။သို႔ေသာ္ သတိေတာ့မဝင္လာ။

"ေတာ္ပါေသးရဲ့ မေသေသးလို႔ ငါတို႔ဘာလုပ္ၾကမလဲေဆး႐ုံပုိ့ရမလား"

ေရထဲခုန္ဆင္းတဲ့လူက က်န္တဲ့တစ္ေယာက္ကိုေမးေတာ့။အဲ့လူ တိမ္စိုင္လြယ္ထားတဲ့အိတ္ကိုဖြင့္ၾကည့္သည္။

"ဒီမွာဖုန္းပဲ ဖြင့္လို႔ရ‌ေသးလားၾကည့္လိုက္အုံးမယ္ ဟာ..ပြင့္တယ္ ပြင့္တယ္"

ေရနစ္တာမၾကာေသးလို႔ထင္တယ္ အိတ္ထဲကဖုန္းက ေရမဝင္ေသးဘဲ power ဖြင့္လို႔ရသည္။Lock မခတ္ထားတာေၾကာင့္ ဖုန္းနံပါတ္ေတြမွတ္ထားတဲ့စီကိုၾကည့္ရင္း ထိပ္ဆုံးေနရာမွာရွိေနေသာ ကေလးဆိုသည့္ဖုန္းကိုႏွိပ္ကာေခၚလိုက္သည္။

_______________

ေသြးမရွိေတာ့သလိုခဲေတာင့္ေနတဲ့ကိုယ္ခႏၶာက တျဖည္းျဖည္းေႏြးလာတဲ့ဓာတ္ေၾကာင့္ တိမ္စိုင္မ်က္လုံးပြင့္လာသည္။တစ္ခါမွမျမင္ဖူးတဲ့အခန္းထဲမွာသူလွဲ‌ေနတာ‌ေတြ႕‌ေတာ့။

"ငါဘယ္ေရာက္ေနတာလဲ အ.. ငါ့လက္ေမာင္းေပၚမွာဘာပိေနတာလဲ"

‌ေလးလံကာ မလို႔မရတဲ့လက္ေမာင္းကိုသူၾကည့္လိုက္ေတာ့။

"ကေလးေလး!"

တိမ္စိုင္လုံးဝေရွာ့ခ္ရသြားသည္။ဘယ္ေရာက္ေနမွန္းမသိတဲ့အျပင္ ဘယ္ကမွန္းမသိတဲ့ကေလးတစ္ေယာက္က သူ႔ကိုဖက္ၿပီး လက္ေမာင္းေပၚမွာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတာ။

ကေလးနိုးသြားမွာစိုးတာေၾကာင့္ တုတ္တုတ္မလွုပ္ဘဲဆက္ၿပီး‌ေတာင့္ခံ‌ေနရန္ဆုံးျဖတ္လိုက္သည္။အခန္းထဲကိုမ်က္လုံးနဲ႔‌ေဝ့ၾကည့္ေတာ့ သူ႔ကိုေနာက္ခိုင္းထားတဲ့‌ေက်ာျပင္က်ယ္တစ္ခု။

"မင္း နိုးလာၿပီလား"

တိမ္စိုင္ စူးစူးစိုက္စိုက္နဲ႔ၾကည့္ေနခ်ိန္မွာ သူေငးေနတဲ့ေက်ာျပင္ကသက္ဝင္လွုပ္ရွားၿပီးလွည့္လာကာ သူ႔မ်က္လုံးနဲ႔အၾကည့္ခ်င္းဆုံသြားသည္။

အဲ့အၾကည့္ကရင္းႏွီးခဲ့ဖူးတဲ့အၾကည့္တစ္ခုနဲ႔ခပ္ဆင္ဆင္။

ပတ္ဝန္းက်င္အသစ္ေၾကာင့္စိတ္လွုပ္ရွားေနတာပဲလား သူ႔ေၾကာင့္ပဲလား‌ဆိုတာေတာ့မသိ တဒုတ္ဒုတ္ခုန္လာတဲ့ အသည္းႏွလုံးေလး။

မဟုတ္မွလြဲေရာ သူမ်ားျဖစ္ေနမလား။
© Noon ,
книга «တိမ်စိုင်ငယ်လို».
Коментарі