Блог користувача
Кого читати?
Особисте
ကိုယ်သဘောကျရတဲ့သူက သူသဘောကျနေတဲ့သူအကြောင်း အားတက်သရောပြောပြနေတာကို ဘာမှမဖြစ်သလိုထိုင်နားထောင်ပေးရတဲ့အခိုက်အတန့်က ဘဝမှာရင်နာစရာအကောင်းဆုံးတွေထဲက တစ်ခုပဲ။
ဒီနေ့လည်း ငါဟန်ဆောင်ကောင်းခဲ့တယ်ထင်ပါရဲ့။ ငါ့မျက်ဝန်းထဲကမျက်ရည်တွေကို သူမမြင်နိုင်ခဲ့ဘူး။ မဟုတ်ဘူး၊ ရင်ဘတ်ထဲကမျက်ရည်တွေ မျက်ဝန်းထဲမှာလျှံတက်မလာအောင်အထိ ငါကဟန်ဆောင်ကောင်းလွန်းနေခဲ့တာထင်တယ်။ တကယ်တော့ ရင်ဘတ်ထဲမှာ ငါငိုနေခဲ့တာ။ ရင်ဘတ်ထဲကအောင့်လာတာတွ...
Читати далі
Читати далі
Особисте
ငါကြိုသိနေခဲ့တယ်။ ဒီလိုနေ့ကိုရောက်လာလိမ့်မယ်ဆိုတာ ငါကြိုသိနေခဲ့ပါတယ်။ အဲဒီအတွက်လည်း စိတ်ကိုအမြဲတမ်းပြင်ဆင်ထားခဲ့ပေမဲ့ လက်တွေ့မှာတော့လွယ်ကူမနေခဲ့ဘူးပဲ။ ရင်ဘတ်ထဲက အောင့်သက်သက်နဲ့။ သူ့ကိုလက်လွှတ်လိုက်ပြီလို့ပြောရအောင်လည်း သူက ဘယ်တုန်းကမှ ငါ့အပိုင်မဟုတ်ခဲ့ဘူးလေ။
သူနဲ့ငါက သူငယ်ချင်းတွေ။ အင်း...သူငယ်ချင်းထက်ပိုတဲ့သူငယ်ချင်းတွေပေါ့။ ဒီထက်ပိုပြီးအဆင့်တက်ဖို့ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးဆိုတာ သူလည်းသိနေပု...
Читати далі
Читати далі
Особисте
တကယ်ကို ဝေးကွာသွားခဲ့တာပဲ။
အနီးဆုံးမှာရှိနေကြရင်းနဲ့ အဝေးဆုံးကို တဖြည်းဖြည်းရောက်သွားခဲ့ကြတာပဲ။
မတူညီမှုတွေကို မတူညီမှုအတိုင်းပဲလက်ခံလိုက်ကြရင်း ပြန်ညှိနှိုင်းဖို့လဲစိတ်ကူးမရှိတော့ဘူးထင်ပါရဲ့။
သူသိတယ်။ အဲဒီနေ့က ငါဝမ်းနည်းသွားမယ်ဆိုတာ သူသိတယ်။ သူ့အပြုအမူကိုလည်း သူသေချာသိနေတယ်။ ဒါပေမဲ့ အဲ့လိုပြုမူရင် ဘယ်လိုခံစားရမလဲဆိုတာကို သိစေချင်တာတဲ့လား။ သိပ်တော်လွန်းတဲ့သူက သူ့ရဲ့ပြစ်ချက်တိုင်းကို ငါ့အမှားတွေအဖ...
Читати далі
Читати далі
Думки вголос
ကိုယ့်အပေါ်ဆိုးသမျှကိုလည်း နားလည်ခွင့်လွှတ်ပေးနိုင်တယ်။
အမြဲတမ်းအနိုင်ယူနေတာတွေအထိလည်း သည်းခံနိုင်ပါသေးတယ်။
ဒါပေမဲ့ တစ်ခါတလေကျတော့ ကိုယ်လည်း ကိုယ်ချစ်ရသူဆီက ဂရုစိုက်မှုလေးတွေ လိုချင်မိတယ်။
သူ့ကို ကိုယ်အမြဲဦးစားပေးခဲ့သလိုမျိုး ကိုယ်လည်း တစ်ခါတလေ ဦးစားပေးခံချင်တယ်။
သူ့ကို ကိုယ်အရေးပေးသလိုမျိုး ကိုယ့်ကိုလည်း အရေးပေးစေချင်တယ်။
ကိုယ့်ခံစားချက်လေးတွေကိုလည်း နည်း"လောက်ဖြစ်ဖြစ် ထည့်တွေးပေးစေချင်တယ်။
အမြ...
Читати далі
Читати далі
Daisy Feelings
Думки вголос, Особисте
မင်းနဲ့ပတ်သက်ရင် အသေးအဖွဲလေးတွေကအစ လိုက်ခံစားနေမိတတ်တဲ့စိတ်။
ဘာရယ်မဟုတ်စနောက်လိုက်တဲ့စကားလေးတွေမှန်းသိနေရဲ့နဲ့တောင် ဝမ်းနည်းနေမိတတ်တဲ့စိတ်။
ကိုယ်မဟုတ်တဲ့အခြားတစ်ယောက်အကြောင်း မင်းရဲ့နှုတ်ကဟလိုက်ရင်ကို သဝန်တိုနေမိတတ်တဲ့စိတ်။
စိတ်ဆိုးစိတ်ကောက်ပစ်ချင်ရင်တောင် ကိုယ်တို့နှစ်ယောက်ကသက်ဆိုင်သူတွေမဟုတ်ကြောင်း ဦးနှောက်ဆီကသတိပေးနေတဲ့အသိ။
ထိန်းချုပ်ဖို့ခက်တဲ့မသိစိတ်ရဲ့ခံစားချက်တွေနဲ့ ဖွင့်ဟမရတဲ့အခြေအနေတစ်...
Читати далі
Читати далі