devil sakura
@budina
Блог Всі
credit, king of sadness
Новини
ကျနော့်ရဲ့ချစ်ခြင်းမေတ္တာကတော့ အသွားရှိမှ အပြန်ရှိတဲ့ ချစ်ခြင်းမေတ္တာမျိုးပါ ကျနော့်အပေါ် ဂရုစိုက်မှုမရှိရင် ကျနော့်ဆီက ဂရုစိုက်မှုကိုလည်း မမျှော်လင့်ပါနဲ့ ကျနော့်ကို အချိန်မပေးနိုင်ရင် ကျနော့်ဆီက အချိန်ရဖို့လည်း မမျှော်လင့်ပါနဲ့ ခင်ဗျားအားမှ ရခဲ့တဲ့အချိန်တွေအတွက် ကျနော်အားမှ အချိန်ပြန်ပေးပါ့မရ် ကျနော့်ရဲ့ အပြုအမှုအတိုင်းဟာ ခင်ဗျားအပေါ် တိုက်ရိုက်အချိုးကျလို့ ကျနော်ကောင်းခဲ့ရင် ခင်ဗျားတော်လို့ ဖြစ်ပြီ ကျနော်ဟာ ဆိုးခဲ့ရင်တော့ … 📝
1
85
Вірші Всі
De Frame
ရိုးရိုးလေးတွေးပြီး ရိုးရိုးလေးပြောတတ်တဲ့ ကျွန်တော်က မင်း အသိုင်းအဝိုင်း မှာ ဘောင်မဝင်ခဲ့ဘူး ခပ်မဆိတ် နေပြီး၊ မင်းပြောသမျှပြုံးပြီး နားထောင်တတ်တဲ့ ကျွန်တော်က မင်းရဲ့ သူငယ်ချင်းတွေကြား ဝင်မဆံ့ခဲ့ဘူး ပိုက်ဆံကို သုံးပဲသုံးနိုင်ပြီး မဖြုန်းနိုင်တဲ့ ကျွန်တော်က မင်းရဲ့ နှလုံးသားကို လည်း တစ်ဦးပိုင်အဖြစ် မသိမ်းထားနိုင်ခဲ့ပြန်ဘူး နောင်ဘဝများသာရှိခဲ့မယ်ဆိုရင် ကျွန်တော်တစ်ခုပဲ တောင်းဆုပြုမိမှာ မင်းရဲ့နှလုံးသားဟာ ထာဝရ ကျွန်တော် ဖြစ်နေပါစေလို့.....
0
0
276
By the way
တစ်ခါတစ်လေ ကျွန်တော့်ကို နားလည်ပေးနိုင်မယ့် လူတစ်ယောက်နဲ့ ဆုံချင်မိတယ် ကျွန်တော်ငိုနေတဲ့ အချိန် နှစ်သိမ့် မပေးနိုင်ရင်တောင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘေးနားမှာ အမြဲရှိနေပေးမယ့်လူမျိုး ကျွန်တော့်မွေးနေ့မှာ ကျွန်တော်တစ်ခုပဲဆုတောင်းမိပါတယ် ချမ်းသာကြွယ်ဝဖို့မဟုတ်သလို အသက်ရှည်ရှည် နေရဖို့လဲ မဟုတ်ဘူး အဲ့ဒီ့လူသား အမြဲပျော်ရွှင်နေပါစေ လို့ပဲ ဆုတောင်းခဲ့တာ ဘဝဆိုတာ ဆူးညှောင့် ခလုတ်တွေရှိနေတဲ့ ရင်ဆိုင်ဖို့ ခက်ခဲတဲ့ တိုက်ပွဲ တစ်ခုပဲတဲ့ ကျွန်တော်ကတော့ အဲ့ဒီ့လူကို ဘဝဆိုတာ တိုက်ပွဲ လို့ မမြင်စေချင်ဘူး ဒီတိုင်းစိတ်ချမ်းသာဖို့ကောင်းပြီး ဘာအခက်အခဲ မှမရှိတာကိုပဲ ဘဝ လို့ မြင်စေချင်တာ မေးကြပါလိမ့်မယ် အခက်အခဲမရှိရင် ဘဝလို့ ဘယ်ခေါ်ပါတော့မလဲလို့ အကြောင်းပြချက်မရှိ အဖြေမရှိတဲ့ မေးခွန်းတွေအတွက် အဖြေဘာလို့ ရှာနေကြမှာလဲ မမေးတာကပဲ အကောင်းဆုံးနည်းလမ်းလို့ ကျွန်တော်ထင်တယ် စကားမစပ်, ခင်ဗျားလေး အမြဲပျော်ရွှင်နိုင်ပါစေ
2
0
281