MID-1( Zawgyi )
MID-2 ( Zawgyi )
MID-3 ( Zawgyi )
MID-4 ( Zawgyi )
MID-5 (Final). ( Zawgyi )
MID-1 ( Unicode )
MID-2 ( Unicode )
MID-3 ( Unicode )
MID-4 ( Unicode )
MID-5 ( Final ) ( Unicode )
MID-5 ( Final ) ( Unicode )
25.1.2014}

3လ... Hyungဘေးမှာနေရင်း Hyungကိုငေးကြည့်ခဲ့တာ လရှိခဲ့ပြီ... ဒီ 3လအတွင်းမှာ Hyungနဲ့အတော်လေးရင်းနှီးခဲ့တယ်.... Hyung ကဘယ်တော့မှသူ့ချစ်သူအကြောင်းထုတ်မပြောခဲ့သလို ကျနော်ကလည်း ကိုဖွင့်မပြောရဲခဲ့ဘူး...အရင်ကတော့ချစ်တယ်ဆိုတဲ့ စကားကိုအေးအေးဆေးဆေးပြောနိုင်ပေမယ့် Hyungကိုကျတော့မပြောရဲဘူး ...
ကျနော်ဖွင့်ပြောလိုက်မှ ကျနော့်ကိုမုန်းသွားမှာကြောက်တယ်....
ကျနော့်ကိုမျက်နှာချင်းမဆိုင်ချင်မှာကြောက်တယ်...ချစ်ရသူရှိပါတယ်လို‌့ပြောထားရက်နဲ့ ဖွင့်ပြောရဲတဲ့သူလို့ထင်သွားမှာကြောက်တယ်...ပြီးတော့ Hyungဆိုတဲ့စကားလုံးလေးက  ကျနော့်ဘဝရဲ့အရာရာဖြစ်လာခဲ့ပြီလေ...

Hyungနဲ့ပတ်သက်ရင် အရာအားလုံးကို တွေးပြီးကြောက်နေတတ်သလို မယုံကြည့်ရဲခဲ့ဘူး... SeHunတို့ကတော့ ကျနော်ဖွင့်ပြောမယ်ဆိုရင်hyung ရဲ့ဖြစ်လာမယ့် အထင်လွဲမှုတွေကိုဖြေရှင်းပေးပါ့မယ်တဲ့...
ကျနော့်ကို Hyung အမြဲတမ်းမေးနေကြစကားတခွန်းရှိတယ်
*Jong In နှင်းကျတဲ့အချိန်ဘာလုပ်ချင်လဲတဲ့..* ထူးဆန်းတယ်သိလား Hyung ကအဲ့မေးခွန်းကိုအမြဲမေးခဲ့ဖူးတယ်.. နေ့တိုင်းလိုပဲ..ကျနော်ပြန်မဖြေခဲ့ဖူး ပြန်မဖြေခဲ့ဖူးဆိုတာထက် မဖြေတက်ဘူး.. အဲ့မေးခွနိးမေးတိုင်း ကျနော့် Hyung ကိုအမြဲပြုံးပြနေခဲ့မိတယ်လေ... Hyung ကကျနော်ပြုံးနေတာမြင်တာနဲ့ ခေါင်းလေးပြန်ငုံ့သွားပြီး ရှက်သလိုပါးလေး‌တွေနီရဲသွားတတ်တယ်...

ဒါပေမယ့်လေ Hyungကျနော့်ကို ငြင်းလိုက်မှာစိုးတယ် အဲ့တာကြောင့်မဖွင့်ပြောဖြစ်ခဲ့ဘူး... Hyungဘက်ကအဖြူရောင်ဖြစ်နေခဲ့ပေမယ့် ကျနော်ကတော့ တဖက်သက်အရောင်ဆိုးနေခဲ့တယ်...

အဆိုးထဲကအကောင်းလို့ပြောရမလားတော့မသိ... Hyungကိုကြိုက်တဲ့သူတွေရှိပေမယ့်လဲ... Hyungကိုဖွင့်ပြောတဲ့သူတွေရှိပေမယ့်‌လဲ ....
Hyungကိုချစ်နေတဲ့သူတွေရှိပေမယ့်လဲ...
Hyungကတော့အကုန်လုံးကို ငြင်းခဲ့တယ်လေ...

အဲ့တာထက်ပိုကောင်းတာက နေ့တိုင်း Hyung နဲ့ကျ‌နော်ကျောင်းသွားကျောင်းပြန် တူတူလုပ်တယ် ... မနက်ဆိုရင် ကျနော့်အိမ်ကစောထွက်ပြီး Hyung အိမ်ရှေ့မှာ ရပ်စောင့်နေတက်တယ်...အိမ်ကလူတွေကတော့ပထမကအထူးအဆန်းလိုဖြစ်ကြပေမယ့် နောက်ပိုင်းကျတော့ရိုးသွားတယ်နဲ့တူပါတယ် ဘာမှမပြောကြတော့ဘူး... နေ့တိုင်း Hyungနဲ့အတူ နှင်းတွေကြားထဲမှာ ဘေးချင်းယှဉ်ပြီး လမ်းလျောက်ရတာက ကျနော့်ဘဝမှာအပျော်ဆုံးအရာတခုဆိုလည်းမမှားဘူးလေ....

တီ!!!!တီ!!!!!တီ!!!! တီ!!!!!
ကျနော်တွေးရင်းသွားနေတာ ရုတ်တရက် ကားဟွန်းသံ တွေထွက်လာမှ အတွေးစဖျောက်မိပြီး လှည့်ကြည့်လိုက်တော့ ကလေးတယောက်က လမ်းလည်မှာ ....

ကျနော်လည်း အပြေးသွားပြီး ကလေးကိုတွန်းလိုက်တော့ ကျနော်က ကားရှေ့တည့်တည့်ရောက်သွားတယ် ရုတ်တရက်မို့ကြောင်ပြီးကြည့်နေမိစဉ်မှာပဲ ကျနော်ကို‌တွန်းထုတ်လိုက်တဲ့ လက်တစုံနဲ့အတူ
လမ်းဘေးကိုပစ်လဲကျသွားတယ် ... ကျနော် မော့ကြည့်လိုက်တော့ အရာအားလုံးဟာ ကဲံဆိုးမိုးမှောင်ကျနေခဲ့တယ်... ရပ်လို့မရတော့တဲ့ ထိုကားဟာ ကျနော့်ကိုတွန်းထုတ်ပြီး ကျနော့်နေရာရောက်နေတဲ့ ဆီသို့ မကြာမီမှာပဲ

!!!!တီ!!!!!ဒုန်း!!!!!
အားးးး!!!!!!!!!

Hyungရဲ့နာကျင်စွာအော်သံနဲ့အတူ ထိုနေရာမှာ သွေးချင်းရဲရဲနီသွားခဲ့တယ်....
ကျနော့်ကြောင်နေရင်းကနေ သတိပြန်ဝင်လာေ‌တာ့
Hyungနားကိုအပြေးသွားပြီး  Hyungကိုပွေ့ထားမိတယ်...

"Jong  ... Jong In yar....."

" Hyungဘာမှမ‌ဖြစ်ရဘူးနော် ..!!"

"Hyung ပြောတာနားထောင်ပေးပါ.Jong In."

" Hyungရယ်ခနလေးပဲ သည်းခံထားပေးနော်..ခနလေးပဲ..ကူကြပါဦးဗျာ.. ကျေးဇူးပြုပြီး ကျ‌နော့် Hyungကိုကယ်ပေးကြပါ!!... ကျနော် ..အွတ်.."

ကျနော် အော်ဟစ်နေမိသလို မျက်ရည်‌တွေကလည်း ဖိတ်ခေါ်မှုမရှိပါဘဲ ကျဆင်းနေတယ်... ကျနော်ထပ်အော်မလို့ပြင်လိုက်စဉ်မှာပဲ Hyung ကျနော့်လည်ပင်းကိုအုပ်ကိုင်လာသလို .. ကျနော်နဲ့ နီးကပ်လာတဲ့ နှင်းဆီရောင်နှုတ်ခမ်းပါး.... Hyung က..ကျ..ကျနော့်ကို..နမ်း..နမ်းလိုက်တာလား

"Hyung !..."

" ချစ်တယ်Jong In.. .... Hyungချစ်ခဲ့ရတဲ့သူက Jong Inပဲ.."

"ကျ..ကျနော်လည်း Hyungကိုအရမ်းချစ်တယ်.."

"Jong In ... "

"Nae Hyung.... Sob...sob ..."

" Hyungမရှိတော့တဲ့အချိန်ကြရင် .."

" Hyungဘာ‌တွေပြောနေတာလဲ..!! Hyungကဘာလို့မရှိရမှာလဲ!!.."

"Jong In... Hyungပြောတာနားထောင်ပေးနော်.. Hyungမရှိတဲ့အချိန်ကြရင်လည်း ဘဝကိုသေချာရှင်သန်ပါ.. စာလည်းကြိုးစားလေနော်..
Hyungကို..... Hyung  ကိုချစ်တယ်ဆိုရင် ..ကတိ...ကတိတခုပေးပါ.."

"ပေးပါတယ် Hyungရယ် ... ဘယ်လိုကတိမျိုးပဲဖြစ်ဖြစ်ကျနော်ပေးတယ်.."

"စာသေချာကြိုးစားပြီး Hyung ဖြစ်စေချင်တဲ့ ဆရာဝန်တယောက်ဖြစ်အောင်ကြိုးစားပေးလေနော်.."

"Hyungရယ် ဘာလို့ ထပ်မတွေ့ရသလိုပြောနေတာလဲ... Hyungကကျနော့် ...ဟင့်..ကျနော့်ဘေးမှာရှိရဦးမှာ....sob..sob.."

ထပ်မံကျဆင်းလာတဲ့မျက်ရည်တွေကို မသုတ်ဖြစ်တော့ပါဘူး.. ကျနော့်ရင်ခွင်ထဲက Hyungကိုပဲ ကြည့်နေမိတယ်...

" Hyung....... Hyung မှာ... နှလုံးရောဂါ‌ရှိနေတယ်.... Jong In ... Hyung အသက်ရှင်မယ်ဆိုရင်တောင်... အကြာ...အကြာကြီး..နေလို့ရမှာ..မဟုတ် မဟုတ်တော့ဘူး... ဘာပဲဖြစ်နေဖြစ်နေ.. Jong Inကိုအရမ်းချစ်တယ်ဆိုတာ မှတ်... မှတ်ထားပေးပါ.."

ပြောလို့ပြီးသွားတာနဲ့အတူ..
မှိတ်ကျသွားသော Hyungရဲ့မျက်ဝန်း...
ကျနော့်ရဲ့ လည်ပင်းကိုစွဲထားရာကနေ
ပြေကျသွားသော Hyung ရဲ့ လက်....
ရပ်ဆိုင်းသွားသော Hyungရဲ့နှလုံးခုန်သံတို့နဲ့အတူ...
ကျနော့်ကမ္ဘာလည်းအမှောင်ဖုံးသွားခဲ့ပါတယ်....

❄️❄️❄️ Miracle Of December ❄️❄️❄️

1 ပတ်ခန့်ကြာသော်.......

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

Jong Inတယောက် နှင်းဖွဲဖွဲကျနေတဲ့လမ်းလေးအတိုင်း ဖြေးညင်းစွာလျှောက်လှမ်းနေခဲ့သည်.... Kyung Soo သူ့ဘဝထဲကထွက်သွားခဲ့တာ 1 ပတ်ရှိခဲ့ပြီ....

"လွမ်းတယ် Hyung ... အရမ်းလွမ်းတယ်....ကျနော် Hyung စကားကို နားထောင်နေတယ်နော်... Hyung ဖြစ်စေချင်သလို ကျနော် စာကြိုးစားနေပြီ Hyung ကောင်းကင်ကကြည့်ပြီး ပြုံးနေနိုင်ပါစေနော်.... ချစ်တယ်Hyung ..."

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ကျနော့်ဘဝရဲ့ ပထမဆုံးအချစ်ကို နှင်းတွေအောက်မှာပဲတွေ့ရှိပြီး
နှင်းတွေအောက်မှာပဲဆုံးရှုံးခဲ့တယ်...
သူအမြဲမေးနေကျမေးခွန်းလေးတခုရှိတယ်...
နှင်းကျရင်ဘာလုပ်ချင်လဲတဲ့...
ကျနော်တခါမှ ‌မ‌ဖြေခဲ့ပေမယ့် ဒီတခါတော့‌ဖြေပါရစေ... ကျနော်သူ့လက်ကိုပဲတွဲပြီး ဆုပ်ကိုင်ထားချင်တယ်..
တကယ်တမ်း 3 လဆိုတာ‌တိုတောင်းပေမယ့် ကျနော့်ဘဝတခုလုံး သူနဲ့သက်ဆိုင်လောက်အောင်လုံလောက်ခဲ့ပါတယ်.
အရမ်းလွမ်းတယ်...တနေ့ကျနော်တို့ပြန်ဆုံနိုင်ဦးမယ်မလား Hyung....

❄️❄️❄️❄️❄️❄️❄️The EnD❄️❄️❄️❄️❄️❄️❄️

ရုတ်တရက် ဇာတ်သိမ်းဖြစ်သွားတယ်ပေါ့နော်
တကယ်တော့အစကတည်းက ဇာတ်သိမ်းကိုဒီလိုပဲ စဉ်းစားထားတာပါ 🖤

Thanks  for reading
Sandi ( 라나 )
© Sandi ,
книга «Miracle In December».
Коментарі