MID-1( Zawgyi )
MID-2 ( Zawgyi )
MID-3 ( Zawgyi )
MID-4 ( Zawgyi )
MID-5 (Final). ( Zawgyi )
MID-1 ( Unicode )
MID-2 ( Unicode )
MID-3 ( Unicode )
MID-4 ( Unicode )
MID-5 ( Final ) ( Unicode )
MID-3 ( Unicode )
Yarr!!! လဒသေနေပီလား.."
သူ့သွားသည့်နောက်ကိုလိုက်ငေးမိနေသော ကျွန်တော့် မျက်လုံးများမှာ Oh SeHun ရဲ့ ငှက်ဆိုးထိုးသံကြောင့် အာရုံပြောင်းသွားသည်..

"အေး...မင်းအဖေမသေသေးဘူး"

"လဒ ငါကအကောင်းမေးတာကို..."

"ငါလည်းအကောင်း‌ဖြေတာလေ.."

"တော်ပြီ 2ကောင်လုံး နောက်ကျနေပြီ မြန်မြန်သွားမယ်.."

ဒီလိုနဲ့ပဲ သမင်ပေါက်ရဲ့ ဆွဲခေါ်မှုနဲ့ပဲ 2ယောက်လုံးအတန်းထဲရောက်လာကြတယ်ပေါ့ဗျာ
အတန်းရှေ့ရောက်တာနဲ့ အောင်မြင်လှသော အသံတသံထွက်ပေါ်လာလေရဲ့...
"ဟိုသုံးကောင် နောက်ကျလှချည်လား.!!."

ဟုတ်ကဲ့ ဒါကတော့ ကျွန်တော်တို့ uni တခုလုံးရဲ့ အသံအပြဲဆုံး ဆရာ Kim Jong Dae ပါ... သူကျောင်းရှေ့ပေါက်ကအော်ရင် first & second year 2ဆောင်လုံးကြားရတယ်ဗျ..အဲ...သူအသံတိုးတဲ့ 1နေရာတော့ရှိတယ်အဲ့တာ သူ့ချစ်ချစ် ဆရာ Min Soek နဲ့တွေ့တဲ့အချိန်ပေါ့ဗျာ .. အဲ့အချိန်ဆိုရင်လေ သူ့အသံက တတော်တော်တိုးတာဗျ ...

"Nae sam... Kai နောက်ကျနေလို့ပါ.."

ငိုးမ‌သားလေး SeHun..တန်းဖြေတာ..
(Sese ကတော်များ ပြူးလွှတ်ပါနော်😁)

"ဟုတ်လား ...Kai?"
"Nae sam ..လမ်းမှာကားပျက်သွားလို့ပါ"
"ပြီးရော မြန်မြန်လာဝင်ထိုင်.. ကျောင်းသားသစ်နဲ့မိတ်ဆက်ပေးမလို့ဟာကို.."
"Nae Sam!!"

Sam ရဲ့ခွင့်ပြုချက်ရတာနဲ့ သုံးယောက်လုံးကိုယ့်နေရာကိုယ် ဝင်ထိုင်လိုက်ကြတယ် ဟို2ကောင်က တတန်းထိုင်တာ ကျွန်တော်ကတ‌ယောက်တည်းထိုင်တာ...နေရာမှာထိုင်ပြီးတာနဲ့ Sam ရဲ့ သားဝင်လာခဲ့ဆိုတဲ့ အသံ‌နောက်မှာ Wow ချောလိုက်တာ ချစ်စရာလေး စတဲ့အသံစုံကြားလိုက်တော့ မေ့ကြည့်လိုက်မိတယ် ..တွေ့လိုက်ရတာက သူ... ခနက ကျွန်တော့်ကိုတိုက်သွားပြီးထွက်သွားတဲ့သူ...

"Annyeong... Do Kyung Soo mitha.."

Do Kyung Soo ဆိုပါလား နာမည်လေးကချစ်စရာလေးပဲ...arr Kim Jong In မင်းဘာတွေတွေးနေတာလဲ အားး Mola...

"အားလုံးပဲ Kyung Soo ကမင်းတို့ထကိ 1နှစ်ကြီးတယ် ရိုရိုသေသေဆက်ဆံကြပါ..ကြားလား..!!"
"Nae ... Sam!!!"

1 နှစ်ကြီးတယ် အဲ့သေးသေးလေးကလေ🤔??

"အဲ့တာဆို သားကိုဘယ်မှာထိုင်ခိုင်းရမလဲဆိုတော့...??"
"Sam ... Hyung ကို ကျွန်တော်နဲ့ ထိုင်ခိုင်းလို့ရမလား.."

ကျွန်တော့် အသံကြားတော့တတန်းလုံးအံ့ဩသွားကြတယ် .. အေးလေကျွန်တော့်က ဆရာလာထိုင်ခိုင်းရင်အောင် မထိုင်နိုင်အောင်လုပ်တတ်တဲ့သူလေ.. အခုကျွန်တော်ကိုယ်တိုင်က ထိုင်ခိုင်းနေဆော့ အံ့ဩသွားကြတာလဲ မဆန်းပါဘူး သူကတော့ ကျွန်တော့်ကို မျက်လုံးလေးတွေဝိုင်းနေအောင်ပြူးပြီးကြည့်နေလေရဲ့.....

"Kai ...ထူးထူးဆန်းဆန်းပါလား..အေး..သားသွားသူ့ဘေးကခုံမှာထိုင်လိုက်..တခန်းလုံးလွတ်တာအဲ့နေရာပဲရှိတော့တယ်.."
"Nae Sam..."

သူဆရာ့ကိုပြန်ပြောတဲ့အသံကတိုးတိုးလေးမှ တကယ့်တိုးတိုးလေးရယ်..သူကျွန်တော့်ဘေးနားလျောက်လာတာနဲ့အမျှ ကျွန်တော့်ရင်တွေတုန်လာတယ်.. သူကျွန်တော့်ဘေးနားထိုင်လိုက်တော့ ရင်ထဲမှာ မီးရထား ခုတ်မောင်းသွားသလိုကြီး..ကျွန်တော်သူ့ကို မျက်တောင်တောင်မခက်ပဲလိုက်ကြည့်နေမိတယ်..သူကကျွန်တော့်ကိုကြည့်လိုက်တော့ ကျွန်တော်နဲ့ မျက်လုံးချင်းဆုံသွားပြီး သူ့မျက်နှာလေးရဲသွားတယ်..အား!!!!! ချစ်ဖို့ကောင်းလိုက်တာ သူ့ပါးလေးတွေကို ဆွဲညစ်လို့ရရင်ကောင်းမှာပဲ..သူကဘေးမှာဝင်ထိုင်လိုက်ပြီးတာနဲ့..

"Annyeong Do Kyung Soo mitha ကူညီပေးပါဦးနော်.. ဒီကနာမည်က?..."
"Choco ရေမေးနေတယ်ဟ.. "
"Aww..! ကျွန်တော့်နာမည်က Kai ပါ .. Kim Kai.. နာမည်အရင်းက Kim Jong In.."
"ကျွန်တော်က Oh SeHun ဒီကောင်ကြီးရဲ့ BFF ..ဒီဘက်က Xiao Luhan တဲ့ ..ကျွန်တော်တို့ထက်ကြီးတယ်ဆိုတော့ Lu နဲ့အသက်တူတူပဲပေါ့ Lu ကလည်း 1နှစ်ကြီးတယ်လေ..Hyung ကို Kyungine Hyung လို့ခေါ်မယ်လေ.."
"Inn ...ရပါတယ်ခေါ်လို့.."
"ကျွန်တော်ကတော့ Hyung လို့ပဲခေါ်မယ်နော်..."
"Inn..Jong In yar.."
"Jong In??"
"ခေါ်လို့ရတယ်မလား .."
"ရပါတယ် Hyung ရဲ့... ရတာပေါ့.."
"ကဲ!!စာသင်မယ်!!! နောက်မှမိတ်ဆက်ကြ.."
"Nae Sam..!!"

Hyung နဲ့မိတ်ဆက်နေရင်း ဆရာကအော်တော့မှ Hyung ကခေါင်းလေးငုံ့သွားတယ် Oh SeHun ကတော့ ငါသိနေပါပြီဆိုတဲ့ ပုံနဲ့ ကျွန်တော့်ကိုကြည့်နေလေရဲ့....ကျွန်တော်ကတော့ စာထက်ကျွန်တော့်ဘေးက ကလေးလေးလို Hyung ကျုပဲစိတ်ဝင်တစားကြည့်နေမိတယ်...

#TBC
Thanks for reading
Sandi ( 라나 )
© Sandi ,
книга «Miracle In December».
Коментарі