Part - 1
Part - 2
Part - 3
Part - 4
Part - 5
Announce
Part - 6
Part - 7
Part 8
Part 8
Zawgyi!!!

"Chan ငါတို ့လႈပ္ရွားရေတာ့မလား သူတို႔ဘက္က သူလ်ိ ဳ ေျပာတာေတာ့ ထြက္လာက်ၿပီတ့ဲ"

"OK အဆင္သင့္ျပင္ထားက်ေတာ့ သူတို႔မနက္ျဖန္ေလာက္ဆို ေရာက္မယ္ထင္တယ္"

"ေအး မနက္ျဖန္ ညပိုင္းထင္တယ္ ငါတို႔ဘက္က အမွားမရွိေအာင္ ႀကိဳ ျပင္ဆင္ထားက်မယ္"

"ဟုတ္ၿပီ တစ္ခုခုဆို င့ါကို အေၾကာင္းၾကားေပးထား ငါ့ကိုDaddy ေခၚေနလို႔ သြားလိုက္ဦးမယ္"

"ေအးဟုတ္ၿပီ"

ေနာက္ဆံုးေပၚ BMWကားကို စီးၿပီး Park Groupရွိရာသို႔ ေမာင္းႏွင္သြားေလသည္။ Companyသို႔ေရာက္ေသာ္ သူ႔အေဖ၏အတြင္းေရးမႈးကလာႀကိဳေလ၏။

"Daddyေရာ"

"ဥကၠဌႀကီး အစည္းအေဝးခန္းမွာပါ အကိုေလး လာရင္ ႐ုံးခန္းထဲမွာ ထိုင္ေစာင့္ေနဖို႔ ေျပာထားပါတယ္"

"ဟုတ္ၿပီ အခုတေလာ အေျခအေန ဘယ္လိုလဲ"

"Byun Groupက နည္းနည္းၿငိမ္ေနတယ္ အကိုေလး မေန႔က Byun Groupရဲ႕ ဆက္ခံသူ ျပႆနာတက္တယ္လို႔ သတင္းရတယ္"

"ဘယ္လို ဘာျဖစ္က်တာလဲ"

"Seoul ရဲစခန္းက အမႈစစ္နဲ႔ပါ မေန႔က ေက်ာင္းမွာ လူေသမႈတစ္ခုျဖစ္ပြားခဲ့တယ္ အ့ဲလူေသမႈက Byun Baekhyunရဲ႕ အခန္းထဲမွာပါ အ့ဲအခန္းထဲက ေကာင္မေလးက သူ႔ကို လာေရာတာကို ျပန္ေအာ္လိုက္တာ အ့ဲဒါကို ရဲက ဝင္လ်ာရွည္တာပါ ျဖစ္ခ်င္ေတာ့ Baekhyunသူငယ္ခ်င္း D.O. Kyung Sooက ရဲမွဴ းခ် ဳပ္န႔ဲ တူေတာ္ပါတယ္ ရဲမွဴ းခ် ဳပ္ကိုယ္တိုင္ ဝင္ပါခဲ့တာမလို႔ နာမည္ႀကီးသြားပါတယ္"

"အ့ဲရဲကို ေစာင့္ၾကည့္ထား ၿပီးရင္ အစီရင္ခံစာ တင္ထား"

"ဟုတ္ကဲ့ အကိုေလး ဥကၠဌႀကီးလာၿပီလို႔ ေျပာပါတယ္"

"ဟုတ္ၿပီ သြားလို႔ရၿပီ ဒီအေၾကာင္း Daddy မသိေစန႔ဲ"

"ဟုတ္ကဲ့အကိုေလး"

အတြင္းေရးမႈးလည္း ထြက္သြားတ့ဲအခ်ိန္မွာ Chan Yeolတစ္ေယာက္ မ်က္စိမွိတ္ၿပီး အနားယူေနေလသည္။ သူပင္ပန္းေနတာၾကာၿပီကိုး.. အေမွာင္ကိစၥလည္း ေျဖရွင္းရ အလင္းကိစၥလည္း ေျဖရွင္းရနဲ႔ သူတစ္ေယာက္ထဲ အလုပ္ရႈပ္ေနေလသည္။

"ကိုယ့္ကေလးငယ္က မ႐ိုးရွင္းဘူးဆိုတာ ကိုကိုသိတယ္ ကေလးငယ္ ေပးမသိေစခ်င္တဲ့ကိစၥမလို ့ကိုကိုမစုံစမ္းေတာ့ဘူး အ့ဲဒီအစား ကေလး
ငယ္ ဒဏ္ရာ မရလာေစနဲ ့ကိုကို ့အတြက္ ကေလးက အေရးႀကီးဆုံးပဲ" ဆိုၿပီး တစ္ေယာက္ထဲ ေရ႐ြတ္ေနေလသည္။

ChanYeolတစ္ေယာက္ အခုတေလာ အလုပ္ၾကားထဲ ေခါင္းနစ္ေနလို ့ကေလးငယ္ဆီေတာင္ သြားမေတြ ့ႏိုင္ေပ။ အလင္းေရာ အေမွာင္ေရာ သူတစ္ေယာက္ထဲ ႀကီးၾကပ္ေနရတာဆိုေတာ့ ထင္တာထက္ ပိုအလုပ္မ်ားေနေလသည္။

အေတြးလြန္ေနတာနဲ ့ပဲ အေဖလာတာေတာင္ မသိလိုက္ေခ် ။ သူ ့အေဖေအာ္ေတာ့မွ အသိဝင္လာေလသည္။

"သား ChanYeol!!"

"ဗ်ာ Daddy sorry သားအေတြးလြန္ေနလို ့"

"ေနာက္အဲ့လိုမျဖစ္ေစနဲ ့ ကိုယ့္ကို လုပ္ႀကံခ်င္တဲ့သူေတြ အမ်ားႀကီးဆိုတာ မေမ့နဲ ့ ကိုယ့္ဘက္က သတိလြတ္လို ့မျဖစ္ဘူး"

"ဟုတ္ Daddy ဒါနဲ ့ဘာကိစၥရွိလို ့ company ကို လာတာလဲ"

"သားနဲ ့ဟိုကေလးအေျခအေန ဘယ္လိုလဲ"

"Baeက သားနဲ ့နည္းနည္းစိမ္းေနေသးတယ္ စိတ္မပူပါနဲ ့ သားသူ ့ကို တကယ္ခ်စ္တာပါ"

"အင္းပါ ေသခ်ာရင္ၿပီးေရာ ခ်စ္သူေတြ ျဖစ္ရင္ အိမ္ေခၚလာခဲ့ ဂိုဏ္းအေျခအေနေရာ ဘယ္လိုရွိလဲ"

"ႀကိဳတင္စီစဥ္ထားတာရွိပါတယ္ သား ၁ပတ္ေလာက္ ေပ်ာက္မယ္ အေဖေရာ အဘိုးေရာ လူထင္ျပေပးထားဦး သားအေမွာင္ဘက္မွာ ေျဖရွင္းစရာေလး ရွိလို ့"

"အင္း ဒီဘက္ကိုစိတ္မပူနဲ ့အေဖတို ့ကိုသာလႊဲထားလိုက္ အေမွာင္ဘက္က အေရးႀကီးတယ္ ေသခ်ာလုပ္ အသက္အႏၱာရာယ္ မထိလာေစ
နဲ ့"

"ဟုတ္"

"အင္းအဲ့ဒါဆိုရင္ အေဖျပန္ၿပီ သြားခါနီး ဖုန္းဆက္ထားဦး"

"ဟုတ္ သားဖုန္းဆက္ထားလိုက္မယ္"

"ကဲကဲ အ့ဲဆို အေဖသြားၿပီေနာ္"

"ဟုတ္ဂ႐ုစိုက္ျပန္ေနာ္"

🐦🐦🐦🐦🐦🐦🐦🐦🐦🐦🐦🐦🐦🐦

"ေခါင္းေဆာင္ အားလုံးအဆင္သင့္ျဖစ္ပါၿပီ"

Hak ငါ့မိသားစုကို ထိခိုက္ေစခ်င္တယ္ေပါ့ မင္းတို ့လူလာထိတာ မွားသြားၿပီ

"အင္း ေသခ်ာလုပ္ထား ငါ့သတင္းေတြကို  blade သတင္းေတြနဲ ့ဖုံးထား ငါ့အေၾကာင္းသိလို ့မျဖစ္ေသးဘူး ဒဏ္ရာေဟာင္းအတြက္ေပးဆပ္ရမယ့္သူေတြ ရွိေသးတယ္"

"နားလည္ပါၿပီေခါင္းေဆာင္ ကြၽန္ေတာ္ သတင္းတစ္ခုရထားေသးတယ္ Bladeအဖြဲ ့က Phoenixအဖြဲ ့ကို တိုက္ခိုက္ဖို ့လုပ္ေနပါတယ္ အေသခံ ဗုံးေပါက္ကြဲမယ့္ကိစၥပါ"

"အင္း သူတို ့လည္း သတင္းရၿပီးသားေနမွာပါ Batch3ကို အေဝးကေနေစာင့္ေရွာက္ခိုင္းဖို ့လႊတ္လိုက္ေတာ့ တစ္ခုမွတ္ထား သူတို ့ေစာင့္ေရွာက္မယ့္သူက ေနာင္တစ္ခ်ိန္ ငါ့ခင္ပြန္းျဖစ္လာမယ့္သူ Park Chan Yeolပဲ ဘာဒဏ္ရာမွ ရမလာေစနဲ ့"

"နားလည္ပါၿပီ"

"အကယ္၍ အတိုက္အခိုက္ေတြ ျဖစ္လာခဲ့ရင္ အေဝးကေနပဲ သူတို ့ကို ကူခိုင္းလိုက္ လက္ေျဖာင့္သမားေတြ ၁၀ေယာက္ ေခၚသြား ေသခ်ာေနရာယူမယ္"

"ဟုတ္ကဲ့ ေခါင္းေဆာင္ ေနအိမ္အတြက္လည္း လုံၿခံဳေရး ၃ဆ ျမႇင့္ထားပါတယ္ ဆရာနဲ ့ဆရာကေတာ္တို ့အတြက္ သက္ေတာ္ေစာင့္ ၁၀ေယာက္စီ အေဝးကေန ေစာင့္ေရွာက္ခိုင္းထားပါတယ္"

"အင္း အ့ဲဆို ဖုန္းခ်လို ့ရၿပီ ဘာအမွားမွ ျဖစ္မလာေစနဲ ့"

"ဟုတ္ကဲ့ေခါင္းေဆာင္"

အိမ္အတြက္ေတာ့ စိတ္ခ်ရၿပီ အိမ္ေတာ္ထိန္းကို ေခၚၿပီး အိမ္ေဖာ္ေတြနဲ ့သက္ေတာ္ေစာင့္ေတြကို စစ္ေဆးေရးလုပ္ရမယ္

"အိမ္ေတာ္ထိန္း"

"ဟုတ္ကဲ့ သခင္ေလး ဘာခိုင္းစရာရွိလို ့လဲ"

"ဒီပစၥည္းကို အိမ္ေဖာ္တစ္ဝက္နဲ ့သက္ေတာ္ေစာင့္ တစ္ဝက္ကိုတိုက္လိုက္ ၿပီးရင္ ေျမေအာက္ခန္းမွာ ခ်ဳပ္ထား ကြၽန္ေတာ္ စစ္ေဆးစရာရွိတယ္"

"ဟုတ္ကဲ့ နားလည္ပါၿပီ"

"က်န္တဲ့ တစ္ဝက္ကိုေတာ့ ေနာက္အပတ္မွာစမယ္ မနက္ျဖန္ သူတို ့ကိုတိုက္ရင္ ဘယ္သူ ့မွ မရိပ္မိေစနဲ ့သစၥာေဖာက္ရွိရင္ ဘယ္သူ ့မွခြင့္မလႊတ္ဘူး"

"ဟုတ္ကဲ့ သခင္ေလး မနက္ျဖန္ ညအကုန္ အဆင္သင့္ျဖစ္ေစရပါမယ္"

"အင္း သြားလို ့ရၿပီ"

✨✨✨✨✨✨✨✨✨✨✨✨✨✨

Long Time No Seeပါ cmtတစ္ခ်ိ ဳ ့ေတြ ့တယ္ Baekကို Bladeကထင္ေနက်တာ Baekက လ်ိဳ  ့ ဝွက္ခ်က္ အျပည့္နဲ ့သူတစ္ေယာက္ပါ ဒီfic မွာ သူက mainပါ fic nameကိုက My Prince Byun Baekhyunပါ ထင္သေလာက္ မ႐ိုးရွင္းပါဘူး ၿပီးေတာ့ ဇာတ္ေကာင္ စ႐ိုက္ကိုက Baekက Chanထက္ ေတာ္ေတာ္ေသြးေအးတာပါ ေနာက္တစ္ပိုင္းက်ရင္အတြဲ ၂တြဲလုံးရဲ ့ အသတ္အျဖတ္ေတြ လာပါၿပီေနာ္ အ့ဲအခ်ိန္က်ရင္ ဘယ္လာက္ေသြးေအးၿပီး ရက္စက္လဲဆိုတာ သိပါလိမ့္မယ္

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

Unicode!!!

"Chan ငါတို့ လှုပ်ရှားရတော့မလား သူတို့ဘက်က သူလျို ပြောတာတော့ ထွက်လာကျပြီတဲ့"

"OK အဆင်သင့်ပြင်ထားကျတော့ သူတို့မနက်ဖြန်လောက်ဆို ရောက်မယ်ထင်တယ်"

"အေး မနက်ဖြန် ညပိုင်းထင်တယ် ငါတို့ဘက်က အမှားမရှိအောင် ကြို ပြင်ဆင်ထားကျမယ်"

"ဟုတ်ပြီ တစ်ခုခုဆို င့ါကို အကြောင်းကြားပေးထား ငါ့ကိုDaddy ခေါ်နေလို့ သွားလိုက်ဦးမယ်"

"အေးဟုတ်ပြီ"

နောက်ဆုံးပေါ် BMWကားကို စီးပြီး Park Groupရှိရာသို့ မောင်းနှင်သွားလေသည်။ Companyသို့ရောက်သော် သူ့အဖေ၏အတွင်းရေးမှုးကလာကြိုလေ၏။

"Daddyရော"

"ဥက္ကဌကြီး အစည်းအဝေးခန်းမှာပါ အကိုလေး လာရင် ရုံးခန်းထဲမှာ ထိုင်စောင့်နေဖို့ ပြောထားပါတယ်"

"ဟုတ်ပြီ အခုတလော အခြေအနေ ဘယ်လိုလဲ"

"Byun Groupက နည်းနည်းငြိမ်နေတယ် အကိုလေး မနေ့က Byun Groupရဲ့ ဆက်ခံသူ ပြဿနာတက်တယ်လို့ သတင်းရတယ်"

"ဘယ်လို ဘာဖြစ်ကျတာလဲ"

"Seoul ရဲစခန်းက အမှုစစ်နဲ့ပါ မနေ့က ကျောင်းမှာ လူသေမှုတစ်ခုဖြစ်ပွားခဲ့တယ် အဲ့လူသေမှုက Byun Baekhyunရဲ့ အခန်းထဲမှာပါ အဲ့အခန်းထဲက ကောင်မလေးက သူ့ကို လာရောတာကို ပြန်အော်လိုက်တာ အဲ့ဒါကို ရဲက ဝင်လျာရှည်တာပါ ဖြစ်ချင်တော့ Baekhyunသူငယ်ချင်း D.O. Kyung Sooက ရဲမှူးချုပ်နဲ့ တူတော်ပါတယ် ရဲမှူးချုပ်ကိုယ်တိုင် ဝင်ပါခဲ့တာမလို့ နာမည်ကြီးသွားပါတယ်"

"အဲ့ရဲကို စောင့်ကြည့်ထား ပြီးရင် အစီရင်ခံစာ တင်ထား"

"ဟုတ်ကဲ့ အကိုလေး ဥက္ကဌကြီးလာပြီလို့ ပြောပါတယ်"

"ဟုတ်ပြီ သွားလို့ရပြီ ဒီအကြောင်း Daddy မသိစေနဲ့"

"ဟုတ်ကဲ့အကိုလေး"

အတွင်းရေးမှုးလည်း ထွက်သွားတဲ့အချိန်မှာ Chan Yeolတစ်ယောက် မျက်စိမှိတ်ပြီး အနားယူနေလေသည်။ သူပင်ပန်းနေတာကြာပြီကိုး.. အမှောင်ကိစ္စလည်း ဖြေရှင်းရ အလင်းကိစ္စလည်း ဖြေရှင်းရနဲ့ သူတစ်ယောက်ထဲ အလုပ်ရှုပ်နေလေသည်။

"ကိုယ့်ကလေးငယ်က မရိုးရှင်းဘူးဆိုတာ ကိုကိုသိတယ် ကလေးငယ် ပေးမသိစေချင်တဲ့ကိစ္စမလို့ ကိုကိုမစုံစမ်းတော့ဘူး အဲ့ဒီအစား ကလေး
ငယ် ဒဏ်ရာ မရလာစေနဲ့ ကိုကို့ အတွက် ကလေးက အရေးကြီးဆုံးပဲ" ဆိုပြီး တစ်ယောက်ထဲ ရေရွတ်နေလေသည်။

ChanYeolတစ်ယောက် အခုတလော အလုပ်ကြားထဲ ခေါင်းနစ်နေလို့ ကလေးငယ်ဆီတောင် သွားမတွေ့ နိုင်ပေ။ အလင်းရော အမှောင်ရော သူတစ်ယောက်ထဲ ကြီးကြပ်နေရတာဆိုတော့ ထင်တာထက် ပိုအလုပ်များနေလေသည်။

အတွေးလွန်နေတာနဲ့ ပဲ အဖေလာတာတောင် မသိလိုက်ချေ ။ သူ့ အဖေအော်တော့မှ အသိဝင်လာလေသည်။

"သား ChanYeol!!"

"ဗျာ Daddy sorry သားအတွေးလွန်နေလို့ "

"နောက်အဲ့လိုမဖြစ်စေနဲ့  ကိုယ့်ကို လုပ်ကြံချင်တဲ့သူတွေ အများကြီးဆိုတာ မမေ့နဲ့  ကိုယ့်ဘက်က သတိလွတ်လို့ မဖြစ်ဘူး"

"ဟုတ် Daddy ဒါနဲ့ ဘာကိစ္စရှိလို့  company ကို လာတာလဲ"

"သားနဲ့ ဟိုကလေးအခြေအနေ ဘယ်လိုလဲ"

"Baeက သားနဲ့ နည်းနည်းစိမ်းနေသေးတယ် စိတ်မပူပါနဲ့  သားသူ့ ကို တကယ်ချစ်တာပါ"

"အင်းပါ သေချာရင်ပြီးရော ချစ်သူတွေ ဖြစ်ရင် အိမ်ခေါ်လာခဲ့ ဂိုဏ်းအခြေအနေရော ဘယ်လိုရှိလဲ"

"ကြိုတင်စီစဉ်ထားတာရှိပါတယ် သား ၁ပတ်လောက် ပျောက်မယ် အဖေရော အဘိုးရော လူထင်ပြပေးထားဦး သားအမှောင်ဘက်မှာ ဖြေရှင်းစရာလေး ရှိလို့ "

"အင်း ဒီဘက်ကိုစိတ်မပူနဲ့ အဖေတို့ ကိုသာလွှဲထားလိုက် အမှောင်ဘက်က အရေးကြီးတယ် သေချာလုပ် အသက်အန္တာရာယ် မထိလာစေ
နဲ့ "

"ဟုတ်"

"အင်းအဲ့ဒါဆိုရင် အဖေပြန်ပြီ သွားခါနီး ဖုန်းဆက်ထားဦး"

"ဟုတ် သားဖုန်းဆက်ထားလိုက်မယ်"

"ကဲကဲ အဲ့ဆို အဖေသွားပြီနော်"

"ဟုတ်ဂရုစိုက်ပြန်နော်"

🐦🐦🐦🐦🐦🐦🐦🐦🐦🐦🐦🐦🐦🐦

"ခေါင်းဆောင် အားလုံးအဆင်သင့်ဖြစ်ပါပြီ"

Hak ငါ့မိသားစုကို ထိခိုက်စေချင်တယ်ပေါ့ မင်းတို့ လူလာထိတာ မှားသွားပြီ

"အင်း သေချာလုပ်ထား ငါ့သတင်းတွေကို  blade သတင်းတွေနဲ့ ဖုံးထား ငါ့အကြောင်းသိလို့ မဖြစ်သေးဘူး ဒဏ်ရာဟောင်းအတွက်ပေးဆပ်ရမယ့်သူတွေ ရှိသေးတယ်"

"နားလည်ပါပြီခေါင်းဆောင် ကျွန်တော် သတင်းတစ်ခုရထားသေးတယ် Bladeအဖွဲ့ က Phoenixအဖွဲ့ ကို တိုက်ခိုက်ဖို့ လုပ်နေပါတယ် အသေခံ ဗုံးပေါက်ကွဲမယ့်ကိစ္စပါ"

"အင်း သူတို့ လည်း သတင်းရပြီးသားနေမှာပါ Batch3ကို အဝေးကနေစောင့်ရှောက်ခိုင်းဖို့ လွှတ်လိုက်တော့ တစ်ခုမှတ်ထား သူတို့ စောင့်ရှောက်မယ့်သူက နောင်တစ်ချိန် ငါ့ခင်ပွန်းဖြစ်လာမယ့်သူ Park Chan Yeolပဲ ဘာဒဏ်ရာမှ ရမလာစေနဲ့ "

"နားလည်ပါပြီ"

"အကယ်၍ အတိုက်အခိုက်တွေ ဖြစ်လာခဲ့ရင် အဝေးကနေပဲ သူတို့ ကို ကူခိုင်းလိုက် လက်ဖြောင့်သမားတွေ ၁၀ယောက် ခေါ်သွား သေချာနေရာယူမယ်"

"ဟုတ်ကဲ့ ခေါင်းဆောင် နေအိမ်အတွက်လည်း လုံခြုံရေး ၃ဆ မြှင့်ထားပါတယ် ဆရာနဲ့ ဆရာကတော်တို့ အတွက် သက်တော်စောင့် ၁၀ယောက်စီ အဝေးကနေ စောင့်ရှောက်ခိုင်းထားပါတယ်"

"အင်း အဲ့ဆို ဖုန်းချလို့ ရပြီ ဘာအမှားမှ ဖြစ်မလာစေနဲ့ "

"ဟုတ်ကဲ့ခေါင်းဆောင်"

အိမ်အတွက်တော့ စိတ်ချရပြီ အိမ်တော်ထိန်းကို ခေါ်ပြီး အိမ်ဖော်တွေနဲ့ သက်တော်စောင့်တွေကို စစ်ဆေးရေးလုပ်ရမယ်

"အိမ်တော်ထိန်း"

"ဟုတ်ကဲ့ သခင်လေး ဘာခိုင်းစရာရှိလို့ လဲ"

"ဒီပစ္စည်းကို အိမ်ဖော်တစ်ဝက်နဲ့ သက်တော်စောင့် တစ်ဝက်ကိုတိုက်လိုက် ပြီးရင် မြေအောက်ခန်းမှာ ချုပ်ထား ကျွန်တော် စစ်ဆေးစရာရှိတယ်"

"ဟုတ်ကဲ့ နားလည်ပါပြီ"

"ကျန်တဲ့ တစ်ဝက်ကိုတော့ နောက်အပတ်မှာစမယ် မနက်ဖြန် သူတို့ ကိုတိုက်ရင် ဘယ်သူ့ မှ မရိပ်မိစေနဲ့ သစ္စာဖောက်ရှိရင် ဘယ်သူ့ မှခွင့်မလွှတ်ဘူး"

"ဟုတ်ကဲ့ သခင်လေး မနက်ဖြန် ညအကုန် အဆင်သင့်ဖြစ်စေရပါမယ်"

"အင်း သွားလို့ ရပြီ"

✨✨✨✨✨✨✨✨✨✨✨✨✨✨

Long Time No Seeပါ cmtတစ်ချို့ တွေ့ တယ် Baekကို Bladeကထင်နေကျတာ Baekက လျို့ ဝှက်ချက် အပြည့်နဲ့ သူတစ်ယောက်ပါ ဒီfic မှာ သူက mainပါ fic nameကိုက My Prince Byun Baekhyunပါ ထင်သလောက် မရိုးရှင်းပါဘူး ပြီးတော့ ဇာတ်ကောင် စရိုက်ကိုက Baekက Chanထက် တော်တော်သွေးအေးတာပါ နောက်တစ်ပိုင်းကျရင်အတွဲ ၂တွဲလုံးရဲ့  အသတ်အဖြတ်တွေ လာပါပြီနော် အဲ့အချိန်ကျရင် ဘယ်လာက်သွေးအေးပြီး ရက်စက်လဲဆိုတာ သိပါလိမ့်မယ်
© Phoenix Delight,
книга «My Prînce Byun Baekhyun».
Коментарі