Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_4
Unicode

"ဟိုကောင်မလေး ဒီကိုခဏလာ"

ပထမဆုံးဖွင့်ခဲ့သည့် စားသောက်ဆိုင်ကိုဂျွန်ဒီနေ့စစ်ဆေးဖို့ ဆိုင်ထဲကိုဝင်လာရင်း ထောင့်မှာရပ်နေသည့်ကောင်မလေးကို ညာဘက်လက်၏လက်ညှိုးနှင့်လက်ခလယ်နှစ်ချောင်းပူးကာ လက်ယပ်ခေါ်လိုက်တော့ ဂျွန့်ဆီကိုပြေးလာသည်။

"ဟုတ်ကဲ့သူဌေး ဘာကိစ္စရှိလို့ပါလဲ"

‌ဝိတ်တာမလေး ကိုယ်ကိုယို့ကာ ဂျွန့်ကိုအရိုအသေပေးသည်။

"မင်းတို့ကိုဘယ်သူစကပ်ဝတ်ခိုင်းလို့ဝတ်ထားတာလဲ ‌ငါထုတ်ထားတဲ့စည်းကမ်းတွေလိုက်နာရမှာ မင်းတို့မသိကြဘူးလား"

"ရှင်..ရှင် အဲ့လိုမဟုတ်ပါဘူးသူဌေး ကို..ကိုနေသူကဝတ်လို့ရတယ်လို့ပြောလို့ပါ"

ဒူးပေါ်နေသည့်စကပ်ကို အောက်သို့ဆွဲချရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောသည်။ဂျွန် ဝိတ်တာမ‌ေလးကို ခေါင်းအစခြေအဆုံးတစ်ချက်ကြည့်လိုက်ပြီး ဘာမှဆက်မပြောဘဲ  မျက်ခုံးနှစ်ဖက်မှာ တွန့်ကာအပေါ်သို့မြင့်တက်လာခဲ့သည်။

"ကိုမင်းအိုင် ကျွန်တော့်ကိုနား‌ေနခန်းထဲလိုက်ပို့ပေး ပြီးရင်နေသူ့ကိုကျွန်တော့်ဆီခေါ်လာခဲ့"

"ဟုတ်..ဟုတ်ကဲ့ဆရာ"

ကိုမင်းအိုင် ဂျွန်ထိုင်နေတဲ့ဝီးချဲကိုတွန်းပြီး ဂျွန့်ကိုနားနေခန်းထဲမှာထားခဲ့ကာ နေသူ့ကိုသွားခေါ်လာခဲ့သည်။နေသူအခန်းထဲဝင်လာပြီး တံခါးပြန်ပိတ်ကာ ဂျွန့်ရှေ့တွင်မတ်တပ်ရပ်လိုက်သည်။

"နေသူ မင်းအလုပ်ကနေထွက်လို့ရပြီ"

နေသူဆိုသောလူထံသို့ ဂျွန်တစ်သောင်းတန်အပြည့်ထည့်ထားသောစာအိတ်တစ်ခုကိုပစ်ကာပေးလိုက်သည်။ထိုသူကတော့စာအိတ်ကိုမထိသေး။

"သူဌေးကဘာလို့ကျွန်တော့်ကိုဒီငွေထုပ်ပစ်ပေးပြီးအလုပ်ထွက်ခိုင်းရတာလဲ"

ဂျွန်တင်းကြပ်စွာဆုပ်ထား‌ေသာ လက်သီးဖြင့် ဝီးချဲလက်ရန်းကို ဒုန်းကနဲမြည်အောင်ထုရင်း‌။

"စားသောက်ဆိုင်တစ်ဆိုင်တည်ထောင်ဖို့ဆိုတာလွယ်ကူတယ်လို့‌မင်းထင်လား ငါဒီဆိုင်တွေဖွင့်ဖို့အတွက် ငါ့ရဲ့အချိန်တွေအများကြီးရင်းနှီးထားခဲ့ရတာ မင်းကငါ့ရဲ့စည်းကမ်းချက်တွေကိုအလွဲသုံးစားလုပ်နေရင် ငါ့ဆိုင်နာမည်ပျက်တယ်ဆိုတာမင်းနားမလည်ဘူးလား"

နေသူက ဂျွန်တို့ရုံးချုပ်ရဲ့ တာဝန်ခံ‌။ပြောရရင်တော့ မန်နေဂျာကိုမင်းအိုင်ပြီးရင် ဒီလူကရာထူးအကြီးဆုံးပဲ။

ဂျွန်တို့ရုံးချုပ်မှာမိန်းကလေးဝန်ထမ်းက ယောက်ျားလေးအရေအတွက်ထက်ပိုများသည်။ဂျွန်စည်းကမ်းချက်ထုတ်ထားတာမှာ မိန်းကလေးတွေဘောင်းဘီရှည်ဝတ်ရမည်ဟူ‌၍ရှိသည်။

အဲ့တာကို နေသူက ဂျွန်မသိအောင်လို့ စည်းကမ်းချက်ကို စကပ်ဝတ်လို့ရတယ်ဆိုပြီး ကောင်မလေးတွေကို ပြန်ပြောင်းပြောတော့ မိန်းကလေးဆိုတာကလှချင်ကြသည်လေ။အဲ့‌တာကြောင့် ဆိုင်မှာစားပွဲထိုးရင်စကပ်ကိုတိုတိုလေးဝတ်ကြသည်။

"ကျွန်တော်ဘာလုပ်မိလို့လဲ"

နေသူပုံမှန်ပြောနေကြလေသံထက် တစ်ထစ်ပိုမြှင့်ကာပြောလာတော့။

"ဘာလုပ်မိလို့လဲဟုတ်လား မင်းခုထက်ထိတောင်မင်းအမှားကဘာလဲဆိုတာကိုမသိသေးတာလား မင်းငါ့ရဲ့စည်းကမ်းချက်တွေကို ငါ့ခွင့်ပြုချက်မပါဘဲနဲ့မင်းပြောင်းပစ်တယ်လေ မိန်းကလေးတေွဘောင်းဘီပဲဝတ်ရမယ်ဆိုတဲ့အချက်ကို ဘာလို့မင်းသဘောနဲ့မင်း‌မရှိတော့သလိုသတ်မှတ်လိုက်ရတာလဲ ဘာလို့သူတို့ကိုစကပ်ဝတ်လို့ရတယ်လို့ မင်းပါးစပ်ကနေပြောရတာလဲ မင်းဒီမှာအလုပ်လုပ်နေတာ တစ်နှစ်ကျော်နေပြီနော် မင်းငါ့မျက်နှာကိုတောင် နည်းနည်းပါးပါးမထောက်ဘူးလား"

"စကပ်ဝတ်ခိုင်းလိုက်တာ အဲ့လောက်တောင်အပြစ်ကြီးသွားလို့လား သူတို့လည်းကြိုက်လို့ဝတ်နေတာပဲ ကျွန်တော်အတင်းဝတ်ခိုင်း‌တာမှမဟုတ်တာ ပြီးတော့သူတို့အဲ့လိုဝတ်နေတာကြာလှပြီ သူဌေးကဘာလို့အခုမှဒီအ‌ေကြာင်းကိုစိတ်ဝင်စားနေရတာလဲ"

နေသူက ဒီလိုလူမျိုးဖြစ်နေလိမ့်မယ်လို့ ဂျွန်တကယ်မထင်ခဲ့တာ။သူဟာရိုးသားတဲ့သူ။ကြိုးစားတဲ့သူတစ်ယောက်လို့ပဲ ဂျွန်ထင်မှတ်ထားခဲ့မိလို့ သူဒီဆိုင်ကိုနေသူ့လက်ထဲ စိတ်ချလက်ချနဲ့လွှဲထားလိုက်တာ။

"ငါအားအားယားယားနေနေတာမဟုတ်ဘူး ငါ့မှာသွားကြည့်ရတဲ့ဆိုင်ခွဲတွေအများကြီးပဲ ရှယ်ယာရှင်တွေနဲ့လည်းမကြာခဏငါတွေ့နေရတာ မင်းစကားလမ်းကြောင်းကိုပြောင်းမနေနဲ့
မင်းဒီလိုလုပ်တာ ဘာရည်ရွယ်ချက်နဲ့လဲ မင်းမျက်စိအရသာခံချင်လို့လား အေး မင်းတခြားနေရာမှာဒီလိုလုပ်ချင်လုပ်လို့ရမယ် ဒါပေမယ့် မင်းငါပိုင်တဲ့ငါ့နေရာမှာတော့ မင်းလုပ်ပိုင်ခွင့်မရှိဘူး"

ဆိုင်ကဒီတစ်ဆိုင်တည်းမဟုတ်တော့ တခြားဆိုင်ခွဲတွေအလှည့်ကျကြည့်နေရတာနဲ့ ဂျွန်လည်းဒီကိုမရောက်ဖြစ်တာနေသူ့ကိုခန့်ပြီး သုံးလေးလကြာပြီးကတည်းကပဲ။ဒါပေမယ့် ဒီဆိုင်ကို ဂျွန့်အသိတစ်ယောက်လာစားရင်းနဲ့ ကောင်မလေးတွေဒီလိုဝတ်နေတာကိုမြင်ပြီး ဂျွန့်ကိုအကြောင်းကြားခဲ့သည်။

တခြားဆိုင်ခွဲ‌ေတွမှာက ဂျွန်ချမှတ်ထားတဲ့အတိုင်း နေကြတော့ ဒီဆိုင်တစ်ဆိုင်ပဲကွက်ပြီးလူပြောစရာဖြစ်နေသည်။ဒါကြောင့် သတင်းရရချင်း ဂျွန်အပြေးလာခဲ့တော့ သူကြားခဲ့သည့်အတိုင်းပင်။

"ဟုတ်တယ်လေ သူတို့တောင်ဝတ်ပြသေးတာပဲ ကျွန်တော်ကကြည့်တော့ရောအသားပဲ့ပါသွားလို့လား"

သူက မိနး်ကလေးတွေအပေါ်မှာ နှမချင်းစာနာတဲ့စိတ်မထားဘဲ သူ့မျက်စိကိုအစာကျွေးချင်ရုံသက်သက်နှင့်လုပ်ခဲ့ခြင်းဖြစ်သည်။တစ်ချို့မိန်းကလေး‌ေတွကိုလည်း ထိကပါးရိကပါးလုပ်တာမျိုးလည်းရှိ‌ေသာ်လည်း နေသူ့ကိုကြောက်သဖြင့်စကားတစ်ခွန်းမှမဟခဲ့ကြပေ။

"တော်ပြီ မင်းလိုလူမျိုးနဲ့စကားဆက်မပြောချင်‌ေတာ့ဘူး ဒီပိုက်ဆံတွေယူပြီးမင်းငါ့မျက်စိရှေ့ကနေထွက်သွားတော့ ငါမင်းမျက်နှာကိုမမြင်ချင်ဘူး"

ဂျွန်မျက်မှောင်ကိုကြုတ်ကာ မျက်နှာတစ်ခုလုံးဒေါသစိတ်ဖြင့်နီရဲ‌ေနသည်။ဝီချဲဘီးကိုလက်ဖြင့်လှည့်ကာ နေသူ့ကိုကျောခိုင်းရင်းထိုစကားကိုပြောလိုက်သည်။

နေသူဘာမှထပ်မဟတော့ဘဲ ဂျွန်ပစ်ပေးထားတဲ့ပိုက်ဆံထုပ်ကိုယူကာ တံခါးကိုဆောင့်ပိတ်ပြီးထွက်သွားသည်။ဆိုင်ထဲကကောင်မလေးဝန်ထမ်းတွေကတော့ နေသူထွက်သွားသည်ကိုကြည့်ကာ ပျော်တော့ပျော်သွားကြသည်။ဒီလိုအကျင့်ပျက်နေတဲ့လူတစ်ယောက်ကို သူတို့မရှိစေချင်တာကြာနေခဲ့ပြီ။

နေသူထွက်သွားပြီးတော့ ကိုမင်းအိုင်အခန်းထဲကိုပြန်ဝင်လာသည်။

"ဆရာ အဆင်ပြေရဲ့လား"

"မပြေဘူး ကျွန်တော်အရမ်းစိတ်ရှုပ်နေတယ် ဒီနေ့ရှိသေးတဲ့အချိန်ဇယားတွေအကုန်ဖျက်လိုက်တော့ ကျွန်တော်အိမ်ပဲပြန်တော့မယ်"

ကိုမင်းအိုင် ဝန်ထမ်းကောင်မလေးတွေအားလုံးကို မူလစည်းကမ်းချက်စာရွက်ဝေပေးပြီး ဝီးချဲတွန်းကာဂျွန့်ကိုကားပါကင်ဆီခေါ်လာခဲ့သည်။

ဂျွန်သူ့ရဲ့လက်နှစ်ဖက်ကိုအားပြုပြီး ကားနောက်ခုံ‌ေပါ်ထောက်ကာ တက်လိုက်သည်။ကြွမရတဲ့ခြေထောက်တစ်ဖက်ကိုတော့ ကိုမင်းအိုင်မ,ကာတင်ပေးသည်။ထို့‌ေနာက်ဝီးချဲကိုခေါက်ပြီး ကားနောက်ခန်းထဲတွင်ထည့်ကာ ကားမောင်းလာခဲ့သည်။

ဂျွန့်ရဲ့မျက်နှာကတော့ လေပြည့်နေတဲ့ပူစီဖောင်းလို တင်းရင်းနေသည်။ညိုလဲ့နေတဲ့မျက်နှာပေါ်တွင် ဖြောင့်စင်း‌ေန‌ေသာအနက်‌ေရာင်ဆံနွယ်တစ်မျှင်မှာ ယနေ့မှမျက်စိထဲတွင်ရှုပ်နေသလိုလို။မျက်နှာပေါ်ကျလာတဲ့ ဆံပင်ကိုအပေါ်သပ်တင်ရင်း လက်နှစ်ဖက်ကိုပိုက်ထားကာ ကားနောက်ခုံကိုမှီရင်း အဖေ့အကြောင်းကိုတွေးမိသည်။

အဖေကလည်းမိန်းမဆိုရင် ပျိုပျိုအိုအိုတစ်ခုမှမရှောင်တဲ့လူ။မျက်စိရှေ့မှာတွေ့ရာကို အကုန်ဆွဲသိမ်းတတ်တဲ့လူ။နေသူ့ကိုအလုပ်ထုတ်လိုက်တာက နေသူကသူ့အဖေနဲ့တူ‌ေနလို့။မိန်းကလေးတွေကို ငွေစက္ကူတစ်ရွက်လို တန်ဖိုးထားတတ်တဲ့အဖေ့ကြောင့် အဲ့လိုလူတွေကို ဂျွန်ခါးခါးသီးသီးမုန်းတတ်လာခဲ့သည်။

သူ့ရဲ့ဝန်ထမ်းမိန်းကလေးတွေကို သူ့အဖေလိုလူမျိုးနဲ့တွေ့မှာစိုးတာကြောင့် အစကတည်းကလုံလုံခြုံခြုံဝတ်ဖို့သူပြောထားခဲ့တာ။သူတို့စိတ်ရှုပ်တာ၊မရှုပ်တာကနောက်မှ  အရှက်သိက္ခာကိုသာအရင်ဦးစားပေးစဥ်းစားခဲ့သည်။

"အဖေ..အဖေနိုင်ငံခြားမှာရှိနေတာမို့ကျွန်တော်စိတ်သက်သာရတယ် ဒါပေမယ့် အဖေအဲ့မှာလည်းကောင်မလေးတွေနဲ့ပျော်နေလောက်မှာပဲနော်"

________________________

မနေ့ကအလုပ်ခန့်လိုက်သည့်အဒေါ်ကြီး ပထမဆုံးရက်အလုပ်ဆင်းရန်အိမ်ကိုရောက်နေသည်။

"အဒေါ်အိမ်ရှေ့မှာနေပြီး ဝူဝူ့ကိုသေချာကြည့်ပေးပါနော် သမီးတို့ကနောက်ဖေးမှာဟင်းသွားချက်နေမှာမို့လို့ အဒေါ်ကဝူဝူနဲ့ဆော့ပေးရုံပါပဲ"

ဖြူသွယ် ပြုံးကာပြောတော့ အဒေါ်ကြီး‌လည်းပြန်ပြုံးပြကာ ချိုချိုသာသာဖြင့်။

"ရပါတယ် သမီးတို့လုပ်စရာရှိတာသာလုပ် အဒေါ်အကုန်အဆင်ပြေအောင်လုပ်ပေးမယ်"

ဖြူသွယ် ကလေးကိုအပ်ထားခဲ့ပြီး အန်တီခင်ကိုနောက်ဖေးမှာသွားကူလုပ်‌ေပးရန်ထွက်သွားသည်။

"ဝူဝူ ကာတွန်းကြည့်ချင်ယယ် တီဗီထွင့်ပေး"

ထိုအဒေါ်ကြီးမှာ ြဖူသွယ်နှင့်စကားပြောနေတုန်းကရုပ်နှင့်ကော၊လေသံကောမှာ တခြားစီဖြစ်သွားကာ ဆိုဖာပေါ်ကိုထိုင်ချရင်း ခြေထောက်တစ်ဖက်ကိုချိတ်၊လက်ကိုပိုက်ကာ ဝူဝူပြောတာကိုအရေးမစိုက် ခြေထောက်ကိုသာလှုပ်နေသည်။

"တီဗီထွင့်ပေးယို့"

ဝူဝူပြောသည့်စကားကိုမကြားချင်ယောင်ဆောင်၊ဝူဝူ့ကိုရှိသည်လို့တောင်မတွေးဘဲ ဧည့်ခန်းတစ်ခုလုံးကိုမျက်လုံးဖြင့်ဝေ့ယမ်းကာကြည့်နေသည်။

သားရေအကောင်းစားနဲ့စွပ်ထားတဲ့ဆိုဖာထိုင်ခုံ‌ေတွ၊တန်ဖိုးကြီးဖန်ထည်တွေနဲ့လုပ်ထားတဲ့ ပန်းအိုးတွေကိုကြည့်ပြီး မျက်စိကျနေသည့်အဒေါ်ကြီးကို တီဗီမဖွင့်ပေးသဖြင့်ဝူဝူမကျေမနပ်ဖြစ်ကာ အဒေါ်ကြီးနားကပ်လာပြီး ပေါင်ကိုကိုက်ထည့်လိုက်သည်။

"အား...သေပါပြီ မင်းငါ့ကိုဘယ်လိုလုပ်လိုက်တာလဲ ကလေးက ကလေးလိုမနေဘူး လူကြီးကိုလာပြီးဒုက္ခပေးတယ်ပေါ့လေဟုတ်လား"

ဝူဝူ့ကိုနဖူးကနေ အားနှင့်‌ေဆာင့်ကာတွန်းထုတ်တော့ ဝူဝူလဲကျသွားသည်။သို့သော် ဝူဝူလုံးဝမငို။ဖင်ထိုင်ရက်ပြုတ်ကျရာကနေပြန်ထကာ နှာခေါင်းရှုံ့မဲ့ပြီးလက်သီးကိုကျစ်နေအောင်ဆုပ်ထားသည်။

"တီဗီကြည့်ချင်တယ်ယို့"

ဝူဝူသူ့အသံကိုအဆုံးထိမြှင့်ကာ အာခေါင်ခြစ်ပြီးအော်လိုက်တော့ ြဖူသွယ်အိမ်နောက်ဖေးကနေပြေးထွက်လာသည်။

"ဝူဝူဘာဖြစ်လို့လဲ တီဗီကြည့်ချင်နေတာလား"

ဖြူသွယ်အောက်တွင်ထိုင်ချကာ ဝူဝူ့ကိုဖက်ပြီးမေးလိုက်တော့ ခေါင်းညိတ်ပြတာနဲ့ အဒေါ်ကြီးကိုမေ့ာကြည့်‌သည်။

"အ..အဒေါ်က လူကြီးဆိုတော့လေ တီဗီဘယ်လိုဖွင့်ရမလဲမသိလို့ပါသမီးရယ်"

ဟန်ဆောင်ကောင်းလွန်းတော့လည်း သရုပ်မှန်ရှိ‌ေနတဲ့မျက်နှာဖံုးက မကွာကျလာခဲ့ပေ။ကြောင်သူတော်ကြွက်သူခိုး ပုံစံနှင့် ဘာမှမသိတဲ့အဘွားအိုကြီးတစ်ယောက်လို ဟန်ဆောင်နေသည်မှာ အကယ်ဒမီပေးလို့ရလောက်သည်။

"အော်..ရပါတယ် သမီးပဲဖွင့်ပေးလိုက်မယ် ဝူဝူစိတ်မဆိုးနဲ့တော့နော် အဒေါ်ကမသိလို့ပါတမင်လုပ်တာမဟုတ်ပါဘူး လာ မမဖွင့်ပေးမယ်"

ြဖူသွယ်ကငယ်သေးတော့ အဒေါ်ကြီးပြောနေသည်ကိုယုံသဖြင့် ဝူဝူ့လက်ကိုဆွဲကာတီဗီ‌နားသို့ခေါ်လာခဲ့သည်။ဝူဝူကတော့ မဲ့ပြုံးပြုံးနေတဲ့အဒေါ်ကြီးရုပ်ကို လည်ပြန်ကြည့်ကာ ယခင်အတိုင်းနှုတ်ခမ်းစူထားစဲ။

"ကဲ ဖွင့်လို့ရသွားပြီ ကြည့်တော့ အဒေါ်သမီးလည်းသွားလိုက်အုံးမယ်နော်"

"အော် အေးအေး"

ဖြူသွယ်နောက်ဖေးဝင်သွားတော့ အဒေါ်ကြီးရဲ့မျက်နှာဖုံးကပြန်ကွာကျသွားပြန်သည်။ဝူဝူ ထိုအဒေါ်ကြီးကိုကျောပေးကာ တီဗီကြည့်နေချိန် လူအလစ်မှာအပေါ်ထပ်သို့ခိုးတက်သွားသည်။

ဝူဝူတီဗီကြည့်နေပေမယ့် အာရုံကအဒေါ်ကြီးဆီမှ‌ာရောက်နေတာကြောင့် အဒေါ်ကြီးနောက်ကနေလှေကားထစ်ကို လေးဘက်ကုန်းတက်ကာ လိုက်သွားခဲ့သည်။

သူ့အဖေအခန်းထဲကိုဝင်သွားတာကိုဝူဝူတွေ့လိုက်သဖြင့် ကိုယ်ကိုတံခါးနောက်တွင်ကွယ်ကာ ချောင်းကြည့်တော့ သူ့အဖေရဲ့မွှေ့ယာ၊အသုံးအဆောင် လက်ဝတ်လက်စားတွေကိုထိနေတာတွေ့သည်။

သူကပိစိလေးဆိုတော့ အခန်းထဲဝင်သွားရင် အဒေါ်ကြီးပြန်လုပ်မှာစိုးတာကြောင့်လူ‌ကြီး‌ေတွကိုအသိ‌ေပးဖို့ အိမ်အောက်ထပ်ကိုပြေးဆင်းလာခဲ့သည်။

____________________

ဆေးရုံကိုစစချင်းလာပြတုန်းက တစ်ကိုယ်လုံးကိုရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုလုပ်ရသည်။နောက်ပြီး သွေးနမူနာယူကာ ဆီးနှင့်ဝမ်းကိုစစ်ဆေးခဲ့သည်။

ဓာတ်မှန်ရိုက်ကြည့်ပြီး အဖုအကြိတ်တွေ၊တခြားမူမမှန်တာတွေရှိမရှိထပ်စစ်ရသည်။ဒါတင်မပြီးသေးဘဲ Endoscopic ultrasonography (EUS) ကွန်ပြူတာဖြင့်ကြည့်ရ‌ေသာသုံးဘက်မြင်ကိရိယာနဲ့ ကင်ဆာမည်သည့်အဆင့်ထိရောက်နေပြီဆိုတာကို ကြည့်ရသည်။

ထို့နောက် PET scanဖတ်ကာ ကင်ဆာပျံ့နှံ့နှုန်းကိုစစ်ဆေးကြည့်ခဲ့ပြီးမှ နောက်ဆုံးအဆင့်သို့ရောက်နေမှန်းသိခဲ့ရသည်။

အဲ့နေ့တုန်းကသားအမိနှစ်ယောက် အရှင်လတ်လတ်ငရဲကျခဲ့သလိုပဲ။ငွေကြေးကလည်းအကြွေးတွေဆပ်ရလို့ကုန်။ထပ်ချေးမယ်ဆိုတော့လည်းပေးမယ့်သူကမရှိတာနဲ့ မရှိရှိတာထုတ်ရောင်းရကာ အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့်ဖြစ်သွားခဲ့ကြသည်မှာ ယနေ့ထက်တိုင်ပင်။

နောက်ဆုံးအဆင့်ဖြစ်သဖြင့်ကင်ဆာဆဲလ်များမှာ အသည်းနှင့်အဆုတ်ထိပျံ့နှံ့နေတာကြောင့် ခွဲစိတ်ပြန်ရင်လည်းအချိန်မမှီတော့ပေ။ထို့ကြောင့် ခီမိုဆေးသွင်းကာ ရောဂါလက္ခဏာမပြအောင်ထိန်းထားရုံလောက်သာ။

ဒါပေမယ့်လည်း ဆေးတိုင်းမှာက ဘေးထွက်ဆိုးကျိုးရှိသဖြင့် ခီမိုသရာဖီကုထံုးဟာလည်း လူကိုပင်ပန်းနွမ်းနယ်ကာ အားယုတ်သွားစေနိုင်တာ‌ေကြာင့် ထိုကုထုံးကိုမခံယူခင်မှာ လုံလောက်တဲ့ အနားယူမှုလိုအပ်သလို၊အစာကိုလည်း‌ေကျညက်‌ေအာင်စားရမည်။‌ေရလည်းများမျ‌ား‌ေသာက်ကာ ကိုယ်ခံအားကောင်းအောင်လုပ်ရပေမည်။

"ဆရာ အမေအဆင်ပြေရဲ့လား"

အမေသန့်စင်ခန်းသွားနေချိန် တိမ်စိုင်ဆရာဝန်ကို စိုးရိမ်ကြီးစွာဖြင့်မေးလိုက်သည်။

"ဆရာစိတ်မကောင်းပေမယ့် ပြောရမယ်သား လူနာရဲ့ခန္ဓာကိုယ်ထဲမှာကင်ဆာဆဲလ်တွေကနေရာအနှံ့ကိုပျံ့နေတာကြောင့် သိပ်ကြာကြာနေရတော့မယ်မထင်ဘူး ပိုဆိုးတာကလူနာကဆက်ကုချင်တဲ့စိတ်မရှိတော့တာဘဲ သူ့ရဲ့စိတ်က လောကကြီးကိုအရှုံးပေးလိုက်ပြီ"

တိမ်စိုင် ဒီလိုစကားတွေကိုကြားရတော့မယ်ဆိုတာ သူအစကတည်းက သိနေခဲ့ပါသည်။အမေ့ကိုသူအကြိမ်ကြိမ် ဖျောင်းဖျကာ မဖြစ်ဖြစ်တဲ့နည်းလမ်းနဲ့ဆက်ကုဖို့၊စိတ်မလျှော့လိုက်ဖို့ကို သူနားဝင်အောင်ရှင်းပြခဲ့ဖူးပါသည်။သို့သော် အမေ့ရဲ့စိတ်ကိုဘယ်အရာကမှတားလို့မရခဲ့ပေ။

သက်သက်သာသာနဲ့ပဲ လောကကြီးကနေထွက်သွားချင်ပြီတဲ့လေ။တစ်ယောက်တည်းရှိတဲ့သားကိုထပ်ပြီး တစ်ယောက်တည်းထားခဲ့မယ့်အမေ့ကို သူလွှတ်ပေးထားလိုက်ရသည်။ဒါအမေဖြစ်ချင်ခဲ့တဲ့နောက်ဆုံးဆန္ဒဖြစ်တာကြောင့်သူဘာပြောပြောနားမဝင်ခဲ့ပေ။အမေက ခေါင်းမာတဲ့သူ။

"ဒါဆိုရင် အမေဘယ်လောက်ကြာကြာနေနိုင်မလဲဆရာ ခန့်မှန်းခြေလေးပြောပြပါလားဗျာ"

"အလွန်ဆုံးနှစ်ပတ်ပဲ အဲ့ထက်ပိုဖို့‌တော့မဖြစ်နိုင်ဘူး"

တိမ်စိုင်ပြန်ပြောစရာစကားလံုးပင်ရှာမတွေ့ခဲ့ပါ။ငိုချင်တာ‌ေ‌တာင် မျက်ရည်ထွက်မလာခဲ့တဲ့ ခံစားချက်က အတော်ပင်ဆိုးသည်။ငိုလိုက်လျှင်တောင် စိတ်သက်သာယာရသွားပေအုံးမည်။သို့ပေမယ့် အခုဟာကရင်ထဲမှာပြည့်သိပ်နေတဲ့ဝေဒနာ။

ဆေးရုံခန်းထဲကထွက်လာတော့ သန့်စင်ခန်းကနေပြန်လာတဲ့အမေနဲ့တိုးသည်။အမေလူ့လောကမှာ ဘယ်လောက်မှမနေရတော့ဘူးတဲ့ ဒါကအိပ်မက်တစ်ခုသာဆိုရင်၊အိပ်မက်ဆိုးတစ်ခုသာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။

နှုတ်ခမ်းပါးလေးတွန့်ပြီးပြုံးပြတတ်တဲ့ အမေ့ရဲ့မျက်နှာလေးကို သူ့ရဲ့အသိစိတ်တွေကသိမ်းဆည်းထားဖို့လှုံ့ဆော်နေခဲ့သည်။ဘယ်နေ့မှာ ဒီအပြုံးတွေပျောက်ဆုံးသွားမလဲဆိုတာ အမေရော၊သူရောမသိပေမယ့် ကံကြမ္မာကတော့အဆုံးသတ်တစ်ခုကိုချမှတ်ပြီးခဲ့ပြီလေ။ကိုယ်ကဝင်စွက်ဖက်ပြီးခြယ်လှယ်လို့ကလည်းမရ။

"အမေ ကျွန်တော်တို့အိမ်ပြန်ကြရအောင် အမေအနားယူရမယ်လေ ဆေးရုံကို‌လမ်းလျှောက်လာရတာပင်ပန်းသွားပြီမလား"

"ပင်တော့မပင်ပန်းပါဘူး ဒါပေမယ့် အမေအိမ်ကိုတော့ပြန်ချင်နေပြီ"

"ဒါဆို ကျွန်တော်တို့ပြန်ကြမယ်"

အမေ့လက်ကိုတွဲကိုင်ကာဆေးဖိုးသွင်းပြီး ဆေးရုံထဲကနေထွက်လာခဲ့ကြသည်။

____________

နောက်တစ်နေ့မနက်ရောက်တော့ တိမ်စိုင်သူ့ရဲ့တစ်ခုတည်းရှိတဲ့အိတ်ကိုစလွယ်သိုင်းပြီး တံတားတစ်ခုစီသို့ လေညင်းခံရန်ထွက်လာခဲ့သည်။

ဒါကသူလာနေကြတံတား၊သူစိတ်ညစ်လာတဲ့အခါတိုင်း ရင်ဖွင့်နေကြနေရာ။သူ့ရဲ့သုခဘုံလေး။

ဒီတံတားသာအသက်ရှိမယ်ဆိုရင် တိမ်စိုင်ပြောသမျှနားထောင်ပေးနေရလွန်းလို့ နားငြီးနေလောက်ပြီ။သက်မဲ့အရာတစ်ခုကို စကားပြောနေရတာက ရူးနှမ်းရာကျပေမယ့် သူ့အတွက်တော့ ငွေလိုမျိုးရှားပါးတဲ့အရာ။

သုံးပေမြင့်တဲ့တံတ‌ားဘောင်ပေါ်ကိုခုန်တက်ကာထိုင်လိုက်ပြီး ရေတွေပဲရှိတဲ့အောက်ကြမ်းပြင်ကို သူခြေထောက်ဆင်းလိုက်သည်။

"တိမ်စိုင် ! "

လွတ်လွတ်လပ်လပ်ချထားရတဲ့ခြေထောက်နှစ်ချောင်းကိုအားပါးတရလှုပ်ယမ်းကာ တိမ်မရှိတဲ့ကောင်းကင်ပြင်ကို မော့ကြည့်နေစဉ် ‌ပခုံးထက်သို့လက်တစ်ဖက်ကျရောက်လာပြီး သူ့နာမည်ကိုအော်ခေါ်လိုက်တာကြောင့် တိမ်စိုင်လန့်သွားကာ နောက်ကိုလှည့်ကြည့်သည်။

"မင်းငါ့အကြွေးတွေဘယ်တော့ပြန်ဆပ်မှာလဲ မင်းယူထားတာကြာနေပြီနော် အရင်းမပြောနဲ့ငါအတိုးတောင်မရဘူး"

ဦးမာန်ထက်က ငွေတိုးချေးစားတဲ့လူတွေထဲမှာ နာမည်အရဆုံးနဲ့ အန္တရာယ်အရှိဆုံးလူတစ်ယောက်။တိမ်စိုင် သူ့အမေကြောင့်သာဒီလိုလူမျိုးနဲ့ပတ်သတ်ခဲ့ရတာ။သူစိတ်ရှိတဲ့အတိုင်းဆို အဲ့လူကိုထိုးပြီးတာကြာလှပြီ။ဒါပေမယ့် ခုတော့အထိုးခံရမယ့်လူကတိမ်စိုင်ဖြစ်နေပြီ။

ဦးမာန်ထက် တိမ်စိုင့်ရဲ့အကျီစကိုဆွဲကာ သတ်မယ့်ဖြတ်မယ့်အကြည့်တွေနဲ့မေးတော့။

"ကျွန်..ကျွန်တော်မပေးနိုင်သေးလို့ပါဦးမာန် ကျွန်တော့်ကိုခဏလောက်ပဲထပ်စောင့်ပေးပါ မကြာခင်ပြန်ဆပ်ပါ့မယ်"

"မင်းငါ့ကိုဒီတစ်လအတွင်း ငွေတွေအကုန်ပြန်ဆပ်ရင်ဆပ် မဟုတ်ရင်ငါမင်းကိုထောင်ထဲပို့ပစ်မယ်"

"အား..!"

ဦးမာန်ထက် နဲ့ တိမ်စိုင် ရုန်းရင်းဆန်ခတ်ဖြစ်ကြရင်း တံတားဘောင်ကနေချော်ကာ အေးစိမ့်နေတဲ့ရေထဲကိုတိမ်စိုင်ပြုတ်ကျသွားသည်။

ဗွမ်းကနဲမြည်သံနှင့်အတူ ရေထဲသို့ တစိမ့်စိမ့်နစ်ဝင်သွား‌ေသာကိုယ်ခန္ဓာ။ဖွင့်မရ‌ေအာင်‌ေလးလံ‌ေနတဲ့မျက်လုံး‌ေတွက တင်းကာမှိတ်ထားသကဲ့သို့။

မျှော်လင့်ချက်ဆိုတာဘာလဲ သူမသိဘူးပြီး‌ေတာ့ သူရေလည်းမကူးတတ်ဘူး။

ကံတရားကသူ့အပေါ်ကိုဘာလို့ရက်စက်ရတာလဲ။

====================

Zawgyi

"ဟိုေကာင္မေလး ဒီကိုခဏလာ"

ပထမဆုံးဖြင့္ခဲ့သည့္ စားေသာက္ဆိုင္ကိုဂၽြန္ဒီေန႔စစ္ေဆးဖို႔ ဆိုင္ထဲကိုဝင္လာရင္း ေထာင့္မွာရပ္ေနသည့္ေကာင္မေလးကို ညာဘက္လက္၏လက္ညႇိုးႏွင့္လက္ခလယ္ႏွစ္ေခ်ာင္းပူးကာ လက္ယပ္ေခၚလိုက္ေတာ့ ဂၽြန႔္ဆီကိုေျပးလာသည္။

"ဟုတ္ကဲ့သူေဌး ဘာကိစၥရွိလို႔ပါလဲ"

‌ဝိတ္တာမေလး ကိုယ္ကိုယို႔ကာ ဂၽြန႔္ကိုအရိုအေသေပးသည္။

"မင္းတို႔ကိုဘယ္သူစကပ္ဝတ္ခိုင္းလို႔ဝတ္ထားတာလဲ ‌ငါထုတ္ထားတဲ့စည္းကမ္းေတြလိုက္နာရမွာ မင္းတို႔မသိၾကဘူးလား"

"ရွင္..ရွင္ အဲ့လိုမဟုတ္ပါဘူးသူေဌး ကို..ကိုေနသူကဝတ္လို႔ရတယ္လို႔ေျပာလို႔ပါ"

ဒူးေပၚေနသည့္စကပ္ကို ေအာက္သို႔ဆြဲခ်ရင္း အထစ္ထစ္အေငါ့ေငါ့ျဖင့္ ျပန္ေျပာသည္။ဂၽြန္ ဝိတ္တာမ‌ေလးကို ေခါင္းအစေျခအဆုံးတစ္ခ်က္ၾကည့္လိုက္ၿပီး ဘာမွဆက္မေျပာဘဲ  မ်က္ခုံးႏွစ္ဖက္မွာ တြန႔္ကာအေပၚသို႔ျမင့္တက္လာခဲ့သည္။

"ကိုမင္းအိုင္ ကၽြန္ေတာ့္ကိုနား‌ေနခန္းထဲလိုက္ပို႔ေပး ၿပီးရင္ေနသူ႔ကိုကၽြန္ေတာ့္ဆီေခၚလာခဲ့"

"ဟုတ္..ဟုတ္ကဲ့ဆရာ"

ကိုမင္းအိုင္ ဂၽြန္ထိုင္ေနတဲ့ဝီးခ်ဲကိုတြန္းၿပီး ဂၽြန႔္ကိုနားေနခန္းထဲမွာထားခဲ့ကာ ေနသူ႔ကိုသြားေခၚလာခဲ့သည္။ေနသူအခန္းထဲဝင္လာၿပီး တံခါးျပန္ပိတ္ကာ ဂၽြန႔္ေရွ႕တြင္မတ္တပ္ရပ္လိုက္သည္။

"ေနသူ မင္းအလုပ္ကေနထြက္လို႔ရၿပီ"

ေနသူဆိုေသာလူထံသို႔ ဂၽြန္တစ္ေသာင္းတန္အျပည့္ထည့္ထားေသာစာအိတ္တစ္ခုကိုပစ္ကာေပးလိုက္သည္။ထိုသူကေတာ့စာအိတ္ကိုမထိေသး။

"သူေဌးကဘာလို႔ကၽြန္ေတာ့္ကိုဒီေငြထုပ္ပစ္ေပးၿပီးအလုပ္ထြက္ခိုင္းရတာလဲ"

ဂၽြန္တင္းၾကပ္စြာဆုပ္ထား‌ေသာ လက္သီးျဖင့္ ဝီးခ်ဲလက္ရန္းကို ဒုန္းကနဲျမည္ေအာင္ထုရင္း‌။

"စားေသာက္ဆိုင္တစ္ဆိုင္တည္ေထာင္ဖို႔ဆိုတာလြယ္ကူတယ္လို႔‌မင္းထင္လား ငါဒီဆိုင္ေတြဖြင့္ဖို႔အတြက္ ငါ့ရဲ့အခ်ိန္ေတြအမ်ားႀကီးရင္းႏွီးထားခဲ့ရတာ မင္းကငါ့ရဲ့စည္းကမ္းခ်က္ေတြကိုအလြဲသုံးစားလုပ္ေနရင္ ငါ့ဆိုင္နာမည္ပ်က္တယ္ဆိုတာမင္းနားမလည္ဘူးလား"

ေနသူက ဂၽြန္တို႔႐ုံးခ်ဳပ္ရဲ့ တာဝန္ခံ‌။ေျပာရရင္ေတာ့ မန္ေနဂ်ာကိုမင္းအိုင္ၿပီးရင္ ဒီလူကရာထူးအႀကီးဆုံးပဲ။

ဂၽြန္တို႔႐ုံးခ်ဳပ္မွာမိန္းကေလးဝန္ထမ္းက ေယာက္်ားေလးအေရအတြက္ထက္ပိုမ်ားသည္။ဂၽြန္စည္းကမ္းခ်က္ထုတ္ထားတာမွာ မိန္းကေလးေတြေဘာင္းဘီရွည္ဝတ္ရမည္ဟူ‌၍ရွိသည္။

အဲ့တာကို ေနသူက ဂၽြန္မသိေအာင္လို႔ စည္းကမ္းခ်က္ကို စကပ္ဝတ္လို႔ရတယ္ဆိုၿပီး ေကာင္မေလးေတြကို ျပန္ေျပာင္းေျပာေတာ့ မိန္းကေလးဆိုတာကလွခ်င္ၾကသည္ေလ။အဲ့‌တာေၾကာင့္ ဆိုင္မွာစားပြဲထိုးရင္စကပ္ကိုတိုတိုေလးဝတ္ၾကသည္။

"ကၽြန္ေတာ္ဘာလုပ္မိလို႔လဲ"

ေနသူပုံမွန္ေျပာေနၾကေလသံထက္ တစ္ထစ္ပိုျမႇင့္ကာေျပာလာေတာ့။

"ဘာလုပ္မိလို႔လဲဟုတ္လား မင္းခုထက္ထိေတာင္မင္းအမွားကဘာလဲဆိုတာကိုမသိေသးတာလား မင္းငါ့ရဲ့စည္းကမ္းခ်က္ေတြကို ငါ့ခြင့္ျပဳခ်က္မပါဘဲနဲ႔မင္းေျပာင္းပစ္တယ္ေလ မိန္းကေလးေတြေဘာင္းဘီပဲဝတ္ရမယ္ဆိုတဲ့အခ်က္ကို ဘာလို႔မင္းသေဘာနဲ႔မင္း‌မရွိေတာ့သလိုသတ္မွတ္လိုက္ရတာလဲ ဘာလို႔သူတို႔ကိုစကပ္ဝတ္လို႔ရတယ္လို႔ မင္းပါးစပ္ကေနေျပာရတာလဲ မင္းဒီမွာအလုပ္လုပ္ေနတာ တစ္ႏွစ္ေက်ာ္ေနၿပီေနာ္ မင္းငါ့မ်က္ႏွာကိုေတာင္ နည္းနည္းပါးပါးမေထာက္ဘူးလား"

"စကပ္ဝတ္ခိုင္းလိုက္တာ အဲ့ေလာက္ေတာင္အျပစ္ႀကီးသြားလို႔လား သူတို႔လည္းႀကိဳက္လို႔ဝတ္ေနတာပဲ ကၽြန္ေတာ္အတင္းဝတ္ခိုင္း‌တာမွမဟုတ္တာ ၿပီးေတာ့သူတို႔အဲ့လိုဝတ္ေနတာၾကာလွၿပီ သူေဌးကဘာလို႔အခုမွဒီအ‌ေၾကာင္းကိုစိတ္ဝင္စားေနရတာလဲ"

ေနသူက ဒီလိုလူမ်ိဳးျဖစ္ေနလိမ့္မယ္လို႔ ဂၽြန္တကယ္မထင္ခဲ့တာ။သူဟာရိုးသားတဲ့သူ။ႀကိဳးစားတဲ့သူတစ္ေယာက္လို႔ပဲ ဂၽြန္ထင္မွတ္ထားခဲ့မိလို႔ သူဒီဆိုင္ကိုေနသူ႔လက္ထဲ စိတ္ခ်လက္ခ်နဲ႔လႊဲထားလိုက္တာ။

"ငါအားအားယားယားေနေနတာမဟုတ္ဘူး ငါ့မွာသြားၾကည့္ရတဲ့ဆိုင္ခြဲေတြအမ်ားႀကီးပဲ ရွယ္ယာရွင္ေတြနဲ႔လည္းမၾကာခဏငါေတြ႕ေနရတာ မင္းစကားလမ္းေၾကာင္းကိုေျပာင္းမေနနဲ႔
မင္းဒီလိုလုပ္တာ ဘာရည္ရြယ္ခ်က္နဲ႔လဲ မင္းမ်က္စိအရသာခံခ်င္လို႔လား ေအး မင္းတျခားေနရာမွာဒီလိုလုပ္ခ်င္လုပ္လို႔ရမယ္ ဒါေပမယ့္ မင္းငါပိုင္တဲ့ငါ့ေနရာမွာေတာ့ မင္းလုပ္ပိုင္ခြင့္မရွိဘူး"

ဆိုင္ကဒီတစ္ဆိုင္တည္းမဟုတ္ေတာ့ တျခားဆိုင္ခြဲေတြအလွည့္က်ၾကည့္ေနရတာနဲ႔ ဂၽြန္လည္းဒီကိုမေရာက္ျဖစ္တာေနသူ႔ကိုခန႔္ၿပီး သုံးေလးလၾကာၿပီးကတည္းကပဲ။ဒါေပမယ့္ ဒီဆိုင္ကို ဂၽြန႔္အသိတစ္ေယာက္လာစားရင္းနဲ႔ ေကာင္မေလးေတြဒီလိုဝတ္ေနတာကိုျမင္ၿပီး ဂၽြန႔္ကိုအေၾကာင္းၾကားခဲ့သည္။

တျခားဆိုင္ခြဲ‌ေတြမွာက ဂၽြန္ခ်မွတ္ထားတဲ့အတိုင္း ေနၾကေတာ့ ဒီဆိုင္တစ္ဆိုင္ပဲကြက္ၿပီးလူေျပာစရာျဖစ္ေနသည္။ဒါေၾကာင့္ သတင္းရရခ်င္း ဂၽြန္အေျပးလာခဲ့ေတာ့ သူၾကားခဲ့သည့္အတိုင္းပင္။

"ဟုတ္တယ္ေလ သူတို႔ေတာင္ဝတ္ျပေသးတာပဲ ကၽြန္ေတာ္ကၾကည့္ေတာ့ေရာအသားပဲ့ပါသြားလို႔လား"

သူက မိနး္ကေလးေတြအေပၚမွာ ႏွမခ်င္းစာနာတဲ့စိတ္မထားဘဲ သူ႔မ်က္စိကိုအစာေကၽြးခ်င္႐ုံသက္သက္ႏွင့္လုပ္ခဲ့ျခင္းျဖစ္သည္။တစ္ခ်ိဳ႕မိန္းကေလး‌ေတြကိုလည္း ထိကပါးရိကပါးလုပ္တာမ်ိဳးလည္းရွိ‌ေသာ္လည္း ေနသူ႔ကိုေၾကာက္သျဖင့္စကားတစ္ခြန္းမွမဟခဲ့ၾကေပ။

"ေတာ္ၿပီ မင္းလိုလူမ်ိဳးနဲ႔စကားဆက္မေျပာခ်င္‌ေတာ့ဘူး ဒီပိုက္ဆံေတြယူၿပီးမင္းငါ့မ်က္စိေရွ႕ကေနထြက္သြားေတာ့ ငါမင္းမ်က္ႏွာကိုမျမင္ခ်င္ဘူး"

ဂၽြန္မ်က္ေမွာင္ကိုၾကဳတ္ကာ မ်က္ႏွာတစ္ခုလုံးေဒါသစိတ္ျဖင့္နီရဲ‌ေနသည္။ဝီခ်ဲဘီးကိုလက္ျဖင့္လွည့္ကာ ေနသူ႔ကိုေက်ာခိုင္းရင္းထိုစကားကိုေျပာလိုက္သည္။

ေနသူဘာမွထပ္မဟေတာ့ဘဲ ဂၽြန္ပစ္ေပးထားတဲ့ပိုက္ဆံထုပ္ကိုယူကာ တံခါးကိုေဆာင့္ပိတ္ၿပီးထြက္သြားသည္။ဆိုင္ထဲကေကာင္မေလးဝန္ထမ္းေတြကေတာ့ ေနသူထြက္သြားသည္ကိုၾကည့္ကာ ေပ်ာ္ေတာ့ေပ်ာ္သြားၾကသည္။ဒီလိုအက်င့္ပ်က္ေနတဲ့လူတစ္ေယာက္ကို သူတို႔မရွိေစခ်င္တာၾကာေနခဲ့ၿပီ။

ေနသူထြက္သြားၿပီးေတာ့ ကိုမင္းအိုင္အခန္းထဲကိုျပန္ဝင္လာသည္။

"ဆရာ အဆင္ေျပရဲ့လား"

"မေျပဘူး ကၽြန္ေတာ္အရမ္းစိတ္ရွုပ္ေနတယ္ ဒီေန႔ရွိေသးတဲ့အခ်ိန္ဇယားေတြအကုန္ဖ်က္လိုက္ေတာ့ ကၽြန္ေတာ္အိမ္ပဲျပန္ေတာ့မယ္"

ကိုမင္းအိုင္ ဝန္ထမ္းေကာင္မေလးေတြအားလုံးကို မူလစည္းကမ္းခ်က္စာရြက္ေဝေပးၿပီး ဝီးခ်ဲတြန္းကာဂၽြန႔္ကိုကားပါကင္ဆီေခၚလာခဲ့သည္။

ဂၽြန္သူ႔ရဲ့လက္ႏွစ္ဖက္ကိုအားျပဳၿပီး ကားေနာက္ခုံ‌ေပၚေထာက္ကာ တက္လိုက္သည္။ႂကြမရတဲ့ေျခေထာက္တစ္ဖက္ကိုေတာ့ ကိုမင္းအိုင္မ,ကာတင္ေပးသည္။ထို႔‌ေနာက္ဝီးခ်ဲကိုေခါက္ၿပီး ကားေနာက္ခန္းထဲတြင္ထည့္ကာ ကားေမာင္းလာခဲ့သည္။

ဂၽြန႔္ရဲ့မ်က္ႏွာကေတာ့ ေလျပည့္ေနတဲ့ပူစီေဖာင္းလို တင္းရင္းေနသည္။ညိဳလဲ့ေနတဲ့မ်က္ႏွာေပၚတြင္ ေျဖာင့္စင္း‌ေန‌ေသာအနက္‌ေရာင္ဆံႏြယ္တစ္မၽွင္မွာ ယေန႔မွမ်က္စိထဲတြင္ရွုပ္ေနသလိုလို။မ်က္ႏွာေပၚက်လာတဲ့ ဆံပင္ကိုအေပၚသပ္တင္ရင္း လက္ႏွစ္ဖက္ကိုပိုက္ထားကာ ကားေနာက္ခုံကိုမွီရင္း အေဖ့အေၾကာင္းကိုေတြးမိသည္။

အေဖကလည္းမိန္းမဆိုရင္ ပ်ိဳပ်ိဳအိုအိုတစ္ခုမွမေရွာင္တဲ့လူ။မ်က္စိေရွ႕မွာေတြ႕ရာကို အကုန္ဆြဲသိမ္းတတ္တဲ့လူ။ေနသူ႔ကိုအလုပ္ထုတ္လိုက္တာက ေနသူကသူ႔အေဖနဲ႔တူ‌ေနလို႔။မိန္းကေလးေတြကို ေငြစကၠဴတစ္ရြက္လို တန္ဖိုးထားတတ္တဲ့အေဖ့ေၾကာင့္ အဲ့လိုလူေတြကို ဂၽြန္ခါးခါးသီးသီးမုန္းတတ္လာခဲ့သည္။

သူ႔ရဲ့ဝန္ထမ္းမိန္းကေလးေတြကို သူ႔အေဖလိုလူမ်ိဳးနဲ႔ေတြ႕မွာစိုးတာေၾကာင့္ အစကတည္းကလုံလုံျခဳံျခဳံဝတ္ဖို႔သူေျပာထားခဲ့တာ။သူတို႔စိတ္ရွုပ္တာ၊မရွုပ္တာကေနာက္မွ  အရွက္သိကၡာကိုသာအရင္ဦးစားေပးစဥ္းစားခဲ့သည္။

"အေဖ..အေဖနိုင္ငံျခားမွာရွိေနတာမို႔ကၽြန္ေတာ္စိတ္သက္သာရတယ္ ဒါေပမယ့္ အေဖအဲ့မွာလည္းေကာင္မေလးေတြနဲ႔ေပ်ာ္ေနေလာက္မွာပဲေနာ္"

________________________

မေန႔ကအလုပ္ခန႔္လိုက္သည့္အေဒၚႀကီး ပထမဆုံးရက္အလုပ္ဆင္းရန္အိမ္ကိုေရာက္ေနသည္။

"အေဒၚအိမ္ေရွ႕မွာေနၿပီး ဝူဝူ႔ကိုေသခ်ာၾကည့္ေပးပါေနာ္ သမီးတို႔ကေနာက္ေဖးမွာဟင္းသြားခ်က္ေနမွာမို႔လို႔ အေဒၚကဝူဝူနဲ႔ေဆာ့ေပး႐ုံပါပဲ"

ျဖဴသြယ္ ျပဳံးကာေျပာေတာ့ အေဒၚႀကီး‌လည္းျပန္ျပဳံးျပကာ ခ်ိဳခ်ိဳသာသာျဖင့္။

"ရပါတယ္ သမီးတို႔လုပ္စရာရွိတာသာလုပ္ အေဒၚအကုန္အဆင္ေျပေအာင္လုပ္ေပးမယ္"

ျဖဴသြယ္ ကေလးကိုအပ္ထားခဲ့ၿပီး အန္တီခင္ကိုေနာက္ေဖးမွာသြားကူလုပ္‌ေပးရန္ထြက္သြားသည္။

"ဝူဝူ ကာတြန္းၾကည့္ခ်င္ယယ္ တီဗီထြင့္ေပး"

ထိုအေဒၚႀကီးမွာ ျဖူသြယ္ႏွင့္စကားေျပာေနတုန္းက႐ုပ္ႏွင့္ေကာ၊ေလသံေကာမွာ တျခားစီျဖစ္သြားကာ ဆိုဖာေပၚကိုထိုင္ခ်ရင္း ေျခေထာက္တစ္ဖက္ကိုခ်ိတ္၊လက္ကိုပိုက္ကာ ဝူဝူေျပာတာကိုအေရးမစိုက္ ေျခေထာက္ကိုသာလွုပ္ေနသည္။

"တီဗီထြင့္ေပးယို႔"

ဝူဝူေျပာသည့္စကားကိုမၾကားခ်င္ေယာင္ေဆာင္၊ဝူဝူ႔ကိုရွိသည္လို႔ေတာင္မေတြးဘဲ ဧည့္ခန္းတစ္ခုလုံးကိုမ်က္လုံးျဖင့္ေဝ့ယမ္းကာၾကည့္ေနသည္။

သားေရအေကာင္းစားနဲ႔စြပ္ထားတဲ့ဆိုဖာထိုင္ခုံ‌ေတြ၊တန္ဖိုးႀကီးဖန္ထည္ေတြနဲ႔လုပ္ထားတဲ့ ပန္းအိုးေတြကိုၾကည့္ၿပီး မ်က္စိက်ေနသည့္အေဒၚႀကီးကို တီဗီမဖြင့္ေပးသျဖင့္ဝူဝူမေက်မနပ္ျဖစ္ကာ အေဒၚႀကီးနားကပ္လာၿပီး ေပါင္ကိုကိုက္ထည့္လိုက္သည္။

"အား...ေသပါၿပီ မင္းငါ့ကိုဘယ္လိုလုပ္လိုက္တာလဲ ကေလးက ကေလးလိုမေနဘူး လူႀကီးကိုလာၿပီးဒုကၡေပးတယ္ေပါ့ေလဟုတ္လား"

ဝူဝူ႔ကိုနဖူးကေန အားႏွင့္‌ေဆာင့္ကာတြန္းထုတ္ေတာ့ ဝူဝူလဲက်သြားသည္။သို႔ေသာ္ ဝူဝူလုံးဝမငို။ဖင္ထိုင္ရက္ျပဳတ္က်ရာကေနျပန္ထကာ ႏွာေခါင္းရွုံ႔မဲ့ၿပီးလက္သီးကိုက်စ္ေနေအာင္ဆုပ္ထားသည္။

"တီဗီၾကည့္ခ်င္တယ္ယို႔"

ဝူဝူသူ႔အသံကိုအဆုံးထိျမႇင့္ကာ အာေခါင္ျခစ္ၿပီးေအာ္လိုက္ေတာ့ ျဖူသြယ္အိမ္ေနာက္ေဖးကေနေျပးထြက္လာသည္။

"ဝူဝူဘာျဖစ္လို႔လဲ တီဗီၾကည့္ခ်င္ေနတာလား"

ျဖဴသြယ္ေအာက္တြင္ထိုင္ခ်ကာ ဝူဝူ႔ကိုဖက္ၿပီးေမးလိုက္ေတာ့ ေခါင္းညိတ္ျပတာနဲ႔ အေဒၚႀကီးကိုေမ့ာၾကည့္‌သည္။

"အ..အေဒၚက လူႀကီးဆိုေတာ့ေလ တီဗီဘယ္လိုဖြင့္ရမလဲမသိလို႔ပါသမီးရယ္"

ဟန္ေဆာင္ေကာင္းလြန္းေတာ့လည္း သ႐ုပ္မွန္ရွိ‌ေနတဲ့မ်က္ႏွာဖံုးက မကြာက်လာခဲ့ေပ။ေၾကာင္သူေတာ္ႂကြက္သူခိုး ပုံစံႏွင့္ ဘာမွမသိတဲ့အဘြားအိုႀကီးတစ္ေယာက္လို ဟန္ေဆာင္ေနသည္မွာ အကယ္ဒမီေပးလို႔ရေလာက္သည္။

"ေအာ္..ရပါတယ္ သမီးပဲဖြင့္ေပးလိုက္မယ္ ဝူဝူစိတ္မဆိုးနဲ႔ေတာ့ေနာ္ အေဒၚကမသိလို႔ပါတမင္လုပ္တာမဟုတ္ပါဘူး လာ မမဖြင့္ေပးမယ္"

ျဖူသြယ္ကငယ္ေသးေတာ့ အေဒၚႀကီးေျပာေနသည္ကိုယုံသျဖင့္ ဝူဝူ႔လက္ကိုဆြဲကာတီဗီ‌နားသို႔ေခၚလာခဲ့သည္။ဝူဝူကေတာ့ မဲ့ျပဳံးျပဳံးေနတဲ့အေဒၚႀကီး႐ုပ္ကို လည္ျပန္ၾကည့္ကာ ယခင္အတိုင္းႏွုတ္ခမ္းစူထားစဲ။

"ကဲ ဖြင့္လို႔ရသြားၿပီ ၾကည့္ေတာ့ အေဒၚသမီးလည္းသြားလိုက္အုံးမယ္ေနာ္"

"ေအာ္ ေအးေအး"

ျဖဴသြယ္ေနာက္ေဖးဝင္သြားေတာ့ အေဒၚႀကီးရဲ့မ်က္ႏွာဖုံးကျပန္ကြာက်သြားျပန္သည္။ဝူဝူ ထိုအေဒၚႀကီးကိုေက်ာေပးကာ တီဗီၾကည့္ေနခ်ိန္ လူအလစ္မွာအေပၚထပ္သို႔ခိုးတက္သြားသည္။

ဝူဝူတီဗီၾကည့္ေနေပမယ့္ အာ႐ုံကအေဒၚႀကီးဆီမွ‌ာေရာက္ေနတာေၾကာင့္ အေဒၚႀကီးေနာက္ကေနေလွကားထစ္ကို ေလးဘက္ကုန္းတက္ကာ လိုက္သြားခဲ့သည္။

သူ႔အေဖအခန္းထဲကိုဝင္သြားတာကိုဝူဝူေတြ႕လိုက္သျဖင့္ ကိုယ္ကိုတံခါးေနာက္တြင္ကြယ္ကာ ေခ်ာင္းၾကည့္ေတာ့ သူ႔အေဖရဲ့ေမႊ႕ယာ၊အသုံးအေဆာင္ လက္ဝတ္လက္စားေတြကိုထိေနတာေတြ႕သည္။

သူကပိစိေလးဆိုေတာ့ အခန္းထဲဝင္သြားရင္ အေဒၚႀကီးျပန္လုပ္မွာစိုးတာေၾကာင့္လူ‌ႀကီး‌ေတြကိုအသိ‌ေပးဖို႔ အိမ္ေအာက္ထပ္ကိုေျပးဆင္းလာခဲ့သည္။

____________________

ေဆး႐ုံကိုစစခ်င္းလာျပတုန္းက တစ္ကိုယ္လုံးကို႐ုပ္ပိုင္းဆိုင္ရာစစ္ေဆးမွုလုပ္ရသည္။ေနာက္ၿပီး ေသြးနမူနာယူကာ ဆီးႏွင့္ဝမ္းကိုစစ္ေဆးခဲ့သည္။

ဓာတ္မွန္ရိုက္ၾကည့္ၿပီး အဖုအႀကိတ္ေတြ၊တျခားမူမမွန္တာေတြရွိမရွိထပ္စစ္ရသည္။ဒါတင္မၿပီးေသးဘဲ Endoscopic ultrasonography (EUS) ကြန္ျပဴတာျဖင့္ၾကည့္ရ‌ေသာသုံးဘက္ျမင္ကိရိယာနဲ႔ ကင္ဆာမည္သည့္အဆင့္ထိေရာက္ေနၿပီဆိုတာကို ၾကည့္ရသည္။

ထို႔ေနာက္ PET scanဖတ္ကာ ကင္ဆာပ်ံ႕ႏွံ့ႏွုန္းကိုစစ္ေဆးၾကည့္ခဲ့ၿပီးမွ ေနာက္ဆုံးအဆင့္သို႔ေရာက္ေနမွန္းသိခဲ့ရသည္။

အဲ့ေန႔တုန္းကသားအမိႏွစ္ေယာက္ အရွင္လတ္လတ္ငရဲက်ခဲ့သလိုပဲ။ေငြေၾကးကလည္းအေႂကြးေတြဆပ္ရလို႔ကုန္။ထပ္ေခ်းမယ္ဆိုေတာ့လည္းေပးမယ့္သူကမရွိတာနဲ႔ မရွိရွိတာထုတ္ေရာင္းရကာ အဝတ္တစ္ထည္ကိုယ္တစ္ခုႏွင့္ျဖစ္သြားခဲ့ၾကသည္မွာ ယေန႔ထက္တိုင္ပင္။

ေနာက္ဆုံးအဆင့္ျဖစ္သျဖင့္ကင္ဆာဆဲလ္မ်ားမွာ အသည္းႏွင့္အဆုတ္ထိပ်ံ႕ႏွံ့ေနတာေၾကာင့္ ခြဲစိတ္ျပန္ရင္လည္းအခ်ိန္မမွီေတာ့ေပ။ထို႔ေၾကာင့္ ခီမိုေဆးသြင္းကာ ေရာဂါလကၡဏာမျပေအာင္ထိန္းထား႐ုံေလာက္သာ။

ဒါေပမယ့္လည္း ေဆးတိုင္းမွာက ေဘးထြက္ဆိုးက်ိဳးရွိသျဖင့္ ခီမိုသရာဖီကုထံုးဟာလည္း လူကိုပင္ပန္းႏြမ္းနယ္ကာ အားယုတ္သြားေစနိုင္တာ‌ေၾကာင့္ ထိုကုထုံးကိုမခံယူခင္မွာ လုံေလာက္တဲ့ အနားယူမွုလိုအပ္သလို၊အစာကိုလည္း‌ေက်ညက္‌ေအာင္စားရမည္။‌ေရလည္းမ်ားမ်‌ား‌ေသာက္ကာ ကိုယ္ခံအားေကာင္းေအာင္လုပ္ရေပမည္။

"ဆရာ အေမအဆင္ေျပရဲ့လား"

အေမသန႔္စင္ခန္းသြားေနခ်ိန္ တိမ္စိုင္ဆရာဝန္ကို စိုးရိမ္ႀကီးစြာျဖင့္ေမးလိုက္သည္။

"ဆရာစိတ္မေကာင္းေပမယ့္ ေျပာရမယ္သား လူနာရဲ့ခႏၶာကိုယ္ထဲမွာကင္ဆာဆဲလ္ေတြကေနရာအႏွံ့ကိုပ်ံ႕ေနတာေၾကာင့္ သိပ္ၾကာၾကာေနရေတာ့မယ္မထင္ဘူး ပိုဆိုးတာကလူနာကဆက္ကုခ်င္တဲ့စိတ္မရွိေတာ့တာဘဲ သူ႔ရဲ့စိတ္က ေလာကႀကီးကိုအရွုံးေပးလိုက္ၿပီ"

တိမ္စိုင္ ဒီလိုစကားေတြကိုၾကားရေတာ့မယ္ဆိုတာ သူအစကတည္းက သိေနခဲ့ပါသည္။အေမ့ကိုသူအႀကိမ္ႀကိမ္ ေဖ်ာင္းဖ်ကာ မျဖစ္ျဖစ္တဲ့နည္းလမ္းနဲ႔ဆက္ကုဖို႔၊စိတ္မေလၽွာ့လိုက္ဖို႔ကို သူနားဝင္ေအာင္ရွင္းျပခဲ့ဖူးပါသည္။သို႔ေသာ္ အေမ့ရဲ့စိတ္ကိုဘယ္အရာကမွတားလို႔မရခဲ့ေပ။

သက္သက္သာသာနဲ႔ပဲ ေလာကႀကီးကေနထြက္သြားခ်င္ၿပီတဲ့ေလ။တစ္ေယာက္တည္းရွိတဲ့သားကိုထပ္ၿပီး တစ္ေယာက္တည္းထားခဲ့မယ့္အေမ့ကို သူလႊတ္ေပးထားလိုက္ရသည္။ဒါအေမျဖစ္ခ်င္ခဲ့တဲ့ေနာက္ဆုံးဆႏၵျဖစ္တာေၾကာင့္သူဘာေျပာေျပာနားမဝင္ခဲ့ေပ။အေမက ေခါင္းမာတဲ့သူ။

"ဒါဆိုရင္ အေမဘယ္ေလာက္ၾကာၾကာေနနိုင္မလဲဆရာ ခန႔္မွန္းေျခေလးေျပာျပပါလားဗ်ာ"

"အလြန္ဆုံးႏွစ္ပတ္ပဲ အဲ့ထက္ပိုဖို႔‌ေတာ့မျဖစ္နိုင္ဘူး"

တိမ္စိုင္ျပန္ေျပာစရာစကားလံုးပင္ရွာမေတြ႕ခဲ့ပါ။ငိုခ်င္တာ‌ေ‌တာင္ မ်က္ရည္ထြက္မလာခဲ့တဲ့ ခံစားခ်က္က အေတာ္ပင္ဆိုးသည္။ငိုလိုက္လၽွင္ေတာင္ စိတ္သက္သာယာရသြားေပအုံးမည္။သို႔ေပမယ့္ အခုဟာကရင္ထဲမွာျပည့္သိပ္ေနတဲ့ေဝဒနာ။

ေဆး႐ုံခန္းထဲကထြက္လာေတာ့ သန႔္စင္ခန္းကေနျပန္လာတဲ့အေမနဲ႔တိုးသည္။အေမလူ႔ေလာကမွာ ဘယ္ေလာက္မွမေနရေတာ့ဘူးတဲ့ ဒါကအိပ္မက္တစ္ခုသာဆိုရင္၊အိပ္မက္ဆိုးတစ္ခုသာဆိုရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ။

ႏွုတ္ခမ္းပါးေလးတြန႔္ၿပီးျပဳံးျပတတ္တဲ့ အေမ့ရဲ့မ်က္ႏွာေလးကို သူ႔ရဲ့အသိစိတ္ေတြကသိမ္းဆည္းထားဖို႔လွုံ႔ေဆာ္ေနခဲ့သည္။ဘယ္ေန႔မွာ ဒီအျပဳံးေတြေပ်ာက္ဆုံးသြားမလဲဆိုတာ အေမေရာ၊သူေရာမသိေပမယ့္ ကံၾကမၼာကေတာ့အဆုံးသတ္တစ္ခုကိုခ်မွတ္ၿပီးခဲ့ၿပီေလ။ကိုယ္ကဝင္စြက္ဖက္ၿပီးျခယ္လွယ္လို႔ကလည္းမရ။

"အေမ ကၽြန္ေတာ္တို႔အိမ္ျပန္ၾကရေအာင္ အေမအနားယူရမယ္ေလ ေဆး႐ုံကို‌လမ္းေလၽွာက္လာရတာပင္ပန္းသြားၿပီမလား"

"ပင္ေတာ့မပင္ပန္းပါဘူး ဒါေပမယ့္ အေမအိမ္ကိုေတာ့ျပန္ခ်င္ေနၿပီ"

"ဒါဆို ကၽြန္ေတာ္တို႔ျပန္ၾကမယ္"

အေမ့လက္ကိုတြဲကိုင္ကာေဆးဖိုးသြင္းၿပီး ေဆး႐ုံထဲကေနထြက္လာခဲ့ၾကသည္။

____________

ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ တိမ္စိုင္သူ႔ရဲ့တစ္ခုတည္းရွိတဲ့အိတ္ကိုစလြယ္သိုင္းၿပီး တံတားတစ္ခုစီသို႔ ေလညင္းခံရန္ထြက္လာခဲ့သည္။

ဒါကသူလာေနၾကတံတား၊သူစိတ္ညစ္လာတဲ့အခါတိုင္း ရင္ဖြင့္ေနၾကေနရာ။သူ႔ရဲ့သုခဘုံေလး။

ဒီတံတားသာအသက္ရွိမယ္ဆိုရင္ တိမ္စိုင္ေျပာသမၽွနားေထာင္ေပးေနရလြန္းလို႔ နားၿငီးေနေလာက္ၿပီ။သက္မဲ့အရာတစ္ခုကို စကားေျပာေနရတာက ႐ူးႏွမ္းရာက်ေပမယ့္ သူ႔အတြက္ေတာ့ ေငြလိုမ်ိဳးရွားပါးတဲ့အရာ။

သုံးေပျမင့္တဲ့တံတ‌ားေဘာင္ေပၚကိုခုန္တက္ကာထိုင္လိုက္ၿပီး ေရေတြပဲရွိတဲ့ေအာက္ၾကမ္းျပင္ကို သူေျခေထာက္ဆင္းလိုက္သည္။

"တိမ္စိုင္ ! "

လြတ္လြတ္လပ္လပ္ခ်ထားရတဲ့ေျခေထာက္ႏွစ္ေခ်ာင္းကိုအားပါးတရလွုပ္ယမ္းကာ တိမ္မရွိတဲ့ေကာင္းကင္ျပင္ကို ေမာ့ၾကည့္ေနစဥ္ ‌ပခုံးထက္သို႔လက္တစ္ဖက္က်ေရာက္လာၿပီး သူ႔နာမည္ကိုေအာ္ေခၚလိုက္တာေၾကာင့္ တိမ္စိုင္လန႔္သြားကာ ေနာက္ကိုလွည့္ၾကည့္သည္။

"မင္းငါ့အေႂကြးေတြဘယ္ေတာ့ျပန္ဆပ္မွာလဲ မင္းယူထားတာၾကာေနၿပီေနာ္ အရင္းမေျပာနဲ႔ငါအတိုးေတာင္မရဘူး"

ဦးမာန္ထက္က ေငြတိုးေခ်းစားတဲ့လူေတြထဲမွာ နာမည္အရဆုံးနဲ႔ အႏၲရာယ္အရွိဆုံးလူတစ္ေယာက္။တိမ္စိုင္ သူ႔အေမေၾကာင့္သာဒီလိုလူမ်ိဳးနဲ႔ပတ္သတ္ခဲ့ရတာ။သူစိတ္ရွိတဲ့အတိုင္းဆို အဲ့လူကိုထိုးၿပီးတာၾကာလွၿပီ။ဒါေပမယ့္ ခုေတာ့အထိုးခံရမယ့္လူကတိမ္စိုင္ျဖစ္ေနၿပီ။

ဦးမာန္ထက္ တိမ္စိုင့္ရဲ့အက်ီစကိုဆြဲကာ သတ္မယ့္ျဖတ္မယ့္အၾကည့္ေတြနဲ႔ေမးေတာ့။

"ကၽြန္..ကၽြန္ေတာ္မေပးနိုင္ေသးလို႔ပါဦးမာန္ ကၽြန္ေတာ့္ကိုခဏေလာက္ပဲထပ္ေစာင့္ေပးပါ မၾကာခင္ျပန္ဆပ္ပါ့မယ္"

"မင္းငါ့ကိုဒီတစ္လအတြင္း ေငြေတြအကုန္ျပန္ဆပ္ရင္ဆပ္ မဟုတ္ရင္ငါမင္းကိုေထာင္ထဲပို႔ပစ္မယ္"

"အား..!"

ဦးမာန္ထက္ နဲ႔ တိမ္စိုင္ ႐ုန္းရင္းဆန္ခတ္ျဖစ္ၾကရင္း တံတားေဘာင္ကေနေခ်ာ္ကာ ေအးစိမ့္ေနတဲ့ေရထဲကိုတိမ္စိုင္ျပဳတ္က်သြားသည္။

ဗြမ္းကနဲျမည္သံႏွင့္အတူ ေရထဲသို႔ တစိမ့္စိမ့္နစ္ဝင္သြား‌ေသာကိုယ္ခႏၶာ။ဖြင့္မရ‌ေအာင္‌ေလးလံ‌ေနတဲ့မ်က္လုံး‌ေတြက တင္းကာမွိတ္ထားသကဲ့သို႔။

ေမၽွာ္လင့္ခ်က္ဆိုတာဘာလဲ သူမသိဘူးၿပီး‌ေတာ့ သူေရလည္းမကူးတတ္ဘူး။

ကံတရားကသူ႔အေပၚကိုဘာလို႔ရက္စက္ရတာလဲ။
© Noon ,
книга «တိမ်စိုင်ငယ်လို».
Коментарі